The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း ရဲ့ ဂျပန်မှု ဆိုင်ရာ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/03/416765.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤16👍13🤔1
Media is too big
VIEW IN TELEGRAM
လာအိုလေယာဉ်ကွင်းသစ်က တရုတ်စစ်တပ် ဩဇာချဲ့ထွင်မှု ဖြစ်

အောက်တိုဘာ ၃၊ ၂၀၂၆

ပြီးခဲ့တဲ့ တနှစ်အတွင်း တရုတ်နိုင်ငံဟာ လာအိုနိုင်ငံမှာရှိတဲ့ လယ်ကွင်းပြင်တခုကို အခြေပြုပြီး ပင်လယ်ရပ်ခြား စစ်ရေးနယ်မြေ ချဲ့ထွင်မှုအသစ်တခုကို ပြုလုပ်ခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #စစ်တပ် #လာအို #အမေရိကန်
👎25❤8👍5😱3
😱17👎9😁3😭3
KIA နယ်မြေ ပန်ဝါရှိ တရုတ်လုပ်ငန်းရှင်ပိုင် ယမ်းဂိုဒေါင် ပေါက်ကွဲ ၇ ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေ ပန်ဝါဒေသ၌ ယမန်နေ့ နေ့လယ်၂နာရီခွဲခန့်က တရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကုမ္ပဏီပိုင်ရှင်အပါအဝင် ၇ ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိသည့်အနက် စိုးရိမ်ရသူများလည်း ပါကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပန်ဝါဒေသ ချီဖွေမြို့နယ်၊ လဂွေရွာအတွင်းရှိ ကွင်းရှီ့ကုမ္ပဏီ၏ ယမ်းဂိုဒေါင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ လူသေဆုံး ထိခိုက်မှုများအပြင် စာသင်ကျောင်းဆောင်များ၊ လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ ကွင်းရှီ့ကုမ္ပဏီ ယမ်းဂိုဒေါင်က ဖြစ်တာ၊ ၇ ယောက်သေတယ်၊ ၁၁ ယောက် ဒဏ်ရာရတယ်လို့တော့ သိရတာရှိတယ်၊ ဘယ်လိုကြောင့် ပေါက်ကွဲတာမျိုးလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် ကုမ္ပဏီပိုင်ရှင် တရုတ်အမျိုးသားတဦး၊ အလုပ်သမား ၄ ဦး၊ ရွာခံအမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၁၁ ယောက်ရှိသည့်အနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရသည်။

အဆိုပါတရုတ်ကုမ္ပဏီသည် ထိုဒေသ၌ လမ်းဖောက်လုပ်ရန် ကန်ထရိုက်ရထားသော ကုမ္ပဏီဖြစ်ကြောင်းလည်း သိရသည်။

ချီဖွေ၊ ပန်ဝါဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လဂွေရွာသည် KIA ထိန်းချုပ်ဧရိယာတွင် တည်ရှိကာ လဂွေရွာနှင့် အနီးဝန်းကျင်၌ မြေရှားသတ္ထုတူးဖော်ရေး လုပ်ကွက်များလည်း ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်ကလည်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ရာ သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာအုပ်စု၊ မန်မိုင်ရွာ အထက်ကုန်းပေါ်ရှိ MNDAA ရုံးဝန်းအတွင်းရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး လူ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သလို မေလ ၃၁ ရက်၌ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထိန်းချုပ်ရာ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး ဒေသခံ ၅၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ-CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍23👎8😭7❤4😱3
👎34❤3😁2😭1
😭19👎17😁2
ကန့်ဘလူအရှေ့ခြမ်းက ဘုန်းကြီးကျောင်းများကို စစ်တပ် ဗုံးကြဲ

ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းများကို ယနေ့နံနက် ၉နာရီခန့်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရကြောင်းနှင့် ထိခိုက်ပျက်စီးမှုများကြောင်း ဒေသခံများက ဆိုသည်။

မကွေးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီးသည် ကန့်ဘလူမြို့ နယ် အရှေ့ဘက်ခြမ်းရှိ ချောင်းရှည်ရွာ တောဘုန်းကြီးကျောင်း၊ ထန်းတော့ဘုန်းကြီးကျောင်းနှင့် ချောင်းရှည်ရွာ တောတဲတိုက်အနီး လာရောက်ကြဲချခဲ့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း အင်းလည်ကြီးရွာကို ဒေသခံများ စစ်ရှောင်ရန် ပြင်ဆင်နေချိန် ဗုံးကြဲသဖြင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သည်။

သတင်း-မောင်လူအေး
ဓာတ်ပုံ-CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎44❤6😭6😁4👍1
၂၀၂၅ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ စစ်ပွဲနဲ့ သဘာဝဘေးဒဏ် အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2025/09/30/406304.html
😭21❤13👍7👎1
TIME မဂ္ဂဇင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ အရေးအခင်းမှာ အတိုက်အခံ အင်အားစုများနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ရာ၊ နိုင်ငံရေးလောကမှာ လေးနက်တဲ့ ဂုဏ်သတင်းနဲ့ ဩဇာ အရှိန်အဝါရှိသူ တဦး အနေနဲ့ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ခြင်းကြောင့် ရွေးချယ် ဖော်ပြရတာလို့ TIME မဂ္ဂဇင်း က ရေးသား ပါတယ်။

၈၈ အရေးတော်ပုံဟာ သွေးချောင်းစီးမှုများနဲ့ အဆုံးသတ်ခဲ့ရပြီး နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် စစ်တပ်က လူပေါင်း ထောင်ချီ သတ်ဖြတ် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကို တည်ထောင်ပြီး ဆက်လက် တိုက်ပွဲ ဝင်ခဲ့သူ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခြင်းများ (၁၅ နှစ်ခန့်)၊ ၁၉၉၀ ပြည့်နှစ်မှာ NLD ပါတီ ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရရှိပေမယ့် စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို ချက်ချင်း ပယ်ဖျက် ပစ်ခြင်းများ ပြုလုပ်ခဲ့ပေမယ့် ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲဝင်မှုမှာ ဆက်လက် တည်ရှိ နေခဲ့သူ ဖြစ်တယ် လို့လည်း ဖော်ပြပါတယ်။

သမ္မတ အိုဘားမား ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ စကားကို ညင်သာစွာ ပြောဆိုတတ် ပေမယ့်လည်း၊ သူ ချစ်တဲ့ မြန်မာပြည်ဆီ ဒီမိုကရေစီ ဆောင်ကြဉ်း ပေးနိုင်ရေး အတွက် ၁၅ နှစ်တာ နေအိမ် အကျယ်ချုပ် ခံခဲ့ရမှုကနေ ကြံ့ခိုင်လာတဲ့၊ ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ကိန်းဝပ်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

https://youtu.be/x6JjoPDRqjA

#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #TIME #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤54👍16👎2😁2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှ ရဲ့ အကျဉ်းထောင်တွင်းကနေ သားသမီးတွေ အတွက် ပေးတဲ့ စာတစောင်ကို တင်ဆက်ထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/04/416789.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍29❤3👎1
Media is too big
VIEW IN TELEGRAM
ဘာလဲဟဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီလား၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလား။ ဘယ်နိုင်ငံ နဲ့မှ မတူတဲ့ ဒီမိုကရေစီကို စစ်ဗိုလ်ချုပ်တွေ တီထွင်ဖန်တီးပေးနိုင်ပါတယ်။ အပြည့်အစုံကို အောက် Link ပါ Opinion Talk “ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ” မှာ ကြည့်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ
https://youtu.be/dQNIOsDdZCM

#မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG
👍38😁7❤4🤔1
ဗိုလ်ချုပ်တွေလိမ်ရောင်းတဲ့ ‘မြန်မာ့နည်း မြန်မာ့ဟန်’ ဒီမိုကရေစီ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ “မြန်မာ့နည်း မြန်မာ့ဟန်” ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ကနေ အခု မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီအထိ ဗိုလ်ချုပ်တွေ သုံးခဲ့တဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ “ဘိတ်ချေး ဒီမိုကရေစီ” အဆင့်ကို ဘယ်လိုရောက်သွားလဲဆိုတာ ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက သုံးသပ်ဆွေးနွေးထားပါတယ်။

https://youtu.be/dQNIOsDdZCM

#မြန်မာ #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သိန်းစိန် #သန်းရွှေ #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #military #myanmar #regime #TheinSein #ThanShwe #democracy #TIME #IRWENG

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍44😁8❤7🤔1
😭15❤2😱2
မဲဆောက်က မြန်မာများ လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံ မီးလောင်

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မဲဆောက်-မဲတောလမ်းပေါ်ရှိ မြန်မာအလုပ်သမား အများစု လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတရုံ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

မဲဆောက်မြို့အနီးရပ်ကွက်မှပြည်သူများ၏ သတင်းပေးချက်အရ မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်များဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရပြီး နေရာအများအပြားသို့ မီးကူးစက်လောင်ကျွမ်းနေသဖြင့် ထာ့ဆိုင်လွတ် စည်ပင်သာယာရေးအဖွဲ့ထံမှ မီးသတ်ယာဉ်များကိုပါ ထပ်မံခေါ်ယူကာ ပူးပေါင်း၍ ၁ နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာ Amarin TV တွင် ဖော်ပြသည်။

မီးလောင်နေစဉ်အတွင်း မြန်မာအလုပ်သမား ၇၀ ခန့် စက်ရုံအတွင်းမှ အမြန် ထွက်ပြေးခဲ့ရပြီး အပ်ချုပ်စက်များနှင့် အခြားပစ္စည်းများကိုလည်း အပြင်သို့ ရွှေ့ပြောင်းခဲ့ကြသော်လည်း မရွှေ့ပြောင်းနိုင်ခဲ့သည့် စက်ရုံအတွင်းရှိ ပစ္စည်းများနှင့် အပ်ချုပ်စက် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း၊ စက်ရုံအတွင်းရှိ မီးလောင်လွယ်သည့် ပစ္စည်းများနှင့် ရာသီဥတု ပူပြင်းမှုတို့ကြောင့် မီးလောင်မှု ပိုမို ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း စက်ရုံအလုပ်သမားအချို့၏ ပြောကြားချက်အရ အစားအစာချက်ပြုတ်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားပြီး ထိုင်းရဲတပ်ဖွဲ့က ထပ်မံ စစ်ဆေးသွားမည်ဟု ဆိုသည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု မရှိခဲ့သော်လည်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် ၅ သန်းထက် မနည်းနိုင်ကြောင်း သိရသည်။
😭26👎10❤6😱3👍1
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

ကာတွန်းဆရာကြီး မောင်စိန် ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
👍31😁6🤔1