The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
❤27👍9
ဘုရားသုံးဆူ ကျားဖြန့်ထံ ပို့ခံရသည့် ဂျပန်ကျောင်းသား၂ ဦးကို ထိုင်းနှင့်ဂျပန်သံရုံး ပူးပေါင်းကယ်ဆယ်

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု ပွဲစားက လိမ်လည်ခေါ်ဆောင်ပြီးနောက် မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသရှိ တရုတ်အွန်လိုင်းငွေလိမ် (Scam) ဂိုဏ်းထံ ပို့ဆောင်ခံခဲ့ရသည့် ဂျပန်တက္ကသိုလ်ကျောင်းသား ၂ ဦးကို ထိုင်းနှင့် ဂျပန်သံရုံး တာဝန်ရှိသူများ ပူးပေါင်း၍ အောက်တိုဘာ၂ ရက်က ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

အသက် ၂၀ နှင့်၂၁ နှစ်အရွယ် အဆိုပါကျောင်းသား ၂ ဦးကို ဂျပန်နိုင်ငံသားများထံ ဖုန်းဆက်၍ ငွေလိမ်လည်မှုများ ခိုင်းစေခဲ့ပြီး မလိုက်နာပါက ၎င်းတို့နှင့် မိသားစုဝင်များအား ထိခိုက်အောင် ပြုလုပ်မည်ဟု ခြိမ်း ခြောက်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ပြောကြားချက်ကို Khaosod သတင်းတွင် ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ထတ်ချိုင်းက ဂျပန်ကျောင်း သား ၂ ဦးသည် ဂျပန်နိုင်ငံသား ပွဲစားတဦး၏ ကျောင်းပိတ်ရက်အတွင်း ဝင်ငွေကောင်းသည့် အချိန်ပိုင်းအလုပ်ရှိကြောင်းနှင့် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ရမည်ဟု ပြောဆိုလိမ်လည်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကျောင်းသား ၂ ဦးသည် ထိုနေရာသို့ ရောက်ရှိပြီး ရက် ၂၀ ခန့်အကြာတွင် ဂျပန်နိုင်ငံရှိ မိသားစုထံ လျှို့ဝှက်ဆက်သွယ်ကာ အကူအညီတောင်းခဲ့သဖြင့် မိသားစုက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးများမှတဆင့် အကူအညီတောင်းခံခဲ့ရာ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း၍ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘုရားသုံးဆူဒေသရှိ ကျားဖြန့်များတွင် ဂျပန်နိုင်ငံသား အများအပြား ဆက်လက် အလုပ်လုပ်နေရကြောင်းလည်း ကျောင်းသား ၂ ဦးက ထိုင်းအာဏာပိုင်များထံ ပြောဆိုထားသည်။

ဓာတ်ပုံ-Khaosod
❤36👍25😁2
၂၀၂၃ ခုနှစ် ဇူလိုင်လက ဧရာဝတီမှာ ရေးထားတဲ့ မြန်မာမှာ စစ်တပ်နဲ့ ပေါင်းလုပ်နေတဲ့ ရာဇဝတ်မှုတွေ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2023/07/03/335946.html
👍37❤2🤔1
😭19👍5❤1👎1
မလေးရှားမှ ပြန်ပို့သည့် မြန်မာ ၁,၄၀၀ ကျော် ရန်ကုန်သို့ ရောက်

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ ပြန်လည် ပို့ဆောင်လိုက်သည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦး တင်ဆောင်လာသော စစ် သင်္ဘော ၃ စီးသည် ယနေ့ နံနက် ၇ နာရီခွဲမတိုင်မီ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ) သို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံမှ စက်တင်ဘာ ၂၉ ရက်တွင် စတင်၍ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအသုတ်သည် ပြန်လက်ခံရန် သဘောတူထားသည့် လူဦးရေ ၅,၀၀၀ အနက် ပထမဆုံး အသုတ်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် စစ်မှုထမ်းရန် စုဆောင်းခံရနိုင်ခြေ အပါအဝင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း ပြန်လည် ရောက်ရှိလာသူများနှင့် မိသားစုဝင်များက ပြောကြားထားသည်ဟု Channel NewsAsia (CNA) သတင်းတွင် ဖော်ပြထားသည်။

သင်္ဘောများဖြင့် ပြန်လည်ခေါ်ဆောင်လာသူများမှာ မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများအတွင်း ထိန်းသိမ်းခံထားရသူများ ဖြစ်ကြောင်း သိရသည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရာတွင် ပြန်လည်ရောက်ရှိသူများ၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ (UN) ကလည်း သတိပေးထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎37❤12👍3😭3
ဆွစ်ဇာလန် နိုင်ငံရဲ့ ရေခဲမြစ်တွေဟာ လျင်မြန်စွာ သေးငယ်လာနေပြီး ဥရောပရဲ့ စံချိန်တင် အပူလှိုင်းကြောင့် ရေခဲဆုံးရှုံးမှု အဆိုးရွားဆုံး နှစ်တနှစ်ကို ရင်ဆိုင်နေရ…
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/04/416796.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤20👍16🤔5😱2
❤22👍16
စစ်သား ၅ ထောင်ကျော်ပါ အမေရိကန် လေယာဉ်တင်သင်္ဘော ဖူးခက်၌ ကမ်းကပ်

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

စစ်သည် ၅ ထောင်ကျော် တင်ဆောင်လာသည့် အမေရိကန်ရေတပ် လေယာဉ်တင်စစ်သင်္ဘော USS George H.W. Bush နှင့် စစ်ရေယာဉ်များသည် အရှေ့အလယ်ပိုင်းတွင် လပေါင်းများစွာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ပြီးနောက် အနားယူရန်အတွက် ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ယနေ့ ရောက်ရှိလာကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

လေယာဉ်တင် စစ်သင်္ဘောကြီး USS George H.W. Bush ၌ စစ်သည် ၄,၈၂၀ ဦးခန့် တင်ဆောင်လာပြီး ဝိချစ် (Wichit) ရှိ ဖူးခက် ရေနက်ဆိပ်ကမ်းမှ ၃.၃ ကီလိုမီတာခန့် အကွာတွင် ကျောက်ဆူးချ ရပ်နားထားကာ ဖျက်သင်္ဘော USS Delbert D. Black တွင်မူ စစ်သည် ၂၈၉ ဦးခန့် ပါဝင်သည်။

ယခု ခရီးစဉ်သည် အဆိုပါ လေယာဉ်တင် စစ်သင်္ဘောအုပ်စုအနေဖြင့် မတ်လအတွင်းက အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာလာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆိပ်ကမ်း ရပ်နားခြင်းဖြစ်ပြီး အောက်တိုဘာ ၉ ရက်အထိ ဖူးခက်တွင် ကမ်းကပ် ရပ်နားမည် ဖြစ်သည်။

အမေရိကန် ရေတပ်ခေါင်းဆောင်များနှင့် ထိုင်းတာဝန်ရှိသူများ တွေ့ဆုံမည်ဖြစ်သလို ရေတပ်စစ်သည်များသည် အမေရိကန်-ထိုင်း ဘောလုံးပြိုင်ပွဲအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး ခရီးစဉ်များနှင့် လူထုအကျိုးပြု လှုပ်ရှားမှုများတွင် ပါဝင်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင် ဘာလအတွင်း ကလည်း USS Abraham Lincoln လေယာဉ်တင်စစ် သင်္ဘော ထိုင်းနိုင်ငံ၊ လဲမ်ချဘန်းဆိပ်ကမ်းသို့ လာရောက်ခဲ့သေးသည်။

ဓာတ်ပုံ-Phuket Live News,Phuket Times
❤47👍22
😭41👎9❤3🤔1
ပုဏ္ဏားကျွန်း စစ်ရှောင်စခန်း ၂ ခုကို ဗုံးကြဲ၊ ၆ ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်း ၂ ခုကို ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် တိုက်လေယာဉ်၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စခန်း မီးလောင်ခဲ့သလို သေဆုံး ဒဏ်ရာရသူများလည်း ရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနှင့် ယိုးငူကျေးရွာကြားရှိ ယိုးငူနှင့် ဗျာလ စစ်ဘေးရှောင်စခန်းများကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အိမ်နှင့် ဈေးဆိုင်များ မီးလောင်ခဲ့သလို လက်ရှိအချိန်အထိ စစ်ဘေးရှောင် ၆ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်ကလည်း ရသေ့တောင်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ပြားချောင်းကြီးကျေးရွာ၊ ပြင်ခေါင်ကျေးရွာ၊ အငူမော်ကျေးရွာများကို Y-12 ဖြင့် ဗုံးကြဲခဲ့ရာ သေဆုံးသူများနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်ရှိ နယ်မြေအများစုအား လက်လွှတ်ရသည့် စစ်တပ်သည် ဗုံးကြဲမှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသလို သေဆုံးသူ အရပ်သားဦးရေလည်း ပိုမို တိုးလာလျက် ရှိသည်။

ဓာတ်ပုံ-AA

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭59👎15❤6👍2😁2