မြန်မာလူ့အခွင့်အရေးကော်မရှင်ကို ဒေသတွင်းအဖွဲ့ ပြန်စိစစ်နေ
သတင်း | ဖိုးတာ၊ အောက်တိုဘာ ၆၊ ၂၀၂၆။
မြန်မာနိုင်ငံ၏ စစ်အုပ်စုလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ပြန်လည်သုံးသပ်မည်ဟူသော ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံနှင့် ဒေသတွင်းမှ လှုပ်ရှားသူများက ကြိုဆိုလိုက်ကြသည်။
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF) က နိုင်ငံအတွင်း အာဏာသိမ်းထားသော စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ဆိုင်ရာ အရည်အချင်းကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဖွဲ့ဝင် ၆ နိုင်ငံပါ အဆိုပါအဖွဲ့သည် လာမည့်နှစ်တွင် ဥက္ကဋ္ဌတာဝန်ကို ရယူရန် MNHRC ၌ အရည်အချင်း ပြည့်မီမှု ရှိ မရှိ ဆိုသည်ကို အရေးတကြီး စိစစ်သုံးသပ်လျက်ရှိသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/06/416837.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
မြန်မာလူ့အခွင့်အရေးကော်မရှင်ကို ဒေသတွင်းအဖွဲ့ ပြန်စိစစ်နေ
စစ်အုပ်စုလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ပြန်လည်သုံးသပ်မည်ဟူသော ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံနှင့် ဒေသတွင်းမှ လှုပ်ရှားသူများက ကြိုဆိုလိုက်ကြသည်။
❤25👍18
ဘီလာရုစ်နိုင်ငံသူကို ကျားဖြန့်ထံ ရောင်းစားသည့် မြန်မာ ၅ ဦး ထောင်ဒဏ်၂၁ နှစ်စီ ချ
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
ဘီလာရုစ်နိုင်ငံသူတဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ထံ ပို့ဆောင်ရောင်းစားခဲ့ရာတွင် ပါဝင်သူ မြန်မာနိုင်ငံသား ၅ ဦးကို မင်္ဂလာဒုံခရိုင် တရားရုံးက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အောက်တိုဘာ ၁ ရက်တွင် ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ကြောင်း အာဏာသိမ်းအစိုးရက သတင်း ထုတ်ပြန်သည်။
အသက်၂၆ နှစ်ခန့်အရွယ် ဘီလာရုစ်နိုင်ငံသူ ဗီရာ ခရက်ဆိုဗာ (Vera Krasova) ဆိုသူမှာ မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းများထံ ရောင်းစားခံရပြီးနောက် အသတ်ခံရကာ ကိုယ်တွင်းအင်္ဂါများ ရောင်းစားခံခဲ့ရကြောင်း လွန်ခဲ့သည့်နှစ် အောက်တိုဘာလက သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်ဘက်က စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအမှုနှင့် ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံရသူများမှာ ကျော်သူ (ခ) စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း (ခ) ကိုရဲ၊ ညီညီသက်နှင့် နန်းပေါင်းဟွမ်း (ခ) ဆိုဖီယာ (ခ) Li Li (ခ) ကျင်းကျင်း တို့ဖြစ်ပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သူများဖြစ်သည့် မျိုးဇော်လင်း၊ ဝသုန်အောင် (ခ) ဝသုန်၊ ရန်ပိုင်စိုး (ခ) အငယ်လေး၊ တာဂျစ်ကစ္စတန် နိုင်ငံသား MUKAIR SHOEV RUSTAM နှင့် ODINAEN ALIJON တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
အာဏာသိမ်းအစိုးရအနေဖြင့် ဘီလာရုစ်နိုင်ငံသူ သေဆုံးမှု (သို့မဟုတ်) ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တရားခံများကို ဖမ်းဆီး ပြစ်ဒဏ်ချကြောင်းဖော်ပြထားသော်လည်း အမှန်တကယ် သေဆုံးခြင်း ရှိမရှိ၊ ဖြစ်စဉ် အသေးစိတ်နှင့် မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
ဘီလာရုစ်နိုင်ငံသူမှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်၌ မော်ဒယ် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် မြန်မာနိုင်ငံသို့ ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း ရုရှားအွန်လိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။
ထို့နောက် အွန်လိုင်းငွေလိမ်ရန် အဓမ္မခိုင်းစေခံရပြီး အလုပ်မဖြစ်တော့သည့်အခါ ၎င်းအား သတ်လိုက်ကြောင်းနှင့် ကိုယ်တွင်း အင်္ဂါများကို ရောင်းစားလိုက်ပြီဖြစ်ကြောင်း မိသားစုထံသို့ မက်ဆေ့ချ်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤22👍10😁9😭2
မင်းအောင်လှိုင်ကို တရားဝင်မှုမပေးဖို့ မလေးရှားအား APHR တောင်းဆို
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
မလေးရှားအစိုးရအနေဖြင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်းအား တရားဝင်မှုမပေးရန်နှင့် မြန်မာဒုက္ခသည်များ၏ လုံခြုံရေးကို မစတေးရန် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့(APHR)က ကြေညာချက်ထုတ်ပြန်သည်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် ယနေ့ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခြင်းသည် စစ်အုပ်စု၏ပြည်သူများအပေါ် အကြမ်းဖက်ကျူးလွန်မှုများအား မလေးရှားအနေဖြင့်လက်ခံနိုင်သည်ဟု ဒေသတွင်းသတင်းစကား သက်ရောက်စေကြောင်း APHR က ဆိုသည်။
နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသော အာဏာသိမ်းသမ္မတအား ဒေသတွင်း၌ စစ်အုပ်စုအပေါ် ပြင်းထန်စွာဝေဖန်ပြောဆိုလေ့ရှိသည့် မလေးရှားနိုင်ငံက တရားဝင်လက်ခံကြိုဆိုခြင်းသည် စစ်အုပ်စုအတွက် အောင်မြင်မှုတခုဖြစ်လာမည်ဟု ၎င်းတို့က သတိပေးထားသည်။
ယခုခရီးစဉ်သည် မလေးရှားရှိ မြန်မာဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်နေပြီး မကြာသေးမီကလည်း မြန်မာဒုက္ခသည် ၁၄၇၆ ဦးအား စစ်အုပ်စုထံ လွှဲပြောင်းခဲ့သည့်အပြင် ထပ်မံ၍ ၃၅၂၄ ဦး လွှဲပြောင်းပေးရန် မလေးရှားအစိုးရက စီစဉ်လျက်ရှိသည်။
မလေးရှား၏ မြန်မာဒုက္ခသည်များပြန်ပို့သည့်အပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် မြန်မာနိုင်ငံ၏အခြေအနေမှာ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် အဆင်မပြေကြောင်း ပြောထားသည်။
မလေးရှားအစိုးရအနေဖြင့် စစ်အုပ်စုအားတရားဝင်အစိုးရအဖြစ် သတ်မှတ်စေမည့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း၊ ပူးတွဲကြေညာချက်များထုတ်ပြန်ခြင်းမပြုရန်နှင့် မင်းအောင်လှိုင်အား နောက်ထပ် ဖိတ်ကြားမှုများ မပြုလုပ်ရန်၊ မြန်မာနိုင်ငံ အမှန်တကယ် ဘေးကင်းလုံခြုံမှုရှိသည့် အခြေအနေမျိုးမရောက်ရှိမီအထိ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းထားရန် APHR က တောင်းဆိုထားသည်။
ပုံစာ-၂၀၂၅ အောက်တိုဘာ ၁၀ ရက်က မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် နေပြည်တော်သို့ လာရောက်စဉ်

👍40❤11😁4😭1
အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန်
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ဦးသည် ယနေ့နံနက် အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်များမှထံမှ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး ဈာပနအစီအစဉ်ကို မိသားစုက မထုတ်ပြန်သေးပါ။
အကယ်ဒမီ ဦးခင်မောင်ကြီးသည် မြန်မာနိုင်ငံ၏ နာမည်ကြီး ရုပ်ရှင်နောက်ခံ တေးဂီတဆု (အကယ်ဒမီ) ၃ ဆုရှင် ဝါရင့်ဂီတမှူးကြီးတဦး ဖြစ်ပြီး အလင်္ကာကျော်စွာဘွဲ့ ထူးချွန်ဆု ချီးမြှင့်ခံထားရသူ ဖြစ်သည်။၎င်း၏ ပထမဆုံး အကယ်ဒမီဂီတဆုအနေဖြင့် ၂၀၀၂ ခုနှစ်တွင် ငါသူတစ်ပါး ယောကျာ်းမိန်းမ အကောင်းဆုံးရုပ်ရှင်တေးဂီတဆု ကို ရရှိခဲ့သည်။
ဒုတိယမြောက် အကယ်ဒမီကို ၂၀၀၅ ခုနှစ်က ပန်းပျိုးသူတို့ အလင်္ကာ ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း၊ တတိယမြောက်အကယ်ဒမီအဖြစ် ၂၀၁၄ ခုနှစ်တွင် ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားဖြင့် အကယ်ဒမီများ ရရှိခဲ့သည်။
ဦးခင်မောင်ကြီးကို ကာလကြာရှည်စွာ ရုပ်ရှင်နောက်ခံတေးဂီတလောက၌ထူးချွန်စွာ ဖန်တီးနိုင်ခဲ့မှုကြောင့် ၂၀၂၆ ခုနှစ်တွင် အာဏာသိမ်းအစိုးရက အလင်္ကာကျော်စွာဘွဲ့ ပေးအပ်ခဲ့သည်။
ဦးခင်မောင်ကြီး၏ ဖခင်ဖြစ်သူမှာ ဂီတလုလင်အဖွဲ့တွင် ဒရမ်တီးသည့် ဦးမြင့်ဆွေလေးဖြစ်ပြီး ဦးခင်မောင်ကြီး၏ သားဖြစ်သူမှာလည်း Lucky Hand အဖွဲ့တွင် ဂစ်တာတီးခတ်သည့် ကိုအောင်သူဖြစ်ပြီး မြေးဖြစ်သူမှာ အသက်ငယ်ငယ်ဖြင့် ဒရမ်တီးခတ်မှုတွင် ပါရမီပါသော လူငယ်အနုပညာရှင် ဗုံဗုံဖြစ်သည်။

👍20😭8❤2
မြိုင်၌တွေ့သည့် စစ်ရှောင်တို့ ရုပ်ကြွင်းများ သက်သေအဖြစ် သိမ်းဆည်း
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာ အစွန်တောစပ်၌ စစ်တပ်နှင့် ပျူစောထီးအဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားခဲ့သည့် စစ်ရှောင်အမျိုးသား ၁၂ ဦး၏ ရုပ်ကြွင်းများကို တရားမျှတမှု ရရှိရေးအတွက် သက်သေခံအဖြစ် သိမ်းဆည်းထားမည်ဟု အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း (မြိုင်) ထံမှ သိရသည်။
အဆိုပါ အရိုးစုများကို အောက်တိုဘာ ၄ ရက်တွင် တောထဲ၌ မှိုရှာသူ ဒေသခံတဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၂၀၂၃ ခုနှစ် ဇွန်လအတွင်း စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်း၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဂွေးကုန်း၊ သံချောင်း၊ မကြီးကုန်းနှင့် မကြီးကန်ရွာတို့မှ အသက် ၁၅ နှစ်မှ ၆၁ နှစ်အရွယ် စစ်ရှောင် အမျိုးသား ၁၂ ဦး၏ အရိုးစုများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
“အခုတွေ့ရှိခဲ့တဲ့ အရိုးစုတွေကို သူတို့ မိသားစုဝင်တွေက ရွေးပြီး ယူချင်တယ်၊ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ချင်တယ် ဆိုရင် ယူဖို့ ခွင့်ပြုပေးထားပါတယ်။ မနေ့ကဆိုရင် သက်ဆိုင်ရာ မိသားစုဝင်တွေ လာပြီး အကြောင်းကြားတာတွေ ရှိတယ်၊ အဲဒီလိုမဟုတ်ဘဲ ကြွင်းကျန်ရစ်တဲ့ အရိုးစုတွေကိုတော့ တချိန်မှာ တရားမျှတမှု ရဖို့ရာအတွက် သက်သေခံပစ္စည်း အဖြစ်နဲ့ပဲ သိမ်းဆည်းထားမှာပါ၊ ဒါတွေကို ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး” ဟု အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း (မြိုင်) မှ ဆရာထွေးက ပြောသည်။
အဆိုပါ ရွာသားများ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ် ပြတ်တောက်နေခဲ့ရာမှ ၂၀၂၃ ခုနှစ် ဇွန် ၁၁ ရက်တွင် ဝက်ပုတ် ပျူစောထီးများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း၊ မျက်နှာများကို အဝတ်စည်း၊ ကြိုးတုတ်၍ ရက်စက်စွာ သတ်ဖြတ်မှုကို ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနှင့် စစ်တပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ ဘိုဖြူတို့ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း အညာမြေ အရပ်ဘက်အဖွဲ့ထံက သိရသည်။
ရုပ်အလောင်းများ မြှုပ်နှံထားသော မြေကျင်း ၂ ကျင်းအတွင်းမှ အရိုးစုများနှင့်အတူ တွေ့ရှိရသည့် မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်သော့၊ လက်ဖွဲ့ကြိုးနှင့် အဝတ်အစား အသုံးအဆောင်များမှတဆင့် မိသားစုဝင်များက ခွဲခြား အတည်ပြုနိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဝက်ပုတ် ပျူစောထီးကျေးရွာကို တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်တွင် သိမ်းပိုက်ပြီးနောက် ရှင်းလင်းရေး ဝင်ရောက်ချိန်တွင် သိမ်းဆည်းရရှိသည့် မှတ်စုစာအုပ် မှတ်တမ်းများအရ စစ်ရှောင်များ သတ်ဖြတ်ခံရမှုကို သိရှိရ၍ ရုပ်အလောင်း မတွေ့သဖြင့် လိုက်လံ ရှာဖွေခဲ့ကြောင်း၊ မိသားစုဝင်များအနေဖြင့်လည်း ရုပ်အလောင်း မပါဘဲ နာရေးများ ပြုလုပ်ခဲ့ရကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်း ဖော်ပြထားသည်။
“ရွာကို သိမ်းပြီးစတုန်းက စက်နဲ့ ပတ်ထိုးပြီး ရှာခဲ့ကြတာမျိုးတွေ လုပ်ခဲ့ကြတယ်၊ အခု အလောင်းတွေ့တဲ့နေရာရဲ့ အရှေ့ဘက်နားအထိ စက်ထိုးတာ ရောက်ခဲ့တယ်။ ချောက်ကြီးတွေက သိသိသာသာ ထင်ထင်ရှားရှား ချောက်ကြီးမျိုးတွေ မဟုတ်ဘူး၊ ခြုံနွယ်တွေနဲ့ ပိတ်နေတဲ့ မူလမြေထက် နည်းနည်းပဲ နိမ့်တဲ့ ချောက်မျိုးလေးတွေပေါ့၊ အဲဒီမှာ မှိုရှာတဲ့သူက မှိုတူးရင်း အစအနတွေကို တွေ့လို့ သတင်းပို့လာမှ ဝိုင်းရှာကြတော့ တွေ့ခဲ့တာ” ဟု ရုပ်အလောင်းများ တူးဖော်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံတဦးက ပြောသည်။
ထိုသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သော ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေမှာ ၂၀၂၄ ခုနှစ်အတွင်းက တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်စဉ် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး ဘိုဖြူမှာ ဝက်ပုတ်ရွာ အတိုက်ခံရချိန်တွင် စက်မှု ၂ ဘက်သို့ ထွက်ပြေးလွတ်မြောက်သူများထဲ ပါဝင်ခဲ့သည်ဟု တော်လှန်ရေး အင်အားစုများက ဆိုသည်။
ထို့ပြင် အရိုးစုများအနီး တွေ့ရသည့် မှတ်ပုံတင်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်များအရ ဂွေးကုန်းရွာသား ကိုအောင်ဇင်ဟိန်း ဆိုသူကိုလည်း အတည်ပြုနိုင်ခဲ့သလို အဝတ်အစား အပိုင်းအစများအရ အသက် ၁၅ နှစ်အရွယ် မောင်သော်ဇင်ထိုက်ကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။
“ကျနော့်ညီက (အောင်ဇင်ဟိန်း) ဂျပန်ကို သွားဖို့ ရန်ကုန်မှာ သင်တန်းတက်နေရာကနေ ခါးနာနေလို့ဆိုပြီး ရွာ ပြန်လာပြီး ဆေးကုနေတာ။ ပြန်ရောက်ပြီး မကြာသေးခင်မှာပဲ စစ်ကြောင်းထိုးလို့ ပြေးရင်းနဲ့ အဖမ်းခံရပြီး အသတ်ခံလိုက်ရတာ၊ အဖမ်းခံရတဲ့အချိန်က၂၆ နှစ်ကျော်လေးပဲ ရှိသေးတာပါ၊ သေပြီလို့ပဲ အတည်ပြုနိုင်ခဲ့ရာကနေ အခုမှ အရိုးစုကို တွေ့တာဆိုတော့ ဘယ်လိုခံစားရမလဲဆိုတာ ပြောမပြတတ်ဘူးဗျာ” ဟု ကိုအောင်ဇင်ဟိန်း၏ အစ်ကိုဖြစ်သူက ပြောသည်။
ထိုသို့ တွေ့ရှိခဲ့ရသည့် အရိုးစုများတွင် ဦးခေါင်းခွံ အကောင်းအတိုင်း ၂ ခုသာရရှိပြီး ကျန်ဦးခေါင်းခွံများမှာ ကျိုးကျေပျက်စီးနေပြီး ကျင်းများအတွင်းမှ သွေးစွန်းနေသည်ဟု ယူဆရသော လမ်းခင်းကျောက်ခဲကြီးများနှင့် ကျည်ခွံများတွေ့ရှိခဲ့ရသလို ဦးခေါင်းခွံများ၌ ကျည်ဖောက်ဝင်ထားသည့် ဒဏ်ရာမျိုးလည်း ထင်ထင်ရှားရှား တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ- အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း (မြိုင်)

👍31❤11😭6
ချင်းတောင် မဆာတွီတိုက်ပွဲ စစ်တပ် ၃၀ ကျော်သေ၊ ၂၀ ကျော် ဖမ်းမိ
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
မကွေးတိုင်း လောင်းရှည်မြို့မှ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းသည် ချင်းတောင်ပိုင်း ကန်ပက်လက်မြို့နယ်အပိုင် ကျင်ဒွေးမြို့သို့ စက်တင်ဘာ ၂၆ ရက်၌ ထိုးစစ်စတင်ခဲ့ရာ မဆာတွီကျေးရွာအနီး တိုက်ပွဲတွင် ၃၀ ကျော်သေဆုံးပြီး အင်အား ၂၀ ကျော်ပါတပ်စု ၁ စုလုံးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းများထံက သိရသည်။
စစ်သုံ့ပန်းများမှာ ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံတပ်ရင်း ၁ ခု မှ တပ်ကြပ်ကြီး ရဲဝင်းထွန်း (တ-၅၆၄၅၀၉) ဦးဆောင်သည့် အင်အား ၂၀ ကျော်ပါတပ်စုဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“လမ်းကြောင်းအသစ်နဲ့ ထိုးစစ်ပြန်စလာတာမှာလည်း မဆာတွီကနေ မကျော်နိုင်သေးဘူး၊ တိုက်ပွဲကတော့ နေ့တိုင်း ဖြစ်နေတာ၊ မဆွာတီနဲ့ ဆွဲလွဲကျင်းကြားက မောချောင်းဖျားရှိတဲ့ တပ်စခန်းကို ဒီဘက်က အရင်ဆုံးဝင်တိုက်လိုက်တာ၊ အခုဖမ်းမိတဲ့ စစ်သုံ့ပန်းတွေက ၂၇ ရက်က ဖြစ်တဲ့တိုက်ပွဲမှာ ဖမ်းမိခဲ့တာ၊ ညပိုင်းတွေအထိပါ ဗုံးကြဲနေတဲ့ကြားက တော် လှန်ရေးတပ်တွေက တိုက်နေကြရတာ”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လောင်းရှည်-ကျင်ဒွေးလမ်းအတိုင်း ဝင်လာသည့် စစ်ကြောင်းကို အာရက္ခတပ်တော် (AA)၊ ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောကာကွယ်ရေးတပ်တော် (YDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဖြစ်နေပြီး လက်ရှိတွင် ထိုစစ်ကြောင်းသည် ကန်ပက်လက်မြို့နယ်အစ မဆာတွီရွာသို့ ရောက်ရှိကာ လက်နက်ကြီးစခန်းတခု တည်ဆောက်နေပြီး အင်ဘူးနှင့် ဆွဲလွဲကျင်းတို့၌ စစ်ကြောင်းဖြန့်ခွဲပြီး နေရာယူထားကြောင်း သိရသည်။
လောင်းရှည်ကပစ ၂၃ သို့လည်း စစ်အင်အားများ ထပ်မံဖြည့်တင်းလျက်ရှိပြီး အောက်တိုဘာ ၄ ရက်ကလည်း စစ်ကားကြီး ၁၀ စီး ထပ်မံဝင်ရောက်ထားကြောင်း၊ စက်တင်ဘာ ၂၆ ရက်မှစပြီး နေ့စဉ် ဗုံးကြဲနေသဖြင့် လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းပေါ်ရှိ မဆာတွီ၊ အင်ဘူး၊ ရင်းကဲ၊ ဆွဲလွဲကျင်း၊ ပါးချောင်း၊ ပိန်းချောင်း၊ ယမ်း၊ ကြိမ်ကြီးစသောကျေးရွာများတွင် စစ်ကြောင်းများ ရှိနေဆဲဖြစ်၍ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-ယောအလင်းတန်း

❤32👍14😁1
အယ်လ်နီညိုကိုရင်ဆိုင်ဖို့ ရေနှင့်ရိက္ခာ စုဆောင်းရန် အာဏာသိမ်းသမ္မတ ပြော
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
အပူဒဏ် လွန်ကဲမှုရင်ဆိုင်ရနိုင်သည့် အယ်လ်နီညို ဖြစ်စဉ်အား ကြိုတင်ကာကွယ်ရေးအတွက် ရေ၊ ကြာရှည် အထားခံသည့် သီးနှံ၊ စားရေရိက္ခာများ စုဆောင်းထားရှိရန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ယမန်နေ့က အစည်းအဝေး ပြုလုပ်စဉ် ပြောသည်။
လာမည့်နှစ် မိုးရာသီ မတိုင်မီအထိ အယ်လ်နီညို ရာသီဥတုအား ကျော်ဖြတ်နိုင်ရေးအတွက် သောက်ရေနှင့် စိုက်ပျိုးရေ ထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ ရေများ သိုလှောင် စုဆောင်းခြင်း၊ မလိုအပ်ဘဲ ရေဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ မိုးနှောင်းရာသီ သီးနှံများကို ပန်းတိုင် ရည်မှန်းချက်ရအောင် စိုက်ပျိုးခြင်း၊ မွေးမြူရေး လုပ်ငန်းများ စဉ်ဆက်မပြတ် စီမံဆောင်ရွက်ခြင်းဖြင့် ပြင်ဆင်ဆောင်ရွက်ကြရန်လည်း ၎င်းက ဆိုသည်။
အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန် မြင့်တက်ပြီး ဆည်တမံများ ရေခမ်းခြောက်မှု ပိုမိုလာနိုင်သည့်အတွက် အောက်တိုဘာ ၅ ရက်ကစတင်ကာ လာမည့်နှစ် မိုးတွင်းကာလအထိ လျှပ်စစ်ဓာတ်အား ၄ နာရီခြား တခါသာ အလှည့်ကျ ပေးမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာပြီးနောက် ရေနှင့် ရိက္ခာပါ စုဆောင်းကြရန် အာဏာသိမ်းသမ္မတက ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ပြင်းထန် ဆိုးရွားသည့် အပူဒဏ် ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်မှုများရှိနေပြီး အယ်လ်နီညိုကြောင့် ပူပြင်း ခြောက်သွေ့မှုများ၊ မြေအောက်ရေ ခန်းခြောက်မှုများ ကြုံတွေ့ရနိုင်ကြောင်းနှင့် လက်ရှိတွင်ပင် အချို့သော မြို့နယ်များ၌ ပုံမှန်ထက် အပူချိန် မြင့်မားမှုများ တွေ့နေရကြောင်းလည်း ၎င်းက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ဧလာ၊ စစ်ကိုင်း၊ လားရှိုးတို့တွင် စက်တင်ဘာလ၏ အမြင့်ဆုံး အပူချိန် စံချိန်သစ်များ တင်ခဲ့သည်။
အယ်လ်နီညို ဒဏ်အား ယခု အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ ရင်ဆိုင် ခံစားရနိုင်ပြီး အထူးသဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ပုံမှန်အပူချိန်ထက် ပိုမို မြင့်မားနေမည်ဖြစ်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ဖော်ပြထားသည်။
ထို့ပြင် အပူချိန် မြင့်မားမှုကြောင့် ဆည်နှင့် တမံများ ရေခမ်းခြောက်မှုများကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျခြင်း၊ သီးနှံအထွက်နှုန်း လျော့ကျခြင်းများ ကြုံတွေ့ရနိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။

👍21😁21❤13👎3😭1
Media is too big
VIEW IN TELEGRAM
ပင်လယ်နက်အတွင်း ဒရုန်းတိုက်ခိုက်မှုကြောင့် တူရကီကုန်တင်သင်္ဘောနစ်မြုပ်သွားခဲ့ပြီး ၂ ဦးသေဆုံး
အောက်တိုဘာ ၆၊ ၂၀၂၆
ပင်လယ်နက်အတွင်းရှိ ရိုမေနီးယားနိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန်ထဲမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က တူရကီပိုင် ကုန်တင်သင်္ဘောတစီး ဒရုန်းတိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက် မီးလောင်ကျွမ်းပြီး နောက်ဆုံးမှာတော့နစ်မြုပ်သွားခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #blacksea #ဒရုန်း #romania #turkey

🤔20👍14❤5👎1😭1
"ဒီမိုကရေစီဖက်ဒရယ်" နဲ့ "ဖက်ဒရယ်ဒီမိုကရေစီ" ဆိုတာတွေဟာ ဝေါဟာရစကားလုံး အရှေ့အနောက် အထားအသို ပြောင်းလဲမှုကိစ္စသက်သက် မဟုတ်ပါ။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တခုလုံးကို လွှမ်းမိုးနေတဲ့ နိုင်ငံရေးဒဿန ခြားနားချက်ကြီး ဖြစ်ပါတယ်။
"ဒီမိုကရေစီဖက်ဒရယ်" ဟာ ဗဟိုချုပ်ကိုင်မှုကို အားပေးပြီး လူများစုဆန္ဒ (Majority Rule) အောက်မှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မှေးမှိန်စေနိုင်တဲ့ Majoritarian စနစ်ကို ကိုယ်စားပြုတယ်။ အဲဒီချဉ်းကပ်မှုဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်း မရှိခဲ့ဘူး။ ဆန့်ကျင်ဘက်အားဖြင့် "ဖက်ဒရယ်ဒီမိုကရေစီ" ဟာ တိုင်းရင်းသားအားလုံးရဲ့ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အာဏာခွဲဝေမှုတွေကို ပထမဦးစွာ အာမခံချက်ပေးပြီး အဲဒါကို အခြေတည်ပြီး ဒီမိုကရေစီအဆောက်အအုံကို တည်ဆောက်မယ့် စုပေါင်းအုပ်ချုပ်တဲ့ Consensus Democracy/ Consociational Democracy ကို ကိုယ်စားပြုတယ်။
Website မှာ ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/10/06/416841.html

"ဖက်ဒရယ်ဒီမိုကရေစီ" နဲ့ "ဒီမိုကရေစီဖက်ဒရယ်" ဘာကွာလဲ
မြန်မာနိုင်ငံ ဖက်ဒရယ်လစ်ဇင် တောင်းဆိုမှုသမိုင်းကြောင်းဟာ လွတ်လပ်ရေးမရမီ ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်မှာ ချုပ်ဆိုတဲ့ အောင်ဆန်း-အက်တလီ စာချုပ်နဲ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်တွေမှာ မြစ်ဖျားခံခဲ့တယ်။
👍29❤3😭2🤔1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်
ယခုတပတ်တွင် ဆန်ဈေးအနည်းငယ်မြင့်တက်နေပြီး ပြင်ပ ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၅,၀၀၀
ကျပ်ဝန်းကျင်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာ ၄,၅၄၀ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၄,၇၃၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၈၁၅ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၇၉၅ ကျပ်
စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့်ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၈၀ ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၈ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၃၁
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀ အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

👍23❤2👎1
ပြည်တွင်းမှာအလုပ်လုပ်ပြီး လုံခြုံသိက္ခာရှိသည့်ဘဝရမည်ဟု စစ်အုပ်စု ဝါဒဖြန့်
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
နိုင်ငံသားများအနေဖြင့် စီးပွားရေးကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ကြခြင်းဖြင့် ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်မည်ဖြစ်သလို ဂုဏ်သိက္ခာရှိပြီး လုံခြုံစိတ်ချရသည့်လူနေမှုဘဝ ရရှိနိုင်မည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဝါဒဖြန့် ထုတ်ပြန်သည်။
ကုန်ထုတ်လုပ်ငန်းများပိုမိုတိုးတက်ရေး လုပ်သားအရင်းအမြစ်များရှိရန်လိုအပ်ပြီး ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လုပ်ကိုင်မှုများရှိသည့်အတွက် လုပ်သားအင်အားဆုံးရှုံးရကြောင်းနှင့် မိမိနိုင်ငံတွင်လည်း ပညာတတ် လူသားအရင်းအမြစ်များ အားနည်းပြီး အများစုမှာ ကိုယ်ကာယပိုင်းအားပြုကာ လုပ်ကိုင်ရသည့်လုပ်ငန်းများတွင်သာ လုပ်ကိုင်နေရကြောင်း အာဏာသိမ်းသမ္မတက ဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ယမန်နေ့က တွေ့ဆုံစဉ်ပြောသည်။
လက်ရှိပြည်တွင်း၌ အဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ ပေါ်တာဆွဲဖမ်းဆီးခြင်းများဖြစ်ပေါ်နေပြီး အထည်ချုပ်စက်ရုံများလည်း အော်ဒါလက်ခံ ရရှိမှုမရှိသည့်အတွက် စက်ရုံပိတ်သိမ်းမှုများဖြစ်ပေါ်နေချိန်တွင် စစ်အုပ်စုဘက်က ယခုကဲ့သို့ ဝါဒဖြန့်လာခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအသစ်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ပြည်ပနိုင်ငံများတွင် ဒုက္ခကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတင်းပေးပို့နိုင်ကြောင်းနှင့် နေရပ်လုံခြုံစွာ ပြန်နိုင်ရေးဆောင်ရွက်ပေးနေကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချိုးဖောက်မှုများကြောင့် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၉၅၁၇ ဦးအား ပြန်လည်ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ပြင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်က မလေးရှားနိုင်ငံမှ ၁၀၈၆ ဦး၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲထိန်းသိမ်းရေးစခန်းမှ ရေလုပ်သား ၇၀ ဦးအားခေါ်ယူခဲ့ပြီး၊ ၂၀၂၆ ခုနှစ်အတွင်း၌လည်း ကမ္ဘောဒီးယားနိုင်ငံမှ ၁၉၀၅ ဦး၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ ထိန်းသိမ်းရေးစခန်းက ၂၆ ဦး ပြန်လည်ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
မလေးရှားနိုင်ငံက မြန်မာဒုက္ခသည် ၃၀၀၀ ကျော် ထပ်မံပြန်ပို့ရန် ပြင်ဆင်နေပြီး ထိုလုပ်ရပ်များအပေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အနေဖြင့် ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် မြန်မာနိုင်ငံ၏အခြေအနေမှာ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် အဆင်မပြေကြောင်း ပြောထားသည်။
ပုံစာ-၂၀၂၀ မတ်လ ၁၄ ရက်က ရန်ကုန် Lotte Hotel တွင် အလုပ်အကိုင်ပြပွဲ ပြုလုပ်စဉ်/GBS

😁51❤10👎4👍2😭2