Media is too big
VIEW IN TELEGRAM
စစ်တပ်ထိပ်ပိုင်းနေရာတွေ အပြောင်းအလဲလုပ်
အာဏာသိမ်းစစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိ ရာထူးတွေ အပါအဝင် စစ်တပ်ရာထူးအကြီးပိုင်းတချို့ အပြောင်းအလဲ တွေလုပ်နေတယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ စစ်ဘက်သတင်းရင်းမြစ်တွေက ဧရာဝတီကိုပြောပါတယ်။
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နေရာမှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက် ၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာမှာ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက်၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်နေရာကို လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည်စုံလင်းကို ဒီရက်ပိုင်းအတွင်း အဆင့်ဆင့်အစားထိုးပြောင်းလဲလိုက်တာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ဒီလိုစစ်ဘက်က ရာထူးအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်သလို အာဏာသိမ်းသမ္မတက ကာကွယ်ရေးဝန်ကြီး နေရာကို ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကို အစားထိုးခန့် ခန့်အပ်ဖို့ အဆိုပြုထားကြောင်း အောက်တိုဘာ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးရဲ့ ကြေညာချက်အရ သိရပါတယ်။

👍27👎13❤6😁2😭1
Media is too big
VIEW IN TELEGRAM
မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းကို စစ်တပ်ဗုံးကြဲ
မဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောဘန သီတင်းသုံးတော်မူခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက သမိုင်းဝင်မဟာစည်ကျောင်းကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ရွှေဘိုမြို့ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ဟာ တော်သလင်းလကွယ်နေ့ ဖြစ်တာကြောင့် ဥပုသ်သတင်းသီလယူနေစဉ်ကြဲချ သုံးကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ဥပုသ်သီလယူနေတဲ့သက်ကြီးရွယ်အို နဲ့ ကျောင်းတိုက်တွင်း နေထိုင်နေတဲ့ စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #မဟာစည်ဆရာတော် #စစ်ကိုင်း #ရွှေဘိုမြို့နယ် #ဘုန်းကြီးကျောင်း #မဟာစည်ကျော် #ဥပုသ် #ပြည်သူ #WhatsHappeningInMyanmar

👎41😭11😁3❤2
ပျောက်စေဆရာများ အားကိုးနေရချိန် လူ့သက်တမ်း နှစ် ၇၀ ထိ တိုးမြှင့်မည်ဟု ဆို
ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
မြန်မာလူထု ဆင်းရဲကျပ်တည်းပြီး ကျန်းမာရေး စရိတ်ကြီးမြင့်နေမှုများကြောင့် “ပျောက်စေဆရာများ” အားကိုးနေရချိန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က၂၀၃၀ ပြည့်နှစ်၌လူ့သက်တမ်း မျှော်မှန်းချက်ကို နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပံ့ပိုးပေးနေကြောင်း ယမန်နေ့က ရန်ကုန်မြို့ ဆရာဝန် မောင်မယ်သစ်လွင်များအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှဲပေးရာတွင် ပြောသည်။
၎င်းက “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့်အတိုင်း မြို့ပြနှင့် ကျေးလက်မကျန်၊ ဆင်းရဲချမ်းသာ မရွေး လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး ဆောင်ရွက်ပေးနေကြောင်း၊ ကျန်းမာရေး အသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်တွင် အစိုးရ အသုံးစရိတ်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ကျပ် ၁,၃၉၁ ဘီလီယံကျော်အထိ တိုးမြှင့်ပေးထားသည်ဟု ၎င်းက ပြောသည်။
ထိုသို့ ပြောဆိုသော်လည်း မြေပြင်တွင် လူထုကိုကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာ မပေးနိုင်ဘဲ ပြည်သူများသည် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကိုသာ အားကိုးနေကြရသလို အခြေခံ လူတန်းစားများနှင့် လူလတ်တန်းစားများ အနေဖြင့် အခမဲ့ ပရဟိတ ဆေးရုံ၊ ဆေးခန်းများ၊ ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသပေးနေသည့် ပျောက်စေဆရာများထံသို့သာ သွားရောက် ကုသနေကြရသည်။
လက်ရှိ အာဏာသိမ်းအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်သည့်နေရာများရှိ အစိုးရ ဆေးရုံ၊ ဆေးခန်းများမှာပင် ကျန်းမာရေး ဝန်ဆောင်မှုများ ပြည့်ဝစွာ မပေးနိုင်သလို တော်လှန်ရေး အားကောင်းရာ ဒေသများရှိ ဆေးရုံ၊ ဆေးခန်းများကိုပါမချန် ဗုံးကြဲ တိုက်ခိုက်နေသောကြောင့် အရပ်သား ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုမှာလည်း တိုးမြင့်လျက်ရှိသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁69❤6👎3🤔2
ပုလော ခလရ ၂၈၅ ကာကင်းစခန်း မြိတ် PDF သိမ်း
ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးတွင် တပ်စွဲထားသော ခလရ ၂၈၅ ၏ ကာကင်းစခန်းကို တနင်္သာရီတိုင်းစစ်ဌာန၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၄) အထူးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်သည်။
ပုလောမြို့အခြေစိုက် ခလရ ၂၈၅ ၏ မီတာ ၅၀၀ အကွာ၌ တည်ရှိပြီး စစ်သား အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် မကျည်းကုန်းရွာ ကာကင်းစခန်းကို ယမန်နေ့ အောက်တိုဘာ ၁၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီး စခန်းကို ဖျက်ဆီးခဲ့ကြောင်း ဆိုထားသည်။
အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကာ ကျန်သူများ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ဓာတ်ပုံ- PDF Myeik

❤46👍12😁3🤔1
စစ်တပ် ငပြီကျွန်းကို ကမ်းတက်ချိန် စစ်တွေဝင်ပေါက်မှ ကာကင်းအချို့ AA သိမ်း
သတင်း | လင်းသစ်၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
ရခိုင်စစ်မျက်နှာ၌ စစ်တပ်က ကုလားတန်မြစ်ဝရှိ ငပြီကျွန်းဘက်သို့ လှည့်၍ စစ်ဆင်နေစဉ် အာရက္ခတပ်တော် (AA) က စစ်တွေဝင်ပေါက် ပုဏ္ဏားကျွန်းကားလမ်းပေါ်ရှိ အမြင့်ကျွန်းရွာအနီးမှ ကာကင်းတချို့အား သိမ်းလိုက်သဖြင့် စစ်တပ်ဘက်မှ လေကြောင်း လက်နက်ကြီးများနှင့် အပြင်းအထန် ပစ်ခတ်နေရသည်။
အမြင့်ကျွန်းတံတားကိုကျော်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာဘက်ထိ စစ်ဆင်လာနေသည့် စစ်တပ်ကို AA က တွန်းလှန်ကာ အမြင့်ကျွန်းရွာဝန်းကျင်ရှိ ကာကင်းစခန်းများကိုပါ ထိုးစစ်ဆင်သိမ်းပိုက်လာခြင်း ဖြစ်သည်။
AA နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တဦးက “ရဲစခန်းနားနဲ့ ဘုန်းကြီးကျောင်းနားတွေမှာ စခန်းတွေ ချထားတာ ရှိတယ်။ အဲဒီထဲက တချို့ကို သိမ်းထားပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူး။ လက်ကျန်တွေ ရှိသေးတယ်။ အခု ရက်ပိုင်းမှာ ရလိုက်တာ။ စခန်းသိမ်းရတယ်ပြောလို့ ရပါတယ်” ဟု ပြောသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/13/417000.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
စစ်တပ် ငပြီကျွန်းကို ကမ်းတက်ချိန် စစ်တွေဝင်ပေါက်မှ ကာကင်းအချို့ AA သိမ်း
အမြင့်ကျွန်းတံတားကိုကျော်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာဘက်ထိ စစ်ဆင်လာနေသည့် စစ်တပ်ကို AA က တွန်းလှန်ကာ အမြင့်ကျွန်းရွာဝန်းကျင်ရှိ ကာကင်းစခန်းများကိုပါ ထိုးစစ်ဆင်သိမ်းပိုက်လာခြင်း ဖြစ်သည်။
❤59👍18😁14👎1
ယနေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်၏ အဓိက ဒီမိုကရေစီရေးရာ ဆက်ဆံရေးပုဂ္ဂိုလ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော်လည်း ယနေ့ထက်တိုင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
အတိုက်အခံအင်အားစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားတော်လှန်ရေး အစုအဖွဲ့များကြား ကွဲပြားပြန့်နှံ့နေသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာသော စစ်ပွဲများသည် နိုင်ငံရေးနှင့် စစ်ရေးအာဏာကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ပိုမိုရောက်ရှိသွားစေခဲ့သည်။
အတိုက်အခံတခုလုံးကို ကိုယ်စားပြုသည့် တဦးတည်းသော အစုအဖွဲ့ဟူ၍ မရှိတော့ပါ။ ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် ဗဟိုနိုင်ငံရေး အဓိကဇာတ်ဆောင် အနည်းငယ်ကိုသာ အခြေခံသည့် ချဉ်းကပ်ပုံထက် ကျော်လွန်စဉ်းစားရန် လိုအပ်သော်လည်း ဝါရှင်တန်သည် ပေကျင်းကဲ့သို့ ဗဟိုအာဏာ ခွဲဝေထားသော နိုင်ငံရေးအခင်းအကျင်းတွင် အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/13/417004.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
အတိုက်အခံအင်အားစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားတော်လှန်ရေး အစုအဖွဲ့များကြား ကွဲပြားပြန့်နှံ့နေသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာသော စစ်ပွဲများသည် နိုင်ငံရေးနှင့် စစ်ရေးအာဏာကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ပိုမိုရောက်ရှိသွားစေခဲ့သည်။
အတိုက်အခံတခုလုံးကို ကိုယ်စားပြုသည့် တဦးတည်းသော အစုအဖွဲ့ဟူ၍ မရှိတော့ပါ။ ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် ဗဟိုနိုင်ငံရေး အဓိကဇာတ်ဆောင် အနည်းငယ်ကိုသာ အခြေခံသည့် ချဉ်းကပ်ပုံထက် ကျော်လွန်စဉ်းစားရန် လိုအပ်သော်လည်း ဝါရှင်တန်သည် ပေကျင်းကဲ့သို့ ဗဟိုအာဏာ ခွဲဝေထားသော နိုင်ငံရေးအခင်းအကျင်းတွင် အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/13/417004.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
သူ့အတွေးသူ့အမြင် | မင်းအောင်လှိုင် ဆင်တဲ့ ထောင်ချောက်ထဲ ထရမ့် ဆင်းလာမလား
ဝါရှင်တန်သည် ပေကျင်းကဲ့သို့ ဗဟိုအာဏာ ခွဲဝေထားသော နိုင်ငံရေးအခင်းအကျင်းတွင် အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။
👎27❤9😁4👍1
မြန်မာပြည်သူများ လက်မလျှော့သေးကြောင်း သတိပေးလိုက်ခြင်းဟု ပရာ့ဂ်မြို့ဆုပေးပွဲ၌ ကင်မ်အဲရစ် ပြော
ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့အခြေစိုက် Forum 2000 ဖောင်ဒေးရှင်းမှ ချီးမြှင့်သည့် ရဲစွမ်းသတ္တိနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုရရှိခဲ့ကြသည့် ကိုတေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုထက်မြတ်အောင်၊ မြန်မာနိုင်ငံ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (GSCB) တို့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာပြည်သူများ လက်မလျှော့သေး ကြောင်း အသိပေးလိုက်ခြင်းဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်အဲရစ် (ခ) ကိုထိန်လင်းက ပြောသည်။
ဆုကို ကိုယ်စားလက်ခံရန်တချို့သာ ပရာ့ဂ်မြို့သို့ ရောက်လာနိုင်ခဲ့သော်လည်း တချို့မှာ မြန်မာပြည်တွင်း၌ ဆက်လက် ရုန်းကန်နေရဆဲဖြစ်ကာ ဆုရရှိခဲ့သည့် ကိုထက်မြက်အောင်သည် အကျဉ်းထောင်အတွင်း ရှိနေဆဲဟု ထည့်သွင်း ပြောဆို သည်။
“ခင်ဗျားတို့ရဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ် အနစ်နာခံမှုနဲ့ မဆုတ်မနစ် ကြိုးပမ်းနေမှုတွေကို ကျနော် အလွန် လေးစားပါတယ်။ အမှောင်မိုက်ဆုံး အချိန်တွေမှာတောင် သာမန်ပြည်သူတွေက ထူးခြားတဲ့သတ္တိကို ပြသနိုင်တယ်ဆိုတာ ခင်ဗျားတို့က ကမ္ဘာကြီးကို သက်သေပြနေကြပါတယ်။ ဒီဆုဟာ ခင်ဗျားတို့ရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတာတင် မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ လက်မလျှော့သေးဘူး ဆိုတာကိုလည်း ကမ္ဘာကြီးကို သတိပေးလိုက်တာပါ” ဟု ကင်အဲရစ်က လူမှုကွန်ရက်မှ တဆင့် ပြောကြားခဲ့သည်။
ထို့ပြင် Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တက်ရောက်ခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူကြောင်း၊ ၎င်း၏ မိခင်နှင့်အတူ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ကင်မ်အဲရစ်က “မြန်မာပြည်သူတွေကိုလည်း မျှော်လင့်ချက် မပျောက်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ကျနော်တို့ ဖြတ်သန်းနေရတဲ့ ခရီးက ခက်ခဲပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ သတ္တိနဲ့ ဇွဲလုံ့လကြောင့် လွတ်လပ်ရေးအတွက် မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေပါတယ်” ဟုလည်း ဆိုသည်။
ရဲစွမ်းသတ္တိနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုသည် ချက်သမ္မတနိုင်ငံ၏ သမ္မတဟောင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဗာကလဗ် ဟာဗဲလ် (Václav Havel) ကို ဂုဏ်ပြုသည့်အနေဖြင့် Forum 2000 က တည်ထောင်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကာကွယ်ရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး တို့ရဲဝံ့စွာပါဝင်ဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချီးမြှင့်သည့် ဆု ဖြစ်သည်။

❤70👍6😁6👎1
ကျောက်ခွက်ရေနံမှော်အနီးတိုက်ပွဲ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ
ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ် အညာဒူဘိုင်း ရေနံမြေအနီးရှိ စစ်တပ် အထိုင်ချထားသည့် တဲကြီးကျေးရွာကို တော်လှန်ရေး အင်အားစုများက ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကြောင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး အရှင်ဖမ်းမိထားသူများလည်းရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
အိမ်ခြေ ၈၀၀ ကျော်ရှိ တဲကြီးရွာတွင် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) လက်အောက်ခံတပ်များဖြစ်သည့် ခလရ ၂၅၁၊ ၂၅၂၊ ၂၅၉၊ ၂၃၅ ထုတ်နုတ်အင်အားများနှင့် ပျူစောထီးများ ပူးပေါင်းအထိုင်ချထားခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်များ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နေသည်မှာ တပတ်ခန့် ရှိပြီဖြစ်သည်။
မြေပြင် စစ်ရေး သတင်းရင်းမြစ်တဦးက “တဲကြီးမှာ ခြေကုပ်ယူပြီး စစ်ကြောင်း ထွက်လိုက်ဝင်လိုက် လုပ်နေတာကို ဝင်တိုက်တာ။ ယမန်နေ့က တိုက်ပွဲ တော်တော်ပြင်းတယ်၊ စစ်ကြောင်းမှူး သေတယ်လို့ သိရတယ်၊ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်” ဟု ပြောသည်။
အောက်တိုဘာ ၁၂ ရက်က တိုက်ပွဲတနေကုန်ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ Y-12 လေယာဉ်များဖြင့် ခဲယမ်း၊ ရိက္ခာများ ကြဲချပေးသည့်အပြင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများကို အလွန်အမင်း အသုံးပြု၍ ခုခံနေရကြောင်း သိရသည်။
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်မှ အညာဒူဘိုင်းဟု ခေါ်ဆိုသော ရေနံမြေများကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ အင်အား ၁ ထောင်ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် တဲကြီးရွာတွင် တပ်စွဲထားသည်မှာ ၂ လနီးပါး ရှိနေပြီး တော်လှန်ရေးတပ်များ၏ ဝိုင်းဝန်း ပိတ်ဆို့မှုကြောင့် ရှေ့ဆက်မရဘဲ ပိတ်မိနေခြင်း ဖြစ်သည်။
စစ်တပ်၏ စစ်ကြောင်းထိုးမှုအတွင်း ရေနံမြေအတွင်းရှိ ကျေးရွာ ၂၀ ကျော်မှ အရပ်သား နေအိမ် ၄၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ဒေသခံ ၃၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အညာမြေတပ်ပေါင်းစု

❤45👍18😁5👎2
ကိုးကန့် BGF ခေါင်းဆောင်ဟောင်း ဝေဆန်းကို တရုတ်က သေဒဏ်ချမှတ်
ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
စစ်တပ်၏မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဟောင်း ဝေစန်း (ခ) ဝေဝှိုင်ရန် အပါအဝင် အဓိက တရားခံ ၃ ဦးကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) အပါအဝင် ကြီးလေးသောရာဇဝတ်မှုများဖြင့် တရုတ်တရားရုံးက ယနေ့တွင် သေဒဏ် ချမှတ်လိုက်ကြောင်း တရုတ်သတင်းများ၌ ဖော်ပြသည်။
သေဒဏ် ချမှတ်ခံရသူများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဝေမိသားစုမှ ဝေစန်း၊ ချန်းတာ့ဝေနှင့် လျောင်းကျင်းဖန် တို့ ၃ ဦးဖြစ်ပြီး တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးမြို့ ပြည်သူ့တရားရုံးနှင့် နန်အန်း ပြည်သူ့တရားရုံးတို့က သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဝေချင်းထောင်း၊ ကောင်းမင် (ခန်းမင်း)၊ ရှုန့်ဟန်ရှင်း တို့ကိုလည်း တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ပြီး အမှုတွဲပါ ၅၅ ဦးကိုလည်း ထောင်ဒဏ် ၃ နှစ်နှင့် ၃ လ မှ ၂၄ နှစ်အထိ ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
ဝေစန်းအပါအဝင် ကိုးကန့်ဒေသရှိ ပယ်မိသားစု၊ လျိုမိသားစုဝင်များကို ကျားဖြန့် လုပ်ကိုင်မှုများ အပါအဝင် ဒုစရိုက်ကျူးလွန်မှုဖြင့်၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် တရုတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဋ္ဌလည်းဖြစ်သည့် ဝေစန်း ခေါင်း ဆောင်သော ဝေမိသားစုသည် ကိုးကန့်ဒေသရှိ BGF လက်နက်ကိုင် အင်အားကိုအသုံးချ၍ ကျားဖြန့်ဇုန်ပေါင်း ၃၀ ကျော်ကို အကာအကွယ်ပေးကာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ အွန်လိုင်း ငွေလိမ်မှု၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ဆက်ကြေးတောင်းခံမှု၊ လောင်းကစားရုံများ ဖွင့်လှစ်မှုများ ကျူးလွန်ခဲ့ပြီး တရုတ်ယွမ် ၁၂ ဒသမ ၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့်) အထိ ရရှိခဲ့သည်ဟု ဆိုသည်။
ဝေမိသားစုသည် ကိုးကန့်ဒေသတွင် လက်နက်ကိုင် အာဏာနှင့် စီးပွားရေး အင်အားကို လက်ဝါးကြီး အုပ် ဩဇာလွှမ်းမိုးခဲ့သည့် နာမည်ကျော် မိသားစုကြီး ၄ စုအနက် အဓိက မိသားစုလည်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်း၏ အဓိက တရားခံဖြစ်သော ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို ဖမ်းဆီးပြီး မြန်မာစစ်တပ်က နေပြည်တော် လေဆိပ်မှတဆင့် တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာတွင် ဝေစန်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း တရုတ်အစိုးရက မြန်မာစစ်တပ် လက် အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း မြီရှောက်ချန်း၏ မိသားစုဝင် ၁၁ ဦးကို လူသတ်မှု၊ ကျားဖြန့် လိမ်လည်မှု၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှု၊ လောင်းကစားမှု၊ ပြည့်တန်ဆာမှုနှင့် မူးယစ်ဆေးဝါးမှုများဖြင့် သေဒဏ် ချမှတ်ခဲ့သေးသည်။

👍37❤14🤔2😭2