ဘန်ကောက်၌ ပန်းရောင်းခိုင်းခံရသည့် မြန်မာကလေး ၇ ဦး ထိုင်းအာဏာပိုင်များ ကယ်ဆယ်
ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
မြန်မာကလေးများကို ခေါ်ဆောင်၍ ပန်းရောင်းခိုင်းနေကြောင်း တိုင်ကြားချက်များအရ ဘန်ကောက်မြို့ရှိ အိမ်တလုံးကို ထိုင်းပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်နယ်အုပ်ချုပ်ရေး ဦးစီးဌာန (DOPA)၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့က "Protecting Rosebuds" စစ်ဆင်ရေးအဖြစ် ယမန်နေ့က ဝင်ရောက်စီးနင်းရာ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးရမိပြီး မြန်မာကလေး ၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
သံသယရှိသူများသည် မြန်မာနိုင်ငံမှ အသက်မပြည့်သေးသော ကလေးများကိုခေါ်ဆောင်လာပြီး ဘန်ကောက်မြို့နှင့် အနီးဝန်းကျင် ခရီးသွားများစည်ကားရာနေရာများတွင် ပန်းနှင့် မုန့်များ ရောင်းချခိုင်းနေကြောင်း DOPA ထံ ပြည်သူများက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
Ramkhamhaeng လမ်းသွယ် ၁၂၂ ရှိ နေအိမ်မှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာနိုင်ငံသားတဦး၏ တိုင်ကြားမှုကိုလည်း ရရှိခဲ့ပြီး ၎င်းအနေဖြင့် သံသယရှိသူများ၏ဖိအားပေးမှုကြောင့် ညဘက်ဖျော်ဖြေရေး နေရာများတွင် ပန်းရောင်းခဲ့ရသည့်အပြင် မုဒိမ်းကျင့်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုပါ ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
စုံစမ်းစစ်ဆေးချက်များအရ သံသယရှိသူများသည် ကလေးငယ်များကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ တရားမဝင် နယ်စပ်ဂိတ်များမှတဆင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယင်းနေအိမ်ကို ၂ လကျော်ကြာ ငှားရမ်းထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ထိုကလေးများအား ခေါက်ဆန်လမ်းနှင့် နွမ်းချန်လမ်းတို့တွင် ညနေစောင်းမှ စတင်၍ နံနက် ၄ နာရီခန့်အထိ နေ့စဉ် ပန်းရောင်းခိုင်းကာ ပန်းတစည်းလျှင် ၁၀ ဘတ်စီသာ ပေးကြောင်း အာဏာပိုင်တို့က ပြောသည်။
ဖမ်းဆီးရမိသူ ၄ ဦးအနက် ၂ ဦးမှာ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ အိုရာနွတ် ပီဝီ နှင့် သုညဖြင့် စတင်သည့် မှတ်ပုံတင်နံပါတ်ပါ ကတ်ပြား ကိုင်ဆောင်ထားသူ ဥကရစ် တို့ဖြစ်သည်။
လက်ရှိတွင် ကယ်ဆယ်လိုက်သည့် အသက်မပြည့်သေးသော မြန်မာကလေး ၇ ဦးကို လူကုန်ကူးခံရသူ ဟုတ်၊ မဟုတ် စိစစ်ရန် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စိတ် ပညာရှင်များပါဝင်သောဌာနစုံ ပူးပေါင်းအဖွဲ့က ဘန်းချန်ရဲစခန်းသို့ ခေါ်ဆောင်၍ စိစစ်မေးမြန်းလျက်ရှိကာ စိစစ်ရေးလုပ်ငန်းစဉ်များ ပြီးစီးပါက နွန်သဘူရီခရိုင်ရှိ Kredtrakarn စောင့်ရှောက်ရေးနှင့် သက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး စခန်းသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း ဆိုသည်။
သံသယရှိသူများ ထွက်ဆိုချက်အရ အခြားငှားရမ်းထားသည့် အိမ်တအိမ် ရှိသေးကြောင်း သိရှိရသဖြင့် ရဲအရာရှိများသည် Ramkhamhaeng လမ်းသွယ် ၁၂၀ ရှိ ဆွေမျိုးဖြစ်သူ၏နေအိမ်သို့ ဆက်လက် စုံစမ်းရှာဖွေနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ- DOPA

👍62❤11
· ကိုးကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင် အပါ ၃ ဦးကို တရုတ်သေဒဏ်ချ
· မြန်မာနဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက် မကြာခင် ထွက်လာနိုင်တယ်လို့ IIMM ပြော
· စစ်တပ်က ငပြီကျွန်းကို ခြေကုပ်ယူဖို့ ကြိုးပမ်းနေချိန် AA က ကင်းစခန်းတွေဝင်သိမ်း
· သဘာဝဘေးလျစ်လျူရှုပြီး ဘုရားဖူးပြနေတဲ့ အာဏာသိမ်းသမ္မတ
· အာဏာသိမ်းသမ္မတရောက်နေချိန် တနင်္သာရီတိုင်း က စစ်တပ်စခန်း တိုက်ခိုက်ခံရ
· ကမ္ဘာ့ရေနံဈေးမြင့်တက်
နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
https://youtu.be/0_3PnRHgbi8
#မြန်မာ #ဧရာဝတီ #ICJ #IIMM #DailyNews #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

YouTube
ကိုးကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင် အပါ ၃ ဦးကို တရုတ်သေဒဏ်ချ | The Irrawaddy
· မြန်မာနဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက် မကြာခင် ထွက်လာနိုင်တယ်လို့ IIMM ပြော
· စစ်တပ်က ငပြီကျွန်းကို ခြေကုပ်ယူဖို့ ကြိုးပမ်းနေချိန် AA က ကင်းစခန်းတွေဝင်သိမ်း
· သဘာဝဘေးလျစ်လျူရှုပြီး ဘုရားဖူးပြနေတဲ့ အာဏာသိမ်းသမ္မတ
· အာဏာသိမ်းသမ္မတရောက်နေချိန် တနင်္သာရီတိုင်း…

👍48❤8😁2
ကြံ့ခိုင်ရေးပါတီ ညီလာခံရဲ့ လာရာနဲ့ လားရာများ
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
ပြီးဆုံးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံလို သမ္မတ မင်းအောင်လှိုင် ဩဇာလွှမ်းမိုးမှုကို တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း ပယ်ချလာနိုင်သလားဆိုတာ ဒီတပတ် ဧရာဝတီ အင်တာဗျူးမှာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)က ဆွေးနွေးသုံးသပ်ထားပါတယ်။
https://youtu.be/oY7X397RQ18
#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #မင်းအောင်လှိုင် #USDP #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
ပြီးဆုံးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံလို သမ္မတ မင်းအောင်လှိုင် ဩဇာလွှမ်းမိုးမှုကို တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း ပယ်ချလာနိုင်သလားဆိုတာ ဒီတပတ် ဧရာဝတီ အင်တာဗျူးမှာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)က ဆွေးနွေးသုံးသပ်ထားပါတယ်။
https://youtu.be/oY7X397RQ18
#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေးပါတီ #မင်းအောင်လှိုင် #USDP #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ကြံ့ခိုင်ရေးပါတီ ညီလာခံရဲ့ လာရာနဲ့ လားရာများ | The Irrawaddy
ပြီးဆုံးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံလို သမ္မတ မင်းအောင်လှိုင် ဩဇာလွှမ်းမိုးမှုကို တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း ပယ်ချလာနိုင်သလားဆိုတာ ဒီတပတ် ဧရာဝတီ အင်တာဗျူးမှာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)က ဆွေးနွေးသုံးသပ်ထားပါတယ်။…
👍31❤1😱1😭1
ပုပ်ရဟန်းမင်းကြီး လီယို အဆုတ်ကင်ဆာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ဗာတီကန် ထုတ်ပြန်
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အဆုတ်အတွင်းရှိ ကင်ဆာ အကျိတ်ကို ဖယ်ရှားရန် အင်္ဂါနေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း ဗာတီကန်က ထုတ်ပြန်ခဲ့သည်။
ရောမမြို့ရှိ Gemelli ဆေးရုံတွင် ပြုလုပ်ခဲ့သော အဆိုပါ ခွဲစိတ်မှုအတွင်း ပုပ်ရဟန်းမင်းကြီး၏ ညာဘက်အဆုတ်၏ အောက်ပိုင်းအစိတ်အပိုင်းကို ဖယ်ရှားခဲ့ရကြောင်း ပုပ်ရဟန်းမင်းကြီး၏ ဆရာဝန်များက ဘုရားကျောင်းမှတဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ခွဲစိတ်ပြီးနောက် စစ်ဆေးခဲ့သော အဆုတ်တစ်ရှူးများအရ ယခင်စစ်ဆေးချက်အတိုင်း အဆုတ်ကင်ဆာအမျိုးအစား (lung adenocarcinoma) ဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု ဗာတီကန်က ပြောကြားခဲ့သည်။
အမေရိကန် အဆုတ်ကင်ဆာ ဖောင်ဒေးရှင်း (Lung Cancer Foundation of America) ၏ အဆိုအရ Adenocarcinoma အဆုတ်ကင်ဆာသည် အမေရိကန်ပြည်ထောင်စုတွင် အတွေ့ရဆုံး အဆုတ်ကင်ဆာအမျိုးအစားဖြစ်ပြီး စုစုပေါင်း အဆုတ်ကင်ဆာဖြစ်ပွားမှု၏ ၄၀ ရာခိုင်နှုန်းခန့် ရှိသည်။
ဆရာဝန်များ၏ ပြောကြားချက်အရ ခွဲစိတ်မှုမှာ အောင်မြင်ခဲ့ပြီး မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့သည်။ ထို့နောက် ပုပ်ရဟန်းမင်းကြီး လီယိုသည် ပုံမှန်အတိုင်း ပြန်လည်နိုးထလာခဲ့ပြီး ခဏတာ စောင့်ကြည့်လေ့လာပြီးနောက် ဆေးရုံ၏ ၁၀ ထပ်ရှိ သူ၏ သီးသန့်အခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။
အသက် ၇၁ နှစ်ရှိပြီဖြစ်သော လီယိုသည် ပုပ်ရဟန်းမင်းကြီးတပါးအနေဖြင့် ငယ်ရွယ်သူဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုလည်း တက်ကြွစွာ ပြုလုပ်သူဖြစ်သည်။ သူသည် သီးသန့်အတွင်းရေးမှူးနှင့် ပုံမှန် တင်းနစ်ရိုက်ခြင်းအပါအဝင် အပတ်စဉ် လေ့ကျင့်ခန်းလုပ်လေ့ရှိသလို၊ ပုပ်ရဟန်းမင်းကြီး၏ နွေရာသီ စံအိမ်ဖြစ်သော Castel Gandolfo တွင် မြင်းစီးရခြင်းကိုလည်း နှစ်သက်သူဖြစ်သည်။
လီယိုသည် ဆေးလိပ်သောက်သည့် ရာဇဝင်မရှိသော်လည်း ပုပ်ရဟန်းမင်းကြီး၏ မိသားစုတွင် ကင်ဆာရောဂါ ဖြစ်ပွားခဲ့သည့် ရာဇဝင်ရှိသည်။ ဖလော်ရီဒါတွင် နေထိုင်သော လီယို၏ အစ်ကိုဖြစ်သူ လူးဝစ် (Louis) သည် လက်ရှိတွင် ကင်ဆာရောဂါဖြင့် ဆေးရုံတက်နေရကြောင်း ဗာတီကန်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ထို့အပြင် လီယို၏ မိခင်ဖြစ်သူ မေးလ်ဒရက်ဒ် (Mildred) သည်လည်း ၁၉၉၀ ပြည့်နှစ်က အသက် ၇၇ နှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
အနည်းဆုံး အောက်တိုဘာ ၂၀ ရက်အထိ လာမည့်ရက်အနည်းငယ်အတွင်း ပုပ်ရဟန်းမင်းကြီး၏ အများပြည်သူနှင့် တွေ့ဆုံပွဲ အစီအစဉ်များကို ပယ်ဖျက်ထားကြောင်း ဗာတီကန်က ပြောကြားခဲ့သည်။ နောက်ထပ် ဆက်လက်ကုသရမည့် အစီအစဉ်များကိုမူ ဗာတီကန်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ကိုးကား။ ။ NPR သတင်း Pope Leo has lung cancer, the Vatican announces after surgery

😭19👍12❤6
ရီပတ်ဘလစ်ကန်တို့ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ဒေါ်လာ ၃၆၆ သန်း အီလွန်မတ် သုံးစွဲ
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။
အီလွန်မတ်သည် ၂၀၂၆ ခုနှစ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း ကွန်ဆာဗေးတစ် လွှတ်တော်အမတ်လောင်းများနှင့် လက်ယာယိမ်း လှုပ်ရှားမှုများကို ထောက်ခံအားပေးရန်အတွက် နိုင်ငံရေးအဖွဲ့အစည်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများထံ ဒေါ်လာ ၃၆၆ သန်းခန့် ထည့်ဝင်ခဲ့ပြီး အကြီးမားဆုံးသော နိုင်ငံရေးအလှူရှင် ဖြစ်လာခဲ့သည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် အီလွန်မတ်သည် ဇူလိုင်လမှစ၍ နိုင်ငံရေးတွင် ဒေါ်လာ ၂၇၆ သန်းကျော် သုံးစွဲခဲ့ရာ အမေရိကန်သမိုင်းတွင် အမြန်ဆန်ဆုံး အသုံးပြုခဲ့သည့် နိုင်ငံရေးအသုံးစရိတ် ဖြစ်လာခဲ့သည်။ ၎င်းသည် အမေရိကန်အထက်လွှတ်တော် (Senate) ကို မည်သည့်ပါတီက ထိန်းချုပ်မည်ဆိုသည်ကို အဆုံးအဖြတ်ပေးမည့် အရေးပါသော ရွေးကောက်ပွဲမဲဆွယ်ပွဲများကို ပစ်မှတ်ထားလျက်ရှိသည်။
အီလွန်မတ်၏ ယခုသုံးစွဲမှုသည် ဒေါ်နယ်ထရမ့် ပြန်လည်အရွေးခံရရေး မဲဆွယ်ပွဲအတွက် ဒေါ်လာ သန်း ၃၀၀ နီးပါး ထည့်ဝင်ခဲ့သည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စရိတ်ထက်ပင် ပိုမိုများပြားသည်။
SpaceX နှင့် Tesla ကုမ္ပဏီတို့၏ စီအီးအို ဖြစ်သူ၏ ယခုကဲ့သို့ နိုင်ငံရေးအသုံးစရိတ် သုံးစွဲမှုသည် ၎င်းကို ရီပတ်ဘလစ်ကန်ပါတီ၏ ထိပ်တန်း အလှူရှင်ကြီးအဖြစ် ပြန်လည်ခိုင်မာစေခဲ့ပြီး လက်ယာယိမ်း နိုင်ငံရေးဩဇာလွှမ်းမိုးမှုကို ပိုမိုကြီးထွားစေခဲ့သည်။ ပြီးခဲ့သည့်နှစ်က ထရမ့်အစိုးရ၏ ဖက်ဒရယ်အေဂျင်စီများ လျှော့ချရေး ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သူ အီလွန်မတ်သည် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး ကွန်ဆာဗေးတစ် ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်လာခဲ့သဖြင့် လွန်ခဲ့သည့်နှစ်များအတွင်း လက်ယာယိမ်း နိုင်ငံရေးလှုပ်ရှားမှုများ၏ နိုင်ငံတကာ ဗဟိုချက် ပုဂ္ဂိုလ်တဦး ဖြစ်လာခဲ့သည်။
နည်းပညာနယ်ပယ်မှ သူဌေးကြီး၏ သုံးစွဲမှုသည် လွန်ခဲ့သည့်နှစ်လယ်ပိုင်းက ယခုကဲ့သို့ အကြီးစားနိုင်ငံရေးအလှူငွေများ လှူဒါန်းခြင်းမှ နောက်ဆုတ်မည်ဟု ၎င်းကိုယ်တိုင် ပြောကြားခဲ့သည့် မူလရပ်တည်ချက်ကို ပြောင်းပြန်လှန်လိုက်ခြင်းလည်း ဖြစ်သည်။ ၎င်း၏ "အစိုးရထိရောက်မှုရှိရေးဌာန" (DOGE) ဟုခေါ်သော အဖွဲ့၏ ပျက်စီးဆုံးရှုံးမှုများ၊ ၎င်း၏ နိုင်ငံရေးဩဇာအပေါ် ကုန်ကျစရိတ်ကြီးမားမှုများ၊ ထရမ့်နှင့် ဆက်ဆံရေး တင်းမာပျက်စီးသွားမှုတို့ကြောင့် ဝါရှင်တန်နိုင်ငံရေးအပေါ် ၎င်း၏ စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ပုံရသည်။
Reuters နှင့် New York Times တို့၏ ဖော်ပြချက်အရ အီလွန်မတ်၏ အသုံးစရိတ်များသည် ၎င်းကိုယ်ပိုင် America PAC အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုကော်မတီ များစွာသို့ ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ၎င်း၏ အကြီးမားဆုံး သီးခြားထည့်ဝင်မှုမှာ ရီပက်ဘလစ်ကန်များ အထက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် Super PAC တခုဖြစ်သော Senate Leadership Fund သို့ ဒေါ်လာ ၁၅၈ သန်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အီလွန်မတ်သည် ဒီမိုကရက်တစ်အမတ်လောင်း ဂျိမ်းစ်တလာရီကို (James Talarico) နှင့် အပြိုင်အဆိုင် အကြိတ်အနယ် ယှဉ်ပြိုင်နေရသည့် တက်ဆက်ပြည်နယ် ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ်လောင်း ကင်းပက်စ်တွန် (Ken Paxton) ကို ထောက်ခံသည့် PAC သို့လည်း ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့သည်။
အီလွန်မတ်၏ အခြားသော အဓိကလှူဒါန်းမှုများတွင် America PAC အတွက် ဒေါ်လာ ၇၆ သန်း၊ ရီပတ်ဘလစ်ကန် Super PAC တခုဖြစ်သော Congressional Leadership Fund အတွက် ဒေါ်လာ သန်း ၂၀ နှင့် ရီပက်ဘလစ်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူးများအသင်းအတွက် ဒေါ်လာ ၁၀ သန်းတို့ ပါဝင်သည်။
အီလွန်မတ်၏ ငွေကြေးအချို့သည် လိင်ပြောင်းလဲထားသူများ ဆန့်ကျင်ရေးနှင့် ဒီမိုကရက်တစ် အမတ်လောင်းများကို အစွန်းရောက်ဆိုရှယ်လစ်များအဖြစ် စွပ်စွဲသည့် ကြော်ငြာများနှင့် သတင်းစကားဖြန့်ဝေရေး စိစစ်လှုပ်ရှားမှုများထံ သို့ ရောက်ရှိသွားသည်။
အီလွန်မတ်၏ ကြီးမားလှသော အသုံးစရိတ်များသည် အမေရိကန်သမိုင်းတွင် အကြီးမားဆုံးသော နိုင်ငံရေးလှူဒါန်းမှုများတွင် ပါဝင်သော်လည်း ၎င်း၏ ဒေါ်လာ ၁ ထရီလီယံနီးပါးရှိသော ကြွယ်ဝမှုနှင့် နှိုင်းယှဉ်ပါက အလွန်သေးငယ်သည့် ပမာဏသာ ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် သုံးစွဲခဲ့သည့် ဒေါ်လာ ၃၆၆ သန်းသည် ၎င်း၏ စုစုပေါင်းပိုင်ဆိုင်မှု၏ ဝ.၀၄ ရာခိုင်နှုန်းအောက်သာ ရှိသည်။
ကိုးကား။ ။ The Guardian သတင်း Elon Musk becomes biggest donor of US midterms cycle with $366m spent

❤28👎13👍6😱4😁1
ရွေးကောက်ပွဲလွန် မြန်မာနိုင်ငံ၏ စနစ်သည် အဖွဲ့အစည်းဆိုင်ရာ ခွဲခြား လုပ်ဆောင်မှု ပိုမိုအားကောင်းလာခဲ့သည်။ မင်းအောင်လှိုင်သည် ယခုအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မဟုတ်တော့ဘဲ သမ္မတ ဖြစ်လာသည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်မတော်ကို တရားဝင် ကွပ်ကဲသည်။ ဦးခင်ရီက USDP ကို ဦးဆောင်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ တဦးစီသည် နိုင်ငံရေးစနစ်၏ အရေးပါသော အစိတ်အပိုင်းတခုစီကို ထိန်းချုပ်ထားပြီး မိမိတို့၏ လုပ်ပိုင်ခွင့်နယ်ပယ်အတွင်း အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွားများကို ဖော်ဆောင်ရန် အခွင့်အလမ်းများ ရှိကြသည်။
စစ်တပ်၊ သမ္မတရာထူး၊ လွှတ်တော်နှင့် USDP တို့သည် မင်းအောင်လှိုင်က အမြင့်ဆုံးနိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ရာထူးများကို တိုက်ရိုက်ပူးတွဲရယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကာလထက် ပိုမိုရှင်းလင်းစွာ ကွဲပြားသော ခေါင်းဆောင်မှုကို ပိုင်ဆိုင်ထားကြပြီဖြစ်သည်။ ထိုအစီအစဉ်သည် ထိပ်တန်းပုဂ္ဂိုလ်များအကြား ပိုမိုသော ညှိနှိုင်းမှုများ၊ ပိုမိုသော အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွားများနှင့် ပိုမိုမြင်သာသော သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/10/14/417014.html

ဧရာဝတီ
သမ္မတ၊ တပ်ချုပ်နှင့် ပါတီကြား အာဏာလည်ပတ်ပုံ
ထိပ်တန်းပုဂ္ဂိုလ်များအကြား ပိုမိုသော ညှိနှိုင်းမှုများ၊ ပိုမိုသော အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွားများနှင့် ပိုမိုမြင်သာသော သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
👎19👍11❤8😁1😭1
ဂျပန်သတင်းထောက် သူလျှိုလုပ်သည်ဟု ဆိုကာ ရုရှား ဖမ်းဆီး
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းအခြေစိုက် ဟော့ကိုင်းဒိုး ရှင်ဘွန်း (Hokkaido Shimbun) သတင်းစာ၏ သတင်းထောက် ဖြစ်သူ အီမိုင် ယူကီ (Imai Yuki) ကို ရုရှား ကာကွယ်ရေးစွမ်းရည်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးလိုက်ကြောင်း ယမန်နေ့က ရုရှား FSB လုံခြုံရေးအေဂျင်စီ ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံအနေဖြင့် ယခုလို သတင်းထောက်များအား သူလျှိုလုပ်ငန်းအတွက် အသုံးပြုနေခြင်းကို စိတ်ပျက်မိကြောင်းနှင့် အီမိုင် ယူကီကို ရုရှားနိုင်ငံမှမထွက်ခွာမီ တရက်အလိုတွင် အရှေ့ဖျား ဆာခါလင်း (Sakhalin)ဒေသ၌ ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားသော်လည်း ဖမ်းဆီးသည့် နေ့ရက်ကို ဖော်ပြထားခြင်း မရှိပေ။
ယင်းဖြစ်စဉ်ကြောင့် ဂျပန်-ရုရှားဆက်ဆံရေး ပိုမိုတင်းမာသွားခဲ့ရသည်ဟု South China Morning Post သတင်းက ဆိုသည်။
ထို့ပြင် ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားမှလည်း မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားတဦးကို လက်ထိပ်ခတ်ဖမ်းဆီးပုံနှင့် မော်စကိုတရားရုံးက ၎င်းအား ၂ လနီးပါး ချုပ်နှောင်ထားရန် အမိန့်ပေးခဲ့ပုံများ ပြခဲ့သသည်ဟု ဆိုသည်။
ရုရှားနှင့် ဂျပန်တို့သည် ဒုတိယကမ္ဘာစစ်အပြီး ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုနိုင်သေးသလို ကူရီးလ်ကျွန်းစု နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုလည်း ရှိနေသည်။
ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများတွင် ဂျပန်လည်း ပူးပေါင်းပါဝင်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့သလို ပြီးခဲ့သည့် သြဂုတ်လက အငြင်းပွားသည့်ကျွန်းသို့ ပူတင် သွားရောက်ခဲ့မှုအပေါ် ဂျပန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း Wall Street Journal သတင်းထောက် အီဗန် ဂါရှ်ကိုဗစ်ချ် (Evan Gershkovich) သည် ရုရှား၏ ဖမ်းဆီးမှုကို ခံရပြီး ထောင်ဒဏ် ၁၆ နှစ်ခဲ့မှတ်ခံရကာ ၂၀၂၄ ခုနှစ် ဩဂုတ်လ အကျဉ်းသားလဲလှယ်မှုအစီအစဉ်တွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-SCMP

😱22👎7❤6😁3
အာဆီယံမှာ ပြန်ဝင်ဆံ့ရေး အာဏာသိမ်းအစိုးရ ကော်မတီဖွဲ့
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
ဘုံသဘောတူညီချက် ၅ ချက် မလိုက်နာသဖြင့် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် မရသေးသော အာဏာသိမ်းအစိုးရအနေဖြင့် ဆက်ဆံရေး ပြန်လည်တိုးတက်စေရန်ဟုဆိုကာ အာဆီယံရေးရာ ကော်မတီဖွဲ့စည်း၍ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ ကော်မတီတွင် အာဏာသိမ်းအစိုးရ လက်အောက်ခံ အာဆီယံရေးရာ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်ပြီး ဒုဝန်ကြီးများ၊ သမ္မတရုံး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး အစရှိသည့် ဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။
အာဏာသိမ်းအစိုးရ၏ အာဆီယံရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံအပေါ် အာဆီယံ၏ ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာ၊ အမျိုးသား အကျိုးစီးပွားမထိခိုက်စေဘဲ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်အညီ အတတ်နိုင်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အာဆီယံနှင့် ဆက်ဆံရာတွင် အဖွဲ့ဝင် နိုင်ငံတနိုင်ငံချင်းစီအလိုက် ဦးစားပေး အဆင့်သတ်မှတ်ကာ ထိတွေ့ဆက်ဆံနေကြောင်း အစည်းအဝေးအတွင်း ပြောဆိုခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု၏ နိုင်ငံရေးရာထူးရှိ ထိပ်ပိုင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုကို အာဆီယံက ရှောင်ကြဉ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကမကထပြုမှုနှင့်အတူ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ကာ ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ခံတွေ့ဆုံခဲ့ကြသည်။
လက်ရှိတွင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် အာဆီယံနိုင်ငံများဖြစ်သော လာအိုသို့ ဇူလိုင်လဆန်းပိုင်းက သွားရောက်ခဲ့သလို ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့သို့လည်း သွားရောက်ခဲ့ပြီး ဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁35👎15❤11
Media is too big
VIEW IN TELEGRAM
မြန်မာ့နဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက် မကြာခင် ထွက်လာနိုင်တယ်လို့ IIMM ပြော
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ဟာ လာမယ့်လပိုင်းတွေအတွင်း ထွက်ပေါ်လာနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီအမှုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားအောင် တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ မြန်မာနိုင်ငံဘက်က ပျက်ကွက်ခဲ့သလားဆိုတာကို အဓိက စစ်ဆေးနေတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရိုဟင်ဂျာ #လူမျိုးတုံး #IIMM #ကုလသမဂ္ဂ #ICJ #WhatsHappeningInMyanmar

❤36👍20😁5👎1
Media is too big
VIEW IN TELEGRAM
စစ်တပ်က ငပြီကျွန်းကို ခြေကုပ်ယူဖို့ ကြိုးပမ်းနေချိန် AA က ကင်းစခန်းတွေဝင်သိမ်း
အာဏာသိမ်းစစ်တပ်က စစ်တွေနဲ့ ပေါက်တောကြားမှာရှိတဲ့ ငပြီကျွန်းကို ခြေကုပ်ရယူဖို့ ကြိုးပမ်းနေချိန်မှာပဲ အာရက္ခတပ်တော် (AA) ဘက်က စစ်တွေ-ပုဏ္ဏားကျွန်းကြားနဲ့ ကျောက်ဖြူမြို့နယ်တို့မှာရှိတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။
စစ်တွေ-ပုဏ္ဏားကျွန်း လမ်းပိုင်းက အမြင့်ကျွန်းရွာအနီးမှာရှိတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကို AA က သိမ်းပိုက်လိုက်သလို ရွှေမင်းဂံရေတပ်စခန်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရဲ့ ကာကင်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတာပါ။
#မြန်မာ #ဧရာဝတီ #စစ်တွေ #ပေါက်တော #ငပြီကျွန်း #AA #ဒကစ #ရွှေမင်းဂံရေတပ်စခန်း #WhatsHappeningInMyanmar

❤47👍17😁7👎1
အာဏာသိမ်းသမ္မတ၏ ဆေးမှူး ဒေါက်တာ ကိုကိုလွင် လူကယ်ပြန် ဝန်ကြီး ဖြစ်လာ
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်၏ ဆေးမှူးဖြစ်သူ စစ်ဆေး ဒါရိုက်တာဟောင်း ဒေါက်တာ ကိုကိုလွင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာသည်။
ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် အာဏာသိမ်းသမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ အောက်တိုဘာ ၁၀ ရက်က စာပေးပို့လာခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်လွှတ်တော်တွင် အဆိုပြုတင်ပြသည့် ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ကန့်ကွက်လိုခြင်းရှိမရှိ ဆွေးနွေးခဲ့ကြပြီး ယနေ့ ခန့်အပ်လိုက်ခြင်းဖြစ်သည်။
လူကယ်ပြန် ဝန်ကြီး ဖြစ်လာသူ ဒေါက်တာ ကိုကိုလွင်သည် အာဏာသိမ်းချိန်မှစ၍ ၂၀၂၆ ခုနှစ်အထိ စစ်တပ်တွင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးနှင့် စစ်ခေါင်းဆောင်၏ ဆေးမှူးတာဝန်ယူခဲ့ပြီး သမ္မတရုံး၏လူမှုရေးနှင့် ကျန်းမာရေးဗျူရို အမှုဆောင်ချုပ်နေရာသစ် ဖန်တီး၍ မေလ ၂၆ ရက်တွင် ခန့်အပ်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက စစ်ဆေး ဒါရိုက်တာဟောင်း ဒေါက်တာ စိုးဝင်းကို ကျန်းမာရေးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည့်အတွက် လစ်လပ်သွားသော လူကယ်ပြန် ဝန်ကြီးရာထူးတွင် ဒေါက်တာ ကိုကိုလွင်ကို ခန့်အပ်ရန် အာဏာသိမ်းသမ္မတက လွှတ်တော်သို့ တင်ပြထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ကိုကိုလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆရာဝန်ဖြစ်ပြီး နဝတခေတ် ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဆေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။
ယခင် နိုင်ငံတော်သမ္မတရုံးတွင် အဆိုပါ ရာထူးမျိုး မရှိခဲ့သော်လည်း အာဏာသိမ်းသမ္မတသည် ၎င်း၏ဆရာဝန်ကို မြှောက်စားသည့်အနေဖြင့် ထိုရာထူးအား ခန့်အပ်ခြင်းဖြစ်ကြောင်း သမ္မတရုံး ဝန်ထမ်းဟောင်း အချို့က ဆိုသည်။
၎င်းသည် ဆေးတက္ကသိုလ်ဘွဲ့ရ ဆရာဝန်တဦးဖြစ်ပြီး စစ်တပ်တွင် စစ်ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရင်း နဝတခေတ်တွင် စစ်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဖြစ်လာခဲ့သည်။
အသည်းအထူးကုဆရာဝန်ဖြစ်သည့် ဗိုလ်ချုပ် ကိုကိုလွင်သည် စစ်ဗိုလ်ချုပ်များ အားထားရသော ဆရာဝန်တဦး ဖြစ်ပြီး၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ဆေးမှူးဖြစ်လာသလို ပြည်တွင်း ပြည်ပ ခရီးစဉ်တိုင်း လိုက်ပါလေ့ ရှိသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင်လည်း ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ၎င်း၏ဆေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် သန်းအောင်ကို ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ဖူးသည်။
ပုံစာ- ၃၁ ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ကိုကိုလွင်အပါ စစ်ဗိုလ်ချုပ်များ/MWD

👎26😁9❤7
ပျောက်စေဆရာတို့ ကုသမှု စစ်ဆေးဖို့ လွှတ်တော်က ဆွေးနွေး
ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၆
တရက်တည်း လူနာရာချီကို ကုသပေးနေရသည်အထိ နာမည်ကြီးနေသည့် သရုပ်ဆောင် ဦးထူးခန့်ကျော်၊ ဒေါ်ခင်စန်းရီ (ရွှေလက်ပိုင်ရှင်)၊ ဦးနေလင်းအောင် တို့ ဆေးဝါးကုသခွင့် လိုင်စင်ရှိ၊ မရှိနှင့် ၎င်းတို့၏ ကုသမှု ပုံစံများကို စစ်ဆေးပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အမတ် ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟံသာဝင်းက ယမန်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်ပြ ဆွေးနွေးခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ဘားအံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပြည်သူလူထု ကျန်းမာရေးဆိုင်ရာ ဝန်ပိနေမှုကို လျှော့ချပေးနိုင်ရန် အဆို တင်သွင်းခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်၌ ဦးဟံသာဝင်း အပါအဝင် ကိုယ်စားလှယ် ၁၈ ဦး ဆွေးနွေးရာ ပျောက်စေဆေးဆရာများ၏ ကုသမှုများကို စစ်ဆေးပေးရန် တင်ပြခဲ့ခြင်း ဖြစ်သည်။
ကျေးလက် တောင်တန်းဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဆေးရုံများ မဖွင့်နိုင်ခြင်း၊ အထူးကု ဆရာဝန်ကြီးများ မရှိခြင်း၊ ဆေးဝါးနှင့် အရေးပေါ် လွှဲပြောင်းမှု ရရှိရေးတွင် အခက်အခဲများစွာ ကြုံတွေ့နေရချိန်၌ တရားမဝင် ဆေးကုသမှုများကို ပြည်သူများ အားကိုးနေရပြီး လူမှုကွန်ရက် စာမျက်နှာပေါ် မူမမှန်သည့် ကုသပုံများဖြင့် အတုအယောင် ဆေးကုသမှုများ တင်ထားသော်လည်း အများအပြား သွားရောက်ကုသနေကြသောကြောင့် စစ်ဆေးပေးရန် လိုအပ်သည်ဟု ဆိုထားသည်။
ဦးဟံသာဝင်းက “အဲဒီ ကုသတဲ့လူတွေရဲ့ လိုင်စင်တွေ ရှိ၊ မရှိ၊ ဆေးဝါး မှတ်ပုံတင်တွေ ရှိ၊ မရှိ အထောက်အထားနဲ့ လူနာ ဘေးကင်းရေးတွေကို သီးခြားစစ်ဆေးသွားဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။
ထို့ကြောင့် လတ်တလော လူမှုကွန်ရက်စာမျက်နှာ၌ နာမည်ကြီးနေသော ဦးထူးခန့်ကျော်၊ ဒေါ်ခင်စန်းရီ (ရွှေလက်ပိုင်ရှင်)၊ ဦးနေလင်းအောင် တို့၏ ဆေးကုသခွင့် အထောက်အထားများကို စစ်ဆေးရန် လိုအပ်သလို ရေမန်း ဆီမန်းဖြင့် ကုခြင်း၊ လက်ဝါးစောင်းဖြင့် ခုတ်ခြင်း၊ ဒူးနှင့်တိုက်ခြင်း စသည့် ကုသမှု ပုံစံများကိုလည်း စိစစ်သွားရန် လိုအပ်သည်ဟု ပြောဆိုသည်။
အဆိုပါ ဆေးဆရာများသည် အခမဲ့ဖြင့် ပရဟိတသဘောမျိုး ကုသသည်ဟု ဆိုသော်လည်း အလှူငွေများကို ကောက်ခံနေခြင်း၊ ရပ်ဝေး အနယ်နယ်အရပ်ရပ်မှ လာကြသူများလည်း အများစုပါနေရာ ကျပ် ၅ သောင်းမှ လေး၊ ငါးသိန်း ကုန်ကျနေသည်ဟုလည်း ဦးဟံသာဝင်းက ထောက်ပြပြောဆိုသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ ဦးထူးခန့်ကျော်ထံတွင် မိခင်အား၂ ကြိမ် ဆေးသွားရောက် ကုသပေးဖူးသည့် မြောက်ဒဂုံမှ ဒေသခံတဦးက “အမေ သွားကုတုန်းက သိပ်မဝေးတော့ မကုန်ဘူး။ ဒါပေမယ့်နယ်ဘက်က အမျိုးတွေ လာကုတာက သိန်းချီ ကုန်ကြတယ်” ဟု ပြောသည်။
မိခင်၏ ဗိုက်ဝေဒနာအတွက် ထူးခန့်ကျော်ထံ ၂ ကြိမ် သွားရောက် ကုသခဲ့ရာတွင် မသက်သာသောကြောင့် နောက်ထပ် တတိယအကြိမ်ရက်ချိန်းတွင် ထပ်မံ မပြသတော့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လတ်တလော TikTok နှင့် Facebook စသည့် လူမှုကွန်ရက် စာမျက်နှာများပေါ်၌ ပျောက်စေဆရာများအဖြစ် လူသိများနေသည့် မြောက်ဒဂုံရှိ ဆရာနေလင်းအောင်၏ ဆေးခန်းကို သက်ဆိုင်ရာ အာဏာပိုင်များက အောက်တိုဘာ ၁၁ ရက်က ပိတ်ခိုင်းထားသော်လည်း ထူးခန့်ကျော်နှင့် မန္တလေးမြို့ရှိ ဒေါ်ခင်စန်းရီ (ရွှေလက်ပိုင်ရှင်၊ ခေတ်သစ် သမားတော်) တို့သည် ဆက်လက် ကုသနေဆဲဖြစ်သည်။

😁32❤14👍2🤔1
Media is too big
VIEW IN TELEGRAM
ရုရှားဒေတာစင်တာတွေကို ယူကရိန်းတိုက်ခိုက်မှုကြောင့် အွန်လိုင်း၀န်ဆောင်မှုတွေ ပြတ်တောက်မှုဖြစ်
အောက်တိုဘာ ၁၄၊ ၂၀၂၆
ရုရှားရဲ့ Google လို့တင်စားခေါ်ဝေါ်ကြတဲ့ Yandex ကုမ္ပဏီရဲ့ ဒေတာစင်တာတွေအပေါ် ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သူတို့ရဲ့အွန်လိုင်း၀န်ဆောင်မှုတွေကို သိသိသာသာအနှောင့်အယှက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ရုရှား #ယူကရိန်း #yandex #datacenter

👍46❤6🤔2👎1