The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
Media is too big
VIEW IN TELEGRAM
ပျောက်စေဆရာတွေကို ဖမ်းမှာလား

သရုပ်ဆောင်ထူးခန့်ကျော်၊ ဦးနေလင်းအောင်နဲ့ ဒေါ်ခင်စန်းရီ တို့အပါအဝင် ဘာသာရေးနဲ့ ရောယှက်နွယ်ပြီး ဆေးကုသပေးနေတယ်ဆိုတဲ့ သူတွေကို စစ်ဆေးဖို့ အောက်တိုဘာလ ၁၃ ရက်နေ့ ကျင်းပတဲ့ အာဏာသိမ်းအစိုးရရဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တဦးက အဆိုတင်သွင်းလိုက်ပါတယ်။

ဒီလိုကုသပေးနေသူတွေရဲ့ ဆေးကုသမှုမှတ်တမ်းတွေ၊ အချက်အလက်တွေ လိုင်စင်နဲ့ ဆေးကုသမှုအထောက်အထားတွေကို သီးခြားစစ်ဆေးသွားဖို့လည်း လိုအပ်တယ်လို့ လည်း အဆိုမှာထည့်သွင်းတင်ပြထားပါတယ်။

#မြန်မာ #ဧရာဝတီ #ပျောက်စေ #ဆေးကု #ထူးခန့်ကျော် #ဦးနေလင်းအောင် #လိုင်စင် #WhatsHappeningInMyanmar
👍32❤4😭2👎1
👍43❤21😁6👎1
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလ၌ ဆက်ခန့်ထားရန် အမေရိကန်အမတ်များ တောင်းဆို

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မတီ (Credentials Committee) တွင် မြန်မာစစ်အုပ်စု၏ အတုအယောင် ကိုယ်စားလှယ် အစားထိုးခန့်အပ်မည့် ကြိုးပမ်းမှုအပေါ် ဆန့်ကျင်ရန်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာ့ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် အမေရိကန် အောက်လွှတ်တော်အမတ် ၆ ဦး၏ တိုက်တွန်း တောင်းဆိုစာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ် (Mike Waltz) ထံ ယမန်နေ့က ပေးပို့ခဲ့ကြသည်။

စာတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒကို လေးစားပြီး ပြည်သူများက ရွေးကောက်ထားသော အစိုးရကို ကိုယ်စားပြု၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ၏ တရားဝင် အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ် ပြုထောက်ခံရန် အဓိက တောင်းဆိုထားသလို ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုခွင့် အငြင်းပွားမှုကို ရွှေ့ဆိုင်းထားရန်တို့ ပါဝင်သည်။

ထို့ပြင် စစ်အုပ်စု၏ ရွေးကောက်ပွဲသည် လက်နက်ကိုင် ပဋိပက္ခများ၊ ပြည်သူများ အစုလိုက် အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှု၊ ပြည်သူလူထုအပေါ် ဖိနှိပ်မှု၊ နိုင်ငံရေး ဆန့်ကျင်ဘက်များအား ဖမ်းဆီးချုပ်နှောင်မှုနှင့် ဒီမိုကရက်တစ် နိုင်ငံရေး ပါတီကြီးများကို ချန်လှပ်ထားသည့် အခြေ အနေတွင် ပြုလုပ်ခြင်းဖြစ်၍ ပြည်သူ့ဆန္ဒ မပါဝင်ဘဲ နိုင်ငံရေးအရ တရားဝင်မှု လုံးဝမရှိကြောင်းလည်း ထောက်ပြထားသည်။

စစ်အုပ်စုအား ကုလသမဂ္ဂ နေရာ ပေးအပ်လိုက်ပါက ၎င်းတို့ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို ပိုမို ရဲတင်းစေမည်ဖြစ်ပြီး ကုလသမဂ္ဂ၏ အခြေခံမူများကိုလည်း သွေဖည်ရာရောက်စေမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များက ထောက်ပြထားကြသည်။

ထို တိုက်တွန်းတောင်းဆိုစာကို အမေရိကန် ကွန်ဂရက်လွှတ်တော်တွင်းရှိ ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန် နှစ်ပါတီလုံးမှ မြန်မာ့အရေးကို အစဉ်တစိုက် အလေးထား ဆောင်ရွက်နေသည့် ထိပ်တန်း လွှတ်တော်အမတ်ကြီး ၆ ဦး အဓိက ဦးဆောင်ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး အမေရိကန် လွှတ်တော်အတွင်းရှိ နှစ်ပါတီလွှတ်တော်အမတ်များ၏ ပူးပေါင်းလှုပ်ရှားမှု ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤48👍14😁3👎2
👍14❤1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်

ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၅,၀၀၀ ကျပ်အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာ ၄,၅၉၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၄,၇၇၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၅၈၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၅၇၅ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၇၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၃၉
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍22👎8❤5😱1
Media is too big
VIEW IN TELEGRAM
အယ်နီညို အပူဒဏ်ကြောင့် သေဆုံးသူတွေရှိလာ

မြန်မာနိုင်ငံမှာ စူပါအယ်နီညိုဖြစ်စဉ်ကြောင့် အောက်တိုဘာလကနေ ၂၀၂၇ ဖေဖော်ဝါရီလထိ အပူဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားကြပြီးနောက် အခုရက်ပိုင်းမှာပဲ ပြင်းထန် အယ်နီညို အပူချိန်ဒဏ်ကြောင့် သေဆုံးသူ နှစ်ဦးထိရှိလာနေသလို အပူလျှပ်လို့ မူးလဲတာတွေ ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။

ရန်ကုန် ကျောက်တံတားမြို့နယ် ဆူးလေဘုရားအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က အသက် ၆၀ အရွယ် အမျိုးသားတဦး အပူဒဏ်ကြောင့် ရုတ်တရက် အပူလျှပ်တဲ့ (heatstroke) ဖြစ်ပြီး နေရာမှာတင် သေဆုံးခဲ့ကြောင်း ကျောက်တံတား မြို့နယ်အရံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

#မြန်မာ #ဧရာဝတီ #အယ်နီညို #အပူဒဏ် #heatstroke #ရန်ကုန် #WhatsHappeningInMyanmar
😭34❤2😱2
👎17😭7👍6
အမေရိကန်ဒေါ်လာဈေး ကျပ် ၄၈၀၀ နီးပါး တက်လာ

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

ဗဟိုဘဏ်မှ ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူမည့်အစီအစဉ်နှင့် ဘယ်လာရုစ်နိုင်ငံမှ ပို့ကုန်ချေးငွေရယူမည့်အစီအစဉ်တို့ကို ပြည်ထောင်စုလွှတ်တော် အတည်ပြုပြီးနောက် တရက်အတွင်း အမေရိကန်တဒေါ်လာလျှင် ၄၈၀၀ နီးပါးထိ မြင့်တက်လာသည်။

ယမန်နေ့က တဒေါ်လာလျှင် ၄,၆၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့မွန်းလွဲပိုင်းတွင် ၄,၇၅၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာပြီး ထိုင်းဘတ်ဈေးမှာလည်း တဘတ်လျှင် ၁၃၆ ကျပ်၊ ၁၃၇ကျပ်အထိ ရှိလာကြောင်း သိရသည်။

လက်ရှိတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် တဒေါ်လာဈေး ၂,၁၀၀ ကျပ်၊ အွန်လိုင်းထရိတ်ဒင်းဈေး ၃,၆၆၀ ကျပ်နှင့် နှိုင်းယှဉ်ပါက ပြင်ပဈေးကွက်နှင့် တဒေါ်လာလျှင် ၁,၀၀၀ ကျော်ထိ ကွာဟနေသည်။

ငွေကြေးလဲလှယ်ရေးလုပ်ကိုင်သူတဦးက "အတက် တော်တော်ကြမ်းတယ်။ မနေ့က ချေးငွေ ဂယက်ကြောင့်ပဲပေါ့။ တရက်ထဲကို ၁၀၀ ကျပ်ကျော်လောက်တက်သွားတာ။ လန့်ပြီးတက်တာရော ကစားတာရော ပါတယ်။ထူးခြားတာက အာဏာသိမ်းအစိုးရက အရင်လို ဘာလှုပ်ရှားမှုမှတော့ မလုပ်သေးဘူး။ အရင်က ဒီလိုတက်တာနဲ့ လက်ကြီးသမားတွေကို ချက်ချင်းမဖမ်းတောင် ဖုန်းနဲ့ သတိပေးတာရှိတယ်။ အခုတော့ ငြိမ်နေတယ်"ဟု ဧရာဝတီသို့ပြောသည်။

ငွေကြေးဈေးကွက်အတွင်း ဒေါ်လာငွေလဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက်နေသော်လည်း အရောင်းအဝယ် အေးနေကြောင်း ၎င်းက ဆိုသည်။

ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ချေးယူခြင်းကြောင့် ငွေစက္ကူအသစ်များ ထပ်မံရိုက်နှိပ်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများက ဒေါ်လာဈေးအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ကြသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
❤22👍9😱7👎4😭2
👍26
👍18🤔4😁2
ဝတ်မှုံရွှေရည် ခင်ပွန်း ပိုင် Ve Ve အချိုရည်နှင့် စားသောက်ကုန် ၅ မျိုး FDA ပိတ်

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆
မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အစားအသောက်များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို စစ်ဆေးခဲ့ရာ သရုပ်ဆောင်ဝတ်မှုံရွှေရည်၏ ခင်ပွန်းဖြစ်သူ စစ်တပ်နှင့် နီးစပ်သော ခရိုနီ ဦးနိုင်ဖြိုးကျော်၏ Ve Ve စတော်ဘယ်ရီအရသာနို့၊ ဒီးဒီး နို့ဒိန်ချဉ်နှင့် နန်းတွင်းသူ ငရုတ်သီးအမှုန့် အပါအဝင် အစားအသောက် ၅ မျိုးကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် သတိပေးထားသည်။
အဆိုပါ ပစ္စည်းများမှာ ခွင့်ပြုဓာတုပစ္စည်း ပမာဏ ကျော်လွန်ပါဝင်ခြင်း၊ အာဟာရဓာတ် လိုအပ်ချက်ထက် လျော့နည်းခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော မှိုဆိပ်ပါဝင်နေခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆိုသည်။
FDA ၏ စစ်ဆေးတွေ့ရှိချက်များအရ ရွှေပြည်သာမြို့နယ် Green Circle Co., Ltd မှ ထုတ်လုပ်ပြီး Ocean Super Center တွင် ရောင်းချနေသည့် Ve Ve စတော်ဘယ်ရီအရသာနို့တွင် ဖြည့်စွက်ပစ္စည်း Sodium Cyclamate ပါဝင်မှုမှာ 322.64 ppm အထိ ပါရှိနေပြီး သတ်မှတ်ခွင့်ပြုချက် Max: 250 ppm ထက် ကျော်လွန်နေကြောင်း တွေ့ရှိခဲ့သည်။ ဦးနိုင်ဖြိုးကျော်သည် Green Circle ကုမ္ပဏီ (Ve Ve အချိုရည်) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည်။
အဆိုပါ Ve Ve အမှတ်တံဆိပ် အပါအဝင် ယခု စစ်ဆေးတွေ့ရှိခဲ့သည့် အချိုရည်နှင့် သရေစာများတွင် သုံးစွဲထားသော Sodium Cyclamate သည် သာမန်သကြားထက် အဆ ၃၀ ခန့် ပိုချိုသော အစားထိုး ဆေးသကြားဖြစ်ပြီး၊ မြန်မာနိုင်ငံ FDA ၏ သတ်မှတ်ချက်များအရ နို့ထွက်ပစ္စည်းများအတွက် 250 ppm ထက်မပိုရသော်လည်း ယခုထုတ်ကုန်များမှာ စံချိန်စံညွှန်းကို ဖောက်ဖျက်နေကြောင်း သိရသည်။


နန်းတွင်းသူအမှုန့် မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သည့် နန်းတွင်းသူ ငရုတ်သီးအစိမ်းမှုန့်၌ Aflatoxin B1 ပါဝင်မှု သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ရေရှည်စားသုံးမိပါက အသည်းကင်ဆာဖြစ်နိင်ခြေမြင့်မားသည့် ပမာဏဖြစ်ပြီး အော်ရိုရာသစ်သီးယိုလုပ်ငန်းမှထုတ်လုပ်သည့် အော်ရိုရာ မက်မန်းသီးချိုချဉ်၌ Sodium Cyclamate ပါဝင်မှု သတ်မှတ်ပမာဏ ထက်ကျော်လွန်နေပြီး စားသုံးမိပါက ဝမ်းလျောခြင်း
ဗိုက်နာခြင်းများကဲ့သို့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။


ထို့ကြောင့် အဆိုပါ စံချိန်စံညွှန်းမမီ ထုတ်ကုန် (၇) မျိုး၏ ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးသူများအနေဖြင့် ဈေးကွက်အတွင်းမှ အမြန်ဆုံး ပြန်လည်သိမ်းဆည်း ရုပ်သိမ်းကြရန်နှင့် ပြည်သူများအနေဖြင့်လည်း ဝယ်ယူစားသုံးခြင်း မပြုကြရန် FDA က သတိပေး ထုတ်ပြန်ထားသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍56❤13😁6
အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကို တော်လှန်ရေးအင်အားစု ဘယ်လိုတုံ့ပြန်လဲ


ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆


ပြီးခဲ့သည့် စက်တင်ဘာလလယ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေသနဗျူရို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် နေပြည်တော်ရောက်လာပြီး အာဏာသိမ်းသမ္မတနှင့်တွေ့ဆုံရာ စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကတ်စတီလို လွတ်မြောက်ခဲ့သလို မြေရှားသတ္တုအပါအဝင် ပိုမို ကျယ်ပြန့်သည့် ထိတွေ့ ဆက်ဆံမှုများအထိ ဦးတည်သွားနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။


အမေရိကန်ဘက်က အကြမ်းဖက်တိုက်ခိုက်မှုများ လျှော့ချဖို့၊ ကျားဖြန့်များဖြိုခွင်းဖို့၊ တိုင်းရင်းသား လက်နက်ကိုင်တို့နှင့် ထိတွေ့ဆက်ဆံဖို့၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့၊ လူသားချင်း စာနာမှုအကူအညီများ အကန့်အသတ်မရှိပေးနိုင်ဖို့ တောင်းဆိုခဲ့သလို အာဏာသိမ်းသမ္မတကလည်း အမေရိကန်အစိုးရနှင့် သင့်လျော်သည့် အနေအထားတခုတွင် တရားဝင် ထိတွေ့ဆက်ဆံမှု အခွင့်အရေးရရှိရန် တောင်းဆိုခဲ့ကြောင်း သိရသည်။


ထိုသို့ အမေရိကန်အစိုးရက အာဏာသိမ်း စစ်အုပ်စုနှင့် ကျယ်ပြန့်သည့် ဆက်ဆံမှုလမ်းကြောင်း ဖွင့်ခဲ့ခြင်းအပေါ် အမျိုးသား ညီညွတ်ရေး အစိုး (NUG) တာဝန်ရှိသူနှင့် တော်လှန်ရေးအင်အားစုအချို့၏ သဘောထားများကို စုစည်း ဖော်ပြလိုက်ပါသည်။


ဒေါ်ဇင်မာအောင် (အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး)


အမေရိကန်တာဝန်ရှိသူတွေ နေပြည်တော်နဲ့ တိုက်ရိုက်ထိတွေ့မှု လုပ်နေတယ် ဒီအပေါ်မှာ အကောက်အယူမလွဲဖို့ ကျမတို့ ကို စောစောကတည်းက ပြောထားပြီးသားဖြစ်တယ်။ ပုံမှန် Normalization လုပ်လိုက်တာ မဟုတ်သလို အသိအမှတ်ပြု လိုက်တာ မဟုတ်ဘူး။ အမေရိကန်အစိုးရက လက်တွေ့ကျတဲ့ အကျိုးစီးပွားအတွက် ထိတွေ့ဆက်ဆံလို့ရသူတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံမယ်ဆိုတာ ကျမတို့ကို ရှင်းလင်း ပြောကြားပြီး ဖြစ်ပါတယ်။


ဒါကြောင့် နေပြည်တော်နဲ့သာမက NUG၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် ဒီဘက်တော်လှန်ရေး အင်အားစု တွေနဲ့လည်း ထိတွေ့ ဆက်ဆံနေတာဖြစ်တယ်။


ဒါပေမယ့် နွေဦးတော်လှန်ရေးဘက်ခြမ်းက ထိရောက်တဲ့ဖြစ်ပေါ် တိုးတက်မှုတွေ ရှိဖို့ အရေးကြီးတယ်၊ အောင်မြင်နေမယ် ဆိုရင် အမေရိကန်ရဲ့ စစ်အုပ်စုအပေါ်မှာ ထိတွေ့ဆက်ဆံမှုက အသိအမှတ်ပြုမှုဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ မရှိဘူးဆိုရင်တော့ ဒါက စစ်တပ် လိုလားနေတဲ့ အနေအထားကို ရောက်သွားနိုင်တယ်။


ကမာ္ဘ့နိုင်ငံရေး အခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပဲ လက်တွေ့ကျတဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံတဲ့ထိတွေ့ ဆက်ဆံမှုတွေကို ပြောင်းလဲလာတာ ဒီဘက်နှစ်ပိုင်းတွေမှာ အများကြီးသိသာလာတဲ့ အနေအထားဖြစ်တော့ ကျမတို့က ကိုယ့်ဘက်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ စစ်ရေး၊ နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုတွေကို ရရှိအောင်လို့ ကြိုးစားအားထုတ်မှုက သာလျှင် အဓိကကျတယ်လို့ မြင်ပါတယ်။


ဦးဂျိမ်းရွှေ (အမေရိကန်အခြေစိုက် မြန်မာ့အရေးလေ့လာသူ)
အမေရိကန်ရဲ့ တိုက်ရိုက်ထိတွေ့မှုတွေဟာ စစ်အုပ်စုလိုလားနေတဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုပေးတာ မဟုတ်ပေမယ့် နောက်ကွယ်မှာ တဖြည်းဖြည်း လျော့ကျလာနိုင်တဲ့ ပုံမှန်ဆက်ဆံရေး ထောင်ချောက် (Normalization Creep) ကို စည်းကမ်းတကျ မူဝါဒရေးရာ မဟာဗျူဟာနဲ့ တန်ပြန်ဖို့ လိုအပ်နေတယ်။


မိုက်ကယ်ဗန့်စ် လို အမေရိကန်ထောက်လှမ်းရေးနဲ့ နိုင်ငံခြားရေးအရာရှိတွေရဲ့ ခရီးစဉ်က ဝါရှင်တန်ရဲ့ မူဝါဒပြောင်းလဲမှု (Policy Shift) မဟုတ်ဘဲ ကျဉ်းမြောင်းတဲ့ နည်းဗျူဟာမြောက် ထိတွေ့မှု (Tactical Engagement) သာ ဖြစ်ပါတယ်။


အမေရိကန်နိုင်ငံသား လွတ်မြောက်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေးနဲ့ မဟာဗျူဟာမြောက် သယံဇာတ လုံခြုံရေးတို့အတွက် ကန့်သတ်ချက်များနဲ့ ဆက်ဆံခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းက လက်တွေ့ကျတဲ့ အပေးအယူတွေ ကို စမ်းသပ်နေပေမယ့်လည်း၊ ကွန်ဂရက်လွှတ်တော်က BURMA Act နှင့် BRAVE Burma Act တို့နဲ့ စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေက တင်းကျပ်ထားဆဲ ဖြစ်တယ်။


အမေရိကန်တဦး လွတ်မြောက်လာရုံ၊ စကားပြောခွင့် ရရုံနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ စစ်အုပ်စုကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုလိုက်ခြင်း မဟုတ်ပါဘူး။ စစ်အုပ်စု အဓိကရည်မှန်းချက်က သံတမန်ရေး ထိတွေ့ခွင့် (Access) ကို အသုံးချပြီး အသိအမှတ်ပြုမှု ဦးတည်စေပြီး၊ ပြည်တွင်း၊ နိုင်ငံတကာမှာ ပုံမှန်ဆက်ဆံရေးဆီ တဖြည်းဖြည်း လျော့ကျသွား စေဖို့ ဖန်တီးတာ ဖြစ်ပါတယ်။ စစ်အုပ်စုက လက်ဆွဲနှုတ်ဆက်ခွင့် ရရှိမှုတိုင်းကို ဝါဒဖြန့်ကာ “ကမာ္ဘကြီးက စစ်တပ်ကို လက်ခံလိုက်ပြီ။ တော်လှန်ရေးမှာ အောင်ပွဲမရှိတော့” ဆိုတဲ့ ပုံရိပ်နဲ့ပြည်သူနဲ့ တော်လှန်ရေးအင်အားစုများကို စိတ်ဓာတ်ကျ ဆင်းစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။


တရုတ်သြဇာလွှမ်းမိုးမှု လျှော့ချရေး၊ မူးယစ်ဆေးဝါးနှင့် ငွေလိမ်ဂိုဏ်းကိစ္စတွေကို အကြောင်းပြပြီး နိုင်ငံတကာအစိုးရများ ကို ပုံမှန်ဆက်ဆံရေး ဘောင်ထဲ ဆွဲသွင်းဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ နိုင်ငံတကာက စွန့်ခွာသွားဆိုတဲ့ သံသယများ ဖြစ်ပေါ် စေပြီး တော်လှန်ရေးအင်အားစုများအချင်းချင်း အပြစ်တင်စကားများ ပြောဆိုလာအောင်
❤23👍13😁3🤔1
ဖန်တီးနေတာလည်းဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အဓိကအင်ဂျင်ဟာ အမေရိကန်၏ ကူညီမှုသက်သက်အပေါ် မှီခိုနေခြင်း မဟုတ်ဘဲ ပြည်သူ လူထုရဲ့ သန္နိဋ္ဌာန်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (EROs)၊ PDF များရဲ့ မြေပြင်နယ်မြေ စိုးမိုးမှုအပေါ် အခြေခံထားတာကြောင့် တိုက်ရိုက် ထိခိုက်မှု မရှိနိုင်ပါဘူး။
ဝါရှင်တန်အနေနဲ့ စစ်အုပ်စုနဲ့ စကားပြောဖို့ လိုအပ်တယ်လို့ ယူဆလာတာဟာ တော်လှန်ရေးအင်အားစုတွေဘက်က ပိုမိုစုစည်း ခိုင်မာတဲ့ သံတမန်ရေး အခင်းအကျင်းကို အမြန်ဆုံး တည်ဆောက်ပြဖို့ လိုနေတယ်လို့ မီးမောင်းထိုးပြနေပါ တယ်။ ပြည်တွင်း မြေပြင်ခေါင်းဆောင်တွေ၊ NUG၊ တိုင်းရင်းသား မဟာမိတ်များနှင့် ပြည်ပရောက် ဒီမိုကရေစီအင်အားစု တွေကြား သီးခြား အုပ်စုဝါဒများ (Identity politics) ကို ကျော်လွှားပြီး နိုင်ငံတကာကို ညီညွတ်တဲ့ မူဝါဒ သတင်းစကား တခုတည်းကိုသာ ပေးပို့ရပါမယ်။ မြေရှားသတ္တုထိန်းချုပ်မှု၊ နယ်စပ်လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့မှာ စစ်အုပ်စု က ပြဿနာအရင်း အမြစ်သာဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများသာလျှင် လက်တွေ့ကျတဲ့ မိတ်ဖက်ဖြစ်ကြောင်း ဝါရှင်တန်ကို ပေါ်လွင်စွာ တင်ပြရပါမယ်။


ကိုဝင်းမင်း (ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ)


အမှန်တိုင်းရိုးရိုးသားသား သုံးသပ်ရမယ်ဆိုရင် နွေဦးတော်လှန်ရေးအပေါ်မှာရော လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း အပေါ်မှာရော သက်ရောက်မှုရှိလာမယ်လို့ ထင်ပါတယ်။ လောလောဆယ် နားလည်ထားရသလောက်ဆိုရင် အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ချဉ်းကပ်မှုအပေါ်မှာ အမေရိကန်ရဲ့ စိတ်ဝင်စားမှုအခြေအနေအရ စဉ်းစားရတဲ့ အခြေအနေ တွေရှိတယ်။ လက်ရှိ ဒေသတွင်း လုံခြုံရေးအရ ငွေလိမ်စင်တာကိစ္စတွေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တော့ စိုးရိမ်ပြီး ဖြေရှင်းချင်တာရှိတယ်။


နောက်တခုက ဒေသတွင်းပဲပြောပြော မြန်မာနိုင်ငံအနေနဲ့ပဲပြောပြော အမေရိကန်စီးပွားရေး လုပ်ငန်းတွေ ကုမ္ပဏီတွေ အနေနဲ့ပိုမိုပြီးတော့ ပြန်လည်ပတ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်နိုင်ဖို့ ဆိုပြီးတော့ မူဝါဒပြန်လည်ပြင်ဆင်ပြီးတော့ လုပ်လာတယ်ဆိုတာမျိုး သိရတယ်။


အတိုင်းအတာတခုအနေနဲ့ဆိုရင် လက်ရှိ နွေဦးတော်လှန်ရေးအခြေအနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရဆိုရင် အများကြီး ရိုက်ခတ်နိုင်တယ်။ နွေဦးတော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ကျတော့ လက်ရှိ ကမ္ဘာ့နိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေး အရဖြစ်ဖြစ်၊ East Country စိတ်ဝင်စားမှုအရပဲဖြစ်ဖြစ် လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သင့်သလဲ ဆိုတာကို ဆောင်ရွက်ရမယ့် ပြင်ဆင်ရမယ့် သတိပေးခေါင်းလောင်းသံအနေနဲ့ ကျနော်က မြင်တယ်။ ပိုပိုပြီးတော့လည်း အမေရိကန်အစိုးရအနေနဲ့ဆိုရင် နိုင်ငံရေး နဲ့သက်ဆိုင်သူ အားလုံးကိုချိတ်ဆက် ဆောင်ရွက်သွားမယ် ဆိုတဲ့ သဘောထားကို သိရတယ်။


အဲဒီအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ အခါမှာ နွေဦးတော်လှန်ရေးအစုအဖွဲ့တွေ နိုင်ငံရေး အစုအဖွဲ့တွေအနေနဲ့ မြန်မာ့ပဋိပက္ခ၊ ဒေသတွင်းလုံခြုံရေး အထိဆိုလို့ရှိ ရင် ဘယ်လိုဆောင်ရွက်ဖို့ရှိလဲ၊ ဘယ်လိုမျိုး ဆောင်ရွက်သွားမယ်ဆိုတဲ့ မူဝါဒ၊ ဆောင်ရွက်မှုပုံစံတိတိကျကျနဲ့ ချဉ်းကပ်ရမယ့် အချိန်လို့မြင်ပါတယ်။ လောလောဆယ် အရလည်း စစ်အုပ်စုရဲ့ နိုင်ငံရေးပြင်ဆင်မှုအရ ပိုမိုပြီးရှေ့ရောက်လာတယ်လို့ ထင်တယ်၊ အဲဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဦးဆောင်တဲ့အစုအဖွဲ့တွေအနေနဲ့ လက်တွေ့ကျတဲ့နိုင်ငံရေးမူတွေ ရေးဆွဲပြီးတော့ ပြင်ဆင်ပြန်လည် တုံ့ပြန်ဆောင်ရွက်ရမယ့် အချိန်လို့ မြင်ပါတယ်။


ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)


နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကတော့ သူတို့ နိုင်ငံတခုချင်း၊ ဒေသတခုချင်းစီရဲ့ အကျိုးစီးပွားတွေအပေါ်မှာ မူတည်နေ တယ်။ နောက်တချက်က ကြိမ်းသေတာက စစ်တပ်မပြုတ်မချင်း တိုက်ပွဲကို ဆင်နွှဲသွားမယ်၊ ဆက်ပြီးတော့ ခုခံသွားမယ်၊ ဆက်ပြီး တွန်းလှန်သွားမယ်ဆိုတာ ကြိမ်းသေသလောက် ဖြစ်နေပါတယ်။ နိုင်ငံတကာက စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျနော်တို့နဲ့ပတ်သက်ပြီး သက်ရောက်မှုကတော့ ရှိတာပေါ့။


ဒါပေမယ့် ဒီတခေါက်ကတော့ ဘယ်လိုမျိုး ထိတွေ့ဆက်ဆံမှုမျိုးပဲလုပ်လုပ် သက်ရောက်မှုတွေက ကျနော်တို့နဲ့ မသက်ဆိုင် ဘူးဆိုတာ ကျနော်တို့ တော်လှန်ရေးလုပ်တဲ့ ပုဂ္ဂိုလ်တွေက လုံးလုံးခံယူပြီးသားဖြစ်တယ်လို့ နားလည်ထားပါတယ်။ ကျနော့် သဘောထားကတော့ ရှင်းတယ်။ ဒီပုဂ္ဂိုလ်တွေ (စစ်အုပ်စု)နဲ့ သေခန်း ရှင်ခန်းအပြတ်ဖြတ်တာ အကောင်းဆုံးပဲလို့ ယူဆတယ်၊ ဒီပုဂ္ဂိုလ်တွေ သူတို့ဟာသူတို့ မြောင်းထဲဆင်းရင်ဆင်း၊ မဆင်ရင်းကျနော်တို့ တွန်းချဖို့ ကြိုးစားရမှာပဲ။ အဲဒီလိုမှမဟုတ်ဘဲ အဲဒီလူတွေနဲ့ တွဲမယ် ဖက်မယ်၊ ပြုပြင်မယ် လက်တွဲမယ်လို့ ကြိုးစားကြမယ်၊ စဉ်းစားကြမယ်ဆိုရင် အဲဒီစဉ်းစားကြတဲ့သူတွေပါ မြောင်းထဲကို ရောက်မှာဖြစ်တယ်လို့ ပြောချင်ပါတယ်။


မသဉ္ဇာရွှန်းလဲ့ရည် (Sister to Sister)


အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတော်တော်များများက ကိုယ့်အကျိုးစီးပွားပဓာနဆိုတဲ့ လက်ယာစွန်း အတွေးအခေါ်တွေ ခေါင်းထောင်လာချိန် နိုင်ငံတကာ သွေးစည်းညီညွတ်မှု၊
👍16❤6🤔1
အပြန်အလှန်အားပေးဖေးမှုဆိုတဲ့ အခြေခံ အကျဆုံး လူသားဝါဒ ယုတ်လျော့လာတဲ့အနေအထားမှာ ကျမတို့ ပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံ့ပြဿနာ အထူးသဖြင့် မတရားမှုတွေနဲ့ နှိပ်စက်ညှဉ်းပမ်းနေတဲ့ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံသူဆိုတဲ့ အမြင်တွေကို သူတို့အဲဒီလောက်ထဲထဲဝင်ဝင် လိုက် စဉ်းစားပေးကြမယ်လို့ မထင်ဘူး။


ဘယ်သူက နေပြည်တော်မှာ ထိုင်နေသလဲ၊ ဘယ်သူက လက်နက်အင်အား ပိုသာသလဲ ဆိုတဲ့ အခြေခံကနေပဲသွားမှာ ဖြစ် တယ်။ အင်အားကြီးနိုင်ငံတွေက မင်းအောင်လှိုင်ဦးဆောင်တဲ့ အတုအယောင် ရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရကို ထောက်ခံခြင်း၊ မထောက်ခံခြင်းသည် တော်လှန်ရေးရဲ့ အခြေခံအကျဆုံးသော စဉ်းစားချက်ဖြစ်တယ်။


ဒါပေမယ့် ကျမတို့ပြည်သူတွေက နွေဦးတော်လှန်ရေးစကတည်းက ဘယ်နိုင်ငံ ထောက်ခံမယ်ဆိုတဲ့ အာမခံချက်နဲ့ စခဲ့တာ မဟုတ်ဘူး ဆိုတာလည်း သတိမူရမယ့်ကိစ္စ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ လွတ်လပ်ရေးတိုက်ပွဲတွေ ကစလို့ ဒီကနေ့အချိန်အထိ တော်လှန်ရေး အဆက်ဆက်ကို ကြည့်မယ်ဆိုရင် ဘယ်သူက မထောက်ခံလို့၊ ဘယ်လူမျိုးတွေ ဘယ်နိုင်ငံတွေက အားမပေးလို့ဆိုပြီး ရပ်တန့်သွားခဲ့ရိုးမရှိဘူး။


အဓိကအရေးကြီးဆုံးက ပြည်သူတွေရဲ့ အသိအမှတ်ပြုမှု၊ ပြည်သူတွေဆီကရတဲ့ တရားဝင်မှု (Legitimacy) အနှစ်သာရ အပြည့်ဆုံးဖြစ်တယ်။ အထူးသဖြင့် တော်လှန်ရေးဆိုတာ မတရားမှုတွေထဲက ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ပြန်ပြီး တရားမျှတမှု၊ တာဝန်ယူ မှု၊ တာဝန်ခံမှု မရှိသရွေ့တော့ တော်လှန်ရေးဆိုတာ ဆက်ရှိနေဦးမှာပဲ။


ကိုစည်သူမောင် (ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၏ ပြောရေးဆိုခွင့်ရှိသူ)


အမေရိကန်ရဲ့ စစ်အုပ်စုအပေါ် ထိတွေ့ဆက်ဆံမှုက စစ်တပ်လိုလားတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရစေသလား ဆိုတာ က အလွန်ကျယ်ပြန့်ပါတယ်။ နိုင်ငံတကာဆိုရင် ကုလသမဂ္ဂရဲ့ စင်မြင့် အခင်းအကျင်းနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ရထား တဲ့ ဦးကျော်မိုးထွန်းရဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့ အခန်းကဏ္ဍအပါအဝင် ဒေသတွင်း အာဆီယံအထိ ထည့်သွင်း သုံးသပ် မှပဲ ပြည့်စုံလိမ့်မယ်လို့ မြင်ပါတယ်။


ဒေသတွင်း အသိအမှတ်ပြုမှုမှာ တနိုင်ငံချင်းအလိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အသိအမှတ်ပြုပေမယ့် သူတို့ရဲ့ ဘုံသဘောတူညီထားရပ်တည်းချက် ၅ ချက်ဟာ စစ်အုပ်စုဘက်ကနေ အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံရေးဆန္ဒရှိမှုနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးဆိုတာကို ထည့်သွင်း ပြောဆိုနေဆဲပဲ ရှိပါသေးတယ်။


အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုပဲ ကုလသမဂ္ဂရဲ့ ညီလာခံ ဆုံးဖြတ်ချက် ၂၆၆၉ မှာ ဆိုလို့ရှိရင် ဒါကိုပဲ ပြန်လည် ရည်ညွှန်းပြီးတော့ မြန်မာနိုင်ငံမှာ ဒီအခြေအနေတွေ ဖြစ်ထွန်းဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြောထားပါတယ်။ အမေရိကန်အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှု စတင်လာတာဟာလည်း နိုင်ငံရဲ့ အပြောင်းအလဲ တခုအတွက် တွန်းအားပေးနိုင်ဖို့ ရှာဖွေတယ်လို့လည်း တဖက်က သုံးသပ်လို့ရသလို တဖက်ကလည်း ဒါဟာ နိုင်ငံရေးအရ တရားဝင်မှုပေးတာပဲလို့ သုံးသပ်ချက်တွေ ရှိနေတာအမှန်ပဲဖြစ်ပါတယ်။


ကျနော့်အနေနဲ့ သုံးသပ်ချင်တာကတော့ နွေဦးတော်လှန်ရေးဟာ စစ်ရေးမျက်နှာစာပဲဖြစ်ဖြစ်၊ တခြားမျက်နှာစာပဲဖြစ်ဖြစ် အသီးသီးမှာ တကယ်တော့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပြည်သူရဲ့ အားပေးထောက်ခံမှုနဲ့ ဒီမိုကရေစီအရေးအပေါ်မှာ အားပေး ထောက်ခံတဲ့ နိုင်ငံတွေရဲ့ အားနဲ့ပဲ ရှေ့ကို ဆက်သွားနေရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးမှာ SCEF လို့ခေါ်တဲ့ နည်းဗျူဟာ တခု၊ ပေါ်လစီတခုဆိုတဲ့ တသံတည်းဖြစ်မှု ဒီလိုမျိုးတွေနဲ့အတူ တပ်ပေါင်းစုအသွင်၊ နိုင်ငံရေးအရ ထပ်ပြီးတော့ အားကောင်းတဲ့ စုစည်းညီညွတ်မှုနဲ့သွားနေတဲ့အခြေအနေမှာတော့ နွေဦးတော်လှန်ရေးကို သက်ရောက် လောက်စေတဲ့ အပြောင်းအလဲတော့ ဖြစ်လိမ့်မယ် မထင်ပါဘူး။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/interview/2026/10/15/417050.html
❤24👍12😁6🤔2
😁30👎15
ပြည်ပလုပ်သားလွှဲငွေဖြင့် ဆီနှင့် ဆေးဝါးဝယ်မည်ဟု အလုပ်သမားဝန်ကြီး ပြော

ဧရာဝတီ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆
ပြည်ပရောက်လုပ်သားများ၏ မိသားစုထံလွှဲပို့ငွေ (Remittance)မှ ရရှိသည့် နိုင်ငံခြားငွေများအား စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါး နှင့် LNG ဓာတ်ငွေ့များဝယ်ယူရာတွင် သုံးစွဲရန်ဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောသည်။
တရားမဝင်ပြည်ပလုပ်သားလျှော့ချရေးနှင့် မိသားစုထံလွှဲငွေများအား အစိုးရဘဏ်မှတဆင့်လွှဲရန် မည်သို့ဆောင်ရွက်နေကြောင်း ဒဂုံမြို့ သစ်(မြောက်ပိုင်း) အမတ် ဦးတင့်ဝေ၏ မေးမြန်းချက်အပေါ်ဖြေကြားရာတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများ မိသားစုလွှဲငွေအား ဆီနှင့်ဆေးဝါးများ ဝယ်ရာတွင်သုံးမည်ဆိုသော်လည်း ပြည်တွင်း၌ စက်သုံးဆီ၊ စားအုန်းဆီနှင့် ဆေးဝါးပစ္စည်းများ ရှားပါးကာ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
ပြည်ပလွှဲငွေအတွက် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်နှင့် ကုမ္ပဏီ ၁၈ ခုတို့အား ခွင့်ပြုပေးထားပြီး ၂၀၂၅ ခုနှစ်၌ ပြည်ပလုပ်သားများမှ မိသားစုထံလွှဲပို့ငွေ အမေရိကန်ဒေါ်လာ ၅ဒသမ ၆ ဘီလီယံကျော်ရှိကြောင်းနှင့် ယခုနှစ်တွင်လည်း အလားတူ ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


စစ်အုပ်စုအတွက် အဓိက နိုင်ငံခြားဝင်ငွေဖြစ်လာသည့် ပြည်ပလုပ်သားလွှဲငွေများရရှိရန် အတင်းအကျပ်ဖိအားပေး လုပ်ဆောင်လာပြီး ထိုင်းရောက်မြန်မာနိုင်ငံသားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးရာတွင်လည်း သုံးလစာဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ဘတ် ၆၀၀၀ အား ၎င်းတို့ခွင့်ပြုထားသည့် ဘဏ်များ၊ ကုမ္ပဏီများမှ လွှဲပို့ပေးထားကြောင်း ပြေစာတင်ပြမှသာ ထုတ်ပေးမည်ဟု သတ်မှတ်ထားသည်။
တဖက်တွင်လည်း လစာဝင်ငွေထဲမှ ၂ ရာခိုင်နှုန်း(၁ နှစ်လျှင် ဘတ် ၁၈၀၀)ကိုလည်း ဝင်ငွေခွန်အနေဖြင့် ဖြတ်တောက် ကောက်ခံလျက်ရှိသည်။


ထို့ပြင် ပြည်ပလုပ်သားများ၏ မိသားစုလွှဲငွေအား အတင်းအကျပ် လွှဲပြောင်းစေရာတွင် ငွေလဲဈေးနှုန်းကို ပြင်ပပေါက်ဈေးထက် လျှော့ကာ အာဏာသိမ်းအစိုးရသတ်မှတ်ဈေးနှုန်းဖြင့်သာ လွှဲစေသည်။
ယနေ့ညနေ ကမ္ဘောဇဘဏ်၏ KPay မှတရားဝင်သတ်မှတ်ဈေးနှုန်းမှာ ထိုင်း ၁ ဘတ်လျှင် ၁၂၅ ဒသမ ၃ ကျပ်သာရှိပြီး ပြင်ပပေါက်ဈေးမှာ ၁ဘတ်လျှင် ၁၄၃ ကျပ်ရှိသည့်အတွက် ထိုင်းရောက်အလုပ်သမားတဦး၏ သုံးလစာမိသားစုလွှဲငွေ ဘတ်ခြောက်ထောင်လွှဲပို့ပါက ကျပ်ငွေ ၁သိန်း ၈ထောင်ခန့် ကွာခြားမှု ရှိနေသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
😁48👎10❤6👍1
Media is too big
VIEW IN TELEGRAM
ထရမ့်က တွေ့ဆုံနိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြနေချိန်မှာပဲ အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်တဲ့ဒုံးကျည်တွေကို မြောက်ကိုရီးယားထုတ်ဖော်ပြသ

အောက်တိုဘာ ၁၅၊ ၂၀၂၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပြသထားတဲ့ ကာကွယ်ရေးပြတိုက်တခုကို သွားရောက်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက အင်္ဂါနေ့က ဖော်ပြလိုက်ပြီး ထူးခြားတာကတော့ ဒီသတင်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့အာရှခရီးစဉ်အတွင်း ကင်ဂျုံအန်းနဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ ပြောကြားခဲ့ပြီး တရက်အကြာမှာပဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #မြောက်ကိုရီးယား #ဒုံးကျည်
😁43👍15❤9
• ဝတ်မှုံရွှေရည်ခင်ပွန်း ထုတ်တဲ့ Ve Ve နို့စတော်ဘယ်ရီကို FDA ရုပ်သိမ်း

• ဘီလာရုဆီက အတိုးနှုန်းကြီးကြီးနဲ့ အကြွေးယူဖို့ ဆုံးဖြတ်

• စူပါအယ်လ်နီညိုဖြစ်စဉ်မှာ အကျဉ်းသားတွေ မေ့လျော့ခံဖြစ်နေ

• ထိုင်းမှာ ကရင်တိုင်းရင်းသူ လေးမွှာပူးမွေးဖွား

• သမ္မတထရမ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်မယ်

နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၅၊ ၂၀၂၆

https://youtu.be/ySCAVW0iRG8
👍61❤9🤔2