Media is too big
VIEW IN TELEGRAM
ခင်ပွန်းနှင့် သမ္မတကို ထရန့်၏ သတင်းပြန်ကြားရေးအတွင်းဝန်သစ် မှားပြော
အောက်တိုဘာ ၁၆၊ ၂၀၂၆
အစိုးရအဖွဲ့ရဲ့ ဖိအားများပြားလှတဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း မိခင်တယောက်အဖြစ် ဘယ်လိုဟန်ချက်ညီအောင် ထိန်းသိမ်းလဲဆိုတဲ့ မေးခွန်းတခုဟာ ဒေါ်နယ်ထရန့်ရဲ့ သတင်းပြန်ကြားရေးအတွင်းဝန်သစ် ခေတီ ဇာကာရီယာ (Katie Zacharia) ရဲ့ ပထမဆုံး အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ အမှတ်ရစရာ အကောင်းဆုံး ဖြစ်သွားခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #အမေရိကန် #PressSecretary #WhiteHouse

😁40❤10👍2
ဒဏ်ခတ်ပိတ်ဆို့မှုအပြင်ဘက်က ဗိုလ်ချုပ်စောချစ်သူရဲ့ သမီး
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုရှိတာကြောင့် ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးအပြင် မိသားစုပိုင်လုပ်ငန်းစုတွေကိုပါ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပေမယ့် သမီးဖြစ်သူ နန်းနှင်းနန္ဒာအေးကတော့ အရေးယူမှုတွေမှာ မပါဝင်ဘဲ ဇိမ်ခံလူနေမှုဘဝကို ဖြတ်သန်းနေနိုင်တာတွေ့ရပါတယ်။
နန်းနှင်းနန္ဒာအေး (ခေါ်) အာကူးဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှု အဖွဲ့အဖြစ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ BGF/KNA နဲ့ ဆက်စပ်တဲ့ လုပ်ငန်းစု ၄ ခုထက်မနည်းမှာ ရှယ်ယာပိုင်ဆိုင်တာနဲ့ ဒါရိုက်တာအဖြစ် ရာထူးရယူထားတာတွေရှိတယ်လို့ Justice For Myanmar က ဖော်ထုတ် ရေးသားခဲ့ဖူးပါတယ်။
လက်ရှိမှာ သူမဟာ မြန်မာကျပ်ငွေ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းတန်ဖိုးရှိ နာမည်ကြီးအမှတ်တံဆိပ် နာရီ၊ လက်ကိုင်အိတ်၊ ဖိနပ်နဲ့ တန်ဖိုးကြီးအသုံးအဆောင်တွေကို နေ့စဉ်ထည်လဲဝတ်ဆင်ပြီး ဇိမ်ခံလူနေမှုဘဝကို ဖြတ်သန်းနေနိုင်တာကို သူ့ရဲ့ လူမှုကွန်ရက်ဖော်ပြချက်တွေကနေတဆင့် မြင်တွေ့ရပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ စောချစ်သူနဲ့ မိသားစုဝင်တွေက လက်နက်ကိုင်အင်အားကိုသာ အခြေခံတာမဟုတ်တော့ဘဲ ဒေသတွင်းမှာ အလှူအတန်း၊ ပျော်ပွဲရွှင်ပွဲတွေကို ငွေကြေးစိုက်ထုတ် လုပ်ဆောင်လာကြသလို ဒေသနေ လူမှုအသိုင်းအဝိုင်းအပေါ်မှာပါ ဩဇာတည်ဆောက်လာနေတာကိုလည်း တွေ့ရပါတယ်။
https://youtu.be/Dggd3HZqnKE

👎32❤14😁1😭1
ထရမ့် သစ္စာဖောက်ကြောင်း ဇယ်လန်းစကီး ပြော
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။
ရုရှားက လိုက်နာခြင်းမရှိဟုဆိုကာ စွမ်းအင်ဆိုင်ရာ ပစ်မှတ်များပါဝင်သည့် ခေတ္တအပစ်အခတ်ရပ်စဲရေးကို စွန့်လွှတ်လိုက်ပြီးနောက် ကြာသပတေးနေ့တွင် ရုရှားရေနံချက်စက်ရုံတရုံကို ယူကရိန်းက တိုက်ခိုက်ခဲ့သည်။ တချိန်တည်းမှာပင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သစ္စာဖောက်မှုကို ခံစားရကြောင်း ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ဇယ်လန်းစကီးနှင့် ထရမ့်တို့အကြား သဘောထားကွဲလွဲမှုများ ပြန်လည်ကြီးထွားလာပြီး တင်းမာမှုများ မြင့်တက်နေချိန်တွင် နှစ်ဖက်ဆက်ဆံရေးကို ပိုမိုရှုပ်ထွေးသွားစေနိုင်သည်။
နှစ်ဖက်စလုံးအနေဖြင့် စွမ်းအင်ဆိုင်ရာ တိုက်ခိုက်မှုများကို ရပ်တန့်ရန် တနင်္ဂနွေနေ့က ထရမ့်၏ တောင်းဆိုချက်ကို စိန်ခေါ်ကာ စွမ်းအင်အခြေခံအဆောက်အအုံများကို ရုရှားက ဆက်လက်လေကြောင်းမှ ဗုံးကြဲနေခြင်းအပေါ် ဒေါသထွက်ရကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ထရမ့်၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို လိုက်နာခဲ့သော်လည်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရုရှား၏ ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပုံမှန်ရရှိနေကျ ထောက်လှမ်းရေးအချက်အလက်များကို ယူကရိန်း ငြင်းပယ်ခံခဲ့ရပြီး အမေရိကန်ထုတ် Starlink ဆက်သွယ်ရေးစနစ် အသုံးပြုမှုကိုလည်း ကန့်သတ်ခံခဲ့ရကြောင်း ဇယ်လန်းစကီးက မကျေမနပ် ပြောကြားခဲ့သည်။ ထိုနှစ်ချက်စလုံးသည် ယူကရိန်းစစ်တပ်အတွက် လွန်စွာအရေးပါလှသည်။
၎င်း၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဟု ဆိုကာ ရုရှားစက်ရုံများအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုများကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ဝေခဲ့သည့် Financial Times သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
"ကျနော်တို့ စောင့်ကြည့်နေတာ ပြီးသွားပြီ" ဟု ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း ကိုးကားဖော်ပြထားသည်။
ထရမ့်၏ သစ္စာဖောက်မှုကို ခံစားခဲ့ရ
ယူကရိန်းနှင့် တင်းမာမှုဖြစ်ရသည့် အခြားအချက်တချက်မှာ ကျူးကျော်မှုကြောင့် ရုရှားကို ပိတ်ဆို့အရေးယူရန်နှင့် ပူတင်ကို သံတမန်ရေးအရ သီးခြားခွဲထုတ်ရန် အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းမှုများ ရှိနေသော်လည်း ရုရှားဒီဇယ်များ တင်သွင်းရန် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ထရမ့်တို့ သဘောတူညီချက် ရယူခဲ့ခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်သည် လွန်ခဲ့သည့် ၄ နှစ်ခွဲကျော်က စတင်ခဲ့သော ရုရှား၏ ကျူးကျော်စစ်ကို ဆက်လက်လုပ်ဆောင်နိုင်စေရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုကာ ဇယ်လန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဗြိတိသျှသတင်းထောက် ပီးယားစ် မော်ဂန် (Piers Morgan) ၏ ယူကျုအစီအစဉ်တွင် ပူတင်နှင့် ထရမ့်တို့၏ သဘောတူညီချက်၊ စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာချက်နှင့် ယူကရိန်းဒရုန်းများ အသုံးပြုမှုကို ကန့်သတ်လိုက်သည့် Starlink စနစ် ကန့်သတ်မှုများကြောင့် ထရမ့်၏ သစ္စာဖောက်မှုကို ခံစားခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့ညပိုင်း အင်တာဗျူး၌ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"ကျနော်တို့နိုင်ငံ ရှင်သန်ရပ်တည်ဖို့ လိုအပ်ပါတယ်၊ ကျနော်တို့ရဲ့ စစ်မှန်တဲ့ မဟာဗျူဟာမြောက် မဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ သမ္မတ ထရမ့်ကိုပဲ အားကိုးရတာပါ" ဟု မော်ဂန်အား ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
Starlink စနစ်ကို ကန့်သတ်ခြင်းအပါအဝင် အမေရိကန်၏ ပြုမူဆောင်ရွက်ချက်များသည် "တကယ်ကို ဆန်းကြယ်လွန်းသည်" ဟု ၎င်းက ဆိုသည်။
ထိုအင်တာဗျူးမှာပင် ယူကရိန်းသည် "ခိုင်မာသော မဟာမိတ်တဦးကို ဆုံးရှုံးနေရသည်" ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"သမ္မတထရမ့်က ကျနော်တို့ဘက်ကမဟုတ်ဘဲ တဖက်တည်းကို ရွေးချယ်လိုက်တဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ သူ ကြားနေအဖြစ် ရပ်တည်မယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး" ဟု ၎င်းက ဆိုသည်။
တစုံတယောက်က ထရမ့်အား "သမိုင်း၏ မှန်ကန်သောဘက်တွင် မရှိသည့်" ရပ်တည်ချက်ဆီသို့ တွန်းပို့နေခြင်းဖြစ်သည်ဟု ဇယ်လန်းစကီးက ပြောခဲ့သည်။
ဇယ်လန်းစကီးဟာ ပူတင်ထက် ဆက်ဆံရ ပိုခက်ခဲတယ်
ကြာသပတေးနေ့တွင် Newsmax နှင့် ပြုလုပ်သည့် အင်တာဗျူးတခု၌ ထရမ့်က ဇယ်လန်းစကီးအပေါ် ၎င်း၏ မနှစ်မြို့မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ပြန်လည်တိုက်ခိုက်မှုနှင့် ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်နှင့် ပြေလည်အောင် မလုပ်ဆောင်လိုမှုတို့အတွက် ဝေဖန်ခဲ့သည်။
"ဇယ်လန်းစကီးဟာ ကျနော်တို့ ဆက်ဆံဖို့ သင့်တော်တဲ့ လူကောင်းတယောက် မဟုတ်ပါဘူး။ ကျနော် ဇယ်လန်းစကီးကို သိပ်သဘောမကျပါဘူး။ သူက အဲဒီနိုင်ငံကို ဖျက်ဆီးလိုက်ကြတာပါ" ဟု ထရမ့်က ပြောခဲ့သည်။
ဆက်လက်၍ အမေရိကန်သမ္မတက "ကျနော်ကြည့်ရတာ ဇယ်လန်းစကီးဟာ ပူတင်ထက် ဆက်ဆံရ ပိုခက်ခဲတယ်လို့ ထင်ပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှား၏ စက်မှုအင်အားနှင့် နယ်မြေပမာဏကြောင့် စစ်ရေးအရ အသာစီးရနေသည်ဟု အရိပ်အမြွက်ပြောကြားရင်း ဇယ်လန်းစကီး၏ နေရာတွင် အစားထိုးရန် ယူကရိန်းအနေဖြင့် ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း ထရမ့်က အကြံပြုခဲ့သည်။
ထိုအင်တာဗျူးတွင် Starlink ပြဿနာ သို့မဟုတ် ထောက်လှမ်းရေးအချက်အလက် မျှဝေမှုတို့နှင့် ပတ်သက်၍ မေးမြန်းခြင်း မခံခဲ့ရဘဲ သမ္မတ ထရမ့်က

❤31👍18👎2😁1
ယူကရိန်းတွင် အမေရိကန်မှ လာသော အကောင်းဆုံး စစ်လက်နက်ပစ္စည်းများ ရှိနေသည်ဟု ပြောကြားခဲ့သည်။
အီလွန် မာစခ် (Elon Musk) က Starshield ဟုခေါ်သော Starlink ၏ စစ်ဘက်သုံးအမျိုးအစားကို အမေရိကန်စစ်တပ်နှင့် ထရမ့်တို့က ထိန်းချုပ်ထားကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အခြေအနေများ နှေးကွေးသွားခြင်းနှင့် ပတ်သက်၍ Starlink ဂြိုဟ်တုများကို ထိန်းသိမ်းစောင့်ရှောက်သည့် SpaceX ကုမ္ပဏီ သို့မဟုတ် ပင်တာဂွန် (Pentagon) အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနထံမှ မည်သည့်ရှင်းလင်းချက်မျှ မရရှိသေးကြောင်း ယူကရိန်းအရာရှိတဦးက ပြောသည်။
ပင်တာဂွန်ကလည်း အဆိုပါ နှေးကွေးသွားမှုနှင့် ပတ်သက်၍ Associated Press သတင်းဌာန၏ မေးမြန်းချက်များကို ဖြေကြားခဲ့ခြင်းမရှိပေ။
အနောက်အုပ်စု၏ ထောက်လှမ်းရေးအချက်အလက်များ မရှိခြင်းသည် ယူကရိန်းကို ရုရှား၏ ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုများဒဏ် ပိုမိုခံရလွယ်စေသည်။ ထရမ့်ကမူ အမေရိကန်သည် ယူကရိန်းနှင့် ထောက်လှမ်းရေးအချက်အလက် မျှဝေမှုကို ရပ်တန့်ထားခြင်းမရှိဟု ပြောကြားထားသည်။
ကိုးကား။ ။ AP သတင်း Ukraine abandons truce and attacks Russian oil refinery as Zelenskyy says he feels betrayed by Trump
ပုံစာ - ၂၀၂၅ ဖေဖော်ဝါရီ အိမ်ဖြူတော်၌ ဇယ်လန်းစကီးနှင့် ထရမ့် တွေ့ဆုံစဉ်/AFP

❤26👍19👎3😁1
အမေရိကန်ရောက် မြန်မာတို့ မလေးရှားသံရုံးရှေ့ ဆန္ဒပြ
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
အာဏာသိမ်းအစိုးရကို ဖိတ်ခေါ်ခဲ့သော မလေးရှားအစိုးရအား ကန့်ကွက်သည့်အနေဖြင့် အမေရိကန်ရောက် မြန်မာပြည်ဖွားတချို့သည် အောက်တိုဘာလ ၁၅ ရက် ညနေပိုင်းက ၀ါရှင်တန်ဒီစီမြို့ရှိ မလေးရှားသံရုံးရှေ့တွင် ဆန္ဒပြပြီး အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း ပေးခဲ့ကြသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် မလေးရှားရောက် မြန်မာများအား ကူညီစောင့်ရှောက်ပြီး ပြန်မပို့ရန်၊ အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စုကို အသိအမှတ် မပြုရန်တို့ကို တောင်းဆိုထားကြောင်း ဆန္ဒပြပွဲ၌ ပါ၀င်သူဒေါက်တာထွန်းဝေက ပြောသည်။
ဓာတ်ပုံ-ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍42❤16😁5
ရွှေကုက္ကို ကျားဖြန့်မှ နှိပ်စက်ခံရသော နိုင်ငံခြားသားတို့ ထိုင်းဘက် ထွက်ပြေး
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
အွန်လိုင်းငွေလိမ်လုပ်ငန်းများ(ကျားဖြန့် )ကို အမျိုးသားရေးတာဝန် တရပ်အဖြစ် နှိမ်နင်းနေသည်ဟု စစ်အုပ်စု ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပင် စောချစ်သူ နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ရွှေကုက္ကိုဒေသရှိ ကျားဖြန့်ဆိုက်များမှ မတရားခိုင်းစေ နှိပ်စက်ခံထားရသော နိုင်ငံခြားသား ၂၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ အောက်တိုဘာ ၁၃ ရက်က ထွက်ပြေး လွတ်မြောက်လာခဲ့သည်။
နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသည့် နိုင်ငံခြားသား ၂၁ ဦးကို ထိုင်းစစ်တပ်က မဲဆောက်မြို့နယ် မဲ့ကဆာ ကျေးရွာအုပ်စုတွင် တွေ့ရှိထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု မဲဆောက်အာဏာပိုင်များနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
နယ်စပ်သတင်းရင်းမြစ်တဦးက “ရွှေကုက္ကိုထဲမှာ ကျားဖြန့်ဆိုက်တွေက အကြီးအကျယ်ပြန်လုပ်နေကြတော့ မတရား ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသားတွေ ရရင် ရသလို ထွက်ပြေးမှုတွေကရှိနေမှာပဲ။ နယ်စပ်နဲ့နီးတော့ ထိုင်းဘက်ကို ထွက်ပြေးရတာလည်း လွယ်တယ်”ဟု ပြောသည်။
ပဏာမ စစ်ဆေးမှုအရ အဆိုပါ နိုင်ငံခြားသားများတွင် ဖိလစ်ပိုင် ၁ ဦး၊ ယူဂန်ဒါ ၁ ဦး၊ အင်ဒိုနီးရှား ၅ ဦးနှင့် ကင်ညာ ၁၄ ဦးတို့ ပါဝင်ပြီး ထိုအထဲမှ ၄ ဦးမှာ လျှပ်စစ်ရှော့ခ်ရိုက်ခံရခြင်း သို့မဟုတ် တုတ်ဖြင့် ရိုက်နှက်ခံရခြင်းတို့ကြောင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက် အမာရွတ်များကို တွေ့ရှိရ၍ ဥပဒေအတိုင်း ဆက်လက် အရေးယူနိုင်ရေး တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု ထိုင်းသတင်းများက ဆိုသည်။
ကရင်နယ်ခြားစောင့်တပ် (BGF)မှ အမည်ပြောင်းထားသော ကရင်အမျိုးသားတပ်မတော် (KNA)ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ နယ်မြေ ရွှေကုက္ကိုဒေသရှိ ကျားဖြန့်တို့ကို စစ်တပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ၌ စီးနင်းခဲ့ပြီး ယခုနှစ်အစောပိုင်းက အဆောက်အဦ ၇၇ လုံးကို ပထမအဆင့် ဖောက်ခွဲ ဖြိုချခဲ့သည်။
စစ်တပ်က ဖြိုချသည့်နေရာမှာ ယခင်ကျားဖြန့်ဆိုက်အဟောင်းနေရာမှ အဆောက်အဦများဖြစ်ပြီး မြို့တွင်းရပ်ကွက်များ အပါအဝင် ဆိုက်သစ်နေရာများ၌ ကျားဖြန့်တို့ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်ဟု ဒေသခံများနှင့် ကျားဖြန့်တချို့က ပြောသည်။
ရွှေကုက္ကိုအမှတ် ၂ ရပ်ကွက် ကျားဖြန့်ဆိုက်တခု၌ လုပ်နေသူတဦးက “အခုရက်ပိုင်း ဖြိုချနေတဲ့ အသံတွေ နေ့တိုင်း ကြားနေရတယ် ။ အလုပ်ကလည်း ဒီလိုပဲဆက်လုပ်နေကြတယ်။ အရင်လို အပြင်ထွက်ခွင့်တော့ သိပ်မပေးတော့ဘူး။ နည်းနည်း ပိုတင်းကျပ်လာတယ်”ဟု ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်တို့နှင့်ပတ်သက်၍ နိုင်ငံတကာဖိအားများရှိလာချိန် ကရင်နယ်ခြားစောင့် BGF နှင့် စစ်တပ်တို့က ၂၀၂၅ ခုနှစ်အတွင်း၌ ၂ ကြိမ်စီးနင်း၍ နိုင်ငံခြားသား တသောင်း ကျော်ကို ဖမ်းဆီးပြန်ပို့ခြင်း နှင့် အဆောက်အဦ ၇၀၀ ခန့် ဖောက်ခွဲ ဖျက်ဆီးပြခဲ့သော်လည်း ထိုစီးနင်းခဲ့သော ရွှေကုက္ကို၌ပင် ကျားဖြန့် အကြီးအကျယ် ပြန်လုပ်ကိုင်နေသလို မြဝတီမြို့နယ် အနေရာအနှံ့၌လည်း ကျားဖြန့်ဆိုက်သစ် အများအပြား ထပ်မံထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

👍35❤6😁2🤔1😭1
ဒေါ်လာ ၆၀ တန် Casio နာရီက ထိုင်းနိုင်ငံရေးအာဏာ၏ သင်္ကေတသစ် ဖြစ်လာ
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။
တန်ဖိုးကြီးဇိမ်ခံနာရီများသည် ဂုဏ်ဒြပ်သင်္ကေတတခုအဖြစ် လူသိများသည့် ထိုင်းနိုင်ငံရေးလောကတွင် လတ်တလော လူကြိုက်အများဆုံး ဖြစ်နေသည့် နာရီမှာမူ အမေရိကန်ဒေါ်လာ ၆၀ အောက်သာ တန်ဖိုးရှိပြီး ဝန်ကြီးချုပ်ထံမှ ရရှိခြင်းဖြစ်သည်။
ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ်၏ အမည် စာထွင်းထားသော Casio AE1200WH နာရီများကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အဆင့်မြင့်ဗျူရိုကရက်များနှင့် နိုင်ငံရေးမဟာမိတ်များ၏ လက်ကောက်ဝတ်များတွင် မြင်တွေ့နေရပြီဖြစ်သည်။
"Casio Royale" ဟု အမည်ပြောင်ပေးထားသည့် ဒီဇိုင်းးဟောင်းနှင့် ကမ္ဘာ့မြေပုံပါရှိသော ထိုဒီဂျစ်တယ်နာရီသည် အာဏာစက်နှင့် နီးစပ်မှုကို ပြသသည့် အမှတ်တံဆိပ်တခု ဖြစ်လာခဲ့ပြီး၊ နာရီဝတ်ဆင်သူများကို "Casio Connection" ဟု အမည်တွင်စေခဲ့သည်။
ထိုနာရီများသည် အနုတင်အား ဆယ်စုနှစ်များစွာအတွင်း သက်တမ်းအရှည်ဆုံးနှင့် တည်ငြိမ်ဆုံး အစိုးရအဖွဲ့များထဲမှ တခုကို တည်ဆောက်နိုင်ရန် ကူညီပေးခဲ့သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ပြသနေသည်။
ပါးနပ်ကျွမ်းကျင်သည့် နိုင်ငံရေးသဘောတူညီချက်များ ဖန်တီးသူတဦးဖြစ်သည့်အတိုင်း အနုတင်သည် သဘောထားကွဲလွဲမှုများပြားသော ထိုင်းနိုင်ငံရေးနယ်ပယ်အတွင်းရှိ ၎င်း၏ အာဏာရ ဘုမ်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) မှ ဩဇာရှိ မိသားစုများမှ အစ၊ အာဏာရ နိုင်ငံရေးသမားများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများအထိ မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။
"ကျနော်တို့ ဝတ်ဆင်ထားတဲ့ အရာတွေရဲ့ တန်ဖိုးဟာ ဈေးနှုန်းပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ ကျနော့်အတွက်တော့ ဒါဟာ ပေးတဲ့သူပေါ်မှာ မူတည်ပါတယ်" ဟု အနုတင်ထံမှ နာရီလက်ဆောင်ရရှိသူ ပို့ဆောင်ရေးဒုတိယဝန်ကြီး သီရိဖုန်း အန်းကဆာကူကီးယတ် (Siripong Angkasakulkiat) က အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
၎င်းသည် မကြာသေးမီက ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးတခုအပြီးတွင် အနုတင်ထံမှ ထိုနာရီကို လက်ဆောင်ရရှိခဲ့ခြင်းဖြစ်ပြီး၊ ထိုနေ့မှစ၍ ဒေါ်လာသောင်းဂဏန်းတန် ဇိမ်ခံနာရီများကို ဝတ်ဆင်ခြင်းမရှိတော့ဘဲ ဒီနာရီကိုပင် အမြဲလိုလို ဝတ်ဆင်ထားကြောင်း အပျော်သဘော ပြောကြားခဲ့သည်။
သီရိဖုန်း၏ ပြောကြားချက်အရ အနုတင်သည် ဘန်ကောက်မြို့အနှံ့ သွားရောက်သည့် ခရီးစဉ်များနှင့် လေ့လာရေးခရီးများအတွင်း ဆိုင်ငယ်များနှင့် ဈေးများမှ Casio နာရီများကို ဝယ်ယူခဲ့ပြီးနောက်၊ ၎င်း၏အမည်ကို စာထွင်း၍ အခြားသူများကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သီရိဖုန်းကိုယ်တိုင်လည်း ထိုနာရီကို ရရှိရန် ခဏစောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ နာရီလက်ဆောင်ရရှိသူများသည်ပင် သံကြိုးနာရီ ရသလား သို့မဟုတ် ပလတ်စတစ် (Resin) ကြိုးနာရီ ရသလားဆိုသည်ကို နှိုင်းယှဉ်ကြည့်ရှုနေကြပြီဖြစ်သည်။
သစ္စာစောင့်သိမှု ခံစားချက်
ထိုင်းနိုင်ငံရေးသမားများသည် အမှတ်သင်္ကေတပြု နာရီများနှင့် ပတ်သက်၍ သမိုင်းကြောင်း ရှည်လျားစွာ ရှိခဲ့ဖူးသည်။
အကြီးမားဆုံး အငြင်းပွားဖွယ်ရာများထဲမှ တခုမှာ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး၊ ထိုစဉ်က ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝုန်းဆူဝမ် (Prawit Wongsuwan) သည် တန်ဖိုးကြီး နာရီအမျိုးမျိုးကို ဝတ်ဆင်ထားသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
စုံစမ်းစစ်ဆေးသူများသည် အမေရိကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ နာရီ ၂၂ လုံးကို စစ်ဆေးခဲ့ကြပြီး၊ ပရာဝစ်ကမူ ထိုနာရီများကို ကွယ်လွန်သွားပြီဖြစ်သော ချမ်းသာသည့် သူငယ်ချင်းတဦးထံမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ နောက်တနှစ်တွင် မသမာမှု မရှိကြောင်း ကင်းလွတ်ခွင့် ရရှိခဲ့သည်။
အနုတင်ကိုယ်တိုင်လည်း ဘတ် သန်း ၆၀ ကျော် တန်ဖိုးရှိ ဇိမ်ခံနာရီ ၂၂ လုံး ရှိကြောင်း ကြေညာထားဖူးပြီး၊ မကြာသေးမီက ဘုမ်ဂျိုင်ထိုင်းပါတီ၏ သဩဇာရှိသော ခေါင်းဆောင်ကြီး နေဝင်း ချစ်ချော့ မွေးနေ့ပွဲတွင် Rolex Day-Date 40 နာရီကို ဝတ်ဆင်ခဲ့သည်။ နေဝင်း မှာမူ Richard Mille RM 30-01 နာရီကို ဝတ်ဆင်ထားခဲ့သည်။
စင်ကာပူနိုင်ငံရှိ ISEAS-Yusof Ishak Institute မှ ဧည့်သည်တော်သုတေသနပညာရှင် နာဖွန် ဂျာတုသရီဖီတက် (Napon Jatusripitak) ၏ အဆိုအရ အနုတင်၏ Casio နာရီများသည် တန်ဖိုး ပမာဏအနည်းငယ်မျှသာ ရှိသော်လည်း၊ ဝန်ကြီးချုပ်ထံမှ ရရှိသော ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်ဆောင်များ ဖြစ်သည့်အတွက် ၎င်းတို့တွင် ကိုယ်ပိုင် နိုင်ငံရေးအရ အဓိပ္ပာယ်များ ပါဝင်နေသည်။
"ဒီလက်ဆောင်တွေဟာ ကျေးဇူးဆပ်ရမယ့် တာဝန်တခုကို ဖန်တီးပေးနိုင်ပြီး လက်ဆောင်ရရှိသူထဲမှာ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုကို လိုက်နာဖို့၊ အမိန့်နာခံဖို့နဲ့ သစ္စာစောင့်သိဖို့ ခံစားချက်ကို ပျိုးထောင်ပေးနိုင်ပါတယ်" ဟု နာဖွန်က ပြောကြားခဲ့သည်။
နိုင်ငံရေးအရ အရေးပါသော နာရီလက်ဆောင်ရရှိသူများထဲမှ တဦးမှာ ဩဇာရှိသော နိုင်ငံရေးပွဲစား သမနတ် ပရမ်ဖောင် (Thamanat Prompow) ဖြစ်ပြီး၊ ၎င်း၏ ကလာသမ်ပါတီ (Kla Tham Party) သည် အနုတင်၏ အာဏာရ မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် ပါတီဖြစ်သည်။

❤22👍8😁2👎1😱1
၎င်း၏ လက်ကောက်ဝတ်တွင် စာထွင်းထားသည့် Casio နာရီ ဝတ်ဆင်ထားမှုသည် မဟာမိတ်အသစ် စတင်တော့မည်ဆိုသည့် ထင်ကြေးပေးမှုများကို မြင့်တက်စေခဲ့ပြီး၊ အထူးသဖြင့် ၎င်းပါတီ၏ အထွေထွေအတွင်းရေးမှူးက နာရီမှာ အနုတင်၏ လက်ကောက်ဝတ်မှ တိုက်ရိုက်ချွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပိုမိုဂယက်ထခဲ့သည်။
"ဒီနာရီတွေနဲ့အတူ အနုတင်ဟာ မိတ်ဆွေတွေ၊ နောက်လိုက်တွေနဲ့ အဖွဲ့အစည်းတွေကို သေချာပေါက် တည်ဆောက်နေတာ ဖြစ်ပါတယ်" ဟု နာဖွန်က ဆိုသည်။
ကိုးကား။ ။ Bloomberg သတင်း Thailand’s new political status symbol is a US$60 Casio watch
ပုံစာ - ပြည်ထဲရေးအရာရှိများနှင့်အတူ နာရီဝတ် ထိုင်းဝန်ကြီးချုပ် အနုတင်/ THAI GOVERNMENT HOUSE PRESS POOL

👍27❤8😁4🤔2👎1
ဒဏ်ခတ် ပိတ်ဆို့မှုအတွင်း ဗိုလ်ချုပ်စောချစ်သူရဲ့ သမီး
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုရှိတာကြောင့် ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးအပြင် မိသားစုပိုင်လုပ်ငန်းစုတွေကိုပါ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပေမယ့် သမီးဖြစ်သူ နန်းနှင်းနန္ဒာအေးကတော့ အရေးယူမှုတွေမှာ မပါဝင်ဘဲ ဇိမ်ခံလူနေမှုဘဝကို ဖြတ်သန်းနေနိုင်တာတွေ့ရပါတယ်။
နန်းနှင်းနန္ဒာအေး (ခေါ်) အာကူးဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှု အဖွဲ့အဖြစ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ BGF/KNA နဲ့ ဆက်စပ်တဲ့ လုပ်ငန်းစု ၄ ခုထက်မနည်းမှာ ရှယ်ယာပိုင်ဆိုင်တာနဲ့ ဒါရိုက်တာအဖြစ် ရာထူးရယူထားတာတွေရှိတယ်လို့ Justice For Myanmar က ဖော်ထုတ် ရေးသားခဲ့ဖူးပါတယ်။
လက်ရှိမှာ သူမဟာ မြန်မာကျပ်ငွေ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းတန်ဖိုးရှိ နာမည်ကြီးအမှတ်တံဆိပ် နာရီ၊ လက်ကိုင်အိတ်၊ ဖိနပ်နဲ့ တန်ဖိုးကြီးအသုံးအဆောင်တွေကို နေ့စဉ်ထည်လဲဝတ်ဆင်ပြီး ဇိမ်ခံလူနေမှုဘဝကို ဖြတ်သန်းနေနိုင်တာကို သူ့ရဲ့ လူမှုကွန်ရက်ဖော်ပြချက်တွေကနေတဆင့် မြင်တွေ့ရပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ စောချစ်သူနဲ့ မိသားစုဝင်တွေက လက်နက်ကိုင်အင်အားကိုသာ အခြေခံတာမဟုတ်တော့ဘဲ ဒေသတွင်းမှာ အလှူအတန်း၊ ပျော်ပွဲရွှင်ပွဲတွေကို ငွေကြေးစိုက်ထုတ် လုပ်ဆောင်လာကြသလို ဒေသနေ လူမှုအသိုင်းအဝိုင်းအပေါ်မှာပါ ဩဇာတည်ဆောက်လာနေတာကိုလည်း တွေ့ရပါတယ်။
https://youtu.be/Dggd3HZqnKE
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုရှိတာကြောင့် ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးအပြင် မိသားစုပိုင်လုပ်ငန်းစုတွေကိုပါ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပေမယ့် သမီးဖြစ်သူ နန်းနှင်းနန္ဒာအေးကတော့ အရေးယူမှုတွေမှာ မပါဝင်ဘဲ ဇိမ်ခံလူနေမှုဘဝကို ဖြတ်သန်းနေနိုင်တာတွေ့ရပါတယ်။
နန်းနှင်းနန္ဒာအေး (ခေါ်) အာကူးဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှု အဖွဲ့အဖြစ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ BGF/KNA နဲ့ ဆက်စပ်တဲ့ လုပ်ငန်းစု ၄ ခုထက်မနည်းမှာ ရှယ်ယာပိုင်ဆိုင်တာနဲ့ ဒါရိုက်တာအဖြစ် ရာထူးရယူထားတာတွေရှိတယ်လို့ Justice For Myanmar က ဖော်ထုတ် ရေးသားခဲ့ဖူးပါတယ်။
လက်ရှိမှာ သူမဟာ မြန်မာကျပ်ငွေ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းတန်ဖိုးရှိ နာမည်ကြီးအမှတ်တံဆိပ် နာရီ၊ လက်ကိုင်အိတ်၊ ဖိနပ်နဲ့ တန်ဖိုးကြီးအသုံးအဆောင်တွေကို နေ့စဉ်ထည်လဲဝတ်ဆင်ပြီး ဇိမ်ခံလူနေမှုဘဝကို ဖြတ်သန်းနေနိုင်တာကို သူ့ရဲ့ လူမှုကွန်ရက်ဖော်ပြချက်တွေကနေတဆင့် မြင်တွေ့ရပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ စောချစ်သူနဲ့ မိသားစုဝင်တွေက လက်နက်ကိုင်အင်အားကိုသာ အခြေခံတာမဟုတ်တော့ဘဲ ဒေသတွင်းမှာ အလှူအတန်း၊ ပျော်ပွဲရွှင်ပွဲတွေကို ငွေကြေးစိုက်ထုတ် လုပ်ဆောင်လာကြသလို ဒေသနေ လူမှုအသိုင်းအဝိုင်းအပေါ်မှာပါ ဩဇာတည်ဆောက်လာနေတာကိုလည်း တွေ့ရပါတယ်။
https://youtu.be/Dggd3HZqnKE
👍23❤4😁3🤔2😭2
ဒေါ်လာနှင့်အပြိုင် ဓာတ်ဆီ တလီတာ ကျပ် ၁၀၀ ကျော် ခုန်တက်
ဧရာဝတီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၆
အာဏာသိမ်းအစိုးရ၏ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် ကျပ် ၂၁၀၀ ဘီလီယံချေးငွေရယူရေး လွှတ်တော်၌ အတည်ပြုပြီးနောက် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးများ မြင့်တက်လာသလို စက်သုံးဆီ ဓာတ်ဆီဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခုအပတ်အတွက် အာဏာသိမ်းအစိုးရလက်အောက်ခံ စက်သုံးဆီတင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ သတ်မှတ်ဈေးမှာ ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၀၅ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၅၀ ကျပ်၊ ဒီဇယ်တလီတာလျှင် ၄,၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၄၀ ကျပ်ဖြစ်သောကြောင့် ယခင်တပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ ၉၂ တလီတာလျှင် ၁၁၀ ကျပ်နှင့် ဓာတ်ဆီ ၉၅ တစ်လီတာလျှင် ၈၀ ကျပ် မြင့်တက်လာသော်လည်း ဒီဇယ်ဈေးနှုန်းအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တလီတာလျှင် ၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တလီတာလျှင် ၁၃၅ ကျပ်ထိ ဈေးကျလာသည်ကို တွေ့ရသည်။
ရန်ကုန်မြို့တွင်းအငှားယာဉ်မောင်းတဦးက “ ဈေးအတက်နဲ့ဖွင့်ပြီးနောက် ဆီဆိုင်တွေမှာတော့ မနေ့ကလို မပြတ်တော့ဘူး၊ ပြန်ရနေပြီ။ ဒေါ်လာတက် ပြီးတော့ အခု စက်သုံးဆီ တက်ဆိုတော့ ဒါကိုမှီပြီး ကျန်တာတွေ အကုန် လိုက်တက်တာ ဖြစ်တဲ့အတွက် အခုချိန်က မရှိတဲ့သူရော ရှိတဲ့သူရော အဆင်မပြေကြဘူး။ Taxi စီးတဲ့သူတွေလည်း အခုချိန်ပါးတယ်။ ကျနော်လည်း ဆီဈေးတက်တာနဲ့ စီးတဲ့သူ မရှိတာနဲ့ နေ့စဉ် အိမ်အတွက် ဝင်ငွေတောင် ဘယ်လိုရှာရမယ်မသိတော့ဘူး" ဟု ဧရာဝတီသို့ ပြောသည်။
ပြင်ပမှောင်ခိုဈေးကွက်တွင် ရန်ကုန်မြို့မှာပင် စက်သုံးဆီ တလီတာ ၆,၀၀၀ ကျပ်ကျော်မှ ၇,၀၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်နေပြီး စစ်ပွဲဖြစ်ပွားရာဒေသများနှင့် ဝေးလံသော ဒေသများတွင် ယခုဈေးနှုန်းထက်ပို၍ မြင့်တက်မှုများ၊ ဆီပြတ်လပ်မှုများရှိနေကြောင်း ဈေးကွက်အတွင်းရှိ သုံးစွဲသူများထံက သိရသည်။
ဒေါ်လာဈေးအနေဖြင့် ယမန်နေ့က တဒေါ်လာလျှင် ၄၇၅၀ ကျပ်ထိ ဈေးတက်ခဲ့ပြီးနောက် ဖမ်းဆီးမည့်သတင်းများကြောင့် ဈေးအနည်းငယ် ပြန်ကျသည်ဆိုသော်လည်း ၄၆၀၀ အထက်တွင် ဆက်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
နိုင်ငံခြားငွေခန်းခြောက်နေသော အာဏာသိမ်းအစိုးရသည် ဒေါ်လာသုံးစွဲမှုလျှော့ချရေး ရည်မှန်းချက်ထားကာ ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချထားပြီး ပြည်တွင်း၌ စက်သုံးဆီ တိုးထုတ်ရန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က တိုက်တွန်းထားသည်။
ပုံစာ-ယခုနှစ် ဧပြီလက တွေ့ရသော ရန်ကုန်ဆီဆိုင်/ဧရာဝတီ

❤20👎11👍10😭3😁2
Media is too big
VIEW IN TELEGRAM
ဝတ်မှုံရွှေရည်ခင်ပွန်း ထုတ်တဲ့ Ve Ve နို့စတော်ဘယ်ရီကို FDA ရုပ်သိမ်း
မင်းသမီး ဝတ်မှုံရွှေရည်ရဲ့ အမျိုးသား ဦးနိုင်ဖြိုးကျော် နဲ့ မော်ဒယ်မင်းသမီး မိုးစက်ဝိုင်တို့ရဲ့ မိသားစုပိုင် ကုမ္ပဏီက ထုတ်တဲ့ VeVe နို့စတော်ဘယ်ရီမှာ ဆိုဒီယမ် ဆိုက်ကလမိတ် ပမာဏများနေလို့ဆိုပြီး ဈေးကွက်ကနေ ပြန်လည် ရုပ်သိမ်းဖို့ အာဏာသိမ်းအစိုးရရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
VeVe အချိုရည်ကို ဦးနိုင်ဖြိုးကျော် ဒုတိယဥက္ကဋ္ဌ တာဝန်ယူတဲ့ Green Circle ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အချိုရည်ထဲမှာပါဝင်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဝတ်မှုံရွှေရည် #VeVe #နိုင်ဖြိုးကျော် #မိုးစက်ဝိုင် #FDA #ဆိုဒီယမ်ဆိုက်ကလမိတ် #DeDe #နို့စတော်ဘယ်ရီ #နို့ဒိန်ချဉ် #WhatsHappeningInMyanmar

👍32❤4🤔2😁1