The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
😭12😁2👎1
😱10😭7😁3
မဲဆောက်မှာ မြန်မာ ၂၀၀ ကျော် ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ယနေ့နံနက်အစောပိုင်းတွင် တရားမဝင် နေထိုင်သူများနှင့် တရားမဝင်လုပ်ငန်းများ နှိမ်နင်းရန် ပူးပေါင်းစစ်ဆင်ရေးတခုကို စတင်ခဲ့ရာ အထောက်အထား မရှိသည့် မြန်မာနိုင်ငံသား အများအပြားကို တွေ့ရှိခဲ့ရပြီး စုစုပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)ရှိရာ မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းသို့ ခိုးဝင်ရန် စောင့်ဆိုင်းနေကြသည့် နိုင်ငံခြားသားများရှိနေခြင်းကြောင့် ယခုကဲ့သို့ စစ်ဆေးရခြင်းဖြစ်ကြောင်း၊ မဲဆောက်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ နေရာ ၂၀ ခုသို့ မော်တော်ယာဉ်များနှင့် ကင်းလှည့်ဆိုင်ကယ်များဖြင့် နံနက်အစောပိုင်းမှစ၍ ဖြန့်ကျက်ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံသားအများအပြားနေထိုင်သည့် Thung Thong ကျေးရွာအပါအဝင် အခြားနေရာများ၊ ဖျော်ဖြေရေးနေရာများ၊ ဟိုတယ်များနှင့် တည်းခိုခန်းများကို အဓိကထား၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- Prapas Rattanawannee's Post


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎23😭8❤3😱1
မိသားစုလွှဲငွေမပြနိုင်သည့် ခွင့်ပြန်လုပ်သား ၄၀၀ခန့် ပြည်ပပြန်ထွက်ခွင့်ပိတ်


ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆


မြန်မာနိုင်ငံသို့ ခွင့်ပြန်လာသည့် အလုပ်သမားများအနက် ၃၆၄ ဦးကို မိသားစုလွှဲငွေ အထောက်အထား မပြနိုင်သဖြင့် ပြန်ထွက်ခွင့်ပယ်ချထားကြောင်း အလုပ်သမားဝန်ကြီးဌာန Safe Migration တယ်လီဂရမ်၌ ယမန်နေ့က ထုတ်ပြန်ထား သည်။


အများစုမှာ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှားမှဖြစ်ပြီး UK၊ ပြင်သစ်တို့မှ မြန်မာနိုင်ငံရှိ မိသားစုထံ ပြန်လာကြသူများ ဖြစ်ပြီး Passport of Job ( PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် ပြည်ပခွင့် ပြန်လုပ်သားများအနေဖြင့် ပြန်ထွက်ခွာ လိုပါက မိသားစုထံလွှဲပို့ငွေ(၂၅)ရာခိုင်နှုန်းနှင့် အခွန်(၂)ရာခိုင်နှုန်းပေးဆောင်ထားကြောင်း အထောက်အထားများ တင်ပြရ မည်ဟု စက်တင်ဘာ ၁၈ရက်မှစ၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။


ထိုသတ်မှတ်ချက်အရ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၈)ရက်မှစတင်၍ ငွေလွှဲပို့မှုနှင့် အခွန်ပေးဆောင်မှုဆိုင်ရာ အထောက်အထားများကို ပြသရမည်ဖြစ်ပြီး ၂၀၂၄ခုနှစ် ဩဂုတ်လနောက်ပိုင်းမှ ပြည်ပသို့ ရောက်ရှိသူများမှာမူ မိမိတို့စတင်ရောက်ရှိသည့်လမှစ၍ လအလိုက်ပေးဆောင်ထားမှုကို ပြသရမည်ဖြစ်ကြောင်း သိရသည်။


စင်ကာပူနိုင်ငံမှ ခွင့်ဖြင့် ပြန်လာကာ ထွက်ခွာခွင့် မရသူ တဦးက “တလလောက်လေး ပြန်လာတာ၊ ပြန်ထွက်ခွာခွင့် တင်တာတွေက တော်တော်လေးကိုရှုပ်တယ်။ အဲဒါတွေကြောင့် ပြန်ကိုပြန်မလာချင်တော့ဘူး။ နောက်ခါဆို ပြန်ရင်လည်း အပြီးပြန်ပဲ ဖြစ်လိမ့်မယ်။ လွယ်ကူနေတာတွေကို မရှုပ်ရှုပ်အောင် လုပ်ထားတာ” ဟု ပြောသည်။


ပြည်ပပြန်ထွက်ခွာခွင့်အတွက် လုပ်သားအချို့သည် မိသားစုထံ ငွေလွှဲထားသော်လည်း သတ်မှတ်ထားသည့်လအလိုက် အထောက်အထား မပြနိုင်ခြင်းနှင့် နှစ်နှစ်ကျော်စာအထိ ငွေလွှဲမှတ်တမ်းများ ပြန်လည် တင်ပြရခြင်းတို့ကြောင့် ငွေကြေးအခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်သည်။


အထောက်အထားများ ပြန်လည်ဖြည့်စွက်တင်ပြရခြင်းကြောင့် ပြည်ပသို့ပြန်လည်ထွက်ခွာရေး အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး သတ်မှတ်ချိန်အမီလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးကိုပါ ထိခိုက်စေကြောင်း ခွင့်ပြန်လုပ်သားများက ပြောသည်။


“သူတို့ရစ်လို့ ခွင့်အလည်ပြန်မလာချင်တဲ့သူတွေက မိသားစုကို တခြားနိုင်ငံ ခေါ်တွေ့နေရတော့ သူများနိုင်ငံထဲ ငွေစီးဆင်း တာ။ ကိုယ့်နိုင်ငံကိုယ်ပြန်တာတောင် ရာဇဝတ်သားတွေလို ဆက်ဆံခံနေရတော့လည်း ဘယ်လိုလုပ်မလဲ “ဟု ဂျပန်မှ ခွင့်ပြန်လာသူတဦးက ပြောသည်။


ပြည်ပထွက်ခွာခွင့် ပိတ်ဆို့မှုကြောင့် ပြည်ပရောက် မြန်မာလုပ်သားအများစုမှာ ပြည်တွင်းသို့ မဖြစ်မနေ အကြောင်းကိစ္စရှိ မှသာ ခွင့်ဖြင့် ပြန်လာကြပြီး မိသားစုများနှင့် တွေ့ဆုံလိုပါက မြန်မာပြည်သို့ မပြန်ဘဲ ထိုင်းနိုင်ငံသို့ ခေါ်ယူတွေ့ဆုံခြင်းက ပိုမိုများပြားလာကြောင်းလည်း သိရသည်။


PJ နိုင်ငံကူးလက်မှတ်ကိုင် ခွင့်ပြန်မြန်မာလုပ်သားများအနေဖြင့် ခွင့်ပြီးဆုံး၍ ပြည်ပနိုင်ငံများသို့ ပြန်ထွက်ခွာချိန် မပျက် မကွက် တင်ပြရမည့် အထောက်အထားများမှာ နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ Visa မိတ္တူ၊ အနည်းဆုံး သက်တမ်းတနှစ်ရှိသည့် OWIC ကတ် ရှေ့နောက် (မိတ္တူ)၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရိုက်နှိပ်ထားသည့် ပြည်ပ ထွက်ခွာခွင့်နှင့် ပြည်ဝင်ခွင့် တံဆိပ်တုံးများပါရှိသည့် နိုင်ငံကူးလက်မှတ်စာမျက်နှာ (မိတ္တူ)၊ လေယာဉ် လက်မှတ် (မိတ္တူ)၊ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ခဲ့သည့် အနီးဆုံး သုံးလစာ အသေးစိတ်အထောက်အထားများ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း တစ်နှစ်စာ ပေးဆောင်ခဲ့သည့် အထောက်အထား၊ ရောက်ရှိကြောင်းသတင်းပို့ပုံစံတို့လိုမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့က ထပ်မံထုတ်ပြန်ထားသည်။


ထိုအချက်များအပြင် ယခင်က ပြည်ပနိုင်ငံများမှ ခွင့်ပြန်လုပ်သားများအနေဖြင့် အလုပ်ရှင်ထံမှခွင့်စာနှင့် သက်ဆိုင်ရာ သံရုံးထောက်ခံစာများကို တင်ပြရပြီး ထိုထောက်ခံစာများတောင်းခံခြင်းကိုမူ အောက်တိုဘာ ၁၀ ရက်မှစတင်ကာ ဖြေလျှော့လိုက်သည်ဆိုသော စာများထွက်နေသည်။


အလုပ်သမားဝန်ကြီးဌာနသည် မိသားစုလွှဲငွေ ၂၅ ရာခိုင်နူန်းနှင့် အခွန်၂ရာခိုင်နူန်း ပေးဆောင်မှုဖြင့် ခွင့်ပြန်လုပ်သား များကို ပြန်ထွက်ရာတွင် တင်းကျပ်ရုံသာမက ပြည်ပတွင် တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား များကိုပါ မိသားစု လွှဲပို့ငွေ အထောက်အထား ပို့ပေးရန် သက်ဆိုင်ရာ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီကတဆင့် တောင်းယူနေပြီး တောင်းမပေးနိုင်သည့် အေဂျင်စီများကို အရေးယူမှုများလည်း ပြုလုပ်လျက်ရှိသည်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/17/417100.html
👎36❤6😭6👍2
😁11😱3👍2
အင်ဒိုနီးရှား တောမီး နယ်စပ်ဖြတ်ကျော် မြူခိုးငွေ့ဥပဒေဖြင့် အရေးယူမည်ဟု စင်ကာပူ ဝန်ကြီးချုပ် သတိပေး

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆

စင်ကာပူနိုင်ငံသည် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံရှိ တောမီးများမှ မီးခိုးများ လွင့်လာသဖြင့် ပြင်းထန်သော မြူခိုးငွေ့ ပြဿနာကို ဆက်လက်ရင်ဆိုင်နေရပြီး၊ မီးလောင်မှုအတွက် တာဝန်ရှိသည့် ကုမ္ပဏီများကို အရေးယူမည်ဟု ဝန်ကြီးချုပ် လောရင့်စ်ဝေါင်းက သတိပေးပြောကြားခဲ့သည်။

အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံ ခါလီမန်တန် ဒေသရှိ ကျယ်ပြန့်သော မီးလောင်မှုများမှ မီးခိုးများ စင်ကာပူဘက်သို့ ဆက်လက်လွင့်စင်လာသောကြောင့် စင်ကာပူ၏ လေထုအရည်အသွေးသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆင့်၌ ဆက်လက်ရှိနေသည်။

အစိုးရ၏ အချက်အလက်များအရ စင်ကာပူ၏ လေထုအရည်အသွေးသည် စက်တင်ဘာ ၄ ရက်တွင် သုံးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေး ထိခိုက်နိုင်သည့် အဆင့်သို့ စတင်ကျဆင်းခဲ့သည်။ ပိုမိုဆိုးရွားလာသော မြူခိုးငွေ့များသည် စင်ကာပူအပေါ် ဖုံးအုပ်လျက်ရှိပြီး၊ လေထုညစ်ညမ်းမှု ဆက်လက်ဆိုးရွားလာသည်နှင့်အမျှ နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေကာ စီးပွားရေးလုပ်ငန်းများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

ကြာသပတေးနေ့ညက X လူမှုကွန်ရက်ပေါ်ရှိ ပို့စ်တခုတွင် လောရင့်စ်ဝေါင်းက အင်ဒိုနီးရှားရှိ သစ်တောနှင့် မီးလောင်မှုများအတွက် တာဝန်ရှိနိုင်သည့် ကုမ္ပဏီများကို အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ သင့်တော်ပါက စင်ကာပူ၏ နယ်စပ်ဖြတ်ကျော် မြူခိုးငွေ့ညစ်ညမ်းမှုဆိုင်ရာ ဥပဒေ (Transboundary Haze Pollution Act) အရ တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်းနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လေ့လာလုပ်ဆောင်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မြင်ကွင်း မရှင်းလင်းမှုကြောင့် စင်ကာပူ၏ ဆီလက်တာ (Seletar) လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ၁၆ စီး လမ်းကြောင်းလွှဲပြောင်းခဲ့ရကြောင်း ချန်ဂီလေဆိပ်အုပ်စုနှင့် စင်ကာပူ လေကြောင်းအာဏာပိုင်အဖွဲ့တို့၏ ပြောရေးဆိုခွင့်ရှိသူများက CNBC သို့ ပူးတွဲမီဒီယာပြန်ကြားချက်တွင် ပြောကြားခဲ့သည်။

ကာလရှည်ကြာနေသော မြူခိုးငွေ့များကြောင့် နေ့စဉ်လူနေမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်နေပြီး၊ ပြင်ပစားသောက်ဆိုင်များနှင့် စင်တာများ အပါအဝင် ပြင်ပခန်းမ အချို့တွင် ရောင်းအားကျဆင်းသွားကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။

မာရီနာဘေးဆန်းစ် (Marina Bay Sands) မှ ပြောရေးဆိုခွင့်ရှိသူတဦးက "ပြင်ပတွင် အချိန်ကြာမြင့်စွာ နေထိုင်ရသည့် အချို့သော ပြင်ပ အတွေ့အကြုံများကို ယာယီဆိုင်းငံ့ထားသည်" ဟု CNBC သို့ အီးမေးလ်မှတဆင့် ပြောကြားခဲ့ပြီး၊ ဟိုတယ်အနေဖြင့် ဧည့်သည်များကို နှာခေါင်းစည်း (Mask) နှင့် လေထုသန့်စင်စက်များ ထောက်ပံ့ပေးလျက်ရှိသည်။

စင်ကာပူနိုင်ငံသည် အဖွဲ့ဝင် ၁၅,၀၀၀ ကျော် ပါဝင်တက်ရောက်သည့် စင်ကာပူ အပြည်ပြည်ဆိုင်ရာ ဆိုင်ဘာသီတင်းပတ် (Singapore International Cyber Week) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်တွင် မြူခိုးငွေ့များသည် "နိုင်ငံတကာဧည့်သည်များကို ကြိုဆိုရန် အကောင်းဆုံးနည်းလမ်း မဟုတ်ပါ" ဟု စင်ကာပူ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ကြီး ဂျိုးဇက်ဖင်းတီယို က ကြာသပတေးနေ့တွင် CNBC ၏ “Squawk Box Asia” သို့ ပြောကြားခဲ့သည်။ အဆိုပါ ပွဲသို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ လာရောက်သူ စံချိန်တင် ပမာဏအဖြစ် ၁၅,၀၀၀ ကျော်ရှိခဲ့သည်။

အစိုးရအနေဖြင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း အပါအဝင် ပြည်သူများကို ကူညီရန် သီတင်းပတ်အနည်းငယ်စော၍ ပြင်ဆင်မှုများ စတင်ခဲ့ကြောင်း တီယိုက ပြောကြားခဲ့သည်။ မြူခိုးငွေ့များ မည်သည့်အချိန်တွင် သက်သာလာမည်ကို မသိရသေးသော်လည်း စင်ကာပူသည် အင်ဒိုနီးရှား တာဝန်ရှိသူများ၏ လိုအပ်ချက်များကို နားလည်ရန် အနီးကပ် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး အကူအညီပေးရန် အသင့်ရှိကြောင်း ပြောသည်။

ယာဉ်လိုင်းနှင့် ပို့ဆောင်ရေးပလက်ဖောင်း Grab ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ၎င်းတို့သည် နှာခေါင်းစည်းများ ဖြန့်ဝေပေးလျက်ရှိပြီး ၎င်းတို့၏ ပလက်ဖောင်း အလုပ်သမားများထံသို့လည်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်း CNBC သို့ အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့သည်။

မြူခိုးငွေ့များသည် စင်ကာပူထက် ကျော်လွန်၍ အိမ်နီးချင်း မလေးရှားနိုင်ငံသို့ပါ ကူးစက်ပျံ့နှံ့လျက်ရှိသည်။

မလေးရှား ဒုတိယ ဘဏ္ဍာရေးဝန်ကြီး အမီးရ် ဟမ်ဇာ အာဇီဇန် က ပိုမိုဆိုးရွားလာသော မြူခိုးငွေ့ပြဿနာသည် အရှေ့တောင်အာရှတခွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် CNBC သို့ ပြောကြားခဲ့ပြီး၊ အဆိုပါပြဿနာကို ဖြေရှင်းရန် ရေဖြန်းလေယာဉ်များနှင့် အခြားအရင်းအမြစ်များကို စေလွှတ်ရန် ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့သည်။ "ဒါဟာ အာဆီယံ နည်းလမ်းနဲ့ ဖြေရှင်းရမယ့် ပြဿနာတခုဖြစ်ပါတယ်" ဟု သူက ပြောကြားခဲ့သည်။

ကိုးကား။ ။ CNBC သတင်း Gasping for clean air: Singapore battles relentless haze as Prime Minister Wong warns of action

ပုံစာ -
👍31❤6👎2😁2😱2
စင်ကာပူအပေါ် မြူခိုးငွေ့များ ဖုံးအုပ်လျက်ရှိသည်/AFP
😭27👎5❤3😱2😁1
ရေစကြိုမြောက်ပိုင်း ဗုံးကြဲမှု ၁၅ ဦး သေဆုံး


ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆


မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းရှိ အင်တာနက်ဆိုင်တဆိုင်ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဗုံးကြဲမှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။


လက်တလောသတင်းများအရ သစ်ကြီးတောကျေးရွာမှ ဒေသခံ ၁၄ ဦးနှင့် သစ်ကောက်ဆိပ်ကျေးရွာမှ တဦးသေဆုံးကြောင်း၊ သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်းလည်း သိရသည်။


ဒေသခံတဦးက"လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အချို့နေရာတွေက ဖုန်းလိုင်းတွေပါ ပြတ်နေတယ်"ဟု ဧရာဝတီကို ပြောသည်။


ဖုန်းလိုင်းများ မမိသဖြင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ စာရင်းများကို အပြည့်အစုံ ကောက်ယူနိုင်ခြင်း မရှိသေးဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။


ယင်းနေ့ ည ၇ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစီးက စစ်ကိုင်းတိုင်း၊ ချောင်းဦးနှင့် မြောင်မြို့နယ်အစပ်ကိုလည်း ဗုံးနှစ်ကြိမ် ကြဲချခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပေါင် ၅၀၀ ဗုံးများ အသုံးပြုခဲ့သဖြင့် အနီးဝန်းကျင်ကျေးရွာများ၌ ပေါက်ကွဲသံများ ကျယ်လောင်စွာကြားရခြင်းနှင့် မြေတုန်ခါမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းမာပင်သတင်းအချက်အလက် ကော်မတီက ထုတ်ပြန်ထားသည်။


သတင်း-မောင်လူအေး
ဓာတ်ပုံ- CJ


#WhatsHappeningInMyanmar
#RejectMilitaryCoup
😭33❤8👎6😁4👍2
Meta AI စမတ် မျက်မှန်တွေ ထိုင်းမှာ စရောင်းတော့မယ်


ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆


Meta AI စမတ် မျက်မှန်တွေကို ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက်နေ့ကစပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။


AI မျက်မှန်တွေအပြင် Meta AI ကိုလည်း ထိုင်းဘာသာနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta က ကြေညာလိုက်ပါတယ်။


ရောင်းချသွားမယ့် AI မျက်မှန်တွေကို Ray-Ban နဲ့ Oakley တို့က ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။


Ray-Ban Meta မျက်မှန်တွေမှာ Gen 3 model တွေဖြစ်တဲ့ Wayfarer, Aviator နဲ့ Zena ဆိုတဲ့ ဒီဇိုင်း ၃ မျိုးပါဝင်မှာဖြစ်ပြီး အမြင်အာရုံ အားနည်းသူတွေ အတွက်တော့ Gen 2 model တွေဖြစ်တဲ့ Blayzer Optics နဲ့ Scriber Optics ဆိုပြီး ၂ မျိုး ပါဝင်မယ်လို့ သိရပါတယ်။


ဒီမျက်မှန်တွေက မြင်ရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးတာ၊ သီချင်းဖွင့်တာ၊ ဖုန်းခေါ်တာ၊ ပြောဆိုမှုတွေကို ဘာသာပြန်ခိုင်းတာ၊ စာပို့တာနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးတာတွေကို လက်အသုံးပြုစရာ မလိုဘဲ လုပ်ဆာင်နိုင်မယ်လို့ သိရပါတယ်။


Oakley Meta မျက်မှန်တွေကတော့ 3K Camera နဲ့ IPX4 ရေစိုခံနိုင်စွမ်း ပါဝင်တဲ့ HSTN (Gen 2) နဲ့ 12-megapixel မြင်ကွင်းကျယ် ကင်မရာနဲ့ IP67 ရေစိုခံနိုင်စွမ်း ပါဝင်ပြီး ပြေးခြင်းနဲ့ စက်ဘီးစီးခြင်းတို့ အတွက် ရည်ရွယ်ထားတဲ့ Vanguard (Gen 2) ဆိုတဲ့ မျက်မှန် ၂ မျိုးကို ရောင်းချသွားမယ်လို့ ဆိုပါတယ်။


Oakley Meta မျက်မှန်တွေက fitness app တွေဖြစ်တဲ့ Strava နဲ့ Garmin တို့ကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။


Meta အပါအဝင် ကုမ္ပဏီအသီးသီးရဲ့ စမတ်မျက်မှန်တွေဟာ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ခံနေရတာ ဖြစ်ပါတယ်။


နယူးယော့ခ်မြို့၊ အင်္ဂလန်နဲ့ ဝေးလ်စ် တရားရုံးတွေမှာဆိုရင် စမတ်မျက်မှန်တွေကို ပိတ်ပင်ထားပြီး US နဲ့ UK ရဲ့ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်နဲ့ ဘားတချို့မှာလည်း ပိတ်ပင်ထားကြပါတယ်။


ဒါ့အပြင် ဩစတြေးလျ နိုင်ငံကလည်း အစိုးရ အဆောက်အအုံတွေမှာ ပိတ်ပင်ဖို့ စဉ်းစားနေပြီး နော်ဝေး နိုင်ငံကလည်း အများပြည်သူ နေရာတွေမှာ စမတ်မျက်မှန် အသုံးပြုမှုကို ပိတ်ပင်ဖို့ စဉ်းစားနေပါတယ်။


ထိုင်းမှာ ရောင်းချသွားမယ့် စမတ်မျက်မှန်တွေရဲ့ ဈေးနှုန်းတွေအနေနဲ့ Ray-Ban Meta Optics (Gen 2) အတွက် ၁၇,၄၉၀ ဘတ်၊ Ray-Ban Meta (Gen 3) အတွက် ၁၆,၆၉၀ ဘတ်၊ Oakley Meta Vanguard အတွက် ၂၀,၃၉၀ ဘတ် နဲ့ Oakley Meta HSTN အတွက် ၁၆,၂၉၀ ဘတ် အသီးသီး ကျသင့်မယ် လို့လည်း သိရပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/17/417103.html


Ref : Bangkok Post , CNA
👍28❤10😁2👎1😱1
😁30❤2😱2🤔1
၅၅ မြို့နယ်ကို အရေးပေါ်အခြေအနေ သက်တမ်း ထပ်တိုး

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆
အာဏာသိမ်းစစ်အုပ်စု ဦးဆောင်၍ ရွေးကောက်ပွဲပြုလုပ်ကာ အရပ်သားအစိုးရအသွင်ပြောင်းထားပြီး ၆ လကြာသည်အထိ တရားဥပဒေစိုးမိုးရေးများ မူလအခြေအနေ မရောက်သေးဆိုကာ ၅၅ မြို့နယ်တွင် ထုတ်ပြန်ထားသည့် အရေးပေါ် အခြေအနေကို ရက်ပေါင်း ၉၀ သက်တမ်း ထပ်တိုးရန် ယမန်နေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။
သက်တမ်းတိုးမြှင့်ရေး အဆိုပြုချက်ကို အောက်တိုဘာ ၁၄ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းဦးက တင်ပြခဲ့ပြီး ဝန်းသိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ မူလအခြေအနေသို့ မရောက်ရှိသေးသည့် မြို့နယ် ၅၅ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ သက်တမ်းတိုးပြီး စစ်အုပ်ချုပ်ရေး ဆက်ထားရန် ထောက်ခံခဲ့ကာ ယမန်နေ့က အပြီးသတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။
သက်တမ်းတိုးမြှင့်သည့် မြို့နယ် ၅၅ မြို့နယ်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်များ ပါဝင်သည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
😁44❤5👎2😱1
Media is too big
VIEW IN TELEGRAM
AA ရဲ့ ထိုးစစ် စစ်တွေ ဒကစ နားအထိ ရောက်လာ


အာရက္ခတပ်(AA) ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စစ်တွေဒေသကွပ်မှုစစ်ဌာနချုပ် (ဒကစ) နားအထိ ရောက်ရှိလာနေပြီလို့ မြေပြင်အခြေအနေကို သိရှိသူတွေက ဧရာဝတီကို ပြောပါတယ်။


စက်တင်ဘာလအတွင်းမှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့အစပ် ဒေသတွေနဲ့ အမြင့်ကျွန်းကျေးရွာနားမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။


ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို AA ထံလက်လွှတ် ဆုံးရှုံးထားရတဲ့ အာဏာသိမ်းစစ်တပ်အတွက် စစ်တွေ ဒကစ ဟာ အရေးကြီးတဲ့ စစ်ဌာနချုပ်တခုလို့ စစ်ရေး သတင်းရင်းမြစ် တွေက ဧရာဝတီကို ပြောပါတယ်။


#မြန်မာ #ဧရာဝတီ #စစ်တွေ #ဒကစ #အမြင့်ကျွန်း #ထိုးစစ် #WhatsHappeningInMyanmar
❤51👍22😁6👎1
👎18😁6❤2😱2
စစ်ရေယာဉ်များ ပြုပြင်ထိန်းသိမ်းဖို့ ရုရှားရေတပ်နှင့် ဆွေးနွေး

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၆
ရုရှား-မြန်မာ နှစ်နိုင်ငံ ရေတပ်ချင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုကို အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ တွေ့ဆုံစဉ် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အာဏာသိမ်းအစိုးရအာဘော် သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရုရှားရေတပ်မှ ဗိုလ်ချုပ် Andrey Nikolaevich ဦးဆောင်သော အဖွဲ့နှင့် တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ပြီး နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်ရေး ကိစ္စများ၊ သတင်းအချက်အလက် ဖလှယ်ရေးနှင့် ရေယာဉ်များ ပြုပြင်ထိန်းသိမ်းရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဆိုသည်။


၂၀၂၁ အာဏာသိမ်းပြီးနောက် ရုရှားနှင့် မြန်မာစစ်တပ်တို့၏ ဆက်ဆံရေးသည် ပိုမိုနီးကပ်လာပြီး လက်ရှိတွင် မဟာဗျူဟာမိတ်ဖက်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကာ စစ်ရေးနှင့် နည်းပညာပူးပေါင်းမှု၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။


ဓာတ်ပုံ-MOI


#WhatsHappeningInMyanmar
#RejectMilitaryCoup
👎37❤3😁2👍1
၂၀၂၆ ခုနှစ် သြဂုတ်လက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်၊ ရက် ၁၀၀ ငြိမ်းချမ်းရေး နဲ့ လက်နက်ကိုင် ၁၃ ဖွဲ့ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/08/14/415492.html
👍28😭4❤3🤔2👎1
Media is too big
VIEW IN TELEGRAM
MNDAA နဲ့ TNLA သိမ်းပိုက်မြို့တွေ ပြန်တောင်းပေးဖို့ တရုတ်ကို ကျားဖြူပါတီ တောင်းဆို


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို အာဏာသိမ်းအစိုးရ အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိနိုင်ရေး ကူညီပေးဖို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။


တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဖုန်းရှူပင်(Peng Xiubin) ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၉ ခုတို့ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးချိန် အခုလိုတောင်းဆိုခဲ့တာလို့ ဦးစိုင်းအိုက်ပေါင်းက ပြည်တွင်းမီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။


#မြန်မာ #ဧရာဝတီ #ကျားဖြူပါတီ #MNDAA #TNLA #တရုတ်ကွန်မြူနစ်ပါတီ #ဦးစိုင်းအိုက်ပေါင်း #ရှမ်းပြည်နယ်မြောက်ပိုင်း #သိမ်းပိုက်မြို့ #WhatsHappeningInMyanmar
😁58❤9👎8
လွန်ခဲ့သည့် ၃ နှစ်က ရှမ်းမြောက် ကျားဖြန့်နှိမ်နင်းမှုကို တရုတ်အာဏာပိုင်များက The Demise of Myanmar-Based Telecom Fraud / 缅北电诈覆灭记) မှတ်တမ်းရုပ်ရှင်အနေဖြင့် တရုတ်အစိုးရပိုင် မီဒီယာများ၌ ယခုလအစောပိုင်းက ပြသခဲ့သလို စစ်တပ်၏မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဟောင်း ဝေစန်း (ခ) ဝေဝှိုင်ရန်နှင့် အဓိက တရားခံ ၃ ဦးကို လူသတ်မှု၊ ကျားဖြန့် အပါအဝင် ကြီးလေးသောရာဇဝတ်မှုများဖြင့် တရုတ်တရားရုံးက အောက်တိုဘာ ၁၃ ရက်တွင် သေဒဏ် ချမှတ်လိုက်သည်။ ထိုအခြေအနေများနှင့် ဆက်စပ်၍ ၂၀၂၄ မတ်လက ဧရာဝတီတွင် ဖော်ပြခဲ့သော ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄) ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်သည်။


ဝေယုံ (ခ) ချောချောအေးသည် မိသားစု စီးပွားရေးလုပ်ငန်းများကို အဓိက ဦးဆောင်နေသူ အမျိုးသမီးဖြစ်ပြီး ဖခင်၏ လုပ်ငန်းများကို ၎င်းလက်ထက်တွင် များစွာ တိုးချဲ့ခဲ့သူလည်း ဖြစ်သည်။ ဟိန်းလီအုပ်စု၊ ဟင်နရီပိုင်အုပ်စု ကုမ္ပဏီများ၏ ဒါရိုက်တာ ရာထူးကို အကိုဖြစ်သူ ဝေချင်ဟိုင်းနှင့်အတူ ယူထားပြီး အကိုထက် ပို၍ လူမှုရေး အားကောင်းသူ ဖြစ်သည်။ ‘ဝေ” မိသားစု၏ နောက်ပိုင်း အသစ်ထောင်သည့် လုပ်ငန်းများကို သူက ဦးဆောင်ခဲ့သည်။


ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ် ကိုးကန့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် တဦးလည်းဖြစ်သည့် ဝေယုံသည် လောက်ကိုင်၏ ဩဇာရှိ အမျိုးသမီးတဦးဖြစ်ပြီး လူမှု ပွဲလမ်းသဘင်များတွင်လည်း အမြဲတွေ့ရတတ်သည်။


ဝေယုံနှင့် ဦးပယ်ဆောက်ချိန်၏ သမီး ပယ်ရင်လန်တို့သည် သူငယ်ချင်းများ ဖြစ်ကြပြီး နှစ်ဦးစလုံးက လောက်ကိုင်၌ ထင်ပေါ် လွှမ်းမိုးမှုရှိသည့် အမျိုးသမီးများ ဖြစ်သည်။ ၎င်းတို့ကို ကိုးကန့် မိသားစုကြီး ငါးစု၏ ဒုတိယမျိုးဆက်များဟု ပြော၍ရသည်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/03/14/380844.html
👎19👍4😁3❤2😭2