Media is too big
VIEW IN TELEGRAM
ပုဂ္ဂလိကကျောင်းတွေကို မြန်မာအမည်ပြောင်းဖို့ USDP အမတ်တင်ပြ
ဇာတိသွေး ဇာတိမာန် မပျောက်စေဖို့ ပုဂ္ဂလိကစာသင်ကျောင်းတွေရဲ့ နာမည်တွေကို မြန်မာအမည်ပြောင်းဖို့ အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ အာဏာသိမ်းအစိုးရရဲ့ ပြည်သူလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဒီအဆိုနဲ့ပတ်သက်ပြီး အာဏာသိမ်းအစိုးရရဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပုဂ္ဂလိက ကျောင်းတွေရဲ့ နာမည်တွေကို မြန်မာလိုပြောင်းဖို့ အစီအစဉ်မရှိသေးကြောင်း ဖြေဆိုခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #USDP #မြန်မာနာမည် #ပုဂ္ဂလိကကျောင်း #စာသင်ကျောင်း #ပညာရေး #WhatsHappeningInMyanmar

😁67❤8👎8
Media is too big
VIEW IN TELEGRAM
မက္ကာမှာ နိုင်ငံသား ၂ ဦး ကွပ်မျက်ခံရမှု ဘင်္ဂလားဒေ့ရှ် ရှင်းလင်းချက်တောင်း
ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့က ဗလီတခုအတွင်း မဖွယ်မရာပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးအပေါ် သေဒဏ်စီရင်ခဲ့မှုကို ကြိုတင်အသိမပေးခဲ့ကြောင်းနဲ့ တရားစီရင်မှုအတွင်း ခုခံချေပခွင့် ရခဲ့သလားဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဆော်ဒီအစိုးရထံ သံတမန်ရေးလမ်းကြောင်းကနေ ရှင်းလင်းချက် တောင်းခံလိုက်ပါတယ်။
သေဒဏ်စီရင်ခံရတဲ့ ချစ်သူ ၂ ဦးဟာ နာဇရူးလ် အစ္စလာမ်နဲ့ ဆွီတီ အက်ခ်တာတို့ဖြစ်ပြီး မက္ကာမြို့က ဗလီတခုအတွင်း မဖွယ်မရာပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တို ဘာလ ၁၄ ရက်နေ့မှာ စီရင်ခံခဲ့ရတာပါ။
#ဧရာဝတီ #မက္ကာမြို့ #ဗလီ #ဆော်ဒီအာရေဗျနိုင်ငံ #ဘင်္ဂလားဒေ့ရှ် #သေဒဏ် #တရားစီရင်မှု

👍28❤6😭1
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠
တရုတ်အကူအညီနဲ့ လေယာဉ်ဆီထုတ်မယ့် သန်လျင်ရေနံချက်စက်ရုံ
အောက်တိုဘာ ၂၁၊ ၂၀၂၆
ဒီတပတ် China Briefing မှာတော့ လေယာဥ်ဆီ ချက်လုပ်နိုင်မယ့် သန်လျင်ရေနံချက်စက်ရုံမှာ လေယာဉ်ဆီထုတ်မယ်ဆိုတဲ့ သတင်း၊ တရုတ်နိုင်ငံကို မြန်မာ့သစ်တင်ပို့မှု မြင့်တက်လာတဲ့ အကြောင်းအပါအဝင် တရုတ် နဲ့ မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။
https://youtu.be/4-nG--LkoCU
#မြန်မာ #ဧရာဝတီ #သန်လျင် #ရေနံ #လေယာဉ်ဆီ #တရုတ် #သစ်

YouTube
တရုတ်အကူအညီနဲ့ လေယာဉ်ဆီထုတ်မယ့် သန်လျင်ရေနံချက်စက်ရုံ | The Irrawaddy
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠
တရုတ်အကူအညီနဲ့ လေယာဉ်ဆီထုတ်မယ့် သန်လျင်ရေနံချက်စက်ရုံ
အောက်တိုဘာ ၂၁၊ ၂၀၂၆
ဒီတပတ် China Briefing မှာတော့ လေယာဥ်ဆီ ချက်လုပ်နိုင်မယ့် သန်လျင်ရေနံချက်စက်ရုံမှာ လေယာဉ်ဆီထုတ်မယ်ဆိုတဲ့ သတင်း၊ တရုတ်နိုင်ငံကို မြန်မာ့သစ်တင်ပို့မှု မြင့်တက်လာတဲ့ အကြောင်းအပါအဝင်…

👎30😁8❤6
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၀၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၅၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၄၈၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၄၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၆ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၀ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၁၆
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

👍29❤3👎1😭1
ဒေါ်လာဈေး ကျပ် ၄,၆၀၀ အထက် ဆက်ရှိနေ
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
ငွေကြေးဈေးကွက်တွင် အမေရိကန်တဒေါ်လာလျှင် ၄,၈၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် အာဏာသိမ်းအစိုးရက ငွေလဲလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း ဈေးနှုန်းမှာ သိသိသာသာ ပြန်လည် ကျဆင်းခြင်း မရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြင်ပငွေလဲဈေးကွက်၌ အမေရိကန်တဒေါ်လာလျှင် ၄,၆၆၀ ကျပ်ဝန်းကျင်ရှိနေပြီး အမြင့်ဈေးတန်းတွင် ဆက်လက် တည်ရှိနေကြောင်း ဒေါ်လာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ပြည်တွင်းဒေါ်လာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “အောက်တိုဘာ ၁၅ ရက်မှာ ဒေါ်လာဈေး ၄,၈၀၀ ဖြစ်သွားတော့ သူတို့ (အာဏာသိမ်းအစိုးရ) အသံမပေး ဘာမပေးနဲ့ ဝင်ဖမ်းတာတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဈေးကတော့ အရမ်းကြီး ကျမသွားဘူး။ တဒေါ်လာ ၄,၆၀၀ ကျော်မှာပဲ ဆက်ရှိနေတယ်။ ဒီနှုန်းအရဆိုရင်တော့ ထပ်ကျသွားဖို့ မရှိဘူး။ ဘတ်ဂျက်ချေးငွေတွေ၊ ငွေကြေးဖောင်းပွတာတွေကြောင့်ပဲ ဈေးက ဆက်မာနေတာလားတော့ ပြော မရသေးဘူး။ အမှန်ဆို ဈေးကစားတယ်ဆို ကျသွားရမှာဖြစ်ပေမယ့် ကျမသွားဘူး” ဟု ပြောသည်။
အောက်တိုဘာ ၁၅ ရက်တွင် တဒေါ်လာလျှင် ၄,၈၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ရန်ကုန်မြို့ရှိ ဒေါ်လာအရွက် လဲလှယ်ရောင်းဝယ်သူ လုပ်ငန်းရှင်တချို့နှင့် ငွေလဲကောင်တာ (Money Changer) တချို့ကို ဝင်ရောက် ဖမ်းဆီးခဲ့သည်။
ယင်းနောက် အောက်တိုဘာ ၁၆ ရက်၊ ၁၇ ရက်၊ ၁၉ ရက်တို့တွင် တဒေါ်လာ ၄,၅၉၀ ၊ ၄,၆၀၀ ကျပ် ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ယနေ့ ၄,၆၆၀ ဝန်းကျင်အထိ မြင့်တက်နေသည်။
အာဏာသိမ်းအစိုးရ၏ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူမည့်အစီအစဉ်၊ ဘီလာရုစ်နိုင်ငံမှ ပို့ကုန်ချေးငွေရယူရေးအစီအစဉ်နှင့် ငွေကြေးဖောင်းပွမှုတို့ကလည်း ဒေါ်လာဈေးအပေါ် သက်ရောက်နိုင်သည့် အချက်များဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍34❤4😭2🤔1
စစ်တပ် ဓာတုလက်နက်သုံးစွဲမှု အသေးစိတ်စုံစမ်းရန် ကုလကို တိုက်တွန်း
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
အာဏာသိမ်းစစ်တပ် ဓာတုလက်နက်သုံးမှုအပေါ် အသေးစိတ်စုံစမ်းဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ယမန်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ “အခြားအဖျက်စွမ်းအားပြင်းလက်နက်များ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောဆိုသည်။
မြေပြင်သတင်းအစီရင်ခံစာအရ စစ်တပ်က မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှုမြင့်မားသည့် ဓာတုပစ္စည်းများ၊ ဖော့(စ်)ဖရပ်ဖြူ (White Phosphorus) နှင့် အလူမီနီယမ်ဖော့စ်ဖိတ်(Aluminum Phosphide) တို့ပါဝင်သော ဓာတုဗုံးများကြဲချ အသုံးပြုခဲ့သည့် စိုးရိမ်ဖွယ်မှတ်တမ်းများရှိပြီး အဆိပ်အတောက်ဖြစ်စေသော ဓာတုအငွေ့များပျံ့နှံ့မှုဖြစ်ပွားပြီးနောက် မူးဝေခြင်း၊ အော့အန်ခြင်း၊ အောင်ဆီဂျင်ပြတ်လပ်ခြင်းနှင့် ခန္ဓာကိုယ်တစ်ရှူးများလျင်မြန်စွာ ပုပ်သိုးပျက်စီးခြင်းများကဲ့သို့ ရောဂါလက္ခဏာများကို မှတ်တမ်းတင်ထားရှိခဲ့ကြောင်းလည်း ထောက်ပြထားသည်။
စစ်တပ်၏ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှုကင်းမဲ့ခြင်း၊ လူ့အခွင့်အရေး အကြိမ်ကြိမ် ချိုးဖောက် ကျူးလွန်ခြင်းနှင့် နိုင်ငံတကာဥပဒေကို လုံးဝလျစ်လျူရှုခြင်းတို့ကြောင့် စိုးရိမ်ဖွယ်အခြေအနေများအား အနီးကပ် စောင့်ကြည့်ကြရန်နှင့် ယင်းဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းနှင့် အတည်ပြုစစ်ဆေးခြင်းတို့ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးကြရန်လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။
ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အကျုံးဝင်သည့် ဓာတုပစ္စည်းများမှာ အရပ်ဘက်နှင့်စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် သဘောသဘာဝရှိသည့်အတွက် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ စစ်တပ်နှင့် အကြမ်းဖက်သမားများအပါအဝင် မကောင်းသောရည်ရွယ်ချက်ရှိသူများက အလွဲသုံးစားပြုလုပ်နိုင်ကြောင်းနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက အရပ်ဘက်နှင့်စစ်ဘက်နှစ်မျိုးသုံးနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများအား အကြိမ်ကြိမ်အလွဲသုံးစားပြုလုပ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။
ထို့ပြင် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်နိုင်ရေးအတွက် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများ၊ အရပ်ဘက်နှင့်စစ်ဘက် နှစ်မျိုးစလုံးသုံးနိုင်သည့် အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာ ဝင်ရောက်မှု ဖြတ်တောက်ပေးကြရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက တောင်းဆိုခဲ့သည်။

👍47❤9😁4👎2
CI ထုတ်ပေးသည့်နေရာ သတင်းယူသည့် ထိုင်းသတင်းထောက် ဟန့်တား နှောင့်ယှက်ခံရ
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ရှိ ထိုင်းရောက် မြန်မာများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရာနေရာအား သတင်းသွားယူရာတွင် မြန်မာစစ်အုပ်စု အရာရှိ၏ ဟန့်တားနှောင့်ယှက်ခြင်းခံခဲ့ရကြောင်း ထိုင်းအလွတ်တန်း သတင်းထောက် Pod Nathaphob ဆိုသူက ၎င်း လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့ ရေးသားထားသည်။
၎င်းအနေဖြင့် သတင်းထောက်တဦးအဖြစ် သိသာစေရန် လက်မောင်းတွင် Press ဟူ၍ ဝတ်ဆင်ထားသော်လည်း CI ရုံးတွင် မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် စစ်အုပ်စု အရာရှိဆိုသူနှင့် မြန်မာလုပ်သား များအား ခေါ်ဆောင်လာသူအချို့က ဝင်ရောက် ဟန့်တားကာ ၎င်း၏မှတ်ပုံတင်အထောက်အထားနှင့် မှတ်တမ်းယူထားသည့် ဓာတ်ပုံများအား ဖိအားပေး ကြည့်ရှုခဲ့ကြောင်းလည်း ဖော်ပြထားသည်။
CI ထုတ်ပေးရေးရုံးများအနေဖြင့် သတင်းမီဒီယာများ၏ သတင်းရယူခွင့်အား ဟန့်တားကာ မည်သည့်အတွက်ကြောင့် လျှို့ဝှက်နေရာများဖြစ်နေသည်ကိုလည်း ၎င်းက မေးခွန်းထုတ်ခဲ့ပြီး အခြားသော ထိုင်းနိုင်ငံအတွင်း သတင်းထောက်များ အချိန်ရပါက ထိုင်းနိုင်ငံရှိ CI ရုံးငါးခုတွင် CI လက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ်များအား အာရုံစိုက်ပေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။
ထို့ပြင် ထိုင်နိုင်ငံရှိ မြန်မာအစိုးရတာဝန်ရှိသူများအနေဖြင့် ထိုင်းနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရှိသည်ကို သတိပြုရန်နှင့် ခြိမ်းခြောက်မှု (သို့မဟုတ်) သတင်း အစီရင်ခံခြင်းတို့အပေါ် အနှောင့်အယှက်ဖြစ်စေရန် ကြိုးပမ်းမှုများအား သည်းခံမည် မဟုတ်ကြောင်းလည်း ၎င်းက ရေးသားထားသည်။
လက်ရှိတွင် CI မလိုဘဲ ထိုင်းက ထုတ်ပေးသည့် ပန်းရောင်ကတ်နှင့် Work Permit တွဲ၍ တရားဝင် အလုပ်လုပ်ခွင့်ရရှိရေးတို့ ထိုင်းရောက် မြန်မာများ တောင်းဆိုလျက်ရှိသည်။
ဓာတ်ပုံ- Pod Nathaphob

👍38😁7👎4❤1
စစ်တပ်ရဲ့ 'က' သုံးလုံး စစ်ဆင်ရေး အချက်အလက်ပေါက်ကြား
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ကသာနဲ့ ကန့်ဘလူ ဆိုတဲ့ “က သုံးလုံး” ဒေသအတွင်းမှာ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ဖို့ ရေးဆွဲထားတဲ့ စစ်ဆင်ရေး တင်ပြချက်တစောင် တော်လှန်ရေးအဖွဲ့တွေဆီ ပေါက်ကြားလာခဲ့ပြီး၊ အဲဒီတင်ပြချက်ကို ဧရာဝတီက ရရှိထားပါတယ်။
ဒီတင်ပြချက်ဟာ အင်းတော်-ဝန်းသိုလမ်းကြောင်းပေါ်က တိုက်ပွဲတခုအတွင်း သေဆုံးသွားခဲ့တဲ့ စစ်သားတဦးရဲ့ ဖုန်းထဲကနေတဆင့် သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး၊ စစ်တပ်အတွင်း အထက်အဆင့်ကို တင်ပြထားတဲ့ စစ်ဆင်ရေးအစီအစဉ်အစစ်အမှန်ဖြစ်ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။
https://youtu.be/ptJJTyIA8rk

❤37👍34😁8
အနာတခြားဆေးတခြားဖြစ်နေတဲ့ အပူရှောင်စခန်းများ
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
မြန်မာနိုင်ငံမှာ စူပါအယ်နီညိုရဲ့ သက်ရောက်မှုကြောင့် ပြင်းထန်တဲ့ အပူဒဏ်ကို ပြည်သူတွေ ခံစားနေကြရချိန်မှာ လျှပ်စစ်မီးကို ပုံမှန်မပေးနိုင်တဲ့ အာဏာသိမ်းအစိုးရက အပူဒဏ်ကို ရှောင်ရှားဖို့ဆိုပြီး အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးထားတာဟာ “အနာတခြား ဆေးတခြား” ဖြစ်နေတယ်လို့ လူထုက ဝေဖန်ထောက်ပြနေကြပါတယ်။
လက်ရှိမှာ ပြည်သူတွေဟာ တဖက်ကလည်း နေ့စဉ် စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရတာကြောင့် အဲဒီအပူရှောင်စခန်းတွေကို တကူးတက သွားရောက်ဖို့အတွက် အခက်အခဲတွေ ရှိနေကြသလို၊ ဒီစခန်းတွေရှိနေတယ် ဆိုတာကိုတောင် အများစုကမသိကြဘူးလို့ ဧရာဝတီက စုံစမ်းမေးမြန်းရာမှာ မှတ်ချက်ပြုကြပါတယ်။
ပြည်သူတွေကတော့ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးနေမယ့်အစား၊ လျှပ်စစ်မီးကိုသာ ပုံမှန်ပြန်လည်ပေးအပ်ဖို့ကို ပိုပြီးတော့ လိုလားတောင့်တနေကြပါတယ်။
https://youtu.be/obNYqa-xTDE

😁46❤6👍4
• ငပြီကျွန်းတိုက်ပွဲက စစ်သားရုပ်အလောင်းတွေ မြစ်ထဲမျောလာ
• စစ်တွေက ထွက်ခွာဖို့ NGO တွေ အသင့်ပြင်ထား
• CI စင်တာမှာ သတင်းသွားယူတဲ့ ထိုင်းသတင်းထောက် ခြိမ်းခြောက်ခံရ
• အကျင့်ပျက်ချစားမှုတွေကြား စားအုန်းဆီခွဲတမ်း လျှော့ဖို့ပြင်
• ကလေးတွေကို ရှယ်ယာခွဲပေးမယ့် အီလွန်မတ်စ် မဲဆွယ်နေလား မေးခွန်းထုတ်ခံနေရ
နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
https://youtu.be/c98bnUc8Csc

👍46❤10😁4🤔1
Media is too big
VIEW IN TELEGRAM
အမေရိကန်ဟာ မြန်မာအတွက် မိတ်ဆွေဖြစ်နေဆဲလား
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
အမေရိကန် နဲ့ မြန်မာနဲ့ ဆက်ဆံရေး ဟာ သမိုင်းမှာ ဘယ်လိုရှိခဲ့သလဲ..ဘယ်အရာတွေကို ဦးစားပေးခဲ့ကြသလဲ..အမေရိကန်က အခုရော ဘယ်ကိုဦးတည်နေလဲ။ မြန်မာပြည်သူတွေမုန်းတဲ့ အာဏာသိမ်းစစ်အစိုးရနဲ့ပေါင်းသွားပြီလား။ အပြည့်အစုံကို သောကြာနေ့ (အောက်တိုဘာ ၂၃) မနက် ၈ နာရီမှာ ထုတ်လွှင့်မယ့် Opinion Talk အပိုင်းသစ်မှာ ကြည့်ရှုနိုင်ပါတယ်။
#မြန်မာ #အမေရိကန် #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ထရန့် #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #Trump #military #myanmar #regime #democracy #IRWENG

👍42❤4😁3🤔1
Media is too big
VIEW IN TELEGRAM
တကယ့်လက်တွေ့ပျံသန်းနိုင်တဲ့ ဟိုဗာဘုတ်ကို တီထွင်လိုက်တဲ့ တရုတ်ဘလော့ဂါ
အောက်တိုဘာ ၂၂၊ ၂၀၂၆
တရုတ်နိုင်ငံက Tech ဘလော့ဂါတဦးဖြစ်တဲ့ ရှန်ချီအာယုဟာ Spider-Man ရုပ်ရှင်ထဲက Green Goblin ဇာတ်ကောင်ရဲ့ ဟိုဗာဘုတ်ကို အားကျပြီး အပြင်မှာတကယ်လက်တွေ့ပျံသန်းနိုင်တဲ့ ဟိုဗာဘုတ်ကို ကိုယ်တိုင်တီထွင်ဖန်တီးလိုက်ပါတယ်။
#မြန်မာ #ဧရာဝတီ #China #vlogger #spiderman #greengoblin #hoverboard

👍61❤13😁5🤔3
သူ့ကို စတင် ဖမ်းဆီးဖို့ ရောက်လာကြတုန်းက အိမ်မှာ သောင်တင်နေတဲ့ ကျောင်းသား တော်လှန်ရေးသမားတွေကို ခေါ်ဆောင်သွားဖို့ ကုန်ကားအများအပြားနဲ့ ရောက်လာခဲ့ကြတာပါ။ သူတို့ကို ခေါ်ဆောင်သွားတာကို ကြည့်နေခဲ့ရတာ ကျနော် မှတ်မိပါတယ်။ ပြီးတော့ အိမ်ဝင်းတခုလုံးကို ဆူးကြိုးတွေ ခတ်လိုက်ကြတယ်၊ ကင်းစခန်းတွေ ဆောက်တယ်၊ ဖုန်းလိုင်းတွေကို ဖြတ်တောက်ပြီး အိမ်ကနေ ထွက်သွားခွင့် မပြုတော့ပါဘူး။
ဒါပေမဲ့ အနည်းဆုံးတော့ ကျနော်တို့ဟာ မေမေ့ရဲ့ ကိုယ်ပိုင်အိမ်မှာ ရှိနေသေးသလို မေမေ့ရဲ့ ကိုယ်ပိုင်ဆရာဝန်ကိုလည်း လာရောက်ခွင့် ပြုခဲ့ပါတယ်။ ကျနော် အင်္ဂလန်ကို ပြန်ရောက်သွားပြီးနောက်မှာတောင် မေမေ့ဆီ ပစ္စည်းအထုပ်တွေ ပို့ပေးနိုင်ခဲ့ပြီး တခါတရံ အဆက်အသွယ် လုပ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တာကတော့ လုံးဝ ကွဲပြားခြားနားခဲ့ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/interview/2026/10/22/417178.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
အင်တာဗျူး | ဘာပဲပြောပြော ကျနော်ဟာ သူ့သားပါ
ချက်နိုင်ငံ၏ Seznam Zpravy သတင်းစာနှင့် အင်တာဗျူးတွင် သူက "ကျနော်ကိုယ်တိုင်က သူ့သားဖြစ်ပြီး အမေ့အတွက် ရပ်တည်မပေးရင် တခြားဘယ်သူက ရပ်တည်ပေးမယ်လို့ မျှော်လင့်နိုင်မှာလဲ" ဟု မေးခွန်းထုတ်ခဲ့သည်။
❤54😭14👍6😁3
အမေရိကန် သံတမန်များ ဆော်ဒီအာရေးဗီးယားမှ ထွက်ခွာပြီး ရေနံဈေး မြင့်တက်
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆။
ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်း ဟူသီတို့၏ တိုက်ခိုက်မှုများ ပိုမိုများပြားလာခြင်းကြောင့် အမေရိကန်ပြည်ထောင်စုက အချို့သော သံတမန်များနှင့် မိသားစုဝင်များအား ဆော်ဒီနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခဲ့ပြီးနောက် ကြာသပတေးနေ့တွင် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
ဘရန့်ရေနံစိမ်း (Brent crude) ကြိုတင်ရောင်းဝယ်ရေးဈေးနှုန်းသည် ၁.၂၉ ဒေါ်လာ သို့မဟုတ် ၁.၂ ရာခိုင်နှုန်း မြင့်တက်ကာ တပီပါလျှင် ၁၁၀.၁၁ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး အမေရိကန် အနောက်တက်ဆက် အလတ်စားရေနံစိမ်း (US WTI) ဈေးနှုန်းသည် ၉၇ ဆင့် သို့မဟုတ် ၁ ရာခိုင်နှုန်း မြင့်တက်ကာ ၉၈.၁၂ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ ဗုဒ္ဓဟူးနေ့က ဘရန့်ရေနံစိမ်းဈေးသည် ပြောင်းလဲမှုမရှိသလောက် ငြိမ်နေခဲ့ပြီး WTI ရေနံစိမ်းဈေးသည် ၆၇ ဆင့် ကျဆင်းခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေသတွင်းရှိ အခြားသော အမေရိကန် သံတမန်အဖွဲ့အများအပြားမှ မိသားစုဝင်များကို ရုပ်သိမ်းရန် အစီအစဉ်ရှိကြောင်း အမေရိကန် အရာရှိများက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အီရန်နှင့် ပူးပေါင်းထားသော ယီမင်နိုင်ငံရှိ ဟူသီတို့သည် ဗုဒ္ဓဟူးနေ့တွင် ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ရာ ဒမ်မမ် (Dammam) ရှိ အရပ်ဘက် လေဆိပ်တခုတွင် အနည်းဆုံး လူတဦး သေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ၊ ဆော်ဒီ ရေနံတွင်းတခုကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။
အီရန်နိုင်ငံ တောင်ပိုင်း စီရစ်ခ် (Sirik) မြို့တွင်လည်း ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်မီဒီယာများက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုများ၏ သဘောသဘာဝနှင့် အစပျိုးမှုကို မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီ (Abbas Araqchi) က မိမိတို့နိုင်ငံအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး သမ္မတ မာဆူး ပီဇက်ရှကီယန် (Masoud Pezeshkian) ကလည်း အမေရိကန်အနေဖြင့် အီရန်ကို ပိတ်ဆို့အရေးယူမှုများနှင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပတ်အတွင်း သင်္ဘောများပေါ်သို့ အနည်းဆုံး တိုက်ခိုက်မှု ၁၈ ကြိမ် ထက်မနည်း ရှိခဲ့ပြီး အီရန်သည် ဟော်မုဇ် ရေလက်ကြားထက် များစွာကျော်လွန်၍ အိုမန်ကွေ့အထိ ဆီတင်သင်္ဘောများကို ပစ်မှတ်ထားနေကြောင်းနှင့် ဒေသတွင်း ကုန်တင်စနစ်ကို ထောက်ပံ့ပေးနေသည့် ရေနံစိမ်း တင်ဆောင်မှုများနှင့် သင်္ဘောအချင်းချင်း ကုန်စည်ကူးပြောင်းမှုများကို အန္တရာယ်ဖြစ်စေနေကြောင်း LSEG လေ့လာဆန်းစစ်သူများက သတိပေးခဲ့သည်။
အမေရိကန် ရေနံစိမ်း လက်ကျန်ပမာဏသည် လွန်ခဲ့သည့်သီတင်းပတ်က ပီပါ ၃.၀၆ သန်း ကျဆင်းခဲ့ပြီး ပီပါ ၄၁၂.၅ သန်းသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန် စွမ်းအင်သတင်းအချက်အလက် အုပ်ချုပ်ရေးအဖွဲ့ (EIA) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ရာ ရိုက်တာစစ်တမ်းတခု၌ လေ့လာဆန်းစစ်သူများ မျှော်မှန်းထားသည့် ပီပါ ၈၂၀,၀၀၀ ကျဆင်းမှုထက် ပိုမိုများပြားခဲ့သည်။
ဒီဇယ်နှင့် ဓာတ်ဆီများ ပါဝင်သော သန့်စင်ပြီး ရေနံထွက်ပစ္စည်း လက်ကျန်ပမာဏသည် အဆိုပါသီတင်းပတ်အတွင်း ပီပါ ၁.၆၈ သန်း မြင့်တက်ခဲ့ပြီး ပီပါ ၁၀၄.၃ သန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လေ့လာဆန်းစစ်သူများက စီပါပီ ၁.၁၆ သန်း ကျဆင်းမည်ဟု မျှော်မှန်းထားခဲ့ကြောင်း EIA ဒေတာများက ဖော်ပြခဲ့သည်။
ထရန့်အစိုးရအဖွဲ့သည် အမေရိကန်၏ ပီပါ ၁ သန်းရှိ အရေးပေါ် သီးသန့်အရန်ဆီ၏ သုံးပုံတစ်ပုံနီးပါးအထိ ချေးငှားရန် ကမ်းလှမ်းနေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး၊ အီရန်နှင့် ယူကရိန်းတို့၌ ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဒီဇယ်ပြတ်လပ်မှုအပေါ် မူတည်၍ မြင့်တက်လာသော ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
တချိန်တည်းမှာပင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အသွေးစွန်းဆုံး ပဋိပက္ခကို ရပ်တန့်ရန် ဝါရှင်တန်၏ နောက်ဆုံး ကြိုးပမ်းမှုအဖြစ် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲများအတွက် အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) အား စိန့်ပီတာစဘတ်မြို့၌ ဗုဒ္ဓဟူးနေ့တွင် လက်ခံတွေ့ဆုံခဲ့သည်။
လာမည့်လထက် မစောဘဲ ယူကရိန်းနှင့် အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ပူတင်က သဘောတူခဲ့ကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးက ဆွေးနွေးပွဲများကို ထောက်ခံကြောင်းနှင့် ထိုဆွေးနွေးပွဲများကို အမြန်ဆုံး စတင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား။ ။ Reuters သတင်း Oil rises as US orders diplomats to leave Saudi Arabia amid escalating tensions

❤24👍19😁3😭1