ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပူတင် သဘောတူ
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်၏ သွေးအထွက်ဆုံး ပဋိပက္ခကို ရပ်တန့်ရန် အမေရိကန်၏ နောက်ဆုံး ကြိုးပမ်းမှုတရပ်အနေဖြင့် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ပူတင်တို့ ဝါရှင်တန်မြို့တွင် တွေ့ဆုံခဲ့ကြပြီးနောက်၊ အမေရိကန်တို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လာမည့်လအတွင်း အမြန်ဆုံး ပြန်လည်စတင်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သဘောတူညီခဲ့ကြောင်း ကရင်မလင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဝစ်ကော့ဖ်နှင့် ပူတင်တို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံကြသည့် နဝမအကြိမ်မြောက် ဖြစ်လာခဲ့ပြီး စိန့်ပီတာစဘတ်မြို့ရှိ ခမ်းနားလှသော ဧကရာဇ်နန်းတော်အတွင်း ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲများကို ရုရှားဘက်မှ အကောင်းမြင်သည့်အနေဖြင့် အမေရိကန်သမ္မတ ထရမ့်က လွှတ်ပေးရန် မေတ္တာရပ်ခံထားခဲ့သော အမေရိကန်ကျောင်းဆရာဟောင်း စတီဖင် ဟက်ဘတ် (Stephen Hubbard) ကို ပြန်လွှတ်ပေးခြင်းဖြင့် စတင်ခဲ့သည်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲသည် ရုရှားတို့၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို အမေရိကန်ဘက်က တခါတရံ မပေးတော့ဘဲ ထိန်းထားခြင်းနှင့် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးများကို နှောင့်နှေးကြန့်ကြာစေခြင်းတို့ဖြင့် အမေရိကန်သည် ယူကရိန်းကို ကျောခိုင်းလာနေပြီဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်ပေးမည်ဟု ထရမ့်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ကတိပြုခဲ့သည်မှာလည်း ယခုအခါ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
စစ်ပွဲပြီးဆုံးသွားပါက ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ လုံခြုံရေးကို မည်ကဲ့သို့ အာမခံချက်ပေးမည်ဆိုသည့်အပေါ် အဓိကထား ဆွေးနွေးသွားမည့် နည်းပညာပိုင်းဆိုင်ရာ အဆင့်ရှိ အဆိုပါ သုံးနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲသစ်များကို အဘူဒါဘီမြို့တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်းနှင့် နိုဝင်ဘာလ ၁၀ ရက် သို့မဟုတ် ထိုရက်နောက်ပိုင်းတွင် စတင်နိုင်ဖွယ်ရှိကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။ အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်ခဲ့သော နောက်ဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် စစ်မစတင်မီ ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဝစ်ကော့ဖ်သည် လွန်ခဲ့သောတရက်က အော်စလိုမြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၊ ဖင်လန်နှင့် နော်ဝေနိုင်ငံတို့၏ ခေါင်းဆောင်များအပြင် ဥရောပနှင့် နေတိုး (NATO) ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၏ ရလဒ်များနှင့်ပတ်သက်၍မူ ကရင်မလင်က ပိုမိုအကောင်းမြင်မှု မရှိလှပေ။ ယူကရိန်းဘက်က အကြံဉာဏ်များနှင့် အဆိုပြုချက် အသစ်များကို တင်ပြလာခဲ့ကြောင်းနှင့် ဆွေးနွေးပွဲများမှာ "အတိုင်းအတာတခုအထိ အရှိန်အဟုန်ကောင်းမွန်မှု" ရှိခဲ့ကြောင်း ဝစ်ကော့ဖ်က ပူတင်အား ပြောကြားခဲ့သည်ဟု အမေရိကန်အရာရှိတဦးက ဆိုသည်။
ထို့ပြင် ပူတင်သည် အီရန်နှင့်ပတ်သက်၍ ထရမ့်အား ကူညီပေးရန် အဆိုပြုချက်ကိုလည်း ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် အသုံးချခဲ့ပြီး၊ အီရန်၏ ညူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရာတွင် အသုံးချနိုင်ရန်အတွက် ရုရှားနိုင်ငံသည် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ တီဟီရန်နှင့် သဘောတူညီချက်တခု ရရှိရန်မှာ ဖြစ်နိုင်ချေရှိသကဲ့သို့ လိုအပ်လည်း လိုအပ်ကြောင်း ပူတင်က ဝစ်ကော့ဖ်အား ပြောကြားခဲ့သည်ဟု ကရင်မလင်က ဆိုသည်။
အမေရိကန် တောင်သူလယ်သမားများကို ကူညီရန်အတွက် ဓာတ်မြေသြဇာ အမြောက်အများကိုလည်း အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ပေးနိုင်ကြောင်း ရုရှားသမ္မတက ဝစ်ကော့ဖ်အား ပြောကြားခဲ့သည်။
လာမည့်လတွင် တရုတ်နိုင်ငံ၌ သမ္မတထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ပြုလုပ်ဖွယ်ရှိသည့် အလားအလာရှိသော တွေ့ဆုံပွဲကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဤကဲ့သို့သော တွေ့ဆုံပွဲမျိုးမှာ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်လာလိမ့်မည်ဟု ဘေဂျင်းမြို့က ပြင်ဆင်နေပြီဖြစ်ကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။
ယိုယွင်းလာနေသည့် အမေရိကန်-ယူကရိန်း ဆက်ဆံရေး
အမေရိကန်ပြည်ထောင်စုအတွင်း လောင်စာဆီဈေးနှုန်းများ ကျဆင်းစေရန် ရုရှားနိုင်ငံနှင့် ဒီဇယ်ဆီတင်ပို့ရောင်းချရေး သဘောတူညီချက်တခုကို ယခုလအစောပိုင်းက ထရမ့်က ကြေညာခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်-ယူကရိန်း ဆက်ဆံရေးမှာ ပြင်းထန်စွာ ယိုယွင်းလာခဲ့သည်။ အီရန်နိုင်ငံအပေါ် ၎င်းက တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း မြင့်တက်လာခဲ့သော လောင်စာဆီစရိတ်ကြီးမြင့်မှုများသည် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများ မတိုင်မီ ၎င်း၏ ရီပတ်ဘလစ်ကန်ပါတီဝင်များကို ထိခိုက်စေခဲ့သည်။

❤17👍10😁3😭1
ဒီဇယ်ဆီ သဘောတူညီချက် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ယူကရိန်းဘက်က သတင်းအချက်အလက် မျှဝေမှု အချို့နှင့် ၎င်းတို့ အသုံးပြုနေသည့် Starshield စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုစနစ် သုံးစွဲမှုတို့တွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း ညည်းညူခဲ့ကြသော်လည်း အင်္ဂါနေ့က ကျင်းပခဲ့သော အော်စလိုဆွေးနွေးပွဲတွင် အဆိုပါ ပြဿနာများကို ဖြေရှင်းရန် သဘောတူညီချက်တခု ရရှိခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
အမေရိကန် အရာရှိများနှင့် အဆိုပါကိစ္စရပ်နှင့် ရင်းနှီးကျွမ်းဝင်သူများကို ကိုးကား၍ Wall Street Journal သတင်းစာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ရာ၌၊ ယူကရိန်းနိုင်ငံက ရုရှားတို့၏ ပဲ့ထိန်းဒုံး တိုက်ခိုက်မှုများကို ခြေရာခံရန် အဓိက မှီခိုအားထားနေရသော SpaceX ၏ စစ်ဘက်အဆင့်မီ Starlink ဂြိုဟ်တုဝန်ဆောင်မှု အသုံးပြုမှုကို နှေးကွေးစေရန် ဘီလီယံနာ အီလွန်မတ်စ် က လွန်ခဲ့သော တပတ်က အမိန့်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို အမေရိကန်စစ်တပ် (သို့မဟုတ်) သမ္မတကသာ ချမှတ်ခြင်းဖြစ်ကြောင်း မတ်စ်က ပြောကြားခဲ့သည်။ မိမိတွင် တာဝန်မရှိကြောင်း ထရမ့်က ပြောကြားခဲ့ပြီး၊ ကိယက်ဗ်၏ Starlink ကို အသုံးပြုနိုင်စွမ်းကို ဝါရှင်တန်ဘက်က ရုပ်သိမ်းထားခြင်း မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗုဒ္ဓဟူးနေ့တွင် ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။
ကိုးကား။ ။ Reuters သတင်း Putin agrees to resume 3-way peace talks with Ukraine and US
ပုံစာ - ၂၀၂၅ ခုနှစ် သြဂုတ်လတွင် အလက်စကာ၌ ပြုလုပ်ခဲ့သော ယူကရိန်းစစ်ပွဲဆိုင်ရာ တွေ့ဆုံပွဲအပြီး ဒေါ်နယ်ထရမ့်နှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဗလာဒီမာ ပူတင်/ AFP

❤19👍19😁3🤔3
မြန်မာဘက်မှ ဖိအားကြောင့် ရွှေ့ပြောင်းလုပ်သား ၁ သန်းခန့် တရားမဝင် ဖြစ်သွားနိုင်
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
အာဏာသိမ်းအစိုးရ၏ ကြပ်မတ်ဖိအားပေးသည့် စည်းမျဉ်းများကြောင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ သန်းကျော် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ပြုလုပ်နေသောစနစ်အတွင်းမှ ထွက်ခွာသွားနိုင်ပြီး ထိုင်းနိုင်ငံ၌ ရုတ်တရက် အလုပ်သမား ပြတ်လပ်မှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာနိုင်ကြောင်း ရွှေ့ပြောင်းလူဦးရေဆိုင်ရာ အဖွဲ့အစည်းများ ကွန်ရက် (MWG) နှင့် White Employer Group တို့က သတိပေးသည်။
၂၀၂၆-၂၀၂၇ တွင် သက်တမ်းပြည့်မည့် MOU လုပ်သား ၁ သိန်းကျော် ရှိပြီး ဥပဒေအရ ရက်ပေါင်း ၃၀ အတွင်း မိခင်နိုင်ငံသို့ ပြန်ပြီးမှသာ ထိုင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်သော်လည်း စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့် မရတော့သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက် ကက်ဘိနက် ဆုံးဖြတ်ချက်အရ မိခင်နိုင်ငံ၏ နိုင်ငံကူးလက်မှတ် မရှိသေးသော အလုပ်သမား ၇ သိန်းခန့် ရှိပြီး ၎င်းတို့သည် ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားရန် CI စာအုပ် ပြုလုပ်ရမည် ဖြစ်သည်။
ထို့ပြင် ၂၀၂၄ စက်တင်ဘာ ၂၄ နှင့် ၂၀၂၅ ဒီဇင်ဘာ ၂ ရက် ကက်ဘိနက် ဆုံးဖြတ်ချက်အရ ထိုင်း၌ တရားဝင် မြန်မာလုပ်သား ၂ သန်းနီးပါး ရှိပြီး အများစုမှာ CI သက်တမ်းကုန်တော့မည်ဖြစ်ကာ ယင်းအလုပ်သမားများကို မြန်မာနိုင်ငံတွင်းသို့ ပြန်လာ၍ စာရွက်စာတမ်း သက်တမ်းတိုးရန် ဖိအားပေးနေပြီး၊ ယင်းမှာ နိုင်ငံအတွင်းသို့ ပြန်လာစေရန်၊ ငွေလွှဲခိုင်းရန်၊ အခွန်ကောက်ခံရန်နှင့် စစ်မှုထမ်းရန် စစ်အင်အားစုဆောင်းခြင်း အပါအဝင် ဖိနှိပ်လိုသည့် သဘောဖြစ်သည်ဟု ဆိုသည်။
ထိုအခြေအနေတွင် ထိုင်းနိုင်ငံအတွင်း အာဏာသိမ်းအစိုးရက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စခန်း ၅ ခုနှင့် ရွှေ့ပြောင်း ဝန်ဆောင်မှုအဖွဲ့များ ဖွင့်လှစ်ဆောင်ရွက်နေခြင်းသည် မြန်မာလုပ်သား ၃ သန်းကျော်အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေကြောင်း MWG ၏ ညှိနှိုင်းရေးမှူး Adisorn Kerdmongkol က ပြောသည်။
လက်ရှိ နီးစပ်ရာ CI စခန်းများ၌ ပွဲစားများ၏ ကြိုတင်စနစ် (Queue) ကြောင့် တဦးလျှင် ဘတ် ၁,၃၀၀ မှ ၁,၅၀၀ အထိ အပိုဆောင်း ပေးနေရပြီး အလုပ်သမားများ၏ ပြောကြားချက်အရ CI စာအုပ်ကြေး ဘတ် ၂,၆၆၀၊ အာဏာသိမ်းအစိုးရထံ အခွန်ပေးဆောင်ခ ဘတ် ၁,၈၀၀ နှင့် ဗီဇာကြေး ဘတ် ၃,၀၀၀ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ဘတ် ၁၀,၀၀၀ ထက် မနည်း ကျခံနေရကြောင်း သိရသည်။
မြန်မာအာဏာသိမ်းအစိုးရသည် ပြည်ပရောက် လုပ်သားများထံမှ ဝင်ငွေခွန် ၂ မှ ၃ရာခိုင်နှုန်း ကောက်ခံခြင်း၊ ဝင်ငွေ၏ ၂၅ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတဆင့် ပြင်ပပေါက်ဈေးထက် နိမ့်သော တရားဝင် လဲလှယ်နှုန်းဖြင့် မိသားစုထံ မဖြစ်မနေ လွှဲပို့ခိုင်းခြင်း၊ အခွန်နှင့် ငွေလွှဲပြေစာများ ပြသနိုင်မှသာ Passport နှင့် CI စာအုပ် သက်တမ်းတိုးပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထား၍ လုပ်သားအများအပြားမှာ စည်းကမ်းချက်များကို ရှောင်ရှားရန် တရားမဝင် လုပ်သားအဖြစ် ပြောင်းလဲနေထိုင်ရန် ရွေးချယ်လာကြသဖြင့် လုပ်သား ၁ သန်းကျော် စနစ်ပြင်ပသို့ ရောက်ရှိသွားနိုင်ကြောင်း MWG က သုံးသပ်သည်။
White Employer Group ကလည်း ထိုင်းအစိုးရအနေဖြင့် မြန်မာအာဏာသိမ်းအစိုးရကို စာရွက်စာတမ်း သက်တမ်းတိုးရေး တွင် ဝင်ရောက်စွက်ဖက်ခွင့် ပေးထားခြင်းကြောင့် လုပ်သား ၁ သန်းခန့် တရားမဝင် ဖြစ်သွားပါက ထိုင်းစီးပွားရေး လုပ်ငန်းများ အထူးသဖြင့် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍများတွင် အလုပ်သမား ရုတ်တရက် ပြတ်လပ်မှုကြုံရမည်ဖြစ်ကြောင်း၊ စာရွက်စာတမ်း ကုန်ကျစရိတ် မြင့်မားလာသည့်အပြင် လုပ်သားများ မိခင်နိုင်ငံသို့ ပြန်သွားပါက ပြန်မလာနိုင်တော့သည့် အန္တရာယ်ရှိနေကြောင်း ထောက်ပြသည်။
ယင်းပြဿနာကို ဖြေရှင်းရန်အတွက် ထိုင်းအစိုးရအနေဖြင့် မြန်မာအာဏာသိမ်းအစိုးရကို အားကိုးခြင်းမပြုဘဲ အလုပ်သမားများကို ၁ နှစ်မှ ၂ နှစ်အထိ အချိန်ပေး၍ ယာယီ မှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးပေးခြင်း (Unilateral Registration) ကို ချက်ချင်း ဆောင်ရွက်ပေးရန် အလုပ်ရှင်များနှင့် MWG အဖွဲ့တို့က ထိုင်းအစိုးရသို့ တောင်းဆိုထားသည်။
ပုံစာ-ထိုင်းရောက် မြန်မာလုပ်သားများ ဆန္ဒထုတ်ဖော်စဉ်(ပုံဟောင်း)
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤34👍24👎6😁3
Media is too big
VIEW IN TELEGRAM
CI စင်တာမှာ သတင်းသွားယူတဲ့ ထိုင်းသတင်းထောက် ခြိမ်းခြောက်ခံရ
ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း လက်မှတ် (CI) ထုတ်ပေးတဲ့ စင်တာတခုမှာ သတင်းရယူနေချိန် မြန်မာစစ်အုပ်စုဘက်က ခြိမ်းခြောက်ခဲ့တယ်လို့ ထိုင်းသတင်းထောက် Pod Nathaphob က သူ့ရဲ့မှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့မှာ သတင်းသွားယူချိန် စင်တာက မြန်မာအရာရှိတဦးက သူ့ရဲ့ အချက်အလက်တွေကို တောင်းယူကြည့်ရှုခဲ့ပြီး တခြားအမျိုးသားနှစ်ဦးကလည်း ဓါတ်ပုံရိုက်ကူးနေမှုကို မကျေနပ်သလိုမျိုး ခြိမ်းခြောက်မှုဆန်ဆန် သတိပေးခဲ့တယ်လို့ Pod က ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #မြန်မာရွှေ့ပြောင်း #အလုပ်သမား #ထိုင်းသတင်းထောက် #CI #စမွတ်ပရာကန်ခရိုင် #WhatsHappeningInMyanmar

👍41❤6😁5😱4👎1
Media is too big
VIEW IN TELEGRAM
စစ်တွေက ထွက်ခွာဖို့ NGO တွေ အသင့်ပြင်ထား
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အခြေစိုက်ထားတဲ့ NGO နဲ့ INGO အရပ်ဘက်အဖွဲ့အစည်းက ဝန်ထမ်းတွေအနေနဲ့ မြို့ကနေ ထွက်ခွါဖို့အသင့် ပြင်ဆင်ထားတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က ဧရာဝတီကိုပြောပါတယ်။
စစ်တွေမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ-ဒကစ)အနီးကို အာရက္ခတပ်တော်(AA)ရဲ့ တိုက်ပွဲတွေ ရောက်လာနေသလို ငပြီကျွန်း ကမ်းတက် တိုက်ပွဲတွေကြောင့် စစ်တွေမြို့ပတ်ချာလည်မှာ စစ်တပ်နဲ့ အေအေတို့ အကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်တာကြောင့် အဖွဲ့အစည်းတွေက ထွက်ခွါဖို့အတွက် အသင့်ပြင်ဆင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ရခိုင်ပြည်နယ် #စစ်တွေ #INGO #NGO #အရပ်ဘက်အဖွဲ့အစည်း #ဒကစ #AA #ငပြီကျွန်း #WhatsHappeningInMyanmar

👍43😁5❤3
ကမ္ဘာလုံးဆိုင်ရာ အစီအမံ (၄) ရပ်ဖြင့် တရုတ်-မြန်မာ ဆက်ဆံရေး နက်ရှိုင်းစေမည်ဟု သံအမတ် မာကျား ပြော
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်အောက် နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်လာနေသည်ဟု တရုတ်သံအမတ်ကြီး မစ္စ မာကျားက တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ဆက်ဆံမှု၏ ခေတ်သစ်တေးသွားကို သီကျူးဖော်ဆောင်လျက်ရှိ” ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၂၁ ရက်ထုတ် အာဏာသိမ်းအစိုးရ သတင်းစာများ၌ ရေးသားထားသည့် ဆောင်းပါးတွင် ထည့်သွင်း ဖော်ပြသည်။
ကမ္ဘာလုံးဆိုင်ရာ အစီအမံ (၄) ရပ်ဆိုသည်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI) ၊ လုံခြုံရေး အစီအမံ (GSI) ၊ ယဉ်ကျေးမှု အစီအမံ (GCI) နှင့် စီမံခန့်ခွဲမှု အစီအမံ(GGI) တို့ဖြစ်ပြီး ထိုအစီအမံများကို မြန်မာနိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI) တွင် ပြည်သူအဓိကထား ဖွံ့ဖြိုးရေးအတွက် ကမ္ဘာအနှံ့ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော် စုစည်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် စီမံကိန်း ၅ ခုအပြင် လန်ချန်း-မဲခေါင် ရန်ပုံငွေဖြင့် စီမံကိန်း ၁၄၀ အကောင်အထည်ဖော် ပံ့ပိုးပေးခဲ့ကြောင်း၊ လုံခြုံရေး အစီအမံ (GSI)၌ ဘုံလုံခြုံရေးအမြင်ဖြင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများကို ပယ်ချကာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းလျက်ရှိကြောင်း၊ ယဉ်ကျေးမှု အစီအမံ (GCI) တွင် ယဉ်ကျေးမှုစုံလင်မှုကို လေးစားပြီး တန်းတူညီမျှ ကူးလူးဖလှယ်ရေးအတွက် ရုပ်ရှင်၊ မီဒီယာ၊ လူငယ်နှင့် အားကစား အစီအစဉ်များမှတဆင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးမြှင့်လျက်ရှိကြောင်း ဖော်ပြသည်။
ထို့ပြင် စီမံခန့်ခွဲမှု အစီအမံ (GGI)၌ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို စွဲကိုင်ကာ ကုလသမဂ္ဂနှင့် ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ခြမ်း (Global South) နိုင်ငံများ၏ အခန်းကဏ္ဍအား မြှင့်တင်ပေးလျက်ရှိပြီး မြန်မာနိုင်ငံသည်လည်း ယင်းယန္တရားများတွင် တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း ဆိုသည်။
တရုတ်နိုင်ငံသည် အဆိုပါ အစီအမံ (၄) ရပ်ကို အခွင့်အလမ်းအဖြစ် အသုံးပြု၍ မြန်မာနိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို ခိုင်မာစွာ တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောသည်။

😁49👎5❤4😭3
Media is too big
VIEW IN TELEGRAM
ရဲကားကို ဝင်တိုက်ခဲ့တဲ့ Tesla အလိုအလျောက် မောင်းနှင်စနစ်
အောက်တိုဘာ ၂၂၊ ၂၀၂၆
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အလိုအလျောက်မောင်းနှင်မှုစနစ် နဲ့ မောင်းနှင်လာတဲ့ Tesla ကားတစီးက ရဲကားကို၀င်တိုက်မိမှုကြောင့် ရဲတပ်ဖွဲ့၀င်နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #အမေရိကန် #tesla

😁42👍9😱5❤1
တိုင်းနှင့် ပြည်နယ် ၇ ခုမှာ လုံ/နယ် ဝန်ကြီးအပြောင်းအလဲ လုပ်
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
အာဏာသိမ်းအစိုးရ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်းနှင့် ပြည်နယ် ၇ ခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၇ ဦးကို အစား ထိုး ပြောင်းလဲလိုက်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ အပိုင်းလိုက် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်ချုပ်က အမည်စာရင်း တင်သွင်းထားသည့် တပ်မတော်သား တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ ဦးကို အစားထိုး ပြောင်းလဲလိုက်ကြောင်း ဖော်ပြထားသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ ဦးသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ကြသည်။
အစားထိုး ပြောင်းလဲလိုက်သည့် တပ်မတော်သား တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှာ ကယားပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီး သန်းစိုးအောင်အစား ဗိုလ်မှူးကြီး နောင်လတ်၊ စစ်ကိုင်းတိုင်း လွှတ်တော်မှ ဗိုလ်မှူးကြီး ဝင်းတင်စိုး အစား ဗိုလ်မှူးကြီး မင်းသိန်း၊ မကွေးတိုင်း လွှတ်တော်မှ ဗိုလ်မှူးကြီး မိုးမင်းသိန်း အစား ဗိုလ်မှူးကြီး နိုင်ဇင်ထွန်း၊ မွန်ပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီး ကျော်စွာမြင့် အစား ဗိုလ်မှူးကြီး ရဲထွဋ်၊ ရခိုင်ပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီး ကျော်သူရ အစား ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ ရန်ကုန်တိုင်း လွှတ်တော်မှ ဗိုလ်မှူးကြီး ဝင်းတင့် အစား ဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့် ရှမ်းပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီး စိန်ဝင်း အစား ဗိုလ်မှူးကြီး ကျော်မျိုးမင်း လတ် တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
အစားထိုး ပြောင်းလဲမည့် နေရာများသည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး နေရာများဖြစ်ပြီး အစားထိုး တာဝန်ယူမည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် မကြာမီ ကတိသစ္စာပြုမည်ဖြစ်ကြောင်းနှင့် ကတိသစ္စာ မပြုမီ ကာလအတွင်း လက်ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက ဆက်လက် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
ပုံစာ- ရန်ကုန်တိုင်း လွှတ်တော်၌ ဗိုလ်မှူးကြီး ဝင်းတင့် ဖြေကြားပေးနေစဉ်

❤22😁21👍3👎1😭1
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ စကားပြောခွင့်ရ (Breaking News)
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်တို့ စကားပြောခွင့်ရခဲ့ကြောင်း ယနေ့ သူ၏ လူမှုကွန်ရက်တွင် ရေးသားပြောဆိုထားသည်။
မိခင် လွတ်မြောက်ရေး၊ မြန်မာ့အရေး မေ့မထားရေးတို့အတွက် ကင်မ် ၏ လန်ဒန်မှသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ခြေဆန့် လှည့်လည်ပြီး ကမ်ပိန်းလှုပ်ရှားမှုများဖြင့် ကြိုးပမ်းနေခြင်း၊ ပြီးခဲ့သည့် စက်တင်ဘာ ၁၅၊ ၁၆ ရက်တို့တွင် အမေရိကန် သမ္မတထရမ့် အစိုးရအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေသနဗျူရို လက် ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ဗန့်စ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ လာရောက်၍ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခြင်းများအပြီး ယခုကဲ့သို့ မိသားစုနှင့် စကားပြောခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ကင်မ်အဲရစ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ မိသားစုနှင့် ချက်ချင်း၊ ပုံမှန် တွေ့ဆုံ ဆက်သွယ်ခွင့်ပေးရန်တို့ တောင်းဆိုထားပြီး ယင်းမှာ နိုင်ငံရေးအရ အလျှော့အတင်း လုပ်ပေးသည့် အခွင့်အရေး မဟုတ်ကြောင်း၊ အခြေခံ လူ့အခွင့်အရေးများသာဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်အထိ သူ၏ လူမှုကွန်ရက်မှ တဆင့် တောင်းဆိုထားခဲ့သည်။
အောက်တိုဘာ ၁၉ ရက်ကလည်း ချားလ်စ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည် အား စာအုပ် ၂ အုပ်နှင့် အိတ်ပိတ် စာအိတ် တအိတ် ပေးပို့ခဲ့သည်ကို ပြည်ထဲရေးဝန်ထမ်းများမှ သွားရောက်ပေးအပ်ခဲ့ကြောင်း အာဏာသိမ်းအစိုးရ ထုတ်ပြန်လာ သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အပြုသဘောဆောင်မှုရှိလာကြောင်း သုံးသပ်မှုတချို့လည်း ရှိခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်သည့်နေ့မှာပင် စစ်အုပ်စု ဖမ်းဆီးကာ ပုဒ်မများစွာတပ် အကျဉ်းချ ထားသည့် ဒေါ်အောင်ဆန်းစုကြည်အား ၅ နှစ်ကျော်ကြာကာလ ယခုနှစ်အတွင်း နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခဲ့သလို ပြီးခဲ့သော ဩဂုတ်လကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် တွေ့ဆုံခွင့် ပြုခဲ့သည်။
ICRC နှင့် မတွေ့ဆုံမီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ဖော်ပြသခဲ့ခြင်းမရှိခဲ့သလို ကျန်းမာရေးအခြေအနေ နှင့် ပတ်သက်၍လည်း ကောင်းမွန်ကြောင်းသာ စစ်အုပ်စုဘက်က တုံ့ပြန် ထုတ်ပြန်လေ့ရှိသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် ဧပြီလထဲတွင် ကင်မ်အဲရစ် ဦးဆောင်သော Proof of Life ကမ်ပိန်း စတင်ခဲ့ကာ ဒေါ်အောင်ဆန်း စုကြည် သက်ရှိထင်ရှားရှိနေကြောင်း တရားဝင် အထောက်အထား ပြသပေးရန် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့်အတူ ဝိုင်းဝန်း တောင်းဆိုခဲ့ကြသည်။
၈၁ နှစ်အရွယ် မိခင်နှင့် ဆက်သွယ် စကားပြောခွင့်ရရေး၊ မိခင် လွတ်မြောက်ရေးတို့အတွက် ကင်မ်အနေဖြင့် နိုင်ငံ အသီးသီးရှိ ဒီမိုကရေစီလိုလားသူများနှင့် ပူးပေါင်းကာ ကမ်ပိန်း လှုပ်ရှားမှုများဖြင့် တောက်လျောက် တောင်းဆိုခဲ့ ရှိသလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း စစ်အုပ်စုကို ဖိအားပေးရန်ပါ တိုက်တွန်းမှုများပါ ပြုလုပ်ခဲ့သည်။
၂၀၂၆ ဇွန် ၄ ရက်က ဩစတြေးလျရောက် မြန်မာများနှင့်အတူ ကင်ဘာရာမြို့ရှိ ပါလီမန်ရှေ့ ဒေါ်အောင်ဆန်းစုကြည် အပါ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ မိခင် သက်ရှိထင်ရှားရှိနေကြောင်း ပြသဖို့ အရှိန်မြှင့် တောင်းဆိုခဲ့ကြသလို ကင်မ်အနေဖြင့် ဩစတြေးလျအစိုးရအဖွဲ့၊ ပါလီမန်အမတ်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့သည်။
ထိုလှုပ်ရှားမှုများနှင့်အတူ မြန်မာသံရုံးများသို့ တောင်းဆိုစာကိုပါ လိုက်လံ ပေးပို့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အား ICRC နှင့် တွေ့ဆုံခွင့်ပေးလိုက်ခြင်းမှာ Proof of Life ကမ်ပိန်းအတွက် အရာထင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း သတင်းအစန ပျောက်နေရာမှ အနည်းငယ် ပိန်သွားသည့် ပုံစံနှင့် ဒေါ်အောင်ဆန်းစုကြည် အား အရည်အသွေး ခပ်ညံ့ညံ့ရိုက်ကူးထားသော စစ်အုပ်စု ထုတ်ပြန်သည့် ဓာတ်ပုံဖြင့် ပြန်လည် မြင်တွေ့ရခြင်းမှာ လူထုအတွက် ဝမ်းသာကြည်နူးမှု၊ မျှော်လင့်ချက်များ ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။
ကင်မ်က တကြိမ်တည်းသော တွေ့ဆုံမှုသည် အစပိုင်းဖြစ်ကြောင်းနှင့် နောက်ထပ်ဖြစ်လာရမည်မှာ မိသားစုနှင့် အဆက် အသွယ်ရရှိရေး ပွင့်လင်းမြင်သာမှုရှိရေးနှင့် လွတ်မြောက်ရေးတို့ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“မေမေနဲ့ တွေ့ခွင့်ပေးပါ၊ ကျနော့် မေမေကို မြင်ချင်တယ်။ မေမေနဲ့ စကားပြောခွင့်ပေးပါ၊ ကျနော်တို့ မိသားစု ပုံမှန် ဆက်သွယ်ခွင့် ရချင်တယ်၊ ကျနော့် မေမေကို လွှတ်ပေးပါ” ဟု ကင်မ်အဲရစ် က ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် လန်ဒန်မြို့ရှိ မြန်မာသံရုံးသို့ စာသွားရောက် ပေးပို့ချိန်တွင် သံရုံးရှေ့၌ ပြောသည်။
Proof of Life ကမ်ပိန်းကာလမှာ ပြီးဆုံးခဲ့သော်လည်း ယခုတွင်မူ မိခင် လွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်း ကို ကင်မ်အဲရစ် ဦးဆောင်၍ ဆက်လက် လုပ်ဆောင်ကာ တောင်းဆိုမှုများတောက်လျက် ပြုလုပ်လျက်ရှိသည်။

❤65👍9😁2
ထို့အတူ ချက်နိုင်ငံ ပရာ့ဂ်မြို့၌ ပြီးခဲ့သည့်အပတ်က ကျင်းပသည့် Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ကင်မ် တက်ရောက်ခဲ့သလို ညီလာခံအတွင်းပင် မိခင်ဖြစ်သူ လွတ်မြောက်ရေး၊ နိုင်ကျဉ်းများ လွတ်မြောက် ရေး တောင်းဆိုခဲ့သည်။
ဩဂုတ် ၂၈ ရက် နံနက်က အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်နှင့် TIME မဂ္ဂဇင်း အင်တာဗျူးစဉ် ၎င်းတို့အနေဖြင့် အလွန်အမင်း သက်ညှာပေးထားပြီး ဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ရမရဆိုသည်မှာ သူမ (ဒေါ်အောင်ဆန်းစု ကြည်) အပေါ်၌သာ မူတည်ကြောင်း ထည့်သွင်း ဖြေကြားခဲ့သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် ထောင်ဒဏ်အနေဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့မှုများကြောင့် လက်ကျန်ထောင်ဒဏ်မှာ ၁၈ နှစ် ၉ လသာ ကျန်ရှိတော့ကြောင်း သိရသည်။

👍34❤16😁5
ချင်းမိုင်ဘူတာ၌ အဖမ်းခံရသည့် မြန်မာလူငယ်များ စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ထိုင်းနိုင်ငံ ချင်းမိုင် ရထားဘူတာ ပလက်ဖောင်း၌ အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးခံခဲ့ရသည့် မြန်မာလူငယ်များ အချုပ်ကျပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်ပို့ခံရချိန် စစ်မှုထမ်းစုဆောင်းနေသူတို့ထံ ရောက်ရှိမည်ကို စိုးရိန်ပူပန်နေကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ချင်းမိုင် ရထားဘူတာ ပလက်ဖောင်းတဝိုက်ကို ထိုင်း ရဲတပ်ဖွဲ့ အောက်တိုဘာ ၁၉ ရက်က ပိတ်ဆို့ရှာဖွေရာ ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန်မာလူမျိုး ၂၇ ဦးအပါအဝင် ၃၅ ဦးအား ဖမ်းဆီးခဲ့သည်ဟု ချင်းမိုင် မယ့်ပင်းရဲစခန်းက ထုတ်ပြန်သည်။
၎င်းတို့ကို ယမန်နေ့က ထောင်ဒဏ် ၂ လနှင့် ဒဏ်ငွေ ၂ထောင် ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ထောင်ဒဏ်ကို လျှော့ပေါ့ခဲ့သော်လည်း ဒဏ်ငွေ ဘတ် ၂ထောင်ကို ပေးဆောင်နိုင်ခြင်းမရှိသည့်အတွက် တရက်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် အချုပ်ကျခံနေရကြောင်း သိရသည်။
ထိုသို့ ကျခံပြီးနောက် မယ်ဆိုင်-တာချီလိတ်မှ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်မည်ဖြစ်သည့်အတွက် စစ်မှုထမ်းစုဆောင်းနေသော အာဏာသိမ်းအစိုးရလက်ထဲ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်ခြင်းကြောင့် ကူညီပေးကြရန် တောင်းဆိုထားသည်။
“သူတို့ကို ချမှတ်ထားသည့် ထောင်ရက်ပြည့်ပြီဆိုရင် သူတို့ကို လဝကကနေ ပြန်လာခေါ်ပြီးတော့ မယ်ဆိုင်-တာချီလိတ်ဘက်ကို ပို့မှာပဲဖြစ်ပါတယ်။ သူတို့ စိုးရိမ်ကြောက်လန့်နေတာက မြန်မာအစိုးရလက်ထဲကို ပြန်ပို့မလားဆိုတဲ့ သောကတွေနဲ့ စိတ်ပူပန်နေကြတယ်။ မယ်ဆိုင်လဝက ကနေ ကူညီပေးနိုင်မယ့်သူတွေအနေနဲ့ သူတို့လက်ထဲမအပ်နိုင်ဖို့ ကူညီပေးဖို့၊ အဖွဲ့အစည်းတွေရှိရင် ဒီလူတွေကို ကူညီပေးဖို့အတွက် တောင်းဆိုပါတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။
အဆိုပါမြန်မာလူငယ်များမှာ ပွဲစားကို ငွေကျပ် ၃၅ သိန်းထိပေးကာ မယ်ဆိုင်မှတဆင့် ချင်းမိုင်နှင့် ချင်းမိုင်မှတဆင့် ရထားဖြင့် ဘန်ကောက်သို့ အလုပ်သွားလုပ်ရန် ခေါ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။

👎28😭9😁5❤4
"မြန်မာပြည်သူတွေက သူတို့ကို ဘယ်လိုမြင်သလဲဆိုတာကို တရုတ်ဘက်က မေးပါတယ်" ဟု တက်ရောက်သူတဦးက ဧရာဝတီသို့ ပြောသည်။ "ပြည်သူအချို့က မကောင်းတဲ့အမြင် ဒါမှမဟုတ် သံသယဖြစ်ဖွယ်အမြင်တွေ ရှိနေကြတယ်လို့ ပါတီအချို့က ထောက်ပြခဲ့ကြတယ်။ ပြည်သူတွေ နားလည်သဘောပေါက်အောင် တရုတ်က မြန်မာကို ဘယ်လိုကူညီပေးနေသလဲဆိုတာ ပိုမိုပြသဖို့ သူတို့က တရုတ်ကို တိုက်တွန်းခဲ့ကြပါတယ်"
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/10/22/417184.html

ဧရာဝတီ
အမေရိကန်နှင့် ဆွေးနွေးလာသော နေပြည်တော်ကို ဆက်ဆံရေး တရုတ် ပိုမိုခိုင်မာအောင် လုပ်
တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖုန်ရှို့ပင်က ဦးဆောင်ခဲ့သည်။
😁22😭10👎9😱1
ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်အဲရစ်တို့ ဖုန်းပြောနေပုံ ထုတ်ပြလာ
ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်တို့ ယနေ့ မြန်မာစံတော်ချိန် ၂နာရီခွဲမှ ၂နာရီ ၅၀ အထိ မိနစ် ၂၀ ခန့် ဖုန်းပြောခွင့် ရရှိခဲ့ကြောင်း အာဏာသိမ်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ထုတ်ပြန်သည်။
ဒေါ်ခိုင်ခိုင်စိုး၏ ထုတ်ပြန်ချက်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ဟု သုံးနှုန်းထားပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၄၃၀ အချိန်မှ ၁၄၅၀ အချိန်ထိ သူမ၏ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတဆင့် တယ်လီဖုန်းဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆိုခဲ့ကြောင်း ဆိုသည်။
သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကလည်း ယနေ့တွင် မိခင်ဖြစ်သူနှင့် ဖုန်းပြောခွင့်ရကြောင်း လူမှုကွန်ရက်၌ ရေးသားထားသည်။

❤54👍10😁4