ယူကရိန်း Starshield သုံးစွဲခွင့် ထရမ့်အစိုးရအဖွဲ့ ပြောဆိုချက် ရေရေရာရာမရှိ
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆။
ယူကရိန်းရဲ့ ဒရုန်း စစ်ဆင်ရေးတွေနဲ့ ဆက်သွယ်ရေးအတွက် အဓိက အားထားရတဲ့ SpaceX ရဲ့ စစ်ဘက်ဆိုင်ရာ Starshield ဂြိုဟ်တုစနစ်ကို အဟန့်အတား လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ အဖွဲ့ဝင်များအကြား တာဝန်လွှဲချမှုများ ဖြစ်ပေါ်နေပါတယ်။
ယူကရိန်းစစ်တပ်အတွက် ဂြိုဟ်တု အရှိန်ကန့်သတ်ခံရမှုကြောင့် ဒရုန်းများ လမ်းကြောင်းလွဲမှားခြင်းနှင့် သတင်းအချက်အလက် ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ သမ္မတ ထရမ့်က စနစ်များ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားပြီဟု ကြေညာခဲ့သော်လည်း၊ ယူကရိန်းရှိ ဥရောပ အရာရှိတဦးကမူ မြန်နှုန်း ကန့်သတ်ထားဆဲဖြစ်ပြီး မည်သူက အမိန့်ပေးခဲ့သည်ကို ရှင်းလင်းစွာ မသိရသေးကြောင်း ပြောဆိုသည်။ အဆိုပါဖြစ်စဉ်ကြောင့် အမေရိကန် လွှတ်တော်အတွင်း စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။
သက်ဆိုင်သူများ၏ ထွက်ဆိုချက်များ အကျဉ်းချုပ်
သမ္မတ ဒေါ်နယ်ထရမ့် - အဆိုပါ ကန့်သတ်မှုကို မိမိ သို့မဟုတ် အီလွန်မတ် က ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။ သို့သော် နောက်ပိုင်းတွင် အီလွန်မတ် က ဝန်ဆောင်မှုကို ပုံမှန်အတိုင်း ပြန်လည်ပြင်ဆင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဂျေဒီဗန့်စ် - အီလွန်မတ် အနေဖြင့် အမေရိကန်အစိုးရ၏ တိုက်ရိုက်ညွှန်ကြားချက်မရှိဘဲ စစ်ပွဲအတွင်း ပါဝင်ပတ်သက်လိုခြင်းမရှိသည်မှာ သဘာဝကျကြောင်းနှင့် အဓိကပြဿနာမှာ အမေရိကန်၏ မူဝါဒသာဖြစ်ကြောင်း ပြောဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို - ထရမ့် သို့မဟုတ် အမေရိကန်အစိုးရအဖွဲ့မှ မည်သူမျှ ဂြိုဟ်တုစနစ်ကို အကန့်အသတ်ပြုလုပ်ရန် မခိုင်းစေခဲ့ကြောင်းနှင့် အီလွန်မတ် ပိုင်ဆိုင်သည့် ပုဂ္ဂလိကကုမ္ပဏီ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး ပီးတ်ဟက်ဂ်ဆက်သ် - အမေရိကန်အစိုးရတွင် တာဝန်မရှိကြောင်း ငြင်းဆိုပြီး၊ သုံးစွဲမှု စည်းမျဉ်းများ (Terms of Service) နှင့် ပတ်သက်၍ အပြောင်းအလဲလုပ်ပိုင်ခွင့်မှာ စပေ့စ်အိက်စ် (SpaceX) ကုမ္ပဏီတွင်သာ ရှိကြောင်း ပြောဆိုသည်။
အီလွန်မတ်စ်ခ် (SpaceX တည်ထောင်သူ) - Starshield စနစ်သည် အမေရိကန်အစိုးရ ပိုင်ဆိုင်ထိန်းချုပ်သည့် စနစ်ဖြစ်သဖြင့် အရှိန်အကန့်အသတ်များကို အမေရိကန်စစ်တပ်နှင့် သမ္မတကသာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း X (Twitter) တွင် တုံ့ပြန်ပြောကြားခဲ့သည်။
ကိုးကား။ ။ AP သတင်း Trump administration offers mixed messages on limits to Ukraine’s Starshield access
ပုံစာ - ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖလော်ရီဒါရှိ Mar-a-Lago သို့ မထွက်ခွာမီ အီလွန်မတ်စ်ခ်နှင့် စကားပြောဆိုနေစဉ်/AFP

👍31🤔9😁7❤4😱1
တရုတ်တို့သည် နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ယခင်အတွေ့အကြုံများအရ လျှော့တွက်ထားပုံရ၏။ ယခင် ၁၉၄၈ ခုနှစ် စတင်တော်လှန်ခဲ့ကြသည့် ပြည်မတော်လှန်ရေးအင်အားစုများသည် စစ်ရေးအမှား၊ နိုင်ငံရေးအမှားများအပြင် ဘဏ္ဍာရေးနှင့် လက်နက်ခဲယမ်းပြဿနာကို မဖြေရှင်းနိုင်၍ ကျဆုံးခဲ့ကြသည်။ ၁၉၈၈ အရေးတော်ပုံအပြီး ပေါ်ပေါက်လာသည့် NCGUB နှင့် ABSDF မှာလည်း အောင်မြင်မှုမရရှိခဲ့ဘဲ မြန်မာစစ်တပ်သာ အသာစီးရခဲ့၏။ ယင်းသမိုင်းကြောင်းအရ ယခု နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် NUG / PDF များကို ရေရှည်မခံနိုင်ဘဲ ပြိုကွဲသွားနိုင်သည်၊ မြန်မာစစ်တပ်သာ အသာရမည်ဟု တွက်ဆပုံရ၏။
၁၉၈၈ တွင် ပေါ်ပေါက်လာသော NCGUB နှင့် လက်ရှိ NUG ကွာခြား၏။ NCGUB က ခေါင်းသာရှိပြီး ကိုယ်ခန္ဓာနှင့် ခြေလက်မရှိပေ။ NUG ကတော့ အောက်ခြေအထိ အဖွဲ့အစည်းအစုံရှိ၏။ အလားတူ ABSDF မှာ ကရင်၊ ကရင်နီ၊ ကချင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူသာ ရပ်တည်တိုက်ပွဲဝင်နိုင်ပြီး ဗမာဒေသတွင် သီးခြားရပ်တည် တိုက်ပွဲဝင်နိုင်ခြင်းမရှိခဲ့ပေ။ PDF နှင့် နွေဦးတပ်ဖွဲ့များကတော့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းများတွင် အမှီအခိုကင်းစွာ လှုပ်ရှားနိုင်သည်သာမက ဧရာဝတီတိုင်းသို့ပါ ထိုးဖောက်ဝင်ရောက်နိုင်၏။ ရန်ကုန်မြို့ပေါ်ပါ မြို့ပြပျောက်ကျားစစ် ဆင်နိုင်၏။ ဗမာဒေသရှိ ကျေးလက်လူထုပါ စည်းရုံးထားနိုင်၏။ နောက်တန်းအခြေခံဒေသလိုဖြစ်နေသည့် တိုင်းရင်းသားဒေသများတွင်ပါ အင်နှင့်အားနှင့် ဝင်ရောက်တိုက်ခိုက်ပေးနိုင်၏။ ထို့ပြင် ပြည်မဒေသရှိ PDF များနှင့် နွေဦးတပ်ဖွဲ့များ၏ တိုက်အားသည် တိုင်းရင်းသားတပ်ဖွဲ့များကို အပြန်အလှန် အင်အားဖြစ်စေသည်၊ အထောက်အကူဖြစ်စေသည်ကို တိုင်းရင်းသားတပ်ဖွဲ့များက လက်ခံလာရသည့် အနေအထားဖြစ်၏။
Website တွင် ဆက်လက်ဖတ်ရှုပါ https://burma.irrawaddy.com/opinion/viewpoint/2026/10/23/417200.html

ဧရာဝတီ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပေါ်လစီ အပြောင်းအလဲရှိနိုင်လား - ၃
တရုတ်တို့သည် နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ယခင်အတွေ့အကြုံများအရ လျှော့တွက်ထားပုံရ၏။
❤48🤔10😁6👎2😭1
စတော့ဈေးကွက် သတိပေးချက် အင်ဒိုနီးရှားခေါင်းဆောင် ပယ်ချ
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က သူ့နိုင်ငံ၏ စတော့ဈေးကွက်ကို အဆင့်လျှော့ချသွားနိုင်သည်ဆိုသည့် Morgan Stanley Capital International (MSCI) ၏ သတိပေးချက်ကို ပယ်ချခဲ့ပြီး၊ သူ့နိုင်ငံအနေဖြင့် ပြင်ပအဖွဲ့အစည်းများ၏ ဖိအားပေးမှုကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နယူးယောက်အခြေစိုက် ကမ္ဘာ့အညွှန်းကိန်း ပံ့ပိုးသူ MSCI က ပြီးခဲ့သည့်သီတင်းပတ်တွင် အင်ဒိုနီးရှား၏ စတော့ဈေးကွက်ကို "သီးခြားရပ်တည်သည့် (standalone)" ဈေးကွက်အဖြစ် အဆင့်လျှော့ချရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ပြီးနောက်၊ MSCI သည် အင်ဒိုနီးရှားကို ဖိအားပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ပရာဘိုဝိုက ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြင်းထန်စွာ စွပ်စွဲပြောဆိုခဲ့သည်။
"ကျနော်တို့နိုင်ငံဟာ MSCI အပါအဝင် အနှောင့်အယှက်မျိုးစုံနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ သူတို့က ကျနော်တို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာပါ" ဟု အစိုးရ၏ တရားဝင် YouTube မှ ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ပရာဘိုဝိုက အစိုးရအဖွဲ့ကို ပြောကြားခဲ့သည်။
"ကျနော် MSCI ကို တိုက်ရိုက်ပြောချင်တာကတော့ အင်ဒိုနီးရှားနိုင်ငံဟာ မည်သူ့ကိုမျှ မကြောက်ဘူး၊ ဘယ်တော့မှလည်း နောက်ဆုတ်မှာ မဟုတ်ပါဘူး" ဟု ပရာဘိုဝိုက ပြောကြားခဲ့သည်။ "ကျနော်တို့မှာ အင်အားရှိတယ်၊ သတ္တိရှိတယ်၊ စွန့်လွှတ်စွန့်စားဖို့လည်း အသင့်ရှိတယ်၊ ပြီးတော့ လက်မြှောက်အရှုံးပေးဖို့လည်း ငြင်းဆန်ပါတယ်" ဟု ဆိုသည်။
MSCI က အောက်တိုဘာ ၁၅ ရက်တွင် အင်ဒိုနီးရှား၏ ဈေးကွက်အဆင့်အတန်းကို လျှော့ချရန် အဆိုပြုချက်တခုအပေါ် ဆွေးနွေးတိုင်ပင်မှုများ စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားကို "တိုးတက်လာနေသော (emerging)" အဆင့်မှ "သီးခြားရပ်တည်သည့် (standalone)" အဆင့်သို့ ပြောင်းလဲရန် စဉ်းစားနေခြင်းဖြစ်ပြီး၊ ထိုသို့ပြုလုပ်ပါက ဒေါ်လာဘီလီယံပေါင်းများစွာ စီးထွက်သွားနိုင်ခြေ ရှိသည်။
အင်ဒိုနီးရှားစတော့ဈေးကွက်၏ ပူးပေါင်းဆောင်ရွက်သည့် ကုန်သွယ်မှုအလေ့အထများ (coordinated trading practices) နှင့် ယင်းကို ဖြေရှင်းရန် သက်ဆိုင်ရာအာဏာပိုင်များက လုံလောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားခြင်း ရှိ မရှိ ဆိုသည့်အချက်အပေါ် စိုးရိမ်မိကြောင်း အညွှန်းကိန်းပံ့ပိုးသူ MSCI က ပြောကြားခဲ့သည်။ ၎င်းတို့၏ သုံးသပ်အကဲဖြတ်မှုများသည် ပွင့်လင်းမြင်သာပြီး စည်းမျဉ်းအခြေခံသည့် နည်းလမ်းများပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
ယင်းသတိပေးချက်ကြောင့် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး လွန်ခဲ့သည့် ကုန်သွယ်မှုသုံးရက်အတွင်း အင်ဒိုနီးရှားစတော့ရှယ်ယာများ ထိခိုက်ကျဆင်းခဲ့ရသည်။ အဆင့်လျှော့ချခံရပါက အင်ဒိုနီးရှား၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအပေါ် ဆွဲဆောင်နိုင်မှု လျော့ကျသွားနိုင်ပြီး emerging market အညွှန်းကိန်းများကို စောင့်ကြည့်သည့် ရန်ပုံငွေများမှ ငွေလုံးငွေရင်း စီးထွက်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်။
"MSCI အနေနဲ့ အင်ဒိုနီးရှားဈေးကွက်၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဈေးကွက်ပါဝင်ဆောင်ရွက်သူများ၊ အာဏာပိုင်များနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်" ဟု ထိုကုမ္ပဏီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားရာ၌ ပရာဘိုဝို၏ ပြောကြားချက်များသည် MSCI ကို စိန်ခေါ်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဖိအားပေးမှု သို့မဟုတ် အကျပ်ကိုင်မှုများမပါဘဲ ဆွေးနွေးတိုင်ပင်မှုပြုလုပ်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် တာဝန်စတင်ထမ်းဆောင်ခဲ့သည့် ပရာဘိုဝိုသည် အမျိုးသားရေးဝါဒီဆန်သည့် စကားလုံးများကို မကြာခဏ အသုံးပြုလေ့ရှိပြီး အင်ဒိုနီးရှားကို လွှမ်းမိုးရန် သို့မဟုတ် ထိခိုက်စေရန် ပြင်ပမှ ကြိုးပမ်းမှုများကို သတိပေးလေ့ရှိသည်။ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ပြင်ပဝင်ရောက်စွက်ဖက်မှုများကို ထပ်မံရည်ညွှန်းပြောဆိုခဲ့သည်။
ကိုးကား။ ။ AP သတင်း Indonesian leader rejects market downgrade warning after stock market sell-off
ပုံစာ - အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် အမျိုးသားရေးဝါဒီဆန်သည့် စကားလုံးများကို မကြာခဏ အသုံးပြုလေ့ရှိသည်/AFP

😁23👍14❤8
Media is too big
VIEW IN TELEGRAM
ပထမဆုံး ပျံသန်းနိုင်တဲ့ ရဲကားကို ဖလော်ရီဒါတက္ကသိုလ် မိတ်ဆက်
အောက်တိုဘာ ၂၃၊ ၂၀၂၆
အမေရိကန်နိုင်ငံမှာ ပထမဆုံးပျံသန်းနိုင်တဲ့ ရဲကားကိုမိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ ဖလော်ရီဒါ ပိုလီတက်ကနစ် တက္ကသိုလ်ရဲ့ ရဲတပ်ဖွဲ့မှာ စတင်ထည့်သွင်းအသုံးပြုဖို့ပြင်ဆင်နေတဲ့ Astro လို့ခေါ်တဲ့ လျှပ်စစ် ပျံသန်းရေးယာဉ်ပဲဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #florida #Polytechnic #university #police #flyingcar

👍44❤5😁1
စစ်တပ်က စစ်တွေမြို့ထဲ Y-12ဖြင့် ဗုံး ပြန်ကြဲ၊ ၅ ဦးသေ ၂၀ ကျော် ဒဏ်ရာရ
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
စစ်တွေနှင့် ပေါက်တောမြို့နယ် ငပြီကျွန်းတိုက်ပွဲအတွင်း အထိနာနေသည့် စစ်တပ်သည် ၎င်းတို့ အခြေစိုက်ရာ စစ်တွေမြို့ကို ယနေ့နံနက် ၈နာရီကျော်က ထောက်ပို့လေယာဉ် Y-12 လေယာဉ်နှင့် ဗုံးသုံးလုံးထက်မနည်း ကြဲချခဲ့သဖြင့် လက်တလောရရှိထားသည့် သတင်းများအရ အရပ်သား ၅ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူများအပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။
စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ ဒေသခံတဦးက “Y-12 နဲ့ ချတာပါ။ ဗုံးချပြီးတော့တောင် လေယာဉ်က ရှိသေးတယ်။ အခုလည်း ဗုံးကြဲနေပါတယ်” ဟု ပြောသည်။
စစ်တွေမြို့ ရွှေငါးခွဆုံ၊ ရွာမင်းခွဆုံတို့ကို ဗုံးကြဲမှုကြောင့် ရွှေငါးခွဆုံဝန်းကျင်၌ မုန့် ရောင်းနေသူအချို့နှင့် လက်ဖက်ရည်ဆိုင် ထိုင်သူတို့ သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ဗုံးထိမှန်ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့ခံက ပြောသည်။
“တမင်ကြဲတာလား၊ ပြုတ်ကျတာလားတော့ မသိနိုင်ဘူး။ Y-12 က ချတာကတော့ သေချာတယ်။ အဲဒီ Y-12 က မြို့ ကို ချပြီးတော့ မြို့နားကနေရာတွေကိုလည်း ကြဲသွားသေးတယ်” ဟု စစ်တွေမြို့ခံ နောက်တဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့နှင့် အနီးဝန်းကျင်ဒေသများတွင် အာရက္ခတပ်တော်(AA)နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေကာ AA ထိုးစစ်သည်လည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ၄ မိုင်ခန့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ် လူစည်ကားရာ စျေးနှင့် တံတားဗုံးကြဲမှုတွင်လည်း သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိခဲ့သည်။
မှတ်ချက်-နောက်ဆုံးရရှိသော သတင်းအချက်အလက်များဖြင့် ပြန်လည် ပြင်ဆင်ထားပါသည်။
သတင်း- လင်းသစ်
ပုံစာ-စစ်တွေနာရီစင်အနီး (ပုံဟောင်း)/ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup

👎38😭14😁6🤔4😱2
Media is too big
VIEW IN TELEGRAM
မြန်မာတွေ ကြက်ဥ တလုံးစားရဖို့ တနာရီနီးပါးအလုပ်လုပ်နေရ
မြန်မာပြည်သူတွေဟာ တန်ဖိုးနည်းစားသောက်ကုန်ဖြစ်တဲ့ ကြက်ဥတလုံးဝယ်စားနိုင်ဖို့အတွက် မိနစ် ၄၀ ကျော် တနာရီနီးပါး အလုပ်လုပ်နေရတယ်လို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ချွေးနဲ့ရင်းရတဲ့မိနစ်များဆိုတဲ့ ခေါင်းစဉ်နဲ့ ထောက်ပြရေးသား ထားပါတယ်။
လက်ရှိအထိ မြန်မာနိုင်ငံရဲ့ အလုပ်ချိန် ၈ နာရီစာ တရားဝင် အခြေခံလုပ်အားခဟာ ၄၈၀၀ ကျပ်ဖြစ်ပြီး အပို ထောက်ပံ့ကြေး ၃၀၀၀ ကျပ် နဲ့ ပေါင်းမယ်ဆိုရင် ၇၈၀၀ ကျပ် ရရှိပါတယ်။
လက်ရှိ ကြက်ဥ ဈေးနှုန်းဟာ ကျပ် ၆၀၀ ကနေ ၈၀၀ ကြားရှိနေတာကြောင့် အခြေခံလုပ်ခလစာနဲ့ တွက်ချက်မယ်ဆိုရင် ကြက်ဥ တလုံးရဖို့ပဲ တနာရီနီးပါးအလုပ်လုပ်နေရတဲ့ အခြေအနေလို့ GSCB ကထောက်ပြထားပါတယ်။
#မြန်မာ #ဧရာဝတီ #ကြက်ဥ #အခြေခံလုပ်အားခ #GSCB #အလုပ်သမား #မိနစ်၄၀ #WhatsHappeningInMyanmar

😭40👍9👎5❤4😁4
လားရှိုး ရာအိမ်မှူးအိမ်က မူးယစ်ဆေးဝါးမိသော်လည်း အရေးယူခြင်း မရှိ
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
အဏာသိမ်းအစိုးရထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ အမှတ် (၉) မြန်မာခါးရိုးရပ်ကွက်၊ နယ်မြေ (၄)ရှိ ရာအိမ်မှူး ဦးမိုးဒီ နေအိမ်၌ အောက်တိုဘာ ၂၀ ရက်နေ့လယ် ၁ နာရီခန့်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူ ၂ ဦး နာရီပိုင်းအတွင်း ပြန်လွတ်လာသည်ဟု ဒေသခံများထံမှ သိရသည်။
ရာအိမ်မှူး ဦးမိုးဒီ၏ နေအိမ်ကို နယ်မြေရဲစခန်းမှ ရဲအုပ် အောင်စိုးသူ ဦးဆောင်သည့်အဖွဲ့က ဝင်ရောက်ရှာဖွေရာ ဦးမိုးဒီ၏ တူဖြစ်သူ သီဟနှင့် ၎င်း၏ဇနီးတို့ထံမှ စိတ်ကြွမူးယစ်ဆေးပြား ၆ ထုပ်၊ အလုံးရေ ၁,၂၀၀ နှင့် ငွေကျပ် ၁၀ သိန်း တွေ့ရှိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးသွားသည်။
သို့သော် ဖမ်းဆီးခံရသူ သီဟ၏ အစ်မဖြစ်သူ လဲ့လဲ့နိုင်မှာ ရဲအရာရှိတဦးဖြစ်ရာ ရဲအုပ် အောင်စိုးသူထံ ဖုန်းဆက်သွယ်၍ စခန်းမှူးထံတင်ပြကာ ပြန်လွှတ်ပေးရန် ပြောဆိုခြင်းကြောင့် သီဟနှင့် ၎င်း၏ဇနီးမှာ ယင်းနေ့ ညနေ ၅ နာရီတွင် ပြန်လွတ်လာသည်ဟု သိရသည်။
ဒေသခံတဦးက"သူတို့ပြန်လွတ်လာတော့ သီဟက ရပ်ကွက်မှာ ငါတို့က ရဲအမျိုးတွေ၊ ဘာလုပ်လုပ် ရတယ်၊ ဘာမှ မဖြစ်ဘူး။ ဘယ်ကောင်မှလည်း ဂရုစိုက်စရာမလိုဘူးဆိုပြီး ရပ်ကွက်ထဲ လိုက်ပြောနေတာ"ဟု ဧရာဝတီကို ပြောသည်။
သီဟ၏ အစ်မဖြစ်သူ လဲ့လဲ့နိုင်မှာ နေပြည်တော်မှ ရဲအရာရှိဖြစ်သည်ဟု ပြောဆိုသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိပေ။
သတင်း-မောင်လူအေး
ဓာတ်ပုံ-CJ

👎32😁9❤6😱3
စပါးတင်းတရာ ကျပ် ၁၃သိန်းခွဲသတ်မှတ် ပေါက်ဈေးထက်နိမ့် တောင်သူတွက်ခြေမကိုက်
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
စိုက်ပျိုးစရိတ်ကြီးနေချိန် အခြေခံဈေး စပါးတင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲ သတ်မှတ်လိုက်ခြင်းက ပြင်ပပေါက်ဈေးနှင့် များစွာကွာဟနေပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် မကာမိဟု လယ်သမားများက ဆိုသည်။
အာဏာသိမ်းအစိုးရ ကျောထောက်နောက်ခံပြု “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့”က ယခုနှစ်ပေါ်မည့် မိုးစပါးနှင့် လာမည်နှစ်ပေါ်မည့် နွေစပါးကို သတ်မှတ်အရည်အသွေး အစိုဓာတ် ၁၄ ရာခိုင်နှုန်း စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တတင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲဖြင့် အောက်တိုဘာ ၂၁ ရက်က အခြေခံဈေးသတ်ပေးလိုက် ခြင်းဖြစ်သည်။
လက်ရှိပြင်ပပေါက်ဈေးက စပါးတင်း ၁၀၀ ကျပ် ၁၉ သိန်းမှ သိန်း ၂၀ ကျော်အထိရှိနေပြီး တချို့ဒေသများတွင် ကျပ်သိန်း ၃၀ ဝန်းကျင်ရှိကာ ပေါ်ဆန်းစပါးဈေးမှာလည်း ကျပ်သိန်း ၅၀ ကျော်မှ သိန်း ၆၀ ကျော်အထိ ရှိကြောင်း လယ်သမားများ ထံက သိရသည်။
စပါးအမျိုးအစားအလိုက် ဈေးကွာခြားသည့်အပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်နေခြင်းကြောင့် တင်း ၁၀၀ ကျပ် ၁၃ သိန်းခွဲဆိုသည့် အခြေခံရည်ညွှန်းဈေး သတ်မှတ်ချက်အပေါ် လယ်သမားများ စိုးရိမ်ကြသည်။
နေပြည်တော်ရှိ လယ်သမားတဦးက “ဒီဘက်မှာတော့ စပါးဈေးက တင်း ၁၀၀ ကို ၁၉ သိန်း၊ ၂၀ သိန်းရှိတယ်။ ဒီဈေးနဲ့ တောင် လုပ်အားခတွေ ဘာတွေ နုတ်လိုက်ရင် ဘယ်လောက်မှ မကျန်တော့ဘူး။ စိုက်စရိတ်တွေကလည်း များတယ်။ စပါးဈေးကိုကျတော့ ဒီလောက်ပဲ အခြေခံသတ်မှတ်တာကတော့ မဖြစ်သင့်ဘူး” ဟု ပြောသည်။
ထို့ကြောင့် စပါးအခြေခံ ရည်ညွှန်းဈေး သတ်မှတ်ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်၊ မြေဩဇာနှင့် အခြားသွင်းအားစု ဈေးနှုန်းများ၊ လုပ်အားခနှင့် ချေးငွေ အတိုးစရိတ်တို့ကို ထည့်သွင်း စဉ်းစားပေးရန် လယ်သမားများက လိုလားကြောင်း ဆိုကြသည်။
ယခုနှစ် မိုးစပါးအထွက်နှုန်းမှာ လျော့ကျနေပြီး တဧက ပျမ်းမျှ စပါး ၆၈ တင်းမှ ၇၅ တင်းခန့်သာထွက်ပြီး စိုက်ပျိုး ထုတ် လုပ်မှုကုန်ကျစရိတ်မှာ တဧက ကျပ် ၁၂ သိန်းဝန်းကျင်ရှိပြီး ချေးငွေအတိုးတို့ကို ထည့်တွက်ထားခြင်း မရှိကြောင်း၊ ပျမ်းမျှ တဧက ၆၈ တင်းထွက်လျှင် စပါးတတင်း၏ ကုန်ကျစရိတ်က ကျပ် ၁၇,၆၄၇ ခန့်ရှိပြီး ၇၅ တင်းထွက်လှင် ကျပ် ၁၆,၀၀၀ ခန့်ရှိမည် ဖြစ်သည်။
လက်ရှိ ထွန်စက်မောင်းခ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မြေဩဇာ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစု များကို အာဏာသိမ်းအစိုးရပြောဆိုနေသည့် သတ်မှတ်ဈေးနှုန်းဖြင့် အမှန်တကယ် ဝယ်ယူမရသဖြင့် ပြင်ပပေါက်ဈေး ဖြင့်သာ ဝယ်ယူရကြောင်း လယ်သမားများကဆိုသည်။
ထို့အတွက် အခြေခံရည်ညွှန်းဈေး စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်းခွဲသတ်မှတ်လျှင် တတင်း ကျပ် ၁၃,၅၀၀ သာ ရမည်ဖြစ်သဖြင့် တဧက ကုန်ကျစရိတ် ကျပ် ၁၂ သိန်းကိုပင် ပြန်လည်ကာမိရန် အခက်အခဲ ရှိနေသည်။
လက်ရှိ ပုလဲဓာတ်မြေဩဇာ တအိတ်လျှင် ကျပ် ၁ သိန်း ၂ သောင်းမှ ၁ သိန်း ၄ သောင်းဝန်းကျင်၊ ၁၅ ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာတအိတ်လျှင် ကျပ် ၁ သိန်း ၅ သောင်းမှ ၁ သိန်း ၆ သောင်းဝန်းကျင်အထိရှိနေကြောင်း လယ်သမားများထံ က သိရသည်။
ဧရာဝတီတိုင်းမှ လယ်သမားတဦးကလည်း “မြေဩဇာကလည်း သတ်မှတ်ဈေးနဲ့ ဝယ်လို့မရဘူး။ ကိုယ်နဲ့နီးစပ်ရာ ဆိုင်တွေ မှာ ဝယ်ရတာ၊ တအိတ်ကို အနိမ့်ဆုံး ၈ သောင်း၊ ၉ သောင်းကနေ ၁ သိန်းခွဲလောက်အထိ ရှိတယ်။ သီးနှံပေါ်ပေးနဲ့ ဝယ်ရ တော့ တလအတိုးနှုန်းကလည်း ၃ ကျပ်တိုး၊ ၅ ကျပ်တိုးဆိုတာတွေ ရှိတယ်။ အခုလို စိုက်စရိတ်တွေ များနေတဲ့အချိန်မှာ စပါးဈေး ၁၃ သိန်းခွဲ ဆိုတာ စိုက်စရိတ်တောင် မကာမိနိုင်ဘူး” ဟု ပြောသည်။
ထို့ပြင် ထုတ်ပြန်ချက်၌ ဈေးကွက်ပေါက်ဈေးက သတ်မှတ်ဈေးထက်မြင့်လျှင် ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး ပေါက်ဈေးက သတ်မှတ်ဈေးအောက် ရောက်ရှိပါက အခြေခံ ရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမည်ဟု ဖော်ပြထားသည်။
အခြေခံရည်ညွှန်းဈေးနှင့် လက်ရှိ ပြင်ပပေါက်ဈေးတို့ကြား ကွာဟချက်ကြောင့် ဈေးကွက်အတွင်း စပါးဝယ်ယူရောင်းချမှု အပေါ် သက်ရောက်မှုရှိလာနိုင်သည့်အပြင် ယင်းကွာဟချက် အကြောင်းပြု၍ ဈေးနှိမ်ဝယ်ယူမှုများ ဖြစ်ပေါ်လာနိုင်မည် ကိုလည်း စိုးရိမ်နေကြောင်း လယ်သမားများက ပြောသည်။
“သတ်မှတ်ဈေးတောင် ကျပ် ၁၃ သိန်းခွဲ သတ်မှတ်ထားတော့ အပြင်ဈေးကအခုမြင့်နေတော့ ဒီဈေးကမဖြစ်သင့်ဘူး ဘာညာ နဲ့ ပွဲစားတွေက ဈေးနှိမ်ဝယ်မှာကို ကြောက်တာ။ လယ်သမားကတော့ ပေါ်ရင် အကြွေးဆပ်ရမှာလည်းရှိတော့ ရောင်းကြတာ ပဲလေ။ သူတို့ သတ်မှတ်ဈေးကကွာနေတော့ စိုးရိမ်ရတယ်။ ဝယ်ယူမှုပေါ်တော့ တချက်စောင့်ကြည့်ရမှာပေါ့” ဟု အထက်ပါ လယ်သမားက ရှင်းပြသည်။
အထွက်နှုန်း လျော့ကျပြီး စိုက်ပျိုးစရိတ်မြင့်တက်နေသည့် တောင်သူများအတွက် သတ်မှတ်ဈေးနှုန်းဖြင့် တွက်ချက်၍ ဝယ်သူများက ဈေးလျှော့ဝယ်ယူလာပါက အရှုံးပေါ်နိုင်သည့်အပြင် ချေးငွေအတိုးစရိတ်နှင့် အခြားမပါဝင်သေးသည့် ကုန်ကျစရိတ်များကိုပါ ထည့်တွက်ပါက ဆုံးရှုံးမှု ပိုမိုများပြားနိုင်ကြောင်း လယ်သမားများထံက သိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/23/417203.html

👎30❤14😁5😭3👍2
ဒေါ်အောင်ဆန်းစုကြည်၏ လက်အရွတ်ရောင်ရောဂါ မိသားစုဆရာဝန်ဖြင့် ကုခွင့်ရဖို့ သားဖြစ်သူ မျှော်လင့်
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းကျန်းမာမာနှင့် စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်သော်လည်း အသက် ၈၁ နှစ်အရွယ် ရှိနေပြီဖြစ်သလို အရွတ်ရောင်ရမ်းသည့်ရောဂါရှိပြီး တခါတရံလက်တဖက်မှာ အသုံးပြု၍ မရနိုင်သည်အထိ ဖြစ်တတ်၍ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း၊ စစ်ဆေးဆရာဝန်များထက် မိသားစု ဆရာဝန်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရလိုကြောင်းလည်း ကင်မ်အဲရစ်က RFA နှင့် အင်တာဗျူးတွင် ပြောသည်။
ယမန်နေ့က အာဏာသိမ်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်မ်အဲရစ်တို့ကို မိနစ် ၂၀ခန့် ဖုန်းဖြင့် စကားပြောခွင့် ပေးခဲ့ပြီးနောက် ဖုန်းပြောခွင့်ရသည့်အခြေအနေများနှင့် ပတ်သက်၍ RFA က ကင်မ်အဲရစ်ထံသို့ ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေး ပဋိပက္ခတွင် တဖက်နှင့် တဖက် စကားပြောဆို ဆွေးနွေးရေးအတွက် ကြားဝင်လုပ်ဆောင်ပေးနိုင်သူ လူနည်းစုထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်သည့်အတွက် မကြာမီ ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံဟာ ဒီနေရာမှာ ရပ်မနေပဲ အခြားနိုင်ငံတွေနည်းတူ ရှေ့ဆက်ချီတက်သွားဖို့ လိုအပ်နေပါတယ်။ ကျနော့်မေမေဟာ လည်း အဲဒီလုပ် ငန်းစဉ်ရဲ့အစိတ်အပိုင်းတခုအဖြစ် ဆက်ပြီးတော့ ရှိနေဆဲပါ၊ လူတွေဟာ တဦးနဲ့ တဦး စကားပြောဆွေးနွေးဖို့ လိုပါတယ်၊ အဲဒီလိုတဖက်နဲ့တဖက် စကားပြောဆွေးနွေးလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ လူနည်းစုထဲမှာ ကျနော့်မေမေ လည်း တဦးအပါအဝင်ဖြစ်ပါတယ်”ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြင်ပမှ သတင်းများ သိခွင့်ရမည်ဟု မထင်ကြောင်း၊ ဖုန်းပြောခွင့်ရချိန်၌ မိသားစု အရေးများသာ အဓိက ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
“ကျနော်သိထားသလောက်တော့ မေမေ့မှာ ရေဒီယိုလည်း မရှိဘူး၊ ရုပ်မြင်သံကြားလည်း မရှိဘူး၊ သတင်းစာတွေလည်း မရပါဘူး၊ ကျနော်တို့ ဖုန်းပြောဆိုတာကို စောင့်ကြည့်ပြီး အသံဖမ်းထားမယ်ဆိုတာကို သိလို့ တချို့အကဲဆက်တဲ့ အကြောင်းအရာတွေကို ပြောလို့မရခဲ့ပါဘူး၊ မိသားစုကိစ္စတွေကိုပဲ ပြောဖြစ်ခဲ့ကြတာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏အခြေအနေသည် တိုးတက်မှု တစုံတရာမရသေးဘဲ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ခေါ်ကြိုဆိုခြင်းများ ပြုလုပ်ပြီး တရားဝင်မှု အသိအမှတ်ပြုပေးသည့် တဖက်သတ်လုပ်ရပ်မျိုး မလုပ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။
“အပေးအယူကိစ္စတွေအတွက် လူတွေ ညှိနှိုင်းဆွေးနွေးဖို့လိုအပ်တယ်ဆိုတာ ရှင်းပါတယ်၊ ဒါပေမဲ့ တချိန်တည်းမှာပဲ သူ့တို့ ဘက်က လိုက်နာဆောင်ရွက်တာ ဘာမှမရှိဘဲ စစ်တပ်အာဏာပိုင်တွေနဲ့ အခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတွေ့ဆုံ ဆက်ဆံတာတွေ၊ တကယ့်တိုးတက်မှု တစုံတရာမရသေးဘဲ ဦးမင်းအောင်လှိုင်ကို တရားဝင်ဖိတ်ခေါ်ကြိုဆိုတာတွေ လုပ်ပြီးတော့ တရားဝင်မှု အသိအမှတ်ပြုပေးတဲ့တဖက်သတ်လုပ်ရပ်မျိုးကိုတော့ မလုပ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်”ဟု ကင်အဲရစ်က ပြောသည်။

❤55👍9😁4🤔2
MNDAA လုပ်ရပ်က ဒေသခံတို့ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှု ဆိုးရွားစွာ ထိခိုက်စေ၍ ကန့်ကွက်
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရယူပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားများ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် အတင်းအကျပ် ခြိမ်းခြောက် လွှမ်းမိုးမှုများ ပြုလုပ်နေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၏ လုပ်ရပ်များသည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေသဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ယနေ့ ထုတ်ပြန်သည်။
လက်ရှိအချိန်၌ ဒေသခံအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိသော၊ အသုံးပြုလေ့မရှိသော ဘာသာစကားကို ရုံးသုံးဘာသာ စကားအပြင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မဖြစ်မနေ အသုံးပြုရန် ဖိအား ပေးစေခိုင်းခြင်း၊ ဘိုးဘွား စဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သော ဒေသခံများ၏ တည်ဆဲမြေယာ ပိုင်ဆိုင်မှုစနစ်များကို ဒေသခံလူထု၏ သဘောဆန္ဒ မပါဘဲ အတင်းအကျပ် ပြုပြင်ပြောင်းလဲခြင်းနှင့် သိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
MNDAA သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အုပ်ချုပ်ရေးယန္တရားကို ယာယီအားဖြင့် အစားထိုးလည်ပတ်ခြင်းကို နားလည်လက်ခံပေးနိုင်သော်လည်း ဘာသာစကား၊ မြေယာပိုင်ဆိုင်မှု၊ နိုင်ငံခြားသားများ ဝင်ရောက် လွှမ်းမိုးမှု၊ သမိုင်းနှင့်ယဉ်ကျေးမှုလက္ခဏာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို ချိုးဖောက်နေသည်ဟု ဆိုသည်။
MNDAA က ပြဋ္ဌာန်းလိုက်သော မြေယာဥပဒေ အပါအဝင် အခြားအုပ်ချုပ်ရေးဥပဒေအရပ်ရပ်သည် နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက်လာနိုင်စေခြင်းနှင့် နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့် ရရှိစေမည့် တိုက်ရိုက်နှင့် သွယ်ဝိုက်နည်းလမ်းများ ပေါ်ပေါက်နေစေသလို သမိုင်းစဉ်ဆက် ခေါ်ဝေါ်သုံးစွဲလာခဲ့သည့် မြို့ရွာအမည်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် ဆိုင်းဘုတ်အမျိုးမျိုးတို့ကို ဒေသခံများ၏ ယဉ်ကျေးမှုနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသော အမည်နာမ၊ ဘာသာစကားများဖြင့် အတင်းအကျပ် အစားထိုးပြောင်းလဲခြင်းများလည်း ပြုလုပ်နေကြောင်း ပြောသည်။
အဆိုပါလုပ်ရပ်များကို ငြိမ်းချမ်းစွာ ကန့်ကွက်သည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကိုသာမက ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အခြေခံမူများကိုပါ တိုက်ရိုက် ချိုးဖောက်ရာ ရောက်နေကြောင်း၊ ဆိုသည်။
ဒေသခံလူထု၏ ဆန္ဒနှင့်ဆန့်ကျင်သော အတင်းအကျပ်ပြောင်းလဲမှုများကို ချက်ချင်း ရပ်တန့်ရန်နှင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေမည်ဆိုပါက လိုအပ်သော နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
ပုံစာ- ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးရွာဝင်ဆိုင်းဘုတ်ကို MNDAA ဖျက်ဆီးပြီး အသစ် ပြန်မလုပ်ခင် တွေ့ရပုံ/CJ

👍41❤6😁6😭4👎2
NLD မန္တလေးတိုင်းအစိုးရဝန်ကြီး ဦးဇာနည်အောင် ပြန်လွတ် မိသားစုနှင့် မတွေ့ရသေး
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ(NLD) အစိုးရ၏ မန္တလေးတိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်သည် လွတ်ရက်စေ့ဖြင့် ယနေ့ အိုးဘိုးထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း နေ့လယ်ပိုင်းထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသေးဟု မိသားစုနှင့် နီးစပ်သူများထံက သိရသည်။
ဦးဇာနည်အောင်ကို ယနေ့နံနက်ပိုင်း ၉ နာရီကျော်က အကျဉ်းဦးစီးဌာန တာဝန်ရှိသူများ ခေါ်ထုတ်သွားပြီဖြစ်ကြောင်း ထောင်အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။
“ဒီမနက် မန္တလေးတိုင်းလျှပ်စစ်ဝန်ကြီးကိုဇာနည်အောင် ပြန်လွတ်တဲ့သတင်းကြားတယ်၊ ကျနော်သိရသလောက် နေ့လယ် ပိုင်းအထိ အိမ်ပြန်မရောက်သေးဘူး၊ သူ့ကို တနေရာခေါ်သွားတယ် ထပ်စစ်မေးနေဆိုလားပဲ၊ ဘယ်ကို ခေါ်သွားတယ်ဆိုတာ တော့ တိတိကျကျ မသိရသေးဘူး”ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
လက်ရှိအချိန်ထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသေးသည့် ဦးဇာနည်အောင်သည် နောက်ထပ်အမှုတခု ဖွင့်ခံထားရသဖြင့် အမှတ် ၉ နယ်မြေစခန်းသို့ ရောက်ရှိနေသည်ဟုလည်း သတင်း ထွက်ပေါ်နေသည်။
ဦးဇာနည်အောင်သည် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နှင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး/စီမံ အက်ဥပဒေ ပုဒ်မ ၂၅/၃၀(က)၊ အဂတိ ပုဒ်မ ၅၅ တို့ဖြင့် ထောင်ဒဏ် ၈ နှစ် အမိန်ချမှတ်ခံခဲ့ရသည်။
ဖမ်းခံရသူများအနက် မြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဝန်ကြီး ဒေါက်တာစိုးသန်း၊ ဝန်ကြီး ဦးမျိုးသစ်တို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့မှာ အကျဥ်းထောင်အတွင်း လုံလောက်သည့် ဆေးကုသခွင့်မရရှိခဲ့ခြင်းကြောင့် ကွယ်လွန်ခဲ့သည်။

👍43❤13👎4😱4😁3
တရုတ် သတိပေးမှုကြောင့် အပိတ်ခံရသည့် "ဝ" ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဖွင့်
ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၆
လွဲမှားသောအယူဝါဒ "ယေရှုတရုတ်မ" အဖွဲ့များ ဝင်ရောက်နေကြောင်း တရုတ်၏သတိပေးလာမှုကြောင့် "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေရှိ ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်၊ တောင်ပိုင်း ၁၇၁ စစ်ဒေသ၌ ယာယီပိတ်သိမ်းထားသည့် ခရစ်ယာန်ဘုရားကျောင်းများကို ၂ လ ကြာအပြီး အောက်တိုဘာဒုတိယတွင် ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း WA News Land တွင် ဖော်ပြသည်။
ပန်ဆန်းမြို့တခုမှာပင် အသင်းတော် ၅၂ ပါးရှိပြီး အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက အသင်းတော်ကော်မတီဝင်များနှင့် ဝ တပ်ဖွဲ့မှ ရဲဌာန၊ စစ်ဦးစီးဌာန၊ နိုင်ငံရေးအကြံပေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ ကတိ ခံဝန်ချက်များကိုလည်း လက်မှတ်ရေးထိုးပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ ဘုရားကျောင်းများ ဩဂုတ်လ ယာယီပိတ်သိမ်းခဲ့စဉ်က အစွန်းရောက် ဘာသာရေး ကင်းရှင်းမှု ရှိမှသာ ပြန်ဖွင့်ပေးမည်ဟု "ဝ" တပ်ပြောခွင့်ရ တာဝန်ခံဦးညီရန်းက လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားခဲ့သည်။
ဘုရားကျောင်းများ ပြန်ဖွင့်ပေးသော်လည်း အယူလွဲမှားသော ဒေသအခေါ် "ယေရှုတရုတ်မ" အဖွဲ့များအား ဆက်လက် ဖမ်းဆီးအရေးယူသွားမည်ဟု ဆိုထားသလို "ယေရှုတရုတ်မ" အဖွဲ့အား ကိုးကွယ်ယုံကြည်ကြသူများကိုလည်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

😁30❤8👍5👎3🤔2