ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ စကားပြောခွင့်ရခြင်းက အားလုံး၏ တောင်းဆိုဖိအားပေးမှုကြောင့်ဟု NUG ပြော
ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်တို့ မကြာသေးမီက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့ခြင်းသည် ကိုထိန်လင်းအပါအဝင် မလျှော့သောဇွဲဖြင့် ဆန့်ကျင်တော်လှန်နေကြသည့် ပြည်သူလူထု တရပ်လုံး၏ တစိုက်မတ်မတ် တောင်းဆိုဖိအားပေးမှုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံတမန်ရေးရာ စဉ်ဆက်မပြတ် တွန်းအားပေးတောင်းဆိုမှုရလဒ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ ထုတ်ပြန်သည်။
နှစ်ကာလ ရှည်ကြာ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီးနောက် အောက်တိုဘာလ ၂၂ ရက်၌ ပြန်လည်ဆက်သွယ်ခွင့် ရရှိခဲ့မှုအပေါ် မိသားစုဝင်များ၊ မြန်မာပြည်သူများနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ဖြစ်စဉ်တစ်ခုလုံးကို အလေးအနက်ထား စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။
အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး အကြွင်းမဲ့၊ ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်ရေး၊ တော်လှန်ပြည်သူများအား မတရားဖမ်းဆီး အမှုဆင် သေဒဏ်ချမှတ်နေခြင်းများ ချက်ချင်းရပ်တန့်ရေး အတွက် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယခုထက် ပို၍ အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဖိအားပေး တောင်းဆိုပေးကြရန်လည်း NUG က တိုက်တွန်းသည်။
ထို့ပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးတို့အတွက် တိုင်းရင်းသားပြည်သူများ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့် အတူ ခိုင်မာစွာ လက်တွဲကာ တော်လှန်ရေး အောင်မြင်သည်အထိ မယိမ်းယိုင်သော သန္နိဋ္ဌာန်ဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍63😁20❤18
၂၀၂၂ ခုနှစ် ဇူလိုင်လက ဧရာဝတီမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အာဃာတ အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2022/07/02/252892.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

👍43😁6❤2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး စာရေးဆရာမကြီး စောမုံညင်း ရဲ့ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်တဦး အကြောင်း ဆောင်းပါး တပုဒ်ကို တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/25/417230.html

ဧရာဝတီ
ဒေါ်မမ (ရန်ကုန် ရုပ်ရှင်)
မြန်မာပြည်တွင် ပထမဆုံး အမျိုးသမီး ကင်မရာမင်း ဖြစ်သော မြန်မာအဆွေ ကုမ္ပဏီပိုင်ရှင် ဦးဘညွန့်၏သမီး ဒေါ်ခင်ခင်နှင့် အကြောင်းပြုပြီး ရန်ကုန်ရုပ်ရှင် ကုမ္ပဏီ ထောင်ဖြစ်ခဲ့…
👍30❤2😁2
မန္တလေး- ပြင်ဦးလွင်အဆင်းလမ်း ယာဉ်တိုက်မှု သေဆုံးသူ ၁၂ ဦးရှိလာ
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
မန္တလေး-ပြင်ဦးလွင် အဆင်းလမ်း မိုင်တိုင် ၁၉ မိုင်အနီးတွင် ခရီးသည်တင် Express ကားတစီးနှင့် AD Van တစီးတို့ ယမန်နေ့ ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားကာ ချောက်အတွင်းပြုတ်ကျသဖြင့် AD Van ယာဉ်မောင်းတဦး အပါအဝင် သေဆုံးသူ ၁၂ ဦးရှိလာကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အင်ပါယာသွေးနှင့် လူမှုကူညီ ကယ်ဆယ်ရေးအသင်း ခေါင်းဆောင် ကိုချာတိတ်က “Express ကားက ဘရိတ်ပေါက်သွားတာ၊ AD Van ကားက အတက်ပေါ့။ ဟိုဘက်က ဘရိတ်ပေါက်လာတော့ အရှိန်မထိန်းနိုင်ဘဲ AD Van ကို ဝင်တိုက်ပြီးတော့ ချောက်ထဲ ကျသွားတာ။ AD Van ကား ယာဉ်မောင်းကတော့ ဆုံးသွားတယ်။ Express မှာက ၅ ဦး သေဆုံးတာ။ အဲဒီမှာ လူနာတွေကို ဆေးရုံပို့ရင်း လမ်းမှာ ဆုံးတာတွေရှိတော့ ၁၂ ဦးလောက် ဖြစ်သွားတယ်ပြောတယ်” ဟု ဧရာဝတီကို ပြောသည်။
ခရီးသည်တင် Express ကားပေါ်တွင် ခရီးသည်၂၈ ဦး ပါရှိပြီး AD Van ကား ယာဉ်မောင်းနှင့်ဆိုလျှင်၂၉ ဦးအနက် ၁၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ အချို့မှာ ချောက်ထဲမှ ပြန်တက်လာနိုင်သူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင်ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ကာ ဆေးကုသလျက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ- Myanmar fire services

😭36👍8❤4👎3😁1
ကနေဒါ UFC 336 ပွဲ၌ ဂျော့ရှုဝါဗန်နှင့် ပေါ်တူဂီဖိုက်တာ မာနယ်ကပ်တို့ ထိုးသတ်မည်
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျော့ရှုဝါဗန် (Joshua Van) နှင့် ပေါ်တူဂီဖိုက်တာ မာနယ်ကပ် (Manel Kape) တို့သည် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ကျင်းပမည့် UFC 336 ပြိုင်ပွဲ၏ အဓိက ခေါင်းစီးတွဲဆိုင်းအဖြစ် ထိုးသတ်သွားမည် ဖြစ်ကြောင်း UFC က ကြေညာလိုက်သည်။
အဆိုပါပွဲတွင် အသက် ၂၄ နှစ်အရွယ် မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်သည် ၎င်း၏ ဖလိုင်းဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်သွားရမည် ဖြစ်ပြီး ထိပ်တန်း စိန်ခေါ်သူ မာနယ်ကပ်က ချန်ပီယံခါးပတ် ရရှိရေး ကြိုးပမ်းသွားမည် ဖြစ်သည်။
ချန်ပီယံ ဗန်သည် ဂျပန်ဖိုက်တာ တိုင်ရာ တတ်ဆူရိုနှင့် ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ကို အနိုင်ယူကာ ၎င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပြီး ယခုပွဲသည် ၎င်းအတွက် တတိယအကြိမ်မြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲလည်း ဖြစ်သည်။
အန်ဂိုလာနွယ်ဖွား ပေါ်တူဂီ ဖိုက်တာ မာနယ်ကပ်သည် ဂျပန်အခြေစိုက် နာမည်ကျော် Rizin FF ပြိုင်ပွဲတွင် ဘန်တမ်ဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ဖူးသူတဦးဖြစ်ပြီး၂၀၂၁ ခုနှစ်တွင် UFC သို့ စတင် ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။ အသက် ၃၁ နှစ်အရွယ် ကပ် သည် လျင်မြန်သွက်လက်သော လက်သီး၊ ခြေကန်ချက်များနှင့် ပြိုင်ဘက်ကို အလဲထိုးနိုင်သည့် တိုက်ခိုက်ရေးစွမ်းရည် ထူးချွန်ထက်မြက်သူ တဦးဖြစ်ကာ UFC ဖလိုင်းဝိတ်တန်းတွင် ထိပ်တန်း အဆင့် ၅ စာရင်းဝင် စိန်ခေါ်သူ တဦးအဖြစ် ရပ်တည်နေနေသည့် ဖိုက်တာ တဦးလည်း ဖြစ်သည်။

👍36❤15😁3
တရုတ် ရန်စလို့ ပင်လယ်ရေအောက် ကေဘယ်လ်ကြိုး ကာကွယ်ရေး ဖိလစ်ပိုင် က ထိုင်ဝမ် နဲ့ ပိုမို ပူးပေါင်းမယ်
သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးတွေကို ကာကွယ်ဖို့ ထိုင်ဝမ် နဲ့ ပိုမို နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင် နိုင်ဖို့ ကြိုးစားနေကြောင်း ဖိလစ်ပိုင်က ထုတ်ပြန်လိုက်ပါတယ်။
တရုတ်ရဲ့ ရန်စတဲ့ လုပ်ရပ်တွေကြောင့် အခုလို ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားရခြင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် သံတမန် တဦးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် အစိုးရဟာ ဘေဂျင်းကိုပဲ အသိအမှတ်ပြုတဲ့ One-China Policy ကို လက်ခံထားပေမယ့်လည်း အခုအခြေအနေ အရ ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေတာလို့ သိရပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/25/417239.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးတွေကို ကာကွယ်ဖို့ ထိုင်ဝမ် နဲ့ ပိုမို နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင် နိုင်ဖို့ ကြိုးစားနေကြောင်း ဖိလစ်ပိုင်က ထုတ်ပြန်လိုက်ပါတယ်။
တရုတ်ရဲ့ ရန်စတဲ့ လုပ်ရပ်တွေကြောင့် အခုလို ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားရခြင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် သံတမန် တဦးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် အစိုးရဟာ ဘေဂျင်းကိုပဲ အသိအမှတ်ပြုတဲ့ One-China Policy ကို လက်ခံထားပေမယ့်လည်း အခုအခြေအနေ အရ ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေတာလို့ သိရပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/25/417239.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
တရုတ် ရန်စလို့ ပင်လယ်ရေအောက် ကေဘယ်လ်ကြိုး ကာကွယ်ရေး ဖိလစ်ပိုင် က ထိုင်ဝမ် နဲ့ ပိုမို ပူးပေါင်းမယ်
တရုတ်ရဲ့ ရန်စတဲ့ လုပ်ရပ်တွေကြောင့် အခုလို ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားရခြင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် သံတမန် တဦးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောဆို…
👍58❤14
၂၀၁၈ ခုနှစ် အောက်တိုဘာလက ဧရာဝတီမှာ ရေးထားတဲ့ သီတင်းကျွတ်လ မီးထွန်းပွဲ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2018/10/24/173167.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2018/10/24/173167.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤32👍9😁2
ပြည်သူ့ရင်ပြင်က မြန်မာ့ရိုးရာဓားပြခန်း ပြခွင့်မပြု
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပနေသည့် သီတင်းကျွတ် ပြည်တွင်းထုတ်ကုန်ပစ္စည်း ပြပွဲ၌ ပါဝင် ပြသရောင်းချနေသော နောင်ပိုအောင် မြန်မာ့ရိုးရာဓားပြခန်းကို အာဏာသိမ်းအစိုးရ၏ ရဲတပ်ဖွဲ့ လာရောက် စစ်ဆေးပြီးနောက် ပိတ်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပြခန်းသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှ ကိုသန့်ဇင်မောင်၏ နောင်ပိုအောင် မြန်မာ့ရိုးရာဓား ပန်းပဲ လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းဖြစ်ပြီး ပွဲစတင်သည့်နေ့ အောက်တိုဘာ ၂၄ ရက်တွင် ပိတ်သိမ်းလိုက်ရကြောင်း ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။
ဆိုင်ပိုင်ရှင်က “ကျနော်တို့ စာရင်းပေးသွင်းကတည်းက ဓာတ်ပုံရော လုပ်ငန်း အကြောင်းအရာ အမည်ပါ တွဲတင်ရပါတယ်။ မျောစာလည်း ရပါတယ်။ သို့သော် ပွဲအတွင်း ဖြစ်လာနိုင်မယ့် အခြေအနေအရ ဆိုတဲ့ သဘောမျိုးပါ” ဟု ပြခန်း ပိတ်သိမ်းရခြင်းအပေါ် ၎င်း၏ လူမှုကွန်ရက်၌ ပြောပြထားသည်။
ထိုသို့ ပိတ်သိမ်းလိုက်ရသည့်အပေါ် ပွဲအတွင်း ရောင်းချရန် ခွင့်ပြုမိန့် တင်စဉ်ကတည်းက စိစစ်မှုများ မပြုလုပ်ဘဲ ရောင်းချသည့် နေ့တွင်မှ ပိတ်ခိုင်းသဖြင့် ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
မြန်မာ့ ပန်းပဲပညာရှင် ကိုသန့်ဇင်မောင်သည် ပုဂံခေတ် နံရံဆေးရေး ပန်းချီများမှ မြန်မာ့ရိုးရာ ဓားပုံစံများကို လေ့လာ မှီငြမ်းကာ ရိုးရာ ပန်းပဲပညာကို ထိန်းသိမ်း လုပ်ကိုင်နေသူ တဦးလည်း ဖြစ်သည်။
ဓာတ်ပုံ- TZM

😁44❤15👎4
အမျိုးသားရေးဝါဒီများက ဝတ်စုံကိစ္စအသုံးချ၍ ဆက်ဆံရေး ထိခိုက်အောင်လုပ်နေဟု ထိုင်းပညာရှင် သတိပေး
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
ထိုင်းဇာတ်လမ်းတွဲ “Scarlet Heart Thailand” တွင် မြန်မာ့နန်းတွင်း ဝတ်စုံများကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုထားသည်ဟူသော ဝေဖန်မှုများနှင့် ပတ်သက်၍ နှစ်နိုင်ငံရှိ အမျိုးသားရေးဝါဒီ အုပ်စုများက အသုံးချနေကြသဖြင့် ထိုင်း-မြန်မာ ပြည်သူအချင်းချင်းဆက်ဆံရေး ထိခိုက်လာနိုင်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ကာဆက်ဆတ် တက္ကသိုလ် (Kasetsart University) မှ လူမှုသိပ္ပံဌာနမှ လက်ထောက် ပါမောက္ခ ဒေါက်တာ လာလီတာ (Dr. Lalita Harnwong) က ထိုင်းသတင်းဌာန Khaosod သို့ ပြောသည်။
အဆိုပါ အငြင်းပွားမှုကို အသုံးချကာ မြန်မာ ရွှေ့ပြောင်းလုပ်သားများက ထိုင်းလူမျိုးများ၏ အလုပ်အကိုင်များကို လုယူနေသည်ဟူသော အမြင်ကို ဖြန့်ဝေနေကြောင်း ဒေါက်တာ လာလီတာက ဆိုသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၆ သန်းမှ ၇ သန်းအထိ ရှိနေပြီး မြန်မာပြည်သူများ အနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ အသုံးပြုမှုအပေါ် မကျေနပ်မှု ရှိနိုင်သော်လည်း နှစ်ဖက်စလုံးရှိ အမျိုးသားရေးဝါဒီများ၏ အသုံးချမှုကို သတိထားသင့်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ထိုင်းအနုပညာကုမ္ပဏီ GMMTV အနေဖြင့် မြန်မာ့ရိုးရာ ဝတ်စုံနှင့် ယဉ်ကျေးမှုကို ရယူသုံးစွဲရန် ရည်ရွယ်ချက် မရှိကြောင်း ရှင်းလင်းသည့် ထုတ်ပြန်ချက် ထပ်မံ ထုတ်ပြန်ရန်နှင့် နောင်တွင် သင့်လျော်သော အသိအမှတ်ပြုမှုများ ပေးရန်လည်း ဒေါက်တာ လာလီတာက အကြံပြု တိုက်တွန်းထားသည်။
အငြင်းပွားမှု၏ အဓိက အချက်တခုမှာ ဇာတ်လမ်း အမည်တွင် “Thailand” ဟု ဖော်ပြထားသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် အသိအမှတ်ပြုမှု မပါဝင်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
“Scarlet Heart Thailand” ၏ အထူးပြသပွဲ လက်မှတ်များကို အောက်တိုဘာ ၂၄ ရက်က စတင် ရောင်းချခဲ့ပြီး တနာရီအတွင်း ကုန်စင်ခဲ့ကာ ယင်းပွဲကို နိုဝင်ဘာ ၄ ရက်တွင် ဘန်ကောက်မြို့ရှိ Union Mall ၏ Union Hall ၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဇာတ်လမ်းတွဲ၏ ပထမပိုင်း ပြသမှုအပြင် သရုပ်ဆောင်များနှင့် ဒါရိုက်တာတို့၏ သီးသန့် ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ အနုပညာနှင့် ယဉ်ကျေးမှု၏ လှပမှု၊ ထူးခြားသော ဂုဏ်သတ္တိများကြောင့် ထုတ်လုပ်ရေး အဖွဲ့က လေးစား တန်ဖိုးထားပြီး စိတ်ကူးစိတ်သန်း ရယူခဲ့သည့် အရင်းအမြစ် တခုအဖြစ် ထည့်သွင်း ဖော်ပြခဲ့ကြောင်းနှင့် Scarlet Heart Thailand ဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖော်ပြ ပုံဖော်ထားမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် တောင်းပန်ကြောင်း ထိုင်း အနုပညာကုမ္ပဏီ GMMTV က အောက်တိုဘာ၂၃ ရက် ညပိုင်းက ထုတ်ပြန်ထားသည်။

😁38👍13❤9👎1
စိမ်းပိန်း ဆိုသည့် တရုတ်လော်ဘီစကား ကြံ့ဖွံ့ကိုစော်ကားဟု ဘူးလက်လှဆွေ ပြော
ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆
တရုတ်လော်ဘီ ဒေါ်စောကြည် (ခ) ကျောက်ကျင်း၏ လူမှုကွန်ရက်၌ အောက်တိုဘာ၂၃ ရက်က “နီပိန်းထက် စိမ်းပိန်းတွေ ပိုများနေတယ်” ဟူသော ပြောဆိုမှုသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို စော်ကားခြင်းဖြစ်သည်ဟု ဘူးလက် ဦးလှဆွေက ယနေ့ ပြောသည်။
ဘူးလက်ဦးလှဆွေက “ဟိုတရုတ်မ Miss Zhao Jin ပေါ့။ နီပိန်းက များနေတယ် ထင်တာ စိမ်းပိန်းတွေက ပိုများနေတယ်။ ဒီပြောစကားက ကျနော်တို့ အနိုင်ရပါတီ USDP ကို စော်ကားတာနဲ့ အတူတူပဲ။ တရုတ်အစိုးရ ဘယ်လို တာဝန်ယူမလဲ၊ ဘယ်လို အပြစ်ပေးမလဲ ကျနော် စောင့်ကြည့်မယ်” ဟု ၎င်း၏ TikTok လူမှုကွန်ရက်မှတဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က Eleven Media Group က ရှမ်းမြောက်အရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာ ဆောင်းပါး ရေးသား ဖော်ပြခဲ့ပြီးနောက် ကျောက်ကျင်းက ၎င်း၏ Facebook မှတဆင့် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဝေဖန်ရာတွင် စစ်တပ်လော်ဘီ မီဒီယာများနှင့် ထောက်ခံသူများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို တပ်လော်ဘီ အချို့၏ တရုတ်အရေး ပြောဆိုမှုများကို လှောင်ပြောင်ခဲ့ပြီး “စိမ်းပိန်း” က ပိုများလာကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
တရုတ်လော်ဘီ ကျောက်ကျင်းက “အရင်တုန်းက နီပိန်းတွေ ပိုများတယ်လို့ ယူဆတယ်။ အခုမှ စိမ်းပိန်းတွေ ပိုများတယ်ဆိုတာ သိလာတယ်။ နီးကပ်လာရင် သူတို့ ကြောက်တယ်။ ဝေးသွားရင် သူတို့ မုန်းတယ်။ ဒီအမုန်း ဟိုအမုန်းနဲ့ သူတို့ရဲ့ ဘဝကလည်း စည်ကားတာပဲ” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
တရုတ်လော်ဘီ ကျောက်ကျင်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇွန် ၁၇ ရက်က မြို့တော် ပေကျင်းရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်စဉ် အနီးကပ် လိုက်ပါကာ စကားပြန်အဖြစ် ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်သည်။

😁90❤15👍2👎1