နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာချာဒို ဗင်နီဇွဲလားသို့ ပြန်ရောက်လာ
ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆။
ဆယ်လကျော်ကြာ ပြည်ပတွင် တိမ်းရှောင်နေခဲ့ရသော ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာချာဒို (María Corina Machado) သည် သူမ မပါဝင်ဘဲ အမေရိကန်က ပုံစံသစ်ဖော်ဆောင်ထားသည့် မွေးရပ်မြေ ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
သူမသည် မြို့တော် ကာရာကပ်စ်သို့ ရောက်ရှိလာစဉ် ထောင်ပေါင်းများစွာသော ထောက်ခံသူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက အမေရိကန်အထူးတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုကြောင့် အာဏာရှင် မာဒူရို ပြုတ်ကျသွားပြီးနောက် အမေရိကန်သည် လက်ရှိ ခန့်အပ်ထားသော ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) နှင့် ပူးပေါင်း၍ ဒီမိုကရေစီကူးပြောင်းရေး ဆွေးနွေးပွဲများကို ဆောင်ရွက်နေသော်လည်း ထိုဆွေးနွေးပွဲများတွင် မာချာဒိုကို ချန်လှပ်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မာချာဒို၏ ဘေးကင်းလုံခြုံမှုကို မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း လက်ရှိတွင် ဗင်နီဇွဲလား၌ ရွေးကောက်ပွဲကျင်းပရန် အဆင်သင့်မဖြစ်သေးဟု ဆိုထားသည်။ မာချာဒို၏ ပါတီကမူ သူမ ပြန်လာမှုသည် နိုင်ငံအတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးကို ဦးတည်ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုးကား။ ။ CNN သတင်း Venezuela’s Machado returns from exile to crowds of cheering supporters

❤38👍15😁2
Media is too big
VIEW IN TELEGRAM
အမေရိကန်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်လွှမ်းမိုးနိုင်ခဲ့သလဲ
ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ရဲ့ မြန်မာ့အရေးမူဝါဒကို ဘယ်လို လွှမ်းမိုးနိုင်ခဲ့သလဲ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကနေ ထရမ့်လက်ထက်အထိ အမေရိကန်ရဲ့ မြန်မာ့အရေးမူဝါဒ အပြောင်းအလဲတွေအကြောင်းအပြည့်အစုံကို အောက် Link ပါ Opinion Talk “အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား” မှာ ကြည့်ရှုနိုင်ပါတယ်။
အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား
https://youtu.be/pVBwpY3SCuU
#မြန်မာ #အမေရိကန် #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ထရမ့် #အောင်ဆန်းစုကြည် #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #AungSanSuuKyi #Trump #military #myanmar #regime #democracy #IRWENG

❤29👍19😁5
စစ်အုပ်စုနှင့် ဆက်ဆံခြင်းသည် စစ်အုပ်စုနှင့် ပတ်သက်သည့် သဘောထားကို လုံးလုံးလျားလျား ပြောင်း၍ ဆက်ဆံခြင်း မဟုတ်ပေ။ စစ်အုပ်စုနှင့် လုပ်သမျှကို ထောက်ခံနေခြင်းလည်း မဟုတ်ပေ။ လက်ရှိ ပြည်တွင်း မတည်ငြိမ်မှု၊ စီးပွားရေး အကျပ်အတည်းနှင့် စစ်ပွဲအခြေအနေကို ပစ်ပယ်ထားခြင်း မရှိသကဲ့သို့ စစ်အုပ်စုအပေါ် ဖိအားလည်း လျော့သွားဖွယ် မရှိပေ။
စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံသည့် ပေါ်လစီကို စတင်ကျင့်သုံးသည့်အပြင် အင်အားကြီးနိုင်ငံ တခုဖြစ်သည့် တရုတ်အစိုးရ အထူးသံတမန်၏ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ သဝဏ်လွှာတွင် တိုင်းရင်းသားများ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံ ရှာဖွေရန်ဟု ဖော်ပြခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသည့် မြို့များအား တရုတ်အစိုးရမှတဆင့် ပြန်တောင်းယူခြင်း၊ စစ်ပွဲဖြင့် ပြန်လည်တိုက်ခိုက်ပြီး သိမ်းပိုက်ရန် ကြိုးစားခြင်း မပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းခြင်းပြုရန် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းဖြစ်၏။ စစ်ရှုံးခဲ့သည့် နယ်မြေများ ပြန်အပ်ရန် တောင်းဆိုနေသည့် စစ်အုပ်စုအကြိုက် မဟုတ်ပေ။
ထို့အတူ အာဆီယံကလည်း သူ၏ မြန်မာနိုင်ငံဆိုင်ရာ မူငါးချက်ကို ပြောင်းလဲခြင်းမရှိသည့်အပြင် အမေရိကန်၏ တောင်းဆိုချက်ငါးခုကလည်း စစ်အုပ်စုအတွက် စိတ်ကြိုက်အချက်များ မဟုတ်ပေ။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/27/417253.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
သူ့အတွေးသူ့အမြင် | မင်းအောင်လှိုင် သံတမန်ရေး အောင်ပွဲရနေသတဲ့လား
စစ်အုပ်စုနှင့် ဆက်ဆံခြင်းသည် စစ်အုပ်စုနှင့် ပတ်သက်သည့် သဘောထားကို လုံးလုံးလျားလျား ပြောင်း၍ ဆက်ဆံခြင်း မဟုတ်ပေ။
❤26👍12😁2
ထိုင်းမြောက်ပိုင်း ဖဲ့ခရိုင်မှာ တရားမဝင် မြန်မာ ၁၈ဦးနှင့် ပွဲစားတို့ ရဲဖမ်း
ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
ထိုင်းနိုင်ငံ ဖဲ့ခရိုင် (Phrae)၊ ဆောင်မြို့နယ် အမြန်လမ်းမကြီးပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ၎င်းတို့အား ခေါ်လာသည့် မြန်မာဇနီးမောင်နှံ ၂ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၂၀ ဦးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နှင့် အဝေးပြေးရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။
ဖြစ်စဉ်မှာ ချင်းရိုင်ခရိုင်မှတဆင့် ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ သယ်ဆောင်နေသည့် သံသယဖြစ်ဖွယ် မော်တော်ယာဉ်အုပ်စုများကို ဖဲ့ခရိုင်ရဲတပ်ဖွဲ့က စောင့်ကြည့်စုံစမ်းနေစဉ် အောက်တိုဘာလ ၂၄ ရက် သတင်းပေးပို့ချက်အရ Highway 103 လမ်းမကြီး မိုင်တိုင်အမှတ် ၂၇ အနီး မသင်္ကာဖွယ် တိုယိုတာဗန်ကားတစီးကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဗန်ကားမောင်းနှင်သူ အသက် ၂၆ နှစ်အရွယ် ကိုရန်နှင့် ရှေ့ခန်းတွင် လိုက်ပါလာသူ အသက် ၂၄ နှစ်အရွယ် မဖြူတို့ ဇနီးမောင်နှံနှစ်ဦး၌ ခရီးသွားလာခွင့် အထောက်အထား စာရွက်စာတမ်းများ မရှိသည့်အပြင် ကားအတွင်း၌ တရားမဝင် ဝင်လာသူ မြန်မာနိုင်ငံသား ၁၈ ဦး တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မေးမြန်းချက်များအရ ၎င်းတို့ ဇနီးမောင်နှံသည် တရားမဝင် မြန်မာလုပ်သားများကို ချင်းရိုင်မြို့မှ Phitsanulok သို့ ပို့ဆောင်ပေးရန် တခေါက်လျှင် ဘတ် ၃,၀၀၀ ဖြင့် ငှားရမ်းခံရခြင်းဖြစ်ပြီး ယခုအကြိမ်အပါအဝင် စုစုပေါင်း ၃ ကြိမ် သယ်ဆောင်ပေးခဲ့ဖူးကြောင်း ထွက်ဆိုထားသည်။
ထို့ပြင် တရားမဝင် ဝင်ရောက်လာသူများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် လူမှောင်ခိုကွန်ရက်သို့ တဦးလျှင် ဘတ် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ပြောသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က တရားမဝင် ဝင်ရောက်လာသူ ၁၈ ဦးအား "ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု" ၊ သယ်ယူပေးသူ မြန်မာစုံတွဲ ၂ ဦးအား "တရားမဝင် နိုင်ငံခြားသားများ လွတ်မြောက်စေရန် ကူညီဖုံးကွယ်ပေးမှု" ဖြင့် တရားစွဲဆိုထားပြီး သိမ်းဆည်းရမိသည့် ဗန်ကားနှင့်အတူ ဖဲ့ခရိုင်၊ ဆောင်ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။
ဓာတ်ပုံ- FM91 Traffic Pro
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤16😭13👍7👎4😁3
မြန်မာစစ်ဗိုလ်ချုပ်များကို ဒိန်းမတ်ဥပဒေသစ်ဖြင့် ချင်းအမျိုးသမီး တိုင်ကြား
ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
စစ်တပ်၏ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ချင်းတိုင်းရင်းသူအမျိုးသမီးတဦးသည် စစ်ခေါင်းဆောင်များကိုအရေးယူပေးရန် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ရှိ အာဏာပိုင်များထံ အောက်တိုဘာ၂၆ ရက်က တရားဝင် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာ တစောင် ပေးပို့ တိုင်ကြားလိုက်သည်။
ယခုကဲ့သို့ တိုင်ကြားနိုင်ခြင်းမှာ ပြီးခဲ့သည့်နှစ်က စတင်အသက်ဝင်ခဲ့သည့် ဒိန်းမတ်နိုင်ငံ၏ ပြဋ္ဌာန်းဥပဒေအသစ်ကြောင့်ဖြစ်ပြီး အဆိုပါဥပဒေသည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို အရေးယူနိုင်ရန် ဒိန်းမတ်တရားစွဲ အဖွဲ့အစည်းများကို အခွင့်အာဏာ ပေးထားသည်။
တိုင်ကြားသူ၏ရှေ့နေဖြစ်သူ အက်ဒီ အိုမာ ရိုဆင်ဘတ် ခါဝါဂျာ (Eddie Omar Rosenberg Khawaja) က “ဒိန်းမတ် ဥပဒေ အသစ်အရ ရာဇဝတ်မှုဟာ မည်သည့်နေရာမှာ ဖြစ်ပွားခဲ့သည် ဖြစ်စေ၊ ကျူးလွန်သူ သို့မဟုတ် နစ်နာသူရဲ့ နိုင်ငံသားဖြစ်မှုဟာ အဓိက မဟုတ်တော့ပါဘူး။ ဒိန်းမတ်မှာ နေထိုင်နေတဲ့ နစ်နာသူတွေအနေနဲ့ မိမိတို့အပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့စဉ်က အမိန့်ပေးကွပ်ကဲခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကို တာဝန်ခံခိုင်းဖို့ ဒိန်းမတ်အာဏာပိုင်တွေကို တောင်းဆိုနိုင်ပါပြီ” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများမှာ စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများ၏ အရေးယူမှုများမှာလည်း နှေးကွေးနေချိန်တွင် ဒိန်းမတ်နိုင်ငံ၌ ယခုကဲ့သို့ တိုင်ကြားနိုင်ခြင်းသည် နစ်နာသူများအတွက် တရားမျှတမှု ရရှိနိုင်သည့် နည်းလမ်းတခု ဖြစ်လာခဲ့သည်။
လက်ရှိ ဒိန်းမတ်နိုင်ငံတွင် နေထိုင်လျက်ရှိသော အဆိုပါ တိုင်ကြားသူသည် ချင်းပြည်နယ်ရှိ ၎င်း၏ ကျေးရွာ၌ နေအိမ် ၄၀ ခန့် မီးရှို့ ဖျက်ဆီးခံရမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူဖြစ်ပြီး မိသားစုဝင်များနှင့် မိတ်ဆွေများမှာလည်း စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးခြင်းနှင့် မသန်စွမ်းဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့ရသူလည်း ဖြစ်သည်။
ထိုအခြေအနေများကြောင့် အခြားသော သောင်းနှင့်ချီသည့် ချင်းတိုင်းရင်းသားများနည်းတူ ၎င်းမှာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ဖြစ်သည်။
၎င်း၏ တိုင်ကြားစာတွင် စစ်အုပ်စု၏ တမင်တကာ သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် အိမ်ခြေ မီးရှို့မှုများနှင့် သောင်းနှင့်ချီသော ပြည်သူများကို အဓမ္မ အိုးအိမ် စွန့်ခွာစေခဲ့သည့် ရာဇဝတ်မှုများ ပါဝင်သည်။
ဒိန်းမတ်ရောက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများ အဖွဲ့ (MAGD) ၏ ဥက္ကဋ္ဌ ထရေ့စီ ဘဝီလှိုင် (Tracy Bawi Hlei) က ဒိန်းမတ်နိုင်ငံသည် ၁၉၉၀ ပြည့်လွန်နှစ်များ မတိုင်မီကတည်းက မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုများ၊ တက်ကြွ လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ဘက်မှ အစဉ်အဆက် ရပ်တည်ခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ကြောင်းနှင့် ယခုအမှုသည် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ စိုးမိုးရေးအတွက် အရေးပါသည့် ခြေလှမ်းတခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု အမှုကို MAGD၊ Chin Community Denmark နှင့် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု ပရောဂျက် (MAP) တို့က ပူးပေါင်း ကူညီပံ့ပိုးပေးထားခြင်း ဖြစ်သည်။
ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ သံရုံးကို ပိတ်သိမ်းတော့မည် ဖြစ်သော်လည်း ယခု အမှုသည် ဒိန်းမတ် အစိုးရအနေဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက် ပါဝင်နေကြောင်း ပြသရာရောက်ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လူပေါင်း ၁၆ သန်းကျော် လူသားချင်း စာနာထောက်ထားမှု အကူအညီများလိုအပ်နေပြီး လူပေါင်း ၃ ဒသမ ၈ သန်းခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ စတုတ္ထမြောက် အသေအပျောက် အများဆုံး ပဋိပက္ခ ဖြစ်ပွားရာ ဒေသ ဖြစ်နေသည်။
တိုင်ကြားသူအနေဖြင့် စစ်ပွဲကို ရပ်တန့်ပေးရန် ဒိန်းမတ်အား တောင်းဆိုနေခြင်း မဟုတ်ဘဲ ရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုစတင်ရန်၊ သက်သေအထောက်အထားများကို လေးလေးနက်နက် စိစစ်ရန်နှင့် တာဝန်ရှိသည့် စစ်ဗိုလ်ချုပ်များအား တာဝန်ခံခိုင်းရန်သာ တောင်းဆိုထားခြင်း ဖြစ်ကြောင်း ဆိိုထားသည်။
ဓာတ်ပုံ- AFP

❤47👍26😁5👎2
ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး
ဒီနေ့မှာ သုံးနှစ်ပြည့်ပြီဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ် သာ ဝင်မရှုပ်ခဲ့ရင် ဘယ်လောက်ထိခရီးပေါက်နေပြီဖြစ်မလဲ၊ အာဏာသိမ်း မင်းအောင်လှိုင်စစ်တပ် အဘက်ဘက်က ကျရှုံးနေချိန်မှာ တရုတ် ဟာ တော်လှန်ရေးတပ်တွေကို အနိုင်ကျင့်ဒီပလိုမေစီသုံးပြီး ဘယ်လိုဖိအားပေးခဲ့လဲ စတဲ့အကြောင်းတွေဆွေးနွေးထားတဲ့ Opinion Talk Episode 12 "ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး" ကို ကြည့်ရှုနိုင်ပါတယ်
https://youtu.be/_cwOKbMYlaQ
#မြန်မာ #တရုတ် #ပေါက်ဖော် #ဆွေမျိုးပေါက်ဖော် #တရုတ်တင်မင်း #နိုင်ငံရေး #စစ်ခေါင်းဆောင် #ရှီကျင့်ဖျင် #Myanmar #အောင်ဆန်းစုကြည် #China #Paukphaw #SinoMyanmar #Military #OpinionTalk #WhatsHappeningInMyanmar

YouTube
ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး
တရုတ်ရဲ့ မြန်မာအပေါ် နိုင်ငံရေးအရွေ့တွေ နဲ့ အနိုင်ကျင့် ဒီပလိုမေစီ... ဒါတွေက မြန်မာ့တော်လှန်ရေးကို ဘယ်လို သက်ရောက်ခဲ့လဲ၊ ဘာတွေဆက်ဖြစ်လာနိုင်လဲ၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုတာ မြန်မာပြည်သူတွေအတွက်လား၊ စစ်ခေါင်းဆောင်တွေအတွက်ပဲလား.. စတာတွေကို ဒီတပတ် Opinion…
👍46❤6👎4😁3
အာဆီယံ အထူးသံ နေပြည်တော် လာမည်
ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးရန် အာဆီယံ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို ဦးဆောင်သော လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖြန် အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နေပြည်တော်သို့ လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Thai PBS သတင်းတွင် ယနေ့ ဖော်ပြသည်။
နှစ်ရက်တာ ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အာဆီယံဘက်က တောင်းဆိုမှုနှင့် ပတ်သက်၍မူ ယင်းကဲ့သို့ တွေ့ဆုံရန် စီစဉ်ထားခြင်း မရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။
အမည်မဖော်လိုသည့် သတင်းရင်းမြစ်များ၏ အဆိုအရ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုသည် ခရီးစဉ်အတွင်း နေပြည်တော်၌ အဆင့်မြင့်တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် အာဏာသိမ်းအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ဂျကာတာအခြေစိုက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre) မှ အဆင့်မြင့်အရာရှိများနှင့် ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် လာဇာရိုနှင့် AHA Centre အဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားရောက်ကာ အဖွဲ့အစည်းအသီးသီးမှ ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လူသားချင်းစာနာမှု လိုအပ်ချက်များကို ဆွေးနွေးမည်ဖြစ်သည်။
မကြာသေးမီက ကောင်းမွန်သော တိုးတက်မှုတချို့ ထွက်ပေါ်လာပြီးနောက် လာဇာရိုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ခြေရှိကြောင်း သုံးသပ်ခန့်မှန်းမှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ဘုရင် ချားလ်စ်ထံမှ စာအုပ် နှစ်အုပ်နှင့် အိတ်ပိတ်စာတစောင် ပါဝင်သည့် ပါဆယ်ထုပ်ကို လက်ခံရရှိခဲ့သလို လန်ဒန်တွင် နေထိုင်သည့် သားဖြစ်သူ ကင်မ်အဲရစ်နှင့်လည်း စကားပြောဆိုခွင့် ရရှိခဲ့သည်။
ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် က နေပြည်တော်၏ အဆိုပါ လုပ်ဆောင်ချက်များကို တိုးတက်မှု အရိပ်အမြွက်များအဖြစ် ချီးကျူးခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်သူများကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ကူညီမှုနှင့် အကြံဉာဏ်များ ပေးနိုင်ကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် "အာဆီယံရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ" ကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရန် မကြာသေးမီက ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းက ဆိုသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးများကို နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ မနီလာမြို့တွင် ကျင်းပမည်ဖြစ်ပြီး သုံးရက်တာ အစည်းအဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်ဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ သြစတြေးလျဝန်ကြီးချုပ် နှင့် နယူးဇီလန်ဝန်ကြီးချုပ်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၀ နီးပါး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

😁32👍11❤8
Media is too big
VIEW IN TELEGRAM
တနိုင်းမှာ လူ ၇ ဦးကို နင်းသတ်ခဲ့တဲ့ ဆင် လွတ်မြောက်နေဆဲ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုနေတဲ့ သစ်ဆွဲဆင်တကောင်ဟာ ဒေသခံ ၇ ဦးကို နင်းသတ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့အထိ လွတ်မြောက်နေဆဲလို့ ဒေသခံတွေက ဧရာဝတီကိုပြောပါတယ်။
မြန်မာ့သစ်လုပ်ငန်းမှာအသုံးပြုနေတဲ့ ပုဂ္ဂလိကပိုင်အဲဒီဆင်ဟာ အောက်တိုဘာ ၂၃ ရက်ကတည်းက လွတ်မြောက် နေတာဖြစ်ပြီး သူဦးတည်သွားရာလမ်းတလျှောက်မှာ လူတွေကို နင်းခြေသတ်ဖြတ်ခဲ့ရာ လက်ရှိအချိန်ထိ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး သတ်ဖြတ်ခံထားရတယ်လို့ အခြေအနေ သိရှိသူ ဒေသခံတဦးက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #တနိုင်း #ဆင် #မုန်ယိုဆင် #မြန်မာသစ်လုပ်ငန်း #သစ်ဆွဲဆင် #ကချင်ပြည်နယ် #WhatsHappeningInMyanmar

😱32❤5😁2👎1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းစစ်တပ်ကို ဒိန်းမတ်မှာ တရားစွဲ
အာဏာသိမ်းစစ်တပ်ကို စစ်ရာဇဝတ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုကနေ လွတ်မြောက်လာတဲ့ ချင်းတိုင်းရင်းသူတဦးက ဒိန်းမတ်နိုင်ငံတရားရုံးမှာ အောက်တိုဘာ ၂၆ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ချင်းပြည်နယ်က ကျေးရွာတခုမှာ အာဏာသိမ်းစစ်တပ်ရဲ့ မြေမြှုပ်မိုင်းတွေကြောင့် မိသားစုတွေသေဆုံးခဲ့ရပြီး ကျေးရွာက နေအိမ်တွေလည်း ပျက်ဆီးခဲ့တဲ့အတွက် ကျူးလွန်တဲ့ အာဏာသိမ်းစစ်တပ် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တရားစွဲဆိုလိုက်တာပါ။
ချင်းတိုင်းရင်းသူဟာ အာဏာသိမ်းစစ်ရဲ့ ကျူးလွန်မှုတွေကြောင့် အိန္ဒိယနယ်စပ်ကနေ တဆင့် ထွက်ပြေးကာ ဒိန်းမတ် နိုင်ငံကိုရောက်ရှိလာခဲ့ပြီးနောက် အခုလို တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးဘက်က အမှုကို ဘယ်ချိန် စတင်လက်ခံစစ်ဆေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူးလို့ အမေရိကန်အခြေစိုက် The Diplomat သတင်းဌာန က ရေးသားဖော်ပြပါတယ်။
#မြန်မာ #ဧရာဝတီ #ဒိန်းမတ် #ချင်းတိုင်းရင်းသူ #အာဏာသိမ်းစစ်တပ် #ချင်းပြည်နယ် #တရားစွဲ #စစ်ရာဇဝတ်မှု #WhatsHappeningInMyanmar

❤38👍26😁15🤔3👎1
မလေးရှားပြန် ၃၀၀ ထိန်းသိမ်းထားသည့်သတင်း စုံစမ်းစစ်ဆေးမည် ဟုဆို
ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
မလေးရှားမှ ပြန်လည် ပို့ဆောင်လိုက်သည့် မြန်မာ ၃၀၀ ခန့်အား စစ်အုပ်စုမှ ထိန်းသိမ်းထားသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ ရှင်းလင်းရန် တောင်းဆိုမည်ဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး ယာယီ တာဝန်ခံကိုလည်း အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးပြီး ထိန်းသိမ်းခံထားရသူများ၏ အခြေအနေသတင်းပို့ရန် ညွှန်ကြားသွားမည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုသည်။
အောက်တိုဘာ ၂၆ ရက်က ပြုလုပ်သည့် မလေးရှား ပါလီမန် အစည်းအဝေးအတွင်း အတိုက်အခံ လွှတ်တော်အမတ် အာမက် တာမီဇီ ဆူလိုင်မန် (Ahmad Tarmizi Sulaiman) က မလေးရှားမှ ပြန်လည် ပို့ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ရန်ကုန်မြို့ရှိ စစ်ဘက်ဆိုင်ရာ စခန်း တခုတွင် ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့အနက် ရိုဟင်ဂျာနှင့် ရခိုင် တိုင်းရင်းသားများ ပါဝင်ကြောင်း နိုင်ငံတကာ မီဒီယာ သတင်းများကို ကိုးကား၍ ထောက်ပြထားပြီး မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ယင်းအခြေအနေကို သိရှိခြင်း ရှိ၊ မရှိနှင့် ပြန်လည် ရောက်ရှိလာသူများ ခွဲခြား ဆက်ဆံမှု မခံရစေရေး မြန်မာဘက်က ပေးထားသည့် ယခင် အာမခံချက်များနှင့် ပတ်သက်၍ ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
ယင်းအပေါ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ သဘောဆန္ဒ အလျောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပါဝင်သူများက မိမိ သဘောဆန္ဒအတိုင်း ပြန်လည် လိုက်ပါကြောင်း စာရွက်စာတမ်းများတွင် လက်မှတ် ရေးထိုးခဲ့ကြသည်ဟု ပြန်လည် ဆွေးနွေးခဲ့သလို မြန်မာဘက်က ပေးထားသည့် အာမခံချက်များကို လေးစား လိုက်နာရန် မလေးရှားအစိုးရက တောင်းဆိုသွားမည်ဟုလည်း ဆိုသည်။
မလေးရှားနိုင်ငံ အပေါ် ရိုက်ခတ်မှုများ ရှိနေသည့် ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြန်မာ စစ်ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံရန် လိုကြောင်း၊ ယခုကဲ့သို့ ထိတွေ့ ဆက်ဆံခြင်းသည် လက်ရှိ မြန်မာ အစိုးရကို အသိအမှတ်ပြုခြင်း မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများ ရရှိရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း မိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။
၎င်းက “မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားကို လာရောက်တဲ့ ခရီးစဉ်ဟာ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ သူ့ အစိုးရကို တရားဝင်အဖြစ် အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ လက်ရှိ အစိုးရကို အသိအမှတ်ပြု မပြု ဆိုတာ သီးခြား ကိစ္စပါ” ဟု ဆိုသည်။
မြန်မာနိုင်ငံကို သီးခြား ခွဲထုတ်ထားခြင်းဖြင့် အကျပ်အတည်းကို ပြေလည်စေမည် မဟုတ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စစ်သင်္ဘော ၃ စီးဖြင့် ပြီးခဲ့သည့်လက ပြန်လည် ပို့ဆောင်ထားသည်။

❤29👍18😁5👎1
ထိုင်းဘက်ခြမ်း ကျည်ကျမှု ဒေသခံတို့ ဆန္ဒထုတ်ဖော်
ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၆
ထိုင်း-မြန်မာ နယ်စပ်တလျောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်လာမှုအပေါ် ထိုင်းဒေသခံများက ယနေ့ ဆန္ဒထုတ်ဖော်ခဲ့သည်။
မြန်မာဘက်မှ ပစ်ခတ်သည့် ကျည်ဆန်များ ထိုင်းဘက်သို့ ကျရောက်လာမှုကြောင့် ဒေသခံများ၏ အသက်အန္တရာယ်နှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများအပေါ် စိုးရိမ်နေကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် ပြည်သူများ၏ လုံခြုံရေးအတွက် ထိရောက်သည့် အစီအမံများ ချမှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုင်းဘက်ခြမ်းသို့ ကျည်ကျရောက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရန် ထိုင်းစစ်တပ်၊ နရဲစွမ်စစ်ကြောင်း (Naresuan Force) လက်အောက်ရှိ ရာဇမနူ စစ်ဆင်ရေးအဖွဲ့ (Rajamanu Task Force)က နယ်စပ်ဘေးအန္တရာယ် ကာကွယ်ရေး အစီအမံ လေးရပ်ကို ယမန်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ အစီအမံ လေးရပ်တွင် စစ်ရေးနှင့် နယ်စပ်ကာကွယ်ရေး၊ သံတမန်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် လျော်ကြေးပေးရေး၊ ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတို့ ပါဝင်သည်။
ထိုင်းတပ်ဖွဲ့အနေဖြင့် သတ်မှတ်ထားသော စစ်ရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် ကျည်ဆန်များ ထိုင်းပိုင်နက်အတွင်း ကျရောက်ပါက ကျည်စတင်ထွက်ရှိရာ သို့မဟုတ် သံသယရှိသော ပစ်ခတ်သည့်နေရာများသို့ သတိပေးမီးခိုးဗုံး ပစ်ခတ်သွားမည်ဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း သို့မဟုတ် ထိုင်းပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ထိခိုက် ပျက်စီးကြောင်း ခိုင်လုံသော သက်သေတွေ့ရှိပါက ပစ်ခတ်သည့်ဘက်မှ ရပ်တန့်သွားစေရန် ထိုင်းစစ်တပ်အနေဖြင့် အချိုးကျ တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
သောင်ရင်းမြစ်တလျောက် တပ်အင်အား တိုးမြှင့်ခြင်း၊ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခြင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း ကင်းလှည့်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ပြီး ဒရုန်းနှင့် လေယာဉ်များအသုံးပြု၍ အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဖြစ်စဉ်များ ဖြစ်ပွားပြီးပါက မြို့နယ်နယ်စပ်ကော်မတီ (TBC) နှင့် ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (RBC) စသည့် နယ်စပ်ဆိုင်ရာ လုပ်ငန်းစဉ်များကို အသုံးပြု၍ မြန်မာစစ်တပ်ထံ ချက်ချင်း ဆက်သွယ်ကာ ထိုင်းနိုင်ငံဘက်သို့ ပစ်ခတ်မှုများ မပြုလုပ်ရန် သတိပေးခြင်း၊ တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့သည် သံတမန်ရေးရာ လမ်းကြောင်းများမှတဆင့် တရားဝင် ကန့်ကွက်လွှာများ ပေးပို့ကာ ထိခိုက်ပျက်စီးမှုများအတွက် မြန်မာအစိုးရဘက်မှ တာဝန်ယူရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
တိုက်ပွဲများ ပြင်းထန်လာပါက နယ်စပ်အနီးနေထိုင်သည့် ဒေသခံများကို ဘေးကင်းသည့် ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးနိုင်ရန်အပါအဝင် နယ်စပ်ကျေးရွာများ၊ စာသင်ကျောင်းများနှင့် အိမ်များတွင် ဗုံးခိုကျင်းများ တည်ဆောက်ပေးခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ပစ်ခတ်မှုများကြောင့် ထိုင်းဒေသခံများ၏ အိမ်များ၊ ပိုင်ဆိုင်မှုများနှင့် စိုက်ပျိုးသီးနှံများ ထိခိုက် ပျက်စီးပါက အရေးပေါ် လျော်ကြေးငွေများ ပေးအပ်နိုင်မည့် စနစ်တခုကိုလည်း ထူထောင်သွားမည်ဖြစ်သည်။
မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် သီးသန့် ဘေးကင်းရာ နေရာများ စီစဉ်ပေးမည်ဖြစ်ပြီး သတ်မှတ်နေရာများတွင် စနစ်တကျ ထိန်းသိမ်းကာ တရားမဝင် ပစ္စည်းများနှင့် လက်နက်များ ပါဝင်ခြင်း ရှိ၊ မရှိ စိစစ်သွားမည်ဖြစ်ကာ တိုက်ပွဲများ ပြီးဆုံး၍ အခြေအနေ ပြန်လည် တည်ငြိမ်သွားပါက စစ်ဘေးရှောင်များအား မူလနေရာများသို့ မိမိတို့ သဘောဆန္ဒအတိုင်း ပြန်လည်ထွက်ခွာနိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Aung Aung’s Post

❤38👍7😁6
Media is too big
VIEW IN TELEGRAM
ရန်ကုန်က သီတင်းကျွတ်ပွဲတွေ
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာ သီတင်းကျွတ် ရေကျော်ပွဲဈေး ကျင်းပနေသလို ဗိုလ်တထောင်ဘုရားနဲ့ ပြည်သူ့ရင်ပြင်မှာလည်း လည်ပတ်သွားလာကြတဲ့ ပြည်သူအများအပြားနဲ့ စည်စည်ကားကား ရှိနေတာကို တွေ့မြင်ရပါတယ်။
ရေကျော်ပွဲဈေးကိုတော့ အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားဖို့ရှိနေပြီး ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ရေကျော်ပွဲဈေးကို ၂၀၁၉ ခုနှစ်မှာ ရပ်နားခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်၂၀၂၄ ခုနှစ်မှာ ပြန်လည် ကျင်းပခဲ့တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #သီတင်းကျွတ် #ရေကျော်ပွဲဈေး #ပုဇွန်တောင် #ရန်ကုန် #WhatsHappeningInMyanmar

👍20👎10❤4😁1