အာဆီယံအထူးသံ စစ်ရှောင်များ၏ကြံ့ကြံ့ခံနိုင်စွမ်းကို အသိအမှတ်ပြု၊ အတူရပ်တည်သွားမည် ဟုဆို
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇရို (Theresa Lazaro) ဦးဆောင်သော အဖွဲ့သည် ယမန်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်များနှင့် တွေ့ဆုံခဲ့သလို လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ဖိလစ်ပိုင်သတင်းဌာန Bilyonaryo က ဖော်ပြသည်။
လာဇရိုက “တောင်ကြီးမြို့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ကျမတို့ အသိအမှတ်ပြုပြီး အတူ ရပ်တည်သွားမယ်ဆိုတဲ့ ကျမတို့ရဲ့ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ မိတ်ဖက် နိုင်ငံတွေနဲ့အတူတကွ ပူးပေါင်းပြီး မြန်မာနိုင်ငံအနေနဲ့ အဖြေရှာနိုင်ဖို့၊ အထူးသဖြင့် မြန်မာပြည်သူတွေ ကိုယ်တိုင် ဦးဆောင်ပြီး ကိုယ်တိုင် ပိုင်ဆိုင်တဲ့ ဖြေရှင်းနည်းတခု ဖြစ်လာစေဖို့နဲ့ ဘယ်လူမှုအသိုင်းအဝိုင်းမှ ကျန်ရစ် မနေစေဖို့ ကျမတို့ ဆက်လက် ကြိုးပမ်း ကူညီသွားပါမယ်” ဟု ပြောဆိုခဲ့သည်။
အာဏာသိမ်း စစ်အုပ်စုဘက်ကလည်း အာဆီယံ အထူးသံတမန် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က တောင်ကြီးမြို့ရှိ ဘုရားကျောင်းနှင့် ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း စစ်ဘေးရှောင်များနှင့် ပတ်သက်၍မူ တစုံတရာ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
ခရီးစဉ်တွင် လာဇရိုနှင့်အတူ မြန်မာနိုင်ငံ အခြေစိုက် အာဆီယံနှင့် ဂျပန် သံတမန်များ လိုက်ပါခဲ့ကြပြီး ပြည်တွင်းစစ် ရင်ဆိုင်နေရသော အဆိုပါ ဒေသများရှိ စစ်ဘေးရှောင် မိသားစုပေါင်း ၁၁,၀၀၀ ခန့်ထံ ဆန်အိတ်များ၊ မိသားစုသုံး အထောက်အကူပြု ပစ္စည်းများနှင့် တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့သလို ၎င်းတို့၏ နေထိုင်မှု အခြေအနေများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း ဖိလစ်ပိုင် သတင်းတွင် ဖော်ပြသည်။
“ဒီ ကူညီထောက်ပံ့ရေး မစ်ရှင်ဟာ နောက်ထပ် ပြည်သူတွေဆီ ပိုမို ရောက်ရှိ ကူညီနိုင်ဖို့ ကျမတို့ လိုအပ်နေတဲ့ တွန်းအား တခုကို ဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု လာဇရိုက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့အနေဖြင့် ယခင်က ရောက်ရှိကူညီနိုင်ခြင်း မရှိခဲ့သော ဒေသများကို အဓိကထား၍ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ ဒေသခံ လူထုထံ တလတာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ စတင် ပေးအပ်နိုင်ရန် အာဆီယံ အထူးသံတမန် ထရီဆာ လာဇာရိုသည် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Bilyonaryo, MOFA
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤30👍22😁6😭1
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၃ ရက်နေ့က နေပြည်တော်တွင် ICRC ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သလို၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ဗြိတိန်ဘုရင် ချားလ်စ်ထံမှ စာအုပ်များနှင့် သံတမန်ရေးရာ စာလွှာကို လက်ခံရရှိခဲ့သည်။ ထို့အပြင် မတရားဖမ်းဆီးခံထားရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးခံရပြီး ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အငယ်ဆုံးသားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) နှင့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တယ်လီဖုန်း စကားပြောဆိုခွင့် ရရှိခဲ့သည်။
ပြည်တွင်းနှင့် ဒေသတွင်း လေ့လာသူများက စစ်အုပ်စုသည် လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် စတင်အသုံးချနေပြီဖြစ်ကြောင်း သတိပေးကြသည်။
"ဟန်ပြသမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ဓားစာခံ သံတမန်ရေးကို အသုံးပြုပြီး ကမ္ဘာကို လိမ်လည်ဖို့ ကြိုးစားနေပါတယ်" ဟု စင်ပြိုင်အာဆီယံ မြန်မာကွန်ရက် (Altsean-Burma) ၏ တည်ထောင်သူနှင့် ညှိနှိုင်းရေးမှူး ဒက်ဘီ စတောထတ် (Debbie Stothard) က ပြောသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/29/417300.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အုပ်စုက ဓားစာခံသဖွယ် အသုံးချနေ
စစ်အုပ်စုသည် လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် စတင်အသုံးချနေပြီဖြစ်သည်။
❤27👍17😁7
နယ်စပ်တိုက်ပွဲမှ ကျည်များ ထိုင်းဘက် ထပ်ကျ၊ ၃ ဦး ဒဏ်ရာရ
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာ နယ်စပ်အနီး ဖလူးနှင့် မင်းလက်ပံဒေသတွင် ယနေ့ နံနက်အစောပိုင်း၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်များ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းဒေသခံ ၃ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၅ နာရီခွဲခန့်မှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ့်ကိုကင်းရွာရှိ နေအိမ် ခေါင်မိုးပေါ်သို့ RPG-7 ကျည်တလုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့်အပြင် အိမ်ရှင်ဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် မဲဆောက် ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်းနှင့် ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ သွားရောက် စစ်ဆေးနေကြောင်း ထိုင်း Channel 3 Plus News တွင် ဖော်ပြသည်။
ထို့ပြင် မဟာဝမ်ရွာအတွင်းသို့လည်း ကျည်အများအပြား ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
မယ့်ကိုကင်းရှိ မြန်မာတဦးက “တိုက်ပွဲ ဖြစ်တာက အကြီးအကျယ်ပဲ။ လက်နက်ကြီး လက်နက်ငယ်အသံ အစုံ ကြားရတယ်။ စစ်ရှောင် မြန်မာတွေရော ထိုင်းတွေရော မနက်အစောကြီး ကသုတ်ရိုက် ထွက်ပြေးကြရတယ်။ ကျည်တွေလည်း အများကြီးကျတော့ ဒဏ်ရာရတာတွေ၊ နေအိမ် ပျက်စီးတာတွေလည်းရှိတယ်” ဟု ပြောသည်။
ယခု ကျည် ကျရောက် ပေါက်ကွဲခဲ့သည့် နေရာသည် ပြီးခဲ့သည့် ရက်ပိုင်းက ဗုံးသီး ကျရောက်ခဲ့သည့်နေရာနှင့် မီတာ ၁၀၀ ခန့်သာ ကွာဝေးပြီး အနီးအနားရှိ နေအိမ်များသို့လည်း အမျိုးအမည် မသိရသေးသော ကျည်များ ထပ်မံ ကျရောက်ခဲ့ကြောင်း ထိုင်း သတင်းများအရ သိရသည်။
မြဝတီမြို့တောင်ဘက် ဖလူးနှင့် မင်းလက်ပံဒေသ တိုက်ပွဲများသည် နှစ်ချီ ကြာမြင့်နေပြီဖြစ်ကာ ထိုင်းဘက်ခြမ်းသို့ မကြာခဏ ကျည် ကျရောက် ပေါက်ကွဲမှုများကြောင့် ထိခိုက် နစ်နာမှုများရှိနေသဖြင့် အောက်တိုဘာ ၂၇ ရက်က ထိုင်းဒေသခံ ၂၀၀ ကျော် စုဝေး ဆန္ဒပြကာ ဘေးကင်း လုံခြုံရေး အကာအကွယ်များဆောင်ရွက်ပေးရန် ထိုင်းအာဏာပိုင်များထံ တောင်းဆိုထားကြသည်။
ဓာတ်ပုံ- Suthiya Dongdee

👍36😁11👎1
ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှု တရားစွဲမည့်ကွန်ရက် ကုလ၌ ဖွဲ့စည်း
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
ပဋိပက္ခဒေသများရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများ ကာကွယ်ရန်နှင့် လိင်ပိုင်းဆိုင်ရာ၊ ကျားမအခြေပြုအကြမ်းဖက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအား ပြင်းထန်စွာ ရှုတ်ချပြီး ယခုနှစ်အတွင်း ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှုများ တရားစွဲဆိုရေးကွန်ရက် ဖွဲ့စည်းမှုကို ကြိုဆိုလိုက်ကြောင်း မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၇၂ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထိုကွန်ရက်ကို သီးခြားတနိုင်ငံတည်း၌ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ၊ ကုလသမဂ္ဂ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ကာ နိုင်ငံအသီးသီးမှ တရားလိုရှေ့နေများ၊ စုံစမ်းစစ်ဆေးသူများနှင့် တရားသူကြီးများက ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှုများကို ထိထိရောက်ရောက် တရားစွဲဆိုနိုင်ရန်နှင့် အချက်အလက်များ လဲလှယ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျူးလွန်သူများ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အပြီးသတ် ချုပ်ငြိမ်းစေရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက သန္နိဋ္ဌာန်ချမှတ်ထားရှိမှုကို ထပ်လောင်းအတည်ပြုကာ တာဝန်ခံမှုရှိစေရေး အစီအမံများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး လုပ်ဆောင်ချက်များက အရေးကြီးကြောင်းလည်း ဆိုသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်အားလုံး၌ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် ထည့်သွင်းရေး၊ အကြမ်းဖက်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရန် ရေရှည်တည်တံ့သော ရန်ပုံငွေများ ပံ့ပိုးပေးရန်လည်း တောင်းဆိုထားသည်။
၂၀၂၁ အာဏာသိမ်းချိန်မှစ၍ မြန်မာပြည်အနှံ့အပြား ပဋိပက္ခများတိုးမြင့်လာရာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ နေ့စဉ်ဘဝလုံခြုံရေးမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း၊ မြန်မာစစ်တပ်နှင့် လက်အောက်ခံများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့များက ပဋိပက္ခနယ်မြေဒေသများတွင် မုဒိမ်းမှု၊ အုပ်စုလိုက် မုဒိမ်းမှု၊ မုဒိမ်းကျင့် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသလို သက်ငယ်မုဒိမ်းမှု၊ သွေးရင်းသားရင်းနှင့် ဆွေမျိုးတော်စပ်သူများက ကျုးလွန်သည့် မုဒိမ်းမှု၊ ကာမလိမ်လည်မှု၊ အသက်မပြည့်မီ အတင်းအကျပ်ပေးစားခြင်း၊ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှု၊ လူမှုကွန်ရက်မှတဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ)က ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Permanent Mission of Myanmar to the United Nations, WLB

👍47❤5😁3
Media is too big
VIEW IN TELEGRAM
တရုတ်နဲ့ ရုရှားက UN မှာ မြန်မာစစ်အုပ်စုကို ကာကွယ်
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားသေဆုံးမှုတွေ မြင့်တက်လာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူတွေ တင်ပြမှုအပေါ် တရုတ်နဲ့ ရုရှားနိုင်ငံ ကိုယ်စားလှယ်တွေက ပယ်ချခဲ့ပြီး ဒီကိစ္စရပ်တွေအတွက် နေပြည်တော်ကိုသာ အပြစ်တင်တာကို လက်မခံကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။
ရုရှားကိုယ်စားလှယ်က ကုလသမဂ္ဂရဲ့ သုံးသပ်ချက်တွေဟာ အလွန်အမင်း တစ်ဖက်သတ်ဆန်တယ်လို့ ပြောဆိုပယ်ချခဲ့ပြီး နေပြည်တော်ကိုသာ အပြစ်တင်တာကို လက်မခံဘူးလို့ဆိုခဲ့သလို မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီအစဉ်ထဲမှာ ဆက်လက်ထည့်သွင်းထားတာကိုလည်း ဆန့်ကျင်ခဲ့ပါတယ်။
တရုတ်ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအတွက် အသုံးချပြီး တခြားနိုင်ငံတွေအပေါ် ဖိအားပေးတာမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #ရုရှား #ကုလသမဂ္ဂ #မြန်မာ့အရေး #လူ့အခွင့်အရေး #နေပြည်တော် #UN #WhatsHappeningInMyanmar

😁36👎29❤5
လစာမပေး၍ တရုတ်အလုပ်ရှင်ကို သတ်ခဲ့သည့် မြန်မာ ၄ ဦး ထိုင်းရဲ ဖမ်းမိ
ဧရာဝတီ၊ အောက်တိုဘာ၂၉၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ လတ်ကဘန်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ရှင် တရုတ်လူမျိုး၂ ဦးအား ရိုက်နှက်ထိုးကြိတ်ခဲ့ရာ တဦးသေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်ဆက်စပ်၍ မြန်မာလုပ်သား ၄ ဦးကို ယမန်နေ့ ညနေ ၆ နာရီတွင် ချွန်ဘူရီခရိုင်၊ ဖနတ်နိခွမ် မြို့နယ် ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အောက်တိုဘာ၂၇ ရက် ညနေပိုင်း အလုပ်သမား ၆၀ ကျော်အား လုပ်ခလစာပေးနေချိန်၌ တရုတ်လုပ်ငန်းရှင် (သေဆုံးသူ) က မြန်မာလုပ်သား ဇနီးမောင်နှံ၂ တွဲအား အလုပ်လုပ်ရာ၌ အရည်အသွေး ညံ့ဖျင်းသည်ဟု ကြိမ်းမောင်းပြောဆိုရာမှ မြန်မာအလုပ်သမားများက အလုပ် ချက်ချင်း ထွက်မည်ဟု ပြောဆို၍ အချင်းများခဲ့ကြခြင်း ဖြစ်သည်။
အလုပ်မှထွက်မည်ဆိုပါက ကြိုတင်အကြောင်းကြားရမည်ဟူသော သဘောတူညီချက်အတိုင်း မလိုက်နာသည့်အတွက် အလုပ်ရှင်ဘက်က လစာမထုတ်ပေးဟု ဆိုရာမှ တရုတ်၂ ဦးအား သံချောင်းဖြင့် ရိုက်နှက်ခြင်း၊ ဓားဖြင့်ထိုးခဲ့ပြီးနောက် ငွေသား ဘတ် ၅ သောင်းခန့် ယူဆောင် ထွက်ပြေးသွားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာ လုပ်သား ၄ ဦးအား ကြံခင်းအတွင်း ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့ အင်အား ၁၀၀ ကျော်က ၅ နာရီကျော်ကြာ ပိတ်ဆို့ရှာဖွေခဲ့ပြီးနောက် ပုန်းအောင်းရာမှထွက်လာပြီး အဖမ်းခံခဲ့ကြောင်း ယနေ့ Khaosod သတင်းတွင် ရေးသားထားသည်။
လက်ရှိ ထိုင်းတာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်အရ ဖမ်းဆီးရမိသူ မြန်မာလုပ်သား ၄ ဦးသည် မင်ဘူရီ (Min Buri) တရားရုံး ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်းတွေ့ရှိရသဖြင့် တရားဝင် ဖမ်းဝရမ်းကို ဖတ်ပြကာ လုပ်ထုံးလုပ်နည်းအတိုင်းထိန်းသိမ်းခဲ့ပြီး၊ ဥပဒေအရ စစ်ဆေး အရေးယူနိုင်ရန် လတ်ကဘန်နယ်မြေ ရဲစခန်းသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- fm91bkk

😭25👍8❤4
Media is too big
VIEW IN TELEGRAM
မြန်မာခရီးစဉ်ကို ဖျက်လိုက်တဲ့ မန်ယူဂန္ထ၀င်ကစားသမားနှစ်ဦး
ရန်ကုန်မြို့မှာ ပြုလုပ်မယ့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေနဲ့ မြန်မာပရိသတ်တွေ့ဆုံပွဲကို ကန့်ကွက်မှုတွေ မြင့်တက်နေချိန်မှာပဲ မူလက ပါဝင်ဖို့ စီစဉ်ထားတဲ့ ဂန္တဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်နဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့ မလိုက်ပါနိုင်တော့ဘူးလို့ ပွဲစီစဉ်သူတွေက အောက်တိုဘာ ၂၇ ရက်မှာ လူမှုကွန်ရက်ကတဆင့် အသိပေးခဲ့ပါတယ်။
ကစားသမားနှစ်ဦးဟာ အရေးပေါ် မီဒီယာဆိုင်ရာ တာဝန်တွေရှိလာတာကြောင့် မလိုက်ပါနိုင်တော့တာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့နေရာမှာ မန်ယူအသင်းခေါင်းဆောင်ဟောင်း အန်တိုနီယို ဗလန်စီယာနဲ့ နောက်ခံလူဟောင်း ဖာဘီယို ဒါဆေးလ်ဗားတို့ အစားထိုးပါဝင်မယ်လို့လည်း ကြေညာထားပါတယ်။
#မြန်မာ #ဧရာဝတီ #မန်ယူ #မန်ချက်စတာယူနိုက်တက် #ဘာဘာတော့ဗ် #ရိုင်ယန်ဂစ် #ခရီးစဉ် #မြန်မာပရိတ်သတ် #WhatsHappeningInMyanmar

❤41👍15😁2🤔1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၇၁၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၈၃၅ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၄၄၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၃၇၅ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၇၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၂ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၆ သိန်း ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၀၂၈
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

👍29❤12👎2