The Irrawaddy - Burmese
✔
75.3K subscribers
38.5K photos
2.47K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👎15👍10😁2😭1
SSPP ဒေသ၌ တရုတ်ကုမ္ပဏီ ကျောက်မီးသွေးတူးဖော်မှု ရွာ ၁၀ ရွာ အခက်ကြုံ

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒေသ ကျောက်မဲမြို့နယ် နောင်သျှင်ရွာအုပ်စု တာလုံကျေးရွာအတွင်း တရုတ်ကုမ္ပဏီ ကျောက်မီးသွေးတူးဖော်ထုတ်ယူမှုကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်က ရွာ ၁၀ ကျော် လူမှုဘ၀အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

တာလုံရွာသည် ကျောက်မဲမြို့အရှ့ဘက် မိုင် (၂၀) ကျော်အကွာ၌ရှိပြီး SSPP/SSA ထိန်းချုပ်ထားသော်လည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် နီးစပ်သည့် တရုတ်ကုမ္ပဏီတခုအား ၂၀၂၄ ခုနှစ်ကစ၍ လက်ရှိအချိန်ထိ ၀င်ရောက် တူးဖော်ထုတ်ယူခွင့်ပြုထားသည်။

ထို ကျောက်မီးသွေးများကို ယာဉ်ကြီးများဖြင့် သယ်ယူနေသဖြင့် ပုံဝိုးတိုက်နယ်ရှိ ကျေးရွာအုပ်စု ၉ စုတွင် ရွာချင်းဆက် လမ်းတံတားများ ပျက်စီးခြင်း၊ ဖုန်မှုန့်နှင့် ဆူညံသံများကြောင့် စားသောက်နေထိုင်ရ ခက်ခဲခြင်း၊ စိုက်ပျိုးရေး ထိခိုက်ခြင်းနှင့် ကလေးငယ်များ အသက်ရှူ မဝခြင်း စသည့် ဆိုးကျိုးများ ခံစားနေရသည်။

စီမံကိန်းအကြောင်း သိရှိသူအမျိုးသားတဦးက "ကျောက်မီးသွေးတင်တဲ့ ကားတွေဖြတ်သွားတဲ့လမ်းတွေမှာဆို ကလေးနဲ့ သက်ကြီးရွယ်အိုတွေ မနေနိုင်လို့ နေရာရွှေ့နေရတယ်။ မီးသွေးအမှုန့်တွေရော ဖုန်အမှုန့်တွေရောကြောင့် ရွာမှာ အခက်အခဲ တော်တော် ဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း ရွာခံတွေက သက်ဆိုင်ရာကို မပြောရဲကြဘူး။ SSPP အနေနဲ့ ရွာခံတွေရဲ့ အခက်ခဲတွေကို ပြန်လည် သုံးသပ်ပြီး လိုအပ်တဲ့အကူညီတွေ ပေးသင့်တယ်" ဟု ဧရာ၀တီကို ပြောသည်။

ကျောက်မီးသွေးထွက်ရှိရာ တာလုံကျေးရွာပိုင်တောတောင်များနှင့် အနီးတဝိုက်သို့ SSPP/SSAမှ လုံခြုံရေးယူကာ ဝင်ရောက်သွားလာခွင့် ကန့်သတ် ပိတ်ပင်ထားသောကြောင့် ဒေသခံများမှာ အမဲလိုက်ခြင်း၊ မှိုရှာခြင်းနှင့် မျှစ်ချိုးခြင်းတို့ မပြုလုပ်ရတော့ကြောင်း ၎င်းက ဆက်ပြောသည်။

တာလုံမှထွက်သည့် ကျောက်မီးသွေးများအား နောင်ချိုမြို့ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ လောက်ဖန်းကျေးရွာအနီးရှိ သရဖူဘိလပ်မြေစက်ရုံသို့ ပို့ဆောင်ပြီး ကျောက်မီးသွေးမှ ဘိလပ်မြေအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချနေကြောင်း သိရသည်။

ကျောက်မီးသွေး သယ်ယူပို့ဆောင်မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာအတွင်း လမ်းပိုင်းများ၊ ကျေးရွာအချင်းချင်း ချိတ်ဆက်ထားသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးရန် ကျေးရွာ (၁၀) ကျော်ရှိ ဒေသခံ စုစုပေါင်း ၅၀ ဦးခန့်မှ ပုံဝိုးတိုက် နယ်တွင်တွေ့ဆုံမှုပြုလုပ်ကာ SSPP/ SSAထံ တောင်းဆိုမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တစုံတရာ ပြုပြင်ပေးခြင်း မရှိသေးပေ။

ဒေသခံများမှ လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် SSPP/SSA ထံ လမ်းပိုင်းဆိုင်ရာပြုပြင်ရေး၊ တင်ဆောင်လာသည့် ကျောက်မီးသွေးများ လုံခြုံစွာ မိုးကာဖုံးအုပ်ရေးနှင့် ထွက်ရှိလာသည့် ကျောက်မီးသွေးအမှုန့်၏ ဘေးထွက်ဆိုးကျိုးများအား တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုနေပြီး ထိုအခြေနေအား လျစ်လျှူရှုထားပါက နှစ်အနည်းငယ်တွင် ဒေသခံများ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် စိုက်ပျိုးမြေပျက်စီးမှုများ ကြုံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ရှမ်းမြောက်တွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ လုပ်ဆောင်နေသည့် သတ္တုလုပ်ကွက် ၃၁ ခုထက်မနည်း ရှိနေပြီး ယင်းကွင်းဆက်တလျောက်ရှိ ဒေသခံများမှာ မြေယာဆုံးရှုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဆက်တိုက်ရင်ဆိုင်နေရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) ၏ အစီရင်ခံစာအရ သိရသည်။

ပုံစာ- ရှမ်းမြောက်၌ ကျောက်မီးသွေးတင်ဆောင်နေကြသည့် ယာဉ်များ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎24❤15👍5😭2
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

တရုတ်အကူအညီနဲ့ လေယာဉ်ဆီထုတ်မယ့် သန်လျင်ရေနံချက်စက်ရုံ

ဒီတပတ် China Briefing မှာတော့ လေယာဥ်ဆီ ချက်လုပ်နိုင်မယ့် သန်လျင်ရေနံချက်စက်ရုံမှာ လေယာဉ်ဆီထုတ်မယ်ဆိုတဲ့ သတင်း၊ တရုတ်နိုင်ငံကို မြန်မာ့သစ်တင်ပို့မှု မြင့်တက်လာတဲ့ အကြောင်းအပါအဝင် တရုတ် နဲ့ မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/4-nG--LkoCU
#မြန်မာ #ဧရာဝတီ #သန်လျင် #ရေနံ #လေယာဉ်ဆီ #တရုတ် #သစ်
👎22❤4👍4😁1
Media is too big
VIEW IN TELEGRAM
သီတင်းကျွတ်ညမှာ ပေါ်ထွက်လေ့ရှိတဲ့ မဲခေါင်မြစ်က ဆန်းကြယ်သော "နဂါးမီးလုံးများ"

အောက်တိုဘာ ၂၉၊ ၂၀၂၆

သီတင်းကျွတ်လပြည့် ဆိုတာ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားတော်ကို သုံးလလုံးလုံး ဟောကြားပြီး လူ့ပြည်ကို ပြန်ကြွလာတဲ့ နေ့ထူးနေ့မြတ်ပါ။ အဲဒီအချိန်မှာ လူတွေရော နတ်တွေ၊ ဗြဟ္မာတွေပါ ဘုရားရှင် ပြန်ကြွလာတာကို ကြိုဆိုတဲ့အနေနဲ့ လမ်းဘေးဝဲယာမှာ ဆီမီးတွေ၊ မီးရှူးမီးတိုင်တွေ ထွန်းညှိ ပူဇော်ခဲ့ကြတာတယ်လို့ ဆိုပါတယ်။။ အဲဒီကနေမှ စပြီး သီတင်းကျွတ် မီးထွန်းပွဲတော် ရိုးရာဆိုတာ ဖြစ်လာတာပေါ့။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မဲခေါင်မြစ်ဘေးမှာတော့ သီတင်းကျွတ်လပြည့်ညမှာ ဘုရားရှင် တာဝတိံသာကနေ ပြန်ကြွလာတာကို မြစ်စောင့် နဂါးမင်းနဲ့ အပေါင်းအပါတွေက မီးလုံးတွေ လွှတ်တင်ပြီး ပူဇော်ကြတယ်လို့ ဒေသခံတွေက ယုံကြည်ထားကြတယ်။

#မြန်မာ #ဧရာဝတီ #နဂါး #မီးလုံး #မဲခေါင်မြစ် #သီတင်းကျွတ်
👍36❤12🤔3😁2
ရေတပ်ကို ခြိမ်းခြောက်လိုက်တဲ့ AA ရဲ့တိုက်ခိုက်မှု

ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆

မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ ပင်လယ်ပြင်သုံး တိုက်ခိုက်ရေး စစ်သင်္ဘောတွေကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ဖျက်ဆီးလာနိုင်တာဟာ စစ်အုပ်စုအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ရေတပ် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ အရာရှိတွေက သုံးသပ်ကြပါတယ်။

စစ်တွေနဲ့ ပေါက်တောမြို့နယ်ကြား၊ ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ စစ်သင်္ဘောအုပ်စုကို အောက်တိုဘာလ ၂၆ ရက်နေ့တုန်းမှာ AA က ရေကြောင်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့လို့ ၂ စင်း နစ်မြုပ်ပြီး တစင်းပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

AA က တိုက်ခိုက်ခဲ့တဲ့ စစ်သင်္ဘောတွေထဲမှာ မြန်မာစစ်တပ်ရဲ့ ပင်လယ်ပြင်သုံး စစ်ဆင်ရေးတွေမှာ အရေးပါတဲ့ ဖရီးဂိတ် (Frigate) အမျိုးအစား အဆင့်မြင့် စစ်သင်္ဘောတစင်းလည်း ပါဝင်ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပေမယ့် သိသာထင်ရှားတဲ့အထောက်အထားတွေတော့ ထွက်လာတာ မတွေ့ရသေးပါဘူး။

https://youtu.be/3GkO7z2aKmc

#မြန်မာ #ဧရာဝတီ #စစ်သင်္ဘော #AA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤44👍15😁6👎1
• မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရဖြစ်အောင် ကြိုးပမ်းဖို့ မင်းအောင်လှိုင်ကြုံးဝါး
• မြန်မာနယ်စပ်တိုက်ပွဲက ကျည်ကျော်လို့ ထိုင်းက ပြန်ပစ်
• တရုတ်အလုပ်ရှင်ကို သတ်မှုနဲ့ မြန်မာ ၄ ဦးအဖမ်းခံရ
• လူ ၇ ဦးကို နင်းသတ်ခဲ့တဲ့ဆင်ကို ပစ်ခတ်သတ်ဖြတ်
• အီရတ်မှာ သေဆုံးတဲ့ မြန်မာအိမ်အကူအမှု ရဲကစုံစမ်းနေ
• စားနပ်ရိက္ခာ ကြိုစုထားဖို့ နိုင်ငံပေါင်း ၃၀ ကျော်ထုတ်ပြန်ထား

နေ့စဉ်သတင်း၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
https://youtu.be/cJjH03tXOTo

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #နယ်စပ်တိုက်ပွဲ #ထိုင်းစစ်တပ် #တရုတ် #ရွှေ့ပြောင်းအလုပ်သမား #ဆင် #မုန်ယို #အီရတ် #အိမ်အကူ #စားနပ်ရိက္ခာ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍41😁18❤2👎1
Media is too big
VIEW IN TELEGRAM
ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကြီး ဖြစ်ပွားလာပါက အမေရိကန် ဆက်လက်တိုက်ပွဲ၀င်နိုင်ရေး ပင်တဂွန်စစ်ဌာနချုပ်ပြင်ဆင်

အောက်တိုဘာ ၂၉၊ ၂၀၂၆

ပင်တဂွန်စစ်ဌာနချုပ်ဟာ ပြည်ပစစ်မြေပြင်တွေမကဘဲ ပြည်တွင်းစစ်ဘက်ဆိုင်ရာကို ပံ့ပိုးပေးနေတဲ့ အခြေခံအဆောက်အအုံတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်တဲ့ စစ်ပွဲကြီးတခုဖြစ်ပွားလာနိုင်တဲ့အလားအလာအတွက် အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပြင်ပကူညီပံ့ပိုးမှု လုံး၀မရှိဘဲ အနည်းဆုံးရက်ပေါင်း ၉၀ တိုင်တိုင်ဆက်လက်လည်ပတ်နိုင်စေမယ့် စီမံချက်တခုကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #စစ်ပွဲ #ပင်တဂွန်
👍39❤13😱11😁3
😁53❤1
ထောက်ခံမှုနှုန်း ကျဆင်းနေသည့် ထရမ့် မဲဆွယ်ပွဲများ ဖျက်သိမ်းပြီး ဖုန်းဖြင့်သာ မဲဆွယ်တော့မည်

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကန်းဆပ်စ်နှင့် အိုင်အိုဝါ ပြည်နယ်များသို့ သွားရောက်မည့် မဲဆွယ်ပွဲများကို ဖျက်သိမ်းခဲ့ပြီး တယ်လီဖုန်းမှတဆင့်သာ မဲဆွယ်မှုများ ပြုလုပ်တော့မည် ဖြစ်သည်။

ဒီမိုကရက်များ အနိုင်ရရှိနိုင်ခြေ မြင့်မားနေသည့် ယခုရွေးကောက်ပွဲ အနီးတွင် အိမ်ဖြူတော်အတွင်း စိုးရိမ်ပူပန်မှုများ လွှမ်းမိုးနေပြီး ထရမ့်သည်လည်း ၎င်း၏ လူယုံ အနည်းငယ်နှင့်သာ နီးကပ်စွာ လှုပ်ရှားလျက် ရှိသည်။

မဲရုံဖွင့်ချိန်ချိန်တွင် အိုင်အိုဝါနှင့် ကန်းဆပ်စ်ပြည်နယ်တို့၌ ရီပတ်ဘလစ်ကန်တို့ အသာစီးရခဲ့သော်လည်း ရွေးကောက်ပွဲနေ့ မတိုင်မီ နောက်ဆုံးသတင်းများအရ ပြိုင်ဆိုင်မှု ပြင်းထန်လျက် ရှိသည်။ မဲဆန္ဒရှင်များအား လှုံ့ဆော်ရန် ထရမ့်က မဲဆွယ်ပွဲများစွာ ပြုလုပ်ခဲ့သော်လည်း အီရန်နှင့် စစ်ပွဲစတင်ပြီးနောက် ၎င်း၏ ထောက်ခံမှုနှုန်း ကျဆင်းသွားခဲ့ရာ မဲဆွယ်မှုများသည် ကိုယ်စားလှယ်လောင်းများအတွက် စိန်ခေါ်မှု ဖြစ်လာခဲ့သည်။

ထရမ့်က မိမိကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်နေသည်ဟု သတ်မှတ်၍ မဲပေးကြရန် တိုက်တွန်းထားသော်လည်း ယင်းနည်းဗျူဟာသည် ၎င်းအား မထောက်ခံသူများကို ပိုမိုလှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ရီပတ်ဘလစ်ကန် ခေါင်းဆောင်အချို့က သတိပေးထားကြသည်။

ထို့ပြင် ထရမ့်သည် မဲဆွယ်ပွဲ ပင်ပန်းမှုများကို ညည်းတွားနေသလို ရွေးကောက်ပွဲသည် "တရားမျှတမှု ရှိမှသာ" ရလဒ်ကို လက်ခံမည်ဟု ပြောကြားခဲ့ရာ ၎င်း၏ ပါတီ ရှုံးနိမ့်ပါက မဲမသမာမှုကို အကြောင်းပြရန် ပြင်ဆင်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကိုးကား။ ။ Reuters သတင်း Trump cancels weekend rallies, plans to phone in to other midterm campaign events

ပုံစာ - မဲဆွယ်ပွဲ ပင်ပန်းမှုများကို ထရမ့် ညည်းတွားနေသည် / AFP
😁52❤5👍3👎1
👍55❤7😁6
အင်ဒိုနီးရှားကျောင်းသားများ လက်သုံးချောင်းထောင် ဆန္ဒပြ

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့လည် Hotel Indonesia Roundabout ၌ သမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့် ဒုတိယသမ္မတ ဂီဘရန် ရာကာဘူမင်း ရာကာ တို့၏ ၂ နှစ်တာ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် #IndonesiaSadar ဆန္ဒပြပွဲ အောက်တိုဘာ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများသည် နဖူးစည်းစာတန်းများ ကိုင်ဆောင်ကာ လက်သုံးချောင်း ထောင်ပြခဲ့ကြသည်။

တောမီးနှင့် မြူခိုးအန္တရာယ်ကို အမျိုးသားအဆင့် ဘေးအန္တရာယ်အဖြစ် ကြေညာရန်၊ နိုင်ငံတော် ဘတ်ဂျက်ကို ထိန်းချုပ်ရန်၊ လောင်စာဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ လျှော့ချပေးရန် အစိုးရအား တိုက်တွန်းတောင်းဆိုသည့်အနေဖြင့် ကျောင်းသား ရာပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လက်သုံးချောင်းထောင် ဆန္ဒပြခြင်း သည် ကျရှုံးနေသော ခေါင်းဆောင်များအပေါ် ပြည်သူများ၏ ဒေါသနှင့် ဆန့်ကျင်မှုကို ဖော်ပြရာတွင် ဒေသတွင်း အမှတ်အသား ဖြစ်သည်။ ယခင်ကလည်း အင်ဒိုနီးရှားကျောင်းသားများ ထိုသို့ ဆန္ဒပြခဲ့ကြဖူးသည်။

ဤသင်္ကေတသည် The Hunger Games ရုပ်ရှင်မှ စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဇာတ်လမ်းထဲတွင် လေးစားမှု၊ ကျေးဇူးတင်မှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်မှုကို ကိုယ်စားပြုသည်။ ဤသင်္ကေတကို ပြင်သစ်တော်လှန်ရေး၏ စံနှုန်းများဖြစ်သော လွတ်လပ်မှု (Liberté)၊ ညီမျှမှု (Égalité) နှင့် ညီအစ်ကိုရင်းချာစိတ်ဓာတ် (Fraternité) တို့နှင့် ဆက်စပ်ဖော်ပြပြီး ဒီမိုကရေစီလှုပ်ရှားမှုများအတွက် ကမ္ဘာသုံး သင်္ကေတ တခုဖြစ်လာသည်။

ထိုင်းနိုင်ငံ၌ ၂၀၁၄ စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ် ပရာယုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် ၂၀၂၀ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လက်သုံးချောင်းထောင် အလေးပြုခြင်းကို ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ဆရာဝန်များ၊ ကျောင်းသားများနှင့် ဝန်ထမ်းများက လက်သုံးချောင်းထောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။

ကိုးကား။ ။ VOI သတင်း Three-Finger Salute: From The Hunger Games to the Streets, Raise Three Fingers as a Sign of Resistance
👍56❤13😁4
👍25😁6
အရေးပေါ် ၇၂ နာရီ သတိပေးချက် ထိုင်း မထုတ်ပြန်သေး

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆။

ထိုင်း အမျိုးသားလုံခြုံရေးကောင်စီ (NSC) သည် ထိုင်းနိုင်ငံသားများအနေဖြင့် အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါးများနှင့် အခြားလိုအပ်သော ပစ္စည်းများအပါအဝင် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများကို အရေးပေါ် အန္တရာယ် ၇၂ နာရီကြာသည်အထိ စုဆောင်းထားရန် အကြံပြုထားကြောင်း သတိပေးချက်မှာ မဟုတ်မှန်ကြောင်း ပယ်ချခဲ့သည်။

သို့သော်လည်း NSC က ၎င်းတို့အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အကျပ်အတည်းကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး အရေးပေါ်အခြေအနေမျိုး ဖြစ်ပေါ်လာပါက အရေးပေါ်စီမံချက်များ ပြင်ဆင်ထားနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မီဒီယာများနှင့် ပြည်သူများအနေဖြင့် အတည်မပြုရသေးသည့် သတင်းအချက်အလက်များကို ယုံကြည်ခြင်း သို့မဟုတ် ဖြန့်ဝေခြင်းမပြုဘဲ သတင်းများနှင့် ထုတ်ပြန်ချက်များကို တရားဝင်ချန်နယ်များမှတဆင့်သာ စောင့်ကြည့်လေ့လာကြရန် တိုက်တွန်းထားသည်။

အဆိုပါ ငြင်းဆိုချက်သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၊ အထူးသဖြင့် ဥရောပနိုင်ငံများတွင် အကျပ်အတည်းများကြောင့် နေ့စဉ်လူနေမှုဘဝ ထိခိုက်ပျက်စီးပါက အသုံးပြုနိုင်ရန် အိမ်ထောင်စုများအား အရေးပေါ်ရိက္ခာများကို အိမ်တွင် စုဆောင်းထားရှိကြရန် တိုက်တွန်းနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အကြံပြုထားသော ပြင်ဆင်မှုကာလမှာ နိုင်ငံအပေါ် မူတည်၍ ၇၂ နာရီမှ ၁၀ ရက် သို့မဟုတ် ထို့ထက်ပို၍ ကွဲပြားသည်။ ထိုလမ်းညွှန်ချက်မှာ သဘာဝဘေးအန္တရာယ်များ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဖြစ်လာနိုင်ချေရှိသော လုံခြုံရေးခြိမ်းခြောက်မှုများကို ပြည်သူများ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဥရောပတွင် ဂျာမနီနိုင်ငံသည် အိမ်ထောင်စုများကို ၁၀ ရက်အထိ သုံးစွဲနိုင်သော ရိက္ခာများ ပြင်ဆင်ထားရန် အကြံပြုထားပြီး ဆွီဒင်၊ နော်ဝေးနှင့် အက်စတိုးနီးယားတို့ကမူ အနည်းဆုံး တပတ်စာ စီမံခန့်ခွဲနိုင်ရန် လုံလောက်သော ရိက္ခာများကို ထိန်းသိမ်းထားရန် အကြံပေးထားသည်။

ပြင်သစ်၊ ဖင်လန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပိုလန်၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့က သုံးရက်ခန့်အတွက် ပြင်ဆင်ရန် အကြံပြုထားပြီး ဗြိတိန်နိုင်ငံကမူ ပုံမှန်ဝန်ဆောင်မှုများမရရှိဘဲ "ရက်ပေါင်းများစွာ" ကျော်ဖြတ်နိုင်ရန် အိမ်ထောင်စုများ ပြင်ဆင်ထားကြရန် အကြံပြုထားသည်။

အာရှတွင်လည်း အလားတူအကြံပြုချက်များကို တွေ့ရှိရပြီး အစိုးရများက ငလျင်၊ တိုင်ဖုန်းမုန်တိုင်း၊ ရေကြီးရေလျှံမှုနှင့် အခြားဘေးအန္တရာယ်များအပြင် ဖြစ်လာနိုင်သည့် လုံခြုံရေးအရေးပေါ်အခြေအနေများအတွက် အိမ်ထောင်စုများ ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။

ဂျပန်နိုင်ငံသည် အဓိကငလျင်ကြီးများ၊ ဆူနာမီနှင့် တိုင်ဖုန်းမုန်တိုင်းများကြောင့် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေရေးနှင့် ဖြန့်ဖြူးရေးကွန်ရက်များ ပြတ်တောက်နိုင်သဖြင့် အနည်းဆုံး သုံးရက်စာ၊ ဖြစ်နိုင်ပါက တပတ်စာ လုံလောက်သော အရေးပေါ်ရိက္ခာများကို စုဆောင်းထားရန် အကြံပြုထားသည်။

ထိုင်ဝမ်သည် သဘာဝဘေးအန္တရာယ်များနှင့် ဖြစ်လာနိုင်သော စစ်ရေးအရေးပေါ်အခြေအနေများကို အိမ်ထောင်စုများ ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကို ခုနစ်ရက်စာ ပြင်ဆင်ထားရန် အကြံပြုထားသည်။

စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည်လည်း မရှိမဖြစ်လိုအပ်သော ပစ္စည်းများနှင့် အရေးပေါ်သုံး အိတ်များ ပြင်ဆင်ထားရှိရေး လမ်းညွှန်ချက်များဖြင့် အိမ်ထောင်စုများ အရေးပေါ်ပြင်ဆင်ထားရှိမှုကို မြှင့်တင်ပေးလျက်ရှိသည်။

စင်ကာပူသည် အိမ်ထောင်စုများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် မရှိမဖြစ် ဝန်ဆောင်မှုများ ဆက်လက်ရရှိနိုင်ရေးကို အထူးဦးစားပေးထားသည်။ စက်သုံးဆီ၊ အစားအသောက်၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနှင့် အခြားဝန်ဆောင်မှုများ ရရှိနိုင်မှုကို ထိခိုက်စေနိုင်သည့် အနှောင့်အယှက်များအတွက် ပြင်ဆင်ထားရန်နှင့် အခြေခံလိုအပ်ချက်များကို အမြဲအဆင်သင့်ရှိနေစေရန် စင်ကာပူပြည်သူများကို တိုက်တွန်းထားသည်။

စိန်ခေါ်မှုနှင့် စွန့်စားရမှုများ ကွဲပြားသော်လည်း အခြေခံရည်ရွယ်ချက်မှာ တူညီသည်။ ယင်းမှာ ဆိုင်များပိတ်ထားခြင်း၊ သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခြင်း သို့မဟုတ် အကူအညီများ ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်နိုင်သည့် အရေးပေါ်အခြေအနေ စတင်ဖြစ်ပွားချိန်နှင့် ကာလအတွင်း အိမ်ထောင်စုများ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်း စီမံနိုင်စေရန် ဖြစ်သည်။

ကိုးကား။ ။ ThaiPBS သတင်း NSC denies 72-hour warning as the world stocks up for emergencies

ပုံစာ - ဗြိတိန်နိုင်ငံ က အကြံပြုထားသော အိမ်ထောင်စုများအတွက် ၇၂ နာရီစာ အရေးပေါ်သုံး ပစ္စည်းအိတ်
👍43❤17😁4😱2
👍24😁1🤔1
မြဝတီနယ်စပ်တိုက်ပွဲများကြောင့် ထိုင်းက ကုန်စည်သယ်ယူမှု ၇ ရက် ပိတ်

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆

ထိုင်း- မြန်မာနယ်စပ် မြဝတီဘက်ခြမ်းတိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ကျည်ကျသဖြင့် သောင်ရင်းမြစ်ကို ဖြတ်၍ ကုန်စည်သယ်ယူသည့် ဂိတ်တချို့ကို ယနေ့မှစ၍ စက်တင်ဘာ ၅ ရက်ထိ ၇ ရက်ကြာပိတ်လိုက်သည်ဟု ထိုင်းအာဏာပိုင်တို့က ကြေညာသည်။

နယ်စပ်မြို့ မြဝတီနှင့် ၁၀မိုင်ခန့်အကွာ ဖလူး၊ မင်းလက်ပံဒေသတွင်စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တို့ကြား ဖြစ်နေသည့် တိုက်ပွဲသည် တနှစ်ခန့်ကြာလာပြီဖြစ်ပြီး ယမန်နေ့ကမူ ကျည်များ ထိုင်းဘက်သို့ ကျရာ ထိခိုက်ဒဏ်ရာရမှု အိမ်ပျက်စီးမှုများ ရှိခဲ့သဖြင့် နယ်စပ်ကို စနစ်တကျ ထိန်းချုပ်ရန် တိုက်ပွဲများတွင်း မည်သည့် ထောက်ပံ့ကူညီမှုများ မြန်မာဘက်ခြမ်းသို့ ကူးစက်မသွားစေရန် နယ်စပ်ဖြတ်သန်းမှု ယာယီပိတ်လိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကွပ်ကဲရေးစခန်းက မဲဆောက်နှင့် ဖုတ်ဖရမြို့နယ်ရှိ အကောက်ခွန်ဂိတ်များကို ခွင့်ပြုချက်ရရှိထားသည့် လမ်းကြောင်းများမှလွဲ၍ အခြားလမ်းကြောင်းများမှ ကုန်ပစ္စည်း တင်သွင်း ၊တင်ပို့မှုကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ၏ တောင်ဘက်မှစ၍ ခွင့်ပြုချက်မရှိသည့် လမ်းကြောင်းများ၊ ကူးတို့ဆိပ်များနှင့် သဘာဝအတိုင်း ဖြစ်တည်နေသော လမ်းကြောင်းများကို ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်သည်။

မြဝတီမြို့တောင်ဘက်တိုက်ပွဲများကြောင့် မြဝတီ-ဝေါလေ လမ်းမကြီးကို နှစ်ချီကြာ ပိတ်ထား၍ မြဝတီတောင်ဘက် နယ်စပ်တလျောက်ကျေးရွာများသည် ထိုင်းနိုင်ငံဘက်ခြမ်းမှ ကုန်စည်များကို အဓိက သယ်ယူအသုံးပြုနေကြရပြီး နယ်စပ်ဖြတ်ကျော် ကုန်သယ်ယူခွင့်ပိတ်လိုက်သဖြင့် မြဝတီတောင်ဘက် မယ်ထော်သလေး ၊ အင်ကြင်းမြိုင်ရွာတို့မှ ဆုံဆည်းမြိုင်ရွာထိ ကျေးရွာ ၁၀ ရွာကျော်ရှိ နယ်စပ်ကုန်သယ်ယူမှု လမ်းများပိတ်သွားရသည်ဟု ဒေသခံများက ပြောသည်။

ပုံစာ-နယ်စပ်မှတဆင့် ကုန်စည်သယ်သည့်လှေဆိပ်တနေရာ/ CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍33❤3🤔1
👎32😁5❤3
အာဆီယံ ထိပ်သီးအစည်းအဝေး ပြန်တက်ခွင့်ရရေး အထူးသံတမန်နှင့် ဆွေးနွေး

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆

မကြာမီကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး နေပြည်တော်ရောက် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇရိုနှင့် ဆွေးနွေးကြောင်း အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် အာဆီယံအထူးသံတမန် လာဇရိုတို့ ဆွေးနွေးရာတွင် အာဆီယံ၌ မူလအခွင့်အရေး ပြန်ရနိုင်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဦးစားပေးရည်မှန်းချက် နှစ်ရပ်ထားရှိကာ အကြမ်းဖက်တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု အကူအညီအရေးတို့ ပါဝင်သည်။

ထို့ပြင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး မူဘောင်အောက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ၊ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုယန္တရားများ ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းလည်း ပြောသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇရိုကလည်း ယခုခရီးစဉ်အတွင်း လေ့လာသိရှိခဲ့ရမှုများကို မကြာမီ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်မည့် ကိုယ်ပိုင်နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

အထူးသံတမန်၏ နေပြည်တော် ခရီးစဉ်မှာ ယနေ့ ပြီးဆုံးပြီဖြစ်ကာ ၎င်းတွေ့ဆုံခွင့် တောင်းဆိုထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်မူ တွေ့ခွင့် မရခဲ့ပေ။

လာမည့် နိုဝင်ဘာလ၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခွင့် ရရှိရေး မြန်မာအာဏာသိမ်းအစိုးရက တောက်လျောက်ကြိုးပမ်းနေသော်လည်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိရောက်စွာ လိုက်နာခြင်းမရှိသေးသည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် နိုင်ငံရေးအရ ကိုယ်စားပြုမည့်သူများကို အစည်းအဝေးတက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားဆဲဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎44❤9😁3👍1
😁18👎5👍3
အစ္စရေး ရွေးကောက်ပွဲ "ခိုးယူခံရသည်" ဟု နေတန်ညာဟု ပါတီ စွပ်စွဲ

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု၏ လီကွဒ် ပါတီက ယခုသီတင်းပတ် ရွေးကောက်ပွဲတွင် အာရပ်မဲဆန္ဒရှင်များ စံချိန်တင် မဲပေးခဲ့မှုကြောင့် အနိုင်မရရှိဘဲ ရွေးကောက်ပွဲ "ခိုးယူခံရသည်" ဟု စွပ်စွဲလိုက်ပြီး၊ နိုင်ငံခြားအဖွဲ့အစည်းများ၏ စွက်ဖက်မှုများရှိကြောင်း လုံခြုံရေးအေဂျင်စီ (Shin Bet) သို့ တိုင်ကြားခဲ့သည်။ အဆိုပါ စွပ်စွဲချက်များကြောင့် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်။

အာရပ်ပါတီများသည် ပါလီမန်တွင် အမတ်နေရာ ၁၉ နေရာအထိ အနိုင်ရရှိရန် ခန့်မှန်းရသဖြင့် နေတန်ညာဟုရော ၎င်း၏ ပြိုင်ဘက် ဂါဒီ အိုင်ဆန်ကော့ (Gadi Eisenkot) အုပ်စုပါ အမတ်ထက်ဝက်ကျော် အများစုအနိုင်ရရှိရေး တားဆီးနိုင်ခဲ့သည်။

ကာတာနိုင်ငံမှ နည်းလမ်းမမှန်သော ငွေကြေးစွက်ဖက်မှုများရှိသည်ဟု နေတန်ညာဟုနှင့် ၎င်း၏ လက်ယာစွန်း မဟာမိတ်များက သက်သေမပြနိုင်ဘဲ စွပ်စွဲခဲ့ကြသော်လည်း ကာတာဘက်က အပြည့်အဝ ငြင်းဆိုထားသည်။ အာရပ်ခေါင်းဆောင်များကလည်း ဤစွပ်စွဲချက်များသည် ရှုံးနိမ့်သူများ၏ ပေါက်ကရ ပြောဆိုချက်များသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ကြသည်။

လေ့လာဆန်းစစ်သူများ အဆိုအရ နေတန်ညာဟုသည် အာရပ်ပါတီများအပေါ် တိုက်ခိုက်မှုများ အရှိန်မြှင့်တင်ခြင်းဖြင့် ဂါဒီ အိုက်ဆန်ကော့ အနေဖြင့် ၎င်းကို အာဏာမှ ဖယ်ရှားနိုင်မည့် အနည်းစုအစိုးရတရပ်ကို အာရပ်ပါတီများ၏ အကူအညီဖြင့် ဖွဲ့စည်း၍ မရအောင် ပြုလုပ်နေခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။

အင်္ဂါနေ့ ရွေးကောက်ပွဲတွင် ပြတ်သားသော အနိုင်ရရှိသူ ထွက်ပေါ်လာခြင်း မရှိသေးဘဲ အစိုးရသစ်ဖွဲ့စည်းရေးအတွက် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်မည့် ဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်လာဖွယ် ရှိသည်။

မဲအရေအတွက် ၉၉ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးချိန်တွင် နေတန်ညာဟု၏ အမျိုးသားရေးနှင့် ဘာသာရေးအခြေပြု မဟာမိတ်အဖွဲ့သည် အိုက်ဆန်ကော့ ဦးဆောင်သော လက်ယာယိမ်းနှင့် ဗဟိုလက်ဝဲယိမ်း ပါတီများအဖွဲ့ထက် အမတ်နေရာ အနည်းငယ် အသာစီးရရှိထားသည်။ သို့သော် နှစ်ဦးစလုံး၏ မဟာမိတ်အဖွဲ့များသည် လွှတ်တော်တွင် အများစုအနိုင်ရရှိရန် လိုအပ်သည့် အမတ်နေရာ ၆၁ နေရာအထိ မရရှိကြသေးပေ။

အစ္စရေးလူဦးရေ၏ ၂၁ ရာခိုင်နှုန်းရှိသော အာရပ်လူနည်းစုကို ကိုယ်စားပြုသည့် ပါတီများသည် သမိုင်းဝင် အမတ်နေရာ ၁၉ နေရာအထိ အနိုင်ရရှိမည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် အမတ် ၅၃ နေရာ ရရှိထားသော နေတန်ညာဟုအုပ်စု၏ နောက်တွင် ရှိနေသော ၄၈ နေရာရရှိထားသော အိုက်ဆန်ကော့၏ အုပ်စုအတွက် အာရပ်ပါတီများ၏ အပြည့်အဝ ထောက်ခံမှုမပါဘဲ အာဏာရရှိရန် လမ်းစမရှိသလောက် ဖြစ်နေသည်။

အိုက်ဆန်ကော့သည် ထိုအာရပ်ပါတီများကို အစိုးရအဖွဲ့အတွင်း ထည့်သွင်းရန် ယခုအချိန်အထိ ငြင်းဆန်ထားသည်။

ကိုးကား။ ။ Financial Times သတင်း Netanyahu’s party claims election ‘stolen’ by ‘foreign entities’
😁35👍8❤5
👍56😁5❤1