The Irrawaddy - Burmese
✔
75.3K subscribers
38.5K photos
2.47K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
စစ်တပ်အကြမ်းဖက်မှု ပိုမိုဆိုးရွားလာခြင်းက တရုတ်နှင့် ရုရှား ပံ့ပိုးမှုကြောင့် ကုလကိုယ်စားလှယ် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီ (Kelley Anne Eckels-Currie) သည် မကြာသေးမီက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအစည်းအဝေးများနှင့် သတင်းစာရှင်းလင်းပွဲများတွင် မြန်မာပြည်သူများကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာခြင်းမှာ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ လက်နက်၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုများကြောင့်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ထို့ပြင် မင်းအောင်လှိုင် သမ္မတရာထူး ရယူမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်း၏ဝတ်စုံပြောင်းသွားနိုင်သော်လည်း ကြမ်းကြုတ်သောနည်းဗျူဟာများကို အသုံးပြုနေဆဲ ရက်စက်သည့် အာဏာရှင်တဦးသာ ဖြစ်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ဆိုသည်။

အာဏာသိမ်းအစိုးရ ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့် ရက် ၁၀၀ စီမံကိန်း ကာလအတွင်း စစ်တပ်က တိုက်ခိုက်မှုများ ပိုမိုပြင်းထန်စွာ ပြုလုပ်ခဲ့ပြီး ၎င်းတို့အား ဆန့်ကျင်တော်လှန်သူများနှင့် ပြည်သူများကို နှိပ်ကွပ်ရန် တရုတ်နှင့် ရုရှား မဟာမိတ်များထံမှရရှိသော လက်နက်နှင့် စောင့်ကြည့်ရေး နည်းပညာသစ်များ အရှိန်အဟုန်မြှင့် အသုံးပြုခဲ့ကြောင်း ပြောသည်။

မြန်မာနိုင်ငံသည် "အာဏာသိမ်းပြီးနောက်ပဋိပက္ခကြောင့် သေဆုံးသူ ၁၀၀,၀၀၀ ကျော်လွန်သွားသည့် ဆိုးရွားသော မှတ်တိုင်တခုကို ရောက်ရှိနေကာ သေဆုံးသူ အများစုမှာ အရပ်သားများဖြစ်သည် ဟု ဆိုသည်။ မြန်မာနိုင်ငံ၌ ပုံမှန် စီးပွားရေးလုပ်ငန်းများ ဆက်လက် ပြိုလဲနေချိန် အွန်လိုင်း လိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် သဘာဝသယံဇာတ ထုတ်ယူမှုများ ပိုမိုကျယ်ပြန့်လာကြောင်းလည်း အစီရင်ခံခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးနှင့် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲများ၌ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီ နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကွမ်ဂျီအန်တို့က မြန်မာ့အရေးနှင့် ပတ်သက်၍ အလွန်ပြင်းထန်ဆိုးရွားနေသည့် ဖြစ်ရပ်များကို ထုတ်ဖော် ပြောကြားခဲ့သည်။

နီကိုလပ်စ် ကွမ်ဂျီအန်က စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအားပြုနေသလို ဒရုန်းများ၊ ပါရာမော်တာများအသုံးပြုကာ အရပ်သားများ၏ နေအိမ်၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင်စခန်းနှင့် စာသင်ကျောင်းများကို ခွဲခြားမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ထိုကိစ္စများနှင့် ပတ်သက်၍ အထူးစုံစမ်းနေကြောင်း၊ ဗုံးကြဲမှုကြောင့် လတ်တလော အစုလိုက်အပြုံလိုက် လူသေဆုံးစေခဲ့သောဖြစ်ရပ်များကို တင်ပြခဲ့ကြောင်း သိရသည်။

ပုံစာ-အောက်တိုဘာ ၂၉ ရက်က ကုလသမဂ္ဂ၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်-ကာရီနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကွမ်ဂျီအန်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်/ UN

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍60❤10😁5
မလေးရှားနိုင်ငံမှ ပြန်ပို့အပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအရေး ရှင်းလင်းပြောကြားရန် တောင်းဆိုခဲ့ပြီးနောက် ပြီးခဲ့သည့်လက ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသည့် ရခိုင်တိုင်းရင်းသား ရာပေါင်းများစွာကို မြန်မာစစ်အုပ်စုက စတင်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပါလီမန်တွင် ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းခံရပြီး ၄၈ နာရီအကြာ ဗုဒ္ဓဟူးနေ့တွင် ပြည်နှင်ဒဏ်ခံရသူ ရခိုင်တိုင်းရင်းသားများကို ပထမဆုံး လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/30/417310.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍42😁13❤3
Media is too big
VIEW IN TELEGRAM
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ မြန်မာကို ဘယ်လိုရိုက်ခတ်လာန်ိုင်မလဲ

အောက်တိုဘာ ၃၀၊ ၂၀၂၆

ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းကို လာမယ့် စနေနေ့ မနက်မှာ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #ရွေးကောက်ပွဲ #EditorialTalk
👍39❤3😁3
😁17👍11
တရုတ် ၃ဦးအား ကျားဖြန့်လက်ရောင်းစားမည့် လူပြန်ပေးဂိုဏ်း ထိုင်းရဲ ဖမ်းမိ

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆

တရုတ်နိုင်ငံသား ၃ ဦးအား မျက်လုံးတိတ်ကပ်ကာ လက်ထိပ်ခတ် မြန်မာနယ်စပ် မဲဆောက်မြို့သို့ ကားဖြင့် ပြန်ပေးဆွဲလာသည့် ထိုင်းနိုင်ငံသား ၄ ဦးပါ ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ နံနက်အစောပိုင်း တာ့ခ်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု Thai PBS World သတင်း၌ ဖော်ပြသည်။

ယမန်နေ့ နံနက် ၁ နာရီခန့်တွင် တာ့ခ်-မဲဆောက် အဝေးပြေးလမ်းမကြီးပေါ်ရှိ Mae Thoစစ်ဆေးရေးဂိတ်အနီး မသင်္ကာဖွယ်ရာ မီးခိုးရောင် တိုယိုတာကားတစီးကို ရပ်တန့်စစ်ဆေးရန် ကြိုးပမ်းခဲ့သော်လည်း ကားမောင်းသူမှာ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်း၍ ကျေးရွာချင်းဆက်လမ်းအတွင်း အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ကားနောက်သို့ လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရာ လန်ဆန်း (Lan Sang) ကျေးရွာအနီးတွင် ကားကို တားဆီးနိုင်ခဲ့ပြီး ကားပေါ်၌ ထိုင်းနိုင်ငံသား ၄ ဦးနှင့်အတူ မျက်လုံးများကို တိပ်ဝါများဖြင့် အပိတ်ခံထားရပြီး၊ လက်ထိပ်ခတ်ကာ ခြေထောက်များကိုလည်း နိုင်လွန်ကြိုးများဖြင့် ချည်နှောင်ခံထားရသည့် အသက် ၂၀ မှ ၃၀ ကြား တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး ကို တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကားအတွင်း လက်ထိပ် ၂ စုံ၊ တိပ်များ၊ နိုင်လွန်ကြိုးများနှင့် လျှပ်စစ်ရှော့ခ်တိုက်သည့် ကိရိယာ ၂ ခု ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး တရုတ်နိုင်ငံသား ၃ ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာသူများ ဖြစ်သော်လည်း အဆိုပါ ဂိုဏ်းက ခြိမ်းခြောက်ပြန်ပေးဆွဲကာ မြန်မာနိုင်ငံနယ်စပ် အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မစေခိုင်းရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကနဦး စုံစမ်းသိရှိရသည်ဟု သတင်းက ဆိုသည်။

ဓာတ်ပုံ-Thai PBS World
👍37❤7😁3
နယ်စပ်တိုက်ပွဲကြောင့် လုံခြုံစိတ်ချမှုဖန်တီးပေးဖို့ ထိုင်းဒေသခံတို့ မျှော်လင့်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆

ထိုင်း- မြန်မာနယ်စပ် မြဝတီတောင်ဘက်မှ တနှစ်ကျော်ကြာတိုက်ပွဲများက ထိုင်းဘက်ခြမ်းသို့ ကျည် မကြာခဏကျနေရာ နယ်စပ်နေပြည်သူတို့မှာ အသက်အန္တရာယ်စိုးရိမ်သဖြင့် ထိုင်းအာဏာပိုင်တို့မှ ထိရောက်စွာလုပ်ဆောင်ရန်မျှော်လင့် နေကြ သည်။

ထို့အတွက် မြန်မာဘက် မင်းလက်ပံ၊ ဖလူးတိုက်ပွဲနေရာများနှင့် မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်းရှိ မယ့်ကိုကင်းဒေသခံ ၂၀၀ ကျော်သည် ရွာ အထက်တန်းကျောင်း အားကစားတွင်စုဝေးပြီး မြန်မာဘက်မှ တိုက်ပွဲများရပ်တန့်ရေး၊ နယ်စပ်ကျော် ကာ လက်နက်ကျည်ကျမှု တားဆီးကာကွယ်ပေးရေး၊ ထိခိုက်နစ်နာသူများကို လျော်ကြေးပေးရန်၊ ရွာသားများ ဘေးကင်း လုံခြုံရေးဘန်ကာများ၊ ဗုံးခိုကျင်းများ တည်ဆောက်ပေးရန် ထိုင်း အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/30/417313.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍33😁7👎2❤1
Media is too big
VIEW IN TELEGRAM
မြန်မာနယ်စပ်တိုက်ပွဲက ကျည်ကျော်လို့ ထိုင်းက ပြန်ပစ်

မြန်မာနိုင်ငံ မြဝတီဘက်တိုက်ပွဲက လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံထဲ ထပ်မံကျရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်က အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ သတိပေး ပစ်ခတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေက ဖော်ပြပါတယ်။

#မြန်မာ #ဧရာဝတီ #ထိုင်း #တိုက်ပွဲ #WhatsHappensInMyanmar
❤30👍17😁10
Media is too big
VIEW IN TELEGRAM
ကျားဖြန့်လုပ်ဖို့ စဉ်းစားနေပြီလား

မြန်မာနိုင်ငံမှာ တစတစ ပျံ့နှံ့လာနေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ ကိုယ်ကျင့်တရားအရ ရှက်စရာကောင်းရုံသာမက နိုင်ငံတကာအထိပါ အာရုံစိုက်ခံနေရတဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုတခု ဖြစ်ပါတယ်။

အလုပ်အကိုင်ရှားပါးမှုနဲ့ လစာကောင်းမွန်မှုတွေကြောင့် လူအများအပြား သွေးဆောင်ခံနေရပေမဲ့၊ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေအရ ဒီလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်တာ၊ လူစုဆောင်းပေးတာ၊ နောက်ကွယ်ကနေ ဈေးရောင်း၊ အိမ်ငှားပေးပြီး သွယ်ဝိုက်ကူညီတာတွေ လုပ်ဆောင်ရင် ထောင်ဒဏ် နှစ်ရှည်ကနေ အမြင့်ဆုံး သေဒဏ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ကျားဖြန့် #Scammer #WhatsHappensInMyanmar
👍32😭5❤4😁3🤔1
❤21😁6👍5🤔1
အာဆီယံ ကာကွယ်ရေးဝန်ကြီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ် အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်လောင်း အတည်ပြု

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆

အာဆီယံနိုင်ငံများနှင့် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူဇီလန် နိုင်ငံတို့ပါဝင်သည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် ပေါင်းစပ်အဖွဲ့ ADMM-Plus အစည်းအဝေးတွင် မြန်မာစစ်အုပ်စုအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်လောင်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ အောက်တိုဘာ ၂၈ ရက် နှင့် ၂၉ ရက်တို့၌ ကျင်းပခဲ့သော အကြိမ်(၂၀)မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) နှင့် ၁၃ ကြိမ်မြောက် ADMM-Plus အစည်းအဝေးတို့၏ ပူးတွဲဆုံးဖြတ်ချက်များနှင့် ကြေညာချက်များတွင် မြန်မာ့အရေး အဓိက ၃ ချက်အဖြစ် ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အပြည့်အဝ အကောင်အထည်ဖော်ရေး ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး တွန်းအားပေးခြင်းနှင့် မြန်မာနိုင်ငံ၏ ကိုယ်စားပြုအဆင့်အတန်း ကန့်သတ်ခြင်းတို့ကို ထည့်သွင်းထားသည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဆန်းတက်ရောက်ပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် အကျပ်အတည်းများကို ငြိမ်းချမ်းစွာနှင့် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ယခင်က ပေးအပ်ထားသည့် ကတိကဝတ်များကို ပြန်လည် သတိပေးကြောင်းနှင့် ယင်းတို့ကို မပျက်မကွက် လိုက်နာဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပူးတွဲသဘောတူညီခဲ့ကြသည်။

အဆိုပါ အစည်းအဝေး၌ အမေရိကန်က မြန်မာအရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုခြင်း ၊ လက်နက်နှင့် လေယာဉ်ဆီ ဖြတ်တောက်ရေး တွန်းအားပေးခြင်းဖြင့် ဒီမိုကရေစီ အင်အားစုများကို ထောက်ခံခဲ့ကာ တရုတ်နိုင်ငံကမူ အာဏာသိမ်းအစိုးရဘက်က ရပ်တည်၍ ပြင်ပဖိအားနှင့် ပိတ်ဆို့မှုများကို ကန့်ကွက်ခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍48❤15😁9👎2
Media is too big
VIEW IN TELEGRAM
တရုတ်အလုပ်ရှင်ကို သတ်မှုနဲ့ မြန်မာ ၄ ဦးအဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရုတ်နိုင်ငံသား အလုပ်ရှင်ကို သတ်ဖြတ်ခဲ့ တယ်ဆိုတဲ့ မြန်မာနိုင်ငံသားလေးဦးကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းတွေက ရေးသားဖော်ပြပါတယ်။

#မြန်မာ #ဧရာဝတီ #ထိုင်း #ရွှေ့ပြောင်းလုပ်သား #တရုတ်
😭24👎8❤4👍4
စစ်အုပ်စု၏ သတင်းစာများတွင် အောက်တိုဘာလ ၂၀ ရက်နေ့မှစ၍ ကချင်ပြည်နယ်နှင့် အခြားဒေသများရှိ အိမ်ထောင်စုများအတွက် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးပေါများစွာ ရရှိစေမည်ဖြစ်ပြီး ပြည်တွင်းစက်မှုလုပ်ငန်းများကိုပါ မြှင့်တင်ပေးမည်ဖြစ်ကြောင်း အကောင်းမြင်သဘောဆောင်သော အမှာစကားများပါရှိသည့် ကာတွန်းများကို ဖော်ပြလာခဲ့သည်။

ယင်းအပြင် ၎င်းတို့သည် အဆိုပါ ယုတ္တိမတန်သော စီမံကိန်းကို ကန့်ကွက်သူများကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် စီမံကိန်း၏ အကောင်းအဆိုးကို ဘက်လိုက်မှု မရှိ မဆန်းစစ်ဘဲ ခေါင်းမာနေကြသူများအဖြစ် ဝေဖန်ရှုတ်ချထားသည့် ကာတွန်းတခုကို ဖော်ပြခဲ့သည်။ အဆိုပါကာတွန်းက ရေကာတာကြောင့် မည်သည့်ဒုက္ခမှ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း အခိုင်အမာဆိုကာ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို အခြေအမြစ် မရှိဟု ပယ်ချခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/30/417317.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎41❤7👍3😁3
😁18❤4
Scarlet Heart Thailand ဝေဖန်ခံရပြီးနောက် Scarlet Heart Ullavee ဟု အမည်ပြောင်း

ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆

ထိုင်းအနုပညာကုမ္ပဏီ GMMTV မှ လာမည့်နိုဝင်ဘာတွင် ပြသမည့် Scarlet Heart Thailand ဇာတ်လမ်းတွဲပါ ဝတ်စုံများသည် ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံများနှင့် ဆင်တူသည်ဟု ပြောဆိုမှုများကြောင့် အွန်လိုင်းတွင် ဝေဖန်ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဇာတ်လမ်းတွဲ၏ အမည်ကို “Scarlet Heart Ullavee” ဟု ပြောင်းလဲလိုက်ကြောင်း Khaosode သတင်း၌ ဖော်ပြသည်။

ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဇာတ်လမ်းတွဲတွင် ဖော်ပြထားသော ဝတ်စုံများနှင့် ရှေးမြန်မာနန်းတွင်း၌ ဝတ်ဆင်ခဲ့သည့် အဝတ်အစားများကြား ဆင်တူမှုများကို ဝေဖန်ထောက်ပြပြီးနောက် GMMTV က မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုသည်လည်း ၎င်းတို့၏ လှပမှုနှင့် ထူးခြားသော ဂုဏ်သတ္တိများကြောင့် ထုတ်လုပ်ရေးအဖွဲ့က လေးစားတန်ဖိုးထားပြီး စိတ်ကူးစိတ်သန်း ရယူခဲ့သည့် အရင်းအမြစ်တခုအဖြစ် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖော်ပြပုံဖော်ထားမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ရိုးသားစွာ တောင်းပန်အပ်သည်ဟု အသိပေးထုတ်ပြန်သည်။

ဇာတ်လမ်းတွဲအတွက် အထူးဖန်တီးထားသည့် "Ullavee" (ဥလ္လာဝီ) ဆိုသည်မှာ စိတ်ကူးယဉ်မြို့တမြို့ ဖြစ်ပြီး ဝတ်စုံ၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများကို သုတေသနပြုလုပ်ခဲ့ကာ ဇာတ်လမ်း၊ ဇာတ်ကောင်စရိုက်များနှင့် ကိုက်ညီမှုရှိစေရန် ရိုက်ကူးရေးနေရာ (sets) များ၊ ဝတ်စုံများနှင့် အနုပညာဆိုင်ရာ အစိတ်အပိုင်းများကို ဖန်တီးပုံဖော်ထားခြင်းဖြစ်သည်ဟု ရှင်းပြသည်။

ထို့ပြင် ဒီဇိုင်းများသည် လန်းနား(Lanna)၊ ထိုင်းလူမျိုးစုများ၊ တရုတ်နှင့် မြန်မာတို့၏ အနုပညာနှင့် ယဉ်ကျေးမှု အမွေအနှစ်များတွင် ရှိသည့် ကွဲပြားစုံလင်မှုနှင့် လှပမှုတို့မှ စိတ်ကူးစိတ်သန်းများကို ရယူထားခြင်းဖြစ်ပြီး "Ullavee" မြို့၏ ထူးခြားသော ပုံရိပ်ကို ဖန်တီးနိုင်ရန်အတွက် ၎င်းတို့ကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုကာ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်မွမ်းမံထားခြင်းဖြစ်ကာ ယဉ်ကျေးမှုတခုချင်းစီ၏ တန်ဖိုးနှင့် မူလဇစ်မြစ်များကို လေးစားတန်ဖိုးထားသည့်အပြင် ဇာတ်လမ်းတွဲထဲတွင် ပါဝင်သည့် အစိတ်အပိုင်းအားလုံးကို ထိုင်းယဉ်ကျေးမှုဟု ဆိုလိုဖော်ပြရန် ရည်ရွယ်ချက် လုံးဝမရှိပါဟု ရှင်းလင်းခဲ့သည်။
😁33❤11🤔1
Media is too big
VIEW IN TELEGRAM
တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေ ပါ၀င်လာမှာဖြစ်တဲ့ တော်၀င်ဩစတျေးလျ ရေတပ်ရဲ့ Ghost Shark ရေအောက်ဒရုန်း

အောက်တိုဘာ ၃၀၊ ၂၀၂၆

ဩစတျေးလျနိုင်ငံဟာ သူတို့ရဲ့ မောင်းသူမဲ့ ရေ အောက်ဒရုန်းတွေမှာ တပ်ဆင်မယ့် ရေအောက်စစ်ဆင်ရေးသုံး လက်နက်စနစ်အသစ်တွေကို တရားဝင်ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပြီး တော်၀င်ဩစတျေးလျရေတပ်ရဲ့ အကြီးစား ရေအောက်ဒရုန်းဖြစ်တဲ့ Ghost Shark မှာ တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေ ပါ၀င်လာတော့မှာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ဒရုန်း #australia #ghostshark
❤24👍15😱4😁1