The Irrawaddy - Burmese
✔
75.4K subscribers
38.5K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆

ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

Caption - ဆွဲချခံလား…ခုံးဆင်းတာလား…အာဆီယံ…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/cartoon/2025/07/12/403281.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍35😁1
စီးပွားရေး လုပ်ကိုင်ရ ပိုမိုလွယ်ကူစေရန်အတွက် မြန်မာနိုင်ငံအား စာရင်းမည်း Blacklist မှ ဖယ်ရှားပေးရန် ဂျပန်နိုင်ငံက ကမ္ဘာ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အထူးအဖွဲ့ (FATF) ကို တွန်းအားပေးခဲ့သည်။


သို့သော် FATF အဖွဲ့သည် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် လက်နက်ပြန့်ပွားမှုကို ဘဏ္ဍာရေးထောက်ပံ့မှုများ တိုက်ဖျက်ရာတွင် အဓိကမဟာဗျူဟာမြောက် လိုအပ်ချက်များရှိနေသည့် "စာရင်းမည်း" (တရားဝင်အားဖြင့် "အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည့် အန္တရာယ်ကြီးမားသော နယ်မြေများ" စာရင်း) ထဲ၌ မြန်မာကို ဆက်လက်ထားရှိခဲ့သည်။


Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/10/31/417347.html
👍41❤8👎3😁2
😱14👍4😁2🤔1
တရုတ်သူလျှိုဟု သံသယရှိသူက Nvidia CEO အား ပစ်မှတ်ထားခဲ့ကြောင်း သတင်းထွက်ပေါ်
ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆။

New York Times သတင်းစာ၏ အစီရင်ခံစာသစ်တခုအရ Nvidia ၏ အမှုဆောင်အရာရှိချုပ် (CEO) ဂျန်ဆန်ဟွမ်း Jensen Huang သည် ၎င်းနှင့် စီးပွားရေးလုပ်ကိုင်ခဲ့ဖူးသည့် တရုတ်သူလျှိုဟု သံသယရှိသူတဦး၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်ဟု အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက ယူဆထားကြသည်။

Nvidia CEO နှင့် မည်သို့မျှ ဆွေမျိုးတော်စပ်မှုမရှိသော အဲလစ်ဟွမ်း Alice Huang (သို့မဟုတ်) ဟွမ်းလီ Huang Le သည် စင်ကာပူအခြေစိုက် Megaspeed ခေါ် ဒေတာစင်တာကုမ္ပဏီတခု၏ အမှုဆောင်တဦးဖြစ်သည်။ ၎င်းသည် ယခင်က Nvidia ချစ်ပ်များကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့နေသည်ဟု သံသယရှိခံရသူဖြစ်ပြီး ယင်းကြောင့် အမေရိကန်အရာရှိများက ၎င်းကို စောင့်ကြည့်စုံစမ်းခဲ့ကြသည်။

အမည်မဖော်လိုသည့် သတင်းမြစ်များကို ကိုးကား၍ New York Times က ဖော်ပြသည်မှာ ထိုအရာရှိများသည် အဲလစ်ဟွမ်း အား ပီကင်းသို့ စီးပွားရေးဆိုင်ရာ အချက်အလက်များ လက်ဆင့်ကမ်းပေးနေသည့် တရုတ်ထောက်လှမ်းရေး အေးဂျင့်တဦးအဖြစ် လုပ်ဆောင်နေကြောင်း အတည်ပြုသတ်မှတ်ခဲ့ကြသည်။

New York Times ၏ ဖော်ပြချက်အရ အမေရိကန်အရာရှိများသည် စောင့်ကြည့်စုံစမ်းမှုအတွင်း အဲလစ်ဟွမ်း သည် Nvidia CEO နှင့် နီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ Nvidia ၏ စွမ်းအားမြင့် ချစ်ပ်များသည် AI ခေတ် ဆန်းသစ်မှု၏ အဓိကဒေါက်တိုင်ဖြစ်ပြီး ဂျန်ဆန်ဟွမ်း ကိုလည်း ဤစက်မှုလုပ်ငန်းတွင် ဩဇာအရှိဆုံး ခေါင်းဆောင်နေရာများထဲသို့ ရောက်ရှိစေခဲ့သည်။ ထိုနေရာတွင် ရောက်ရှိနေစဉ် အမေရိကန်အစိုးရက AI ဖွံ့ဖြိုးတိုးတက်မှုတွင် ခေါင်းဆောင်နေရာကို ကာကွယ်ရန် ကြိုးပမ်းနေချိန် ဂျန်ဆန်ဟွမ်း သည် ဒေါ်နယ်ထရန့်နှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ခဲ့သည်။

ဂျန်ဆန်ဟွမ်း သည် ထရန့်နှင့် နီးကပ်သော ဆက်ဆံရေး တည်ဆောက်ထားသည့်အတွက် အိမ်ဖြူတော်အရာရှိများသည် အဲလစ်ဟွမ်း ၏ Nvidia အကြီးအကဲထံ ချဉ်းကပ်နိုင်မှုအပေါ် စိုးရိမ်ထိတ်လန့်နေကြကြောင်း New York Times က ဖော်ပြသည်။

ထရန့်အစိုးရအဖွဲ့သည် အမျိုးသားလုံခြုံရေးကိစ္စအဖြစ် တရုတ်နိုင်ငံသို့ အဆင့်မြင့် AI ချစ်ပ်များ တင်ပို့မှုကို ကန့်သတ်ထားသည်။ Megaspeed မှ အဲလစ်ဟွမ်း သည် ထိုကန့်သတ်ချက်များကို ထွက်ပေါက်ရှာရန် တရုတ်အစိုးရအား ကူညီပေးနေသည်ဟု သံသယရှိခံရခြင်းဖြစ်သည်။

New York Times ထံ ပေးပို့သော ထုတ်ပြန်ချက်တစ်ခုတွင် Nvidia က Nvidia CEO ၏ အဲလစ်ဟွမ်း နှင့် ဆက်ဆံပြောဆိုမှုများတွင် ပုံမှန်မဟုတ်သည့် အရာတခုမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

"Customer တွေနဲ့ တွေ့ဆုံတာဟာ CEO တယောက်ရဲ့ အလုပ်တာဝန် ဖြစ်ပါတယ်။ ဂျန်ဆန်ဟာ နှစ်စဉ် Customer အမှုဆောင်ပေါင်း သောင်းနဲ့ချီပြီး စကားပြောလေ့ရှိပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ Megaspeed နှင့် ယင်းကဲ့သို့သော Customer များသည် "ပုံမှန် စီးပွားရေးဆိုင်ရာ အချက်အလက်များကိုသာ ရရှိကြပြီး Nvidia စီးပွားရေး လျှို့ဝှက်ချက်များ သို့မဟုတ် အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အချက်အလက်များ လုံးဝ မပါဝင်ပါဘူး" ဟု ဆိုသည်။

ကိုးကား။ ။ The Guardian သတင်း Nvidia CEO reportedly targeted by an alleged Chinese spy

ပုံစာ - Nvidia CEO ဂျန်ဆန်ဟွမ်းနှင့် Megaspeed ဒေတာစင်တာကုမ္ပဏီ အမှုဆောင် အဲလစ်ဟွမ်း တို့ အတူတကွ မြင်ရစဉ်
❤16👍11😱4😁1🤔1
👍25😁3
ကျားဖြန့်ငွေ ခဝါချသူများ၏ ဒေါ်လာ ၁ ဘီလီယံကျော် ပိုင်ဆိုင်မှုများ ထိုင်းအစိုးရ သိမ်းဆည်း
ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆။

အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများထံမှ ရရှိလာသော ငွေကြေးများကို ခဝါချပေးခဲ့သည်ဟု စွပ်စွဲခံထားရသော အဖွဲ့တဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဟု ထိုင်းအာဏာပိုင်များက ကတိပြုပြောကြားခဲ့သည်။

ခေါင်းဆောင်ဟု စွပ်စွဲခံထားရသူ တောင်အာဖရိကနိုင်ငံသား ဘန်ဂျမင် မော်ဘာဂါ (Benjamin Mauerberger)၊ သူ၏ ထိုင်းဇနီး ကက်တလီယာ ဘီးဗာ (Cattaliya Beevor)၊ ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင် ယင်မ်လိခ် (Yim Leak) နှင့် အခြား ၄ ဦးတို့အား ဖမ်းဆီးရန် ရာဇဝတ်တရားရုံးက အင်္ဂါနေ့တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘန်စမစ် Ben Smith ဟုလည်း သိကြသော မော်ဘာဂါ သည် ဒေသတွင်း၌ ဒေါ်လာဘီလီယံပေါင်းများစွာအထိ ကြီးထွားလာနေသည့် တရားမဝင် ရာဇဝတ်လုပ်ငန်းတခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံရှိ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုလုပ်ငန်းများနှင့် ဆက်စပ်မှုရှိကြောင်း မီဒီယာသတင်းများတွင် ယခင်ကတည်းက ဖော်ပြခဲ့ကြသည်။

စွပ်စွဲချက်ကို ငြင်းဆိုထားသည့် ယင်မ်လိခ် သည် ထိပ်တန်းနိုင်ငံရေးမျိုးရိုး မိသားစုဝင်တဦးဖြစ်ပြီး ကမ္ဘောဒီးယား ရဲအရာရှိကြီးတဦး၏ ညီအစ်ကိုလည်းဖြစ်သည်။ မော်ဘာဂါ ၊ ကက်တလီယာ၊ ယင်မ်လိခ် နှင့် အခြား ၃ ဦးတို့သည် ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ထိုင်းစတော့အိတ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်များဆိုင်ရာ ကော်မရှင် (SEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာဇဝတ်ဂိုဏ်းများထံမှ ရရှိလာသော တရားမဝင်ငွေကြေးများကို ထိုအဖွဲ့က ပြည်ပဘဏ္ဍာရေးကုမ္ပဏီများမှတဆင့် လွှဲပြောင်းပြီး ထိုင်းစတော့ဈေးကွက်တွင် စတော့ရှယ်ယာများ ဝယ်ယူရာ၌ အသုံးပြုခဲ့ကြကြောင်း ထိုင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေး အရာရှိများနှင့် စတော့ဈေးကွက် ထိန်းကျောင်းသူများက အင်္ဂါနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) အနေဖြင့် ဘတ် ၁၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၁၅ သန်း) တန်ဖိုးရှိ ရှယ်ယာများအပါအဝင် ဘတ် ၂၁ ဘီလီယံတန်ဖိုးရှိ အိမ်ခြံမြေ၊ ငွေသားနှင့် မော်တော်ယာဉ်များ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်းဆည်းလိုက်သော ပိုင်ဆိုင်မှုများတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံချက်စက်ရုံများထဲမှ တခုဖြစ်သော Bangchak အပါအဝင် ထိုင်းထိပ်တန်းကုမ္ပဏီများ၏ ရှယ်ယာများ ပါဝင်ကြောင်း AMLO ဒုတိယအကြီးအကဲ ကမုန်းဆစ် ဝေါင်းဘတ်နွိုင် (Kamonsit Wongbutnoi) က ပြောကြားခဲ့သည်။ ထိုသို့ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းသည် တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူများနှင့်သာ သက်ဆိုင်ပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ထိခိုက်မှုမရှိကြောင်း Bangchak က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုများကို အွန်လိုင်းလိမ်လည်ခံရသူများအား လျော်ကြေးပေးအပ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ကမုန်းဆစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို ၇ ဦးပါ အဖွဲ့အား ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှု၊ ရာဇဝတ်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်မ်လိခ် ၏ ပြောရေးဆိုခွင့်ရှိသူ လန်နီဒေးဗစ် (Lanny Davis) က ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင်အပေါ် စွပ်စွဲချက်များသည် "၁၀၀ ရာခိုင်နှုန်း မမှန်ကန်ကြောင်း" ပြောကြားခဲ့သည်။

"သူဟာ ထိုင်း၊ ကမ္ဘောဒီးယား ဒါမှမဟုတ် အခြားဘယ်နေရာမှာမဆို လိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးတယ်ဆိုတာ နည်းနည်းမှ မမှန်ပါဘူး" ဟု လန်နီဒေးဗစ် က ပြောသည်။ ယင်မ်လိခ်အနေဖြင့် စွပ်စွဲချက်ကို ငြင်းဆိုထားပြီး လိမ်လည်မှုလုပ်ငန်းများတွင် "သူ သိရှိမှု သို့မဟုတ် ပါဝင်ပတ်သက်မှုဆိုင်ရာ မည်သည့်သက်သေ" ကိုမဆို တင်ပြရန် ထိုင်းအစိုးရကို သူက စိန်ခေါ်ထားသည်။

အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သော ယင်မ်လိခ်၏ ရှေ့နေများ၏ ထုတ်ပြန်ချက်တွင် ထိုင်းအရာရှိများသည် တရားမစွဲဆိုမီ မီဒီယာများမှတဆင့် ပြစ်ဒဏ်ခတ် စီရင်မှု ပြုလုပ်နေသည်ဟု စွပ်စွဲထားသည်။ ထိုင်းနိုင်ငံသည် ကြားနာစစ်ဆေးမှုမရှိဘဲ သူ၏မိသားစု ပိုင်ဆိုင်မှုများအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ကို သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။

မော်ဘာဂါ ၏ ရှေ့နေဖြစ်သူ ဝိတွန်း ကိန်းငန် (Witoon Kengngan) ကမူ ဗုဒ္ဓဟူးနေ့တွင် မှတ်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။

ဖေဖော်ဝါရီလတွင် ထိုင်းအာဏာပိုင်များသည် မော်ဘာဂါ နှင့် လိမ်လည်မှုဖြင့် စွပ်စွဲခံထားရသော အခြားသူများထံမှ အမေရိကန်ဒေါ်လာ သန်း ၄၁၀ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ကိုးကား။ ။ AFP သတင်း Thailand moves to seize US$1 billion in scam assets from money laundering group

ပုံစာ - ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင် ယင်မ်လိခ် (ဝဲ)၊ တောင်အာဖရိကနိုင်ငံသား
👍30❤13😁3👎1
ဘန်ဂျမင် မော်ဘာဂါ (အလယ်)နှင့် သူ၏ ထိုင်းဇနီး ကက်တလီယာ ဘီးဗာတို့အား ထိုင်းရဲက ဖမ်းဝရမ်းထုတ်လိုက်သည်/Thairath
👍18😁4
👍39😁3
မြန်မာကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ ၄လ ထပ် စောင့်ကြည် တိုးတက်မှုမရှိက ပြင်းထန်စွာ အရေးယူမည်ဟု သတိပေး

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆
ကျားဖြန့်နှင့် ငွေကြေးခဝါချမှုဆိုးရွားနေသော မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုဆိုင်ရာ တိုက်ဖျက်ရေး (AML/CFT)စနစ်၌ အားနည်းချက်များ ရှိနေဆဲဖြစ်သည့်အတွက် အမည်ပျက်စာရင်း (Black List )ဆက်လက်ထားရှိပြီး ၄ လအတွင်း လုပ်ငန်းစဉ်များကို မလုပ်ဆောင်နိုင်ပါက ပိတ်ဆို့အရေးယူရန် စဉ်စားမည်ဖြစ်ကြောင်း ကမ္ဘာ့ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF)က ယမန်နေ့ညက ထုတ်ပြန်သည်။


ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ အောက်တိုဘာ ၂၆ မှ ၃၀ ရက်အထိ ပြုလုပ်ခဲ့သော ၃၇ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအပြီး ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။


၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ထပ်မံတိုးတက်မှု မရှိလာပါက ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ခွင့်၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးလွှဲပြောင်းမှုများ ပိတ်ဆို့သည်အထိ တန်ပြန်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
FATF အနေဖြင့် မြန်မာနိုင်ငံက ငွေကြေးအဖွဲ့အစည်းများ၏ ငွေပေးငွေယူလုပ်ငန်းများ၌ ပုံမှန်မဟုတ်သည့် အခြေအနေနှင့် သံသယဖြစ်ဖွယ်အခြေအနေများကို စောင့်ကြည့်မှု ပိုမိုတိုးမြှင့်ရန်တိုက်တွန်းထားသလို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ လုပ်ငန်းလည်ပတ်မှု၊ သတင်းဖြန့်ဝေမှု တိုးမြှင့်ရန်၊ ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်ရန် တိုက်တွန်းထားသည်။


ထို့ပြင် မြန်မာနိုင်ငံ၌ အွန်လိုင်းမှတဆင့်လိမ်လည်သည့်(ကျားဖြန့်) ကျူးလွန်မှုများလည်း ကျယ်ပြန့်စွာရှိနေဆဲဖြစ်ပြီး တရားမဝင် ငွေကြေးစီးဆင်းမှုဆိုင်ရာ ကြီးမားသောအန္တရာယ်များရှိနေရာ ကျားဖြန့်နှင့်ဆက်စပ်သည့် တရားမဝင်ငွေကြေးစီးဆင်းမှုများအား ဖြေရှင်းရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း FATF က ဆိုထားသည်။
တရားမဝင်ငွေကြေးစီးဆင်းမှုများကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) လုပ်ငန်းစဉ်များသည် ပြည်သူများ၏ တရားဝင်ငွေကြေးစီးဆင်းမှုများအပေါ် မလိုအပ်ဘဲ တင်းကျပ်လွန်းသည့်စိစစ်မှုများပြုလုပ်ခြင်းရှိမရှိကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
FATF ၏ အမည်ပျက်(Black List)စာရင်းတွင် မြန်မာနိုင်ငံနှင့်အတူ အီရန်နှင့်မြောက်ကိုရီးယားနိုင်ငံတို့ကိုလည်း ထည့်သွင်းကြေညာထားပြီး မြန်မာနိုင်ငံကိုမူ ၂၀၂၂ အောက်တိုဘာကတည်းက အမည်ပျက်စာရင်းသွင်းထားခြင်းဖြစ်သည်။


ပုံစာ-ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ အောက်တိုဘာ ၂၆ မှ ၃၀ ရက်အထိ ပြုလုပ်ခဲ့သော ကမ္ဘာ့ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ ၏ ၃၇ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမြင်ကွင်း/FATF


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍50❤7😁3
👍26😁5❤2
နမ့်စန်၌ ကျားဖြန့်လုပ်နေသည့် ထိုင်း ၁၈ ဦး ဖမ်းမိ

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပေါ်ကျွဲရွာ အနောက်မြောက်ဘက်တွင် အွန်လိုင်းလိမ်လည် လောင်းကစား လုပ်နေ သည့် ထိုင်းနိုင်ငံသား အမျိုးသား ၁၂ ဦး၊ ဦး၊ အမျိုးသမီး ၆ဦးကို ယာယီတဲများအတွင်း All in One ကွန်ပျူတာ ၇ လုံး၊ ဖုန်းမျိုးစုံ ၁၆ လုံး၊ ပရင်တာ၊ Starlink တို့နှင့်အတူ အောက်တိုဘာ ၃၀ က ဖမ်းမိခဲ့ကြောင်း အာဏာသိမ်းအစိုးရ သတင်းထုတ်ပြန်သည်။


ဖမ်းမိသူများကို လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူမည်ဟု ဆိုထားသည်။
ဓာတ်ပုံ-MOI


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍20😁6🤔6❤5
နယ်စပ်နေတိုင်းရင်းသားဒေသများအပေါ် ကုန်စည်ကန့်သတ်မှု တရုတ် ဖြေလျော့

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆

အာဏာသိမ်းအစိုးရက အမေရိကန်နှင့် ဆက်ဆံရေးပြန်စရန်ကြိုးပမ်းလာသည့်အခါ တရုတ်ကလည်း တိုင်းရင်းသားလက် နက်ကိုင်နယ်မြေများသို့ ယခင်ပို့ခွင့်ပိတ်ထားသည့်ကုန်များ ဤလတတိယအပတ်မှစ၍ ပြန်လည်ပို့ခွင့် ပြုခဲ့သည်။

ကိုးကန့်၊ ပလောင် (တအောင်း)နှင့် ကချင်တို့ ၁၀၂၇ စစ်ဆင်ရေးတွင်းက သိမ်းခဲ့သည့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် များ၊ လမ်းကြောင်းများကို အသုံးပြုကာ တိုင်းရင်းသားလက်နက်ကိုင်တို့ ကုန်သွယ်ခွင့် မရဖို့ အာဏာသိမ်းစစ်အုပ်စုက တောင်းဆိုသဖြင့် တရုတ်က ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ လောင်စာဆီ၊ ဆေးဝါး၊ ယမ်းနှင့် အက်ဆစ်စသည့် ဖောက်ခွဲရေးသုံး ဓာတုပစ္စည်းတချို့ကို တင်သွင်းခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယခုပြောင်းလဲလာသည့် အခြေအနေကြောင့် ကန့်သတ်ကုန်တချို့အနက် လူသုံးကုန်၊ စားသောက်ကုန်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ယမ်း၊ ဓာတုပစ္စည်းများနှင့် ဆေးဝါးအချို့ကို နယ်စပ်ဂိတ်အလိုက် ပြန်လည် တင်သွင်းခွင့်ပြုလာကြောင်း ဒေသခံများနှင့် ကုန်သည်များက ပြောသည်။

မူဆယ်ဒေသခံတဦးက “ဒီရက်ပိုင်းမှာပဲ ကုန်တွေသွင်းခွင့် ပြန်ပေးလိုက်တာ။ ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းထားတဲ့ မူဆယ်မှာဆိုရင် ကျင်စန်းကျော့ဂိတ်ပေါက်ကိုပဲ ဖွင့်ပေးတာ။ ဒီဘက် အာဏာသိမ်းအစိုးရ ထိန်းချုပ်နိုင်တဲ့ မူဆယ်ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်တို့မှာတော့ တင်းကျပ်ထားသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကမူ တိုင်းရင်းသား လက်နက်ကိုင်တို့ ထိန်းထားသည့် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများမှ ငွေကြေးပေး၍ ကုန်စည်သယ်ပို့နေခြင်းက “သူခိုးဓားရိုးကမ်း” သကဲ့သို့ဖြစ်နေကြောင်း အောက်တိုဘာ ၂၈ ရက် နေပြည်တော်အစည်းအဝေးတွင် ပြောဆိုပြီး တရားမဝင်ကုန်များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးမှုပိုမိုပြုလုပ်နေသည်။

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA/PSLF) တို့ ထိန်းချုပ်ရာ နမ့်ခမ်းနယ်စပ်ဂိတ်မှာ အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း နယ်စပ်ဒေသနေ ပြည်သူတို့ စားဝတ်နေရေး အဆင်ပြေစေရန် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကိုသာ တင်သွင်းနေကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာဝတီသို့ ပြောသည်။

“နယ်စပ်ဂိတ်တွေကို အပြည့်အဝ ပြန်ဖွင့်ပေးလိုက်တာမျိုး မဟုတ်သေးပါဘူး။ ရွှေလီနဲ့နမ့်ခမ်းက ပြည်သူတွေရဲ့ စားဝတ်နေ ရေး ပြေလည်ဖို့ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကို မိသားစုသုံးတင်သွင်း နေကြတာပါ။ အခုလို ဖြေလျှော့ပေး တာက နယ်စပ်ဒေသမှာ နေထိုင်သူတွေအတွက် အကျိုးရှိပေမယ့် အပြည့်အဝ ဖွင့်ပေးမပေးကတော့ တရုတ်အစိုးရရဲ့ သဘောထားနဲ့ စီမံမှုအပေါ်မှာပဲ မူတည်ပါတယ်”ဟု ၎င်းက ပြောသည်။

တရုတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေးကို အပြည့်အဝ ဖွင့်လှစ်ခွင့်ပြုပါက လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုဆိုင်ရာ အခက်အခဲများ လျော့နည်းလာနိုင်ကြောင်းလည်း ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်ဂိတ်တို့မှ ကုန်များ သယ်ယူနိုင်သော်လည်း နိုင်ငံအတွင်းပိုင်းသို့ ဆက်လက်သယ်ယူရာတွင် အာဏာသိမ်းစစ်တပ် ထိန်းချုပ်မှုများကြောင့် ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်မဖြစ်သေးကြောင်း နမ့်ခမ်းဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသအတွင်း တရုတ်ကုန်ပစ္စည်းများ ဝင်ရောက်ခွင့်ပြုထားသဖြင့် ကုန်စည်များ ပေါများပြီး ဈေးသက်သာနေသော်လည်း သီပေါ၊ ကျောက်မဲ၊ နောင်ချို လမ်းပိုင်းများမှတဆင့် မေမြို့၊ မန္တလေး၊ ရန်ကုန်ဘက်သို့ ဆက်လက်သယ်ယူရာတွင် စစ်ဆေးရေးဂိတ်များ၏ ကန့်သတ်မှုများနှင့် နယ်မြေအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များထံက သိရသည်။

ကုန်ပစ္စည်းသယ်ယူရာ လမ်းခရီးတလျောက် စစ်ဆေးရေးဂိတ်များ၌ ငွေကြေးပေးဆောင်ရခြင်းနှင့် ကုန်ပစ္စည်းများကို ကိုယ်တိုင်ဖောက်စစ်ပေးရခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် ခရီးကြာချိန် ပိုလာသလို ဈေးနှုန်းလည်း တက်လာကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“လားရှိုးမှာ ကားတာယာတလုံး အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၃ သိန်း ၈ သောင်းကနေ ၄ သိန်းလောက်နဲ့ ဝယ်လို့ ရပေ မယ့် မန္တလေးမှာတော့ ကျပ် ၈ သိန်းခွဲ၊ ၉ သိန်းလောက်အထိ ဈေးက ထက်ဝက် ကွာနေတယ်။ ပြည်သူတွေကို ကုန်ဈေးနှုန်း သက်သာအောင် လုပ်ချင်တယ်ဆိုရင် အာဏာသိမ်းအစိုးရက လားရှိုးမှာ အကောက်ခွန်ဂိတ်လိုထားပြီး တရားဝင်အခွန် ဆောင် သွင်းခွင့်ပြုမယ်ဆိုရင် ကုန်စည်စီးဆင်းမှုလည်း ကောင်းလာမယ်၊ ဈေးလည်း ကျသွားမယ်လို့ ထင်ပါတယ်။ အခုလို ပိတ်ထားတော့ ကျနော်တို့လည်း ခက်ခဲ၊ ဈေးတွေလည်းတက်တာပေါ့”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းအစိုးရမူ တရားမဝင်ကုန်သွယ်မှုများကို တားဆီးရန်၊ နယ်စပ်ကုန်သွယ်ရေးကို တရားဝင်လမ်းကြောင်းများမှသာ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာနယ်မြေများအလိုက် တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်တားဆီးရန် ၎င်း၏ ဝန်ကြီးများကို တိုက်တွန်းထားသည်။

Website တွင် ဖတ်ရန်
❤23👍13😁6🤔2
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်နေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ၁၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သည့် ရုပ်သံသဝဏ်လွှာတွင် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက "တိုင်းရင်းသားများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ" ဟု ပထမဦးဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်သဖြင့် အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ အထူးသဖြင့် မြန်မာစစ်တပ်အသိုင်းအဝိုင်းအတွင်း ပို၍ လှုပ်လှုပ်ရွရွ ဖြစ်သွား၏။


တရုတ်တို့ ပြောဆိုချက်သည် အခြေခံအားဖြင့် တိုင်းရင်းသားများအား နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အာဏာခွဲဝေပေးရန် လိုအပ်သည်ကို ဖော်ပြသည်ဖြစ်ရာ ဗဟိုမှအာဏာကို အကြွင်းမဲ့ချုပ်ကိုင်ထားပြီး တိုင်းရင်းသားများအား အာဏာခွဲဝေမပေးလိုသည့် စစ်အုပ်စုအား တရုတ်တို့က ခပ်ကြမ်းကြမ်းလေး လှုပ်နှိုးလိုက်ပုံရသည်ဟု ဆိုရမည်။


Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/10/31/417354.html
👍30❤11😁8🤔2
👎16😁4👍3😭2❤1
PDF ရဲမေနှင့် နွေဦးထီရောင်းသူနှစ်ဦး ဖမ်းမိဟု စစ်အုပ်စု ထုတ်ပြန်

ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဟင်္သာတခရိုင် တပ်ရင်း(၃)မှ တပ်ရေးတာဝန်ခံ မဝင့်လွှာအောင်(ခ)စစ်ငြိမ်းအေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နွေဦးထီရောင်းချသူ မနန္ဒာလှိုင်နှင့် မဆုမြတ်ဝေ(ခ)လေးပေါင်တို့အား ဖမ်းမိထားကြောင်း အာဏာသိမ်းအစိုးရက ယနေ့ထုတ်ပြန်သည်။
မဝင့်လွှာအောင်(ခ)စစ်ငြိမ်းအေးမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်သို့ ပြန်လည် လာရောက် ပြီးနောက် အင်အားစာရင်းများ ပြုစုခြင်း၊ ငွေအလွှဲအပြောင်းများ ဆောင်ရွက်ပေးခြင်း၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက သုံးလတကြိမ်ပေးပို့သည့် လစာများနှင့်ထောက်ပို့ငွေများအား ဟင်္သာတခရိုင်တပ်ရင်း(၃) တပ်ရင်းမှူးအဆင့်ရှိသူ ရဲကျော်သူ(ခ)ရဲခေါင်၏ အစီအစဉ်ဖြင့် လွှဲပြောင်းပေးခြင်းများပြုလုပ်စဉ် အောက်တိုဘာ ၁၀ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မဝင့်လွှာအောင်သည် ၂၀၂၁ မေလမှ ဇွန်လအထိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)၌ စစ်သင်တန်း တက်ရောက်ခဲ့ပြီး ထိုမှတဆင့် ဟင်္သာတခရိုင်တပ်ရင်း(၁)၊ ဧရာဝတီရိုးမစစ်ကြောင်းနှင့် ဟင်္သာတခရိုင်တပ်ရင်း(၃)တို့တွင် ရုံးတာဝန်ခံ၊ တပ်ရေးတပ်ထောက်တာဝန်များ ထမ်းဆောင်ခဲ့ကြောင်းလည်း သိရသည်။
PRF ထောက်ပို့အဖွဲ့ဝင်များဖြစ်သူ မနန္ဒာလှိုင်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မဆုမြတ်ဝေမှာ ၂၀၂၅ ခုနှစ်၊ ဇွန်လမှစတင်ကာ နွေဦးထီရောင်းချခဲ့ပြီး NUG ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်(SDB) ဘဏ်မှတဆင့် ငွေလွှဲပြောင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပြီး နွေဦးထီ ဝယ်ယူအားပေးသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် ဖမ်းမိထားသူ အမျိုးသမီးသုံးဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
🤔20❤12👎12😭5😁3
၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ အာဆီယံနဲ့ မြန်မာ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/11/23/393674.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍27❤4👎1😁1
Tesla ဈေးကွက် ဗီယက်နမ်ကို တိုးချဲ့တော့မယ်


ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆


အီလွန်မတ်စ် ပိုင် တက်စ်လာ (Tesla) ကုမ္ပဏီက ဗီယက်နမ် ဈေးကွက်ထဲ ဝင်ရောက်မယ် ဆိုတဲ့ သတင်းတွေကို ဝန်ထမ်းတွေ စတင် ငှားရမ်းခြင်းဖြင့် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။


Sales manager, Service manager နဲ့ Charging project developer အပါအဝင် ရာထူးနေရာ ၅ နေရာ အတွက် စတင်ခေါ်ယူနေတယ်လို့ ဆိုပါတယ်။


Tesla ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ဟိုချီမင်းမြို့မှာ Tesla Motors Vietnam LLC ကို မတည်ငွေ ဗီယက်နမ် ဒေါင် ၇၇ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၃ သန်း) နဲ့ တိတ်တဆိတ် မှတ်ပုံ တင်ထားခဲ့တာလို့ ဆိုပါတယ်။


ကုမ္ပဏီရဲ့ လုပ်ငန်းတွေထဲမှာ ကားတင်သွင်းခြင်းနဲ့ လက်လီ လက်ကား ရောင်းချခြင်းတွေ ပါဝင်တယ်လို့ သိရပြီး အခုလို မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်လို့ Tesla က ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။


Tesla ဟာ အခုလို ပုံစံမျိုးကို အရှေ့တောင်အာရှမှာ အရင်ကလည်း လုပ်ဖူးတယ်လို့ သိရပါတယ်။


၂၀၂၂ စက်တင်ဘာမှာ ထိုင်းနိုင်ငံအတွင်း ဝန်ထမ်းတွေ စတင်ခေါ်ယူခဲ့ပြီး ၃ လအကြာမှာ မှာယူမှုတွေ စတင် လက်ခံ ခဲ့တာ၊ ၂၀၂၄ စက်တင်ဘာမှာ ဖိလစ်ပိုင် နိုင်ငံတွင်း ဝန်ထမ်းတွေ စတင်ခေါ်ယူပြီး ၂၀၂၅ အစောပိုင်းမှာ ကုမ္ပဏီ စတင် လည်ပတ်ခဲ့တာမျိုးတွေ ရှိခဲ့တာကြောင့် လာမယ့် လအနည်းငယ်အတွင်း ဗီယက်နမ်မှာ စတင် လည်ပတ်မယ် ဆိုရင် အံ့ဩစရာ အနေအထား မဟုတ်ဘူးလို့ ဆိုပါတယ်။


လက်ရှိမှာတော့ ဝန်ထမ်းခေါ်ယူမှု တခုပဲ ရှိပြီး ဈေးနှုန်းတွေ၊ ရောင်းချမယ့် မော်ဒယ်တွေနဲ့ အရောင်းပြခန်း တည်နေရာ တွေကိုတော့ မဖော်ပြထားသေးပါဘူး။


Tesla ရဲ့ ဗီယက်နမ်ကို ဝင်ရောက်မှုဟာ လွယ်ကူဖို့တော့ ရှိမနေဘဲ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။


ဗီယက်နမ်မှာ ပြည်တွင်း လျှပ်စစ်ကား ကုမ္ပဏီဖြစ်တဲ့ VinFast က ဒီနှစ်အတွင်း ကားအသစ်တွေ အားလုံးရဲ့ ၃၆ ရာခိုင်နှုန်းကို ရောင်းချပေးထားပြီး ပြိုင်ဘက် ကုမ္ပဏီ ၅ ခုပေါင်းထက် ပိုများတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ အထိ စုစုပေါင်း ၂၅ လ ဆက်တိုက် ဗီယက်နမ်ရဲ့ အရောင်းရဆုံး ကား Brand အဖြစ် VinFast က ရပ်တည်နေတာ ဖြစ်ပါတယ်။


Tesla ရဲ့ ဝန်ထမ်းခေါ်ယူမှုထဲမှာ Charging project developer လည်း ပါဝင်တာကြောင့် Superchargers station တွေ တည်ဆောက်ဖို့လည်း ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/31/417357.html


Ref : Electrek
❤27👍6👎3😁1
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

တရုတ်အကူအညီနဲ့ လေယာဉ်ဆီထုတ်မယ့် သန်လျင်ရေနံချက်စက်ရုံ

ဒီတပတ် China Briefing မှာတော့ လေယာဥ်ဆီ ချက်လုပ်နိုင်မယ့် သန်လျင်ရေနံချက်စက်ရုံမှာ လေယာဉ်ဆီထုတ်မယ်ဆိုတဲ့ သတင်း၊ တရုတ်နိုင်ငံကို မြန်မာ့သစ်တင်ပို့မှု မြင့်တက်လာတဲ့ အကြောင်းအပါအဝင် တရုတ် နဲ့ မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/4-nG--LkoCU
#မြန်မာ #ဧရာဝတီ #သန်လျင် #ရေနံ #လေယာဉ်ဆီ #တရုတ် #သစ်
😁21❤10👎6👍2