ရခိုင်အရပ်ဘက်အဖွဲ့ ၇ဝ က လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ တောင်းဆို
သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
မြန်မာစစ်တပ်၏ အရပ်သားများအား ဗုံးကြဲသတ်ဖြတ်မှု ပိုဆိုးလာသဖြင့် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ ရခိုင်အရပ်ဘက်အဖွဲ့ ၇၀က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အာဆီယံနှင့် နိုင်ငံတကာ အစိုးရများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများသို့ ယနေ့တောင်းဆိုလိုက်သည်။
စစ်ပွဲနှင့်မဆိုင်သော အပြစ်မဲ့အရပ်သားများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ စစ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအား လေကြောင်းမှ အရှိန်မြှင့်တိုက်ခိုက်ခြင်းက ထိတ်လန့်ကြောက်ရွံ့စေရန်၊ အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်၍ ပြင်းထန်စွာရှုတ်ချကြောင်း အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခြင်းက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် သက်ဆိုင်ရာ နိုင်ငံတကာကွန်ဗန်းရှင်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်းလည်း အရပ်ဘက် အဖွဲ့များက ပြောသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/30/417321.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
ရခိုင်အရပ်ဘက်အဖွဲ့ ၇၀ က လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ တောင်းဆို
ယင်းကဲ့သို့ ဗုံးကြဲမှုများအပေါ် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ကန့်ကွက်၊ ရှုတ်ချကြောင်း ထုတ်ပြန်ကြသော်လည်း စစ်အုပ်စုသည် ဂရုမစိုက်ဘဲ မျက်နှာပြောင်တိုက်၍ ဆက်တိုက် ဗုံးကြဲနေသည်
👍55😁12❤6👎1
ချောင်းဦးဘုန်းကြီးကျောင်းက ပဋ္ဌာန်းပွဲ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေး ရွာတွင် ပဋ္ဌာန်းပွဲပြုလုပ်နေသည့် ဘုန်းကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့၍ သံဃာတော်တပါး ဒဏ်ရာရရှိပြီး ကျောင်းဆောင် ပျက်စီးသွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ တက်လာသည့် အသေခံဒရုန်းနှစ်စီးဖြင့် ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာရှိ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "သံဃာတပါး ခြေထောက်ကိုထိတယ်၊ မစိုးရိမ်ရပါဘူး။ အခုပဋ္ဌာန်းပွဲကိုတော့ နားထားရတယ်"ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကြောင်းထိုးခြင်းမရှိဘဲ အသေခံဒရုန်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-မောင်လူအေး
ဓာတ်ပုံ-CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup

👎31😭14😁9❤6
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ (ယခင်တပတ်ထက် ၉၂ တလီတာ ၁၇၅ ကျပ်နှင့် ၉၅ တလီတာ ၂၄၅ ကျပ်ဈေးကျလာပြီး ဒီဇယ် တလီတာ ၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ ၁၀၅ ကျပ် ဈေးတက်လာသည်။)
ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၅၄၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၅၉၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၅၁၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၈၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၇၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၉၉၄ (ဈေးကျနေ)
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

👍28❤10👎1
အမ်း-ပဒါန်းလမ်းတိုက်ပွဲ ပါရာမိုတာ ပစ်ချခံရ
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းအနီး တိုက်ပွဲများတွင် စစ်တပ်ပါရာမိုတာတစီးကို အာရက္ခတပ်တော် (AA)က ယနေ့နံနက်ပိုင်းတွင် ပစ်ချလိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပဒါန်းဆုံကုန်း အမြောက်တပ်မှ ပျံတက်လာသည့် အဆိုပါပါရာမိုတာသည် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်တပ်ဘက်က ထိုးစစ်ဆင်နေစဉ် ပစ်ကူလာပေးရာမှ ပစ်ချခံရခြင်းဖြစ်သည်။
အမ်း-မကွေး ရိုးလမ်းတလျောက်ရှိ တလိုင်းတောင်နှင့် နတ်ရေကန်ဗျူဟာကုန်းလမ်းပိုင်းကို စစ်တပ်ဘက်ကပြန်ထိန်း ချုပ်ရန် အင်အား ၄၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေရာ အောက်တိုဘာ ၂၇ ရက်ကလည်း နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်လာသည့် စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ပါစစ်ကြောင်းကို AA က ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
နတ်ရေကန်ဗျူဟာကုန်းသည် အမ်း-ပဒါန်း ရိုးလမ်းပေါ်ရှိ စစ်တပ်၏ အဓိက အခြေစိုက်စခန်းတခုလည်း ဖြစ်ပြီး ဗျူဟာကုန်းအနီးနှင့် တောင်ကြောတလျောက်တွင် ၂၀၂၅ မှစ၍ AA နှင့် စစ်တပ်တို့အကြား အပြန်အလှန်ထိုးစစ်များ ဖြစ်ပွားနေခြင်း ဖြစ်သည်။

👍45❤17👎1😁1
ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံဘဲ ASEAN အထူးသံ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံး
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရို (Maria Theresa Lazaro) သည် နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့က ပြီးဆုံးသွားခဲ့ပြီး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒီမိုကရေစီခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် လက္ခဏာ တစုံတရာမျှ မတွေ့ရပေ။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတည်းက ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေး ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံက ထပ်မံတောင်းဆိုထားခဲ့သည်။
၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေသည် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့အတွက် ကာလရှည်ကြာ အခက်အခဲဖြစ်စေသည့် ကိစ္စတခုဖြစ်ခဲ့ပြီး၊ အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
လာဇာရိုနှင့် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့သည် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် ရပိုင်ခွင့်များကို ပြန်လည်ရရှိရေး နည်းလမ်းများနှင့်ပတ်သက်၍ အနှစ်သာရရှိရှိ ဆွေးနွေးခဲ့ကြသည်” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် မည်သို့မျှ ဖော်ပြထားခြင်းမရှိဘဲ၊ အာဏာပိုင်များက သူမအား မြို့တော်နေပြည်တော်ရှိ “သတ်မှတ်ထားသော နေအိမ်” တွင် ထိန်းသိမ်းထားကြောင်း ပြောကြားထားသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစောပိုင်းထုတ်ပြန်ချက်တွင် လာဇာရိုသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်နေရသူများအား ကူညီပေးသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများကို ကြီးကြပ်ရန် ဗုဒ္ဓဟူးနေ့က ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကုန်လွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာ၏ ပစ်ပယ်ထားမှုကို လျှော့ချနိုင်ရေးအတွက် စစ်အာဏာပိုင်များက ယခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့်ကို လွန်စွာကန့်သတ်ထားဆဲဖြစ်သော်လည်း ယခင်ကထက် ပိုမိုခွင့်ပြုပေးလာကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
လွန်ခဲ့သည့်သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ထူးခြားသော သတင်းထုတ်ပြန်ချက် နှစ်ခုရှိခဲ့သည်။
တနင်္လာနေ့တွင် မြန်မာအာဏာပိုင်များက သူမသည် ဗြိတိန်ဘုရင် ချားလ်စ်ထံမှ စာအုပ်နှစ်အုပ်နှင့် ဘုရင်၏ “တံဆိပ်ခတ်ထားသော သံတမန်ဆက်သွယ်ရေးစာ” ပါဝင်သည့် ပါဆယ်ထုပ်ကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဗြိတိန်တွင်နေထိုင်သည့် သူမ၏သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) အား လွန်ခဲ့သည့် ကြာသပတေးနေ့က မိနစ် ၂၀ ကြာ ကောင်စစ်ရေးရာ ဖုန်းဆက်သွယ်ခွင့် ပြုခဲ့ပြီး၊ ယင်းသည် ငါးနှစ်ကျော်ကာလအတွင်း ၎င်းတို့၏ ပထမဆုံး စကားပြောဆိုခွင့်ရရှိခြင်းဖြစ်သည်။
မိခင်သည် “တော်တော်လေး ကျန်းမာရေးကောင်းမွန်ကြောင်း” ကြားသိရသော်လည်း၊ သူမအား ထိန်းသိမ်းထားသူများ၏ အများပြည်သူအမြင် ပုံရိပ်ကောင်းမွန်စေရန်အတွက် သူမအား နယ်ရုပ်သဖွယ် အသုံးချခံနေရမည်ကို စိုးရိမ်ကြောင်း ကင်မ်အဲရစ်က AFP သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောင်မှ အိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟု အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ဧပြီလတွင် လာဇာရိုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ဖိလစ်ပိုင်နိုင်ငံက “ခဏတာ တွေ့ဆုံခွင့်” တောင်းဆိုခဲ့သည်။
ကိုးကား။ ။ AFP သတင်း ASEAN Envoy Ends Myanmar Trip With No Public Aung San Suu Kyi Meeting
ပုံစာ - အာဆီယံ အထူးသံအမတ်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရို (အလယ်) ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ထိခိုက်ခံစားရသူများနှင့် စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့ကို ဦးဆောင်လာစဉ်/ AFP

👍37❤8😁7
မြန်မာ့သစ်လုပ်ငန်း အရှုံးပေါ်နေဟု အာဏာသိမ်းအစိုးရ ပြော
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
အာဏာသိမ်းအစိုးရ၏ နိုင်ငံခြားဝင်ငွေရလမ်းတခုဖြစ်သော မြန်မာ့သစ်လုပ်ငန်းမှာ(MTE)မှာ အရှုံးပေါ် နေပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်သန်းသန်းလင်းက ယနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောသည်။
စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်းတွင် နိုင်ငံခြားသို့သစ်အလုံးလိုက်တင်ပို့မှု မရှိခြင်း၊ သစ်ထုတ်လုပ်မှုများ ကျဆင်း၍ ဝင်ငွေကျဆင်းလာခြင်း၊ ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုမှရငွေမှာ ဆောင်ရွက်မှုကုန်ကျစရိတ်ကိုပင် ကာမိနိုင်ခြင်းမရှိသည့်အတွက် အရှုံးပေါ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာ့သစ်လုပ်ငန်း(MTE)သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ အဓိကဝင်ငွေရလမ်းများထဲမှ တခုဖြစ်လာခဲ့ပြီး အမေရိကန်၊ ဥရောပနှင့် ဗြိတိန်နိုင်ငံတို့က အရေးယူပိတ်ဆို့မှုများပြုလုပ်ထားသည့်အတွက် ပြည်ပသို့ တရားဝင် တင်ပို့ကာ ဝင်ငွေရှာဖွေရန် အခက်အခဲများ ကြုံတွေ့ရလာခြင်း ဖြစ်သည်။
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် စစ်အုပ်စုအနေဖြင့် မြန်မာ့သစ်များအား အဓိကအားဖြင့် တရုတ်နှင့် အိန္ဒိယ ကြားခံကုမ္ပဏီများမှတဆင့် တရားမဝင်မှောင်ခိုတင်ပို့ကာ ၎င်းတို့အား ပိတ်ဆို့အရေးယူထားသည့် နိုင်ငံများအထိပင် အဆင့်ဆင့်တင်ပို့၍ ဝင်ငွေများ ဆက်လက်ရရှိနေဆဲ ဖြစ်သည်။
၁၉၈၈ စစ်တပ်အာဏာသိမ်းချိန်မှစ၍ စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများပေါင်းကာ သစ်လုပ်ငန်းကို လက်ဝါးကြီးအုပ်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင်လည်း စစ်စရိတ်အတွက် သစ်ထုတ်လုပ်မှု အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။
အထူးသဖြင့် မြန်မာ့ကျွန်းသစ်များမှာ အမေရိကန်နှင့်ဥရောပနိုင်ငံများရှိ ဇိမ်ခံရွက်လှေသင်္ဘောများတည်ဆောက်ရာတွင် အဓိက အရေးပါနေဆဲဖြစ်ပြီး မြန်မာ့ကျွန်းသစ်အား တရားမဝင်အသုံးပြုခဲ့သည့် ကုမ္ပဏီများကိုလည်း ဒဏ်ငွေတပ်ကာ အရေးယူမှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် မေလက Sunseeker International ကုမ္ပဏီနှင့်၎င်း၏လက်အောက်ခံကုမ္ပဏီတို့မှာ တရားမဝင် မြန်မာ့ကျွန်းသစ်များအား ဇိမ်ခံရွက်လှေများတွင်အသုံးပြုကာ အမေရိကန်သို့တင်ပို့ခဲ့သည့်အတွက် အမေရိကန် ဒေါ်လာနှစ်သိန်း ဒဏ်ရိုက်ခံခဲ့ရသည်။
ထိုသို့ တရားဝင် တင်ပို့ခွင့်အပိတ်ခံထားရသည့် မြန်မာ့သစ်လုပ်ငန်းသည် တရားဝင် ကုန်သွယ်မှုဝင်ငွေမှာ ကိန်းဂဏန်းအရ လျော့နည်းလာခဲ့ပြီး စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၃ နှစ်လယ်အထိ သစ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၆ သန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် သစ်တောထွက်ပစ္စည်းတင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၅၄ သန်းခန့်သာရှိကြောင်း ကုလသမဂ္ဂ ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်သန်းသန်းလင်း၏ ယနေ့လွှတ်တော်တွင်ပြောကြားချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်(ယာယီအမှန်စာရင်း)တွင် ကုန်သွယ်မှုစာရင်းများအရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ၃၀ ခုအနက် အမြတ်ပေါ်သည့်အဖွဲ့အစည်း ၂၃ ခုရှိပြီး အရှုံးပေါ်နေသည့်အဖွဲ့အစည်း ၇ ခုရှိကြောင်းလည်း သိရသည်။

😁63❤6👍3
• ဗုံးလာကြဲတဲ့ စစ်တပ်ရဲ့ ပါရာမော်တာကို AA ပစ်ချ
• ပဋ္ဌာန်းပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်
• ထိုင်းဘက်ကျည်ကျပြီးတဲ့နောက် မြန်မာနယ်စပ်ကုန်သယ်ခွင့်ပိတ်ခံရ
• စစ်သုံ့ပန်းတွေကို စစ်တပ်က ဗုံးပြန်ကြဲလို့ သေဆုံးသူများ
• ရခိုင်ကောင်းကင်ယံကို No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို
• မြန်မာပြည်သူတွေ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခံနေရတယ်လို့ ကုလအစီရင်ခံစာတင်သူပြော
• အာမေးနီးယားလွှတ်တော်မှာ အမတ်တွေ ထိုးကြိတ်ရန်ဖြစ်
နေ့စဉ်သတင်း၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
https://youtu.be/1QGAJiJDCwY
#မြန်မာ #ဧရာဝတီ #ဗုံးကြဲ #ပါရာမော်တာ #ထိုင်း #DailyNews #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
• ပဋ္ဌာန်းပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်
• ထိုင်းဘက်ကျည်ကျပြီးတဲ့နောက် မြန်မာနယ်စပ်ကုန်သယ်ခွင့်ပိတ်ခံရ
• စစ်သုံ့ပန်းတွေကို စစ်တပ်က ဗုံးပြန်ကြဲလို့ သေဆုံးသူများ
• ရခိုင်ကောင်းကင်ယံကို No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို
• မြန်မာပြည်သူတွေ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခံနေရတယ်လို့ ကုလအစီရင်ခံစာတင်သူပြော
• အာမေးနီးယားလွှတ်တော်မှာ အမတ်တွေ ထိုးကြိတ်ရန်ဖြစ်
နေ့စဉ်သတင်း၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
https://youtu.be/1QGAJiJDCwY
#မြန်မာ #ဧရာဝတီ #ဗုံးကြဲ #ပါရာမော်တာ #ထိုင်း #DailyNews #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍34❤9😁1
ဆင်းရဲလို့ လူငယ်တွေ လက်နက်ကိုင်တာလို့ IBEC ဆရာတော် စွပ်စွဲ
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၆
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် လူငယ်တွေ လက်နက်စွန့်ဖို့ လိုအပ်ပြီး၊ လက်ရှိ လူငယ်အများစုဟာ ဆင်းရဲနွမ်းပါးမှုကြောင့် အသက်မွေးဝမ်းကြောင်းအတွက် လက်နက်ကိုင်နေကြတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ရဲ့ ဦးဆောင်ဆရာတော် ဒေါက်တာ အရှင်သောဘိတက စွပ်စွဲမိန့်ဆိုခဲ့ပါတယ်။
အီတလီနိုင်ငံ၊ အာစီစီမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရောမငြိမ်းချမ်းရေး ညီလာခံမှာ ဆရာတော်က အခုလို မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။ IBEC ကျောင်းရဲ့ ဦးဆောင်ဆရာတော် ဒေါက်တာ အရှင်သောဘိတဟာ ၂၀၁၈ ခုနှစ် စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို ရရှိထားပြီး ငြိမ်းချမ်းရေးနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေမှာ ထင်ရှားသလို ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် ခံယူထားသူလည်း ဖြစ်ပါတယ်။
https://youtu.be/HtrSYJ-Ntlo
#မြန်မာ #ဧရာဝတီ #ဦးသောဘိတ #IBEC #WhatsHappensInMyanmar

👎89😁33👍9❤5🤔2
Media is too big
VIEW IN TELEGRAM
ပဋ္ဌာန်းပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ ပဋ္ဌာန်းပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်း နှစ်စီးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် သံဃာတပါး ဒဏ်ရာရရှိပြီး ကျောင်းဆောင်လည်း ပျက်စီးသွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဒရုန်း #စစ်ကိုင်း #ချောင်းဦး #WhatsHappensInMyanmar

👎44😭8😁7❤5👍2
Media is too big
VIEW IN TELEGRAM
မြန်မာပြည်သူတွေ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခံနေရတယ်လို့ ကုလအစီရင်ခံစာတင်သူပြော
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့လာစေဖို့နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ အညံ့ခံလာအောင် ဖိအားပေးတဲ့အနေနဲ့ လူထုကို တမင်တိုက်ခိုက်နေတာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဗုံးကြဲ #UN #WhatsHappensInMyanmar

👍66❤12😁5👎2
၂၀၂၅ ခုနှစ် ဧပြီလက ဧရာဝတီမှာ ရေးထားတဲ့ အာဆီယံနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/04/25/400245.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

သူ့အတွေး သူ့အမြင် | ဗုံးဆက်ကြဲနေခြင်းဖြင့် အာဆီယံကို မင်းအောင်လှိုင် သစ္စာဖောက်
မင်းအောင်လှိုင်၏ သစ္စာမဲ့မှုက မစ္စတာ အန်နဝါကို ပိုမိုကြီးမားသည့် နိုင်ငံရေးနှင့် ကျင့်ဝတ်အရင်းအနှီးပင် ဖြစ်စေသည်။
👍25😁6❤3👎2
အမေရိကန် Midterm Election နဲ့ မြန်မာအပေါ် သက်ရောက်မှု
ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆
https://youtu.be/W-kLy5eePrE
#မြန်မာ #ဧရာဝတီ #အမေရိကန် #ကြားဖြတ်ရွေးကောက်ပွဲ #Election #EditorialTalk

YouTube
အမေရိကန် Midterm Election နဲ့ မြန်မာအပေါ် သက်ရောက်မှု | The Irrawaddy
ဧရာဝတီ၊ အောက်တိုဘာ ၃၁၊ ၂၀၂၆
#မြန်မာ #ဧရာဝတီ #အမေရိကန် #ကြားဖြတ်ရွေးကောက်ပွဲ #Election #EditorialTalk
_________
မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက အရေးကြီးသတင်းတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဧရာဝတီ (The Irrawaddy) ရဲ့ YouTube Channel မှာ …

👍25❤5😁1