The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၆

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ မဲဆန္ဒရှင်တွေကို မဲစလစ်နဲ့အတူ ပိုက်ဆံကြိုပေးခဲ့တဲ့ ဖြစ်ရပ် ဧရာဝတီက စုံစမ်းသိရှိရပါတယ်။

အပိုင်း (၂) ရွေးကောက်ပွဲ မတိုင်မီရက်တွေမှာ အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက်က မဲဆန္ဒရှင် တွေကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ပေးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ဧရာဝတီကို အတည်ပြုပေးပါတယ်။

မဲဆန္ဒရှင်တွေကို ပိုက်ဆံပေးတာနဲ့ ပတ်သတ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးကတော့ ပြည်သူတွေကို မဲသွားပေးဖို့အတွက် ပါတီတခုက လမ်းစားရိတ်အနေနဲ့ ပေးတာ ဖြစ်တယ်လို့လည်း ဧရာဝတီကို အတည်ပြုပါတယ်။

https://youtu.be/o1f7TMEolY0
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #အင်းစိန် #Election #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎42👍10
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်မြေဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း ထဲက ကော့မှူးမြို့နယ်ဟာ စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေပေမယ့် လူထုက ဆန္ဒမဲပေးဖို့ စိတ်မဝင်စားကြဘူးလို့ သိရပါတယ်။

ကော့မှူးမြေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး တွေမှာ ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြို နိုင်ခဲ့တဲ့ မဲဆန္ဒနယ်ပါ။

ကော့မှူးဒေသခံတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အပေါ် စိတ်မကောင်း ဖြစ်နေကြပြီး အာဏာသိမ်းခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲကို မဲထွက်မပေးကြဘဲ သူတို့ သဘောထားတွေကို ပြသခဲ့ကြတယ်လို့ မြေပြင်မှာ အနီးကပ် စောင့်ကြည့်ခဲ့သူတွေကပြောပါတယ်။

https://youtu.be/3D6CjLfIYJg
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #ကော့မှူး #ရွေးကောက်ပွဲ #Election #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍77👎1
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၆

• စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား
• ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ် ကော့မှူးမြို့ခံတွေရဲ့ ရွေးကောက်ပွဲအပေါ်တုန့်ပြန်မှု
• ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေမှာ လုံခြုံရေး အထပ်ထပ် ချ
• မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက်
• မင်းလှမှာ မဲရုံစောင့်တပ်ဖွဲ့တွေ ဗုံးခွဲတိုက်ခိုက်ခံရ
• ရွေးကောက်ပွဲနေ့ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမှာ တိုက်ပွဲဖြစ်
• ရွေးကောက်ပွဲကျင်းပနေတဲ့ စလင်းမှာ တိုက်ပွဲပြင်းထန်

https://youtu.be/x1W4hjwc4sI
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #မင်းအောင်လှိုင် #တိုက်ပွဲ #Election #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍59👎4
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

အကျဉ်းချုပ်ရမည်ဆိုပါက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာ ရှင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဲ့သို့ ရွေးကောက်ပွဲအလွန်တွင် စာဖတ် သူ တယောက်အဖြစ် အနားယူမည့် ရာခိုင်နှုန်း အတော်ပင် နည်းပါးသည်။

၎င်းတပ်ချုပ် အဖြစ် တာဝန်ယူစဉ် ကာလအတွင်း တပည့်ရင်းများဖြစ်ခဲ့ကြသည့် ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ် အများစုဖြင့် အစိုးရဖွဲ့ပြီး အာဏာကို မရရအောင် ဆက်ယူထားဖွယ်ရှိသည်။

တပ်ချုပ်နေရာကိုလည်း လက်မလွှတ်ချင်၊ သမ္မတနေရာကိုလည်း သူများ မပေးချင် ဖြစ်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆက်ဦးဆောင်မည့် အစိုးရသစ်သည် တိုင်းပြည်ကောင်းကျိုး ပြည်သူလူထုအကျိုးထက် အာဏာတည်မြဲရေးကိုသာ တစိုက်စိုက်မတ်မတ်ဆက်လုပ်ဆောင်ဖွယ် ရှိနေသည်ကတော့ မြေကြီးလက်ခတ်မလွဲပေ။

ထို့ကြောင့် စစ်ကော်မ ရှင်ပြုလုပ်သည့် ရွေးကောက်ပွဲသည် စစ်ဗိုလ်ချုပ်များ ယူနီဖောင်းမှ အရပ်ဝတ်ပြောင်းဝတ်ကြသည့်ပွဲဟုသာ ဆိုရပေမည်။ တနည်းအားဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူးအပြောင်းအဖြစ် မျှော်လင့်၍ မရသော ရွေးကောက်ပွဲသာ။

https://youtu.be/DJBvL7QwhAo
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #သမ္မတ #ရွေးကောက်ပွဲ #ရဲဝင်းဦး #တပ်ချုပ် #Election #WhathappensInMynmar
👎49👍7
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆

မင်းအောင်လှိုင်အတွက် USDP ဟာ လက်ခုပ်ထဲက ရေပမာ ဖြစ်နေပါပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင်ဘက်က သမ္မတ‌ရာထူးကို လောဘတက်ရင်း တပ်ချုပ်ရာထူးကိုပါ မစွန့်လွှတ်တဲ့အခါ အခြေခံဥပဒေ အတားအဆီးကိုပါ ကျော်ဖြတ်ဖို့ လွှတ်တော်ထဲက USDP ကို အမိန့်ပေးလာခဲ့ရင် USDP က သူ့ရဲ့ စစ်တက္ကသိုလ် (DSA) စီနီယာဟောင်းများက ပါတီကို မင်းအောင်လှိုင် တလက်ကိုင် စစ်တပ်လက်ပါးစေအဖြစ် အရောက်ခံမှာလား ဆိုတာက‌လည်း တွေးစရာပါ။

သူ့အရင် အာဏာသိမ်းခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင်ကြားက မတူညီတဲ့ ပေးထားချက်က ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လို လက်ကိုင်ပါတီသစ် ဖွဲ့စည်းခွင့်မရနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ USDP ကို တပ်ရဲ့ နိုင်ငံရေးပါတီအနေနဲ့ ဆက်ထားနေရပေမဲ့ တဘက်မှာ ချိန်ခွင်လျှာညှိလာတာတွေလည်း လုပ်လာပါတယ်။

ဒီရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ စစ်တပ်အရာရှိဟောင်းများကို ယူနီဖောင်းလဲပြီး ပါတီဘက်ကူးစေရာမှာ တချိန်က မဆလအသွင်ပြောင်း တစညပါတီဘက်ကိုလည်း အငယ်တန်းနဲ့ အလတ်တန်းအရာရှိများ ထည့်သွင်းပေးခဲ့ပါတယ်။

ဒါကိုကြည့်ပြီး ဘာသုံးသပ်လို့ ရနိုင်မလဲဆိုရင် တပ်ရဲ့ အရိပ်အငွေ့မကင်းတဲ့ပါတီတိုင်းမှာ သူ့ရဲ့ဩဇာခံတွေနဲ့ အာဏာခံတွေနဲ့ အာဏာတည်ဆောက်ဖို့ ပြင်လာတယ်လို့ မြင်နိုင်သလို တပ်နဲ့ USDP ကြား တသားတည်းလို ဖြစ်နေတာကို သူ့ဘက်ကလည်း တဖြည်းဖြည်းနဲ့ လျှော့ချပြီး အနာဂတ်ကာလမှာ ကြားခံပါတီတွေနဲ့လည်း တပ်နဲ့ ချိတ်ဆက်လာနိုင်ပါတယ်။

ဘယ်လိုပဲဆိုဆို ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲ ပြင်ဆင်မှုကာလမှာ တပ်နဲ့ USDP ကြား အဟတွေကို သိသိသာသာ မြင်ရပါတယ်။ စစ်ခေါင်းဆောင်က အာဏာရမ္မက် တက်လွန်းရင် USDP နဲ့ ပွတ်တိုက်မှုတွေ ဖြစ်နိုင်လာသလို USDP ဘက်ကလည်း စစ်ခေါင်းဆောင်ပေးထားတဲ့ အကန့်အသတ် အာဏာကို ကျော်လွန်လာမယ်ဆိုရင် မင်းအောင်လှိုင်ဘက်က အမှားမခံတဲ့ အနေထားမျိုးမို့ ၂၀၂၆ အလွန်မှာ ကတ္တီပါလမ်းခွဲတွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။

https://youtu.be/eueShF4PwOc
#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေး #USDP #မင်းအောင်လှိုင် #Election #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍35👎4
နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးနေတာ မကြိုက်ဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၆

နိုင်ငံရေးမှာ စစ်တပ်က လွှမ်းမိုးနေတာ မကြိုက်ဘူးလို့ ပြည်သူ့ပါတီ (PP) ရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၃၊ လမ်းမတော်မြို့နယ် အမှတ် (၂) ရပ်ကွက်၊ မဲရုံအမှတ် (၂) မှာ ဒီကနေ့မနက် မဲလာပေးချိန် သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ဦးကိုကိုကြီး က အခုလိုဖြေသွားတာဖြစ်ပါတယ်။

ဒီအကြောင်းအပါအဝင် လက်ရှိရွေးကောက်ပွဲအပေါ်အမြင်၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၀ နဲ့ လက်ရှိ စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲ ကွာခြားမှု စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဦးကိုကိုကြီး က တုန့်ပြန်ဖြေကြားသွားတာ ဖြစ်ပါတယ်။

https://youtu.be/KidcZ_0FQB4
#မြန်မာ #ဧရာဝတီ #ဦးကိုကိုကြီး #မဲရုံ #ရွေးကောက်ပွဲ #မီဒီယာ #Election #WhathappensInMyanmar
👎32👍9
• အီရန်က မြန်မာကို ခြေရာဖျောက်သင်္ဘောတွေနဲ့ လေယာဉ်ဆီတင်ပို့နေ
• ဦးကိုကိုကြီး ရွေးကောက်ပွဲရှုံး
• မဲဆောက်က LGBT သတ်ခံရမှု တရားခံတွေ လွတ်မြောက်နေ
• “ဝ” ပြည်မှာ လူသားစားတဲ့ဖြစ်စဉ်မရှိဘူးလို့ UWSA ပြော
• ထိုင်းရွေးကောက်ပွဲအတွက် ပြည်သူ့ပါတီက လူထုထောက်ခံမှု ဦးဆောင်နေ
• သေဆုံးနိုင်ခြေမြင့်တဲ့ နီပါဗိုင်းရပ်စ်ကြောင့် အိန္ဒိယမှာ လူ ၁၀၀ နီးပါးကို ကန့်သတ်စောင့်ကြည့်

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆
https://youtu.be/U-uD24FW4Z0

#မြန်မာ #ဧရာဝတီ #အီရန် #ရွေးကောက်ပွဲ #Election #LGBT #UWSA #WhathappensInMyanmar #IRWDailyNews
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍48👎6
Media is too big
VIEW IN TELEGRAM
ရွေးကောက်ပွဲ ဆိုတာ...

ဧရာဝတီ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၆

စစ်တပ်ရဲ့ ရွေးကောက်ပွဲကိုပြန်သုံးသပ်တဲ့အနေနဲ့ အချက် ၄ ချက်ပဲပြောဖို့ရှိပါတယ်။ ပထမဆုံးကတော့ “ရွေးကောက်ပွဲလားလက်စားချေပွဲလား”။ဒုတိယက “စစ်တပ်ပါတီ ဘာကြောင့်နိုင်တာလဲ”။ တတိယက “ရွေးကောက်ပွဲအဖြည့်ခံပါတီတွေ”။ နောက်ဆုံးပိုင်းကတော့ “ဂုဏ်ယူစရာ လက်သန်းနဲ့ ရှက်စရာလက်သန်း” ပါ။ ဒီအကြောင်းအရာအပြည့်အစုံကို ကြာသပတေးနေ့ မှာ ထုတ်လွှင့်မယ့် Opinion Talk Episode 21 မှာ စောင့်မျှော်ကြည့်ရှုလိုက်ပါ။

#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ဒီမိုကရေစီ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar
👍42👎3
တရုတ်ထောက်ခံနေတဲ့ မြန်မာရွေးကောက်ပွဲ ဒီမိုကရေစီနိုင်ငံတွေက လက်မခံ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၆

စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာဆက်လက် ချုပ်ကိုင်နိုင်ဖို့အတွက် အကွက်ကျကျ စီမံဖန်တီးထားတဲ့ ရွေးကောက်ပွဲကို အိမ်နီးချင်း တရုတ်နိုင်ငံက ထောက်ခံနေပေမယ့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ကတော့ အမြင်မတူကြပါဘူး။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက မြန်မာရွေးကောက်ပွဲဟာ တည်တည် ငြိမ်ငြိမ်နဲ့ ပြီးဆုံးသွားခဲ့ပြီး၊ ဂုဏ်ပြုကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲအပေါ် တရုတ်နိုင်ငံရဲ့ ဒီမှတ်ချက်ဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ အမြင်နဲ့ ကွဲပြားခြားနားနေသလို မြန်မာပြည်သူလူထု အများစုရဲ့ ဆန္ဒ သဘောထားနဲ့ လည်း ဖီလာဆန့်ကျင်နေတာ ဖြစ်ပါတယ်။

https://youtu.be/mxQqe62PKAw
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #တရုတ် #Election #UN #EU #WhathappensInMyanmar
👍56👎5
ရွေးကောက်ပွဲလား လက်စားချေပွဲလား

ဧရာဝတီ၊ ဇန်နဝါရီ ၂၉၊ ၂၀၂၆

စစ်တပ်ရဲ့ရွေးကောက်ပွဲဟာ အလိမ်အညာဖြစ်ရုံသာမက ပြည်သူတွေအပေါ် လက်စားချေပွဲလား။ စစ်တပ်ပါတီနိုင်တဲ့ ရွေးကောက်ပွဲတွေရဲ့ နောက်ကွယ်ကအကြောင်းအရင်း၊ အဖြည့်ခံပါတီတွေရဲ့ ကြမ္မာနဲ့ ပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ် တုံ့ပြန်မှုတွေက ဘာကိုဆိုလိုသလဲဆိုတာတွေကို ဒီတပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုး က ဆွေးနွေးထားပါတယ်။

https://youtu.be/8ovB8zdtVuQ
#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ဒီမိုကရေစီ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar
👍56👎1
Editorial Talk

သူခိုးကြီးများနဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၆

https://youtu.be/hSNkLhll1Us

#မြန်မာ #ဧရာဝတီ #Election #ရွေးကောက်ပွဲ #စစ်တပ် #မင်းအောင်လှိုင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍48
ဒီမိုကရေစီအရေခြုံ ပုံပြောင်းစစ်အုပ်ချုပ်ရေးရဲ့ နိဒါန်း (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၆

၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒကို ဖော်ထုတ်ခွင့်ရခဲ့တဲ့ ပွဲတပွဲ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေ က သူတို့ရဲ့ အာဏာကို ဒီမိုကရေစီအရေခွံခြုံပြီး သက်တမ်းတိုးဖို့ ကြိုတင်ဇာတ်ညွှန်းရေးဆွဲထားတဲ့ ပြဇာတ်တခုသာ ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ တခဲနက် ဆန့်ကျင်မှု၊ ရွေးကောက်ပွဲဆိုင်ရာ မတရားမှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပေါ်လာတဲ့ USDP ပါတီရဲ့ အနိုင်ရလဒ်ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက်တခု ဖြစ်မလာနိုင်သလို၊ ပြည်တွင်းပြည်ပရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီဆီကို ဦးတည်နေတာ မဟုတ်ဘဲ စစ်အာဏာရှင် စနစ်ကနေ ပုံစံပြောင်း စစ်အုပ်ချုပ်ရေးသစ်တခုဆီကို ကူးပြောင်းသွားတဲ့ အမှောင်ဖုံးတဲ့ နိဒါန်းတခုသာ ဖြစ်ပါတယ်။

https://youtu.be/B-629AaGLpo
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #Election #USDP #WhathappensInMyanmar
👎38👍5
Media is too big
VIEW IN TELEGRAM
အရှုံးနဲ့ဇာတ်သိမ်းရတဲ့ အဖြည့်ခံပါတီများ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၆

ရွေးကောက်ပွဲမတိုင်ခင် မျှော်လင့်ချက်ကြီးကြီးနဲ့ ဝင်ပြိုင်ခဲ့တဲ့ ပါတီတွေဟာ နောက်ဆုံးမှာ အနိုင်မရဘဲ အဖြည့်ခံပါတီတွေဖြစ်သွားခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ သူတို့ရဲ့ နိုင်ငံရေးတွက်ချက်မှု ဘယ်လောက်မှားခဲ့လဲဆိုတာကို ဖော်ပြနေပါတယ်။ ရွေးကောက်ပွဲရလဒ်အပြင် သူတို့ ဘာတွေ အရှုံးကြီးရှုံးခဲ့သေးလဲဆိုတာနဲ့ အကြောင်းအရာအပြည့်အစုံကို အောက်ပါ link က Opinion Talk Episode — “ရွေးကောက်ပွဲလား လက်စားချေပွဲလား” မှာ ကြည့်ရှုနိုင်ပါပြီ။

“ရွေးကောက်ပွဲလား လက်စားချေပွဲလား”
https://youtu.be/8ovB8zdtVuQ

#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ဒီမိုကရေစီ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar
👍54👎3
Media is too big
VIEW IN TELEGRAM
ပြည်သူကိုလက်စားချေတဲ့ပွဲ..ရွေးကောက်ပွဲ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၆

အာဏာသိမ်းပြီး ၅ နှစ်ကြာလာချိန်မှာ စစ်ကောင်စီက “ရွေးကောက်ပွဲ” ဆိုတဲ့ အမည်နဲ့ နောက်ဆုံး လက်စားချေပွဲတစ်ရပ်ကို စတင်လိုက်ပါတယ်။ ဘယ်သူတွေကိုလက်စားချေတာလဲ၊ ဘာလို့လက်စားချေတာလဲ။ အပြည့်အစုံကို အောက်ပါ link မှာရှိတဲ့ Opinion Talk Episode — “ရွေးကောက်ပွဲလား လက်စားချေပွဲလား” မှာ ကြည့်ရှုနိုင်ပါပြီ။

“ရွေးကောက်ပွဲလား လက်စားချေပွဲလား”
https://youtu.be/8ovB8zdtVuQ

#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ဒီမိုကရေစီ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar
👍33👎9
Media is too big
VIEW IN TELEGRAM
လူမုန်းများတဲ့ စစ်တပ်ပါတီ နိုင်ရတဲ့အကြောင်း

ဧရာဝတီ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၆

လူမုန်းများတဲ့ စစ်တပ်ပါတီက ဘာကြောင့် "တောင်ပြိုကမ်းပြို" နိုင်သွားရတာလဲ။ အခြေအနေ ၃ ခုနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲဗျူဟာကို ဆန်းစစ်ထားပါတယ်။ အကြောင်းအရာအပြည့်အစုံကို အောက်ပါ link က Opinion Talk Episode — “ရွေးကောက်ပွဲလား လက်စားချေပွဲလား” မှာ ကြည့်ရှုနိုင်ပါပြီ။

ရွေးကောက်ပွဲလား လက်စားချေပွဲလား
https://youtu.be/8ovB8zdtVuQ

#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ဒီမိုကရေစီ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar
👍31👎4
Media is too big
VIEW IN TELEGRAM
တိုင်းပြည်ဖျက် ကြံရာပါများ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆

အာဏာရှင်ဆိုတာ ဘယ်တော့မှ တယောက်တည်း မရပ်တည်နိုင်ပါဘူး။ သူတို့ အာဏာမြဲဖို့၊ တိုင်းပြည်ကို ထင်သလိုအုပ်ချုပ်နိုင်ဖို့အတွက် နောက်ကွယ်ကနေ ပံ့ပိုးပေးတဲ့သူတွေ၊ အကြံပေးတဲ့သူတွေ အပြင်၊ အောက်ခြေကပါ ဒေါက်တိုင်လုပ်ပေးနေတဲ့ “ကြံရာပါတွေ” လိုပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ စစ်အုပ်ချုပ်မှုအောက်ကို အရောက်ပြန်ပို့ခဲ့ကြတဲ့သူတွေ၊ ပြည်သူတွေကို ဒုက္ခပင်လယ်ဝေစေခဲ့သူတွေ အဲဒီ ကြံရာပါတွေက ဘယ်သူတွေပါလဲ။ အကြောင်းအရာအပြည့်အစုံကို ကြာသပတေးနေ့ မှာ ထုတ်လွှင့်မယ့် Opinion Talk Episode 22 မှာ စောင့်မျှော်ကြည့်ရှုလိုက်ပါ။

#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ကြံရာပါ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar #accomplices
👍68
တိုင်းပြည်ဖျက်တဲ့ ကြံရာပါများ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

အာဏာရှင်ဆိုတာ တယောက်တည်း မရပ်တည်နိုင်ပါဘူး။ “ကြံရာပါ”တွေလိုပါတယ်။ ဒီမိုကရေစီ စနစ်ကို ဖျက်ဆီး၊ တိုင်းပြည်ကို စစ်ဖိနပ်အောက်ကို ပြန်ရောက်စေပြီး ပြည်သူတွေကို ဒုက္ခပင်လယ်ဝေစေခဲ့တဲ့ ကြံရာပါတွေက ဘယ်သူတွေလဲ။ အပြည့်အစုံကို ဒီတပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုး ကဆွေးနွေးထားပါတယ်။

https://youtu.be/A5HLMouxsug
#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ကြံရာပါ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar #accomplices
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍58
Media is too big
VIEW IN TELEGRAM
လူမိုက်အားပေး ပညာတတ်ကြံရာပါများ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆

အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ ပညာတတ် ကြံရာပါအုပ်စုထဲမှာ စစ်ကောင်စီက အကြံပေးအဖြစ် တရားဝင် ခန့်အပ်ထားတဲ့သူတွေရှိသလို နောက်ကွယ်ကနေ အကြံပေးနေတဲ့ “အကြံပေး” တွေလည်း သမိုင်းအဆက်ဆက်ကနေ ဒီနေ့အထိ မနည်းပါဘူး။ ပညာတတ် ကြံရာပါအုပ်စုအပါအဝင် ကြံရာပါတွေအကြောင်း အပြည့်အစုံကို အောက်ပါ link က Opinion Talk Episode — “တိုင်းပြည်ဖျက်တဲ့ ကြံရာပါများ” မှာ ကြည့်ရှုနိုင်ပါပြီ။

“တိုင်းပြည်ဖျက်တဲ့ ကြံရာပါများ”
https://youtu.be/A5HLMouxsug

#မြန်မာ #နိုင်ငံရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အာဏာရှင် #ကြံရာပါ #ရွေးကောက်ပွဲ #ပါတီ #အစိုးရ #Myanmar #politic #MinAungHlaing #military #junta #regime #election #democracy #government #OpinionTalk #WhatsHappeningInMyanmar #accomplices
👍42
ရီပတ်ဘလစ်ကန်တွေရဲ့ အစဉ်အလာနယ်မြေတွေမှာ ဒီမိုကရက်တွေ အနိုင်ရခဲ့တယ်

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သက်တမ်းဝက် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေအရ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ ဒီမိုကရက်တစ်ပါတီက အသာစီး ရရှိနေပါတယ်။

အထူးသဖြင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ အစဉ်အလာ အမာခံနယ်မြေတချို့မှာပါ ဒီမိုကရက်တွေ အနိုင်ရရှိခဲ့တာကြောင့် ဒါဟာ ပြည်သူတွေရဲ့ နိုင်ငံရေးသဘောထား အပြောင်းအလဲဖြစ်သလို၊ သမ္မတ ထရမ့် အစိုးရအပေါ်မှာလည်း နိုင်ငံရေးအရ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။

အခုလို အမေရိကန် လွှတ်တော်တွင်း အာဏာချိန်ခွင်လျှာ အပြောင်းအလဲဟာ လက်ရှိ မြန်မာ့အရေး မူဝါဒတွေအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတဲ့အပေါ် Burma Research Institute (BRI) ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဦးဇိုသုန်းမှုန်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။

https://youtu.be/PHAiodRZwBY
#မြန်မာ #ဧရာဝတီ #အမေရိကန်ရွေးကောက်ပွဲ #ထရမ့် #BRI #Election
👍55❤7😁2