The Irrawaddy - Burmese
✔
75.4K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ရှမ်းအရှေ့၌ ရွှေ၊ သတ္တုလုပ်ကွက်များ တွေ့ဟု ထိုင်းပညာရှင်ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုနှင့်ပတ်သက်၍ စုံစမ်းရာ မယ်ဆိုင်မြစ်ဖျားပိုင်းဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းရှိ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နယ်မြေများအပါ အဝင်နေရာတချို့၌ သတ္တုတူးဖော်နေမှုများ တွေ့ရှိထားကြောင်း မယ့်ဖာလုံတက္ကသိုလ်မှပညာရှင်တဦး၏ ပြောကြားချက်ကို ကိုးကား၍ Thai PBS သတင်းဌာနတွင် ဖော်ပြထားသည်။

ချင်းရိုင်ခရိုင် မယ့်ဖာလုံ၊ ထော့ထိုင်းရွာနှင့် တဖက်ခြမ်းရှိ RCSS လှုပ်ရှားရာဒေသ လွယ်ကော်ဝမ်တောင်ကြောတွင်လည်း တရုတ်ကုမ္ပဏီများ လုပ်ကိုင်နေသည့် ရွှေတူးဖော်ရေးလုပ်ကွက်သစ်တခု တွေ့ရှိရသလို၊ မယ်ဆိုင်မြစ်အထက်ပိုင်း၌လည်း သတ္တုတူးဖော်ရန် မြေစာလှန်ထားသည့် နေရာ အနည်းဆုံး ၁၃ ခုကို တွေ့ထားကြောင်း၊ တာချီလိတ်ခရိုင်အတွင်းလည်း ကုမ္ပဏီ ၂၀ ခန့်အား တူးဖော်ခွင့် ပြုထားသည်ကို သိရှိရကြောင်း ထိုင်းပညာရှင်က ဆိုထားသည်။

မယ်ဆိုင်မြစ်သည် ရှမ်းပြည်အရှေ့ပိုင်းမှ မိုင်းဆတ်ခရိုင်အတွင်းမှ မြစ် ဖျားခံလာသည့် အတွက် ယင်းသို့ သတ္တုတူး ဖော်မှုများကြောင့် မြစ်ရေညစ်ညမ်းမှုများကြုံနေရပြီး မြစ်ရေစစ်ဆေးမှုရလဒ်များကို ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနက ပြီးခဲ့သည့် စက်တင်ဘာ၂၆ မှ ၃၀ ရက်အထိ ကောက်ယူခဲ့ရာ ရေနမူနာများအားလုံးတွင် သတ်မှတ်စံနှုန်းထက် ကျော်လွန်သော အာဆင်းနစ်ဓာတ်များ တွေ့ရှိရကြောင်း သတင်း၌ ဖော်ပြထားသည်။

ထို့ကြောင့် မယ်ဆိုင်မြစ်ရေကိုအသုံးပြု၍ စိုက်ပျိုးထားသည့် မယ်ဆိုင်မြို့နယ်အတွင်းရှိ လယ်သမားများသည် ယခုအခါ စပါးစတင်ရိတ်သိမ်းနေကြပြီဖြစ်ရာ သတ္တုတူးဖော်မှုကြောင့် ထွက်ပေါ်လာသည့် အဆိပ် အတောက် ဓာတုပစ္စည်းများ စပါးတွင် ညစ်ညမ်းပါဝင်သွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ၎င်းက ပြောဆိုထားသည်။

ယင်းမြစ်ရေ ညမ်ညမ်းသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာ အာဏာပိုင်များဘက်မှ အစဉ်တစိုက် ငြင်းဆိုလာခဲ့သဖြင့် ထိုင်း အာဏာပိုင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အမျိုးမျိုးမှတဆင့် အမြန်ဆုံး ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ကာကွယ်ရေးနှင့် လျှော့ချရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယခု နိုဝင်ဘာလနှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

ပုံစာ- ထိုင်း-မြန်မာနယ်စပ် လွယ်ကော်ဝမ်းတဝိုက်၌ တောင်ကြောများပေါ် သတ္တုတူးဖော်ရန်မြေများလှန်ထားသည်ကို ထိုင်းဘက်ခြမ်းမှနေ တွေ့ရစဉ်/ Thai PBS

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤24👍11😁10🤔3😭3
😁26👎4
အိုမန်ဆူလတန်ဘုရင် တရုတ်ပြည် ရောက်၊ စွမ်းအင် မဟာမိတ်ဖြစ်လို ဟု ရှီကျင့်ဖျင် ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆

တရုတ်နိုင်ငံအနေဖြင့် အိုမန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစေရန်အသင့်ရှိပြီး၊ နှစ်နိုင်ငံစလုံး၏ စွမ်းအင်ကဏ္ဍတွင် တည်ငြိမ်၍ ယုံကြည်အားထားရသော မိတ်ဖက်များ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အလားအလာကောင်းမွန်သည့် မိတ်ဖက်များနှင့် အဆင့်မြင့် နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ မိတ်ဖက်များအဖြစ်သို့ ပြောင်းလဲလိုကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်ဟု ယနေ့ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် အိုမန် ဆူလတန်ဘုရင် ဟိုက်သမ် (Sultan Haitham) နှင့် သမ္မတ ရှီကျင့်ဖျင်တို့ ယနေ့ ပေကျင်း၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်း ခရီးစဉ်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၄၈ နှစ်တာကာလအတွင်း အိုမန်အကြီး အကဲတဦးအနေဖြင့် ပထမဆုံးအကြိမ်လာရောက်သည့် ခရီးစဉ် တခုလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နှင့် အိုမန် နှစ်နိုင်ငံကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ပိုမို ခိုင်မာလာပြီး စီးပွားရေးနှင့် အခြားကဏ္ဍများတွင်လည်း အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ဆိုသည်။

ယခု ခရီးစဉ်သည် အရှေ့အလယ်ပိုင်းဒေသနှင့် ပင်လယ်နီအတွင်း ဟူသီ လက်နက်ကိုင်တို့၏ လှုပ်ရှားမှုများကြောင့် ရေကြောင်း ကုန်သွယ်ရေးမတည်မငြိမ် ဖြစ်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ အိုမန်နိုင်ငံသည် ဒေသတွင်း ပဋိပက္ခများ၌ အဓိက ကြားနေ ဖျန်ဖြေသူ အဖြစ် ရပ်တည်နေသလို တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ စွမ်းအင်နှင့် ကုန်သွယ်ရေး ရေကြောင်း လုံခြုံမှုအတွက် မဟာဗျူဟာမြောက် အချက်အချာကျသော အိုမန်နှင့် ဘက်စုံ မိတ်ဖက် ဆက်ဆံရေး ပိုမို ခိုင်မာစေရန် အလေးထား ဆောင်ရွက်နေချိန်လည်း ဖြစ်သည်။

ဓာတ်ပုံ- Xinhua
👍28😁17❤4🤔1
👍21😁2❤1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး


ဧရာဝတီ၊ နိုဝင်ဘာ၂၊ ၂၀၂၆


ဆန်


အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည် ဒိုင်က သိရသည်။


စားအုန်းဆီ


အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။


စက်သုံးဆီ


ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၅၄၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၅၉၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၅၁၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၈၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။


ရွှေနှင့် ဒေါ်လာ


ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၇၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ဝန်းကျင်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၉၀၉ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၀၀၅,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
❤22👍17👎2😁2
အမေရိကန် Midterm Elections မြန်မာပြည်ဖွားတွေ ဘယ်ပါတီကို မဲပေးကြမလဲ

ဧရာတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ၂၀၂၆ ခုနှစ် Midterm Elections (သက်တမ်းဝက် ရွေးကောက်ပွဲ) ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း အမေရိကန်နိုင်ငံရေး အခင်းအကျင်းအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲတခု ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာစလုံး၊ အထက်လွှတ်တော် အမတ်နေရာ ၃၅ နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာ ၃၆ နေရာတို့အတွက် မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလီကန်ပါတီနဲ့ အာဏာချိန်ခွင်လျှာကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတဲ့ ဒီမိုကရက်တစ်ပါတီတို့အကြား အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ဟာ သမ္မတထရမ့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းနှစ်နှစ်အတွင်း ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမူဝါဒတွေအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။

တဖက်မှာလည်း စီးပွားရေးအခြေအနေ၊ လူနေမှုစရိတ်နဲ့ ငွေကြေးဖောင်းပွမှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ မဲဆန္ဒရှင်တွေအတွက် အဓိကစဉ်းစားရမယ့် အကြောင်းအရာတွေ ဖြစ်လာနေပါတယ်။

ဒီအခြေအနေမှာ အမေရိကန်နိုင်ငံသားဖြစ်လာကြတဲ့ မြန်မာပြည်ဖွား မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှုကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အခန်းကဏ္ဍတခု ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်မဲပေးမှုနဲ့ ရွေးကောက်ပွဲနေ့ မဲပေးမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်ဖွား မဲဆန္ဒရှင်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/ONd8IbusapI
👍35❤9😁2
Media is too big
VIEW IN TELEGRAM
ကွယ်လွန်သူများနေ့ ပွဲတော်အတွင်း လမ်းမတွေစည်ကားပြီး အသက်ဝင်လာတဲ့ မက္ကဆီကိုနိုင်ငံ

မက္ကဆီကိုနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကွယ်လွန်သူများနေ့ ပွဲတော်ရက်တွေရောက်ရှိလာတာနဲ့အမျှ လမ်းမတွေပေါ်မှာ လိမ္မော်ရောင် မာရီဂိုးလ်ပန်းတွေနဲ့ ထွန်းညှိထားတဲ့ ဖယောင်းတိုင်တွေအပြင် ကတ်ထရီနာလို့ခေါ်တဲ့ အရိုးစုပုံခြယ်သမှုတွေနဲ့ ပြည့်နှက်နေတာကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီပွဲတော်ကို အောက်တိုဘာလထဲမှာ စတင်ကျင်းပလေ့ရှိပြီး နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေအထိဆက်လက်ကျင်းပကြပါတယ်။ ဒီရက်တွေမှာ ကွယ်လွန်သွားတဲ့ ချစ်ခင်ရသူတွေက သူတို့ရဲ့မိသားစုဝင်တွေနဲ့ ပြည်လည်ဆုံစည်းဖို့ ကမ္ဘာမြေပေါ်ကို ခေတ္တခဏပြန်လာကြတယ်လို့ ယုံကြည်ကြပါတယ်။

#ကွယ်လွန်သူများနေ့ #မက္ကဆီ #ပွဲတော် #မိသားစု
👍36❤10😁1😭1
မြောက်ဦး ယာယီသားဖွားဆေးရုံ ဗုံးကြဲခံရမှု

ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆

ရခိုင်ပြည်နယ်မှာ မြောက်ဦးမြို့နယ်က ယာယီသားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သားဖွားဆေးရုံရှေ့က ကလေးပစ္စည်းအရောင်းဆိုင်ကို ကျရောက်ပြီး အသက် ၇၂ နှစ်အရွယ် အဘိုးတဦး၊ အသက် ၆၂ နှစ်အရွယ် အဖွားတဦး၊ ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်တဦး နဲ့ အသက် ၄၄ နှစ်အရွယ် လူနာစောင့်အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ဗုံးကြဲစဉ်တုန်ခါမှုကြောင့် ဆေးရုံတွင်း ဆေးကုသမှုခံယူနေတဲ့ တလသားကလေးငယ်တဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ရပါတယ်။

ဗုံးကြဲခံရတဲ့ ဆေးရုံဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းက မြောက်ဦးဆေးရုံဗုံးကြဲခံရပြီးနောက် ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံဖြစ်ပြီး သားဖွားမီးယပ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင်း အဓိက အားထားရတဲ့ ဆေးရုံဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။.

https://www.youtube.com/watch?v=hLOroAtn_S4

#မြန်မာ #ဧရာဝတီ #မြောက်ဦး #သားဖွားဆေးရုံ #ဗုံးကြဲ #WhatsHappensInMyanmar
😭59👎12❤4😁3
မင်းအောင်လှိုင်အပေါ် လိုက်လျောလွန်းသည့် သံတမန်ရေး ထိုင်းအတိုက်အခံပါတီ ဝေဖန်

သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အပေါ် ထိုင်းအစိုးရ၏ လိုက်လျောလွန်းသည့် သံတမန်ရေး ချဉ်းကပ်မှုကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားထိခိုက်စေပြီး မြန်မာ၌ တိုက်ပွဲများရပ်ဖို့ ဖိအားပေးသင့်ဟု ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ အနာဂတ်နိုင်ငံခြားရေးဝန်ကြီး ဝါရင့်သံတမန် ဖိဆန် မန်ဝတ် ဖတ်ထရာ က ယနေ့ ဝေဖန် ပြောဆိုသည်။

အောက်တိုဘာ ၂၉ ရက် နယ်စပ်တိုက်ပွဲကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်နှင့် ဖုတ်ဖရမြို့နယ်တို့အတွင်း လက်နက်ကြီး ကျည် ကျကာ အိမ်များပျက်စီးပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်က ထိုင်းနိုင်ငံ၏ မင်းအောင်လှိုင် အစိုးရအပေါ် လိုက်လျောလွန်းသည့် သံတမန်ရေး မူဝါဒကျရှုံးမှုကို ထင်ဟပ်နေပြီး ထိုင်းအစိုးရအပေါ် စစ်တပ်၏ ဂရုမစိုက်သည်ကို ပိုမိုခိုင်မာစေခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

ပြီးခဲ့သည့် ဩဂုတ်လက အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အား ထိုင်းခရီးစဉ်တွင်း နွေးထွေးစွာ ကြိုဆိုခဲ့သော်လည်း ယခုချိန်ထိ နယ်စပ်ဖြတ်ကျော် ပြဿနာများမှာလျော့ပါးသွားခြင်း မရှိသလို ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျသည့် ဖြစ်စဉ်က မြန်မာစစ်တပ်သည် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုသာမက ထိုင်းနိုင်ငံကိုပါ အရေးမစိုက် ကြောင်း ပေါ်လွင်နေသည်ဟုလည်း သူကဆိုသည်

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/02/417392.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍61😁14❤6
• KNU နဲ့ မပတ်သက်ဖို့ ထိုင်းကို အာဏာသိမ်းစစ်တပ် သတိပေး
• ရခိုင်မှာ စစ်တပ်က မွေးကင်းစပါမချန် ဗုံးကြဲသတ်ဖြတ်နေ
• ထိုင်းနိုင်ငံ UN ရုံးရှေ့ မြန်မာတက်ကြွလှုပ်ရှားသူ ရိုက်နှက်ခံရမှု အရေးယူပေးဖို့ တောင်းဆို
• MNDAA ထိန်းချုပ်ဒေသမှာ တရုတ်စာနဲ့ မီတာခကောက်လို့ ဒေသခံတွေ အခက်ကြုံ
• မြန်မာတွေအသုံးများတဲ့ အားဆေးနဲ့ လူသုံးကုန် အမှတ်တံဆိပ်အတုတွေ ထိုင်းမှာ ဖမ်းမိ
• အမေရိကန်ရွေးကောက်ပွဲ အကြိုစစ်တမ်းတွေမှာ ဒီမိုကရက်တွေ အသာစီးရ

နေ့စဥ်သတင်း၊ နိုဝင်ဘာ ၂၊ ၂၀၂၆
https://youtu.be/RP8HP-V45yI

#မြန်မာ #ဧရာဝတီ #ထိုင်း #လုပ်ငန်းရှင် #KNU #ကလေး #AA #ရခိုင် #ဆန္ဒပြ #ဘန်ကောက် #UN #CI #MNDAA #မီတာ #ပြေစာ #တရုတ်စာ #အားဖြည့်ဆေး #အလှကုန် #အတု #အမေရိကန် #ရွေးကောက်ပွဲ #နေ့စဥ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤26👍12👎9😁5🤔2
ထိုင်းလုပ်ငန်းရှင်တို့ KNU နှင့် အလုပ်မလုပ်ဖို့ မြန်မာစစ်တပ် သတိပေး

သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၂၊ ၂၀၂၆

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်ရှိ မကြာမီက ဖွင့်ခဲ့သည့် နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ပတ်သက်၍ ထိုင်းကုန်သည်တို့အနေဖြင့် သဘာဝ သယံဇာတနှင့် သတ္တုထုတ်လုပ်ခြင်းတို့၌ မပူးပေါင်းဖို့ မြန်မာအာဏာသိမ်းအစိုးရက သတိပေးကန့်ကွက်စာ ပေးပို့ထားကြောင်း ထိုင်းသတင်းဌာန Khaosad က ရေးသားခဲ့သည်။

ထိုကုန်သွယ်ရေးစခန်းကို သြဂုတ် ၂၉ ရက်က ဖွင့်ခဲ့ခြင်းဖြစ်ပြီး ၂လအကြာ အောက်တိုဘာ ၃၁ ရက် ညပိုင်းကမူ ဗုံးကြဲရာ ပေါက်ကွဲမှု ပြင်းသဖြင့် သံလွင်မြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ မယ်ဟောင်ဆောင်ခရိုင် မယ့်ဆာလပ်ရွာမှ ကျေးလက် ကျန်းမာရေးဌာနနှင့် အဆောက်အအုံ တချို့ ထိခိုက် ပျက်စီးသွားခဲ့သည်။

သော်လဲထ(မယ်ရာထ) နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးရုံးကို သြဂုတ် ၂၉ ရက်က ဖွင့်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ KNU သစ်တော ဌာနမှူး ပဒိုမန်းဘထွန်း၊ ပို့ဆောင် ဆက်သွယ်ရေး ဌာနမှူး ပဒိုစောကလယ်စေး၊ မူတြော်ခရိုင် ဥက္ကဋ္ဌ၊ KNLA တပ်မဟာ ၅ မှူး တို့နှင့် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/02/417398.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁56❤15👍5👎2
မင်းအောင်လှိုင် သံတမန်ရေး အောင်ပွဲရနေသတဲ့လား

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

မင်းအောင်လှိုင်စစ်အုပ်စုသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးနယ်ပယ် အားလုံးတွင် အသည်းအသန် ရုန်းကန်နေရဆဲဖြစ်သည်။ အသာစီးရသည့် အခြေအနေတွင် မရှိသေးပါ။ အရပ်စကားနှင့် ပြောရလျှင် စစ်အုပ်စုသည် စိတ်ဒုံးဒုံးချပြီး အိပ်စက်နိုင်သည့် အခြေအနေတွင် မရှိသေးပါ။

https://youtu.be/-y7KsuEogmc

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #သံတမန်ရေး #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍40👎10😁5❤3
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံက မာရသွန်ပြိုင်ပွဲမှာ ပွဲဦးထွက်လာတဲ့ လူတူရိုဘော့ ယာဉ်ထိန်းရဲတွေ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၂၀၂၆ ဟန်ကျိုးမာရသွန်ပြိုင်ပွဲမှာ ယာဉ်ထိန်းရဲအသစ်တွေပွဲဦးထွက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဟန်ကျိုးအခြေစိုက် DEEP Robotics ကုမ္ပဏီနဲ့ ဒေသခံယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ယာဉ်ထိန်းနဲ့ လုံခြုံရေးဆိုင်ရာ လူတူရိုဘော့တွေပဲဖြစ်ပြီး ဒီနှစ်မာရသွန်ယာဉ်ကြောထိန်းသိမ်းမှုအပိုင်းမှာ ဒီရိုဘော့တွေဟာ လူအာရုံအစိုက်ခံရဆုံး အရာတွေထဲက တခုဖြစ်လာခဲ့ပါတယ်။

HangXing No.2 လို့ အမည်ရှိတဲ့ ဒီရိုဘော့တွေကို ဟန်ကျိုးမြို့မှာရှိတဲ့ ဟွမ်လုံအားကစားကွင်းပတ်လည်က အဓိကနေရာ ၄ ခုမှာ လမ်းဆုံလမ်းခွတွေကို စောင့်ကြည့်ဖို့၊ အလိုအလျောက်ကင်းလှည့်ဖို့၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေသတိပေးဖို့နဲ့ လမ်းသွားလမ်းလာတွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားဖို့အတွက် တာ၀န်ချထားခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့အဆိုအရ အခုလိုနေရာချထားမှုဟာ ဒီရိုဘော့အတွက် လက်တွေ့ကွင်းဆင်းစမ်းသပ်မှုလည်းဖြစ်တယ်လို့ သိရပါတယ်။

#တရုတ် #ရိုဘော့ #HangXing No.2 #DEEPRobotics
👍33😁6👎4❤1
Media is too big
VIEW IN TELEGRAM
မြန်မာအာဏာရှင်တွေနဲ့ အမေရိကန်ဆက်ဆံရေး

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

အမေရိကန်ဟာ ဒီမိုကရေစီဘက်မှာ အမြဲရှိခဲ့လား။ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဦးစားပေးခဲ့တာအပါအဝင် အမေရိကန်ရဲ့ မြန်မာ့အရေးမူဝါဒတွေအကြောင်းအပြည့်အစုံကို Comment Link ပါ Opinion Talk Episode 39 “အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား” အပြည့်အစုံကို အောက် Link မှာ ကြည့်ရှုနိုင်ပါတယ်။

အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား
https://youtu.be/pVBwpY3SCuU

#မြန်မာ #အမေရိကန် #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ထရမ့် #အောင်ဆန်းစုကြည် #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #AungSanSuuKyi #Trump #military #myanmar #regime #democracy #IRWENG
👍35❤4😁3👎2
👍34😁3❤1
အမေရိကန် Midterm ရွေးကောက်ပွဲ ဒီမိုကရက် နိုင်ခြေများ

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆။

အထက်လွှတ်တော် စစ်တမ်းရလဒ်များ (Key Poll Results)

Michigan: ဒီမိုကရက် အဗ္ဗဒူ အယ်လ်-ဆာယက် (53%) က ရီပတ်ဘလီကန် မိုက် ရော်ဂျာစ် (42%) ထက် ဦးဆောင်နေသည်။

Kansas: ဒီမိုကရက် အာဒမ် ဟာမီလ်တန် (49%) က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရိုဂျာ မာရှယ် (44%) ကို ဦးဆောင်နေသည်။

Texas: ဒီမိုကရက် ဂျိမ်းစ် တာလာရီကို (50%) က ရီပတ်ဘလီကန် ကင် ပါတန် (43%) ကို ဦးဆောင်နေသည်။

Maine: ဒီမိုကရက် ထရွိုင် ဂျက်ဆင် (51%) က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဆူဇန် ကောလင်းစ် (45%) ကို ဦးဆောင်နေသည်။

Ohio: ဒီမိုကရက် ရှာရော့ ဘရောက်နီ (49%) က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန် ဟူစတက်ဒ် (44%) ကို ဦးဆောင်နေသည်။

Alaska: ဒီမိုကရက် မယ်ရီ ပယ်တိုလာ (48%) က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဒန် ဆူလီဗန် (46%) ကို ဦးဆောင်နေသည်။

Iowa: ဒီမိုကရက် ဂျော့ချ် တားရက် (48%) က ရီပတ်ဘလီကန် အက်ရှ်လီ ဟင်းဆန် (47%) ထက် အနည်းငယ် အသာရနေသည်။

Nebraska: ရီပတ်ဘလီကန် ပီတီ တွစ်ကက်စ် နှင့် တစ်သီးပုဂ္ဂလ ဒန် အော့စ်ဘုန်း တို့ (49% စီဖြင့်) သရေကျနေသည်။

New Hampshire: ဒီမိုကရက် ခရစ် ပက်ပါစ် (48%) က ရီပတ်ဘလီကန် ဂျွန် ဆူနူးနူး (41%) ကို ဦးဆောင်နေသည်။

Minnesota: ဒီမိုကရက် ပဲဂီ ဖလန်နာဂန် (54%) က ရီပတ်ဘလီကန် မစ်ရှဲလ် တာဖိုယာ (40%) ထက် ပြတ်ပြတ်သားသား ဦးဆောင်နေသည်။

Florida: ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် အက်ရှ်လီ မူဒီ (50%) က ဒီမိုကရက် အိန်ဂျီ နစ်ဆန် (44%) ကို အသာရနေသည်။

South Carolina: ရီပတ်ဘလီကန် ဒါလင်း ဂရေဟမ် နှင့် ဒီမိုကရက် ဒေါက်တာ အန်းနီ အန်းဒရူးစ် တို့ (48% စီဖြင့်) သရေကျနေသည်။

Georgia: ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျွန် အော့ဆော့ဖ် (48%) က ရီပတ်ဘလီကန် မိုက် ကောလင်းစ် (40%) ကို ဦးဆောင်နေသည်။

North Carolina: ဒီမိုကရက် အုပ်ချုပ်ရေးမှူးဟောင်း ရွိုင် ကူးပါး (52%) က ရီပတ်ဘလီကန် မိုက်ကယ် ဝှက်တလေ (39%) ကို ဦးဆောင်နေသည်။

အောက်လွှတ်တော် အနိုင်ရနိုင်ခြေ (House Control)

Silver Bulletin စစ်တမ်းတွင် ဒီမိုကရက်များ က 51.5% မှ 42.6% (8.9 ပိုင့် အသာ) ဖြင့် ဦးဆောင်နေသည်။ လောင်းကစားကြေး ပေါက်ဈေး (Kalshi) အရ ဒီမိုကရက်များ အောက်လွှတ်တော်ကို အနိုင်ရရှိရန် 93.9% သေချာသလောက်ရှိကြောင်း ပြသနေသည်။

ထရန့်၏ ထောက်ခံမှု နှိုင်းယှဉ်ချက် (Trump Approval & Context)

တာဝန်ထမ်းဆောင်ဆဲ သမ္မတ ထရန့်၏ ထောက်ခံမှုနှုန်းမှာ 38% သာရှိပြီး အီရန်စစ်ပွဲနှင့် စီးပွားရေး အခြေအနေများကြောင့် သမိုင်းတလျှောက် အနိမ့်ဆုံး စံချိန်များထဲတွင် ပါဝင်နေသည်။

လက်ရှိတွင် ရီပတ်ဘလီကန်များက အထက်လွှတ်တော်ကို 53-47 ဖြင့် စိုးမိုးထားသည်။ ဒီမိုကရက်များ လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ပါက ထရန့်၏ မူဝါဒများကို ဟန့်တားနိုင်ရုံမျှမက ထရန့်နှင့် စီးပွားရေး ဆက်စပ်မှုများ၊ အီရန်စစ်ပွဲ နှင့် အခြားကိစ္စရပ်များကို စုံစမ်းစစ်ဆေးမှုများ စတင်နိုင်မည်ဖြစ်သည်။

ကိုးကား။ ။ Forbes သတင်း Final 2026 Midterm Polls: Democrats Lead Key Senate Races In Last New York Times Poll
❤44👍23😁4😭1
🤔20😁8👎5❤3
မြန်မာစစ်ပွဲ ထိုင်းနှင့် မဆိုင်ဟု အနုတင် ပြောဆို

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် (Anutin Charnvirakul) က နယ်စပ်အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ စိုးရိမ်ပူပန်မှုများကို မြန်မာနိုင်ငံထံ တရားဝင် အကြောင်းကြားထားပြီး၊ မြန်မာ ပဋိပက္ခသည် ထိုင်းပိုင်နက်နှင့် ထိုင်းပြည်သူများအပေါ် သက်ရောက်မှု မရှိစေရဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံထံ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ပေးရန် အတိုက်အခံများ၏ တောင်းဆိုချက်အပေါ် အနုတင်က တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် စစ်ရေးနှင့် သံတမန်ရေး လမ်းကြောင်းနှစ်ခုစလုံးမှတဆင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နယ်စပ်အနီးတွင် နေ့စဉ်နှင့်အမျှ ပေါက်ကွဲမှုများ ဖြစ်ပွားနေသည့်အပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်းမှုကို မြန်မာနိုင်ငံထံ အကြောင်းကြားထားပြီး၊ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအား ထိခိုက်မှုမရှိစေရန် မြန်မာအာဏာပိုင်များအနေဖြင့် သေချာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းထားကြောင်း အနုတင်က ပြောခဲ့သည်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဆီဟာဆက် ဖုန်းကေကဲအို (Sihasak Phuangketkeow) တို့သည် စနေနေ့က မြန်မာစစ်အစိုးရထံ သတိထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် မည်သည့်နိုင်ငံ၌မဆို ပဋိပက္ခနှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားများ၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာမှု မရှိစေရန် တောင်းဆိုထားကြောင်း အနုတင်က ဆိုသည်။

မြန်မာဘက်မှ မည်သို့တုံ့ပြန်သနည်းဟု မေးမြန်းရာတွင် ထိုင်းအာဏာပိုင်များသည် နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို တရားဝင် ဆက်သွယ်ပြောကြားရန် မြန်မာသံရုံးမှ တာဝန်ရှိသူများကို ဆင့်ခေါ်သွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဦးစီးချုပ်က အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း အနုတင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ကင်းလှည့်ရန် အင်အားထပ်မံတိုးမြှင့်ချထားပြီး စစ်ရေး အသင့်ပြင်ဆင်မှုကို တိုးမြှင့်ခြင်းဖြင့် နယ်စပ်လုံခြုံရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ထားကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းတပ်ဖွဲ့များအနေဖြင့် ထိတွေ့ရင်ဆိုင်မှုများကို ရှောင်ရှားရန်နှင့် အခြေအနေများ ပိုမိုကြီးမားသော ပဋိပက္ခအဖြစ်သို့ ကူးစက်မသွားစေရန် ညွှန်ကြားထားကြောင်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။

“တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံ ဒါမှမဟုတ် ထိုင်းပြည်သူတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး” ဟု အနုတင်က ပြောကြားခဲ့ပြီး သို့သော်လည်း စစ်တပ်အနေဖြင့် ထိုင်းပိုင်နက်ကို အစွမ်းကုန် ကာကွယ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်တွင် ထိခိုက်ပျက်စီးမှုအချို့ ရှိနေပြီဖြစ်ကြောင်း ၎င်းက ဝန်ခံခဲ့ပြီး မြန်မာနိုင်ငံထံ သတိပေးချက် ထုတ်ပြန်ရန် လိုအပ်လာသည်ဟု ဆိုသည်။

နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် ကူညီမှုများ ဆက်လက်ပံ့ပိုးပေးသွားမည်ဟု အနုတင်က ပြောကြားခဲ့သည်။

အခြေအနေများ တည်ငြိမ်သွားပါက ၎င်းတို့အား ပြန်လည်ပို့ဆောင်ပေးရန် အာဏာပိုင်များတွင် အစီအစဉ်ရှိကြောင်းနှင့် တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း စစ်ဘေးရှောင်များအား အတင်းအဓမ္မ ပြန်လည်တွန်းပို့ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းက အလေးပေးပြောဆိုခဲ့သည်။

အခြေအနေများ ပေးအပ်ပါက မြန်မာနိုင်ငံသား အများစုသည် မိမိသဘောထားဆန္ဒအတိုင်း ပြန်လည်ထွက်ခွာကြမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံအတွင်း တရားဝင် ခွင့်ပြုချက်မရှိဘဲ ဆက်လက်နေထိုင်ရန် ကြိုးပမ်းသူများသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ထံ ကုန်စည်များ ထောက်ပံ့ပါက ထိုင်းကုန်လှောင်ရုံများကို ဖျက်ဆီးပစ်မည်ဟု မြန်မာစစ်သားများက ခြိမ်းခြောက်ခဲ့ကြောင်း သတင်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် အနုတင်က စွပ်စွဲထားသည့် ခြိမ်းခြောက်မှုများကို မကြားမိကြောင်းနှင့် ထိုအကြောင်းအရာနှင့် ပတ်သက်၍ အတည်ပြုထားသော သတင်းချက်အလက်များ မရရှိသေးကြောင်း ပြောကြားခဲ့သည်။

ကိုးကား။ ။ Khaosod သတင်း ANUTIN WARNS MYANMAR OVER BORDER FIGHTING, ORDERS INCREASED PATROLS

ပုံစာ - ၂၀၂၆ ဩဂုတ်လ ၆ ရက်နေ့က ဘန်ကောက်မြို့ရှိ အစိုးရအဖွဲ့ရုံး၌ ကျင်းပသော တရားဝင် ညစာစားပွဲအတွင်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် (ဘယ်) နှင့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် တို့ အတူတကွ / AFP
🤔24😁22❤10👎3
👍25👎7😁7
မြန်မာမှာ တရုတ်လွှမ်းမိုးမှု တန်ပြန်ဖို့ မဟာဗျူဟာအသစ် အမေရိကန် ထုတ်ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို တန်ပြန်ရန် မြန်မာ့မြေရှားသတ္တုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များပါဝင်သည့် သံတမန်ရေးရာ မဟာဗျူဟာအသစ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်လိုက်သည်။

၂၀၂၆ ဩဂုတ် ၃၁ ရက်တွင်အတည်ပြုပြီး အောက်တိုဘာအတွင်းထုတ်ပြန်ခဲ့သည့် အမေရိကန်သံရုံး၏ ၂၀၃၀ ပြည့်နှစ်ထိ ရေးဆွဲထားသော မဟာဗျူဟာစာတမ်းပါ တရုတ်ဩဇာတန်ပြန်ရေး မူဝါဒသည် ယခင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး သီးသန့်အလေးပေးရာမှ အမေရိကန်၏ အမျိုးသားလုံခြုံရေး၊ စီးပွားရေးအကျိုးအမြတ် နှင့် မြေရှားသတ္တုကဲ့သို့သော မဟာဗျူဟာမြောက် သယံဇာတ ရယူရေး ဆိုင်ရာ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုဘက်သို့ ပိုမိုဦးတည်ပြောင်းလဲလာခြင်း ဖြစ်သည်ဟု The Straits Times သတင်းက ဆိုသည်။

အမေရိကန်၏ ၄နှစ်စာ ရည်မှန်းချက်တွင် အဓိက ၄ချက်အနေဖြင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ကျားဖြန့်နှိမ်နင်းရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နေရပ်ပြန်ပို့ဆောင်ရေး ပူးပေါင်းရန်၊ အကျိုးစီးပွားနှင့် ပတ်သက်၍ မြေရှားသတ္တုအပါအဝင် အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်များမှတဆင့် ပူးပေါင်းကူညီရန်၊ဒေသတွင်း ဩဇာလွှမ်းမိုးမှုအနေဖြင့် တရုတ်၏ ဩဇာကို ယှဉ်ပြိုင်ရန် အစိုးရ၊ စီးပွားရေး၊ အရပ်ဘက် အဖွဲ့များနှင့် ဆက်ဆံရေး တိုးချဲ့မည်ဖြစ်ကာ သံတမန်ရေးနည်းလမ်းများ၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးတို့ ပါဝင်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ မဟာဗျူဟာစီမံကိန်းစာတမ်း (Integrated Country Strategy: U.S. Mission to Burma) တွင် မဟာဗျူဟာမြောက် ပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန်နှင့် အမေရိကန်၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မြေရှားသတ္တုရယူရေး ၊ နယ်မြေပိုင်းခြားသတ်မှတ်ရေးနှင့် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ဖိုရမ်များ ပြုလုပ်ရေး ၊ ပထဝီနိုင်ငံရေးအရ သံတမန်ရေးရာ ချဉ်းကပ်မှု အပြောင်းအလဲပြုလုပ်ရေး ၊ ဒေသတွင်း ကုန်သွယ်ရေး နှင့် အမေရိကန် ဩဇာတိုးမြှင့်ရေးတို့ကို အဓိကဖော်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် ကာကွယ်ရေးနည်းပညာ၊ လျှပ်စစ်ကားနှင့် နည်းပညာမြင့်ထုတ်ကုန်များတွင် အဓိကအသုံးပြုရသည့် မြေရှားသတ္တုများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကိုလျှော့ချရေး မြန်မာနိုင်ငံ၏ သယံဇာတများကို ရယူနိုင်မည့် လမ်းစရှာဖွေရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ချိတ်ဆက်ကာ ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိစေမည့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့မြေရှားသတ္တုများကို အမေရိကန်ကုမ္ပဏီများ လက်လှမ်းမီရရှိနိုင်မည့် အခွင့်အလမ်း ဖန်တီးရန် ရည်မှန်းထားသည်ဟု ဆိုသည်။

အမေရိကန်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ဦးစားပေးချက်များအတိုင်း ဒေသတွင်း တရုတ်၏ စီးပွားရေးလွှမ်းမိုးမှုကို တန်ပြန်ရန် အမေရိကန်ကုမ္ပဏီများအတွက် အနည်းဆုံး ဒေါ်လာ ၅ သန်း တန်ကြေးရှိ စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ၃ ခုထက်မနည်း ရရှိရန် ဆောင်ရွက်သွားမည်ဟု စာတမ်း၌ ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်း လိမ်လည်ရေး စခန်း(ကျားဖြန့်)၊ မူးယစ်ဆေးဝါး ကုန်ကူးသော ကွန်ရက်များ ဖြိုခွင်းရန် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ရယူရေးနှင့် လူသားချင်း စာနာမှု အကူအညီများအား အခက်ခဲဆုံး ပြည်သူ ထက်ဝက် (အနည်းဆုံး ၃ သန်း)သို့ ပေးပို့ရေး၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ၌ ကူညီပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎26👍17❤10😁8