The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဘယ်လ်ဂျီယံ စစ်ဘက်သုံးနည်းပညာများ အိန္ဒိယ ကုမ္ပဏီမှတဆင့် စစ်တပ်ထံ ရောက်နိုင်၍ စုံစမ်းစစ်ဆေးပေးရန် JFM တောင်းဆို

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆

ဘယ်လ်ဂျီယံနိုင်ငံထုတ် အဆင့်မြင့် နည်းပညာပစ္စည်းများ အိန္ဒိယစစ်ဘက်ဆိုင်ရာ ကုမ္ပဏီ Bharat Electronics Limited (BEL) မှတဆင့် စစ်တပ်ထံရောက်ရှိနိုင်ကြောင်း သဲလွန်စများတွေ့ရှိရ၍ စုံစမ်းစစ်ဆေးပေးရန် ဘယ်လ်ဂျီယံအစိုးရအား Justice For Myanmar (JFM) က နိုဝင်ဘာလ ၄ ရက်တွင် တောင်းဆိုလိုက်သည်။

ဘယ်လ်ဂျီယံ ဖလန်းဒါးစ်ဒေသ အခြေစိုက် နာမည်ကြီး ကာကွယ်ရေးကုမ္ပဏီ ScioTeq က ထုတ်လုပ်သော စစ်မြေပြင်နှင့် ရေဒါအချက်အလက်များ စောင့်ကြည့်နိုင်သည့် အဆင့်မြင့် Display Systems ကို အိန္ဒိယကုမ္ပဏီ BEL က ၎င်းတို့၏ 3D စောင့်ကြည့်ရေးရေဒါများ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များထဲတွင် ထည့်သွင်းအသုံးပြုနေကြောင်း၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာဒဏ်ခတ် ပိတ်ဆို့မှုများကို လျစ်လျူရှုပြီး BEL သည် မြန်မာစစ်လက်နက်ပွဲစားများထံ ဆက်လက် ထောက်ပံ့နေခဲ့ကြောင်း JFM က ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတွင် BEL ကို မြန်မာစစ်အုပ်စုထံ လက်နက်ပေးသွင်းသူအဖြစ် အမည်ပျက် စာရင်း သွင်းခဲ့သလို ကမ္ဘာတဝန်းရှိ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့အများအပြားကလည်း ရင်းနှီးမြှုပ်နှံမှု ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကုန်ပစ္စည်းတင်ပို့မှု မှတ်တမ်းများအရ BEL သည် ၂၀၂၂ ဇန်နဝါရီမှ ၂၀၂၆ မတ်လအထိ မြန်မာနိုင်ငံဆီ အနည်းဆုံး ၁၈၁ ကြိမ် ထက်မနည်း တင်ပို့ခဲ့ပြီး၊ ထိုထဲတွင် ၂၀၂၄ ခုနှစ် မတ်လက ပို့ခဲ့သော 3D စောင့်ကြည့်ရေးရေဒါအတွက် ထိန်းချုပ်ခလုတ်ခုံ တခု ပါဝင်ခဲ့ကြောင်း သိရသည်။

ထိုအခြေအနေတွင် ScioTeq ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့တွင် လက်အောက်ခံကုမ္ပဏီသစ် ScioTeq Pvt Ltd ကို ထူထောင်ပြီး ထုတ်လုပ်မှုအချို့ ရွှေ့ပြောင်းလာခြင်းကြောင့် အိန္ဒိယမှတဆင့် စစ်တပ်ထံနည်းပညာများ ပိုမိုရောက်သွား နိုင်သော အန္တရာယ်ရှိလာကြောင်း၊ အိန္ဒိယဥပဒေအရ မြန်မာနိုင်ငံထံ လက်နက်တင်ပို့ခြင်းကို တားမြစ်ထားခြင်း မရှိသေးသည့်အပြင်၊ ScioTeq ကိုယ်တိုင်လည်း ရုရှားထံ စစ်ဘက်သုံးပစ္စည်းများ ပို့သည့်ကိစ္စနှင့် ပတ်သက်ပြီး စိစစ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဘယ်လ်ဂျီယံအစိုးရရှေ့နေရုံးက ပို့ကုန်လိုင်စင် လျှောက်ထားမှုများကို စတင်စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဥရောပသမဂ္ဂ၏ စစ်လက်နက်တင်ပို့မှု ပိတ်ပင်ချက်များကို လိုက်နာသည့်အနေဖြင့် ScioTeq ကုမ္ပဏီနှင့် BEL ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှု ချက်ချင်းရပ်တန့်ရန်၊ ဘယ်လ်ဂျီယံနှင့် ဖလန်းဒါးစ် ဒေသအာဏာပိုင်များဘက်ကလည်း ScioTeq ၏ နည်းပညာများ စစ်တပ်ထံ ရောက်ရှိခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးကာ ပို့ကုန်ထိန်းချုပ်ရေး စည်းမျဉ်းများ ပို၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပေးရန် JFM က တောင်းဆိုထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍43❤5😁4
👎24😭5😁3
ဖာပွန်ခရိုင်က ကျမ်းစာကျောင်း ဗုံးကြဲခံရ၊ ကျောင်းသူ ၃ ဦး သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း ဒေ့ဘူနို့ရွာရှိ ခရစ်ယာန် ကျမ်းစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ကျောင်းသူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အဆိုပါ ဗုံးကြဲမှုကို နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မယ်ဟောင်ဆောင်ခရိုင် မယ်ဆမ်လပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ (TAO) ဥက္ကဋ္ဌ ဖုန်းပီဖတ် မီဘင်ဂျာမတ်စ် ပြောကြားချက်ကိုကိုးကား၍ ထိုင်းသတင်းများ၌ ဖော်ပြသည်။

နိုဝင်ဘာ ၄ ရက်တွင် ဒဏ်ရာ ပြင်းထန်သူ ၂ ဦးကို သံလွင်မြစ်အတိုင်း စက်လှေဖြင့် ကူးကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနိုင်ရေး ထိုင်း အာဏာပိုင်များထံ အကူညီတောင်းခံခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းသို့ ကူညီတောင်းခံမှုကြောင့် မယ်ဆမ်လပ် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တို့က ဒဏ်ရာ ရရှိသူများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်သူ ၂ ဦး အနက် ၁ ဦးမှာ ဆော့မိုးဆေးရုံ (Sop Moei Hospital) သို့ လွှဲပြောင်း ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်းနှင့် ကျန် ၁ ဦးကိုမူ ဆေးကုသမှု ဆက်လက် ခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း စစ်တပ်၏ လေကြောင်း စစ်ဆင်ရေးအန္တရာယ်များနှင့် ပတ်သက်၍ မယ်ဆမ်လပ်၊ သာတာဖန်း (Tha Ta Fang) နှင့် သံလွင်မြစ်တလျောက်ရှိ အခြားသော နယ်စပ် နေ ပြည်သူများကို နိုဝင်ဘာ ၂ ရက်ကတည်းက ထိုင်း အာဏာပိုင်များမှ သတိပေးချက်များ ထုတ်ပြန်ထားသည်။

သို့သော် သံလွင်မြစ် တဖက်ကမ်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် နယ်စပ် တလျောက်ရှိ နှစ်ဖက်ပြည်သူများအနေဖြင့် ဘေးကင်း လုံခြုံရေးအတွက် စိုးရိမ် ပူပန်မှုများ ပိုမို မြင့်တက်လာနေကြောင်း သိရသည်။

ဓာတ်ပုံ- North Now
#WhatsHappeningInMyanmar
#RejectMilitaryCoup
😭39👎6❤3😁3
Media is too big
VIEW IN TELEGRAM
ဥရောပမှာ လေယာဉ်တွေ ဗုံးခြိမ်းခြောက်ခံရမှုဖြစ်ပွား

နိုဝင်ဘာ ၅၊ ၂၀၂၆

ဥရောပတလွှားမှာ ခရီးသည်တင်လေယာဉ် ၇ စင်း ဗုံးခြိမ်းခြောက်မှုတွေ ဆက်တိုက်ခံခဲ့ရတာကြောင့် အရေးပေါ်ရှာဖွေ‌စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။

#မြန်မာ #ဧရာဝတီ #europe #airlines #warsaw
👍33👎3😱3❤2😁1
😁17👍8🤔2
အမေရိကန် နိုင်ငံရေးအပြောင်းအလဲကြောင့် ကမ္ဘာ့ရွှေနှင့်အတူ မြန်မာ့ရွှေဈေး လိုက်တက်

ဧရာဝတီ၊ နိုဝင်ဘာလ ၅၊ ၂၀၂၆

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ အနိုင်ရရှိခဲ့ပြီးနောက် ဒေါ်လာဈေးနှုန်းကျဆင်းပြီး ကမ္ဘာ့ရွှေဈေး ၃ ဒသမ ၄ ရာခိုင်နှုန်း ခုန်တက်ခဲ့ရာမှ မြန်မာ့ရွှေဈေးကွက်တွင်လည်း အကယ်ဒမီအခေါက်ရွှေ တကျပ်သား ယနေ့ ၁၀၄ သိန်းကျော်အထိ ၃ သိန်းကျော် မြင့်တက်လာကြောင်း တွေ့ရသည်။

ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းတွင် တအောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၉၉၀ ကျော် ရှိခဲ့ရာမှ ယနေ့ ကန်ဒေါ်လာ ၄,၁၄၀ ကျော်အထိ မြင့်တက်နေသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းမှာ ဒီမိုကရက်များက လွှတ်တော်ကို ထိန်းချုပ်လိုက်နိုင်ခြင်းကြောင့် သမ္မတ ဒေါ်နယ်ထရမ့်၏ စီးပွားရေးလုပ်ငန်းစဉ်များနှင့် AI နည်းပညာ စည်းမျဉ်းများအပေါ် သက်ရောက်မှုရှိလာနိုင်ကာ စီးပွားရေး နှေးကွေးနိုင်သည်ဟူသော စိုးရိမ်ချက်များကြောင့် ဒေါ်လာတန်ဖိုး ကျဆင်းလာကာ ရွှေအဝယ်လိုက်လာခြင်း ဖြစ်ကြောင်း ဈေးကွက်သုံးသပ်သူများ၏ ပြောကြားချက်ကို The Nation သတင်းတွင် ဖော်ပြသည်။

ထို့ပြင် ဒေါ်လာနှင့် ငွေတိုက်စာချုပ်အထွက်နှုန်း ကျဆင်းခြင်း၊ အတိုးနှုန်းကျဆင်းမည့် မျှော်လင့်ချက်နှင့် ပထဝီနိုင်ငံရေး စိုးရိမ်မှုများ ပေါင်းစပ်သွားခြင်းကြောင့် ရွှေဈေး ပြန်လည်ဦးမော့လာခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားသည်။

အာဏာသိမ်းအစိုးရ ထိန်းချုပ်ထားသော ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ်ဈေးမှာလည်း ယမန်နေ့က အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၇,၀၅၀,၀၀၀ ကျပ် ရှိရာမှ ယနေ့ တွင် ကျပ် ၇,၁၀၀,၀၀၀ အထိ ကျပ် ၅၀,၀၀၀ မြင့်တက်လာကြောင်း တွေ့ရသည်။

ထို့ပြင် နိုဝင်ဘာလ ၆ ရက်တွင်လည်း ကုန်စည်နှင့် ငွေကြေးဈေးကွက်ကို အဓိကလှုပ်ခတ်စေနိုင်သည့် အမေရိကန် လယ်ယာကဏ္ဍမဟုတ်သော အလုပ်အကိုင်အစီရင်ခံစာ (Nonfarm Payrolls - NFP) ထွက်ပေါ်လာရန်ရှိနေသဖြင့် ဈေးကွက်စောင့်ကြည့်သူများအကြား ရွှေဈေးနှုန်းလှုပ်ခတ်မှုကို ပိုမိုအာရုံစိုက် စောင့်ကြည့်လျက်ရှိကြောင်းလည်း ပြည်တွင်းရွှေဈေးကွက် လေ့လာသူများထံမှ သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁20👍13❤5🤔2
ယူနက်စကို အမွေအနှစ်စာရင်းဝင်ဖို့ သေချာနေသည့် မြန်မာ့သနပ်ခါး

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆

မြန်မာတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်တခုဖြစ်သည့် "သနပ်ခါးယဉ်ကျေးမှုဓလေ့" (Practice of Thanakha culture in Myanmar) ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းသွင်းရန် လာမည့် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ တရုတ်နိုင်ငံ၊ ရှမင်မြို့၌ ကျင်းပမည့် ၂၁ ကြိမ်မြောက် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အစိုးရအချင်းချင်း ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာတို့၏သနပ်ခါးလိမ်းသည့် ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတွင် ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းထားပြီ ဖြစ်ရာ စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်းလည်း ကော်မတီက သုံးသပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

မြန်မာ့သနပ်ခါးကို ယူနက်စကိုစာရင်းဝင်ရန် ကြိုးပမ်းမှုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက ကြိုးပမ်းခဲ့သော်လည်း အချက်အလက်မပြည့်စုံမှုကြောင့် ပယ်ချခံခဲ့ရပြီးနောက် ထပ်မံ၍ ၂၀၂၅ ခုနှစ်တွင် အဆိုပြုလွှာ တင်သွင်းခဲ့သည်။

သနပ်ခါးလိမ်းသူများ၏ နေ့စဉ်ဘဝတွင် ဟန်ချက်ညီမှု၊ စောင့်ရှောက်မှုနှင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များနှင့် လူမှုရေးလုပ်ငန်းများတွင် အဓိက ပါဝင်ကြောင်း၊ ယခုကဲ့သို့ စာရင်းသွင်း ခြင်းအားဖြင့် သနပ်ခါး၏ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ရိုးရာအနှစ်သာရများကို ပိုမိုသိရှိစေရန် မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လူငယ်များထံ အသိပညာများ လက်ဆင့်ကမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအကြား စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေမည် ဖြစ်ကြောင်း ဆိုထားသည်။

သနပ်ခါးကို ရှေးပုဂံခေတ်ကတည်းကပင် မြန်မာလူမျိုးများအနေဖြင့် အလှခြယ်ပစ္စည်းနှင့် သဘာဝ ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြကြောင်း သမိုင်း အထောက်အထားများအရ သိရပြီး ယခုတိုင် ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။

သနပ်ခါးသည် အပူပိုင်းဒေသထွက် နှစ်ရှည်ပင်တမျိုးဖြစ်ပြီး ရှင်မတောင်၊ ရွှေဘို သနပ်ခါးတို့မှာ နာမည်ကျော်ကြားသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူနက်စကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤41👍14😁1
😁17👎4
အရေးပေါ် အစားအသောက် စုစရာ မလို ဟု ထိုင်းဝန်ကြီးချုပ် ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆

ထိုင်း ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာနက ၇၂ နာရီစာ အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများပြင်ဆင်ရန် ထုတ်ပြန်သော်လည်း ဝန်ကြီးချုပ် အနုတင်ကမူ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာ အစားအစာများကို ပိုမိုစုဆောင်းခြင်းမပြုဘဲ ပုံမှန်အတိုင်း ဆက်လက် နေထိုင်ကြရန် ယနေ့ ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် အနုတင်က ထိုင်းနိုင်ငံသည် အစားအစာ လုံခြုံစိတ်ချရသော နိုင်ငံဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များကို အဓိက ထုတ်လုပ်တင်ပို့နေသည့် နိုင်ငံဖြစ်သဖြင့် အစားအစာ ပြတ်လပ်မှု စိုးရိမ်စရာမလို၊ အစားအစာ လုံလောက်စွာရရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် အပြည့်အဝ တာဝန်ယူ အာမခံကြောင်း ပြောကြားခဲ့သည်။


ထို့ပြင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ဆန်၊ သကြား၊ ပလောပီနံနှင့် ပြုပြင်မွမ်းမံထားသော စိုက်ပျိုးရေး ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နေသည့် အစားအစာတင်ပို့သူအဖြစ် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို ကမ္ဘာ့အလယ်တွင် မိမိတို့၏ အရေးပါမှုကို ပိုမိုခိုင်မာစေမည့် အခွင့်အရေးတခုအဖြစ် ရှုမြင်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။


ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသည် ထုတ်ကုန်များ တင်ပို့သည်နှင့်အမျှ ထုတ်လုပ်သူများအနေဖြင့် မိမိတို့၏ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကိုလည်း ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း အနုတင်က ဖြည့်စွက် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂ ရက်က သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ်အခြေ အနေများ ကြုံတွေ့လာပါက အစိုးရ၏အကူအညီများ မရောက်ရှိမီ ၇၂ နာရီ (၃ ရက်) စာ လိုအပ်သော မရှိမဖြစ် ပစ္စည်း ၆ မျိုးပါဝင်သည့် အရေးပေါ်သုံးအိတ် (Emergency Bag) ကို အိမ်တိုင်းပြင်ဆင်ထားကြရန် ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဌာနက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- Khaosod
😱16😁11❤6👍4
Media is too big
VIEW IN TELEGRAM
မိုးမိတ်က စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ နေ့တိုင်းနီးပါးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ ခြေကုတ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကို ပြောပါတယ်။

မိုးမိတ်မြို့ဟာ စစ်လက်နက်ခဲယမ်းနဲ့ ထောက်ပို့ပစ္စည်းတွေ သယ်ယူရာ လမ်းကြောင်းတွေနဲ့ ဆက်စပ်နေတဲ့ ဗျူဟာကျဒေသဖြစ်တာကြောင့် စစ်တပ်က မဘိမ်းဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေပြီး မိုးမိတ်နဲ့ မဘိမ်း ကြားမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဧရာဝတီကို ပြောဆိုခဲ့ဖူးပါ တယ်။

#မြန်မာ #ဧရာဝတီ #မိုးမိတ် #ရှမ်းပြည်နယ်မြောက်ပိုင်း #တိုက်ပွဲ #KIA #WhatsHappeningInMyanmar
👍53❤13😁1
Media is too big
VIEW IN TELEGRAM
မြန်မာကလေးတွေ ဗုံးကြဲခံနေရတဲ့အကြောင်း ကမ္ဘာကျော်အဆိုတော် Zayn Malik ဝေမျှ

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ သေဆုံးနေရကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ထုတ်ပြန်ချက်ကို One Direction အဖွဲ့ ဝင်ဟောင်းတဦးဖြစ်တဲ့ ကမ္ဘာကျော် အဆိုတော် Zayn Malik က သူ့ရဲ့ လူမှုကွန်ရက်ကနေ ဝေမျှခဲ့ပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်က စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်သုံးဦး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယာယီသားဖွားဆေးရုံ ဗုံးကြဲခံရမှုအတွင်း မွေးကင်းစကလေးငယ် သေဆုံးခဲ့ရကြောင်း UNICEF က နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကို အဆိုတော် Zayn Malik က သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ပြန်လည် မျှဝေခဲ့တာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #UNICFE #ကလေးငယ် #လေကြောင်းတိုက်ခိုက်မှု #ZaynMalik #OneDirection #WhatsHappeningInMyanmar
❤48😭25👍14😁4
“အမေရိကန်အနေနဲ့ ရေရှည်တည်တံ့တဲ့ ဩဇာလွှမ်းမိုးမှုကို တည်ဆောက်ချင်တယ်ဆိုရင် စစ်အုပ်စုတခုတည်းနဲ့ ထိတွေ့ဆက်ဆံနေရုံနဲ့ မလုံလောက်ပါဘူး။ အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားရမှာဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ရမှာဖြစ်ပြီး၊ သူဟာ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်တခုဖြစ်ကြောင်း လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ သက်သေပြရပါလိမ့်မယ်” ဟု ဂွမ်အောင်က ပြောသည်။

“အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို တရုတ်ကို တုံ့ပြန်နိုင်စွမ်းတခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး။ အဲဒါဟာ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးမှာ အပြုသဘောဆောင် ပါဝင်ရေးတို့အပေါ်မှာပဲ အပြည့်အဝ မူတည်နေပါတယ်။”

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/11/05/417459.html
👍46😁5❤1
အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ ဒီမိုကရက်တို့ အောင်ပွဲခံ

ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆

အမေရိကန်၏ အရေးပါသည့် သက်တမ်းဝက် ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့ရာ တရားဝင်ရလဒ် မထုတ်ပြန်သေးပေမယ့် ဒီမိုကရက်တစ်များက ရီပတ်ဘလစ်ကန်တို့အပေါ် အထက်လွှတ်တော် (ဆီးနိတ်)သာမက အောက်လွှတ်တော်မှာပါ ပြတ်ပြတ်သားသားအနိုင်ယူကာ သမ္မတဒေါ်နယ်ထရမ့်ကို လွှတ်တော်မှ ခုခံဆန့်ကျင်မည့် ခေတ်သစ်တခုကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

လက်ရှိအချိန်ထိ ရလဒ်အရ အထက်လွှတ်တော်စုစုပေါင်း ၁၀၀ နေရာအနက် ဒီမိုကရက်တစ်ပါတီက ၅၄ နေရာနှင့် ရီပတ်ဘလီကန်က ၄၄ နေရာ၊ အောက်လွှတ်တော်၏ စုစုပေါင်း ၄၃၅ နေရာတွင် ဒီမိုကရက်တစ်ပါတီက ၂၄၀နှင့် ရီပတ်ဘလီကန်ပါတီ ၁၄၇ နေရာ ရရှိထားသည်။

အမေရိကန်ဖွဲ့စည်းပုံအရ အထက်လွှတ်တော်ကို နေရာ ၅၀ ရပါက ထိန်းချုပ်နိုင်မည်ဖြစ်သလို အောက်လွှတ်တော်၌ ၂၁၈ နေရာရပါက အနိုင်ရမည်ဖြစ်ရာ ယခုရလဒ်များအရ ဒီမိုကရက်တို့ဘက်မှ လွှတ်တော် နှစ်ရပ်လုံးကို ပြတ်ပြတ် သားသား အနိုင်ရ ထိန်းချုပ်နိုင်ပြီဖြစ်သည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာများအတွက် ဒီမိုကရက်တို့ အများစုကို လွှမ်းမိုးထားသည်။

အဆိုပါသက်တမ်းဝက်ရွေးကောက်ပွဲ ရလဒ်အပေါ် သမ္မတ ထရမ့်က အံ့အားသင့်ကြောင်း ပြောကြားခဲ့သော်လည်း ၎င်းအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဖြစ်သလို ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် အတိုက်အခံပါတီ (ဒီမိုကရက်များ) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း The New York Times သို့ ပြောသည်။

ပုံမှန်အားဖြင့် ဆီးနိတ်ကို ရီပတ်ဘလစ်ကန်များက ထိန်းချုပ်ကာ အောက်လွှတ်တော်၌ ဒီမိုကရက်များက လွှမ်းမိုးလေ့ ရှိသော်လည်း ယခုရလဒ်များအရ ဒီမိုကရက်တို့က လွှတ်တော်နှစ်ရပ်လုံး အနိုင်ရသဖြင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမည့်နှစ်မှစတင်ကာ ကွန်ဂရက်လွှတ်တော်တရပ်လုံးကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိ တော့မည်ဖြစ်သည်။

ဒီမိုကရက်များက ၎င်းတို့၏ သောင်ပြိုကမ်းပြို အများစုအင်အားကို အသုံးချ၍ သမ္မတ ထရမ့်၏ အာဏာကို ထိန်းကျောင်းသွားမည်ဟု ကတိပြုလိုက်ကြချိန်တွင် ထင်ရှားသော ရီပတ်ဘလစ်ကန်တို့ကလည်း သက်တမ်းဝက် ရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်ရခြင်းမှာ မူဝါဒအစီအစဉ်များနှင့် ပါတီခေါင်းဆောင်မှုတို့ကြောင့်ဖြစ်သည်ဟု အပြစ်တင် ပြောဆိုနေကြသည်။

ထို့အတွက် သမ္မတ ထရမ့်၏ လက်ကျန်သက်တမ်း ၂ နှစ်အတွင်း မူဝါဒလမ်းစဉ်များကို ပြောင်းရန် ရီပတ်ဘလစ်ကန်တို့က တောင်းဆိုနေကြပြီး အဓိအားဖြင့် အိမ်ဖြူတော် ဝန်ထမ်းအဖွဲ့အစည်းကို အပြောင်းအလဲများ ပြုလုပ်ရန်၊ စည်းကမ်း စနစ်တကျ ပြန်လည်ထိန်းသိမ်းရန်၊ စစ်ပွဲနှင့် သွင်းကုန်အကောက်ခွန်များ အပါအဝင် ယခုရွေးကောက်ပွဲ ရှုံးနိမ့်မှုများ အတွက် အဓိက တရားခံဟု ၎င်းတို့ ယူဆကြသည့် မူဝါဒများကို ဖျက်သိမ်းပစ်ရန် ရီပတ်ဘလစ်ကန် မဟာမိတ်များနှင့် မဟာဗျူဟာရေးစွဲသောပညာရှင်များက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြသည်။

ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ကမူ ဤအလဲထိုးရှုံးနိမ့်မှုမှာ အီရန်နှင့် စစ်ပွဲစတင်ရန် ထရမ့်၏ ဆုံးဖြတ်ချက် ကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်ဟု The New York Times က ရေးသားထားသလို “ကျနော်တို့ ဘာကြောင့် ရှုံးခဲ့ရတယ်ဆိုတာ အားလုံးသိကြပါတယ်” ဟု လူမှုကွန်ရက်ပေါ်တွင်လည်း ရေးသားခဲ့သည်။

ထရမ့်ဘက်ကလည်း ဗန့်စ်၏ သုံးသပ်ချက်မှာ 'အများအားဖြင့် မှန်ကန်သည်' ဟု ဆိုခဲ့သော်လည်း အီရန်စစ်ပွဲနှင့် ပတ်သက်၍မူ နောက်တကြိမ်လုပ်ရမည် ဆိုကလည်း ထိုအတိုင်းသာ ဆုံးဖြတ်မည်ဟုပြောလိုက်သည်။ သို့သော် စစ်ပွဲမအောင်မြင်မှုအပေါ် ကာကွယ်ရေးဝန်ကြီး ပီထ် ဟတ်ဆက်ထံ အပြစ်ပုံချကာ ၎င်းအား ထုတ်ပစ်ဖွယ်ရှိနေကြောင်း အမေရိကန်သတင်းတချို့၌ ဖော်ပြနေကြသည်။

အီရန်၏ ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူးနှင့် ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ခါလီဘတ်ဖ်ကမူ အမေရိကန်ပြည်သူများအနေဖြင့် စစ်ပွဲကို အလိုမရှိကြောင်း ပြောကြားလိုက်ပြီဖြစ်သလို မိမိတို့ဘက်ကလည်း အဆိုပါသတင်းစကားကို အပြည့်အဝ ထောက်ခံသည်ဟု ယမန်နေ့က X လူမှုကွန်ရက်ပေါ်၌ ရေးသားခဲ့သည်။

အောက်လွှတ်တော်၏ ပထမဆုံးသော လူမည်းလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမည်ဟု မျှော်လင့်ရသည့် နယူးယောက်ပြည်နယ်မှ လူနည်းစုခေါင်းဆောင် လွှတ်တော်အမတ် ဟာကင်းမ် ဂျက်ဖရီးစ်က လွှတ်တော်အမတ်နေရာ ၄၃၅ နေရာအနက် ဒီမိုကရက်များအနေဖြင့် အနည်းဆုံး ၂၅၅ နေရာ အနိုင်ရရှိမည်ဟု ခန့်မှန်းခဲ့ကာ မိမိပါတီ၏ အပြတ်အသတ် အနိုင်ရမှု အတိုင်းအတာကို 'အမေရိကန် ဆူနာမီလှိုင်းကြီး' နှင့် နှိုင်းယှဉ်ဖော်ပြခဲ့သည်။

ရီပတ်ဘလစ်ကန် အမာခံ အောက်လွှတ်တော် မဲဆန္ဒနယ်မြေများနှင့် ကာလရှည်ကြာ ၎င်းတို့ ထိန်းချုပ်ထားသော ဆီးနိတ် နေရာများတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ပွဲအကြီးအကျယ် ရရှိခဲ့ပြီးနောက် ဒီမိုကရက်များသည် ဆီးနိတ်ကို ခိုင်မာစွာ ထိန်းချုပ်နိုင်ရန် လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်သည်။

ဤရွေးကောက်ပွဲက ကွန်ဂရက်လွှတ်တော် ထိန်းချုပ်ခွင့်ကို ဒီမိုကရက်များလက်ထဲသို့ အပ်နှင်းလိုက်သဖြင့် သမ္မတ ဒေါ်နယ်ထရမ့်၏ နောက်ဆုံး သမ္မတသက်တမ်းနှစ်နှစ်အတွင်း လွှတ်တော်မှ ထိန်းကျောင်းမှု ပိုမိုအားကောင်းလာမည် ဖြစ်သလို အမေရိကန်-တရုတ် ဆက်ဆံရေး၊
❤33👍13😁2
ကမ္ဘာ့ကုန်သွယ်ရေးနှင့် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲတို့အပေါ် ကြီးမားသော အကျိုးဆက်များ သက်ရောက်စေမည်ဖြစ်ကြောင်း The South China Morning Post က ဆိုသည်။

ထရမ့်၏ ခေါင်းဆောင်မှုအပေါ် မကျေနပ်ချက်များနှင့် အီရန်စစ်ပွဲကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှု ဆိုးကျိုးများကို ဒီမိုကရက်များက အခွင့်ကောင်းယူ အသုံးချနိုင်ခဲ့သဖြင့် ရီပတ်ဘလစ်ကန်ပါတီသည် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် (ဆီးနိတ်) နှစ်ရပ်စလုံးရှိ ၎င်းတို့၏ အများစုနေရာများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ကွန်ဂရက်လွှတ်တော်ကို ဒီမိုကရက်တို့ ထိန်းချုပ်နိုင်ခဲ့ခြင်းက အတိုက်အခံများအား ဥပဒေကြမ်းများကို ဟန့်တား ပိတ်ပင်နိုင်သည့်အပြင် အစိုးရအဖွဲ့ကို အနီးကပ် တင်းကျပ်စွာ စိစစ်ကြီးကြပ်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာကို ရရှိစေသော်လည်း သမ္မတ ထရမ့်အနေဖြင့် နိုင်ငံခြားရေးမူဝါဒအပေါ် သိသာထင်ရှားသော လုပ်ပိုင်ခွင့် ဆက်လက် ရှိနေဦးမည် ဖြစ်ကာ လုပ်ငန်းစဉ်များအတွက် လွှတ်တော်၏ ပြင်းထန်သည့် ခုခံဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည်ဟု The South China Morning Post က ဖော်ပြသည်။

မီချီဂန်ပြည်နယ် ဆီးနိတ် (အထက်လွှတ်တော်) ရွေးကောက်ပွဲတွင် ပထမဦးဆုံးအနေဖြင့် ဒီမိုကရက်ဘက်မှ အစ္စလမ် ဘာသာဝင် အဗ္ဗဒူ အယ်လ်-ဆာယက်ဒ် (Abdul El-Sayed) အနိုင်ရရှိမှုကို ကြိုဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုအတွင်း မွတ်စလင်များနှင့် အာရပ်လူမျိုးများအပေါ် မုန်းတီးမှုဆိုင်ရာ ဖြစ်ရပ်များကို မှတ်တမ်းတင်နေသည့် မွတ်စလင်အရေး လှုပ်ရှားဆောင်ရွက်သော အဖွဲ့အစည်းတခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR)က ထုတ်ပြန်သည်။

အဆိုပါအဖွဲ့က ဤရလဒ်သည် 'အဆုံးမရှိသော အစ္စလာမ်မုန်းတီးရေး တိုက်ခိုက်မှုများကြားမှ ရရှိခဲ့သော သမိုင်းဝင်အောင်ပွဲ' ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဆီးနိတ် (အထက်လွှတ်တော်) ကို ထိန်းချုပ်ခွင့်ရရှိလာသည်နှင့်အမျှ ဒီမိုကရက်များသည် သမ္မတ ထရမ့်၏ ဥပဒေပြုရေး ဆိုင်ရာ အစီအစဉ်များကိုသာမက ၎င်း၏ အစိုးရအဖွဲ့ဝန်ကြီးများ သို့မဟုတ် ဖက်ဒရယ်တရားစီရင်ရေးဆိုင်ရာ ခန့်အပ်မှုမှန်သမျှကိုပါ ဆိုင်းငံ့ဟန့်တားနိုင်သည့် စွမ်းရည်ကို မကြာမီ ရရှိတော့မည်ဖြစ်သည်။ ထိုအထဲတွင် လက်ရှိ ရှေးရိုးစွဲဝါဒီများက ၆-၃ ဖြင့် အများစုနေရာယူထားသော တရားလွှတ်တော်ချုပ်လည်း ပါဝင်သည်။

လွန်ခဲ့သည့် နှစ်နှစ်က မဲဆန္ဒရှင်များက ထရမ့်ကို အိမ်ဖြူတော်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ၎င်း၏ မဟာမိတ်များအား ၅၃ နေရာဖြင့် အများစုနေရာ ရရှိစေခဲ့စဉ်က ဒီမိုကရက်တို့ ဆီးနိတ်လွှတ်တော် ထိန်းချုပ်ခွင့်ကို လက်လွှတ်ခဲ့ရသည်။

AP သတင်းဖော်ပြချက်အရ ကာလရှည်ကြာ ရှေးရိုးစွဲဝါဒီတို့၏ အမာခံနယ်မြေများ ဖြစ်ခဲ့ကြသော မိန်း၊ အိုင်အိုဝါ၊ ကန်ဆပ်စ်၊ အိုဟိုင်းယိုး၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနားနှင့် တက္ကဆက်ပြည်နယ်တို့တွင်ပါ ဆီးနိတ် (အထက်လွှတ်တော်) နေရာများကို ဒီမိုကရက်များက အနိုင်ရယူခဲ့သည်။ တက္ကဆက်နှင့် တောင်ကာရိုလိုင်းနားရှိ ဆီးနိတ်နေရာများကို ရီပတ်ဘလစ်ကန်တို့ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ပြီး ကန်ဆပ်စ်နေရာသည် ရာစုနှစ်တခုနီးပါးကြာ ရီပတ်ဘလစ်ကန်တို့၏ လက်ထဲတွင်သာ ရှိနေခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်အတွင်း စီးပွားရေး၊ လူနေမှုစရိတ်၊ အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများနှင့် အခြားသော ကိစ္စရပ်များစွာအပေါ် ကိုင်တွယ်ဖြေရှင်းပုံကြောင့် ထရမ့်ကို လူကြိုက်များမှုမှာ ထိုးဆင်းသွားခဲ့သည်ဟု စစ်တမ်းများက ဆိုသည်။

'အံ့အားသင့်စရာပါပဲ! ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားကြတဲ့ကြားကပဲ အခုဆို ကျနော်တို့ ဒီမိုကရက်တွေ ဆီးနိတ်လွှတ်တော်ကို အနိုင်ရရှိခဲ့ပါပြီ၊ ကျနော်တို့အနေနဲ့ အမေရိကန်ပြည်သူတွေအတွက် စကား ၅ ခွန်း ရှိပါတယ်၊- သက်သာရာရမှုတွေ မကြာခင် ရောက်ရှိလာတော့မှာပါ'' ဟု လူနည်းစုခေါင်းဆောင် ချပ်ခ် ရှူးမားက ဝါရှင်တန်ဒီစီတွင် ပြောကြားခဲ့သည်။

ကွန်ဂရက်လွှတ်တော် ထိန်းချုပ်ခွင့်ကို ပြန်လည်ရယူနိုင်ခဲ့ခြင်းအားဖြင့် ဒီမိုကရက်များသည် မူဝါဒများနှင့် ပတ်သက်၍ ထရမ့်နှင့် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ရန် အသင့်ရှိနေကြပြီး သမ္မတနှင့် ၎င်း၏ ဒုတိယအကြိမ် အစိုးရအဖွဲ့အပေါ် စုံစမ်းစစ်ဆေးမှု လှိုင်းလုံးကြီးတခုကို စတင်လုပ်ဆောင်လာဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း The Washington Post က ရေးသားထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/05/417462.html
👍47❤8😁3
အမှန်တရား ရှင်သန်နိုင်ရေးအတွက် ဧရာဝတီနှင့်အတူ ရပ်တည်ပါ

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ အဘက်ဘက်က ဖိနှိပ်တိုက်ခိုက်ခံနေရပေမယ့်ဧရာဝတီကတော့ သတင်းကျင့်ဝတ်နဲ့အညီ မကြောက်မရွံ့ မျက်မှောက်သမိုင်းကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်နေပါတယ်။

ဒီနေ့အထိ ဧရာဝတီ ကြံ့ကြံ့ခံ ရပ်တည်နိုင်တာဟာ ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့ အားပေးဝန်းရံမှုကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာအဖြစ် ရပ်တည်သွားနိုင်ဖို့ ပရိသတ်တွေရဲ့ ဆက်လက်ပံ့ပိုးမှုဟာ အရေးကြီးပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ရုန်းကန်တိုက်ပွဲဝင်နေတဲ့ ခရီးမှာ ကျနော်တို့နဲ့အတူ လက်တွဲပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ အမှန်တရား မပျောက်ကွယ်သွားဖို့ ဧရာဝတီကို ဝိုင်းဝန်းကူညီပေးကြပါ။

https://www.irrawaddy.com/donation
❤37👍12😁6👎1