မြန်မာနှင့် ထိတွေ့ဆက်ဆံမှု ICJ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ခြင်းမရှိ ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆။
မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံမည့် ထိုင်းနိုင်ငံ၏ မူဝါဒသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ကွဲလွဲခြင်းမရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွမ်ကတ်ကဲအို က သောကြာနေ့တွင် ပြောကြားလိုက်သည်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်မှု ၉ မဲ ၆ မဲဖြင့် ချမှတ်ခဲ့သည့် ICJ ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့တရားရုံးတို့အကြား တိုက်ရိုက်သက်ဆိုင်သည့် ဥပဒေရေးရာကိစ္စရပ်သာ ဖြစ်သော်လည်း ဘန်ကောက်အနေဖြင့် ယင်းမှ ထွက်ပေါ်လာမည့် အခြေအနေတိုးတက်မှုများကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆီဟာဆတ်က ပြောဆိုခဲ့သည်။
နေပြည်တော်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမည့် ထိုင်းနိုင်ငံ၏ လုပ်ဆောင်ချက်သည် အာဆီယံ၏ ဘုံသဘောတူညီချက်နှင့်အညီ ဖြစ်ပြီး၊ အကြမ်းဖက်မှုများကို ထိန်းချုပ်ရန်၊ ပြိုင်ဘက်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အားပေးရန်နှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အတွင်းသို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး လမ်းခင်းပေးနိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခွင့်များ တိုးချဲ့ရန် ရည်ရွယ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံတာဟာ အပြုသဘောဆောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းစဉ်ကနေတဆင့် ကျနော်တို့ တောင်းဆိုနေတာက အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အပြီးတိုင်ရပ်တန့်ဖို့၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား ပြန်လည်သင့်မြတ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် လမ်းဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်" ဟု ဆီဟာဆတ်က ပြောကြားသည်။
ထိုင်းနိုင်ငံအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိပြီး ဘန်ကောက်၏ ချဉ်းကပ်ဆောင်ရွက်ပုံမှာ တရားရုံးဆုံးဖြတ်ချက်၏ အနှစ်သာရနှင့် အပြည့်အဝ ကိုက်ညီမှုရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား။ ။ ThaiPBS သတင်း Thailand’s Myanmar engagement does not conflict with ICJ genocide ruling

👍16👎12😁8❤2😭1

😁37❤4👍4😭1
CI စင်တာများ ဖျက်သိမ်းပြီး အခွန်နှစ်ထပ်ကောက်ခွင့်မပေးဖို့ ထိုင်းအမတ်ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆
လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ICJ အမိန့်ချပြီးနောက် မြန်မာစစ်အုပ်စု၏ မည်သူမည်ဝါသက်သေခံလက်မှတ်(CI) ထုတ်ပေးရေးရုံးများ ဖျက်သိမ်းရန်နှင့် ၎င်းတို့အား အထောက်အပံ့ဖြစ်စေသည့် အခွန်နှစ်ထပ်ကောက်ခံခွင့်မပြုရန် ထိုင်းနိုင်ငံ ပြည်သူ့ပါတီမှ ချွန်ဘူရီ အမတ် ဆဟတ်ဆဝပ်က ယမန်နေ့က ပြောသည်။
ဗြိတိန်အစိုးရက မြန်မာစစ်သံမှူးအား ချက်ချင်းနှင်ထုတ်အရေးယူမှုအား ထောက်ပြကာ နိုင်ငံတကာက ခိုင်မာသည့်ရပ်တည်ချက်ပြသနေချိန်တွင် ထိုင်းအနေဖြင့် မြန်မာစစ်အုပ်စု CI စင်တာနှင့် အခွန်ကောက်ခံခွင့်ပြုနေခြင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှု ဆုံးရှုံးနိုင်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(OECD) အဖွဲ့ဝင်ဖြစ်ရေး၊ ဥရောပသမဂ္ဂနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA) ညှိနှိုင်းမှုများအပေါ် ထိခိုက်လာနိုင်ကြောင်းလည်း ၎င်းကပြောသည်။
ထိုင်းနှင့်မြန်မာကြား အခွန်နှစ်ထပ်ကောက်ခံမှုရှောင်ရှားရန် သဘောတူထားသော်လည်း အလုပ်သမားများထံက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံနေခြင်းမှာ နှစ်နိုင်ငံသဘောတူညီချက်ကို ရှင်းရှင်းလင်းလင်းချိုးဖောက်နေခြင်းဖြစ်ပြီး ထပ်မံ၍ ဝင်ငွေမှ ၂၅ ရာခိုင်နှုန်းအား မဖြစ်မနေပြန်လွှဲပေးရန် မိသားစုအား ခံဝန်လက်မှတ်ထိုးဖိအားပေးနေကြောင်း ထောက်ပြသည်။
ထိုင်းနိုင်ငံအနေဖြင့် ရာဇဝတ်သားများနှင့် ပေါင်းသင်းဆက်ဆံမှု ရပ်တန့်ပြီး CI စင်တာများဖျက်သိမ်းကာ အလုပ်သမားများအား အလုပ်ရှင်များကိုယ်တိုင် ထိုင်းအစိုးရထံ မှတ်ပုံတင်ခွင့်ပေးရန်လည်း ၎င်းက တောင်းဆိုထားသည်။
ထို့ပြင် အထောက်အထား စောင့်ဆိုင်းနေသူအလုပ်သမားများအား ဆက်လက်အလုပ်လုပ်ခွင့်ပြုရန်နှင့် စာရွက်စာတမ်းကုန်ကျစရိတ်နှင့်မည်သူ့အား ပေးဆောင်ရမည်ကို ကြေညာပေးရန်လည်း တောင်းဆိုခဲ့သည်။
ဓာတ်ပုံ-The Reporters
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍55❤10😁5👎1
Media is too big
VIEW IN TELEGRAM
လွတ်မြောက်ရေးက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာပဲ မူတည်လို့ စစ်အစိုးရ ပြော
မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်တယ်လို့ အာဏာသိမ်းအစိုးရ ပြောခွင့်ရသူ ဒေါက်တာ ခိုင်ခိုင်စိုးက နိုဝင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောသွားပါတယ်။
ဒေါ်ခိုင်ခိုင်စိုးရဲ့ ပြောဆိုချက်အတွင်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြစ်မှုကျူးလွန်ထားတဲ့ အကျဉ်းသူတဦးအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပြီး လက်ရှိမှာလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးထားတဲ့အနေနဲ့ အကျဉ်းထောင်ထဲမှာ မထားဘဲ အပြင်မှာ နေထိုင်ခွင့်ပြုထားတယ်လို့ ပြောဆိုသွားပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် #လွတ်မြောက်ရေး #သတင်းစာရှင်းလင်းပွဲ #ဒေါက်တာခိုင်ခိုင်စိုး #အကျဉ်းထောင် #WhatsHappeningInMyanmar

👎40❤8😁5👍3
Media is too big
VIEW IN TELEGRAM
ICJ စီရင်ချက် အမှန်တရားဘက် ရပ်တည်မယ်လို့ AA ပြော
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က စီရင်ချက်ချခဲ့တဲ့အပေါ် အမှန်တရားနဲ့ တရားမျှတမှုအပေါ် ခိုင်မာစွာရပ်တည်တယ်လို့ အာရက္ခတပ်တော် (AA) က ဧရာဝတီကို ပြောပါတယ်။
ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမှာဖြစ်ပြီး AA ထိန်းချုပ်နယ်မြေတွေရဲ့ အကျိုးစီးပွားအတွက် သင့်တော်သလို ရပ်တည်ဆောင်ရွက်သွားမယ်လို့လည်း AA ပြောခွင့်ရသူ ခိုင်သုခက ဆိုပါတယ်။
#မြန််မာ #ဧရာဝတီ #ရိုဟင်ဂျာ #ICJ #AA #ခိုင်သုခ #စီရင်ချက် #ဘူးသီးတောင် #မောင်တော #WhatsHappeningInMyanmar

👍53😁6❤5
စတီယာရင် နဲ့ ခြေနင်းတံတွေ မပါတဲ့ မောင်းသူမဲ့ကားတွေ ထုတ်မယ်လို့ အီလွန်မတ်စ် ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆
Tesla က စတီယာရင်နဲ့ ခြေနင်းတံတွေ မပါဝင်တဲ့ Telsa Model Y version မောင်းသူမဲ့ ကားတမျိုး ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ CEO အီလွန်မတ်စ် (Elon Musk) က ပြောကြားလိုက်ပါတယ်။
မောင်းသူမပါတဲ့ ခရီးသည်တင်ကားတွေ အနေနဲ့ လူ ၆ ဦး၊ ၇ ဦးလောက်ကို သယ်ယူ ပို့ဆောင်ပေးဖို့ အဆင်ပြေစေမယ် လို့လည်း အီလွန်မတ်စ် က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ New York Times DealBook Summit ရဲ့ စင်မြင့်ပေါ်မှာ အီလွန်မတ်စ် က “လူ ၄ ဦး၊ ၆ ဦး ဒါမှမဟုတ် မိသားစု တစုလုံး ရှိတဲ့ အခြေအနေတွေ အတွက် အလိုအလျောက် မောင်းနှင်တဲ့ ကားတစီး လိုအပ်နေဆဲ ဖြစ်တယ်” လို့ ဆိုပြီး စတီယာရင်မပါတဲ့ Model Y အတွက် အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။
အချိန်၊ ဈေးနှုန်းနဲ့ ဘယ်နေရာမှာ ထုတ်လုပ်သွားမယ် ဆိုတာတွေတော့ မပြောခဲ့ပါဘူး။
Tesla မှာ ၅ ဦး တင်ဆောင်နိုင်တဲ့ Model Y၊ ၆ ဦးတင်ဆောင်နိုင်တဲ့ Model Y L နဲ့ လူ ၇ ဦးထိ တင်ဆောင်နိုင်တဲ့ Model Y ဆိုပြီး Model Y ၃ မျိုးရှိပါတယ်။
လူ ၆ ဦးတင်ဆောင်နိုင်တဲ့ Model Y L ကို တရုတ်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လက စတင် ထုတ်လုပ် ရောင်းချခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်က Model Y L ကို အမေရိကန်မှာ ဘယ်တော့မှ မရောင်းဘူးလို့ အီလွန်မတ်စ် က ပြောခဲ့ဖူးပါတယ်။
နောက်တနှစ် အကြာ ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ Model Y L ကို အမေရိကန်မှာပါ မိတ်ဆက်ပြီး ရောင်းချခဲ့ပါတယ်။
Tesla ရဲ့ Robotaxi အများစုဟာ Model Y တွေဖြစ်ပြီး စတီယာရင် ပါဝင်ကြကြောင်း သိရပါတယ်။
စတီယာရင် ပါခြင်းမပါခြင်းက အလိုအလျောက် မောင်းနှင်ခြင်းနဲ့ မသက်ဆိုင်ဘဲ စတီယာရင်ဖြုတ်လိုက်မယ် ဆိုရင် အဆိုပါကားတွေကို သတ်မှတ် ဧရိယာရဲ့ ပြင်ပမှာ အသုံးပြုခွင့် ဆုံးရှုံးသွားနိုင်တယ် လို့လည်း ဆိုပါတယ်။
Tesla က ပြီးခဲ့တဲ့ အပတ်ကပဲ စတီယာရင် မပါတဲ့ Cybercab အမှာတချို့ လက်ခံခဲ့ပြီး Cybercab တွေအနေနဲ့ Robotaxi ဝန်ဆောင်မှုရတဲ့ ဧရိယာတွင်းမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် လစဉ်ကြေး ၂၉၉ ဒေါ်လာလည်း ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Tesla ဟာ Model S နဲ့ Model X ကားတွေကို ဒီနှစ်အတွင်း ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာ ဖြစ်ပြီး Cybertruck ထုတ်လုပ်မှု ကိုလည်း ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
အချက်အလက်တွေ အရ ဝယ်သူအများစုက ကိုယ်တိုင်မမောင်းရတဲ့ ကားမျိုးကို မလိုချင်ကြဘူး လို့လည်း သိရပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/21/417781.html
Ref : Electrek

ဧရာဝတီ
စတီယာရင် နဲ့ ခြေနင်းတံတွေ မပါတဲ့ မောင်းသူမဲ့ကားတွေ ထုတ်မယ်လို့ အီလွန်မတ်စ် ပြော
Tesla မှာ ၅ ဦး တင်ဆောင်နိုင်တဲ့ Model Y၊ ၆ ဦးတင်ဆောင်နိုင်တဲ့ Model Y L နဲ့ လူ ၇ ဦးထိ တင်ဆောင်နိုင်တဲ့ Model Y ဆိုပြီး Model Y ၃ မျိုးရှိ…
😁24👍15❤3
၂၀၂၅ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ AA နဲ့ ရိုဟင်ဂျာ မွတ်စလင် အရေး သူ့အတွေးသူ့အမြင် ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/09/24/406075.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

👍24❤3😁2👎1
အချို့ကလည်း ICJ ၌ တရားရင်ဆိုင်မှု မပြုဘဲထားလျှင် ဤသို့သောစီရင်ချက်မျိုး ရှိလာလိမ့်မည်မဟုတ်ဟု ဆိုကြ၏။ အချို့ကလည်း မသိမနားလည်၍ ဆိုကြခြင်းဖြစ်သော်လည်း တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရကို ထိုးနှက်လို၍ ဖြစ်ပုံရ၏။
ICJ Statute “အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုင်ရာ ဥပဒေ” ၏ ပုဒ်မ ၅၃ အရ တရားပြိုင်နိုင်ငံက မလာရောက်ခြင်းကြောင့် အမှုကို ရပ်ဆိုင်းစရာမလိုပေ။ သို့သော် တရားလိုနိုင်ငံက ပြောသမျှကို အလိုအလျောက် အနိုင်ပေး၍လည်း မရပေ။ ICJ က တရားလိုနိုင်ငံ၏ တောင်းဆိုချက်အား အချက်အလက်နှင့် ဥပဒေအရ ခိုင်လုံမှုရှိ၊ မရှိ ကိုယ်တိုင်စစ်ဆေးရ၏။ ထိုအချက်ကြောင့် တရားပြိုင်နိုင်ငံ မပါဝင်သော်လည်း ICJ က တရားစီရင်နိုင်ခြင်းဖြစ်ပြီး တရားမျှတမှုအတွက် ကိုယ်တိုင်စစ်ဆေးရသည်ဆိုခြင်းကို အဓိကအချက်အဖြစ် ကိုင်စွဲထား၏။
ICJ စတင်တည်ထောင်ခဲ့သည့် ၁၉၄၆ ခုနှစ်မှစပြီး ၂၀၂၂–၂၀၂၃ ခုနှစ် နှစ်ပတ်လည်စာအုပ်ထုတ်ဝေချိန်အထိ တဖက်အမှုသည်နိုင်ငံ မပါဝင်သည့် အခြေအနေ၌ စီရင်ချက် သို့မဟုတ် အမိန့်ထုတ်ပြန်ခဲ့သည့် စုစုပေါင်းအမှု ၁၄ မှု ရှိသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ မြန်မာအစိုးရက တရားရုံးမသွားရန် ဆုံးဖြတ်ခဲ့ပါကလည်း တရားရုံး၏ စီရင်ချက်ကို ရှောင်လွှဲ၍မရနိုင်ပေ။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/11/21/417784.html

ICJ ၏ စီရင်ချက်နှင့် အဓိက သတိပြုရမည့် အချက်သုံးချက်
နိုင်ငံတကာတရားရုံးနှစ်ခုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှုကို ဦးစွာအားဖြင့် ရှင်းရှင်းလင်းလင်း သဘောပေါက်ရန် လိုအပ်ပါသည်။
👍41❤6😁3
ICJ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ အာဆီယံဥက္ကဋ္ဌ တိုက်တွန်း
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အမိန့်ကို အသိအမှတ်ပြုပြီး တရားရုံးဆုံးဖြတ်ချက်များ လေးစားလိုက်နာရန်အရေးကြီးကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။
ပဋိပက္ခများကြောင့်ဖြစ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုးကျိုးများ၊ အရပ်သားများနှင့် ထိခိုက်လွယ်သော လူအုပ်စုများအပေါ်သက်ရောက်မှုကိုလည်း အထူးစိုးရိမ်မိကြောင်း ဖိလစ်ပိုင်က ဆိုထားသည်။
ထို့အတွက် ၎င်းတို့အား အကာအကွယ်ပေးရေး၊ ဂုဏ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကူအညီလိုအပ်သူများထံ လူသားချင်းစာနာမှု အကူအညီများ ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိ ရောက်စေမည့်အခြေအနေ ဖန်တီးပေးရေး မဖြစ်မနေ လိုအပ်ကြောင်းလည်း ၎င်းတို့က ပြောထားသည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့်အညီ ပဋိပက္ခများငြိမ်းချမ်းပြီး ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်က ပြောထားသည်။

❤32👍23😁7👎2
ပေါက်တော ဗုံးကြဲမှု အရပ်သား ၂ ဦး ဒဏ်ရာရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် (ဝီရဌာနီ)၊ သဝင်ချောင်းကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးနှင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၂၁ ရက် သန်းခေါင်ကျော်တွင် သဝင်ချောင်းကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ ဒေသခံများဖြစ်ကြောင်း ဝီရဌာနီမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
"ငပြီကျွန်းအနီး တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်း ပေါက်တောမြို့နယ်က ကျေးရွာတွေကို မကြာခဏ လေကြောင်းတိုက်ခိုက်လာတယ်”ဟု ၎င်းက ဧရာဝတီကိုပြောသည်။
ငပြီကျွန်းဒေသတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကျွန်းဒေသကို အပြည့်အဝထိန်းချုပ်နိုင်ရန် စစ်တပ်ဘက်က ဆက်လက်ထိုးစစ်ဆင်နေသည်။
ထို့ပြင် ရေတပ်သင်္ဘောများမှတဆင့် စစ်အင်အားဖြည့်တင်းမှုများလုပ်နေပြီး လေကြောင်းဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။
နိုဝင်ဘာ ၁၉ ရက်ကလည်း ပေါက်တောမြို့နယ်ရှိ ဒါးကိုင်တောင်တန်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အလားတူ နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင်လည်း ဂျက်တိုက်လေယာဉ် ၇ စီးခန့် ဖြင့် မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်နှင့် ရမ်းချောင်းအနီးတဝိုက်၊ ကျောက်တော်မြို့အနီးတဝိုက်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
သတင်း-မောင်လူအေး
ဓာတ်ပုံ- CJ

👎19❤12😭10👍6😁2