ကုသိုလ်ပြုရာကနေ အလုအယက်ဖြစ်လာတဲ့ ပံ့သကူဓလေ့
ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆
တချိန်က တန်ဆောင်တိုင်ပွဲတော်မှာ ကလေးငယ်တွေ အပျော်ကောက်ကြတဲ့ ပံ့သကူပစ် ဓလေ့ဟာ အခုချိန်မှာတော့ လူကြီးတွေပါ အသက်အန္တရာယ်ကို မမှုဘဲ ငွေကြေးရဖို့ အလုအယက် ပါဝင်လာတဲ့ အခြေအနေကို ရောက်ရှိလာပါပြီ။
ဒီနှစ် တန်ဆောင်တိုင်ကာလ မန္တလေးမြို့မှာ လူကြီးတွေကိုယ်တိုင် မနက်ကတည်းက လမ်းတွေမှာ ကြိုးတားပြီး ငွေကြေးတောင်းခံတာတွေကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေပြီးအလုအယက် ကောက်ယူရင်း ထိခိုက်ဒဏ်ရာရသူတွေပါ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တဖက်မှာတော့ အခုလို ပံ့သကူကောက်ရာက ရလာတဲ့ ငွေကြေးတွေဟာ မိသားစု စားဝတ်နေရေးနဲ့ ကျန်းမာရေးစရိတ်တွေကို ဖြေရှင်းဖို့ အထောက်အပံ့ ဖြစ်နေတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အခုလို အတင်းအကျပ် တောင်းဆိုတာနဲ့ အလုအယက် ရယူတာတွေကတော့ ပံ့သကူအလှူရဲ့ မူလသဘောတရားနဲ့ မကိုက်ညီဘူးလို့ ဆရာတော် ဦးဝါယမက မိန့်ပါတယ်။
https://youtu.be/qUxlGTacm9A

YouTube
ကုသိုလ်ပြုရာကနေ အလုအယက်ဖြစ်လာတဲ့ ပံ့သကူဓလေ့ | The Irrawaddy
တချိန်က တန်ဆောင်တိုင်ပွဲတော်မှာ ကလေးငယ်တွေ အပျော်ကောက်ကြတဲ့ ပံ့သကူပစ် ဓလေ့ဟာ အခုချိန်မှာတော့ လူကြီးတွေပါ အသက်အန္တရာယ်ကို မမှုဘဲ ငွေကြေးရဖို့ အလုအယက် ပါဝင်လာတဲ့ အခြေအနေကို ရောက်ရှိလာပါပြီ။
ဒီနှစ် တန်ဆောင်တိုင်ကာလ မန္တလေးမြို့မှာ လူကြီးတွေကိုယ်တိုင် မနက်ကတည်းက…

👎33👍14❤5😁2
Media is too big
VIEW IN TELEGRAM
ကျားဖြန့်သားကောင် မဖြစ်ဖို့.. ရပ်၊ ကြည့်၊ သတိ
ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆
ဒီဗီဒီယိုမှာ ပြောပြထားတဲ့ နည်းသုံးနည်းကိုလိုက်နာရုံနဲ့တင် ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်အဖြစ်ကနေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
https://www.facebook.com/share/v/19rbb9pxJM/

❤33👍24😁4🤔1
တရုတ် AI ရဲ့ ခုန်ပျံကျော်လွှားမှုက ကြောက်စရာ
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆
ဂျန်ဆန်ဟွမ်းရဲ့ အရှုပ်တော်ပုံ၊ AI ကို ဒီမိုကရက်တွေ ထိန်းချုပ်မယ့် အနာဂတ် အလားအလာတွေကြောင့် အမေရိကန်နဲ့ တရုတ်တို့ရဲ့ AI နည်းပညာ ပြိုင်ဆိုင်မှုမှာ တရုတ်က အသာစီးရသွားနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး ဝါရှင်တန်အခြေစိုက် မြန်မာသတင်းစာဆရာ ငြိမ်းချမ်းအေးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးချက် ဒုတိယပိုင်းကို အားပေးကြည့်ရှုနိုင်ပါတယ်။
https://youtu.be/NFEJhmqrHPk
#မြန်မာ #ဧရာဝတီ #တရုတ် #ဂျန်ဆန်ဟွမ်း #AI
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

တရုတ် AI ရဲ့ ခုန်ပျံကျော်လွှားမှုက ကြောက်စရာ | The Irrawaddy
ဂျန်ဆန်ဟွမ်းရဲ့ အရှုပ်တော်ပုံ၊ AI ကို ဒီမိုကရက်တွေ ထိန်းချုပ်မယ့် အနာဂတ် အလားအလာတွေကြောင့် အမေရိကန်နဲ့ တရုတ်တို့ရဲ့ AI နည်းပညာ ပြိုင်ဆိုင်မှုမှာ တရုတ်က အသာစီးရသွားနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး ဝါရှင်တန်အခြေစိုက် မြန်မာသတင်းစာဆရာ ငြိမ်းချမ်းအေးနဲ့ ဧရာဝတီ…
👍31❤5😁2👎1
Media is too big
VIEW IN TELEGRAM
မြန်မာပြည်ရဲ့ကင်ဆာဆိုး
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆
တိုင်းပြည်ကို လှိုက်စားနေတဲ့ မင်းအောင်လှိုင်ဆိုတဲ့ ကင်ဆာကို ဘယ်လိုအမြစ်ပြတ်အောင် ဖယ်ရှားကြမလဲ။ အပြည့်အစုံကို (နိုဝင်ဘာ ၂၇) မနက် ၇ နာရီမှာ ထုတ်လွှင့်မယ့် Opinion Talk အပိုင်းသစ်မှာ ကြည့်ရှုနိုင်ပါတယ်။

👍44❤2😁2
Media is too big
VIEW IN TELEGRAM
၂၀၃၀ ခုနှစ်မှာ လပေါ်ကနေ ရေနဲ့ အောက်ဆီဂျင်ထုတ်ယူနိုင်ဖို့ တရုတ်ရည်မှန်းထား
နိုဝင်ဘာ ၂၆၊ ၂၀၂၆
တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ လကမ္ဘာပေါ်ကနေ ရေ ဒါမှမဟုတ် အောက်ဆီဂျင်ထုတ်ယူနိုင်မယ့်နည်းပညာတွေကို စမ်းသပ်ပြသသွားနိုင်ဖို့ ရည်မှန်းချက်တွေရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #လ #ရေ #အောက်ဆီဂျင်

👍29❤5👎5😱2😁1
Media is too big
VIEW IN TELEGRAM
မြန်မာကျပ်ငွေတန်ဖိုး ဘာလို့ အကျကြမ်းနေလဲ
နိုဝင်ဘာ ၂၆၊ ၂၀၂၆
ကျမတို့အားလုံးရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ စားဝတ်နေရေးအပေါ် တိုက်ရိုက်ရိုက်ခတ်နေတဲ့ "မြန်မာကျပ်ငွေတန်ဖိုး အကျကြမ်းနေတဲ့ အခြေအနေ" အကြောင်းကို ဆွေးနွေးတင်ပြချင်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကျပ် #ဒေါ်လာ #ဘတ် #ယွမ်

👍37❤2👎1😁1😭1
ကာတွန်း
ငွေလိုချင် ငွေဖြစ်ရမယ် (ကာတွန်း - ဘီရုမာ/ဧရာဝတီ)
Website တွင် ဖတ်ရန် https://burma.irrawaddy.com/cartoon/2026/11/26/417878.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ငွေလိုချင် ငွေဖြစ်ရမယ် (ကာတွန်း - ဘီရုမာ/ဧရာဝတီ)
Website တွင် ဖတ်ရန် https://burma.irrawaddy.com/cartoon/2026/11/26/417878.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍31😁10❤3👎1
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဆိုက်ဘာလုံခြုံရေး ဖောက်ထွင်းခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတိုက်ဖျက်ရေးကွန်ရက် (FinCEN) သည် ဆိုက်ဘာလုံခြုံရေး ဖောက်ထွင်းခံရမှုကြောင့် ၎င်းတို့၏ စနစ်အချို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာယီပိတ်ထားလိုက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဟက်ကာများသည် ဌာန၏ စနစ်အချို့အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်ခဲ့သော်လည်း အရေးကြီးသော ဘဏ်လုပ်ငန်းလျှို့ဝှက်ချက်အက်ဥပဒေ (Bank Secrecy Act) ဆိုင်ရာ ဒေတာများနှင့် ပိုင်ဆိုင်မှုအချက်အလက်များ ပေါက်ကြားခြင်းမရှိကြောင်း ကနဦးစစ်ဆေးမှုများအရ သိရသည်။ လက်ရှိတွင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် FBI နှင့် ဆိုက်ဘာလုံခြုံရေးအေဂျင်စီ (CISA) တို့နှင့် ပူးပေါင်းကာ ထိခိုက်မှုအတိုင်းအတာကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
အဆိုပါဖြစ်ရပ်သည် မကြာသေးမီက CIA၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI)၊ FBI နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) အပါအဝင် အမေရိကန်အစိုးရဌာနကြီးများ ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုများတွင် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် AI ဟက်ကင်းကိရိယာများကို အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ်ဖလင်း (Michael Flynn) က ဝေဖန်ပြောဆိုထားသော်လည်း အစိုးရဘက်မှ တရားဝင်အတည်ပြုခြင်း မရှိသေးပေ။ တဖက်တွင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို (Marco Rubio) က အမေရိကန်အစိုးရအနေဖြင့် ဆိုက်ဘာတိုက်ခိုက်ခံနေရသည်ဟူသော အထောက်အထား လုံးဝမရှိကြောင်း ငြင်းဆိုထားသည်။
ကိုးကား။ ။ Reuters နှင့် Cybernews သတင်းများ

😱18👍9😁4❤3🤔3
ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သည် ၅ သိန်းနီးပါး သေဆုံးခဲ့
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆။
ရုရှားအစိုးရ စာရင်းအင်းဌာန (Rosstat) ၏ ပေါက်ကြားလာသော အချက်အလက်များအား ဘီဘီစီ (BBC) ၏ ဆန်းစစ်ချက်အရ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ ရုရှားစစ်သည် အနည်းဆုံး ၄၉၀,၃၃၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဘယ်လာရုစ်နှင့် ယူကရိန်း ဟက်ကာအဖွဲ့များက ရယူခဲ့သည့် ၂၀၂၁ မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ သေဆုံးမှုမှတ်တမ်းပေါင်း ၁၁ သန်းကျော်ကို ဘီဘီစီနှင့် Mediazona တို့က ပူးပေါင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဓိက တွေ့ရှိချက်များ
စစ်သည်သေဆုံးမှုနှုန်း: ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံ၌ သေဆုံးခဲ့သည့် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူငယ်များ၏ ၆၅ ရာခိုင်နှုန်းနှင့် အသက် ၂၅ နှစ်မှ ၃၄ နှစ်ကြား လူငယ်များ၏ ၅၉ ရာခိုင်နှုန်းသည် ယူကရိန်းစစ်ပွဲကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
နယ်မြေအလိုက် ထိခိုက်မှု: ယူကရိန်းရှိ စစ်မဖြစ်မီ လူဦးရေ ၁၂,၀၀၀ ခန့်သာရှိသော ရွာ ၁၀ ရွာကို သိမ်းပိုက်ရန် တိုက်ခိုက်ရာတွင် ရုရှားစစ်သည် ၂၀,၀၀၀ ခန့် သေဆုံးခဲ့သည်။
ဒေသနှင့် လူမျိုးစု ကွာဟချက်: ဆိုက်ဘေးရီးယားအရှေ့ပိုင်းရှိ ဆင်းရဲသော ဒေသများဖြစ်သည့် တီဗာ (Tyva) နှင့် ဘူရားတီးယား (Buryatia) တို့မှ အမျိုးသားများသည် မော်စကိုနှင့် စိန့်ပီတာစဘတ် မြို့ကြီးများမှ သူများထက် စစ်ပွဲတွင် သေဆုံးနိုင်ခြေ အဆ ၂၀ မှ ၂၅ ဆအထိ ပိုမိုများပြားသည်။ ထို့ပြင် ရုရှားဘက်မှ ဝင်တိုက်ပေးရင်း သေဆုံးသည့် ဥဇဘက်နှင့် တာဂျစ်လူမျိုးများ အပါအဝင် နိုင်ငံခြားသား အနည်းဆုံး ၅,၀၁၇ ဦးနှင့် မြောက်ကိုရီးယား စစ်သည် ၂,၃၀၄ ဦးခန့် ရှိသည်။
ရုရှားစာရင်းအင်းဌာနက ဆိုက်ဘာတိုက်ခိုက်ခံရမှုကို ဝန်ခံသော်လည်း အရေးကြီးအချက်အလက်များ ပေါက်ကြားခြင်းမရှိဟု ငြင်းဆိုထားပြီး ကရင်မလင်နန်းတော်ကမူ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်ကိုသာ အတည်ယူရန် ပြောကြားထားသည်။
၄ နှစ်နှင့် ၁၀ လကျော် ကြာမြင့်လာပြီဖြစ်သော ဤစစ်ပွဲတွင် ရုရှား၏ အသေအပျောက်နှုန်းသည် ၁၀ နှစ်ကြာမြင့်ခဲ့သည့် ဆိုဗီယက်-အာဖဂန်စစ်ပွဲ (စစ်သည် ၁၅,၀၀၀ ခန့် သေဆုံး) ထက် အဆပေါင်းများစွာ ပိုမိုများပြားနေသည်။
တဖက်တွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းစစ်သည် ၅၀,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ၂၀၂၆ ဇူလိုင်လတွင် ပြောကြားထားသော်လည်း ပြင်ပစစ်တမ်းများအရ ၁၁၅,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ကိုးကား။ ။ BBC သတင်း Russia's own figures show it has lost nearly 500,000 people in Ukraine war

👍33❤8😁2👎1😭1
ICJ စီရင်ချက် အကုန် လိုက်နာမည် မဟုတ်၊ နိုင်ငံ ထိပါးလာသည့်ကိစ္စ လက်မခံ ဟုဆို
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး လုပ်ဆောင်သင့်သည်များအား လုပ်ဆောင်မည်ဖြစ်သော်လည်း လိုက်နာရန် မသင့်သည်များအား လိုက်နာ ဆောင်ရွက်မည်မဟုတ်ကြောင်း အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က ယမန်နေ့တွင်ပြုလုပ်သော အစိုးရအစည်းအဝေး၌ ပြောသည်။
ဂမ်ဘီယာ၏ စွပ်စွဲချက်သည် တဖက်သတ် စွပ်စွဲချက်သာ ဖြစ်ပြီး လူမျိုးတုံးစေမှု အသုံးအနှုန်းသည် နိုင်ငံ ဂုဏ်သိက္ခာများစွာ ထိခိုက်စေကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် မိမိအနေဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်ဟူသမျှသည် မိမိ၌အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံအား ထိပါးလာသည့် ကိစ္စရပ် မှန်သမျှအား လက်ခံမည် မဟုတ်ကြောင်းလည်း မင်းအောင်လှိုင်က ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် စတင် တရားစွဲဆိုပြီး ယခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် တရားသူကြီး ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် မြန်မာ နိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး စာချုပ် (Genocide Convention) အပိုဒ်-၂ ပါ တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကျူးလွန်မှုအတွက် နိုင်ငံအဆင့် တာဝန်ရှိပြီး ထိခိုက် နစ်နာခဲ့သည့် ရိုဟင်ဂျာများအား လျော်ကြေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုစားမှုများ ဆောင်ရွက်ပေးရန်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက် ပေးရန် ညွှန်ကြားခဲ့သည်။
ထို့ပြင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သူများအား ပြည်တွင်း ဥပဒေများနှင့် ထိရောက်စွာ စုံစမ်း စစ်ဆေးအပြစ်ပေးရန်နှင့် နောင်တွင် အလားတူ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေး ခိုင်မာသည့် အာမခံချက် ပေးရန်နှင့် ကြိုတင် တားဆီးရေးတို့အား လုပ်ဆောင်ရန်လည်း အမိန့် စီရင်ချက်တွင် ထည့်သွင်းထားသည်။
ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း။
#WhatsHappeningInMyanmar
#RejectMilitaryCoup

😁63❤17👎2😭1
ရုရှားကို မွန်ဂိုလီးယားထံ ပြန်ပေးသင့်ဟု လူကာရှန်ကို ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆။
သမိုင်းဆိုင်ရာ တရားမျှတမှုအရ ရုရှားပိုင်နက်နယ်မြေအားလုံးကို မွန်ဂိုလီးယားနိုင်ငံထံ ပြန်လည်ပေးအပ်သင့်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) က ပြင်သစ်သတင်းဌာန Le Point နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
ယူကရိန်းအပေါ် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုနေသည့် ရုရှားခေါင်းဆောင် ပူတင်၏ သမိုင်းဆိုင်ရာ အကြောင်းပြချက်များအပေါ် မှတ်ချက်ပေးရာတွင် ၎င်းက “ရုရှားနယ်မြေတွေဟာ တချိန်က မွန်ဂိုနဲ့ တာတာလူမျိုးတွေ ပိုင်ဆိုင်ခဲ့တာပါ။ ဒါကြောင့် ရုရှားတနိုင်ငံလုံးကို မွန်ဂိုလီးယားဆီ ပြန်ပေးရမှာပေါ့။ ပူတင်လည်း ဒါကို ကောင်းကောင်းနားလည်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ယူကရိန်းသမ္မတ ဇယ်လန်စကီး၏ လုံခြုံရေးကို ၎င်းကိုယ်တိုင် အာမခံချက်ပေးကာ မော်စကိုသို့ အတူလိုက်ပါပြီး ပူတင်နှင့် ဆွေးနွေးပေးရန် အသင့်ရှိကြောင်းလည်း လူကာရှန်ကိုက ကမ်းလှမ်းခဲ့သည်။ စစ်မြေပြင်တွင် ရုရှားတပ်များ အသာစီးရနေသဖြင့် ဇယ်လန်စကီးအနေဖြင့် သဘောမတူပါက ရှေ့တန်းထွက်၍ ဆက်လက်တိုက်ခိုက်ရန်သာ ရှိတော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ခြင်းကို ကြိုဆိုသော်လည်း ဒေသတွင်း ပြဿနာများကို ရုရှား၊ ယူကရိန်းနှင့် ဘယ်လာရုစ် စသည့် ဆလပ် (Slav) ညီနောင်သုံးနိုင်ငံ အချင်းချင်းသာ အမြန်ဆုံး ဖြေရှင်းသဘောတူညီနိုင်မည်ဖြစ်ကြောင်း လူကာရှန်ကိုက ဖြည့်စွက်ပြောဆိုခဲ့သည်။
ကိုးကား။ ။ Le Point နှင့် Reuters သတင်းများ

😁43👍16❤8
ဒေါ်လာဈေး ၅,၄၀၀ ကျော်သွားပြီ
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆
အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်နေပြီး ယနေ့ တဒေါ်လာလျှင် ၅,၄၂၀ ကျပ်သို့ ရောက်ရှိလာရာ အာဏာသိမ်းအစိုးရ၏ သတ်မှတ်ဈေး တဒေါ်လာလျှင် ၃,၆၅၅ ကျပ် ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက တဒေါ်လာလျှင် ၁,၈၀၀ နီးပါး ကွာခြားမှုရှိနေသည်။
အလားတူ ထိုင်း တဘတ်လျှင် ၁၆၀ ကျပ်၊ တရုတ် တယွမ်လျှင် ၈၀၀ ကျော်အထိ မြင့်တက်နေသဖြင့် မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ထိုသို့ဒေါ်လာဈေးမြင့်တက်ရခြင်းမှာ သွင်းကုန်လိုင်စင်တချို့ ပြန်လည်ချပေးခြင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် လစာတိုးပေးမည့်အစီအစဉ်၊ ပြည်ပရောက်လုပ်သားများ၏ ငွေလွှဲနှုန်းထားတိုးမြှင့်ပေးခြင်းတို့နှင့် ဆက်စပ်နေကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူများက သုံးသပ်သည်။

👍38😁4😭2❤1👎1
အမေရိကန်ကုန်သွယ်ခွန်အသစ်မှာ ထိုင်းကို ၁၈ ရာခိုင်နှုန်းကောက်ခံဖို့ အဆိုပြု
ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆
အမေရိကန်အစိုးရက စက်မှုထုတ်လုပ်မှုစွမ်းအား ပိုလျှံနေခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ထိုင်းနိုင်ငံအပါအဝင် အဓိကကုန်သွယ်ဖက် ၁၄ နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ကုန်သွယ်ခွန်တိုးမြှင့်လိုက်ရာ ထိုင်းနိုင်ငံအတွက် လက်ရှိ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR)က အဆိုပြုထားကြောင်း သိရသည်။
ကုန်သွယ်ခွန်အသစ်စာရင်းအရ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အပေါ် ၂၀ ရာခိုင်နှုန်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပေါ် ၁၈ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံအပေါ် ၁၇ ရာခိုင်နှုန်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဥရောပသမဂ္ဂ (EU) နှင့် ဆွစ်ဇာလန်နိုင်ငံတို့အပေါ် ၁၅ ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် အဆိုပြုထားသည်။
အဆိုပြုထားသည့် အခွန်နှုန်းထားများသည် အမေရိကန်နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်များပါ အခွန်နှုန်းထားများကို ကျော်လွန်မည်မဟုတ်ဘဲ သဘောတူညီချက်များ အပြီးသတ်ညှိနှိုင်းနေစဉ်အတွင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ယင်းအခွန်နှုန်းထားများ အသက်ဝင်လာစေရန် အများပြည်သူထံ အသိပေးခြင်း၊ သဘောထားမှတ်ချက်တောင်းခံခြင်းနှင့် ကြားနာစစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အကောင်အထည်ဖော်နိုင်ကြောင်း ၎င်းက ဆိုသည်။
နောက်ဆုံးအတည်ပြုမည့် အခွန်နှုန်းထားသည် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပြိုင်ဘက်နိုင်ငံများ၏ နှုန်းထားများနှင့် တတန်းတည်းရှိမည်ဟု မျှော်လင့်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများဘက်က ပြောသည်။

❤26👍13😁3😱3