The Irrawaddy - Burmese
✔
74.9K subscribers
38.9K photos
2.52K videos
3 files
18.3K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကို ဆက်ထမ်းမထားနိုင်တော့ဘူးလို့ မလေးရှားပြော

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာအပါအဝင် မြန်မာဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ နီးပါးကို လက်ခံထားပြီး ဒီဝန်ထုပ်ဝန်ပိုးကို ဆက်ပြီးတော့ ထမ်းပိုးထားနိုင်တော့မှာမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က မလေးရှားလွှတ်တော်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောလိုက်ကြောင်း နိုင်ငံတကာသတင်းဌာနတွေက ရေးသားကြပါတယ်။

လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့တွေမှာ မြန်မာရေတပ်သင်္ဘော သုံးစင်းနဲ့ လူ ၁၅၀၀ ကို ပြန်လည် ပို့ဆောင် သွားဖို့ရှိနေပြီး နောက်ထပ် ငါးထောင်ကျော်ကိုလည်း တလတအတွင်း လေကြောင်းကနေပြန်ပြီးတော့ ပို့ဆောင်သွားမှာဖြစ်သလို ဒီကုန်ကျစားရိတ်တွေအားလုံးကို မြန်မာနိုင်ငံဘက်က ကျခံသွားမှာလို့ ဆိုပါတယ်။

#မြန်မာ #ဧရာဝတီ #မြန်မာဒုက္ခသည် #မလေးရှား #မြန်မာရေတပ် #သင်္ဘော #လေကြောင်း #မလေးရှားဝန်ကြီးချုပ် #လွှတ်တော် #WhatsHappeningInMyanmar
😁42❤3😭3👍1
😁28👍6❤2
မြန်မာလေယာဉ် နယ်စပ်အနီး ပျံသန်းလာစဉ် ထိုင်းလေတပ် ကြားဖြတ် ဟန့်တား

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆

နှစ်နိုင်ငံကြား လေတပ်ဦးစီးချုပ်ချင်း တွေ့ဆုံဆွေးနွေးပြီးနောက် လေပိုင်နက် ကျူးကျော်ဝင်ရောက်မှု ထပ်မံဖြစ်ပွားခြင်းမရှိတော့ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ယမန်နေ့က ပြောကြားပြီးနောက် ထိုင်း-မြန်မာနယ်စပ်အနီး မဲဆောက်မြို့၊ ဖုတ်ဖရဒေသတွင် ယနေ့ နံနက်က အမည်မသိလေယာဉ်တစင်း တွေ့ရှိခဲ့သည့်အတွက် ထိုင်းလေပိုင်နက် လုံခြုံရေးကာကွယ်ရန် F-16 တိုက်လေယာဉ် နှစ်စီး အရေးပေါ်စေလွှတ်ဟန့်တားခဲ့ရကြောင်း ထိုင်းဘုရင့်လေတပ်က ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ ထိုင်းနိုင်ငံပိုင်နက်အတွင်း မကြာခဏ ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုဖြစ်စဉ်များရှိခဲ့ကာ ထိုင်းဘက်က သံတမန်နည်းလမ်းများဖြင့်လည်း သတိပေးထားသလို လေတပ်ဦးစီးချုပ်အချင်းချင်း တွေ့ဆုံညှိနှိုင်းမှုများ ရှိခဲ့သည်။

လာမည့်နှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် ထိုင်းဘုရင့်လေတပ် နှစ် ၉၀ ပြည့်အခမ်းအနားတွင် မြန်မာစစ်တပ် တိုက်လေယာဉ် Su-30 တစီး ပါဝင်ပြသမည်ဖြစ်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ်က အတည်ပြုပြီးနောက် ပုံမှန်ဆက်သွယ်မှုနှင့် တဖက်နှင့်တဖက် ခြိမ်းခြောက်မှုများမဖြစ်ပေါ်ရန် ကတိကဝတ်ပြုထားကြောင်းလည်း ဆိုသည်။

ဓာတ်ပုံ-Royal Thai Air Force
#WhatsHappeningInMyanmar
#RejectMilitaryCoup
😁43❤15👍10😱1
Media is too big
VIEW IN TELEGRAM
ထရီလီယံချီတန် နည်းပညာအင်ပါယာကြီးရဲ့ နောက်ကွယ်က အမျိုးသမီး လိုရီဟွမ်း

နိုဝင်ဘာ ၂၆၊ ၂၀၂၆

မကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ နည်းပညာလောကကြီး တခုလုံးကို ကိုင်လှုပ်သွားစေခဲ့တဲ့ သတင်းကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ချစ်ပ်ပြားကုမ္ပဏီကြီး Nvidia ရဲ့ CEO ဂျန်ဆန် ဟွမ်း (Jensen Huang) ရဲ့ အိမ်ထောင်ရေး အရှုပ်တော်ပုံ၊ ရာထူးက နုတ်ထွက်မှုနဲ့ ရက်ပိုင်းအတွင်းမှာပဲ CEO ရာထူးကို ပြန်လည်ရရှိခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။

#မြန်မာ #ဧရာဝတီ #NVIDIA #CEO #JensenHuang #LoriHuang
👍33❤6😁1🤔1
😱20👍3😁1
ဘန်ကောက်ရှိ ရေနံချက်စက်ရုံ ပေါက်ကွဲပြီး မီးလောင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Bangchak ဆီဆိုင်၏ ရေနံချက်စက်ရုံမှာ ယနေ့မွန်းလွဲ ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ကျွမ်းမှုကြောင့် လူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

ထို ရေနံချက်စက်ရုံမှာ ဘန်ကောက်မြို့ Phra Khanong ခရိုင် ဆူခွန်ဗစ်- ၆၂ လမ်းတွင်ရှိပြီး မီးလောင်မှုအား နာရီဝက်ခန့်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ရာနှုန်းပြည့် မလုံခြုံသေးသည့်အတွက် စက်ရုံဧရိယာအနီး နေထိုင်သူများကို ရှောင်ကြဉ်ကြရန် သတိပေးထားသည်။

စက်ရုံမီးလောင်မှုအား ထိန်းချုပ်ရန် မီသတ်ကားများနှင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များအသုံးပြုနေသည့် မီးရထားလမ်းဟောင်းတလျောက် လမ်းကြောင်းများပိတ်ဆို့မှုမဖြစ်ရေးအတွက် ရှောင်ကြဉ်၍ သွားလာကြရန်လည်း တာဝန်ရှိသူများက တိုက်တွန်းထားသည်။
👍26😱12❤2😁1
👍34❤2😁1
ဘားမားအက်နှင့် ပတ်သက်၍ ဖြေရှင်းချက်တောင်းမည်ဟု ကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ထုတ်ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆

၂၀၂၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် ဘားမားအက် ဥပဒေအရ ဆောင်ရွက်ရမည့်အရာတချို့ကို အကောင်အထည်ဖော်ခြင်းမရှိဘဲ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဖြေရှင်းချက် တောင်းခံသွားမည် ဖြစ်ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ဒီမိုကရက်တစ်ပါတီအမတ် Mr. Gregory W. Meeks က နိုဝင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ဘားမားအက်ဥပဒေအရ ပိတ်ဆို့အရေးယူမှုများကို အကောင်အထည်မဖော်၊ မြန်မာ့ဒီမိုကရေစီအင်အားစုများကို ထောက်ပံ့ရန် ဥပဒေအရ ခွင့်ပြုသည့် အစီအစဉ်ကိုလည်း မဆောင်ရွက်သည့်အတွက် ယခုလိုတောင်းခံခြင်းဖြစ်ကြောင်း ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် အရပ်သားများအပေါ် စစ်အုပ်စု၏ အကြမ်း ဖက်မှုများကို မည်သို့လျှော့ချနိုင်မည်၊ သို့မဟုတ် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကျားဖြန့် (အွန်လိုင်းငွေ လိမ်လည်မှုလုပ်ငန်းများ)ကို မည်သို့ရပ်တန့်နိုင်မည်ဆိုသည့် မဟာဗျူဟာကို တင်ပြထားခြင်း မရှိကြောင်းလည်း ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း နိုင်ငံတကာတရားရုံးက ပထမဆုံး အကြိမ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရာ ယင်းဆုံးဖြတ်ချက်သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်သတ်မှတ်ခဲ့သည့် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့်အချက်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍65❤12😁3
နည်းပညာ သူဌေးကြီးများ လောကရဲ့ အလျော်အစား ကြီးမားတဲ့ အချစ် ဇာတ်လမ်းများ

ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆

တကယ်တော့ နည်းပညာလောကထဲမှာ အခုလို အချစ်ရေးအရှုပ်အထွေး ဇာတ်လမ်းတွေ ကြားသိနေရတာဟာ Jensen Huang နဲ့ ဘီလ်ဂိတ်တို့တင် မကပါဘူး။

Amazon သူဌေးကြီး ဂျက်ဘီဇို (Jeff Bezos)၊ Tesla၊ SpaceX နဲ့ X ပိုင်ရှင် အီလွန်မတ်စ် (Elon Musk)၊ Google CEO ဟောင်း အဲရစ် ရှမစ်ဒ် (Eric Schmidt) တို့လို နာမည်ကျော် ဘီလီယံနာကြီးတွေရဲ့ ဇာတ်လမ်းတွေကလည်း ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွေအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း နည်းပညာအင်ပါယာကြီးတွေကို ဦးဆောင်ပြီး ဒေါ်လာဘီလီယံ ရာနဲ့ချီ ကြွယ်ဝချမ်းသာနေသူတွေ ဖြစ်ပေမယ့် ကိုယ်ရေးကိုယ်တာ အရှုပ်အထွေးတွေကြောင့် ရာထူးတာဝန်တွေ၊ စည်းစိမ်ဥစ္စာတွေသာမက နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ဂုဏ်သိက္ခာတွေပါ တခဏချင်း ထိခိုက်သွားရတာကို တွေ့မြင်နေရပါတယ်။


https://youtu.be/nycbLXy0C3I
#မြန်မာ #ဧရာဝတီ #Jensen Huang #ElonMusk #EricSchmidt #JeffBezos
👍27❤15😁3
😭22🤔2❤1
မြေမြှုပ်မိုင်းကြောင့် သေဆုံး ထိခိုက်မှု ၃ နှစ်ဆက် အဆိုးဝါးဆုံး ဖြစ်နေ


ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆


မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်ပစ္စည်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း သေဆုံး ဒဏ်ရာရမှုအနေဖြင့် မြန်မာနိုင်ငံတွင် ၁,၈၉၁ ဦး ရှိခဲ့ပြီး ၃ နှစ်ဆက်တိုက် အဆိုးဝါးဆုံး အဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားမြစ်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။


နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်သည့် မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အစီရင်ခံစာအရ မြန်မာ နိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရမှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၁,၀၀၃ ဦး၊၂၀၂၄ ခုနှစ်တွင် ၂,၀၂၉ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၁,၈၉၁ ဦးတို့ဖြင့် ၃ နှစ် ဆက်တိုက် အဆိုးဝါးဆုံး မှတ်တမ်းဝင်နေခြင်း ဖြစ်သည်။


ယခုနှစ် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတဝန်း သေဆုံးဒဏ်ရာရမှု စုစုပေါင်းမှာ ၆,၉၂၉ ဦး ရှိခဲ့ပြီး အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာပြီးနောက် ဆီးရီးယားနိုင်ငံက ၁,၆၀၂ ဦး၊ အာဖဂန်နစ္စတန်နိုင်ငံက ၄၉၇ ဦးတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။


မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူများထဲတွင် အများစုမှာ အရပ်သားများဖြစ်ကြပြီး အသက်အရွယ် အပိုင်းအခြားအရ ကလေးသူငယ် ထက်ဝက်ခန့် ပါဝင်ကြောင်းလည်း သိရသည်။


စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် မြေမြှုပ်မိုင်း အသုံးပြုမှု သိသိသာသာ မြင့်တက်လာခဲ့ပြီး စစ်တပ်အပြင် အခြားသော လက်နက်ကိုင်တပ်များလည်း အသုံးပြုမှုများရှိကြောင်း အစီရင်ခံစာက ဆိုထားသည်။


ယခု၂၀၂၆ ခုနှစ် ပထမ ၆ လပတ် အတွင်း၌လည်း မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် အရပ်သား ၄၈၇ ဦး သေဆုံး ထိခိုက်ခဲ့ကြောင်း ယူနီဆက် (UNICEF) က စက်တင်ဘာလတွင် သတင်း ထုတ်ပြန်ထားသည်။


သေဆုံး ထိခိုက်မှုများအနက် ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး ဒုတိယနေရာတွင် မကွေးတိုင်းနှင့် တတိယနေရာ၌ မန္တလေးတိုင်းတို့က ရပ်တည်နေပြီး ကလေးသူငယ် သေဆုံး ထိခိုက်မှုအနေဖြင့် ၁၁၃ ဦး ပါဝင်ကြောင်းလည်း ယူနီဆက်က ဖော်ပြထားသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍24😭16❤2👎2😁1
• လူမျိုးရေးမုန်းတီးမှုဖြစ်အောင် စစ်လော်ဘီသရုပ်ဆောင်တွေ လှုံ့ဆော်နေ

• ICJ စီရင်ချက်ကို လက်မခံဘူးလို့ မင်းအောင်လှိုင် ပြော

• မြန်မာမှာ သတ္တုတူးဖော်မှုတွေရပ်ဖို့ တရုတ်ကို ထိုင်းပြော

• မြန်မာစစ်တပ်ကို ထပ်အရေးယူဖို့ ဗြိတိန်လွှတ်တော် ဆွေးနွေး

• ရုရှားကို မွန်ဂိုလီးယားထံ ပြန်ပေးရမယ်လို့ လူကာရှန်ကို ပြော

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆


https://youtu.be/d9knFGLljf8
👍33❤7😁1
၂၀၂၆ ခုနှစ်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်းရှိ လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေသော H&M ကဲ့သို့ နာမည်ကျော် အမှတ် တံဆိပ်များအပါအဝင် အထည်ချုပ်စက်ရုံ ၂၀ ကျော် ပိတ်သိမ်းပြီး ထွက်ခွာရန် ပြင်ဆင်မှုများရှိသလို၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအများအပြားလည်း ပိတ်သိမ်း ထွက်ခွာမှုများ ရှိလာခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/26/417890.html
❤24😭11👍9😁2🤔1
တိုင်းပြည်ကို ကင်ဆာလို လှိုက်စားနေတဲ့ မင်းအောင်လှိုင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဘဝနဲ့ ပြည်သူတွေရဲ့ အနာဂတ်ကိုပါ ဘက်စုံဖျက်ဆီးနေတဲ့ စစ်ခေါင်းဆောင်နဲ့ဗိုလ်ချုပ်တွေရဲ့ ဇာတိရုပ်နဲ့ လုပ်ရပ်တွေကို နှစ်ချုပ်သုံးသပ်ပြီး သူတို့ရဲ့ အာဏာရှင်စနစ်ကို ဘယ်လိုဖယ်ရှားကြမလဲဆိုတာ ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက ဆွေးနွေးထားပါတယ်။

https://youtu.be/PNlMsJ86PG0

#မြန်မာ #မင်းအောင်လှိုင် #စစ်ဗိုလ်ချုပ် #ကြံရာပါ #လွှတ်တော် #Genocide #ICJ #parliament #cancer #Myanmar #MinAungHlaing #military #general #IRWENG
👍48❤7😁3😭1
Media is too big
VIEW IN TELEGRAM
ကယ်လီဖိုးနီးယားမှာ ဒီရေလှိုင်းကြီးတွေရိုက်ခတ်မှုကြောင့် ကမ်ခြေတချို့ပိတ်ထား

နိုဝင်ဘာ ၂၇၊ ၂၀၂၆

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ စံချိန်တင်ဒီရေလှိုင်းကြီးတွေရိုက်ခတ်မှုကြောင့် နာမည်ကြီး Pacifica ဆိပ်ခံတံတားရဲ့ တစိတ်တပိုင်းပြိုကျပျက်စီးသွားခဲ့ပြီး ကယ်လီဖိုးနီးယားကမ်းရိုးတန်းတလျောက်မှာရှိတဲ့ နေအိမ်တချို့ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #californiacoast #pacifica
👍35😱11❤1😁1
ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ ရှမ်းပြည်နယ်တခွင် ပျံ့နေပြီ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

နယ်စပ်ဒေသတွေကနေ ရှမ်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၃၅ မြို့နယ်အထိ ပုံစံပြောင်း ပျံ့နှံ့လာတဲ့ ကျားဖြန့်ကပ်ဘေးဟာ အခုဆိုရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေကို နှစ်ရှည်ငှားရမ်း အခြေချတာကအစ ကျားဖြန့်သင်တန်းတွေ ပေါ်ပေါက်လာတဲ့အထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာနေပါတယ်။

စစ်ပဋိပက္ခ၊ စီးပွားရေးကျပ်တည်းမှုနဲ့ စစ်မှုထမ်းဥပဒေတွေကြား ပိတ်မိနေတဲ့ လူငယ်တွေရဲ့ အနာဂတ်ကိုပါ ဝါးမျိုနေတဲ့ ဒီရာဇဝတ်ကွန်ရက်ကြီးကို အခုအချိန်ကစပြီး အမြစ်ပြတ် မတားဆီးနိုင်ဘူးဆိုရင် မြန်မာ့မြေပေါ်မှာ နောင်တချိန် ပြန်ပြင်လို့မရနိုင်တော့တဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေကို သုတေသန ပြုနေတဲ့ ကိုမိုက်ကယ်က သတိပေးထားပါတယ်။

တဖက်မှာလည်း ရှမ်းပြည်နယ်တခွင် ပျံ့နှံ့နေတဲ့ ဒီကျားဖြန့်ပြဿနာဟာ ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရုံနဲ့ ပြီးဆုံးသွားမယ့် ကိစ္စမဟုတ်ဘဲ နောက်ကွယ်ကနေ အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်တွေရဲ့ အကျိုးတူ ပတ်သက်နေမှုတွေကိုပါ အမြစ်ဖြတ် ရှင်းလင်းနိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

https://youtu.be/W5c_JxP1SUE

#မြန်မာ #ဧရာဝတီ #ကျားဖြန့် #အွန်လိုင်းငွေလိမ်ဂိုဏ်း #ရှမ်းပြည်နယ် #WhatsHappensInMyanmar
👍42😱7😁2🤔2😭1
😁12😭2😱1