The Irrawaddy - Burmese
✔
74.9K subscribers
38.9K photos
2.52K videos
3 files
18.3K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
❤16👍5😁2
ချင်းမိုင် မီးပုံးပျံပွဲတော်တွင် တရုတ်မင်းသမီးက ထိုင်းရိုးရာဝတ်စုံဖြင့် ပရိသတ်များ အာရုံကို ဖမ်းစားခဲ့

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။

နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော တရုတ်မင်းသမီး ဖန်ဘင်းဘင်း (Fan Bingbing) သည် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် ချင်းမိုင် ရီပန် (Yi Peng) မီးပုံးပျံပွဲတော်တွင် လက်ရာမြောက်စွာ ဒီဇိုင်းထုတ်ထားသော လန်နားရိုးရာ ထိုင်းဝတ်စုံကို ဝတ်ဆင်၍ ကြီးကျယ်ခမ်းနားသည့် ကြာခွက်အလှပြယာဉ်ပေါ်မှ လိုက်ပါလာခဲ့ရာ ထိုင်းမြောက်ပိုင်းမြို့တော်၏ နှစ် ၇၃၀ ပြည့် အထိမ်းအမှတ် ပွဲတော်တွင် လူအများ၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိခဲ့သည်။

ပွဲတော်၏ အဓိက စိတ်ဝင်စားဖွယ် အစီအစဉ်တခုမှာ ထိုင်းဘုရင်မင်းမြတ် ချီးမြှင့်သည့် ဆုဖလားအတွက် အနုစိတ် အလှဆင်ထားသော အလှပြယာဉ် ၂၆ စီး ပါဝင်ယှဉ်ပြိုင်သည့် ကြီးကျယ်ခမ်းနားသော ကြာခွက်အလှပြယာဉ် စီတန်းလှည့်လည်ပွဲ ပြိုင်ပွဲဖြစ်သည်။

တရုတ်မင်းသမီးသည် ထိုင်းမြောက်ပိုင်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံထားသည့် အလှပြယာဉ်၏ အနုစိတ်အပြင်အဆင်များနှင့် လိုက်ဖက်ညီစွာ ခေတ်မီဆန်းသစ်စွာ ဖန်တီးထားသော လန်နားရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။

အလှပြယာဉ်သည် လမ်းကြောင်းတလျှောက် ရွေ့လျားလာသည်နှင့်အမျှ ဖန်ဘင်းဘင်း က ပရိသတ်များကို နွေးထွေးစွာ ပြုံးပြလက်ပြနှုတ်ဆက်ခဲ့ရာ လမ်းဘေးဝဲယာရှိ လူအုပ်ကြီးထံမှ အားပေးသံများနှင့် လက်ခုပ်ဩဘာသံများ တခဲနက် ထွက်ပေါ်လာခဲ့သည်။

ဖန်ဘင်းဘင်း ၏ ပါဝင်ဆင်နွှဲမှုသည် ချင်းမိုင်မြို့၏ အထင်ကရ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတကာ ကြယ်ပွင့်အရှိန်အဝါကို ပေါင်းထည့်ပေးခဲ့ပြီး လန်နားယဉ်ကျေးမှု၏ ထူးခြားလှပမှုကို ကမ္ဘာတဝန်းရှိ ပရိသတ်များထံ ပိုမိုကျယ်ပြန့်စွာ ပြသနိုင်မည့် အခွင့်အလမ်းကို ဖန်တီးပေးခဲ့ကြောင်း The Nation ထိုင်းသတင်းစာက ရေးသည်။

ယခုနှစ် ရီပန်ပွဲတော်သည် ချင်းမိုင်မြို့ တည်ထောင်ခြင်း နှစ် ၇၃၀ ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ဘုရားကျောင်းများ၊ သမိုင်းဝင်နေရာများနှင့် မြို့ရိုးကျုံးပတ်ဝန်းကျင် နေရာများကို လန်နားရိုးရာ မီးပုံးများ၊ မြေဆီမီးခွက်များဖြင့် အလှဆင်ထွန်းညှိထားသည်။

အခြားပွဲတော် အစီအစဉ်များတွင် ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ ရိုးရာမီးပုံးပြိုင်ပွဲများ၊ အလှမယ်ပြိုင်ပွဲများနှင့် မီးရောင်စုံကြာခွက် ပြပွဲများ ပါဝင်သည်။

ကိုးကား။ ။ The Nation သတင်း Fan Bingbing steals the show in stunning Lanna attire at Chiang Mai’s Yi Peng Festival 2026
❤28👍11😁6🤔1
👍20❤3
နေတန်ယာဟုနေရာတွင် အစားထိုးရန် အိုင်ဆန်ကော့တ် ခြေလှမ်းစတင်

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။

အစ္စရေးနိုင်ငံရေးခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့တ် သည် အဓိက အတိုက်အခံ မဟာမိတ်ပါတီနှစ်ခုနှင့် ညွန့်ပေါင်းသဘောတူညီချက်များ ရယူနိုင်ခဲ့ပြီးနောက် ဘင်ဂျမင် နေတန်ယာဟု နေရာတွင် အစားထိုးမည့် အစိုးရသစ်ဖွဲ့စည်းရေးအတွက် တိုးတက်မှုများ ရရှိလာခဲ့သော်လည်း ၎င်း၏ ဝန်ကြီးချုပ်ဖြစ်လာရေး လမ်းကြောင်းမှာ လွယ်ကူမည် မဟုတ်ပေ။

ဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးပမ်းရာတွင် အစ္စရေးစစ်ဦးစီးချုပ်ဟောင်း အိုင်ဆန်ကော့တ်သည် အင်္ဂါနေ့က လက်ယာယိမ်း Yisrael Beiteinu ပါတီနှင့် အလားတူ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကြာသပတေးနေ့တွင် လက်ဝဲယိမ်း (The Democrats) ဒီမိုကရက်ပါတီ နှင့် ထပ်မံသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

အခြားအတိုက်အခံအုပ်စုတခုဖြစ်သည့် Be’Yachad ပါတီနှင့်လည်း နောက်ထပ်သဘောတူညီချက်တခု ရရှိရန် နီးစပ်နေပြီဟု ယူဆရသော်လည်း ပါတီခေါင်းဆောင် နာဖ်တာလီ ဘန်းနက် က အိမ်စောင့်ဝန်ကြီးချုပ် နေတန်ယာဟု၏ လီကွဒ် (Likud) ပါတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုများ အဖြေထွက်လာရန် အချိန်ပိုပေးလိုကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း နိုင်ငံရေးသုံးသပ်သူများနှင့် အတိုက်အခံ သတင်းရင်းမြစ်များ၏ အဆိုအရ လက်ရှိလုပ်ဆောင်နေသည့် အရေးအကြီးဆုံး ညှိနှိုင်းမှုမှာ နေတန်ယာဟု၏ ကာလရှည်မဟာမိတ်ဖြစ်ခဲ့သော အလွန်အကျွံ ရှေးရိုးစွဲ (ultra-Orthodox) ဂျူးဘာသာရေးပါတီ United Torah Judaism (UTJ) နှင့် အိုင်ဆန်ကော့တ်တို့အကြား ဆွေးနွေးမှုဖြစ်သည်။

UTJ ပါတီကို မိမိတို့ဘက်သို့ ဆွဲဆောင်နိုင်ရန် အတိုက်အခံနိုင်ငံရေးသမားများသည် မကြာသေးမီ သီတင်းပတ်များအတွင်း ၎င်းတို့၏ အဓိက မဲဆွယ်ကတိကဝတ်များကို ပြန်လည်ရုပ်သိမ်းရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြသခဲ့ကြပြီး ယင်းတို့တွင် ရှေးရိုးစွဲ ဘာသာရေးလူငယ်အားလုံး မဖြစ်မနေ စစ်မှုထမ်းရမည်ဟူသော တောင်းဆိုချက်ကို လျှော့ပေါ့ပေးခြင်းလည်း ပါဝင်သည်။

အစ္စရေးရှိ အာရပ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ကနဦးက ပယ်ချခဲ့ပြီး အနာဂတ်ညွန့်ပေါင်းအစိုးရတွင် UTJ ပါတီ ပါဝင်လာစေရန် ဦးဆောင်တွန်းအားပေးနေသည့် Yisrael Beiteinu ပါတီခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း အဗစ်ဒေါ လီဘာမန် (Avigdor Lieberman) က အပြောင်းအလဲဖော်ဆောင်မည့် အစိုးရမှာ "ရုပ်လုံးပေါ်လာပြီ" ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ညွန့်ပေါင်းအဖွဲ့ မဖွဲ့စည်းနိုင်စေရန် ဟန့်တားသည့်အနေဖြင့် နေတန်ယာဟုက အိုင်ဆန်ကော့တ်နှင့် ညီညွတ်ရေးအစိုးရ ဆွေးနွေးမှုများကို နောက်ဆုံးအချိန်အထိ အချိန်ဆွဲနေမှုများကိုလည်း ၎င်းက သတိပေးခဲ့သည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် နေတန်ယာဟု၏ လက်ယာစွန်းညွန့်ပေါင်းအဖွဲ့နှင့် အိုင်ဆန်ကော့တ် ဦးဆောင်သော ဂျူးအတိုက်အခံပါတီများ အုပ်စုတို့ နှစ်ဖက်စလုံးက အများစုအမတ်နေရာ မရရှိခဲ့သဖြင့် နှစ်ဖက်စလုံးက အများစုအင်အား တည်ဆောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကာ နိုင်ငံရေးအရ အပေးအယူညှိနှိုင်းရသည့် ကာလသို့ ရောက်ရှိလာခဲ့သည်။

အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့ က အစိုးရဖွဲ့စည်းရန် ပထမဆုံး အခွင့်အရေးကို အိုင်ဆန်ကော့တ်အား ပေးအပ်ထားပြီး ဒီဇင်ဘာ ၆ ရက်တွင် နောက်ဆုံးသတ်မှတ်ရက် ကုန်ဆုံးမည်ဖြစ်သော်လည်း နောက်ထပ် သီတင်းနှစ်ပတ် ထပ်မံတိုးမြှင့်ခွင့် ရှိသည်။

အတိုက်အခံပါတီများအနေဖြင့် UTJ ပါတီနှင့် သဘောတူညီချက် ရယူနိုင်ခဲ့ပါက အိုင်ဆန်ကော့တ် ဦးဆောင်မည့် အနာဂတ်အစိုးရ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၁၂၀ ရှိသော လွှတ်တော် (Knesset) တွင် အနည်းဆုံး ၅၅ နေရာ ရရှိမည်ဖြစ်ပြီး နေတန်ယာဟု၏ အုပ်စုမှာ ၄၆ နေရာသာ ကျန်ရှိမည်ဖြစ်သည်။

ကျန်ရှိနေသော အမတ်နေရာ ၁၉ နေရာကို အာရပ်-အစ္စရေး နိုင်ငံရေးပါတီနှစ်ခုက ၎င်းတို့၏ မဲဆန္ဒရှင်များ စံချိန်တင် မဲပေးခဲ့မှုကြောင့် ရရှိထားပြီး နေတန်ယာဟုကို ဖြုတ်ချရာတွင် အတိုက်အခံများကို ကူညီရန် ဆန္ဒရှိကြောင်း လူသိရှင်ကြား ပြောကြားထားသည်။ ဖွဲ့စည်းနေသည့် အစိုးရတွင် "ဂျူးလူမျိုးအများစု" ပါဝင်မည်ဟု လီဘာမန်က ဗုဒ္ဓဟူးနေ့ ရေဒီယိုအင်တာဗျူးတခုတွင် ပြောကြားခဲ့သော်လည်း အာရပ်ပါတီတခုဖြစ်သည့် Ra’am ပါတီမှာ ညွန့်ပေါင်းအဖွဲ့တွင် ဆက်လက်ပါဝင်လာနိုင်ကြောင်း ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

"နေတန်ယာဟုနေရာမှာ အစားထိုးဖို့နဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ ပြည်သူတွေကို ကျနော်တို့ ကတိပေးခဲ့ပါတယ်။ ဒါကိုပဲ ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ သဘောတူညီချက်တွေကို အပြီးသတ် လက်မှတ်ရေးထိုးဖို့၊ အစိုးရဖွဲ့စည်းဖို့နဲ့ အစ္စရေးကို လမ်းကြောင်းသစ်ဆီ ဦးဆောင်သွားဖို့ ပါတီအားလုံး အမြန်ဆုံး စုစည်းကြဖို့ ကျနော် တိုက်တွန်းပါတယ်" ဟု ဒီမိုကရက်ပါတီခေါင်းဆောင် ယာအီ ဂိုလန် (Yair Golan) က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး "ဒါဟာ ကျနော်တို့ ဘဝရဲ့ အဓိကတာဝန်ပါပဲ" ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
👍20❤4😁4
ယခုသီတင်းပတ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက် အသေးစိတ်အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အိုင်ဆန်ကော့တ် ခွဲဝေပေးမည့် အဓိကဝန်ကြီးဌာနများတွင် လီဘာမန်အား ကာကွယ်ရေးဝန်ကြီး၊ ဂိုလန်အား ပြည်တွင်းလုံခြုံရေးဝန်ကြီး၊ ဘန်းနက်အား ဘဏ္ဍာရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်ဟောင်း ယာအီ လာပစ် (Yair Lapid) အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိမ့်မည်ဟု နိုင်ငံရေးသုံးသပ်သူများက မျှော်လင့်ထားကြသည်။

ကိုးကား။ ။ Financial Times သတင်း Israel’s Eisenkot takes steps towards replacing Netanyahu
👍30😁4
😭45😁2
ဒေါ်အောင်ဆန်းစုကြည်၏ စားဖိုမှူးကြီး ဦးမြင့်စိုး ကွယ်လွန်

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

စစ်တပ်က ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ထံ ၁၅နှစ် တိုင်တိုင် သစ္စာရှိရှိ စားဖိုမှူးတာဝန်ယူခဲ့သည့် အဖိုးလေး (ခ) ဦးမြင့်စိုး(အသက် ၇၄နှစ်)မှာ ဦးနှောက်သွေးခဲဝေဒနာခံစားနေသဖြင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဦးဆောင်သည့် ဆည်းဆာရိပ်ဘိုးဘွားရိပ်သာက ခေါ်ယူစောင့်ရှောက်ထားစဉ် ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဦးမြင့်စိုးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦးဖြစ်သလို ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ခြံအမှတ် ၅၄ နေအိမ် ခြံဝင်းအတွင်း ဥယျာဉ်မှူးအဖြစ် ဝင်ရောက်လုပ်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် မီးဖိုချောင် တာဝန် ယူ၍ ၂၀၀၄ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အတွက် ချက်ပြုတ်ကျွေးမွေးရေးတာဝန်ကို လွှဲပြောင်းရယူခဲ့သူဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ တွင် နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည့်အချိန်က ခြံအမှတ် ၅၄ သည် လုံခြုံရေး အထူးတင်းကျပ် စောင့်ကြည့်ခံခဲ့ရပြီး လိုအပ်သည့် စျေးဝယ်ခြမ်းရေးကိစ္စရပ်များ အတွက် ဦးမြင့်စိုးတဦးတည်းသာ ဝင်ထွက်ခွင့်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အောက်ခြေသိမ်း အိမ်မှုကိစ္စများ လုပ်ပေးရသည်ကို ဂုဏ်ယူကျေနပ်နေတတ်သူဟု ရင်းနှီးသူများက ဆိုကြသည်။

"အောင်ဆန်းသမီးနှင့် ကျွန်တော်၏ မှတ်တမ်းများ (Daughter Aung San and My Memoirs)"အမည်ဖြင့် စားဖိုမှူး အဖြစ် ၁၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ကြုံတွေ့ဖြတ်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အနီးကပ်တွေ့မြင်ခဲ့ရသည့် အတွေ့အကြုံများကို မိုးလင်း ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭84❤11😁3👍1
Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်ကသာ လူမျိုးတုံးသတ်ဖြတ်မှုကို အစီအစဉ်တကျ ကျူးလွန်ခဲ့တာ

နိုဝင်ဘာ ၂၇၊ ၂၀၂၆

ICJ က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုထားတဲ့ ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်းကို မနက်ဖြန် မနက် စောင့်မျှော်အားပေးကြပါ။

#မြန်မာ #ဧရာဝတီ #EditorialTalk #ICJ #စစ်တပ် #ဒေါ်အောင်ဆန်းစုကြည်
👍48❤6😁5👎1
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သည့် ICJ ၏ စီရင်ချက်သည် အာရက္ခတပ်တော်အတွက် စစ်ရေးအောင်မြင်မှုများမှ အားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတကာနှင့် ပိုမိုကျယ်ပြန့်စွာ ဆက်ဆံနိုင်မည့် အခွင့်အလမ်းတရပ်လည်း ဖြစ်သည်။

ICJ ၏ စီရင်ချက်သည် မြန်မာနိုင်ငံအပေါ် ဥပဒေအရ စည်းနှောင်မှုရှိသော်လည်း အဆိုပါအမှုတွင် ပါဝင်သည့် အမှုသည် အဖွဲ့အစည်းတရပ် မဟုတ်သော ULA/AA အပေါ် တိုက်ရိုက်စည်းနှောင်မှု မရှိပေ။ သို့သော် ULA/AA သည် ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် နယ်မြေအများစုကို ယခုအခါ ထိန်းချုပ်ထားသည်။ ၎င်း၏ မူဝါဒများသည် လူမှုအသိုက်အဝန်းများအကြား ပြန်လည်သင့်မြတ်ရေး၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် အာရက္ခပြည်၏ နိုင်ငံတကာဆက်ဆံရေး အလားအလာများအပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် ULA/AA ရင်ဆိုင်ရမည့် နောက်ထပ်စိန်ခေါ်မှုမှာ နယ်မြေထိန်းချုပ်နိုင်ရေးသက်သက် မဟုတ်တော့ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးမှတဆင့် နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) ရရှိရေးဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/11/27/417899.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍43😁6❤5
😁12🤔5😭2👎1
KNU တပ်မဟာ ၄ ဗုံးကြဲခံရ၊ ထိခိုက်သေဆုံးမှုရှိ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင်၏ ကွန်ဂရက် အစည်းအဝေးကျင်းပရာ နောက်ဆုံးရက်ဖြစ်သော ယမန်နေ့က KNU တပ်မဟာ ၄ ဌာနချုပ်နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက် သေဆုံးမှုရှိကြောင်း မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

KNU မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တိုးတယ်ထာကျေးရွာအတွင်း ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် K8W Jet Fighter လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သောကြောင့် အသက် ၁၇ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ ၄ ဖွဲ့စည်းပုံအရ သတ်မှတ်ထားသည့် လယ်မူလားမြို့နယ်သည် တနင်္သာရီတိုင်း ၊ မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်အတွင်းပါဝင်ပြီး ဗုံးကြဲတိုက်ခိုက်သွားသည့်နေရာသည် KUN တပ်မဟာ ၄ ဌာနချုပ်နယ်မြေဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောသည်။

အဖွဲ့အစည်းဌာနဆိုင်ရာ နယ်မြေထိခိုက်မှု အခြေအနေတို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။

ဗုံးကြဲခံရသော်လည်း KNU တပ်မဟာ ၄ က အကြိမ်၂၀ မြောက်အစည်းအဝေးကို နိုဝင်ဘာ ၂၃ မှ ၂၆ ရက်အထိ ကော်သူးလေအုပ်ချုပ်နယ်‌မြေ တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ် ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များ၊ ခရိုင်အတွင်းဌာနဆိုင်ရာကိုယ်စားလှယ်များ၊ တပ်မဟာတပ်ပိုင်းဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကွန်ဂရက်သို့ KNU ဗဟိုခေါင်းဆောင်များဖြစ်သည့် ဒု ဥက္ကဋ္ဌ ပဒိုစော‌ဆဲ‌ဂေး၊ ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး‌စောဘူးသောနှင့် ဗိုလ်မှူးချုပ်‌စောတာမလာသော၊ ဒူးပလာယာခရိုင် ခရိုင်ဥက္ကဌ ပဒိုစောလေးစတာ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလေးတရော၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO )စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ၊ KNLA တပ်မဟာ(၆) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး‌ စောတီးတူး၊ KNLA တပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောရွှေဝင်း၊ ဒူပလာယာခရိုင် ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆဲနေကော်တို့ တက်ရောက် အကြံပေးခဲ့သည်။

မြိတ်ထားဝယ်ခရိုင်၏ ၂၀ ကြိမ်မြောက်ကွန်ဂရက်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၈၀ ဦး ပါဝင်ခဲ့ပြီး ခရိုင်ဥက္ကဋ္ဌအဖြစ် ပဒို‌စောဖလို့စိုးဝင်း၊ ခရိုင်ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ် စော‌လေးထော၊ ခရိုင်အတွင်းရေးမှူးအဖြစ် ပဒို‌စောအယ်နား၊ ခရိုင်တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောဘိုးဘိုးခင်မောင် နှင့် ခရိုင်တရားသူကြီးအဖြစ် ပဒို‌နော်အယ်ဆဲတိုးတို့အပါအဝင် ခရိုင်အမြဲတမ်းကော်မတီဝင် ၃၁ ဦးအား ရွေးချယ်တင်မြှောက်ခဲ့သည်။

ဓာတ်ပုံ- KNU - Mergui-Tavoy District
#WhatsHappeningInMyanmar
#RejectMilitaryCoup
❤16👎9👍8😁3😭3
Media is too big
VIEW IN TELEGRAM
လူမျိုးရေးမုန်းတီးမှုဖြစ်အောင် စစ်လော်ဘီသရုပ်ဆောင်တွေ လှုံ့ဆော်နေ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က အမိန့်ချမှတ်လိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံနေတဲ့ သရုပ်ဆောင်တွေက လူမျိုးရေး အမုန်းတရား ပိုမို ပျံ့ပွားလာစေမယ့် လှုံ့ဆော် ပြောဆိုမှုတွေ လုပ်နေကြပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်၊ မမြောက် ဆုံးဖြတ်ရာမှာ စစ်တပ်နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ အမုန်းစကားဖြန့်ဝေမှုတွေကလည်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပွားစေတဲ့ နောက်ခံ အခြေအနေတခု ဖြစ်ခဲ့ကြောင်း ICJ က စီရင်ချက်မှာ ဖော်ပြခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #သရုပ်ဆောင် #လော်ဘီ #ICJ #ရိုဟင်ဂျာ #အမုန်းစကား #လူမျိုးတုံးသတ်ဖြတ်မှု #အကြမ်းဖက်မှု #စီရင်ချက် #WhatsHappeningInMyanmar
👎31👍6❤3😭2
Media is too big
VIEW IN TELEGRAM
ICJ ဆုံးဖြတ်ချက်အပေါ် မင်းအောင်လှိုင် တုံ့ပြန်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို လက်မခံသလို လိုက်နာဖို့မသင့်ဘူးလို့ ယူဆတဲ့အချက်တွေကိုလည်း လိုက်နာမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံအပေါ် တဖက်သတ်စွပ်စွဲမှုဖြစ်သလို လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို များစွာထိခိုက်စေတယ်လို့လည်း ပြောခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #ICJ #ရိုဟင်ဂျာ #လူမျိုးတုံးသတ်ဖြတ်မှု #မင်းအောင်လှိုင် #စီရင်ချက် #WhatsHappeningInMyanmar
😁37❤12🤔2😭1
😁19👍8🤔3
ဒူတာတေး ICC မှာ တရားရင်ဆိုင်ရပြီ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။

လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသော ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် တနင်္လာနေ့တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းအမှုသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဆယ်စုနှစ် နှစ်ခုကျော် သက်တမ်းအတွင်း လူစိတ်ဝင်စားမှု အမြင့်ဆုံးအမှုတခုဖြစ်ပြီး တရားရုံး၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံရပြီးနောက်ပိုင်း အကြီးမားဆုံးအမှုလည်း ဖြစ်သည်။

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ကျူးကျော်စစ်ဆင်နွှဲမှု ရာဇဝတ်မှုများကို အဖွဲ့ဝင်နိုင်ငံများက ကိုယ်တိုင်တရားစွဲဆိုရန် ဆန္ဒမရှိသည့်အခါ သို့မဟုတ် မစွမ်းဆောင်နိုင်သည့်အခါ တဦးချင်းစီကို အရေးယူနိုင်ရန် ICC ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

အဖွဲ့ဝင် ၁၂၅ နိုင်ငံ၏ နယ်မြေအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံသားများက အခြားနေရာများတွင် ကျူးလွန်သည့် အမှုများကို တရားစွဲဆိုနိုင်သည်။ ဥရောပသမဂ္ဂ (EU) ၂၇ နိုင်ငံလုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြား ပါဝင်သော်လည်း အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ မပါဝင်ပေ။ ပါလက်စတိုင်းသည် ကုလသမဂ္ဂ အပြည့်အဝအဖွဲ့ဝင် မဟုတ်သော်လည်း ICC အဖွဲ့ဝင်ဖြစ်ပြီး အစ္စရေးကမူ အဖွဲ့ဝင်မဟုတ်ပေ။ ဒူတာတေး၏ အမှုတွင် ၎င်း၏ သက်တမ်းတဝက်၌ ဖိလစ်ပိုင်နိုင်ငံ နုတ်ထွက်ခြင်းမပြုမီ ကျူးလွန်ခဲ့ခြင်းဖြစ်၍ တရားရုံးက စီရင်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

တရားရုံးတွင် အမှုပေါင်း ၃၄ မှု ရှိခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအပါအဝင် ပြစ်ဒဏ်ချမှတ်မှု ၁၅ ခု ရှိခဲ့သည်။ ယင်းတို့အနက် ၁၀ ဦးမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မာလီ၊ ဆူဒန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ယူဂန်ဒါတို့မှ အာဖရိက လက်နက်ကိုင်ခေါင်းဆောင်များ ဖြစ်သည်။

ICC တရားသူကြီးများသည် ဖမ်းဝရမ်း ၆၈ စောင် ထုတ်ပြန်ထားပြီး သံသယရှိသူ ၃၄ ဦး လွတ်မြောက်နေဆဲဖြစ်သည်။ ဒူတာတေးသည် အာဏာရနေစဉ် ကျူးလွန်မှုဖြင့် တရားရုံးရှေ့မှောက် ရောက်ရှိလာသည့် ဒုတိယမြောက် နိုင်ငံ့ခေါင်းဆောင်ဟောင်းဖြစ်ပြီး ပထမတဦးမှာ ၂၀၁၉ ခုနှစ်တွင် တရားသေလွတ်မြောက်ခဲ့သည့် အိုင်ဗရီကို့စ်သမ္မတဟောင်း လောရင့် ဘတ်ဘို ဖြစ်သည်။

လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ခေါင်းဆောင် ၄ ဦးဖြစ်သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အာဖဂန်နစ္စတန် တာလီဘန်ခေါင်းဆောင် ဟီဘာတူလာ အခွန်ဇာဒါနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ICC ဖမ်းဝရမ်း နှင့် ရင်ဆိုင်နေရသည်။ ကင်ညာသမ္မတ ဝီလျံ ရူတိုနှင့် ယခင်သမ္မတ အူဟူရူ ကင်ညာတာတို့သည် ရာထူးမရမီက စွဲချက်များဖြင့် တရားရုံးသို့ လာရောက်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အမှုပိတ်သိမ်းခံခဲ့ရသည်။ ဆူဒန်သမ္မတဟောင်း အိုမာ အယ်လ်ဘရှားနှင့် ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီတို့သည်လည်း ဖမ်းဝရမ်းထုတ်ခံခဲ့ရဖူးသည်။

အမေရိကန်သည် ICC အဖွဲ့ဝင် မဟုတ်သည့်အပြင် ထရမ့်အစိုးရက တရားရုံးကို အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကာ ပြင်းထန်စွာ ကန့်ကွက်ထားသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အာဖဂန်နစ္စတန် စုံစမ်းစစ်ဆေးမှုတွင် အမေရိကန်တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို ထည့်သွင်းစစ်ဆေးခြင်းကြောင့် ဝါရှင်တန်က အထူးဒေါသထွက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထရမ့်က ICC ကို "စည်းမဲ့ကမ်းမဲ့ အဖွဲ့အစည်း" နှင့် "လူဆိုးအုပ်စု" ဟု ခေါ်ဆိုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ နုတ်ထွက်ရန် တိုက်တွန်းခဲ့သည်။ ထရမ့်သည် ပထမသက်တမ်းအတွင်း တရားရုံးအရာရှိအချို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ယခုနှစ်တွင်မူ တရားရုံးတခုလုံးကို ပိတ်ဆို့အရေးယူခဲ့သည်။

ICC ကမူ အမေရိကန်၏ ဝေဖန်မှုကို ပယ်ချခဲ့ပြီး ယင်းပိတ်ဆို့မှုများသည် နိုင်ငံတကာ တရားမျှတမှုမူဝါဒကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ကိုးကား။ ။ The Independent သတင်း Rodrigo Duterte goes on trial: What is the International Criminal Court?
👍45❤6😁3
😁31👍1😱1
ငွေလဲသမားတချို့ အဖမ်းခံရ ဒေါ်လာဈေး အနည်းငယ်ပြန်ကျ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

ရန်ကုန်မြို့တွင် တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်မှုဖြင့် ငွေလဲလုပ်ကိုင်သူတချို့ကို အာဏာသိမ်းအစိုးရက ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ယမန်နေ့က တဒေါ်လာ ၅,၅၀၀ ကျော်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၅,၄၀၀ ကျပ်သို့ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အလားတူ ယမန်နေ့က ထိုင်းတဘတ်လျှင် ၁၆၇ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၁၅၇ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ပြီး တရုတ်တယွမ်လျှင် ၈၃၀ ကျပ်ဝန်းကျင်မှ ၈၀၀ ဝန်းကျင်သို့ ကျဆင်းလာခဲ့သည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ကုန်ဈေးနှုန်းနှင့် ငွေလဲနှုန်းမြင့်တက်မှုများမှာ နိုင်ငံခြားငွေကိုင်ဆောင်ထားသူများ၏ ဈေးကစားမှုကြောင့် ဖြစ်ကြောင်း အပြစ်တင် ပြောဆိုခဲ့သည်။

ယင်းနောက် ဗဟိုဘဏ်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေရောင်းဝယ်သည်ဟုဆိုကာ ရန်ကုန်မြို့ ဆူးလေဘုရား လူကူးခုံးကျော်တံတားအနီးတွင် နိုဝင်ဘာ ၂၁ ရက်က ရာဂျာ (ခ) အောင်ချိုထွန်းနှင့် ပန်းပဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် နိုဝင်ဘာ ၂၂ ရက်က မိုဟာမက်ယူနုစ် (ခ) မောင်မောင်လွင်တို့ကို နိုင်ငံခြားငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁40❤8👍3😱1