Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်ကသာ လူမျိုးတုံးသတ်ဖြတ်မှုကို အစီအစဉ်တကျ ကျူးလွန်ခဲ့တာ
နိုဝင်ဘာ ၂၇၊ ၂၀၂၆
ICJ က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုထားတဲ့ ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်းကို မနက်ဖြန် မနက် စောင့်မျှော်အားပေးကြပါ။
#မြန်မာ #ဧရာဝတီ #EditorialTalk #ICJ #စစ်တပ် #ဒေါ်အောင်ဆန်းစုကြည်

👍48❤6😁5👎1
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သည့် ICJ ၏ စီရင်ချက်သည် အာရက္ခတပ်တော်အတွက် စစ်ရေးအောင်မြင်မှုများမှ အားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတကာနှင့် ပိုမိုကျယ်ပြန့်စွာ ဆက်ဆံနိုင်မည့် အခွင့်အလမ်းတရပ်လည်း ဖြစ်သည်။
ICJ ၏ စီရင်ချက်သည် မြန်မာနိုင်ငံအပေါ် ဥပဒေအရ စည်းနှောင်မှုရှိသော်လည်း အဆိုပါအမှုတွင် ပါဝင်သည့် အမှုသည် အဖွဲ့အစည်းတရပ် မဟုတ်သော ULA/AA အပေါ် တိုက်ရိုက်စည်းနှောင်မှု မရှိပေ။ သို့သော် ULA/AA သည် ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် နယ်မြေအများစုကို ယခုအခါ ထိန်းချုပ်ထားသည်။ ၎င်း၏ မူဝါဒများသည် လူမှုအသိုက်အဝန်းများအကြား ပြန်လည်သင့်မြတ်ရေး၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် အာရက္ခပြည်၏ နိုင်ငံတကာဆက်ဆံရေး အလားအလာများအပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် ULA/AA ရင်ဆိုင်ရမည့် နောက်ထပ်စိန်ခေါ်မှုမှာ နယ်မြေထိန်းချုပ်နိုင်ရေးသက်သက် မဟုတ်တော့ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးမှတဆင့် နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) ရရှိရေးဖြစ်သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/11/27/417899.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
သူ့အတွေးသူ့အမြင် | ICJ ဆုံးဖြတ်ချက်က AA အတွက် အခွင့်အလမ်းဖြစ်သည်
ULA/AA သည် ၎င်း၏ စစ်ရေးစွမ်းဆောင်ရည်ကို သက်သေပြသပြီးဖြစ်သည်။ ယခုရင်ဆိုင်ရမည့် နောက်ထပ်စိန်ခေါ်မှုမှာ လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးခံယူချက် မည်သို့ပင် ကွဲပြားစေကာမူ ပြည်သူအားလုံးကို အကာအကွယ်ပေးနိုင်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စနစ်များကို တည်ဆောက်…
👍43😁6❤5
KNU တပ်မဟာ ၄ ဗုံးကြဲခံရ၊ ထိခိုက်သေဆုံးမှုရှိ
ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆
ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင်၏ ကွန်ဂရက် အစည်းအဝေးကျင်းပရာ နောက်ဆုံးရက်ဖြစ်သော ယမန်နေ့က KNU တပ်မဟာ ၄ ဌာနချုပ်နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက် သေဆုံးမှုရှိကြောင်း မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
KNU မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တိုးတယ်ထာကျေးရွာအတွင်း ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် K8W Jet Fighter လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သောကြောင့် အသက် ၁၇ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
KNU တပ်မဟာ ၄ ဖွဲ့စည်းပုံအရ သတ်မှတ်ထားသည့် လယ်မူလားမြို့နယ်သည် တနင်္သာရီတိုင်း ၊ မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်အတွင်းပါဝင်ပြီး ဗုံးကြဲတိုက်ခိုက်သွားသည့်နေရာသည် KUN တပ်မဟာ ၄ ဌာနချုပ်နယ်မြေဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောသည်။
အဖွဲ့အစည်းဌာနဆိုင်ရာ နယ်မြေထိခိုက်မှု အခြေအနေတို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
ဗုံးကြဲခံရသော်လည်း KNU တပ်မဟာ ၄ က အကြိမ်၂၀ မြောက်အစည်းအဝေးကို နိုဝင်ဘာ ၂၃ မှ ၂၆ ရက်အထိ ကော်သူးလေအုပ်ချုပ်နယ်မြေ တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ် ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များ၊ ခရိုင်အတွင်းဌာနဆိုင်ရာကိုယ်စားလှယ်များ၊ တပ်မဟာတပ်ပိုင်းဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ကွန်ဂရက်သို့ KNU ဗဟိုခေါင်းဆောင်များဖြစ်သည့် ဒု ဥက္ကဋ္ဌ ပဒိုစောဆဲဂေး၊ ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးစောဘူးသောနှင့် ဗိုလ်မှူးချုပ်စောတာမလာသော၊ ဒူးပလာယာခရိုင် ခရိုင်ဥက္ကဌ ပဒိုစောလေးစတာ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလေးတရော၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO )စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ၊ KNLA တပ်မဟာ(၆) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စောတီးတူး၊ KNLA တပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောရွှေဝင်း၊ ဒူပလာယာခရိုင် ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆဲနေကော်တို့ တက်ရောက် အကြံပေးခဲ့သည်။
မြိတ်ထားဝယ်ခရိုင်၏ ၂၀ ကြိမ်မြောက်ကွန်ဂရက်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၈၀ ဦး ပါဝင်ခဲ့ပြီး ခရိုင်ဥက္ကဋ္ဌအဖြစ် ပဒိုစောဖလို့စိုးဝင်း၊ ခရိုင်ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ် စောလေးထော၊ ခရိုင်အတွင်းရေးမှူးအဖြစ် ပဒိုစောအယ်နား၊ ခရိုင်တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောဘိုးဘိုးခင်မောင် နှင့် ခရိုင်တရားသူကြီးအဖြစ် ပဒိုနော်အယ်ဆဲတိုးတို့အပါအဝင် ခရိုင်အမြဲတမ်းကော်မတီဝင် ၃၁ ဦးအား ရွေးချယ်တင်မြှောက်ခဲ့သည်။
ဓာတ်ပုံ- KNU - Mergui-Tavoy District
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤16👎9👍8😁3😭3
Media is too big
VIEW IN TELEGRAM
လူမျိုးရေးမုန်းတီးမှုဖြစ်အောင် စစ်လော်ဘီသရုပ်ဆောင်တွေ လှုံ့ဆော်နေ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က အမိန့်ချမှတ်လိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံနေတဲ့ သရုပ်ဆောင်တွေက လူမျိုးရေး အမုန်းတရား ပိုမို ပျံ့ပွားလာစေမယ့် လှုံ့ဆော် ပြောဆိုမှုတွေ လုပ်နေကြပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်၊ မမြောက် ဆုံးဖြတ်ရာမှာ စစ်တပ်နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ အမုန်းစကားဖြန့်ဝေမှုတွေကလည်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်ပွားစေတဲ့ နောက်ခံ အခြေအနေတခု ဖြစ်ခဲ့ကြောင်း ICJ က စီရင်ချက်မှာ ဖော်ပြခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #သရုပ်ဆောင် #လော်ဘီ #ICJ #ရိုဟင်ဂျာ #အမုန်းစကား #လူမျိုးတုံးသတ်ဖြတ်မှု #အကြမ်းဖက်မှု #စီရင်ချက် #WhatsHappeningInMyanmar

👎31👍6❤3😭2
Media is too big
VIEW IN TELEGRAM
ICJ ဆုံးဖြတ်ချက်အပေါ် မင်းအောင်လှိုင် တုံ့ပြန်
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို လက်မခံသလို လိုက်နာဖို့မသင့်ဘူးလို့ ယူဆတဲ့အချက်တွေကိုလည်း လိုက်နာမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံအပေါ် တဖက်သတ်စွပ်စွဲမှုဖြစ်သလို လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို များစွာထိခိုက်စေတယ်လို့လည်း ပြောခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ICJ #ရိုဟင်ဂျာ #လူမျိုးတုံးသတ်ဖြတ်မှု #မင်းအောင်လှိုင် #စီရင်ချက် #WhatsHappeningInMyanmar

😁37❤12🤔2😭1
ဒူတာတေး ICC မှာ တရားရင်ဆိုင်ရပြီ
ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။
လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသော ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် တနင်္လာနေ့တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
ယင်းအမှုသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဆယ်စုနှစ် နှစ်ခုကျော် သက်တမ်းအတွင်း လူစိတ်ဝင်စားမှု အမြင့်ဆုံးအမှုတခုဖြစ်ပြီး တရားရုံး၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံရပြီးနောက်ပိုင်း အကြီးမားဆုံးအမှုလည်း ဖြစ်သည်။
စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ကျူးကျော်စစ်ဆင်နွှဲမှု ရာဇဝတ်မှုများကို အဖွဲ့ဝင်နိုင်ငံများက ကိုယ်တိုင်တရားစွဲဆိုရန် ဆန္ဒမရှိသည့်အခါ သို့မဟုတ် မစွမ်းဆောင်နိုင်သည့်အခါ တဦးချင်းစီကို အရေးယူနိုင်ရန် ICC ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
အဖွဲ့ဝင် ၁၂၅ နိုင်ငံ၏ နယ်မြေအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံသားများက အခြားနေရာများတွင် ကျူးလွန်သည့် အမှုများကို တရားစွဲဆိုနိုင်သည်။ ဥရောပသမဂ္ဂ (EU) ၂၇ နိုင်ငံလုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြား ပါဝင်သော်လည်း အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့ မပါဝင်ပေ။ ပါလက်စတိုင်းသည် ကုလသမဂ္ဂ အပြည့်အဝအဖွဲ့ဝင် မဟုတ်သော်လည်း ICC အဖွဲ့ဝင်ဖြစ်ပြီး အစ္စရေးကမူ အဖွဲ့ဝင်မဟုတ်ပေ။ ဒူတာတေး၏ အမှုတွင် ၎င်း၏ သက်တမ်းတဝက်၌ ဖိလစ်ပိုင်နိုင်ငံ နုတ်ထွက်ခြင်းမပြုမီ ကျူးလွန်ခဲ့ခြင်းဖြစ်၍ တရားရုံးက စီရင်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။
တရားရုံးတွင် အမှုပေါင်း ၃၄ မှု ရှိခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအပါအဝင် ပြစ်ဒဏ်ချမှတ်မှု ၁၅ ခု ရှိခဲ့သည်။ ယင်းတို့အနက် ၁၀ ဦးမှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မာလီ၊ ဆူဒန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ယူဂန်ဒါတို့မှ အာဖရိက လက်နက်ကိုင်ခေါင်းဆောင်များ ဖြစ်သည်။
ICC တရားသူကြီးများသည် ဖမ်းဝရမ်း ၆၈ စောင် ထုတ်ပြန်ထားပြီး သံသယရှိသူ ၃၄ ဦး လွတ်မြောက်နေဆဲဖြစ်သည်။ ဒူတာတေးသည် အာဏာရနေစဉ် ကျူးလွန်မှုဖြင့် တရားရုံးရှေ့မှောက် ရောက်ရှိလာသည့် ဒုတိယမြောက် နိုင်ငံ့ခေါင်းဆောင်ဟောင်းဖြစ်ပြီး ပထမတဦးမှာ ၂၀၁၉ ခုနှစ်တွင် တရားသေလွတ်မြောက်ခဲ့သည့် အိုင်ဗရီကို့စ်သမ္မတဟောင်း လောရင့် ဘတ်ဘို ဖြစ်သည်။
လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ခေါင်းဆောင် ၄ ဦးဖြစ်သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အာဖဂန်နစ္စတန် တာလီဘန်ခေါင်းဆောင် ဟီဘာတူလာ အခွန်ဇာဒါနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ICC ဖမ်းဝရမ်း နှင့် ရင်ဆိုင်နေရသည်။ ကင်ညာသမ္မတ ဝီလျံ ရူတိုနှင့် ယခင်သမ္မတ အူဟူရူ ကင်ညာတာတို့သည် ရာထူးမရမီက စွဲချက်များဖြင့် တရားရုံးသို့ လာရောက်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အမှုပိတ်သိမ်းခံခဲ့ရသည်။ ဆူဒန်သမ္မတဟောင်း အိုမာ အယ်လ်ဘရှားနှင့် ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီတို့သည်လည်း ဖမ်းဝရမ်းထုတ်ခံခဲ့ရဖူးသည်။
အမေရိကန်သည် ICC အဖွဲ့ဝင် မဟုတ်သည့်အပြင် ထရမ့်အစိုးရက တရားရုံးကို အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကာ ပြင်းထန်စွာ ကန့်ကွက်ထားသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ခြင်းနှင့် အာဖဂန်နစ္စတန် စုံစမ်းစစ်ဆေးမှုတွင် အမေရိကန်တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို ထည့်သွင်းစစ်ဆေးခြင်းကြောင့် ဝါရှင်တန်က အထူးဒေါသထွက်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထရမ့်က ICC ကို "စည်းမဲ့ကမ်းမဲ့ အဖွဲ့အစည်း" နှင့် "လူဆိုးအုပ်စု" ဟု ခေါ်ဆိုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ နုတ်ထွက်ရန် တိုက်တွန်းခဲ့သည်။ ထရမ့်သည် ပထမသက်တမ်းအတွင်း တရားရုံးအရာရှိအချို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ယခုနှစ်တွင်မူ တရားရုံးတခုလုံးကို ပိတ်ဆို့အရေးယူခဲ့သည်။
ICC ကမူ အမေရိကန်၏ ဝေဖန်မှုကို ပယ်ချခဲ့ပြီး ယင်းပိတ်ဆို့မှုများသည် နိုင်ငံတကာ တရားမျှတမှုမူဝါဒကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ကိုးကား။ ။ The Independent သတင်း Rodrigo Duterte goes on trial: What is the International Criminal Court?

👍45❤6😁3
ငွေလဲသမားတချို့ အဖမ်းခံရ ဒေါ်လာဈေး အနည်းငယ်ပြန်ကျ
ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆
ရန်ကုန်မြို့တွင် တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်မှုဖြင့် ငွေလဲလုပ်ကိုင်သူတချို့ကို အာဏာသိမ်းအစိုးရက ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဒေါ်လာဈေးနှုန်းမှာ ယမန်နေ့က တဒေါ်လာ ၅,၅၀၀ ကျော်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၅,၄၀၀ ကျပ်သို့ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အလားတူ ယမန်နေ့က ထိုင်းတဘတ်လျှင် ၁၆၇ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယနေ့ ၁၅၇ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ပြီး တရုတ်တယွမ်လျှင် ၈၃၀ ကျပ်ဝန်းကျင်မှ ၈၀၀ ဝန်းကျင်သို့ ကျဆင်းလာခဲ့သည်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ကုန်ဈေးနှုန်းနှင့် ငွေလဲနှုန်းမြင့်တက်မှုများမှာ နိုင်ငံခြားငွေကိုင်ဆောင်ထားသူများ၏ ဈေးကစားမှုကြောင့် ဖြစ်ကြောင်း အပြစ်တင် ပြောဆိုခဲ့သည်။
ယင်းနောက် ဗဟိုဘဏ်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေရောင်းဝယ်သည်ဟုဆိုကာ ရန်ကုန်မြို့ ဆူးလေဘုရား လူကူးခုံးကျော်တံတားအနီးတွင် နိုဝင်ဘာ ၂၁ ရက်က ရာဂျာ (ခ) အောင်ချိုထွန်းနှင့် ပန်းပဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် နိုဝင်ဘာ ၂၂ ရက်က မိုဟာမက်ယူနုစ် (ခ) မောင်မောင်လွင်တို့ကို နိုင်ငံခြားငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။

😁40❤8👍3😱1
အာဏာသိမ်းအစိုးရ၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ တနင်္သာရီတိုင်း၌ ကရင်အမျိုးသား အစည်းအရုံး (KNU)က မူလရှိနေသည့် တပ်မဟာ ၄အပြင် အထူးလှုပ်ရှားနယ်မြေ အဖြစ်သတ်မှတ်ကာ တပ်မဟာ ၉ ကို အသစ်ထပ်မံ ဖွဲ့စည်းလိုက်သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/27/417902.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/27/417902.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
တနင်္သာရီမြောက်ပိုင်းမှာ KNU တပ်မဟာသစ် ဘာကြောင့်ဖွဲ့သလဲ
စီးပွားရေးအရအရေးပါသည့် သဘာဝဓာတ်ငွေ့လုပ်ကွက်များတည်ရှိရာ တနင်္သာရီတိုင်းမြောက်ပိုင်း၌ စစ်ရေးနှင့် အုပ်ချုပ်ရေး ပိုမိုကျစ်လစ်ခိုင်မာစေရန် ရည်ရွယ်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) က အထူး လှုပ်ရှားနယ်မြေအဖြစ် တပ်မဟာ ၉ ကို အသစ် ထပ်မံ ဖွဲ့စည်း
👍30❤7😁4
မြဝတီမြို့ သောင်ရင်းမြစ်ကမ်းက ကျားဖြန့်ရုံများ စစ်တပ်ဝင်စီး တရုတ်ရာချီ ထွက်ပြေး
ဧရာဝတီ၊ နိုဝင်ဘာ ၂၇ ၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် သောင်ရင်းမြစ်ကမ်းနားရှိ ကျားဖြန့်ရုံများကို ယနေ့ နေ့လယ်ပိုင်း၌ စစ်တပ်က ဝင်ရောက်စီးနင်းသောကြောင့် တရုတ်နိုင်ငံသားများအပါအဝင် ကျားဖြန့်လုပ်သား ရာချီ ထွက်ပြေးကြကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်က ဝင်စီးသည့်နေရာများသည် ထိုင်း-မြန်မာ ၁၃ ဂိတ်အနီး သောင်ရင်းမြစ်တဖက်ကမ်းရှိ ဟိုတယ်အဆောက်အဦနေရာများဖြစ်သည့် ဟိတ်စိန့် ကာစီနိုနှင့် ကျားဖြန့် အဆောက်အအုံဝင်းများဖြစ်ပြီး နေ့လယ် ၁ နာရီခန့် အချိန်၌ ကျားဖြန့်များ ရာချီထွက်ပြေးနေကြသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတဦးက '' ဟိတ်စိန့် ကျားဖြန့်ကို စစ်တပ်က အခုပဲဝင်စီးတာ ။ ကျားဖြန့် တရုတ်တွေ သောင်ရင်းမြစ်တွေထဲပါ ခုန်ချထွက်ပြေးကြတယ် ။ ဟိတ်စိန့် ရော ဂရန်းမြဝတီ (Grand Myawaddy)ရော စစ်တပ်ဝင်စီးတာ '' ဟု ပြောသည် ။
မြဝတီမြို့ရှိ ကျားဖြန့်များဆိုက်တချို့ကို စစ်တပ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စီးနင်းမှုများပြုလုပ်ခဲ့သော်လည်း ယခုနှစ်စပိုင်းမှစ၍ မြဝတီ၌ ကျားဖြန့်များ ပြန်လုပ်ကိုင်နေရာ ယခုတဖန် ထပ်မံစီးနင်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။
အမေရိကန်ပြည်သူများ နှစ်စဉ်ဒေါ်လာဘီလီယံနှင့်ချီ ဆုံးရှုံးနေရသော မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့် ) စင်တာများကို ဖြိုခွင်းသွားမည်ဟု မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမေရိကန်၏ ၄ နှစ်တာ မဟာဗျူဟာ ကြေညာခဲ့ပြီးနောက် မြဝတီမြို့၌ ကျားဖြန့်များ ပြန်လည်ခေါင်မထောင်လာစေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က မြန်မာအာဏာသိမ်းအစိုးရ တာဝန်ရှိသူများကို ယခုလဆန်းပိုင်းတွင် အထူးသတိပေးထားသည် ။

😁50❤8👍5🤔1
အမှန်တရား ရှင်သန်နိုင်ရေးအတွက် ဧရာဝတီနှင့်အတူ ရပ်တည်ပါ
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ အဘက်ဘက်က ဖိနှိပ်တိုက်ခိုက်ခံနေရပေမယ့်ဧရာဝတီကတော့ သတင်းကျင့်ဝတ်နဲ့အညီ မကြောက်မရွံ့ မျက်မှောက်သမိုင်းကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်နေပါတယ်။
ဒီနေ့အထိ ဧရာဝတီ ကြံ့ကြံ့ခံ ရပ်တည်နိုင်တာဟာ ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့ အားပေးဝန်းရံမှုကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာအဖြစ် ရပ်တည်သွားနိုင်ဖို့ ပရိသတ်တွေရဲ့ ဆက်လက်ပံ့ပိုးမှုဟာ အရေးကြီးပါတယ်။
သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ရုန်းကန်တိုက်ပွဲဝင်နေတဲ့ ခရီးမှာ ကျနော်တို့နဲ့အတူ လက်တွဲပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ အမှန်တရား မပျောက်ကွယ်သွားဖို့ ဧရာဝတီကို ဝိုင်းဝန်းကူညီပေးကြပါ။
https://www.irrawaddy.com/donation

👍40❤7😁5👎1