The Irrawaddy - Burmese
✔
74.9K subscribers
38.9K photos
2.52K videos
3 files
18.3K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
နတ်ရေကန်သို့လာသော စစ်ကြောင်း AA ဖြတ်တိုက်၍ ၃၀ ကျော်သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းမြို့တို့ကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းဟောင်းပေါ် ရခိုင်အစပ်ရှိ နတ်ရေကန်တောင်ကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်အား ယမန်နေ့ နံနက်အစောပိုင်းက ပဇီနှင့် ဂုတ်ကြီးကျေးရွာဝန်းကျင်တွင် အာရက္ခတပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ရာ အကျအဆုံးများပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း AA နှင့်နီးစပ်သူများထံမှ သိရသည်။

AA နှင့်နီးစပ်သူတဦးက"AA က ပိတ်ဆို့ထားတဲ့ နတ်ရေကန်တောင်က လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကို စစ်ကူပေးနိုင်ဖို့ လမ်းကြောင်းနှစ်ခုက ထိုးစစ်ဆင်လာတာ။ အဲဒါကို ကျနော်တို့ ကြားဖြတ်တိုက်ခိုက်တာ"ဟု ဧရာဝတီကို ပြောသည်။

ပဇီကျေးရွာဘက်မှ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်ကြောင်းတွင် အင်အား ၄၀၀ ခန့် ပါဝင်ကြောင်း၊ထိုစစ်ကြောင်းသည် ပဇီ၊ ဂုတ်ကြီးဘက်မှ နတ်ရေကန်တောင်ဘက်သို့ နှစ်ဖက်ခွဲ၍ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ AA ဘက်မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်များကို မကွေးတိုင်း ပဒါန်းမြို့ရှိ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အစခ-၉၀၅) သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး အမ်းမြို့နယ် တလိုင်းတောင်နှင့် မကွေးတိုင်း သဖန်ရောင်ရိုးမလမ်းကြားရှိ ငကုန်းကျေးရွာဘက်တွင်လည်း တိုက်ပွဲများ ဖြစ်နေသည်ဟု AA နှင့်နီးစပ်သူထံက သိရသည်။

သတင်း-မောင်လူအေး
ပုံစာ-AA တပ်ဖွဲ့ဝင်များ

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤48👍23😁5😭1
❤16👍12😱6😁2
မြန်မာက မီးပုံးပျံ ထိုင်းမြောက်ပိုင်း ချင်းမိုင်ဘက် ကျလာ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မြန်မာနိုင်ငံ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်က လွှတ်တင်လိုက်သည့် မီးပုံးပျံကြီးတလုံး ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့နယ်ရှိ နေအိမ်ပေါ်သို့ ယနေ့ နံနက်က ကျရောက်ခဲ့ကြောင်း အိမ်ရှင်ဖြစ်သူက ဓာတ်ပုံနှင့်တကွ လူမှုကွန်ရက်တွင် ဖော်ပြသည်။

“မြန်မာနိုင်ငံဘက်ကနေ လွင့်ပျံလာတဲ့ မီးပုံးပျံအကြီးကြီးတလုံး ကျနော်တို့အိမ်ပေါ်ကို ကျရောက်ခဲ့ပါတယ်။ တော်သေးတာက ဘာတခုမှ ပျက်စီးတာမျိုး မရှိသလို ဘယ်သူမှလည်း ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး”ဟု ၎င်းက ရေးသားထားသည်။

အလားတူ ယမန်နှစ် ဒီဇင်ဘာ ၁၉ ရက်ကလည်း ကရင်ပြည်နယ်မှ လွှတ်တင်လိုက်သည့် ကရင်ရိုးရာအလံနှင့် အဝတ်အထည်များ ချိတ်ဆွဲထားသော အချင်း ၁၀ မီတာကျော် မီးပုံးပျံကြီးတလုံး ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်သို့ ကျရောက်ခဲ့ဖူးသည်။

ဓာတ်ပုံ- Joshua Khoo
👍28❤17😁7🤔2😱1
• နတ်ရေကန်တောင်ကို စစ်ကူလာတဲ့ စစ်တပ် AA ဖြတ်တိုက်လို့ အကျအဆုံးများ
• မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့ ထရမ့်အစိုးရကို အမေရိကန်လွှတ်တော်အမတ် ရှုတ်ချ
• မြဝတီက ကျားဖြန့်ရုံတွေ စီးနင်းခံရပြီး တရုတ်တွေရာနဲ့ချီ ထွက်ပြေး
• စစ်မှုထမ်းအကြောင်းပြငွေညှစ်မှုရှိနေကြောင်း စစ်အုပ်စုဝန်ခံ
• ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး ကွယ်လွန်
• ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC စတင်စစ်ဆေးမယ်

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆
https://youtu.be/SvtzHv5Du7Q

#မြန်မာ #ဧရာဝတီ #နတ်ရေကန်တောင် #မကွေး #AA #မြန်မာစစ်အုပ်စု #ထရမ့်အစိုးရ #အမေရိကန်လွှတ်တော် #မြဝတီ #ကျားဖြန့် #တရုတ် #စီးနင်း #စစ်မှုထမ်း #ဒေါ်အောင်ဆန်းစုကြည် #စားဖိုမှူး #ဒူတာတေး #ICC #ဖိလစ်ပိုင် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍35❤6😁1
ရန်ကုန်က ကျားဖြန့်ဂိုဏ်းတွေ နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲ

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ပေါ်က လူချမ်းသာရပ်ကွက်တွေမှာ အခြေစိုက်လည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဖမ်းမိတဲ့အကြောင်း စစ်အစိုးရဘက်က အခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ် ဖော်ပြလာတာတွေ့ရပါတယ်။

ထုတ်ပြန်တဲ့ စာရင်းတွေအရ နိုဝင်ဘာလ တလတည်းမှာတင် ရန်ကုန်မြို့ပေါ်က ကျားဖြန့်လုပ်ငန်းခွင် ၃ ခုကို ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေ အပါအဝင် လူပေါင်း ၂၃၀ နီးပါးကို ဖမ်းဆီးခဲ့တာပါ။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က အခုလို ငွေလိမ်ဂိုဏ်းတွေကို အဖမ်းပြနေပေမယ့် ဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ စစ်တပ်ရဲ့ အရာရှိကြီးတွေ ပါဝင်ပတ်သက်နေတယ်လို့ ကျားဖြန့်အရေး
လေ့လာစောင့်ကြည့်နေသူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

https://youtu.be/IB2YmNzneQI

#မြန်မာ #ဧရာဝတီ #ကျားဖြန့် #ရန်ကုန် #WhatsHappensInMyanmar
👍39❤3😁3👎1
မန္တလေးမြေဈေးမှာ ဝယ်လိုက်ရောင်းလိုက်လုပ်နေတာ တရုတ်တွေအများဆုံးပဲ သူတို့ငွေကြေးက မာတော့ ဝင်ကစား ကြတာပေါ့၊ ဈေးကွက်ထဲ ကြီးကြီးမားမား ရင်းနှီးနိုင်တာ သူတို့ပဲဆိုတော့ နေရာကောင်းတော်တော်များများက သူတို့ လက်ထဲမှာ ရှမ်းမြောက်ဘက်က ဝတို့ ကိုးကန့်တို့လို့ ရှမ်းတရုတ်တွေက အများဆုံးပေါ့၊ တချို့ ပြည်မတရုတ်တွေ ကလည်း ကြားခံနိုင်ငံသားနာမည်တွေနဲ့ ဝယ်နေကြတာ၊ အဲဒီတော့ မြန်မာပြည်ရဲ့ မြေသူဌေးတွေက တရုတ်တွေ အများဆုံး ဖြစ်နေတာပဲ

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/27/417920.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍35❤7😭3😁1
😭31😁7👎3❤1
ဆင်ပေါင်ဝဲမြို့နယ် စာသင်ကျောင်း ဗုံးကြဲခံရ ကလေးငယ်များအပါအဝင် ၃၀ ကျော် သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဧရာဝတီမြစ်အရှေ့ခြမ်း အမှတ် ၈ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၈)ရှိရာ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာ စာသင်ကျောင်းကို ယမန်နေ့က လေကြောင်းမှ ဗုံးနှစ်လုံး ကြဲချသဖြင့် ကလေးငယ်များအပါအဝင် ၃၀ နီးပါး သေဆုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

နေ့လယ်ပိုင်း စာသင်နေချိန် ရုတ်တရက်ဗုံးကြဲခံရသဖြင့် သေဆုံးသူများထဲတွင် ကလေးငယ် ၂၀ ကျော်ပါဝင်ပြီး ဗုံးကြဲပြီးနောက် ကိုးပင်ကျေးရွာအနီးရှိ ကပစ ၈ မှ ဟောင်ဝစ်ဇာများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“တန်ဆောင်တိုင်ကျောင်းပိတ်ထားပြီး ပြန်ဖွင့်တဲ့အချိန် ဗုံးနှစ်လုံး ကြဲချသွားတာ၊ ကျောင်းသားလေးတွေ ထိတာ တော်တော်များတယ်၊ လေကြောင်းနဲ့ တိုက်ပြီးတော့ ကပစ ၈ ဘက်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေလို့ ကယ်ဆယ်ရေးတွေလည်း မလုပ်နိုင်သေးဘူးလို့ သိရတယ်၊ ဆရာမ တယောက်လည်း လက်ပြတ်ပြီးတော့ ထိတာ ၅၀ ကျော်လောက်ရှိတယ်လို့ သိရတယ်”ဟု အောင်လံခရိုင်ပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

အင်ရုံကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ အခြေချခြင်းမရှိသော်လည်း လမ်းကြောင့်သင့်၍ ဖြတ်သန်း သွားလာခြင်းမျိုးရှိသဖြင့် PDF တပ်ဖွဲ့များ ရောက်ရှိနေသည့်သတင်းအမှားကြောင့် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

လက်ရှိအချိန်ထိ စစ်တပ်က ကူညီကယ်ဆယ်ရေးအဖွဲ့များအား ဝင်ရောက်ကယ်ဆယ်ခွင့်ပိတ်ထားသဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများကိုပင် ကောက်ယူနိုင်ခြင်းမရှိသေးသလို လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်မှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭73❤10😱4👎3🤔1
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆

ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။

Caption - အဖတ်ဆယ်သူများ…

https://bit.ly/3YoVFJM
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤26👍11😁4
စစ်တပ်ဖန်တီးနေတဲ့ ထောင်ချောက်ကို သတိထားကြဖို့ တိုက်တွန်း

ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆

ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မော်လမြိုင်အပါအဝင် မြို့ကြီးတွေမှာ အာဏာသိမ်းစစ်တပ်က ကြိုးကိုင်ထားတဲ့ အမျိုးသားရေးအဖွဲ့တွေနဲ့ စစ်တပ်ထောက်ခံသူတွေဟာ လူမျိုးရေးအမုန်းတရား ပိုမိုပျံ့ပွားစေမယ့် ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် ပြည်သူလူထုအနေနဲ့ သတိထားကြဖို့ ဘာသာရေးအစုအဖွဲ့တွေက သတိပေးပြောဆိုလာပါတယ်။

စစ်တပ်ဟာ သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ဖို့ လူမျိုးရေးနဲ့ ဘာသာရေးကို လက်နက်သဖွယ် အသုံးချနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ထောင်ချောက်ထဲ မကျရောက်ကြဖို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း သတိပေးထားပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာ တရားရုံး (ICJ) က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဒါဟာ နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

သမ္မတနေရာကို ကိုယ်တိုင်ဖန်တီးရယူထားတဲ့ အာဏာသိမ်းခေါင်းဆောင်ဟာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဆုံးဖြတ်ခံထားရတဲ့ အဲဒီဖြစ်စဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်အဖြစ် အဓိက အမိန့်ပေးခဲ့သူဖြစ်ပြီး၊ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံသလို လိုက်နာဖို့ မသင့်ဘူးလို့ ယူဆတဲ့အချက်တွေကိုလည်း လိုက်နာမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။


https://youtu.be/QJ_YrqiV1UQ


#မြန်မာ #ရိုဟင်ဂျာ #မင်းအောင်လှိုင် #ICJ #WhatsHappensInMyanmar
👍45❤14😁2😭1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရဲ့ စစ်အာဏာရှင်ကို အလိုလိုက် အကြိုက်ဆောင်ကြတဲ့ ပညာရှင် ဆိုသူများအကြောင်း ဆောင်းပါးကို တင်ဆက်ထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/28/417909.html
👍25❤7😁2
၂၀၂၂ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဗီယက်နမ် လုပ်ငန်းများ အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2022/09/01/254255.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍30😁5
Media is too big
VIEW IN TELEGRAM
အမေရိကန်နာမည်ကျော်ခွေးပြိုင်ပွဲမှာ Rocker အနိုင်ရ

နိုဝင်ဘာ ၂၈၊ ၂၀၂၆

အမေရိကန်နိုင်ငံရဲ့ ၂၀၂၆ National Dog Show မှာ Rocker လို့အမည်ရတဲ့ Coonhound မျိုးစိတ် ခွေးတကောင်က Best in Show ဆုကြီးကို ဆွတ်ခူးသွားပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #dog #show #rocker
❤22👍8😁2
👍20😁2❤1
ထရမ့် "မိတ်ဆွေ" ပူတင်အား ဟစ်တလာနှင့် ဇယ်လန်းစကီး ခိုင်းနှိုင်း

ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်အား "ကျနော့် မိတ်ဆွေ" ဟု ခေါ်ဝေါ်ခဲ့ခြင်းမှာ ထူးဆန်းပြီး ဒုတိယကမ္ဘာစစ်အတွင်း အဒေါ့ဖ်ဟစ်တလာအပေါ် ထိုသို့မှတ်ချက်ပေးခြင်းနှင့် အလားတူပင်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က သောကြာနေ့ BBC နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။

"သူဟာ ကျူးကျော်သူ... ပြီးတော့ လူသတ်သမားပါ။ သူဟာ မိတ်ဆွေ မဖြစ်နိုင်ပါဘူး" ဟု ၎င်းက အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။ "ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာကို မိတ်ဆွေကောင်းတယောက်ပါလို့ တယောက်ယောက်က ပြောနေတာနဲ့ အတူတူပါပဲ။ မဟုတ်ပါဘူး၊ သူဟာ မိတ်ဆွေမဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတခု၌ ထရမ့်က ပူတင်အား "မိတ်ဆွေ" အဖြစ် ဖက်လဲတကင်း ကြိုဆိုခဲ့ပြီး တပတ်အကြာတွင် ဇယ်လန်စကီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးအပြီး ရက်အနည်းငယ်အကြာတွင် ထရမ့်သည် ၎င်းတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံကို ၎င်း၏ Truth Social လူမှုကွန်ရက်ပလက်ဖောင်းပေါ်တွင် တင်ခဲ့ပြီး "ကျနော့် မိတ်ဆွေ" ဟု ခေါင်းစဉ်တပ်ခဲ့သည်။

ထရမ့်နှင့် ဇယ်လန်းစကီးတို့၏ ဆက်ဆံရေးသည် ကာလကြာရှည်စွာ အဆင်မပြေဖြစ်နေခဲ့ပြီး အမှတ်တရအဖြစ်ဆုံးမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အိမ်ဖြူတော် ရုံးခန်း၌ အမေရိကန်သမ္မတက ၎င်းအား ပြစ်တင်ဝေဖန်ခဲ့ချိန်တွင် လူသိရှင်ကြား ပြိုကွဲပျက်စီးခဲ့ခြင်းဖြစ်သည်။

မကြာသေးမီကလည်း စွမ်းအင်စရိတ်များ မြင့်တက်လာရခြင်းမှာ ရုရှားရေနံချက်စက်ရုံများကို ယူကရိန်းက တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထရမ့်က အပြစ်တင်ခဲ့ပြီး ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့များ ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သလို ဇယ်လန်းစကီးကလည်း ထရမ့်၏ ရပ်တည်ချက်သည် ယူကရိန်းအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် အားပေးရာရောက်နေကြောင်း ပြောကြားခဲ့သဖြင့် ၎င်းတို့နှစ်ဦးအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အခြေအနေနှင့်ပတ်သက်၍ BBC အင်တာဗျူးတွင် မေးမြန်းရာ၌ ဝါရှင်တန်အနေဖြင့် ပိုမိုခိုင်မာပြတ်သားသော ရပ်တည်ချက်ထားရှိရန် လိုအပ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

"အမေရိကန်ရဲ့ ရပ်တည်ချက်ဟာ အမေရိကန်ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်ပဲ ဖြစ်ဖို့ လိုအပ်ပါတယ်" ဟု ဇယ်လန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။ "ရုရှားဆီက ရနိုင်တာမျိုးတွေကို အမေရိကန်ပြည်ထောင်စုဆီကနေ ကျနော်တို့ မလိုချင်ပါဘူး"

တချိန်တည်းမှာပင် ရုရှား၏ ပဲ့ထိန်းဒုံးကျည်များကို ဟန့်တားနိုင်မည့် ငွေပေးချေထားပြီးသား Patriot ဒုံးကျည်များကို ပင်တဂွန်စစ်ဌာနချုပ်က ယူကရိန်းသို့ ပေးပို့ခြင်းမရှိကြောင်းနှင့် ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးနှင့် ဆက်သွယ်ရေးတို့၏ ကျောရိုးဖြစ်သော SpaceX ၏ စစ်ဘက်ဆိုင်ရာ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုမှာလည်း ကောင်းစွာအလုပ်မလုပ်ကြောင်း ဇယ်လန်းစကီးက ညည်းညူပြောဆိုခဲ့သည်။

ရုရှား၏ ကျူးကျော်မှုကို တွန်းလှန်ရာတွင် ယူကရိန်းအား ဆက်လက်ကူညီသွားမည်ဟု ဥရောပက ယခင်က ကတိပြုခဲ့သည်။ သို့သော် လာမည့်နှစ်အတွက် ယူကရိန်း၏ စီးပွားရေးနှင့် စစ်ရေးလိုအပ်ချက်များအတွက် ချေးငွေအသစ် ဒေါ်လာ ၄၉ ဘီလီယံ ပေးအပ်ရေးနှင့်ပတ်သက်၍ တင်းမာသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များသည် ကြာသပတေးနေ့တွင် သဘောတူညီချက် မရရှိခဲ့ပေ။

လာမည့် ၁၂ လအတွင်း ကျင်းပမည့် EU ရွေးကောက်ပွဲများသည် ယူကရိန်းသို့ ငွေကြေးထပ်မံပေးပို့ရန် တွန့်ဆုတ်နေသည့် ပါတီများ၏ ဩဇာလွှမ်းမိုးမှုကို မြင့်တက်စေနိုင်ပြီး ဥရောပတိုက်၏ ထောက်ခံမှုကို အားနည်းသွားစေနိုင်သည်။

ကိုးကား။ ။ BBC သတင်း Zelensky tells BBC US too focused on Middle East and not pushing Russia hard enough

ပုံစာ - ၂၀၂၅ မတ်လ ဒူဆယ်ဒေါ့ဖ်မြို့တွင် ကျင်းပသည့် Rose Monday (Rosenmontag) ပွဲတော်စီတန်းလှည့်လည်ပွဲအတွင်း ယူကရိန်းကို ချေမှုန်းရန် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ကို လှောင်ပြောင်သရုပ်ဖော်ထားပုံ/ AFP
👍34❤11😁2
😁25🤔2😭1