အပြစ်ကျူးလွန်တဲ့ တပ်သားတွေကို အရေးယူခဲ့တယ်လို့ AA ပြော (ရုပ်/သံ)
ဧရာဝတီ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅
စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော် (AA) ရဲ့တပ်သားတွေကရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ရုပ်/သံဖိုင်ကိုနှစ်ခုအခြေခံပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေနဲ့ AA ကိုစုံစမ်းစစ်ဆေးဖို့ အရှေ့တောင်အာရှအခြေစိုက်Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက် မှာထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ရုပ်သံဖိုင်နှစ်ခုရရှိထားပြီးတခုကိုလူမှုကွန်ရက်စာမျက်နှာမှာ ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်နေ့ကတွေ့ရှိခဲ့ရပြီးနောက်တခုကိုတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ မှာ လက်ခံရရှိပြီးနောက် ၄ရက်အကြာဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICC ကို စုံစမ်းစစ်ဆေးဖို့တိုက်တွန်းတဲ့စာထုတ်ပြန်ခဲ့တာလို့ သူတို့ရဲ့ထုတ်ပြန်ချက်အရနားလည်ရပါတယ်။AA ကတော့ ဒီဖြစ်စဉ်ကိုသူတို့အဖွဲ့ကအောက်ခြေတပ်သားတွေ ဒေါသမထိန်းနိုင်ဘဲလုပ်ဆောင်ခဲ့တာလို့ ဝန်ခံပြောကြားထားပါတယ်။
ကျောက်တော်မြို့ကစစ်ကောင်စီတပ်သားတွေကို သတ်ဖြတ်ရာမှာပါဝင်တဲ့သူတွေကိုဖော်ထုတ်ပြီး အရေးယူမှုတွေပြုလုပ်ထားပြီလို့ပြောထားပေမယ့်ဘယ်လိုပုံစံမျိုးအရေးယူထားတယ်ဆိုတာကို
တော့မသိရသေးပါဘူး။ဒီဖြစ်စဉ်အပါဝင် AA က ရိုဟင်ဂျာအရပ်သားတွေကိုကျူးလွန်တဲ့အမှုတွေကြောင့်လည်း လု့ပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီး ICCကစုံစမ်းသင့်တယ်လို့ Fortify Rights အဖွဲ့ကဥပမာအနေနဲ့ ထောက်ပြထားတာပါ။
လူမျိုးရေးဘာသာရေးပဋိပက္ခတွေပြင်းထန်နေတဲ့အပြင် စစ်ရေးအခြေအနေရှုပ်ထွေးနေတဲ့ ရခိုင်ပြည်နယ်မှာ ပြင်ပမှာရှိနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မြေပြင်မှာရှိနေတဲ့ အာရက္ခတပ်တော် အကြားစွပ်စွဲမှုတွေအပြန်အလှန်ပြောဆိုမှုတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပေမယ့်လည်းမြေပြင်အခြေအနေကို အတည်ပြုနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
https://youtu.be/RvskYdIPErg
#မြန်မာ #ဧရာဝတီ #AA #စစ်ကောင်စီတပ်သား #ICC #FortifyRights
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

YouTube
အပြစ်ကျူးလွန်တဲ့ တပ်သားတွေကို အရေးယူခဲ့တယ်လို့ AA ပြော (ရုပ်/သံ)
ဧရာဝတီ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅
စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော် (AA) ရဲ့တပ်သားတွေကရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ရုပ်/သံဖိုင်ကိုနှစ်ခုအခြေခံပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေနဲ့ AA ကိုစုံစမ်းစစ်ဆေးဖို့ အရှေ့တောင်အာရှအခြေစိုက်Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃…