The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
• မြန်မာနိုင်ငံကို Pay စနစ်နဲ့ ငွေလွှဲလို့ မရတော့ဘူးလား

• ဂျပန်ပို့မယ်ဆိုပြီး သိန်းရာနဲ့ချီလိမ်တဲ့ ပွဲစား ထိုင်းမှာဖမ်းမိ

• မြန်မာမှာ လူကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံသား နှစ်ထောင်ကျော်ကို ကယ်ထုတ်ထား

• မြန်မာလိဂ်က ကစားသမားတဦး ပျောက်ဆုံးနေ

• ကလေးတွေ ဆိုရှယ်မီဒီယာ စွဲလမ်းစေမှုအတွက် Facebook လျှော်ကြေးပေး

နေ့စဉ်သတင်း၊ ဩဂုတ် ၂၇၊ ၂၀၂၆

https://youtu.be/TCs3IJo3ckA
#မြန်မာ #ဧရာဝတီ #Pay #ဂျပန် #ပွဲစား #လူကုန်ကူး #ကျားဖြန့် #အိန္ဒိယ #မြန်မာလိဂ် #Facebook #နေ့စဉ်သတင်း #DailyNews #WahtsHappeningInMyanmar
👍30❤3👎1🤔1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံကို Pay စနစ်နဲ့ ငွေလွှဲလို့ မရတော့ဘူးလား

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကြားမှာ မိုဘိုင်းအွန်လိုင်းငွေပေးချေမှုစနစ် (Pay) တွေကို ဩဂုတ် ၂၈ ရက်ကစလို့ အသုံးပြုလို့မရတော့ဘူးဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာပြီးတဲ့နောက် စိုးရိမ်မှုတွေ မြင့်တက်နေကြ ပါတယ်။

မိုဘိုင်းငွေပေးချေစနစ်တွေဖြစ်တဲ့ K-pay၊ ဧရာ Pay၊ CB Pay နဲ့ Wave Pay တို့လို စနစ်တွေကို ပြည်ပမှာ ဆက်လက်အသုံးပြုလို့ ရ၊ မရ နဲ့ပတ်သက်ပြီး မသေချာမှုတွေ ဖြစ်ပေါ်နေကြတာပါ။

Pay စနစ်တွေကို ပြည်ပကနေ ဆက်လက်အသုံးပြုခွင့်မရအောင် ဩဂုတ် ၂၈ ရက်နေ့ နောက်ဆုံးထားပိတ်ဖို့ ညွှန်ကြားထားတယ် ဘဏ်နဲ့နီးစပ်သူတဦးကလည်း ဧရာဝတီကို ပြောပါတယ်။ ဒီအချက် အလက်ကို အတည်ပြုနိုင်ဖို့ ဗဟိုဘဏ်ကို ဧရာဝတီက ဆက်သွယ်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #Pay #Kpay #AYAPay #WavePay #အွန်လိုင်းငွေပေးချေမှုစနစ် #WhatsHappeningInMyanmar
👍19😁8😱6❤4