The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
စစ်တပ်ဟာ လက်နက်ကိုင်ခြိမ်းခြောက်တဲ့ အုပ်စုတစုသာဖြစ်တယ် (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အာဏာသိမ်းမှုကိုလက်မခံဘဲ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့သူတွေဟာလည်း ၄ နှစ်တာကာလကို ဖြတ်သန်းရောက်ရှိလာခဲ့ပါပြီ။

CDM မှာပါဝင်ခဲ့ကြတဲ့ တချို့ဟာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်တာ၊ တချို့က နယ်စပ် မြို့တွေမှာ တိမ်းရှောင်ပြီးရရာအလုပ်ကို လုပ်ကိုင်နေကြရတာအပြင် တဦးတယောက်စီတိုင်းဟာ ခက်ခဲတဲ့ လူနေမှုအခြေအနေတွေကို ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။

ဒီထဲမှာ စစ်တပ်အာဏာသိမ်းမှုကိုလက်မခံဘဲ CDM မှာပါဝင်ခဲ့တဲ့အပြင် မိသားစုတွေကပါ စစ်အာဏာရှင် ပြုတ်ကျရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ကိုင်နေတာကြောင့် နေအိမ်တွေချိတ်ပိတ်ခံရ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရသူတွေထဲမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒေါက်တာ အေးချမ်းမွန် လဲပါဝင်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲဆန့်ကျင်ပုန်ကန်တာဟာ မိမိကိုယ်ကိုယ်လွတ်မြောက်အောင် ကြိုးပမ်းတာဖြစ်တယ်လို့ သူကဆိုလိုက်ပါတယ်။
https://youtu.be/LIKsVL2qnY0

#မြန်မာ #ဧရာဝတီ #ဒေါက်တာအေးချမ်းမွန် #CDM #အာဏာသိမ်း၄နှစ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
လူ့အသက်တွေ ကယ်ဖို့က ပိုအရေးကြီးတယ် (ရုပ်/သံ)

ဧရာဝတီ၊ မတ်လ ၃၀၊ ၂၀၂၅

ငလျင်ဒဏ် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်က စတင်ကာ ၂ ပတ်ကြာ ရပ်ဆိုင်းထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လုံခြုံရေး အာမခံချက်ပေးမယ်ဆိုရင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ CDM ဝန်ထမ်းတွေအနေနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့လည်း ဆိုလိုက်တယ်။

စစ်ရေးအရ အပစ်ရပ်ထားမှုအခြေအနေတွေ၊ လက်ရှိ ငလျင်ဘေး ကူညီကယ်ဆယ်ရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/MBTmlpCn0AY
#မြန်မာ #ဧရာဝတီ #ငလျင် #NUG #ထိုးစစ် #CDM #ဦးကျော်ဇော #Myanmarearthquake
👍1
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

ဧရာဝတီ၊ မေ ၁၂၊ ၂၀၂၅

လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျောင်းစာသင်ခန်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေ နဲ့ အရပ်သားပြည်သူနေရာတွေကိုပါမချန် တိုက်ခိုက်နေတာပါ။

ဒီအခြေအနေတွေမှာ သတင်းမီဒီယာတွေကနေ ဖော်ပြလိုက်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်ခံရတဲ့အခါ ဒီပစ်မှတ်တွေဟာ သတင်းမီဒီယာကြောင့် တိုက်ခိုက်ခံရတာပါလား။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဋ္ဌ နန်းဖောဂေ၊ လေတပ်ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ (CDM) တပ်ကြပ်ကြီး ဇေယျ တို့နဲ့ ဧရာဝတီရဲ့ အယ်ဒီတာ ရဲနည်တို့တွေ့ဆုံဆွေးနွေးထားပါတယ်။

https://youtu.be/egGiW2WLTw4

#မြန်မာ #ဧရာဝတီ #သတင်းမီဒီယာ #လေကြောင်းရန် #IPCM #နန်းဖောဂေ #CDM #တပ်ကြပ်ကြီးဇေယျ #ရဲနည်
👍54
စစ်ကောင်စီမှာ မှန်ကန်တဲ့ စစ်နည်းဗျူဟာကို မတွေ့မြင်ရတော့ဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၉၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့တပ်စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)နဲ့ ပူးပေါင်းတပ်တွေ ဆက်တိုက်ဆိုသလို သိမ်းပိုက်နေတာကို တွေ့ရမှာပါ။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ကာ ကရင်စစ်မျက်နှာမှာ KNU တပ်ဖွဲ့အားလုံး စစ်ရေးလှုပ်ရှားမှုတွေဟန်ချက်ညီလာပြီး တခုလုံးအရ စစ်ရေးရည်မှန်းတခုဆီကို ဦးတည်လာတာ တွေ့ရပါတယ်။

လက်နက်လူသူအင်အားအမြောက်အများနဲ့ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ် တပ်စခန်းတွေကို ရက်ပိုင်းလောက်နဲ့တင် သိမ်းပိုက်နိုင်ခဲ့ကြသလို တိုက်ခိုက်ရေးမှာ နည်းပညာရော၊ လက်နက်ပါ ကျွမ်းကျင်စွာအသုံးပြုလာနိုင်တာကိုလဲ တွေ့ရမှာပါ။

ကရင်စစ်မျက်နှာမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးနေတာတွေ၊ ခံစစ်ပြင်ဆင်နေတာတွေမှာ မှန်ကန်တဲ့ စစ်ရေးနည်းဗျူဟာကို မမြင်ရတော့ဘူးလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဗိုလ်မှူးနောင်ရိုးက ဆိုပါတယ်။

ကရင်စစ်မျက်နှာက နိုင်ပွဲတွေ၊ စစ်ကောင်စီရဲ့စစ်ရေးပြင်ဆင်မှုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲဝင်မှုအခြေအနေ၊ နည်းပညာအသုံးပြုလာနိုင်မှုတွေ အကြောင်း ဗိုလ်မှူးနောင်ရိုးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးထားတာဖြစ်ပါတယ်။

https://youtu.be/mjVbOAs1MVI
#မြန်မာ #ဧရာဝတီ #KNU #KNLA #ကရင်ပြည်နယ် #တပ်စခန်း #CDM #ဗိုလ်မှူးနောင်ရိုး #ရဲနည် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍74❤1
CRPH ပြဋ္ဌာန်းတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ ဝေဖန်ခံနေရ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၈၊ ၂၀၂၅

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပြဌာန်းလိုက်တဲ့ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံစံချိန်စံနှုန်းတွေနဲ့ သွေဖယ်နေတယ်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။

CRPH က ဇွန်လ ၁၃ ရက်နေ့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ထုတ်ပြန်လိုက်တာပါ။

ဥပဒေရဲ့ အခန်း (၄) မှာပါဝင်တဲ့ အရေးယူခြင်းအပိုင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်ကြား CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကိုသာ CDM အဖြစ်သတ်မှတ်သွားမှာဖြစ်ပြီး ဒီကာလနောက်ပိုင်း CDM ပြုလုပ်သူတွေကတော့ အကြောင်းပြချက်ပေးမှ စိစစ်ပြီး CDM အဖြစ်သတ်မှတ်မယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ဒီဥပဒေရဲ့ အခန်း (၄)၊ အရေးယူခြင်းအပိုင်းမှာ ပါရှိတဲ့ Non CDM ဝန်ထမ်းတွေအပေါ် အပြစ်ပေး အရေးယူဖို့ပြဌာန်းထားတဲ့ ဥပဒေပါသတ်မှတ်ချက်တွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်နဲ့အတူ လူသားရဲ့ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေတယ်လို့ ပြောပါတယ်။

https://youtu.be/JiBuLUN8VFE
#မြန်မာ #ဧရာဝတီ #CDM #CRPH #လူ့အခွင့်အရေး #NonCDM #ဥပဒေပြဌာန်း #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👎35👍26
Media is too big
VIEW IN TELEGRAM
အာဇာနည်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့်သူတွေကိုပြောတာ

#မြန်မာ #ဧရာဝတီ #အာဇာနည် #CDM #WhatsHappeningInMyanmar #ရဲရဲတွေးရဲရဲပြော
👍65
စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များထိန်းသိမ်းခြင်း ဥပဒေ ဘာကြောင့်ထုတ်လဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၂၉၊ ၂၀၂၅

“စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေ” တရပ်ကို စစ်ကောင်စီက ဇူလိုင် ၂၈ ရက်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီဥပဒေဟာ စစ်ဘက်၊ ရဲဘက်ဆိုင်ရာ အရာရှိကြီးတွေကနေ အောက်ခြေ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေအထိ တိုက်ရိုက်သက်ရောက် နိုင်ပြီး နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ထုတ်ပြန်တာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ဒီဥပဒေအရ ကာကွယ်ရေးဝန်ထမ်းတွေက လွဲရင် ဘယ်သူကမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို အသုံးပြုခွင့်မရှိဘူးလို့ ဆိုထားပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ စီဒီအမ် အသိုင်းအဝိုင်းကတော့ ဒီဥပဒေကိုပြဋ္ဌာန်းတာဟာ တပ်တွင်းသတင်းပေးတွေနဲ့ စီဒီအမ်တွေကို ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

#မြန်မာ #ဧရာဝတီ #စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက် #ဥပဒေ #ရဲ #ပြည်သူ့စစ် #စစ်တပ် #CDM #WhathappensInMyanmar
👍33👎10
Media is too big
VIEW IN TELEGRAM
ပါးစပ်ပေါက်တရာ ပိတ်လို့မရဘူး

ဧရာဝတီ၊ ဩဂုတ် ၅၊ ၂၀၂၅

#မြန်မာ #ဧရာဝတီ #WhatsHappeningInMyanmar #CDM
👍46
စာစစ်ဌာနတခုလုံး မှားတယ်ဆိုတာမျိုး တခါမှမကြုံဖူးဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၆၊ ၂၀၂၅

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝန်ထမ်း အမှတ်စာရင်း တွေ ထုတ်ပေးရာမှာ လွဲမှားမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် အမှတ်စာရင်း ထုတ်ပေးတာကို ယာယီရပ်ဆိုင်းထားရတဲ့ အဖြစ်အပျက်ဟာ အရင်က တခါမှမကြုံတွေ့ခဲ့ဖူးတဲ့ ဖြစ်စဉ်လို့ တက္ကသိုလ်ဝန်ထမ်း စာစစ်အတွေ့ အကြုံ နှစ် ၂၀ အထက်ရှိတဲ့ CDM ဆရာ၊ ဆရာမတွေက ဧရာဝတီကို ပြောပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်က စတင်ထုတ်ပေးခဲ့တဲ့ တက္ကသိုလ် ဝန်ထမ်း အမှတ်စာရင်းကို စာမေးပွဲအောင်မြင်သူအချို့ သွားရောက် ထုတ်ယူရာမှာ အောင်မှတ်မကျော်တဲ့ အမှတ်တွေကို ရရှိခဲ့ကြတာပါ။ ဒီလိုမှားယွင်းမှုတွေဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ဩဂုတ်လ ၄ ရက်နေ့ကစတင်ပြီး အမှတ်စာရင်း ထုတ်ပေးတာကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

https://youtu.be/od9XPZKwzhc
#မြန်မာ #ဧရာဝတီ #စာစစ်ဌာန #တက္ကသိုလ်ဝန်ထမ်း #အမှတ်စာရင်း #CDM #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍57👎5
Media is too big
VIEW IN TELEGRAM
အာဏာရှင်ကြောက်တာ သားသုံးသားပဲ (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၁၉၊ ၂၀၂၅

ဝင်းမင်းခန့် (ဗိုလ်မှူး)

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)

#မြန်မာ #ဧရာဝတီ #ရဲရဲတွေးရဲရဲပြော #cdm #whatshappeninginmyamar
👍42👎4
ယုံကြည်တာတွေလုပ်နေရတာကို အနစ်နာခံရတယ်လို့ မမြင်မိပါဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅

“ကျမဘဝမှာ ယုံကြည်တာတွေလုပ်နေရတာကို အနစ်နာခံရတယ်လို့ မမြင်ပါဘူး” ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။ ထိုစကားကို ယုံယုံကြည်ကြည်နှင့် သဘောကျ နှစ်သက်သူကတော့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ကေ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြီးသည် မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာကို အကြီးအကျယ် ပြောင်းလဲ စေခဲ့ရုံသာမက နယ်ပယ်ပေါင်းစုံမှ အဖိုးတန် လူ့စွမ်းအား အရင်းအမြစ်များကိုလည်း နေရာရွှေ့ပြောင်းစေခဲ့သည်။ မတရားသော အမိန့်အာဏာကို မနာခံလိုကြသည့် ပညာရှင်များ၊ ဝန်ထမ်းများသည် မိမိတို့ မြတ်နိုးတန်ဖိုးထားရသော လုပ်ငန်းခွင်များကို စွန့်ခွာကာ အမှန်တရားဘက်မှ ရပ်တည်ခဲ့ကြသည်။ ထိုအထဲတွင် ကျန်းမာရေးကဏ္ဍ၏ အဓိက မဏ္ဍိုင်ဖြစ်သော ဆရာဝန်များစွာ ပါဝင်ခဲ့ကြပြီး ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာကေ သည်လည်း တဦးအပါအဝင် ဖြစ်သည်။

ခွဲစိတ်အထူးကုဆရာဝန် တဦး ဖြစ်လာဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ နှစ်ပေါင်းများစွာသော ပညာသင်ယူမှု၊ အိပ်ရေးပျက်ခံ ကုသမှုများနှင့် ကြီးမားသော ရင်းနှီးပေးဆပ်မှုများစွာ လိုအပ်သည်။ ဒေါက်တာကေအတွက်လည်း ဤအရာသည် သူ၏ ဘဝ၊ သူ၏ အိပ်မက် ဖြစ်ခဲ့သည်။ သို့သော် စစ်အာဏာရှင်စနစ်အောက်တွင် ဆက်လက် အလုပ် မလုပ်လိုသည့် ပြင်းပြသော စိတ်ဆန္ဒနှင့် ဆေးပညာကျင့်ဝတ်ကို တန်ဖိုးထားမှုတို့ကြောင့် သူ၏ အိပ်မက်ဖြစ်သော ခွဲစိတ်ခန်းနှင့် ဆေးရုံကြီးကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့သည်။

မိမိချစ်မြတ်နိုးသော အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်လိုက်ရခြင်းသည် ကြီးမားသော ဆုံးရှုံးမှုတခု ဖြစ်သော်လည်း ဒေါက်တာကေ အရှုံးမပေးခဲ့ပါ။ သူရောက်ရှိရာ အရပ်ဒေသသစ်၊ ပတ်ဝန်းကျင်သစ်တွင် အခက်အခဲများစွာ ရှိနေသော်လည်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သည်။ နေရာဒေသ ပြောင်းလဲသွားသော်လည်း သူ၏ လက်များက လူသားတို့၏ အသက်ကို ကယ်တင်နေဆဲဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

""ဆေးရုံအဆောက်အဦးကိုသာ စွန့်ခွာခဲ့တာပါ၊ လူနာတွေကို စွန့်ပစ်ခဲ့တာ မဟုတ်ပါဘူး"" ဟု သက်သေပြနေသကဲ့သို့ ဒေါက်တာကေ၏ ဘဝခရီးကြမ်းသည် တော်လှန်ရေးကာလအတွင်း ပြည်သူ့ဘက်တော်သား ကျန်းမာရေးဝန်ထမ်းများ၏ ပေးဆပ်မှုနှင့် ခံနိုင်ရည်ရှိမှုကို မီးမောင်းထိုးပြနေသည်။

https://youtu.be/VrRhlkkM-Cw
ရုပ်သံ - House Of Hope

#မြန်မာ #ဧရာဝတီ #ဒေါက်တာကေ #ခွဲစိပ်ဆရာဝန် #တော်လှန်ရေး #CDM #WhathappensInMyanmar
👍80👎1
ဘယ်တော့မှအညံ့မခံဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၆

ကျောင်းဆရာ ဖြစ်တဲ့ ဦးမြတ်သီဟထွန်းဟာ စစ်တပ်အာဏာသိမ်းလိုက်ချိန်က စတင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာခဲ့သူဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဦးဆောင်သူအနေနဲ့ စစ်တပ်က အလိုရှိသူတဦးဖြစ်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

ကရင်ပြည်နယ် လေ့ကေးကော်မြို့သစ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ဘားအံ၊ ကျိုက်မရောထောင် နဲ့ သာယာ၀တီထောင်တွေမှာ ဖြတ်သန်းခဲ့ရပါတယ်။

ထောင်ကလွတ်လာပြီးနောက် အညာဒေသရှိလွတ်မြောက်နယ်မြေတခုမှာ စစ်ရှောင်ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာအဖြစ် ဆက်လုပ်လုပ်ကိုင်နေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက်ပါ၀င်နေပါတယ်။

အာဏာသိမ်းကာလအခြေအနေ၊ ထောင်တွင်းဖြတ်သန်းခဲ့ရမှုတွေနဲ့ လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက်ပါဝင်နေတာတွေနဲ့ပတ်သက်ပြီး ဆရာဦးမြတ်သီဟထွန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/Gxx2nvKA0Cc
#မြန်မာ #ဧရာဝတီ #ဦးမြတ်သီဟထွန်း #ကျောင်းဆရာ #CDM #သာယာဝတီထောင် #ကျိုက်မရောထောင် #ဖားအံထောင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍63👎1
စစ်ခေါင်းဆောင် ဩဝါဒခံယူပွဲ ဘာကြောင့်လုပ်လဲ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၁၆၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဩဝဒါခံယူပွဲ” ဆိုပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ကြည်း၊ ရေ၊ လေတပ်တွေရဲ့ အကြီးအကဲတွေ၊ တိုင်းမှူးတွေ၊ စစ်ဌာနချုပ်မှူးတွေနဲ့ တပ်မှူးကြီးတွေ အားလုံးဟာ လူကိုယ်တိုင် တက်ရောက်ခဲ့ကြသလို တချို့က Video Conferencing နဲ့ ပါဝင်ခဲ့ကြတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီဩဝါဒခံယူပွဲဟာ တပ်ချုပ်ရာထူးက ဆင်းခါနီး နှုတ်ဆက်တဲ့ တပ်နှုတ်ဆက်ပွဲ ဖြစ်တယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဗိုလ်မှူးတွေက မှတ်ချက်ပြုပါတယ်။

https://youtu.be/SySYHfu9Y6k
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ဩဝါဒ #CDM #What'sHappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎42❤11😁4🤔1😱1
• သိမ်းထားတဲ့မြို့တွေ ပြန်တောင်းလို့ TNLA နဲ့ စစ်တပ်ဆွေးနွေးပွဲတင်းမာ
• ကျားဖြန့်လုပ်သားတွေ မြေရှားလုပ်ငန်းခွင်မှာ ရောင်းစားခံရ
• CDM တွေကို သစ္စာဖောက်တွေလို့ တပ်ချုပ်သစ် စွပ်စွဲအပြစ်တင်
• အိမ်ဖြူတော်ရဲ့ UFC ပွဲတက်စာရင်းမှာ Joshua Van ထိပ်ဆုံးကပါဝင်
• တရုတ်-ရုရှားဆက်ဆံရေးက ကမ္ဘာကြီးကို တည်ငြိမ်စေမယ်လို့ ပူတင်ပြော

နေ့စဉ်သတင်း၊ မေ ၁၉၊ ၂၀၂၆
https://youtu.be/avQJxt_wM0s?si=enVB93CfsKLnj-IF

#မြန်မာ #ဧရာဝတီ #TNLA #တရုတ် #ကျားဖြန့် #CDM #UFC #JoshuaVan #နေ့စဉ်သတင်း #DailyNews #What"sHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍37❤4😭1
စစ်သားကို ထိုင်ကန်တော့နေတဲ့ ဖြစ်ရပ် မေးခွန်းထုတ်ခံနေရ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၃၁၊ ၂၀၂၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်က အခြေခံပညာအထက်တန်းကျောင်း အထက (၇) မှာ အာဏာသိမ်းစစ်တပ် ဝတ်စုံ ဝတ်ဆင်ထားသူကို အဖြူ အစိမ်းဝတ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကန်တော့နေကြရတဲ့ မြင်ကွင်းအပေါ် ပြည်သူလူထုကြား ဝေဖန်မှုတွေနဲ့ မေးခွန်းထုတ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ အဲ့ဒီ ရုပ်သံဖိုင်မှာ မြင်တွေ့နေရတဲ့ စစ်သားကတော့ တောင်ကြီး အထက (၇) ရဲ့ ကျောင်းအုပ် ဗိုလ်မှူးနိုင်လင်းဆိုသူဖြစ်ပြီး၊ ကျောင်းပြောင်းမိန့်ကျတာ ကြောင့် တာဝန်မလွှဲပြောင်းမီ ကန်တော့နေကြတာလို့ ဒီကျောင်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဒါပေမယ့် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ ဒီ စစ်ယူနီဖောင်းကို နိုင်ငံ့ အနာဂတ်အဖြစ် သတ်မှတ်ထားတဲ့ အဖြူအစိမ်းဝတ်တွေက ဦးညွှတ် ကန့်တော့နေရတဲ့မြင်ကွင်းဟာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရတယ်လို့ CDM အသိုင်းအဝိုင်းက ဆိုပါတယ်။

ကျောင်းဆိုတာဟာ ကလေးငယ်တွေရဲ့ အတွေးအမြင်တွေကို လွတ်လပ်စွာ ပုံဖော်နိုင်ဖို့အတွက် ပျိုးထောင်ပေးရမယ့် နေရာတခုဖြစ်ပေမယ့် တပ်ကျောင်းတွေကတော့ အာဏာပုံရိပ်တခုကိုသာ လေးစားလိုက်နာ တတ်အောင် ပုံသွင်းပေးတဲ့နေရာဖြစ်နေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။

https://youtu.be/TiDsac_fiws

#မြန်မာ #ဧရာဝတီ #ရှမ်းပြည်နယ် #တပ်ကျောင်း #CDM #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍36👎21❤6🤔2😭1
ပျက်ကျ တိုက်လေယာဉ် အရပ်သားတွေကို ဗုံးကြဲတဲ့လေယာဉ်ဖြစ် (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၆

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဩဂုတ်လ ၃ ရက်နေ့က ပျက်ကျသွားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တရုတ်ထုတ် FTC 2000 G အဆင့်မြင့်တိုက်လေယာဉ်ဟာ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဉ် ဖြစ်တယ်လို့ လေတပ်ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူတွေက ဧရာဝတီကို အတည်ပြုပါတယ်။

မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ်ကမှ ရောက်ရှိလာတဲ့ ဒီဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်ဟာ စစ်ရေးပစ်မှတ်တွေ တင်မကဘဲ အရပ်သားနေထိုင်ရာ ဒေသတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲရာမှာ ပါဝင်နေတာဖြစ်တယ်လို့ လေတပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး CDM တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။

https://youtu.be/mZ8YDoLTMVU
#မြန်မာ #ဧရာဝတီ #လေယာဉ် #CDM #ဗုံးကြဲ #WhatsHappensInMyanmar
👍49❤10😁4
စစ်မြေပြင်မှာ စစ်မှုထမ်းတွေကို အဓိက အသုံးချနေတဲ့ သက်သေ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်က အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ရှေ့တန်းစစ်မျက်နှာတွေအတွက် အဓိက အသုံးချနေတာကို အမှတ် (၄၂၁) ခြေမြန်တပ်ရင်းရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲနဲ့ စစ်ထွက် မှတ်တမ်းအရ မြင်တွေ့ရပါတယ်။

ဒီစာရင်းအရ စစ်ထွက်အင်အား ၁၅၂ ယောက်မှာ အရာရှိ ၃ ဦး၊ ဒုအရာခံဗိုလ် တဦး၊ တပ်ကြပ်ကြီးနဲ့အရာရှိငယ် ၉ ဦး၊ အမြဲတမ်းတပ်သား ၂၂ ဦးပဲ ပါပြီး ကျန်တဲ့ အင်အား ၁၀၀ ကျော်ကို ပြည်သူ့စစ်မှုထမ်းတွေနဲ့ ရှေ့တန်းထွက်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေကို စတင်ခေါ်ယူချိန်ထဲက ကာလတို သင်တန်းတွေပေးပြီး ရှေ့တန်းကိုလွှတ်ခဲ့တယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောကြားချက် ရုပ်သံမှတ်တမ်းတွေလည်း ရှိနေပြီး ဒါကတော့ စစ်တပ်ရဲ့ညွှန်ကြားချက် သက်သေအဖြစ် ခိုင်မာစေတာလည်း ဖြစ်ပါတယ်။

https://youtu.be/1vRRfg_neto
#မြန်မာ #ဧရာဝတီ #ပြည်သူ့စစ်မှုထမ်း #စစ်ထွက်မှတ်တမ်း #CDM #ရှေ့တန်း #စစ်မြေပြင် #WhatsHappeningInMyanmar
👍41❤4😭4👎1
• မင်းအောင်လှိုင်ကို သမ္မတ လို့ ခေါ်ဖို့ TIME မဂ္ဂဇင်း အယ်ဒီတာ ဖိအားပေးခံခဲ့ရ
• အနုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့ သားသမီးတွေ စစ်မှုထမ်းရမယ်
• NUG စစ်စခန်း ဗုံးကြဲခံရမှုမှာ လေတပ် CDM တပ်ကြပ်ကြီး သေဆုံး
• MNDAA ကို နိုင်ငံရေးပါတီထောင်ပြီးရွေးကောက်ပွဲဝင်ဖို့ စစ်တပ်တိုက်တွန်း
• တရက်အတွင်း စက်သုံးဆီဈေး ကျပ် ၆၀၀ ကျော်ခုန်တက်
• မြန်မာနဲ့ အရပ်သားတွေသတ်ခံနေရတဲ့ နိုင်ငံတွေကို ပစ်မထားဖို့ တီမောသမ္မတ သတိပေး

နေ့စဉ်သတင်း၊ စက်တင်ဘာ ၂၅၊ ၂၀၂၆
https://youtu.be/aOO2NBOojyI

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #သမ္မတ #Time #NUG #စစ်စခန်း #CDM #MNDAA #နိုင်ငံရေး #စက်သုံးဆီ #တီမော #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍29❤12👎1😭1
အာဏာရှင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ပြည်သူ့စစ်သားများ

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

""တသွေး၊ တသံ၊ တမိန့်""ဆိုတဲ့ သံမဏိစည်းကမ်းအောက်မှာ ဆယ်စုနှစ်နဲ့ချီ အသက်ရှင်ခဲ့ကြတဲ့ စစ်သည်တချို့ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ငြင်းဆန်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ဆီ ရဲရဲဝံ့ဝံ့ ကူးပြောင်းလာခဲ့ကြပါတယ်။

စစ်အာဏာရှင်တွေက သူတို့ကို ""အဖွဲ့အစည်းကို သစ္စာဖောက်သူတွေ""လို့ နာမည်တပ် ပစ်မှတ်ထားနေပေမဲ့၊ တကယ်တော့ ဒါဟာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အာဏာကျွန်ဘဝက ရုန်းထွက်ပြီး နိုင်ငံနဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စစ်မှန်တဲ့သစ္စာတရားကို ပြန်လည်ရွေးချယ်လိုက်တဲ့ သမိုင်းဝင် ရပ်တည်ချက်တခုပဲ ဖြစ်ပါတယ်။

အာဏာရှင်ရဲ့ မတရားတဲ့အမိန့်ကို ငြင်းဆန်ပြီး ပြည်သူ့ဘက်က ရပ်တည်ဖို့အတွက် သူတို့ရရှိထားတဲ့ အာဏာ၊ ရာထူး၊ အခွင့်ထူးတွေတင်မကဘဲ တဘဝလုံးစာ အနာဂတ်တွေနဲ့ မိသားစုရဲ့ လုံခြုံရေးတွေကိုပါ အကုန်လုံး ပေးဆပ်ရင်းနှီးခဲ့ကြရတာ ဖြစ်ပါတယ်။

https://youtu.be/HhNAY3rHgwY

#မြန်မာ #ဧရာဝတီ #စစ်သား #CDM #WhatsHappensInMyanmar
👍37❤7
• မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ် ၁၀ ဦးကို တရားစွဲဆိုရန် အယူခံလွှာ ဖိလစ်ပိုင်တရားရုံး လက်ခံ

• မြန်မာ့သနပ်ခါး ယူနက်စကို အမွေအနှစ် ကနဦးစာရင်းဝင်

• ကောလင်းမှာ ဆေးခန်းဗုံးကြဲခံရလို့ CDM ဆရာဝန် သေဆုံး

• မိုးမိတ်မှာ စစ်တပ်က အရပ်သားတွေကို ဘန်ကာနဲ့ ကတုတ်ကျင်း တူးခိုင်း

• စမ်းချောင်း ဂွဈေးအနီး လူငယ်တဦးကို အရပ်ဝတ်လူတစု အတင်းအဓမ္မ ဖမ်းဆီး

• ထိုင်းပရဟိတမင်းသမီးရဲ့ အမှုမှာ ပါဝင်သူတွေကို ဖမ်းဖို့ ရဲတွေပြင်ဆင်

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၅၊ ၂၀၂၆

https://youtu.be/ulPrcV9FDd8
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ဖိလစ်ပိုင် #တရားရုံး #စစ်ရာဇဝတ်မှု #သနပ်ခါး #ယူနက်စကို #ကောလင်း #ဆေးခန်း #CDM #ဆရာဝန် #မိုးမိတ် #ကတုတ်ကျင်း #ဘန်ကာ #စမ်းချောင်း #ဂွဈေး #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
❤41👍24😁4