◼️အင်းတော်စစ်မြေပြင်မှ သင်္ဂြိုဟ်သူမဲ့ စစ်အုပ်စုအလောင်းကောင်များ ဝက်စာဖြစ်နေဟုဆို
၂ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်မှုများစွာနဲ့ အထိနာခဲ့တဲ့အပြင် စစ်အုပ်စုအလောင်းတွေဟာလည်း သင်္ဂြိုဟ်မယ့်သူမရှိဘဲ ပုပ်ပွပြီး ဝက်စာဖြစ်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
စစ်ကိုင်းနဲ့ ကချင်အစပ်ရှိ ကောလင်း၊ ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှစပြီး စစ်တပ်က အင်အားရာနဲ့ချီ စစ်ကြောင်းထိုးခဲ့သော်လည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်မှာ အရာရှိအပါအဝင် ရာဂဏန်းခန့် သေဆုံးပြီး အထိနာခဲ့တာပါ။
အဲဒီလို သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို စစ်အုပ်စုဘက်က သယ်ဆောင်ခြင်းမရှိသလို သင်္ဂြုဟ်ပေးခြင်းတွေလည်း မရှိတာကြောင့် အလောင်းတွေမှာ ပုပ်ပွနေပြီး အိမ်မွေးတိရိစ္ဆာန်တွေကပါ စားသောက်နေတာကို ဒေသအခြေစိုက် Indaw Revolution (IR)က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မှာလည်း စစ်တပ်ရဲ့ တပ်မ ၃၃ စစ်ကြောင်းမှ အင်းတော်မြို့နယ် တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ စစ်အုပ်စု အလောင်းတွေနဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများကို ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြခဲ့ပါသေးတယ်။
လက်ရှိမှာ အထိနာသွားခဲ့တဲ့ စစ်တပ်က ဝန်းသိုမြို့နယ်ဘက်ထိုးနေတဲ့ စစ်ကြောင်းကို ပြန်လည်စစ်ကူခေါ်ပြီး အင်အား ၂၀၀ ဝန်ကျင်နဲ့ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိရာ ကောလင်း၊ ထီးချိုင့်၊ အင်းတော် သုံးမြို့နယ်ဆုံတဲ့နယ်မြေအထိ ရောက်ရှိလာတယ်လို့ သတင်းရရှိပါတယ်။
Photo | ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း၊ Indaw Revolution (IR)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👏21👍11❤5💯3
◼️ရေးမြို့မှာ မူးယစ်ဆေးဖြန့်နေတဲ့ တံတားကြီးဂိတ်စခန်းမှ အရာခံဗိုလ်အဆင့်အပါ စကစ ၂ ဦးကို ရေးဘီလူးတပ်ရှင်းလင်း
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကို ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၂ ရက်၊ ညနေ ၂ နာရီခွဲခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ အရာခံဗိုလ် တဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့တံတားကြီး စစ်ဆေးရေးဂိတ်စခန်းမှာ တာဝန်ကျနေတဲ့ ဗိုလ်လေး(အရာခံဗိုလ်/ဒုအရာခံဗိုလ်)အဆင့် ဝေဟင်ပိုင်ကျော်နဲ့ စစ်မှုထမ်း(ပစ) တဦးတို့ကို ဒေသခံတွေထံ မူးယစ်ဆေးရောင်းဖို့ ထွက်လာစဉ် ဂိတ်စခန်းအနီးမှာပဲ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထံမှ ဖုန်း၊ WY မူးယစ်ဆေးဝါးနဲ့ ငွေသားအချို့တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းက ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကို ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၂ ရက်၊ ညနေ ၂ နာရီခွဲခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ အရာခံဗိုလ် တဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့တံတားကြီး စစ်ဆေးရေးဂိတ်စခန်းမှာ တာဝန်ကျနေတဲ့ ဗိုလ်လေး(အရာခံဗိုလ်/ဒုအရာခံဗိုလ်)အဆင့် ဝေဟင်ပိုင်ကျော်နဲ့ စစ်မှုထမ်း(ပစ) တဦးတို့ကို ဒေသခံတွေထံ မူးယစ်ဆေးရောင်းဖို့ ထွက်လာစဉ် ဂိတ်စခန်းအနီးမှာပဲ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထံမှ ဖုန်း၊ WY မူးယစ်ဆေးဝါးနဲ့ ငွေသားအချို့တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းက ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏28❤7👍5
◼️အုတ်ဖိုမြို့နယ်မှာ စစ်တပ်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ်ကလေး ဦးခေါင်းပွင့်သေဆုံး
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
ပဲခူးဒေသ၊ သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာ ၃၁ ရက်၊ မနက်အစောပိုင်းမှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ၄ တန်းကျောင်းသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အုတ်ဖိုမြို့နယ်၊ ဆင်ကူကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မနက် ၂ နာရီခန့်မှာ ဒရုန်း ၂ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၁၀ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက နိုဝင်ဘာ ၂ ရက်မှာ အသိပေးထားကြတာပါ။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသား ၁ ဦး ဦးခေါင်း ပွင့်ထွက်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် အသက် ၄၈ နှစ်နဲ့ ၁၅ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၃၃ နှစ်နဲ့ ၁၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးအပြင် တခြား အမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပြီး နတ်တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှနဲ့ လက်ပံတန်း မြို့နယ်တွေရဲ့ အရှေ့ဘက်ရှိ ရိုးမအစပ် ရွာတွေဘက်သို့ အင်အား ၄၀၀ ခန့်နဲ့ လှည့်လည် စစ်ကြောင်းထိုးလျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | လူမှုကွန်ယက်

🤬23😢9❤3👍2
◼️ရေးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မွန်တပ် RMA မိုင်းဆွဲတိုက်ခိုက်၊ တပ်ကြပ်ကြီးအပါ စကစ ၃ ဦးထိခိုက်
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရာမညမွန်တပ်တော် RMA က အောက်တိုဘာလ ၃၁ ရက်၊ မနက် ၉ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး တဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒူးရားကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ တပ်ကြပ်ကြီး တဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က နိုဝင်ဘာ ၂ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။
အဆိုပါစစ်တပ်စစ်ကြောင်းဟာ စစ်ကောင်စီတပ် ခမရ ၅၈၆ နဲ့ ခမရ ၂၉၉ တို့ အင်အား ၅၀ ခန့်ပါဝင်ပြီး တိုက်ခိုက်ပြီးနောက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က အသိပေးထားတာ တွေ့ရပါတယ်။
Photo | RMA

👍27❤4🥰4
◼️ဆားလင်းကြီးမှာ နှစ်ချီ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို မြို့နယ် ပကဖ ရိက္ခာထောက်ပံ့
၃ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ နှစ်နဲ့ချီ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၂ ရက်မှာ ရိက္ခာကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေကို စင်္ကာပူရောက် မြန်မာတွေရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်တဲ့ "နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့ - SG" မှ လှူဒါန်းတဲ့ ငွေကျပ် ၄ သိန်းနဲ့ ဆန်အိတ် ၄ အိတ် ဝယ်ယူပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဖော်ပြထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ အနေနဲ့ လုပ်ငန်းတာဝန် ၄ ရပ်ထဲမှ ကာကွယ်ရေးတာဝန်တွေအပြင် လူထု အကျိုးပြုလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။
Photo | ပကဖ အသံ

👍28❤5🥰4🔥1