Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
ကြားကာလ နေအိမ်အခြေပြု/ပြည်သူ့ အခြေပြု အခြေခံပညာသင်ကြားရေး အသိပညာပေး လမ်းညွှန် စာအုပ် (PDF) ကို Download ပြုလုပ်နိုင်
===

ဒီစာအုပ်မှာ

▪️နေအိမ်အခြေပြု/ပြည်သူ့အခြေပြု ပညာသင်ယူခြင်းဆိုတာဘာလဲ? ရည်ရွယ်ချက်ကဘာလဲ?
ဘယ်သူတွေက ပါဝင်ဆောင်ရွက်ရမလဲ? ဘယ်လိုနည်းလမ်းပုံစံတွေနဲ့ သင်ယူနိုင်မလဲ

စတဲ့ အကြောင်းတွေကို စနစ်တကျ ရေးသားပြုစုထားတာဖြစ်ပါတယ်။
ဒီအောက်က Link ကနေ Download လုပ်ထားနိုင်ပါတယ်နော်

Download Here - https://bit.ly/3LGTjhD
Download Link(2) - https://bit.ly/3KfZYPu
Download Link (3) - https://bit.ly/3NKyt2G

#MOE #NUG #MBEH #Download #HOMEBasedLearning
❤49👍25
ကဲ ..........!
ဒီနေ့မှာတော့ Grade-11 မှာတက်ရောက်သင်ယူလေ့လာနေကြတဲ့သူငယ်ချင်းတို့‌ရေ အိမ်အိမ်နဲ့အတူ ရူပဗေဒဘာသာရပ်ကို လေ့လာကြရအောင်နော်။
👍25❤4
▪ဒသမတန်း(စနစ်ဟောင်း) ရူပဗေဒဘာသာရပ်ထဲက Chapter 10 Current and Electric Circuit ဆိုတဲ့အခန်းကို အိမ်အိမ်က ရွေးချယ်ပေးလိုက်ပါတယ်။ အဲဒီအခန်းရဲ့ပထမဆုံးအပိုင်းဖြစ်တဲ့ Current and Effects of Current အကြောင်းကို အိမ်အိမ်တို့အတူတူ လေ့လာကြမယ်နော်။ ဒီသင်ခန်းစာထဲမှာ Electric Current ဆိုတာဘာလဲ၊ Electric Current ကြောင့်ဖြစ်ပေါ်လာတဲ့ Effects of Current ဘယ်နှမျိုးရှိသလဲ၊ Electric Current ဟာအိမ်အိမ်တို့ရဲ့နေ့စဉ်ဘ၀မှာ ဘယ်လိုအသုံး၀င်မှုတွေရှိသလဲ၊ သူရဲ့ယူနစ်တွေကဘာတွေလဲ၊ ဘယ်လိုဦးတည်‌ရွေ့လျားကြသလဲ၊ Electric Current တွေဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုသိရှိနိုင်ဖို့ ညီမျှခြင်း‌တွေအသုံးပြုပြီးတွက်ခြင်းတို့ကို‌ လေ့လာရမှာဖြစ်ပါတယ်။ ဆရာက စိတ်၀င်စားဖွယ်ကောင်းအောင် ဆွေးနွေးပေးထားတာ​​ဖြစ်လို့ အိမ်အိမ်တို့အတွက် မပျင်းရတဲ့ စာလေ့လာချိန်လေးဖြစ်မယ်လို့ထင်ပါတယ်။

▪ နောက်ပြီးတော့ ဒီသင်ခန်းစာကို သေသေချာချာနားလည်ပြီးတဲ့နောက် နောက်ထပ်သင်ခန်းစာတွေကိုလဲ ဆက်စပ်ပြီးလေ့လာတတ်သွားမှာဖြစ်ပါတယ်။ Electric Current ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အပြင် Electric Current ကြောင့်ဖြစ်‌ပေါ်တဲ့ Effect တွေအကြောင်းကိုလဲ ဆရာကဆွေးနွေးပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့အတွက် အသိပညာတစ်ခုခုရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်းလင်းမြင်သာ‌တဲ့ခေါင်းစဉ်လေးတွေနဲ့ လေ့လာရမဲ့နည်းလမ်းတွေကိုပါ ဆရာက‌ ဆွေးနွေးပေးထားတာဖြစ်လို့ သူငယ်ချင်းတို့အနေနဲ့လည်း ဒီသင်ခန်းစာကနေ သင်ယူရရှိတာတွေကို ဝေမျှကြစေချင်ပါတယ်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလဲ သင်ခန်းစာကို ပိုမိုနားလည်သဘောပေါက်ဖို့ရည်ရွယ်ပြီး လေ့ကျင့်ခန်းလေးတွေ ထည့်ပေးထားပါသေးတယ်။ သေချာစဉ်းစားပြီးဖြေကြည့်ကြပါဦးနော်။

▪ ဒီသင်ခန်းစာကနေ Electric Current နဲ့ပတ်သက်တဲ့ဗဟုသုတရဖွယ်အကြောင်းအရာတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကို ဆရာ့ရဲ့ဆွေးနွေးချက်နဲ့အတူ ဂရုတစိုက်ပြင်ဆင်ထားတာမို့ အိမ်အိမ်တိို့အ‌နေနဲ့ စိတ်၀င်စားမယ်လို့မျှော်လင့်ပါတယ်။ ဗီဒီယိုမှာပါတဲ့လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကို ပိုမိုနားလည်စေဖို့၊ ပြန်လည်သုံးသပ်နိုင်ဖို့အပြင် အိမ်အိမ်တို့ကိုယ်တိုင်ချဲ့ထွင်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/ShXuvWEZJXI
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ ဒသမတန်း (စနစ်ဟောင်း) အတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။

ဒသမတန်း(စနစ်ဟောင်း) နဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13  

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 11 - https://www.facebook.com/groups/grade11.moe  

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 11 MBEH Channel - https://t.me/joinchat/Z6cZ9Gf-ubxlMWQ1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 11 MBEH Channel - https://invite.viber.com/?g2=AQBO4Ste4aH4Ok37UmJqhoWRJCdTY2pFKQpwi93cxPvflU4iKmYtFv2yLYYwiR0g

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

☑️ နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/

☑️ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028

နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာမို့လို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍91❤32👎6🔥4
Forwarded from Teacher Education CPD MBEH Channel
ကလေးတွေအတွက် ဖြန့်ဝေပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

''အခြေခံပညာအဆင့် အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန် သင်ကြားမှုဗီဒီယိုပေါင်း (၃၃၀၀) ကျော် ဖန်တီးလွှင့်တင်ပေးထားသည့် NUG MOE ၏ ကြားကာလပညာရေး MBEH Telegram Channels QR Code များ''

ဒီပုံလေးကို လက်ကမ်းစာရွက်လေးထုတ်ပြီး အိမ်အိမ့်ရဲ့သူငယ်ချင်းလေးတွေ ချိတ်ဆက်လေ့လာသင်ယူလို့ရအောင် ဝိုင်းဝန်းဖြန့်‌ဝေ စီစဥ်ကူညီပေးကြပါဦးနော် ...

Internet ရ‌နေ‌သေးတဲ့ ပြည်သူတွေက မီးလာတဲ့အချိန် Download ကူဆွဲပေးပြီး Download ဆွဲထားတဲ့ Video တွေကို အချင်းချင်း Zapya, Bluetooth နဲ့ Offline ပြန်ဖလှယ်ပေးတာမျိုး ၊ USB, OTG Stick, CD စတာတွေနဲ့ကူးပြီး ပြည်သူတွေအချင်းချင်း ဖြန့်ဝေကူညီပေးကြရင်းနဲ့
''ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အင်အားနဲ့ ကိုယ်တိုင်ဝိုင်းကူ အတူတူတည်ဆောက်‌ပေးကြဖို့'' အိမ်အိမ်က တောင်းဆိုတိုက်တွန်းအပ်ပါတယ် ...

ဒီသင်ကြားမှုဗီဒီယိုလေးတွေအားလုံးက ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများက
''သူငယ်ချင်းလေးတို့တွေ အိမ်မှာနေရင်း ကိုယ်တိုင်သင်ယူလို့ရအောင်''
အခက်အခဲပေါင်းများစွာကြားထဲကပြေးလွှား‌ရှောင်တိမ်းနေရရင်း ကိုယ်တိုင်ကြိုးစားသင်ကြားပြီး အရည်အသွေးအဆင့်ဆင့် သေချာစိစစ်ဖန်တီးပေးထားကြတာ ဖြစ်ပါတယ် ..
👍99❤67👎4🔥2
သူငယ်ချင်းတို့ရေ

မိမိအတန်းရဲ့ သင်ခန်းစာတွေအားလုံးလေ့လာပြီးကြပြီလား?

သင်ခန်းစာအားလုံး လေ့လာပြီးကြပြီဆိုရင် အိမ်အိမ်က သင်ခန်းစာတွေကို ဘယ်လိုပြန်လည် လေ့ကျင့်ရမလဲဆိုတာ ပြောပြမယ်နော်
❤36👍8
ဘာသာရပ်တစ်ခုရဲ့ သင်ခန်းစာခေါင်းစဉ်တွေကို ပြန်လည်လေ့ကျင့်ရာမှာ အသုံးဝင်တဲ့ နည်းလမ်း (၅) ခုအကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်

၁။ အကြောင်းအရာ/အချက်အလက်များကို ပြန်လည်သုံးသပ်ခြင်း

▪လေ့လာထားပြီးသော သင်ခန်းစာပါ အကြောင်းအရာများ/ အချက်အလက်များ မှတ်မိမှု ရှိ/မရှိ ပြန်လည် သုံးသပ်ပါ။ သူငယ်ချင်း မှတ်မိတဲ့ အကြောင်းအရာ/ အချက်အလက်များ ရှိနိုင်သလို မမှတ်မိတော့တဲ့ သင်ခန်းစာတွေလည်းရှိနိုင်တာမို့ မှတ်စုစာအုပ်မှာ မှတ်သားထားဖို့လိုအပ်ပါတယ်။ သတိပြုရမှာကတော့ - သူငယ်ချင်းတို့မှတ်မိတဲ့ အကြောင်းအရာ/ အချက်အလက်တွေကိုတော့ ပြန်လေ့လာစရာမလိုတော့ဘူးနော်

၂။ မိမိကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း

▪တစ်ခုခုကို ပြန်လည်သုံးသပ်တဲ့အခါတိုင်း၊ စမ်းသပ်စစ်ဆေးမှုကို ထည့်သွင်းနိုင်ပါတယ်။ ဥပမာ - မူရင်းအကြောင်းအရာကို မကြည့်ဘဲ မှတ်ဉာဏ်ထဲမှ မည်မျှရေးသားနိုင်သည် သို့မဟုတ် ပြောဆိုနိုင်သည်ကို ကြည့်နိုင်သည်။ သို့မဟုတ် ဉာဏ်စမ်းကတ်များ (Flashcards ) အထောက်အကူ ဖြင့် စစ်ဆေးနိုင်ပါတယ်။

၃။ အချက်အလက်များကို ထပ်မံဖြည့်သွင်းခြင်း

▪ရေးသားထားပြီးသော မှတ်စုများကို ပိုမိုသိရှိလာသော အကြောင်းအရာ/ အချက်အလက်များကို ပြန်လည်ဖြည့်သွင်းခြင်းကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Mind Map ကဲ့သို့သော အညွှန်းဇယားတစ်ခုကို ဖန်တီး ကြည့်နိုင်ပါတယ်။

၄။ သင်ယူမှုကို လက်တွေ့လုပ်ဆောင်ခြင်း

▪တချို့သော သင်ခန်းစာ အကြောင်းအရာ/ အချက်အလက်တွေမှာ လက်တွေ့လုပ်ဆောင်လို့ ရတာတွေ ရှိတာမို့ လက်တွေ့လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ဥပမာ - သိပ္ပံဘာသာရပ်မှာပါတဲ့ ‘အစေ့မှ အပင်ပေါက်ခြင်း’ သင်ခန်းစာကို လက်တွေ့လုပ်ဆောင်နိုင်ပါတယ်။

၅။ အခြားတစ်ယောက်ကို အကြောင်းအရာ/အချက်အလက်များ မျှဝေခြင်း

▪ သင်ခန်းစာပါ အကြောင်းအရာ/ အချက်အလက်များကို သူငယ်ချင်းအချင်းချင်းကို မျှဝေနိုင်သလို မိမိအိမ်မှာရှိတဲ့ အုပ်ထိန်းသူတွေကိုလည်း မျှဝေပေးနိုင်ပါတယ်။ ဒီလို မျှဝေခြင်းက သူငယ်ချင်းတို့ရဲ့ အသိပညာကို အသုံးပြုချပြီး သူငယ်ချင်းတို့ရဲ့ ယုံကြည်မှုကို တိုးမြင့်စေနိုင်တာမို့ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။

သူငယ်ချင်းတို့လည်း နည်းလမ်းကောင်းလေးတွေ သိရပြီဆိုတော့ ဘယ်နည်းလမ်းတွေကို အသုံးပြု ပြီး သင်ခန်းစာတွေကို ပြန်လည်လေ့ကျင့်ကြလဲဆိုတာ Comment မှာ ပြန်ပြောခဲ့ကြ ပါဦးနော်

#MBEH #MOE #NUG #Myanmar #Education #Tips
❤69👍54
နှစ်သစ်အကြိုဆန္ဒမွန်
❤61👍21
=====
▪အာဏာရှင်စနစ်ဆိုးတစ်ခုရဲ့ ယန္တရားကို တစ်ရစ်ခြင်း၊ တစ်ထစ်ခြင်းထေ့ငေါ့တုံ့ဆိုင်းစေခဲ့သော လူသတ်သမား၊ လူရမ်းကားတစ်စုကိုတစ်မျှင်းမျှင်းနောင်တရစေခဲ့သောပြည်သူကိုမျက်နှာမူထားတဲ့
ပြည်သူအသည်းနှလုံး တို့ရေ အလွန်လှသောနှလုံး ချွန်မြသောအပြုံးနဲ့ နှစ်သစ်မှာ ကျန်းမာကြပါစေ

▪ယနေ့အချိန်မှာ
တစ်ချို့စီဒီအမ်သူရဲကောင်းတွေဟာ ပြည်သူ့သစ္စာခံပြီး CDMလုပ်ရုံနဲ့
အားမရဘဲ အိုးအိမ်၊မိသားစု စွန့်ပစ်ပြီးလက်နက်ကိုင်စွဲ
သွေးရဲရဲနဲ့ ဆန့်ကျင်တိုက်ပွဲ ဝင်နေတဲ့အာဂသတ္တိခဲ တွေဖြစ်ကြသလို
ကလောင်ကိုင်စွဲစိတ်ရဲရဲနဲ့
အာဏာရှင်ပြုတ်ကျရေးအတွက် တပ်လှန့်နှိုးဆော်နေတဲ့
ဉာဏ်ပညာရဲရဲတောက်
CDMဝမ်ထမ်းတွေအဖြစ်နဲ့လည်း
တော်လှန်ရှင်သန်နေကြပါတယ်

▪ကြုံရာဘဝ ကျရာအခြေနေကနေ
ရရာအလုပ်လုပ် ဘဝကိုခက်ခဲစွာရင်ဆိုင်ဖြတ်သန်းရင်း
နိူင်ရာစွမ်းရာတစ်ထောင့်တစ်နေရာကအာဏာရှင်စစ်ဘီလူးကို
ဆန်ကျင်တိုက်ပွဲဝင်နေကြသူတွေလဲဒုနဲ့ဒေးပါပဲ

▪CDMညီအစ်ကိုမောင်နှမတို့ရေ အခက်ခဲပေါင်းများစွာကိုအချိန်ကာလကြာမြင့်စွာရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြပြီးပြီမို့ ပင်ပန်နွမ်းဟိုက်လှသော မလျော့သောဇွဲနဲ့ အောင်ပွဲဆီရှေးရှုမှုကိုလေးနက်စွာ အလေးပြုပါတယ်
လန်းဆန်းသောပိတောက်ရနံ့နဲ့အတူ
အမှန်တရားကိုမျက်နှာမူရင်း
စိတ်ဓာတ်အောင်လံကိုတလူလူလွှင့်ထူနိုင်ကြပါစေ

▪CDMမောင်နှမတို့ရေ
ပြည်သူ့အတွက်ကြံ့ကြံ့ခံခဲ့တဲ့
ပေးဆပ်စွန့်လွတ်အနစ်နာခံမှုတိုင်းအတွက် ပြည်သူ့ရင်ခွင်ထက်မှာCDM တွေဆိုတာ
လင်းလက်ဝင်းပခဲ့ပါပြီ
ပန်းတိုင်ကလည်းနီးသည်ထက်နီးလာနေပါပြီ
ပိုမိုနီစွေးသောနှလုံးသွေးဖြင့်
မိမိတိုသမိုင်းကို အကောင်းဆုံး ရေးထိုးနိုင်ကြပါစေ

▪အာဏာရှင်စနစ်ဆိုးအောက်က သမိုင်းဝင်တိုက်ပွဲ ကြီးတစ်ခုရဲ့ရေသောက်မြစ်စစ်စစ်ကြီးတွေအဖြစ်ခေါင်းမော့ရင်ဆိုင်ရှင်သန်ကြတဲ့ CDM ညီအစ်ကိုမောင်နှမအပေါင်းတို့
နှစ်သစ်မှာ ဆောင်သမျှ အောင်ကြပါစေ
မချစ်မနှစ်သက်သောသူတို့၏ဘေးမှကင်းဝေးကာ
သူတော်ကောင်းတို့၏ဖေးမစောင့်ရှောက်မှုများရရှိကြပါစေ
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းဖြင့်
သမိုင်းသစ်ကိုရေးထိုး
အနာဂတ်မျိုးဆက်၏ တန်ဖိုးကို
မြှင့်တင်နိုင်ကြပါစေ....

အရေးတော်ပုံ အောင်နေပြီ
စောနွေဦး
#MBEH #NUG #MOE #Myanmar #Basic #Education #Home #Thingyan
❤124👍63🔥7
မတ်၊ ဧပြီ၊ မေနဲ့အတူ ပူအိုက်တဲ့နွေရာသီ ရောက်လာပြန်ပါပြီ။ နွေချိန်ခါမှာ ပူတယ်ဆိုတာတော့ လူတိုင်းက မျှော်လင့်ထားဖြစ်ပေမယ့် အိမ်အိမ်တို့အများစုက နေလောင်တာနဲ့ ချွေးထွက်တာကလွဲလို့ ပူအိုက်တဲ့ရာသီဥတုနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကို သိပ်ပြီး မတွေးတတ်ကြပါဘူး။ ပူအိုက်သောရာသီဥတုတွင် နေလောင်တာအပြင် ရေဓာတ်ခမ်းခြောက်တာ၊ အပူဒဏ်ခံအပြင်းအထန်ခံရတာ နဲ့ အပူရှပ်ဖျားနားတာတွေ အထိ အန္တရာယ်ရှိနိုင်တယ်နော်။
❤59👍25
ဒီတော့ အိမ်အိမ်က နွေရာသီ နေပူပူချိန်မှာ စာတွေကြိုးစားလုပ်နေရတဲ့ သူငယ်ချင်းတွေတွက် ရာသီဥတုဒဏ်ခံနိုင်ဖို့နဲ့ အပြင်ထွက်ရင် အပူဒဏ်ကိုကာကွယ်နိုင်ဖို့အတွက် ဘာတေလုပ်ရမလဲဆိုတာကို ဒီနေ့ပြောပြသွားပါ့မယ်။

▪ စာကြည့်ချိန်နဲ့စာကြည့်တဲ့နေရာပြောင်းပါ။

နွေရာသီမှာ နေ့ဘက်တွေ ပူတဲ့အတွက် စာကျက်ချိန်များကို ပြောင်းလဲသတ်မှတ်လိုက်ရင်တော့ အပူဒဏ်ခံကို အလွယ်တကူ ကျော်လွှားနိုင်တာပေါ့။ ဒါကသူငယ်ချင်းတို့ ညဥ့်ဇီးကွက်ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ညဘက် နောက်ကျတဲ့ထိ စာမကြည့်နိုင်ရင်တော့ ပိုအေးတဲ့ ညနေတို့၊မနက်စောစောတို့မှာ စာကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနတစ်ခုကလည်း ဒီလိုပြောထားပါသေးတယ်။ စာသင်နှစ်မှာ အပူချိန် ၁ ဒီဂရီ ဖာရင်ဟိုက် မြင့်တက်လာရင် အဲ့ဒီနှစ်မှာ သင်ယူခဲ့တဲ့ ပမာဏရဲ့ ၁ ရာခိုင်နှုန်း လျော့နည်းစေတယ်။ ပြင်ပအပူချိန် မြင့်တက်လာတာနဲ့အမျှ သင်ယူမှုကျဆင်းတာကို တွေ့ရှိခဲ့တယ်လိုဆိုပါတယ်။ ဒါကြောင့်ရာသီဥတုပူပူမှာ အချိန်ပြောင်းပြီးစာလုပ်ကြဖို့ အကြံပြုချင်ပါတယ်။ နောက်ပြီး သင့်လေ့လာစရာတွေမှာ ဖတ်ရမဲ့စာတွေ အများကြီးပါတယ်ဆိုရင်တော့ အိမ်ပတ်ဝန်းကျင်က အရိပ်ရမဲ့နေရာ သို့မဟုတ် သစ်ပင်တစ်ပင်အောက်မှာဖြစ်ဖြစ်စာဖတ်ဖို့ စဉ်းစားနိုင်ပါတယ်။ အထပ်မြင့်တိုက်တွေမှာနေတဲ့ သူငယ်ချင်းတွေအတွက်တော့ အိမ်ရှေ့ဝရံတာက စာလုပ်စရာနေရာကောင်းလေးဖြစ်မှာသေချာပါတယ်။

▪ ရေများများသောက်ပါ။

အိမ်အိမ်ကတော့ ရေမဆာဘူးဆိုရင်တောင် ရေဆက်သောက်ပေးဖို့ အကြံပေးချင်တယ်။ ပူတဲ့အခါ ရေသောက်လိုက်တော့ ချွေးထွက်ရင်းကုန်သွားတဲ့ ရေဓာတ်တွေကိုပြန်လည်ရရှိစေမှာပေါ့။ ပြီးတော့ချွေးထွက်တာက ခန္ဓာကိုယ်ကို အေးမြစေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တော့ ရေများများသောက်ပေးပြီး ချွေးထွက်စေတာက ခန္ဓာကိုယ်တွက်လည်းကောင်းတာပေါ့။ ပူပြင်းတဲ့နွေရာသီမှာ အေးမြစေတဲ့အပြင် ရေဓာတ်ခန်းခြောက်တာ၊ အပူကုန်ခန်းတာနဲ့ အပူဒဏ်ကို ကာကွယ်ပေးပါတယ်။ နောက်အရေးကြီးတဲ့တစ်ခုက ပူပြင်းတဲ့နေ့တွေမှာ အပြင်ထွက်ရင် အပြင်မထွက်ခင် ရေသောက်ပါ။ အဲ့နည်းကတော့ သူငယ်ချင်းတို့ကို ရေဓာတ်ပြည့်ဝစေပြီး ချွေးထွက်တာကြောင့်ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားတိုင်း ရေသန့်ဘူးကို ဆောင်ထားသင့်ပြီး တစ်နေ့တာလုံး သောက်သုံးဖို့ တွန်းအားချင်ပါတယ်။

▪ အရောင်ဖျော့ဖျော့အဝတ်အစားတွေက ပူအိုက်တဲ့နေ့တွေမှာ အေးမြစေနိုင်ကြောင်း သတိရပါ။
ဆိုတော့ အိမ်အိမ်တို့ အဝတ်အစား ဖျော့လေလေ၊ နေရောင်က ပိုထင်ဟပ်လာလေလေဖြစ်ပါတယ်။ အဝတ်အစား ပိုမှောင်လေလေ နေရောင်ခြည်က ပိုစုပ်လေလေ၊ ဒီတော့ ပိုပူလာမယ် ဆိုတဲ့ သဘောတရားပါပဲ။ ဒါ့အပြင် တင်းကျပ်တဲ့အဝတ်အစားတွေက ခန္ဓာကိုယ်ကို အပူတွေကို ကူးပြောင်းပေးတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းမဲ့ အဝတ်အစားတွေ ဝတ်တာက ပိုကောင်းပါတယ်။

▪ နောက်ဆုံးတစ်ခုကတော့ အမြဲတမ်းလိုလို မီးပျက်နေတတ်တဲ့အတွက် air-con အသုံးမပြုနိုင်ရင် အေးမြနေစေဖို့ ပန်ကာတွေ ဒါမှမဟုတ် UBSနဲ့တွဲသုံးရတဲ့ပန်ကာအသေးလေးတွေဆောင်ထားဖို့ အကြံပြုချင်ပါတယ်။

ဒီနေ့တော့ဒီလောက်ပါပဲ။ သူငယ်ချင်းတို့တတွေလည်း တခြားအပူဒဏ်ကာကွယ်နည်းတွေသိရင် Commentမှာ မျှဝေပေးသွားအုံးနော်။

#MOE #NUG #Children #Health
❤65👍48🔥1
ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့က အိမ်အိမ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သတ်မှတ်ပေးတဲ့ ကမ္ဘာ‌မြေနေ့ (World Earth Day) ပဲ ဖြစ်ပါတယ်။
❤48👍26👎2
▪ ကမ္ဘာ‌မြေနေ့ ဖြစ်ပေါ်လာဖို့ ၁၉၆၀ ခုနှစ် အနှောင်းပိုင်းကာ‌လတွေကနေ အစတည်ခဲ့တာပါ။ ၁၉၇၀ ပြည့်နှစ် မတိုင်ခင်အထိ အိမ်အိမ်တို့ရဲ့ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက်သတ်မှတ်ထားတဲ့ ပြဌာန်းချက်၊ စည်းမျည်း ဥပဒေတွေ မရှိခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ အမေရိကန် အဏ္ဏဝါဗေဒပညာရှင် Rachel Carson က Silent Spring (တိတ်ဆိတ်တဲ့ နွေဦး)ဆိုတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပြီး သက်ရှိနဲ့သဘာ၀ပတ်၀န်းကျင်၊ ပိုးသတ်ဆေးကြောင့် ပတ်၀န်းကျင်ညစ်ညမ်းမှုနဲ့ လူသားတွေရဲ့ ကျန်းမာရေး အစရှိတာတွေကို ဆက်စပ်ရေးသားဖော်ပြခဲ့တာပါ။ အဲ့ဒီစာအုပ်က မြေကမ္ဘာရဲ့ ပြည်သူ၊ပြည်သားတွေကို သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ အတွေးအမြင်အသစ်တွေ ပေးခဲ့ပါတယ်။

▪ ဒါကြောင့် ဆီနိတ်တာ Gaylord Nelson က အမေရိကန်နိုင်ငံတွင်းမှာ ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ ရှိလာအောင် ကမ္ဘာမြေနေ့ ကို သတ်မှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၇၀ ပြည့်နှစ် ဧပြီလ (၂၂) ရက်နေ့မှာ သန်း (၂၀) သော ပြည်သူများကလည်း အမေရိကန်ရှိ ပြည်နယ်နဲ့မြို့တွေမှာ ငြိမ်းချမ်းစွာပါ၀င်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုရဲ့ အောင်မြင်မှုကနေ ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာဌာန (the U.S. Environmental Protection Agency) ကို ဖွဲ့စည်းနိုင်ခဲ့သလို ကမ္ဘာ‌မြေနေ့ရယ်ဆိုပြီး အခိုင်အမာပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ ကမ္ဘာ‌မြေနေ့ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နိုင်ငံပေါင်း (၁၄၁) နိုင်ငံက လူပေါင်း သန်း (၂၀၀) ကျော်က ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။

▪ နှစ်စဥ်နှစ်တိုင်း မတူညီတဲ့ခေါင်းစဉ်တွေအောက်မှာ ကမ္ဘာ‌မြေနေ့ကို ကျင်းပလာခဲ့ကြတာ ဒီနှစ် ၂၀၂၂ မှာတော့ "Invest in Our Planet" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျင်းပသွားမှာဖြစ်ပါတယ်။ သူငယ်ချင်းတို့သိကြတဲ့အတိုင်း ရာသီဥတုဖောက်ပြန်မှု၊ အပူချိန်လွန်ကဲလာမှုတွေနဲ့ ကမ္ဘာကြီးက ကျန်းမာရေးမကောင်းတော့ပါဘူး။ ဒီ‌တော့ မြေကမ္ဘာကို မှီခိုအားထားကြရတဲ့ အိမ်အိမ်တို့က နာမကျန်းဖြစ်နေတဲ့ကမ္ဘာကြီး အမြန်ဆုံး နေပြန်ကောင်းလာအောင် အချိန်အား၊ လူအား အလုံးစုံ စိုက်ထုတ်ကြိုးပမ်းကြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း ဒီနှစ်ကမ္ဘာ‌‌မြေနေ့ရဲ့ ခေါင်းစဉ်နဲ့အညီ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

#InvestInOurPlanet #EarthDay #MOENUG #HomeBasedLearning #Myanmar
❤72👍56
ဆယ်ကျော်သက်ကလေးများအတွက် မိဘများအတွက် အခန်းကဏ္ဍ
===
ဒီနေ့အိမ်အိမ်က ဆယ်ကျော်သက် သူငယ်ချင်းတို့အတွက် ဖေဖေမေမေတို့ရဲ့အခန်းကဏ္ဍကိုပြောပြပေးချင်ပါတယ်။
❤61👍34🔥2
ဖေဖေ မေမေတို့က ကလေးတွေရဲ့ အခြေခံကျင့်ဝတ်တွေ၊ ဘာသာရေးဓလေ့ထုံးစံတွေ၊ ပညာရေးဆိုင်ရာရွေးချယ်မှုတွေစတဲ့ သူတို့လေးတွေရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ကြပါတယ်။ ဆယ်ကျော်သက် ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှုဆိုင်ရာ တိုးတက်မှုများအတွက် မိဘများရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

ဘယ်လို အခန်းကဏ္ဍတွေလဲဆိုတာ အိမ်အိမ်နဲ့ အတူတူ လေ့လာကြည့်ရအောင်

၁. မိဘများဟာ ကလေးတွေရဲ့ အလေ့အကျင့်ကောင်းများအတွက် စံပြပုဂ္ဂိုလ် တွေဖြစ်ကြပါတယ်။

▪ ဆယ်ကျော်သက်အရွယ်တွေမှာ မိဘများရဲ့အပြုအမူတွေကို အသိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ကလေးငယ်တွေက လိုက်လံတုပနိုင်ပါတယ်။ ဒါကြောင့် မိဘတွေဟာ ကလေးငယ်တွေရဲ့ စံပြ ပုဂ္ဂိုလ်တွေဖြစ်လာကြပါတယ်။ ဒီချိန်မှာ မိဘတွေအနေနဲ့ စံပြကောင်းတွေ ဖြစ်နေဖို့အရေးကြီး ပါတယ်။ ဒါမှပဲ သူတို့လေးတွေရဲ့ ရှေ့လျှောက်အနာဂတ်ကို အလေ့အကျင့်ကောင်းတွေနဲ့ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

၂. ကျန်းမာသောလူနေမှုပုံစံတစ်ခုကိုလမ်းညွှန်ပေးရပါမယ်။

▪ မိဘတွေဟာ ကလေးတွေရဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးနိုင်ဖို့ လမ်းညွှန်ရန်အတွက်လည်း နောက်ထပ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဖို့ လိုအပ်ပါတယ်။ ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာကို စားသောက်ပြီး မှန်ကန်တဲ့ လေ့ကျင့်ခန်း ပမာဏကို လုပ်ဆောင်ဖို့၊ အိပ်ချိန်မှန်ပြီး ပြင်ပနေရောင်ခြည်နဲ့ လေ၀င်လေထွက် မှန်ကန်သော ပမာဏကို ရရှိဖို့ ထိန်းကျောင်းပေးသင့်ပါတယ်။ ကလေးက ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာရင် သူ့အတွက် အကျိုးရှိမှာပေါ့။ ဒါကြောင့်လည်း ကျန်းမာသန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတစ်ဦးအဖြစ် ကြီးပြင်းလာပါလိမ့်မယ်။

၃. မိဘများဟာ ဆယ်ကျော်သက်ကလေးတွေအတွက် အကြီးမားဆုံး ပံ့ပိုးကူညီမှုမှာ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုလည်းဖြစ်ပါတယ်။

▪ စိတ်ပိုင်းဆိုင်ရာ အားနည်းနေချိန်မှာ ကလေးကို ကူညီမယ်ဆိုရင် ကလေးတစ်ယောက်အနေနဲ့ မိဘများရဲ့ ပံ့ပိုးကူညီမှုရရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ မိဘတွေဆီက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုရရှိတဲ့ ကလေးက စိတ်ပိုင်းဆိုင်ရာ အားကောင်းလာတတ်ပါသေးတယ်။ ဆယ်ကျော်သက်လို နုနယ်တဲ့အရွယ်မှာ ကလေးဟာ စိတ်ပိုင်းဆိုင်ရာ ပိုပြီးအားနည်းလာတတ်တာကြောင့် မိဘတွေရဲ့ ပံ့ပိုးကူညီမှုက ကလေးကို ပိုသန်မာစေပါတယ်။

ဒါတွေကတော့မိဘတွေအနေနဲ့ ဆယ်ကျော်သက်ကလေးတွေကြီးပြင်လာတဲ့အခါမှာကောင်းမွန်စွာ လမ်းပြထိန်းကျောင်းပေးနိုင်မဲ့ အချက်တချို့ ဖြစ်ပါတယ်။
ဒီထက်ပိုပြီးများများသိချင်ရင်တော့ https://www.growkido.com/role-of-parents-in-adolescence-period/ မှာဝင်ဖတ်ကြည့်ဖို့ အိမ်အိမ်က အကြံပေးချင်ပါတယ်။
ဒါဆိုနောက်မှ ပြန်တွေ့ကြမယ်နော်။

#MOE #NUG #MBEH #Parents #Role #Myanmar #Education
❤97👍92🔥5👎4
ဒီနေ့မှာ သူငယ်ချင်းတို့ရဲ့ ဘဝမှာ အရမ်းအရေးပါတဲ့ ကျွန်ု၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) အကြောင်း လေ့လာကြည့်ကြမယ်။
❤65👍39👎2🔥2
▪ ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card)ဆိုတာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက် ပြီး

(၁) သတိပြုမိခြင်း၊
(၂) စဉ်းစားခြင်း၊
(၃) နားလည်ခြင်း၊ နဲ့
(၄) လက်တွေ့လုပ်ဆောင်ခြင်းဆိုတဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ရဲ့ အခြေခံသဘောတရားတွေပါတဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ရေးသားထားတဲ့ မှတ်တမ်းလေးပေါ့။

▪ ဒီလိုကဒ်လေးတွေ ရေးသားရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတော့

✅နေ့စဉ်တွေ့ကြုံနေရ တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စဉ်းစားတတ်မယ်၊
✅သူငယ်ချင်းတို့ရဲ့ ရည်မှန်းချက်တွေကိုလည်း မှတ်တမ်းတင် အကောင်အထည်ဖော်တတ်မယ်၊ ✅ပြဿနာတွေကိုလည်း ကိုယ်တိုင်နည်းလမ်းရှာပြီး ဖြေရှင်းတတ်လာတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာနိုင်ပါတယ်။

ကိုယ်ပိုင် အတွေးအခေါ်တွေ ပိုင်ဆိုင်ပြီးတော့ လက်တွေ့ဘဝမှာဆက်စပ် အသုံးချ လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

▪ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) ကို အစီအစဉ်တကျ ရေးသားပုံကတော့

၁. သင်ခန်းစာမသင်ခင်မှာ ဘာတွေသိထားလဲ?
၂. သင်ခန်းစာ သင်ပြီးတဲ့အချိန်မှာ ဘာတွေသိသွားလဲ?
၃. ဒီနေ့ကနေစပြီး နောင်မှာ ဘယ်လိုဆက်လက်လုပ်ဆောင်သွားရမလဲ?

(စာသင်ခန်းထဲမှာ သင်ခဲ့တဲ့ အရာတွေကို လက်တွေ့ဘဝမှာ အသုံးချဖို့အတွက်ဖြစ်တယ်)

သူငယ်ချင်းတို့ရော သင်ခန်းစာနဲ့ ပတ်သက်ပြီး ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) ကို ရေးပြီးကြပြီလား? ရေးပြီးရင် တခြားသူငယ်ချင်းများ သိရအောင် Commentမှာ မျှဝေပေးပါဦး။

ကျွန်ုပ်၏ဆုံးဖြတ်ချက်ကဒ် (Reflection Card) နဲ့ပတ်သက်ပြီး အုပ်ထိန်းသူတွေ၊ ဆရာ/ဆရာမတွေ အနေနဲ့ ဘယ်လို စစ်ဆေးအကဲဖြတ်ပေးနိုင်မလဲဆိုတာ စတုတ္ထတန်း၊ ဆရာ့လမ်းညွှန်စာအုပ်မှာ ဆက်ပြီးလေ့လာကြည့်လို့ရပါတယ်.

နောက်ရက်တွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာအကြောင်းတွေကို မျှဝေပေးဦးမှာမို့ MBEH Channel ကို ကြည့်ရှုဖို့ မမေ့ကြနဲ့နော်။

#MOE #NUG #MBEH #Channel #Myanmar #ReflectionCard #Children
👍97❤63👎7🔥4
သူငယ်ချင်းတို့ရေ ...

ဒီနေ့ မေလ(၁)ရက်နေ့က ကမ္ဘာ့အလုပ်သမားနေ့ ဆိုတာ သူငယ်ချင်းတို့ သိကြမယ်ထင်ပါတယ်။
အလုပ်သမားနေ့ကို မေဒေးလို့ ခေါ်ကြပြီး အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားတွေ သွေးစည်းလိုက်သည့်နေ့လို့လည်း ဆိုလို့ရပါတယ်။
❤113👍61👎5
▪️မေဒေးဖြစ်ပေါ်လာအောင် ဖန်တီးလိုက်တဲ့ အလုပ်ရှင်နှင့် အလုပ်သမားတို့ရဲ့ ပဋိပက္ခမှုဟာ ၁၉ ရာစုဆန်းစ အမေရိကန်ပြည်ထောင်စုမှာ စတင်ခဲ့တာပါ။ အဲ့ဒီခေတ် အလုပ်သမားတွေက နေထွက်ချိန် မှ နေဝင်ချိန် တစ်နေ့လျှင်(၁၆)နာရီမှ နာရီ(၂၀) အထိ အလုပ်ရုံ၊ စက်ရုံတွေမှာ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်ဆင်းခဲ့ကြရပေမယ့် သူတို့ရဲ့ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေးတွေမှာ အဆင့်အတန်း နိမ့်ကျခဲ့ရတယ်တဲ့၊
အလုပ်သမားတွေရဲ့ ဘ၀ကို မြင်တွေ့နေခဲ့ကြတဲ့ အလုပ်သမား ခေါင်းဆောင်တွေက အလုပ်သမားများ သက်သာစေဖို့ အလုပ်ရှင်တွေထံ တောင်းဆိုခဲ့ကြတယ်။

▪️၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်တွေက တစ်နေ့လျှင် အလုပ်ချိန် (၁၀) နာရီသာထားရန် တောင်းဆိုခဲ့ကြသော်လည်း အလုပ်ရှင်တွေကတော့ အလွယ်တကူ မလိုက်လျောခဲ့ဘူး၊ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်တဲ့ အလုပ်သမားတွေ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံခဲ့ရတယ်၊ ဒါပေမယ့်လည်း အလုပ်သမား အင်အားစုတွေက အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းခဲ့ကြပြီး အလုပ်သမားတွေရဲ့ တိုက်ပွဲက အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ ကူးစက်သွားတယ်။

▪️၁၈၈၄ ခုနှစ် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံမှာ ၁၈၈၆ ခု မေလ(၁)ရက်နေ့မှစပြီး တစ်နေ့လျှင် (၈) နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်တယ်။
အလုပ်သမားပေါင်း များစွာတို့ကလည်း ထိုဆုံးဖြတ်ချက် အောင်မြင်သည်အထိ ဆောင်ရွက်ကြရာ ဖိနှိပ်ချုပ်ချယ်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံခဲ့ရသလို အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း ရှိခဲ့တယ်တဲ့၊ နောက်ဆုံးမှာတော့ အလုပ်သမားတွေရဲ့ တိုက်ပွဲက အောင်မြင်ခဲ့ပါတယ်။

▪️၁၈၈၉ ခုနှစ် ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် ဒုတိယညီလာခံက မေလ(၁)ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

▪️နှစ်စဉ် မေလ(၁)ရက်တိုင်းမှာ ကမ္ဘာတစ်ဝှမ်းတွင် အလုပ်သမားနေ့အထိမ်းအမှတ်ပွဲများ ကျင်းပကြပြီး အလုပ်သမားတွေက လုပ်ခအပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။

▪️မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်ကစပြီး အလုပ်သမားနေ့ကို စတင်ကျင်းပခဲ့တယ်လို့ သိရပြီး
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာမှာ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

▪️အလုပ်သမားနေ့က အလုပ်သမားတွေရဲ့ အသက်၊သွေး၊ချွေးတွေကို ရင်းနှီးပြီးမှရရှိခဲ့တာကြောင့် ကမ္ဘာ့အလုပ်သမား လူတန်းစားတွေအတွက်တော့ အရေးပါတဲ့ နေ့တစ်နေ့ဖြစ်တာမို့ အိမ်အိမ်တို့သူငယ်ချင်းတွေအတူတူ အလုပ်သမားနေ့ကို ဂုဏ်ပြုလိုက်ကြရအောင်နော်။

#MOENUG #HomeBasedLearning #Myanmar
❤141👍107👎5🔥5
▪️"ရာသီမသိ ပန်းနှင့်ညှိ"ဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း အခါရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေကိုကြည့်ပြီး မည့်သည့်လ၊ မည့်သည့်ရာသီရောက်ပြီဆိုတာကို ခန့်မှန်းတွက်ဆနိုင်တယ်တဲ့၊
ဒါကြောင့်မို့ အိမ်အိမ်က ဆယ့်နှစ်လရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေအကြောင်း သူငယ်ချင်းတို့ကို ပြောပြပေးမယ်နော်။

☘️(၁) မြန်မာနှစ်ဦးတန်ခူးလရဲ့ ရာသီပန်းက ကံ့ကော်ပန်းဖြစ်ပြီး ပိတောက်ပန်းကလည်း ဝေဝေဆာဆာဖြင့် နှစ်သစ်ကိုကြိုဆိုကာ ဖူးပွင့်ကြပါတယ်
☘️(၂) ကဆုန်လရဲ့ ရာသီပန်းမှာ ရွှေဝါရောင်အဆင်းရှိတဲ့ စံကားဝါပန်း
☘️(၃) နွေအကုန် မိုးအစ ကာလမှာတော့ နယုန်လရဲ့ ရာသီပန်းဖြစ်တဲ့ စံပယ်ပန်းတွေ လှိုင်လှိုင်ပွင့်ပြီး
☘️(၄) ဝါဆိုလမှာ မြတ်လေးပန်းနဲ့ ပုန်းညက်ပန်းတို့ ပွင့်ကာ၊ ဝါဆိုလရဲ့ ရာသီပန်းကတော့ မြတ်လေးပန်း ဖြစ်ပါတယ်။
☘️(၅) ဝါခေါင်လရဲ့ ရာသီပန်းက ခတ္တာပန်းဖြစ်သလို
☘️(၆) တော်သလင်းလရဲ့ ရာသီပန်းကိုတော့ ရင်းမာပန်းလို့ သတ်မှတ်ထားကာ
☘️(၇) ဝါလကင်းလွတ် သီတင်းကျွတ်လရဲ့ ရာသီပန်းကတော့ ကြာပန်း ဖြစ်ပါတယ်။
☘️(၈) နွယ်ပင်ကပွင့်တဲ့ပန်းဖြစ်တဲ့ ခဝဲပန်းကတော့ တန်ဆောင်မုန်းလရဲ့ ရာသီပန်းဖြစ်ကာ
☘️(၉) ဆောင်းလရာသီဖြစ်တဲ့ နတ်တော်လမှာတော့ သဇင်ပန်းကို ရာသီပန်းအဖြစ် သတ်မှတ်ထားပြီး
☘️(၁၀) ပြာသိုလရဲ့ ရာသီပန်းမှာ ခွာညိုပန်းဖြစ်ပါတယ်
☘️(၁၁) တပို့တွဲလမှာတော့ ပေါက်ပန်းနဲ့ လဲပန်းကို ရာသီပန်းအဖြစ် သတ်မှတ်ထားသလို "လဲဆိုတာ လက်ပံပင်ကို ဆိုလိုတာပါ"
☘️(၁၂) ဆောင်းအကုန်နွေအကူးကာလဖြစ်တဲ့ အပူရှိန်ပြင်းတဲ့ တပေါင်းလမှာတော့ ရာသီပန်းက သရဖီပန်း ဖြစ်ပါတယ်။

▪️ရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေက ပွင့်တဲ့ အချိန်ရာသီအလိုက် ပုံသဏ္ဌာန်၊ အရောင်အဆင်း၊ အနံ့ အမျိုးမျိုးကွဲပြားခြားနားတတ်ပါတယ်တဲ့ သူငယ်ချင်းတို့ရေ၊
ဆယ့်နှစ်လရာသီပတ်လုံးမပြတ်အောင် အရောင်အသွေးစုံလင်စွာ ဖူးပွင့်ကာအလှဆင်နေကြတဲ့ ပန်းလေးတွေရဲ့ ထူးခြားတဲ့ ပုံသဏ္ဌာန်၊ အရောင်အဆင်းတွေနဲ့အတူ ကင်းဝန်မင်းကြီးဖွဲ့သီခဲ့တဲ့ ဆယ့်နှစ်လရာသီပန်းများအကြောင်းကို အခုအောက်မှာ ဖော်ပြပေးထားတဲ့ လင့်ခ်တွေထဲမှာ ထပ်မံလေ့လာနိုင်ပါတယ်။

▪️စတုတ္တတန်း(သင်ရိုးသစ်)/မြန်မာစာ/ကျောင်းသုံးစာအုပ် - https://learning-moe.nugmyanmar.org/be/course/view.php?id=41

YouTube - https://youtu.be/RjoZvdY0pcg

▪️ဖေဖေ၊မေမေတို့ကလည်း ရာသီအလိုက်ပွင့်တဲ့ ပန်းလေးတွေအကြောင်းကို သားသား၊မီးမီးတို့ကို ပြောပြပေးပါဦးနော်။

နောက်ရက်တွေမှာ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေနဲ့အတူ အိမ်အိမ်ပြန်လာခဲ့ပါမယ် ...
ခုတော့ တာ့တာပါ။

#MOENUG #HomeBased
👍190❤83🔥10👎9