The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
စူပါအယ်လ်နီညို၊ ကမ္ဘာ့အပူလှိုင်းနှင့် မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှု

Climate Impact Lab - CIL ရဲ့ သုတေသနအစီရင်ခံစာသစ်တခု က ဒီနှစ်မှာ စံချိန်တင်ပြင်းထန်နေတဲ့ "စူပါအယ်လ်နီညို Super El Niño" သို့မဟုတ် "ဂေါ်ဇီလာ အယ်လ်နီညို" ကြောင့် ကမ္ဘာတလွှားမှာ ရာသီဥတု ဖရိုဖရဲဖြစ်ပြီး လူပေါင်း ၄ သိန်းခွဲနီးပါး ပုံမှန်ထက် ပိုမိုသေဆုံးနိုင်တယ်လို့ သတိပေးထားပါတယ်။ စူပါအယ်လ်နီညိုဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီလောက် အန္တရာယ်ကြီးတာလဲနဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်လာနိုင်လဲ။

https://youtu.be/hKriwCczXX0
👍31😱6😭2❤1👎1
👍37❤6👎1
ထိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီး ၁၇ ဦး အယုံအကြည်မရှိအဆို တင်သွင်းခံရ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ထိုင်းနိုင်ငံရှိ အတိုက်အခံပါတီများသည် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်နှင့် ဝန်ကြီး ၁၇ ဦးတို့အပေါ် အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုနှင့် စီမံခန့်ခွဲမှု အလွဲများအပါအဝင် စွပ်စွဲချက်များဖြင့် အခြေခံဥပဒေပုဒ်မ ၁၅၁ အရ အယုံအကြည်မရှိအဆိုကို လွှတ်တော်၌ ယမန်နေ့က တင်သွင်းခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အဆို တင်သွင်းမှုကို ပြည်သူ့ပါတီ ဦးဆောင်ပြီး ဒီမိုကရက်ပါတီ (Democrat Party)၊ ထိုင်းပက်ဒီပါတီ (Thai Pakdee Party)၊ Thai Ruam Palang Party နှင့် Seri Ruam Thai Party များ ပူးပေါင်းထားသည့် အတိုက်အခံ မဟာမိတ်အဖွဲ့များက တင်သွင်းခဲ့ပြီး အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ပျက်ကွက်မှုများ၊ နိုင်ငံရေးကွန်ရက်များကို အကျိုးပြုမှု၊ အထက်လွှတ်တော်ရွေးချယ်ရေးလုပ်ငန်းစဉ်တွင် မသမာမှုများနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုအပါအဝင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများကို ထောက်ပြစွပ်စွဲထားသည်။

ပြည်ထဲရေးဝန်ကြီး တာဝန် ပူးတွဲရယူထားသည့် ဝန်ကြီးချုပ် အနုတင်သည် ယခုအဆိုတွင် စွပ်စွဲချက် အများဆုံး ရင်ဆိုင်နေရသူဖြစ်ပြီး အတိုက်အခံများက ၎င်းကို ပြင်းထန်သော ကျင့်ဝတ်ဆိုင်ရာ ပျက်ကွက်မှုများ၊ အဂတိလိုက်စားမှု၊ စီမံခန့်ခွဲ လွဲမှားမှု၊ အာဏာအလွဲသုံးစားပြု အစိုးရရာထူး ခန့်အပ်မှုများ၊ နိုင်ငံရေးကွန်ရက်များကို မိမိနှင့် မိမိ၏ အပေါင်းအပါများ အကျိုးအတွက် အသုံးချခဲ့သည်ဟု စွပ်စွဲထားကြောင်း The Nation တွင် ဖော်ပြထားသည်။

ထို့ပြင် လွှတ်တော် ရွေးကောက်ပွဲများ၊ ဝန်ထမ်းသစ် ရွေးချယ်စစ်ဆေးမှုများနှင့် နိုင်ငံတော်ဘတ်ဂျက် သုံးစွဲမှုများတွင် ပုံမှန်မဟုတ်သည့် မသမာမှုများ ရှိနေကြောင်း စွပ်စွဲထားပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ လုပ်ဆောင်ချက်များသည် နိုင်ငံနှင့် ပြည်သူကို ထိခိုက်စေခဲ့သည် ဆိုကာ ၎င်းတို့အား ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်သည့် လွှတ်တော်ဆိုင်ရာ အရေးယူမှုတရပ် အဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ အချက်အလက်များအားလုံးသည် အတိုက်အခံများ၏ စွပ်စွဲချက်သာဖြစ်ပြီး တရားဥပဒေကြောင်းအရ ပြစ်မှုထင်ရှားစီရင်ခြင်း မခံရသမျှ ကာလပတ်လုံး စွပ်စွဲခံရသူများအားလုံးသည် ပြစ်မှုကင်းရှင်းသူများအဖြစ် သတ်မှတ်ခွင့်ရှိကြောင်း သတင်းက ဆိုသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍49❤7🤔3👎2
👎25😭3❤1
မလေးရှားမှ မြန်မာ ၃,၀၀၀ ထပ် ပြန်ပို့မည်

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

မလေးရှားနိုင်ငံတွင် ကျန်ရှိနေသည့် မြန်မာနိုင်ငံသား ၃,၀၀၀ ခန့်ကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် နှစ်နိုင်ငံသဘောတူညီချက်များအရ မြန်မာနိုင်ငံက မကြာမီ ပြန်လည်လက်ခံမည်ဟု မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါ ဘင် အီဘရာဟင်က ယမန်နေ့ ပြုလုပ်သော နှစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုနိုင်သူများကို ယခုလို ရာသီဥတုကောင်းမွန်နေသည့်အချိန်တွင် ရေတပ်သင်္ဘောများ စေလွှတ်ကာ ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ပြီး မလေးရှားအစိုးရ၏ ခွင့်ပြုချက်ကိုလည်း တောင်းခံခဲ့ကြောင်း အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား ၁,၄၀၀ ကျော်ကို မြန်မာတပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ထားပြီး ကျန်ရှိသူများအနက် ရာဇဝတ်မှုကျူးလွန်ထားခြင်းမရှိကြောင်း စိစစ်အတည်ပြုနိုင်သူများကိုလည်း မြန်မာနိုင်ငံက ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် ဆိုးရွားသည့် လူသားချင်းစာနာမှုအခြေအနေများ ဆက်လက်ရှိနေသည့်အတွက် မလေးရှားမှ ပြန်ပို့နေခြင်းအပေါ် စိုးရိမ်ကြောင်းနှင့် ပြန်ပို့ခံရသူအချို့သည် လုံခြုံရေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည့်အပြင် နိုင်ငံတကာကာကွယ်စောင့်ရှောက်မှုလိုအပ်နိုင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာ ၃၀ ရက်တွင် ထောက်ပြထားသည်။

ထို့ပြင် ထိန်းသိမ်းရေးစခန်းများသို့ ဝင်ရောက်စစ်ဆေးခွင့်မရသည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားများမှာ ပြန်လိုသည့်ဆန္ဒ အမှန်တကယ် လွတ်လပ်စွာ ဆုံးဖြတ်ထားခြင်း ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ကြောင်း UNHCR က ပြောသည်။

အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ ပြန်လည် ပို့ဆောင်လိုက်သည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ပါ စစ်သင်္ဘော ၃ စီးသည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ) သို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။


ပုံစာ- အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ပါ စစ်သင်္ဘော ၃ စီး သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ) သို့ ဆိုက်ကပ်စဉ်/MOI

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎46❤7👍5😭4
ကရင်ငြိမ်းချမ်းရေးဖိုရမ်အပြီး စစ်တပ်က ထိုးစစ်ပိုဆင်လာ

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုကာ စစ်တပ်ငြိမ်းချမ်းရေး အကြံပေး ဝန်ကြီးဟောင်း ဦးအောင်မင်းနှင့် ဝန်ကြီးချုပ် စောမြင့်ဦး ဦးဆောင်ပြီး စက်တင်ဘာနှောင်းပိုင်းက ဘားအံမြို့ ၌ကျင်းပအပြီး မြို့နယ် ၃ ခု၌ စစ်တပ်က ထိုးစစ်များ ပိုလုပ်လာသည်။

စက်တင်ဘာ ၂၆၊ ၂၇ နှစ်ရက်ဆက်လုပ်သည့် ကရင်ငြိမ်းချမ်းရေးဖိုရမ်ကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် မန်းငြိမ်းမောင်တို့လည်း တက်ရောက်ပြီး ကရင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ စစ်လွန်ကာလ ပြန်လည် တည်ဆောက် ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့ လာစေရေးတို့ရည်ရွယ်သည်ဟု သိရသည်။

သို့သော်လည်း ဖိုရမ်အပြီး စစ်တပ်က မြဝတီ၊ ဖာပွန်၊ ကော့ကရိတ်မြို့နယ်များတွင် ထိုးစစ်ဆင်မှုများ၊ ဗုံးကြဲမှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/09/416908.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁26👎15👍6❤5🤔1
Media is too big
VIEW IN TELEGRAM
မက်ဆီကို ဂုဏ်ပြုတဲ့ ရော်နယ်ဒိုရဲ့ မှတ်ချက် လူကြိုက်များ

အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူသွားတဲ့ ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီကို သူ့ရဲ့ ပြိုင်ဘက်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုက လူမှုကွန်ရက်မှာ ဂုဏ်ပြုမှတ်ချက် ရေးသားခဲ့ရာမှာ ပရိသတ်တွေရဲ့ အားပေးမှု အများအပြားရရှိခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ အောက်တိုဘာ ၇ ရက်နေ့က အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲ ကစားခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ ၁ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီပွဲပြီးတဲ့နောက် မက်ဆီက Instagram မှာ နှုတ်ဆက်စာ ရေးသားခဲ့တာဖြစ်ပြီး အဲဒီပို့စ်အောက်မှာ ရော်နယ်ဒို က ဝင်ရောက်မှတ်ချက်ပေးခဲ့တာပါ။

#မြန်မာ #ဧရာဝတီ #မက်ဆီ #ရော်နယ်ဒို #အာဂျင်တီးနား #နိုင်ငံလက်ရွေးစင် #Instagram #WhatsHappeningInMyanmar
👍36❤4
👎32😁14❤3🤔3
အင်ဒိုနီးရှားနှင့် ဘရူနိုင်းကလည်း မင်းအောင်လှိုင်ကို ဖိတ်ဦးမည်ဟု ဆို

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

သမ္မတရာထူး ရယူပြီးနောက် နိုင်ငံရေးအရ တရားဝင်မှုရရန် ကြိုးပမ်းနေသည့် မင်းအောင်လှိုင်အား အာဆီယံနိုင်ငံများ ဖြစ်သော အင်ဒိုနီးရှားနှင့် ဘရူနိုင်းကလည်း ဖိတ်ခေါ်ရန်ရှိကြောင်း အာဏာသိမ်းသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

ယမန်နေ့က မလေးရှားခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ထည့်သွင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “မလေးရှားဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သမ္မတကြီးက တခြားနိုင်ငံတွေ သွားခဲ့တယ်။ ထိတွေ့ဆက်ဆံမှုတွေလုပ်ခဲ့တယ်။ တခြားနိုင်ငံတွေ အင်ဒိုနီးရှားနဲ့ ဘရူနိုင်း နိုင်ငံတွေက သမ္မတကြီးကို ဖိတ်ဖို့ရှိပါတယ်ဆိုတဲ့ Information ကို မျှဝေလိုက်ပါတယ် ”ဟု ပြောသည်။

ကုန်းတွင်း အာဆီယံ ၄ နိုင်ငံနှင့် ယခု မလေးရှားခရီးစဉ်၌ နိုင်ငံ၏ လုပ်ဆောင်ချက် ရပ်တည်ချက်များကို ရှင်းပြနိုင်ခဲ့သည့် အတွက် ကျန်သောနိုင်ငံများဆီလည်း ထိုသတင်းစကားများ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း၊ မြေပြင်လက်တွေ့ အခြေအနေမှန်ကို မဖိတ်ကြားရသေးသည့် နိုင်ငံအပေါ် တမျိုးမြင်နေသော အာဆီယံနိုင်ငံများက ရှင်းရှင်းလင်းလင်းသိမြင်သွားရန် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

မင်းအောင်လှိုင်သည် သမ္မတရာထူးရယူပြီးနောက် တရုတ်၊ အိန္ဒိယ၊ရုရှား အပါအဝင် အာဆီယံနိုင်ငံများထဲတွင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁43❤6👎5👍3
😭12😁10
ဘတ်ဂျက်လိုငွေပြနေသည့် အာဏာသိမ်းအစိုးရ ကျပ်ဘီလီလံ ၂၀၀၀ ကျော် ဗဟိုဘဏ်မှ ချေးဖို့ လွှတ်တော်ကို တင်ပြ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အာဏာသိမ်းအစိုးရ၏ အပ်ငွေစာရင်းတွင် ဖြစ်ပေါ်လာနိုင်သည့် လိုငွေ ဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူမည့်အစီအစဉ်ကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က အောက်တိုဘာ ၆ ရက် လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။

ချေးငွေ ဖြည့်ဆည်းရာတွင် ယခင်က ငွေတိုက်လက်မှတ်များ လေလံတင် ရောင်းချမှုမှ ရရှိသည့် ပျမ်းမျှဈေးကွက်အတိုးနှုန်းကို အသုံးပြုခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ အစိုးရငွေတိုက်လက်မှတ်များအပေါ် အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ကာ ဗဟိုဘဏ်က ဝယ်ယူသည့်နည်းလမ်းဖြင့် လိုငွေ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဦးသက်ထွန်းအောင်က ပြောသည်။

ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန်အတွက် ဦးစွာ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို လေလံစနစ်ဖြင့် ရောင်းချပြီး ယင်းမှရရှိသည့်ငွေ မလုံလောက်ပါက ဗဟိုဘဏ်မှ ချေးငွေဖြင့် ထပ်မံဖြည့်ဆည်းသည့်နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။

ယခုဘဏ္ဍာနှစ် စက်တင်ဘာလအထိ ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ခြောက်ကြိမ် ရောင်းချခဲ့ရာ ကျပ် ၂,၉၃၈ ဒသမ ၅၅ ဘီလီယံ ရရှိခဲ့ပြီး ငွေတိုက်လက်မှတ်များကို လေလံစနစ်ဖြင့် ၁၂ ကြိမ် ရောင်းချခဲ့ရာ ကျပ် ၁၀,၉၉၈ ဒသမ ၆၂ ဘီလီယံ ဖြည့်ဆည်းခဲ့ရကြောင်း ဦးသက်ထွန်းအောင်က ပြောသည်။

ထို့ကြောင့် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချခြင်းမှတဆင့် အာဏာသိမ်းအစိုးရ၏ အပ်ငွေစာရင်းလိုငွေကို စုစုပေါင်း ကျပ် ၁၃ဒသမ ၉၃၇ ထရီလီယံကျော် ဖြည့်ဆည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်များ မြင့်တက်နေပြီး လိုငွေကို ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချခြင်း၊ ဗဟိုဘဏ်ထံမှ ချေးယူခြင်းတို့ဖြင့် ဖြည့်ဆည်းခြင်းသည် အစိုးရငွေကြေးလိုအပ်ချက် ကို ရေတိုတွင် ဖြည့်ဆည်းပေးနိုင်သော်လည်း ဗဟိုဘဏ်က ငွေကြေးထောက်ပံ့မှု တိုးမြှင့်လာပါက စီးပွားရေးအတွင်း ငွေကြေးပမာဏနှင့် ဈေးနှုန်းများအပေါ် ဖိအားဖြစ်စေကာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှု ပိုမို ဆိုးရွားစေနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ထောက်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍22👎9❤7🤔3😭2
Media is too big
VIEW IN TELEGRAM
မြန်မာပြည်သူ ၃ ဦးမှာ ၁ ဦးက ဆင်းရဲနေတယ်လို့ UNDP ဖော်ပြ

မြန်မာနိုင်ငံမှာ လူသုံးဦးမှာ တဦးက ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးနေတယ်လို့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံရှိဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု အစီရင်ခံမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ သုံးဦးမှာ တဦး ခန့်မှန်းလူဦးရေ ၁၇ သန်းကျော်ဟာ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရပြီး နောက်ထပ် ၁၉ သန်းကျော်ကလည်း ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နိုင်ခြေရှိနေတယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။

#မြန်မာ #ဧရာဝတီ #ဆင်းရဲမွဲတေမှု #UNDP #အစီရင်ခံစာ #WhatsHappeningInMyanmar
👍33😭23❤2😁1
😁36❤2
ပြည်ပရောက်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဖိုရမ် နေပြည်တော်မှာ လုပ်မည်

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဖိုရမ်တခုကို မနက်ဖြန် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောသည်။

“ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ အရှေ့အလယ်ပိုင်းဒေသတွေလည်းပါတယ်။ ဒေသအနှံ့အပြားမှာ ပျံ့နှံ့နေတဲ့ မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နိုင်ငံရဲ့ အကျိုးရှိရာကိစ္စတွေအတွက် ကျနော်တို့ ဖိုရမ်တခုလုပ်မယ်။ အဲဒါကို မနက်ဖြန်မှာလုပ်ဖို့ ဝန်ကြီးစခန့်ကတည်းက ခေါင်းထဲပေါ်လာလို့ ချက်ချင်းထလုပ်မှာ ဖြစ်ပါတယ်”ဟု ဦးမောင်မြင့်က ယနေ့တွင် ၎င်း၏ Tiktok မှတဆင့် ပြောထားသည်။

အဆိုပါ ဖိုရမ်ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး လူအယောက် ၅၀၀ ကျော်ခန့် ဖိတ်ထားရာ တက်ရောက်မည့်သူများထဲ ပြည်ပအလုပ်အကိုင်အေဂျင်စီများ၊ ယခင်အလုပ်သမားဝန်ကြီးဟောင်းများ၊ ဒုဝန်ကြီးများ၊ အကြံပေးကောင်စီမှ ဦးကိုကိုလှိုင်၊ ဒေါ်ယဉ်ယဉ်နွယ်၊ ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ CI စခန်းများဖွင့်လှစ်ရာတွင် တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

ပုံစာ-၂၀၂၄ ခုနှစ်က MoU လုပ်သားများ ဂျပန်သို့ မထွက်ခွာမီ ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်/GNLM

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁49❤7👍6🤔1
😭35👍8❤2
မြန်မာ့လူဦးရေ ၆၈ ရာခိုင်နှုန်း ဆင်းရဲနေပြီ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

မြန်မာနိုင်ငံရှိ လူဦးရေ ၃၇ သန်းကျော်၊ စုစုပေါင်းလူဦးရေ၏ ၆၈ ရာခိုင်နှုန်းခန့်သည် ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုကို ကြုံတွေ့နေရခြင်း သို့မဟုတ် ထိုအခြေအနေသို့ ကျရောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ယမန်နေ့တွင် ထုတ်ပြန်သည်။

နိုင်ငံတွင်း နှစ်ရှည်လများ ဖြစ်ပွားနေသော ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေး ပျက်စီးယိုယွင်းမှုများနှင့် ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုများကြောင့် လူဦးရေ သန်းပေါင်းများစွာ၏ နေထိုင်ရာ ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တပြိုင်နက်တည်း ပြိုလဲသွားခြင်း ပိုမို ဆိုးရွားလာကြောင်း UNDP ၏ Layers of Deprivation: Multidimensional Poverty in Myanmar” အမည်ရှိ အစီရင်ခံစာသစ်တွင် ထောက်ပြ ထားသည်။

UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က “ မြန်မာနိုင်ငံအကြောင်းဟာ အပြည်ပြည်ဆိုင်ရာ သတင်းမျက်နှာဖုံးတွေမှာ မပါဝင်တော့တာ ဖြစ်နိုင်ပေမယ့် သန်းပေါင်းများစွာသော ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ ဆက်လက် နက်ရှိုင်းနေတုန်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ လူသားဖွံ့ဖြိုးတိုးတက်မှုကိုပါ တိုက်စားနေပြီး ပြည်သူအားလုံး နစ်နာဆုံးရှုံးနေရပါတယ်” ဟု ပြောသည်။

ဆင်းရဲမွဲတေမှုမှာ ဒေသတခုနှင့်တခု မတူညီဘဲ ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တော်သောအိမ်ရာ၊ သန့်ရှင်းသော သောက်သုံးရေနှင့် အခြေခံဝန်ဆောင်မှုများ ရရှိရန် အခက်အခဲများရှိနေပြီး ကျန်းမာရေးနှင့် လူနေမှုစံနှုန်းဆိုင်ရာ ချို့တဲ့မှုများသည် ဘက်ပေါင်းစုံဆင်းရဲမွဲတေမှု၏ ၈၀ ရာခိုင်နှုန်းကျော် ပါဝင်နေကြောင်း အစီရင်ခံစာက ဆိုသည်။

ရခိုင်ပြည်နယ်သည် ဘက်ပေါင်းစုံဆင်းရဲမွဲတေမှု အဆိုးရွားဆုံးဒေသများအနက် တခုဖြစ်ပြီး လူဦးရေ သုံးပုံနှစ်ပုံကျော်မှာ ဆင်းရဲမွဲတေမှုကို ကြုံတွေ့နေရကာ သုံးပုံတပုံခန့်မှာ ပြင်းထန် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူငယ် အနည်းဆုံး တသန်းခန့် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့နိုင်ပြီး ယင်းသည် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်အပေါ် ရေရှည်သက်ရောက်မှုရှိနိုင်ကြောင်း UNDP က သတိပေးထားသည်။

ဓာတ်ပုံ-UN

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍37😭20❤6😁3😱2
Media is too big
VIEW IN TELEGRAM
ယူကရိန်း အများပြည်သူသုံး ဘတ်စ်ကားများအပေါ် ရုရှားတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀ သေဆုံး

အောက်တိုဘာ ၉၊​ ၂၀၂၆

ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာက ခရာမာတော့စ်ခ်မြို့မှာ အရပ်သားတွေစီးနင်းလာတဲ့ ဘတ်စ်ကား ၂ စီးကို ရုရှား‌က လေကြောင်းလမ်းညွှန်ဗုံးနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၃၀ သေဆုံးသွားခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #russia #ukraine #bus
😭34👎10❤3
ရှမ်းမြောက်ကျားဖြန့်စစ်ဆင်ရေး မှတ်တမ်းရုပ်ရှင် တရုတ် ဘာကြောင့်ပြခဲ့လဲ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

တရုတ်အစိုးရက “မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖြန့် လိမ်လည်မှု၏ နိဂုံး" အမည်ဖြင့် ဝနှင့် ကိုးကန့်ဒေသရှိ ကျားဖြန့်များကို နှိမ်နင်းသည့် စစ်ဆင်ရေး မှတ်တမ်းတင် မော်ကွန်းရုပ်ရှင်ကားကို အောက်တိုဘာ ၅ရက်မှစ၍ ၃ ပိုင်း ခွဲ ပြသခဲ့သည်။

ထိုမော်ကွန်းရုပ်ရှင် ပြသမှုက ရှမ်းမြောက်ဒေသ ကျားဖြန့်စစ်ဆင်ရေး ၃နှစ်ပြည့်ခါနီးချိန်ဖြစ်သလို အမေရိကန် ကိုယ်စား လှယ်အဖွဲ့ ကျားဖြန့်အကြောင်းပြု နေပြည်တော်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု စတင်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ရှမ်းမြောက်ကျားဖြန့်စစ်ဆင်ရေးအကြောင်း မှတ်တမ်းရုပ်ရှင်ကို တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် China Media Group တို့က ပူးပေါင်း ပြသခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဝဒေသ မိုင်းပေါက်တဝိုက်မှာပင် လူပေါင်း ၆၀,၀၀၀ နီးပါး ပါဝင်ပတ်သက်နေသည့် ကျားဖြန့် စခန်းပေါင်း ၂၆၅ ခုရှိခဲ့ကြောင်း၊ အများစုကို ဒေသတွင်း သြဇာရှိသူများက အကာအကွယ် ပေးထားကြောင်း မှတ်တမ်းရုပ်ရှင်က ဆိုသည်။

ထို့ပြင် မြန်မာစစ်တပ်၏ မိတ်ဖက်လည်းဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ “ကျားဖြန့်နှင့် အခြားရာဇဝတ်မှု များကို နောက်ကွယ်မှ ဦးဆောင်မောင်းနှင်ခဲ့သည့် ကိုးကန့်ဩဇာခံအဖွဲ့ (ဒေသအခေါ် ဂိုဏ်းကြီး ၄ ဂိုဏ်း)၏ ဩဇာအာဏာ အောက် ကျားဖြန့်များ ကြီးထွားလာခဲ့ပြီး လူသတ်မှု၊ လူကုန်ကူးမှု၊ နှိပ်စက်မှု၊ အဓမ္မအလုပ်စေခိုင်းမှုစသည့် ရာဇဝတ်မှုများ စွာ ကျူးလွန်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

တရုတ်အစိုးရအနေဖြင့် စစ်တပ်ကျောထောက်နောက်ခံပြု ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ကိုးကန့်မိသားစုများအား အွန်လိုင်း ငွေလိမ်နေခြင်းကို ရပ်ဖို့ ၃ကြိမ်တိုင်တိုင် သတိပေးခဲ့သည်။ သို့သော် အလှည့်အပြောင်းက ၂၀၂၃ ခု အောက်တိုဘာ ၂၀ ရက်က မြီမိသားစု၏ စခန်း၌ ဖြစ်ခဲ့သည့် ထွက်ပြေးရန် ကြိုးစားသူများအား ပစ်ခတ်မှုပင်ဖြစ်ပြီး လူ ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်။

ထို့ပြင် တရုတ်ထောက်လှမ်းရေးများသည် သက်သေထွက်ဆိုချက် ၁,၀၀၀ ကျော် တိုက်ဆိုင်စစ်ဆေးခဲ့ပြီးနောက် တရုတ်- မြန်မာတရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ ကိုးကန့်ရှိ လိမ်လည်မှုစခန်းများသို့ ဝင်ရောက်ခဲ့ရာ နောက်ဆုံး သြဇာကြီးမားသည့် ပယ်မိသားစု ၊လျိုမိသားစု ၊ဝေမိသားစုနှင့် မြီမိသားစုတို့ကို အထင်ကရ စစ်ဆင်ရေးလုပ်ပြီး ၁၀မိနစ်အတွင်း အဓိကခေါင်းဆောင်များကို လျှပ်တပြက် စီးနင်းဖမ်းဆီးမှုကို ထိုမော်ကွန်းရုပ်ရှင်တွင် ဖော်ပြထားသည်။

မှတ်တမ်းရုပ်ရှင်တွင် ကျားဖြန့်နေရာများနှင့် ရက်စက်ကြမ်းကြုတ်မှု၊ တရုတ်ရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲခဲ့ပုံ၊ သံသယရှိသူများကို နယ်စပ်ဖြတ်ကျော် စုံစမ်းဖမ်းဆီးခဲ့ပုံနှင့် သမိုင်းဝင် ပြစ်ဒဏ်ချမှတ်မှုများဆိုင်းငံ့နိုင်သည်အထိ အမှုတည်ဆောက်ခဲ့ပုံများ ပါရှိသည်။

တရုတ်အစိုးရသည် ယမန်နှစ် စက်တင်ဘာလတွင် ကိုးကန့်မိသားစုကြီးလေးခုမှ ခေါင်းဆောင်များအပါအဝင် စုစုပေါင်း ၁၁ ဦးအား သေဒဏ်ပေးခဲ့ပြီး အခြားသူ ၅ ဦးကိုလည်း နှစ်နှစ်ဆိုင်းငံ့သေဒဏ်ချမှတ်ထားပြီဖြစ်သည်။

တရုတ်ထောက်လှမ်းရေးများသည် ပုပ်ပွနေသော ရုပ်လောင်း ၃ လောင်းကို တွေ့ရှိခဲ့ပြီး မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေး ချက်များအရ ထို ၃ ဦးစလုံး သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း အတည်ပြုနိုင်ခဲရာ မြီမိသားစုအပေါ် အရေးယူဆောင် ရွက်မှုကို ပိုမိုမြန်ဆန်စေခဲ့ကြောင်း ဆိုသည်။

မြန်မာစစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ကိုးကန့်ခေါင်းဆောင်များထဲမှ မြီရွှေချမ်းမှာ ဖမ်းဆီးစဉ်က မိမိကိုယ်သေနတ်နှင့်ပစ်ကာ အဆုံးစီရင်ခဲ့ထားပြီး ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်းဖြစ်သူ ပယ်ဆောက်ချိန်မှာ တရုတ်ထောင်အတွင်း ချုပ်နှောင်ခံထားပြီး တရားရင်ဆိုင်နေစဉ် ကျန်းမာရေး ဖောက်ကာ သေဆုံးခဲ့သည်။

ယခု တရုတ်မော်ကွန်းရုပ်ရှင်သည် ကျားဖြန့်နှင့်ပတ်သက်၍ မြန်မာစစ်တပ်အား တိုက်ရိုက်ဝေဖန်ခြင်းမျိုးမရှိသော်လည်း စစ်တပ်၏ နယ်ခြားစောင့်တပ်(BGF)များအနေဖြင့် ကျားဖြန့်လုပ်ငန်းများအား အကာအကွယ်ပေးခဲ့သည်ကို ရှင်းလင်း စွာဖော်ပြထားသည့်အပြင် တရုတ်နိုင်ငံသားအချို့ ရာဇဝတ်မှုကျူးလွန်ခံရမှုအပေါ် သက်သေရှာဖွေရန် မြန်မာစစ်တပ်၏ ကန့်သတ်မှုအချို့အား သွယ်ဝိုက် ဖော်ပြထားကြောင်း Global Initiative Against Transnational Organized Crime အဖွဲ့မှ ကျွမ်းကျင်သူ ဂျေဆင်တာဝါက ပြောသည်။

၎င်းက "ဒီမှတ်တမ်းတင်ရုပ်ရှင်ဟာ မြန်မာစစ်တပ်အပေါ် တိုက်ရိုက် ဝေဖန်ထားတာမျိုး မရှိပေမယ့် စစ်တပ်လက်အောက်ခံ ကိုးကန့်နယ်ခြား စောင့်တပ် (BGF) ဟာ လိမ်လည်မှုစင်တာတွေကို အကာအကွယ်ပေးခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း ဖော်ပြထားပါတယ်၊ ဒါ့အပြင် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေအတွင်း ကိုးကန့်ဒေသမှာ လာရောက်စုံစမ်းစစ်ဆေးတဲ့ တရုတ်ရဲတပ်ဖွဲ့ကို မြန်မာစစ်တပ်က ဘယ်လောက်အထိ ခက်ခဲအောင် လုပ်ခဲ့လဲဆိုတာကိုလည်း သွယ်ဝိုက်ပြီးတော့ မီးမောင်းထိုးပြထားပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသားတွေကို နှိပ်စက်ညှဉ်းပန်းတယ်လို့ သံသယရှိတဲ့ အဓိက ခြံဝင်းတခုကနေ DNA သက်သေအထောက်အထားတွေ ကောက်ယူဖို့အတွက်
👍27❤18😁3
😁14😱6❤2