The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
😁13😱6
ထိုင်းမှတ်ပုံတင်အတုလုပ်သည့် မြန်မာတို့ပါသောအဖွဲ့ ဖမ်းဆီး

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ဘန်ကောက်ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေးဌာနတို့ ပူးပေါင်းပြီး “Operation Northern Shadow” စစ်ဆင်ရေးအတွင်း ထိုင်းနိုင်ငံသားကတ်နှင့် သန်းခေါင်စာရင်း လိမ်လည်ပြုလုပ်သည့် ထိုင်း၊ တရုတ်နှင့် မြန်မာနိုင်ငံသားတို့ ပါဝင်သော ၂၄ ဦး ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အဆိုပါ အဖွဲ့ကို တရားရုံးက ဖမ်းဝရမ်း ၁၅ ခုနှင့် ရှာဖွေဝရမ်း ၇ ခု ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံသား ၂ ဦး၊ တရုတ်နိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၁၉ ဦး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ကွန်ရက်လေးခု ဖမ်းဆီးမှုအနက် ကွန်ရက်တခုမှာ အိမ်ခြံမြေနှင့် အခြားပိုင်ဆိုင်မှုများမှတဆင့် ငွေကြေးခဝါချသည်ဟု သံသယရှိသည့် တရုတ်လုပ်ငန်းရှင်အုပ်စုဖြစ်ပြီး ဆက်စပ်တန်ဖိုး ဘတ်သန်း ၈၀၀ ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံသားများ ပါဝင်သည့် ကွန်ရက်မှာ ငွေသား ဘတ် ၂၃ သန်းကို နိုင်ငံပြင်ပသို့ တရားမဝင်သယ်ဆောင်မှုနှင့် ဆက်စပ်နေကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးခံရသူများထဲတွင် တရုတ်နိုင်ငံ၌ ဘတ်သန်း ၁၅,၀၀၀ ကျော် ဆုံးရှုံးနစ်နာခဲ့သည့် ကျားဖြန့်နှင့် ဆက်စပ်ပြီး INTERPOL၏ အနီရောင်အဆင့် ထုတ်ခံထားရသူများလည်း ပါဝင်ကြောင်း၊ ၎င်းတို့သည် ကရင်လူမျိုးဆိုင်ရာ အထောက်အထားကတ်များနှင့် သုညဖြင့်စသောကတ်များကို အသုံးပြု၍ ပုန်းအောင်းနေခဲ့ကြောင်းလည်း သိရသည်။

ထိုင်းအာဏာပိုင်များက သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်ဆိုင်ရာ လိမ်လည်မှုများ၊ ပွဲစားကွန်ရက်များနှင့် ယင်းနည်းလမ်းများကို အသုံးပြုကာ ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်ခြင်း သို့မဟုတ် ပုန်းအောင်းခြင်း ပြုလုပ်နေသူများကို ဖော်ထုတ်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-Daily News Thailand
❤23👍15
👍13
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်

ယခုတပတ်တွင် ဆန်ဈေးအနည်းငယ်မြင့်တက်နေကာ ပြင်ပ ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၅,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ (ယတပတ်ထက် ဓာတ်ဆီ ၉၂ တလီတာ ၅၅ ကျပ်၊ ၉၅ တလီတာ ၄၀ ကျပ်နှင့် ဒီဇယ်တလီတာ ၁၈၅ ကျပ် ထပ်မံ မြင့်တက်ခဲ့ပြီး ပရီမီယံ ဒီဇယ် တလီတာ ၂၂၀ ကျပ် ကျလာကြောင်း တွေ့ရသည်။)

ဓာတ်ဆီ ၉၂ တလီတာ ၄,၅၉၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၄,၇၇၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၅,၀၀၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၅၇၅ ကျပ်
စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၅၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၉ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၉၁
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၀၅၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍34❤13👎1😭1
စစ်တွေရေတပ်ကို ခြိမ်းခြောက်နေသည့် ငပြီကျွန်းကိုရဖို့ အသေခံကမ်းတက်နေ

သတင်း | လင်းသစ် ၊ ၉၊ အောက်တိုဘာ၊၂၀၂၆။

ကုလားတန်မြစ်ဝမှ ရေတပ်သင်္ဘောများကို အနီးကပ်ခြိမ်းခြောက်နိုင်သည့် မဟာဗျူဟာ အချက်အချာကျ ငပြီကျွန်း ကို အာရက္ခတပ်တော် (AA)လက်မှ ပြန်ရဖို့ စစ်တပ်က အသေခံကမ်းတက် ကြိုးစားနေရာ နှစ်ရက်အတွင်း သေဆုံး သူ ဆယ်ချီရှိကြောင်းသိရသည်။

အာရက္ခတပ်တော်(AA)၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်တွေအနောက်ဘက်ကမ်း မယူမြစ်ကမ်းတလျှောက်၊ မြောက် ဘက်ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာများရှိ တပ်စခန်းများလက်လွှတ်ရပြီး ထွက်ပေါက်ပိတ်နေသည့် စစ်တပ်သည် မြို့အရှေ့ဘက်၊ ကုလားတန်မြစ်ပေါ် ပေါက်တောမြို့နယ် ငပြီကျွန်းဆီ ကမ်းတက်ဖို့ အောက်တိုဘာ ၇ရက်ကစ၍ စစ်တွေမြို့ပေါ်တပ်ရင်းများနှင့် တိုက်လေယာဉ်များမှ ပစ်ကူပေးကာ စစ်သင်္ဘော ၆ စီး၊ အမြန်ရေယာဉ် ၁၀စီးခန့်ဖြင့် လုပ်နေခြင်းဖြစ်သည်။

AA နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တဦးက “ကမ်းတက်ဖို့လုပ်နေတာ ဒီနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ။ မနည်းဘူး တက်ကြတယ်။ ဆုတ်လည်း ဆုတ်ပြေးကြတယ်။ ခဏနေရင် အသေခံပြီး ထပ်တက်လာတယ်။ အပေါ် ရောက်ရင် သေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/09/416918.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍44❤12😁7👎3😭1
❤35👍12👎2😁2
မြန်မာ-ဂမ်ဘီယာအမှု တရားသူကြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက စွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုမှ အထူးတရားသူကြီး ဖြစ်သူ တောင်အာဖရိကနိုင်ငံသူ ဥပဒေပညာရှင် နာဗာနီသမ် 'နာဗီ' ပီလေး (Navanethem “Navi” Pillay) ကို ယခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက ယနေ့ ကြေညာသည်။

တောင်အာဖရိကနိုင်ငံ၊ ဒားဘန်းမြို့ရှိ အပါသိုက် (အသားအရောင် ခွဲခြားဆက်ဆံမှု) စနစ်အောက်တွင် အိန္ဒိယတမီလ် မျိုးနွယ် မိသားစုမှ မွေးဖွားလာသူ နာဗီ ပီလေးသည် ငြိမ်းချမ်းရေးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေစိုးမိုးရေး တိုးတက်လာစေရန် ကြိုးပမ်းခဲ့သူဖြစ်ပြီး စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကော်မတီက ဖော်ပြထားသည်။

တောင်အာဖရိကနိုင်ငံ၏ အသားအရောင်ခွဲခြားမှုစနစ်ကို ဆန့်ကျင်သူများအား ဥပဒေအရ ကာကွယ်ပေးခဲ့သူဖြစ်ပြီး ရဝမ်ဒါအပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာခုံရုံး(ICTR)၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(ICC)နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

ထို့ပြင် ပါလက်စတိုင်း နယ်မြေများဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲတရားစွဲဆိုထားသည့် အမှု၌ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

ဥပဒေပညာရှင် နားဗာနီသမ် 'နာဗီ' ပီလေး ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ပဋိပက္ခများကို အကြမ်းမဖက်ဘဲ ဖြေရှင်းရန်၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေစိုးမိုးရေး၏ အရေးပါမှုကို အလေးပေးဖော်ပြခြင်းဖြစ်ကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက ပြောသည်။

အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်တွန်းလှန်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းအားထုတ်မှုများကြောင့် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိခဲ့သော မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ ဖမ်းဆီးထောင်ချခြင်း ခံနေရဆဲဖြစ်သည်။
❤47👍18👎2
👍24❤1👎1🤔1
မြန်မာသို့ပို့မည့် ဘတ် ၃ သန်းကျော်ဖိုး ပဲပုပ်ဖတ်များ ထိုင်းအာဏာပိုင်တို့ သိမ်း

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ထိုင်း အကောက်ခွန်ကို ဖြတ်၍ မြန်မာနိုင်ငံသို့ ပို့မည့် ပဲပုပ်ဖတ် ၁၉၃,၆၁၀ ကီလိုဂရမ်၊ ထိုင်းဘတ် ၃ သန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများကို အောက်တိုဘာ ၅ ရက်တွင် အကောက်ခွန်ဒေသဆိုင်ရာရုံး အမှတ် (၁) နှင့် ရနောင်းအကောက်ခွန်ဌာနတို့ ပူးပေါင်းစစ်ဆေးရာ သတ်မှတ်ကာလ ရက်၃၀ ကျော်ထိ နိုင်ငံပြင်ပ မပို့နိုင်သည့်အတွက် ထိုင်းအကောက်ခွန်ဦးစီးဌာနက နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံသို့ တင်ပို့ရန် ရည်ရွယ်ထားသည့် ကွန်တိန်နာ ၇ လုံးအတွင်းမှ ပဲပုပ်ဖတ်များကို တွေ့ရှိခဲ့ပြီး ကုန်ပစ္စည်းများသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးနောက် သတ်မှတ်ထားသည့် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံပြင်ပသို့ ပြန်လည်ထွက်ခွာခြင်းမရှိသည့်အတွက် စည်းမျဉ်းချိုးဖောက်မှုကြောင့် သိမ်းဆည်းရခြင်းဖြစ်ကြောင်း ထိုင်းအကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည်။

ယခု သိမ်းဆည်းမှုသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်/ထွက်ခွာနေသည့် ကုန်ပစ္စည်းများကို စနစ်တကျ စောင့်ကြည့်ကွပ်ကဲရန်၊ ဖြတ်သန်းကုန်သွယ်မှု လမ်းကြောင်းများကို တရားမဝင် အသုံးချမှုကို တားဆီးရန်နှင့် နိုင်ငံ၏ ပို့ကုန်/သွင်းကုန် စနစ် မှန်ကန်မှုကို ထိန်းသိမ်းရန် အကောက်ခွန်ဦးစီးဌာန၏ တာဝန်ထမ်းဆောင်မှု အစိတ်အပိုင်းတခု ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍31❤11👎6
Media is too big
VIEW IN TELEGRAM
နေပြည်တော်နဲ့ အမေရိကန်တွေ့ဆုံမှု ဘာတွေဆက်ဖြစ်လာမလဲ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းကို မနက်ဖြန် စနေနေ့ မနက်မှာ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။

#မြန်မာ #ဧရာဝတီ #နေပြည်တော် #အမေရိကန် #တရုတ်
👍47❤9🤔2
AA ကိုတိုက်မယ့် စစ်မျက်နှာအားလုံး ချေမှုန်းခံနေရ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

အာရက္ခတပ်တော် (AA) အများစု ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲကို ခြေကုပ်ပြန်ယူဖို့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ နှစ်ဖက်တိုက်ပွဲတွေအတွင်း ရှေ့မတိုးနိုင်ဘဲ စစ်ဦးကျိုး လန်ကျနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အထူးသဖြင့် စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားက တိုက်ပွဲတွေအပြင် မကွေးတိုင်း မင်းတုန်းမြို့နယ်ဘက်က တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က ဦးဆောင်တဲ့ တပ်မှူးတချို့ သေဆုံးခဲ့သလို ယာယီအခြေကုပ်စခန်းတွေကိုပါ စွန့်ခွာသွားရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီကို အတည်ပြု ထားပါတယ်။

မြေပြင်လူအင်အားသုံးထိုးစစ်မှာ မြေပြင်ကျွမ်းကျင်မှုနဲ့ စစ်ရေး ကျွမ်းကျင်မှုတွေအရ ရှေ့ကိုမတိုးနိုင်ပေမယ့် လေကြောင်း အသုံးပြု တိုက်ခိုက်မှုတွေကြောင့် AA နဲ့တော်လှန်ရေး ပူးပေါင်းတပ်တွေ ဘက်ကလည်း အထိအခိုက်အကျဆုံးတွေရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။

ပေါက်တောမြို့ကို ဝီရဌာနနီ၊ မင်းပြားမြို့နယ်ကို အဥ္စနပူရလို့ ပြောင်းလဲ ခေါ်ဝေါ်တဲ့အထိ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးကိစ္စတွေကို ဆောင်ရွက်နေပြီး နောက်ဆုံးခံစစ်ရှိရာ စစ်တွေ ဒေသကွပ်မှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) ကိုစစ်ရေးအရ ခြိမ်းခြောက်ထားနိုင်တဲ့ AA တပ်ကို အပြီးသတ် ချေမှုန်းဖို့နဲ့ ထိန်းချုပ်နယ်မြေတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စစ်တပ်ဝါဒဖြန့်သူတွေက တောက်လျှောက် လှုံဆော်နေကြတာလည်းဖြစ်ပါတယ်။

https://youtu.be/_bvo8KM_li0

#မြန်မာ #ဧရာဝတီ #ရခိုင် #AA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍52❤22😁5🤔3😭1
• ရုရှားက မြန်မာနိုင်ငံသားတွေကို စစ်အင်အားစုဆောင်းနေ
• တိုင်းရင်းသားစာတွေကို တရုတ်စာပြောင်းလို့ MNDAA ကို ရှမ်းအဖွဲ့တွေ သတိပေး
• ပေါက်တောမှာ ကမ်းကပ်ဖို့ကြိုးပမ်းတဲ့ စစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်
• မင်းအောင်လှိုင်ကို တရားစွဲဆိုထားမှုလက်ခံပြီး ဖိတ်ခေါ်ဖို့လုပ်နေတဲ့ အင်ဒိုနီးရှား
• ထိုင်းမိဖုရား တိုက်လေယာဉ်မောင်းပြီး သမိုင်းမှတ်တမ်းတင်

နေ့စဉ်သတင်း၊ အောက်တိုဘာ ၉၊ ၂၀၂၆
https://youtu.be/ari8UyKopGM

#မြန်မာ #ဧရာဝတီ #ရုရှား #စစ်သား #တိုင်းရင်းသား #စာပေ #တရုတ်စာ #MNDAA #AA #ပေါက်တော #အင်ဒိုနီးရှား #မင်းအောင်လှိုင် #ထိုင်းမိဘုရား #တိုက်လေယာဉ် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍40❤4🤔1
မဲဇာနယ်မြေကို စစ်တပ်ပြန်ထိန်းချုပ်

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မဲဇာကျေးရွာနဲ့ အနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာပြီးနောက် အောက်တိုဘာလ ၉ ရက် မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့ဘက်ကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ အမှတ် (၁) စစ်ဒေသ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

https://youtu.be/9Zov0NAU48o

#မြန်မာ #ဧရာဝတီ #မဲဇာ #KIA #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎37👍21❤8😁5😱1
😁36👍5❤3😭1
ကျန်းမာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကို တာဝန်မှ အနားပေး

ဧရာဝတီ၊ အောက်တိုဘာ ၉၊၂၀၂၆

ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဒုဝန်ကြီး ဒေါက်တာအေးထွန်း၊ ပညာရေးဝန်ကြီး ဒေါက်တာဇော်မြင့်အပါအဝင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်ကို တာဝန်မှ အနားပေးလိုက်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ယနေ့ အမိန့်ထုတ်ပြန်သည်။

လစ်လပ်သွားသည့် ကျန်းမာရေးဝန်ကြီး တာဝန်ကို လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာစိုးဝင်းအား ခန့်အပ်လိုက်ကြောင်း သိရသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်မှာ စစ်တပ်အရာရှိဟောင်းတဦးဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၁၀ရက်ကမှ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒု ဥက္ကဋ္ဌ ဦးသက်ထွန်းအောင်၊ ဒေါက်တာဒေါ်စန္ဒာဦးတို့နှင့်အတူ ခန့်အပ်ခံရသူဖြစ်သည်။

ပုံစာ- ကျန်းမာရေး ဝန်ကြီးနှင့် ဒုဝန်ကြီးတို့ကို တွေ့ရစဉ်

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁44❤24👍4🤔2😭1
၂၀၂၅ ခုနှစ် မတ်လက ဧရာဝတီမှာ ရေးထားတဲ့ ဆိုက်ဘာ ငွေလိမ်ဂိုဏ်းများနဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2025/03/03/398039.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍30❤3🤔3👎1😭1
မီးအလှည့်ကျစနစ် စတင်ပြီးနောက် ဆိုလာဈေးခုန်တက်

ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆

အာဏာသိမ်း စစ်အစိုးရက အယ်နီညိုကို အကြောင်းပြပြီး လျှပ်စစ်မီးတွေကို အလှည့်ကျစနစ်နဲ့ ပေးမယ်လို့ ညွှန်ကြားလာပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာပဲ ဈေးကွက်ထဲ ဆိုလာဈေးနှုန်းတွေ နေ့စဉ်နဲ့အမျှ ဆက်တိုက်ခုန်တက်လာနေပါတယ်။

ပြီးခဲ့တဲ့လက ၅၅၀ ဝပ် ဆိုလာတချပ်ကို ကျပ် ၆၃ သိန်းဝန်းကျင်ရှိခဲ့ရာကနေ အခုဆိုရင် ၆၉ သိန်းအထိ ဈေးပေါက်လာသလို၊ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ဆိုလာတပ်ဆင်ဖို့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေပါ ဝယ်ယူရခက်ခဲနေတယ်လို့ ဆိုလာရောင်းဝယ်တပ်ဆင်သူတွေဆီကနေ သိရပါတယ်။

တဖက်မှာလည်း လျှပ်စစ်မီးမရရင် အစားထိုးအသုံးပြုနိုင်တဲ့ အိမ်သုံး မီးစက်တွေရှိပေမယ့် မြန်မာနိုင်ငံမှာ စက်သုံးဆီ မကြာခဏပြတ်လပ်တာ၊ ဆီဈေးကြီးတာနဲ့ ဝယ်ရခက်ခဲတဲ့အခြေအနေတွေကြောင့် မီးစက်တွေကတော့ အရောင်းမသွက်ဘူးလို့ အရောင်းဆိုင်တွေက ပြောပါတယ်။

https://youtu.be/diQf53o2GCc

#မြန်မာ #ဧရာဝတီ #ဆိုလာ #မီးစက် #လျှပ်စစ်မီး #WhatsHappensInMyanmar
👎36😁8❤4😭1
အမေရိကန်၊ နေပြည်တော်တွေ့ဆုံပွဲနဲ့ အင်တာပိုက မြန်မာမီဒီယာတွေကို ဖမ်းမှာလား

ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆

https://youtu.be/nojwqdw_u70

#မြန်မာ #ဧရာဝတီ #အမေရိကန် #နေပြည်တော် #အင်တာပို #WhatsHappensInMyanmar
👍31🤔6😭1