The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👎22😭11👍1
👎26😭3
ဒီပဲယင်းနယ်ကို ပါရာမော်တာဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၄ ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ မူးကမ်းကြီးရွာကို ယနေ့ နေ့လယ် ၁ နာရီ ၁၈ မိနစ်ခန့်တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်သည့် စက်တပ်လေထီး (ပါရာမော်တာ) ဖြင့် ဗုံးကြဲရာ မိသားစုဝင် ၄ ဦးသေဆုံးပြီး တဦး ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရသည်။

မူးကမ်းကြီးရွာအတွင်းသို့ ပါရာမော်တာဖြင့် ဗုံးသီးနှစ်လုံးကြဲရာ ကိုစိုးနိုင်၏နေအိမ်ပေါ် သို့ ကျရောက်ပြီး ဇနီး၊ သမီး၊ ညီမ၊ အစ်ကိုဖြစ်သူတို့ လေးဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတဦးက “ဘာတိုက်ပွဲမှ မရှိဘူး။ မူးကမ်းကြီးရွာထဲ ဗုံးကြဲသွားတာ။ တအိမ်ထဲက မိသားစုဝင်လေးဦးစလုံး ပွဲချင်းပြီး ဆုံးသွားကြတာ။ မူးကမ်းကြီးရွာထဲမှာ နေ နေတာက အရပ်သား သာမန်ပြည်သူတွေပါ။ တော်လှန်ရေးနယ်မြေထဲက ရွာတွေဆိုတော့ သူတို့အတွက်ကတော့ ပြည်သူဆိုတာ မရှိဘူး” ဟု ပြောသည်။

ထို့အတူ ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ပန်းလှအုပ်စု၊ ပန်းလှဘုန်းကြီး ကျောင်းကို တိုက်လေယာဉ်တစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့သဖြင့် သံဃာတော်၂ ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်ကြီး၊ သိမ်နှင့် သံဃာတော်များ ရေချိုးသည့်နေရာအပါအဝင် အဆောက်အအုံအားလုံးနီးပါး ပျက်စီးခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

ယင်း ဘုန်းကြီးကျောင်းသည် ချောင်းဦးမြို့နယ်အတွင်း စစ်ရေးအခြေ အနေများကြောင့် နေရပ်စွန့်ခွာလာသူများ ယခင်က လာရောက်ခိုလှုံနေကြသည့် နေရာတခုဖြစ်သလို ယခုတိုက်ခိုက်မှုသည် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သည်ဟုယူဆကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံများ အထူးသတိထားကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭33❤5👎5👍2
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အင်တာပိုက ဖမ်းဆီးပေးနိုင်သလား

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တာဟာ ရာဇဝတ်မှု မဟုတ်တဲ့အတွက် နိုင်ငံတကာ ရာဇဝတ်မှုတွေကို တားဆီးနှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ INTERPOL လို အဖွဲ့အစည်းတွေက သတင်းသမားတွေကို ဖမ်းဆီးပေးမှာ မဟုတ်ဘူးလို့ လွတ်လပ်တဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းက တုံ့ပြန်ပါတယ်။

အောက်တိုဘာ ၆ ရက် စစ်အစိုးရရဲ့ လွှတ်တော်မှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဧရာဝတီ၊ မဇ္ဈိမ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ Myanmar Now နဲ့ ရန်ကုန်ခေတ်သစ်တို့လို လွတ်လပ်တဲ့သတင်းဌာနတွေက သတင်းသမားတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေနဲ့ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မတွေအရ အရေးယူထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီသတင်းဌာနတွေမှာလုပ်ကိုင်နေတဲ့သူတွေကို နိုင်ငံတကာရဲတပ်ဖွဲ့တွေ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့နဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။

https://youtu.be/gthMqpyaXJU
#မြန်မာ #ဧရာဝတီ #မီဒီယာ #INTERPOL #ASEANAPOL #WhatsHppensInMyanmar
😁43❤9👍2🤔1
👎17😱15😭1
အမေရိကန်က မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ဆွေးနွေးမှု စ

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ဗိုလ်ချုပ်များကို သီးခြားခွဲထုတ်၍ အဆက်အသွယ်ဖြတ်တောက်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုများကို သိသိသာသာ ပြောင်းလဲလိုက်ပြီး ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် မြန်မာစစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးမှုများကို စတင်လိုက်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြသည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် ဦးဆောင်ပြီး အဓိကအားဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)များ ပိတ်သိမ်းရေးကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ မြေရှားသတ္တုသိုက်များနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ အပါအဝင် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများဆီ ဦးတည်သွားနိုင်ကြောင်း သတင်းက ဆိုသည်။

မိုက်ကယ် ဗန့်စ်သည် စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် ပြုလုပ်သည့် ဆွေးနွေးပွဲများ၌ ပါဝင်ခဲ့သည်။ အဆိုပါ တွေ့ဆုံမှုမှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အဒမ် ကာစတီလို လွတ်မြောက်ရေး ရည်ရွယ်ခြင်းဖြစ်သော်လည်း နောက်ထပ် ထိတွေ့ဆက်ဆံနိုင်ရန် လမ်းစတခုလည်း ဖြစ်စေခဲ့ကြောင်း ထိုအကြောင်းအရာကို သိရှိသူ လေးဦးက ရိုက်တာကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်ဆုံး ထိတွေ့ဆက်ဆံမှုဖြစ်သည့် ထိုတွေ့ဆုံမှုသည် ဒီမိုကရေစီမြှင့်တင်ရေး မူဝါဒမှသည် အကျိုးအမြတ်အပေါ် အခြေခံသည့် အပြန်အလှန်ဆက်ဆံရေး မူဝါဒဘက်သို့ အမေရိကန်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးမူဝါဒ သိသိသာသာ ယိုင်နဲ့ပြောင်းလဲလာမှုကို ပေါ်လွင်စေကြောင်း သတင်းတွင် ဖော်ပြသည်။

မင်းအောင်လှိုင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ကာ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သလို၂၀၁၆-၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် နေရပ်စွန့်ခွာခဲ့ရမှုများကိုလည်း လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ထားသည်။

ပုံစာ- ၂၀၂၆ ဧပြီ ၁၀ ရက်တွင် ရယူထားသော သမ္မတရာထူးအတွက် ကတိသစ္စာပြုရန် လွှတ်တော်သို့ ဝင်လာစဉ်/ AFP

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎45👍14❤10😁3😭1
• အာဏာသိမ်းစစ်အုပ်စုနဲ့ အမေရိကန်ဆက်ဆံရေး စနေပြီလို့ Reuters ရေးသား

• မင်းအောင်လှိုင်အစိုးရကို အသိအမှတ်ပြုဖို့ ဖိတ်တာမဟုတ်ဘူးလို့ မလေးရှားပြော

• စစ်ခေါင်းဆောင်တွေ ကျားဖြန့်ကနေ အကျိုးအမြတ်ရနေတယ်လို့ ဦးကျော်မိုးထွန်း ပြော

• မြန်မာပြည်သူ ၃ ဦးမှာ ၁ ဦးက ဆင်းရဲနေတယ်လို့ UNDP ဖော်ပြ

• မက်ဆီကို ဂုဏ်ပြုတဲ့ ရော်နယ်ဒိုရဲ့ မှတ်ချက် လူကြိုက်များ

နေ့စဉ်သတင်း၊ အောက်တိုဘာ ၈၊ ၂၀၂၆

https://youtu.be/8yTq1KFyVGQ
#မြန်မာ #ဧရာဝတီ #အမေရိကန် #Reuters #မလေးရှား #ကျားဖြန့် #ဦးကျော်မိုးထွန်း #UNDP #ဆင်းရဲမွဲတေမှု #မက်ဆီ #ရော်နယ်ဒို #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
👍41❤5👎2😭2
Media is too big
VIEW IN TELEGRAM
ဆန္ဒပြကျောင်းသားတွေရှေ့ ကာကွယ်ခဲ့တဲ့ ပြင်သစ်မြို့တော်ဝန် မျက်ရည်ယိုဗုံးမှန်

အောက်တိုဘာ ၉၊ ၂၀၂၆

ပြင်သစ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေချိန် ပဲရစ်မြို့ မြောက်ဘက်က စိန့်ဒင်းနစ်စ် (Saint-Denis) မြို့တော်ဝန် ဘယ်လီ ဘာဂါယိုကို (Bally Bagayoko) ရဲ့ ဗီဒီယိုတခု လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပါတယ်။


#မြန်မာ #ဧရာဝတီ #ပြင်သစ် #ဆန္ဒပြ
❤45👍14😭6👎5
😭23😱11👎6❤1
ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်း ခရီးသည်တင်ဘတ်စ်ကားများပေါ်မှ လူအများအပြား သေဆုံး
ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆။

ယူကရိန်းအရှေ့ပိုင်း ကရမ်မာတောစ်ခ် (Kramatorsk) မြို့ရှိ ဘတ်စ်ကားမှတ်တိုင်အနီး ခရီးသည်များစီးနင်းလာသည့် ဘတ်စ်ကားများကို ရုရှား၏ လမ်းညွှန်ဒရုန်း ထိမှန်ပေါက်ကွဲခဲ့သဖြင့် လူ ၃၀ သေဆုံးခဲ့သည်။ ထို့ပြင် မြို့တော် ကိယက်ဗ် (Kyiv) ၌လည်း ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လျှပ်စစ်မီးများ လုံးဝဖြတ်တောက်ခဲ့ရသည်။

လွန်ခဲ့သောရက်ကလည်း ပရီလူကီ (Pryluky) မြို့ရှိ လူနေအဆောက်အအုံကို ရုရှားဒုံးကျည် ထိမှန်ခဲ့၍ ကလေး ၅ ဦးအပါအဝင် လူ ၂၂ ဦး သေဆုံးကာ ၅၄ ဦး ဒဏ်ရာရရှိခဲ့သည်။ သမ္မတ ဇယ်လင်စကီး က ဆောင်းရာသီနီးကပ်လာသည်နှင့်အမျှ ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးထားပြီး ပိုမိုကောင်းမွန်သော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ကူညီပေးရန် NATO နိုင်ငံများကို တောင်းဆိုထားသည်။

တချိန်တည်းတွင် ယူကရိန်းဘက်ကလည်း တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံအတွင်းရှိ Yandex ဒေတာစင်တာ၊ ဆာလာဗတ် (Salavat) မြို့မှ ရေနံချက်စက်ရုံနှင့် အုမ်းစ်ခ် (Omsk) ဒေသရှိ စက်မှုဇုန်များကို ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

ကိုးကား။ ။ AP သတင်း Russian strike on Ukrainian public buses leaves dozens dead as blackouts worsen in Kyiv

ပုံစာ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၈ ရက် ယူကရိန်းနိုင်ငံ၊ ဒိုးနက်စ်ဒေသ၊ ကရမ်မာတောစ်ခ်မြို့၌ ဖြစ်ပွားခဲ့သော ရုရှား၏ တိုက်ခိုက်မှုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘတ်စ်ကားတစီး ထိမှန်ခဲ့သည့်နေရာတွင် မီးသတ်သမားများ မီးသတ်နေစဉ်
👎26😭17❤8👍5
👍24❤2
❤20👍14
ပြင်သစ်ကျောင်းသားဆန္ဒပြမှုများ ဆက်လက်ပြင်းထန်နေ

ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၆

ပြင်သစ်ကျောင်းသားများ၏ ဆန္ဒပြမှုများ ဆက်လက်ပြင်းထန်နေပြီး အချို့နေရာများတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ကျောင်းတွင်း အခြေအနေများ ပြုပြင်ပြောင်းလဲပေးရန် ပြင်သစ်ကျောင်းသားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြနေကြရာ အချို့နေရာများတွင် ရဲတပ်ဖွဲ့နှင့် ရိုက်ပွဲများ၊ ရဲစခန်းနှင့် ကျောင်းများကို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများသည် ဆရာ၊ ဆရာမ ဦးရေ တိုးမြှင့်ပေးရန်၊ ပျက်စီးယိုယွင်းနေသော ကျောင်းဆောင်များကို ပြုပြင်ပေးရန်နှင့် အတန်းတွင်း လူဦးရေ ထူထပ်မှုကို ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

ပညာရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ကတိကဝတ်အချို့ ပေးထားသော်လည်း ကျောင်းသားခေါင်းဆောင်များက မလုံလောက်ဟုဆိုကာ ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ကြေညာထားသည်။ ထို့ပြင် ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှု လွန်ကဲခြင်းအပေါ်လည်း မကျေမနပ် ဖြစ်နေကြသည်။ အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဖြစ်ပွားသည့် ဒီဆန္ဒပြမှုသည် ပြင်သစ်နိုင်ငံရေးနယ်ပယ်တွင်လည်း အမြင်ကွဲပြားမှုများကို ပိုမိုကြီးထွားစေခဲ့သည်။

ကိုးကား။ ။ Reuters သတင်း French students keep up protest pressure with some demonstrations hit by violence
❤29👍18👎2
အမေရိကန်က မြန်မာစစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးခဲ့

Simon Lewis

အမေရိကန်အရာရှိများနှင့် အဆိုပါကိစ္စကို သိရှိနားလည်သူများ၏ ပြောကြားချက်အရ ထရမ့်အစိုးရအဖွဲ့သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ဗိုလ်ချုပ်များကို သီးခြားခွဲခြားကန့်သတ်ထားရန် ဝါရှင်တန်၏ ကြိုးပမ်းမှုများကို ရုတ်တရက်ပြောင်းလဲ၍ မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်လိုက်သည်၊၊

လက်ရှိနှင့် အရာရှိဟောင်း ၇ ဦးနှင့် မူဝါဒအပြောင်းအလဲအကြောင်း သိရှိသူများ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance) သည် ထိုသို့ ဆက်သွယ်ဆွေးနွေးမှုတွင် ဦးဆောင်ပါဝင်ခဲ့သည်၊၊ အဓိကအားဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် အွန်လိုင်းငွေလိမ်စင်တာများ (Scam Centers) ကို ပိတ်သိမ်းရန် ထိုထိတွေ့ဆက်ဆံမှုက အာရုံစိုက်ထားသော်လည်း မြန်မာနိုင်ငံ၏ မြေရှားသတ္တုသိုက်များအရေး အပါအဝင် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများဆီ ဦးတည်သွားနိုင်သည်၊၊

ဗန့်စ်သည် စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မှ သမ္မတဖြစ်လာသူ မင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်၊၊ အဆိုပါတွေ့ဆုံမှုသည် အမေရိကန်စီးပွားရေးသမား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သော်လည်း နောက်ထပ်ဆက်ဆံရေးများအတွက် လမ်းစပွင့်သွားစေခဲ့ကြောင်း လူ ၄ ဦးက ပြောကြားခဲ့သည်၊၊

အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်ဆုံး ထိတွေ့ဆက်ဆံမှုဖြစ်သည့် လွန်ခဲ့သည့်လက ထိုအစည်းအဝေးသည် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီမြှင့်တင်ရေးထက် အပြန်အလှန်အကျိုးအမြတ်အပေါ် အခြေခံသည့် အကျိုးတူဆက်ဆံရေးဘက်သို့ ပိုမိုယိမ်းယိုင်လာသည်ကို မီးမောင်းထိုးပြနေသည်၊၊

ဩဂုတ်လတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိအဖြစ် အတည်ပြုခြင်းခံရသူ ဗန့်စ်၏ ပါဝင်မှုနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒတွင် ၎င်း၏ ပါဝင်ဆောင်ရွက်နေမှုများကို ယခင်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ၊၊

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုအောက်တွင် မင်းအောင်လှိုင် ဆက်လက်ရှိနေ

မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဝါရှင်တန်က လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကြေညာခဲ့သည့် ရိုဟင်ဂျာ မွတ်ဆလင် ရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် မောင်းထုတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်၊၊ ဗန့်စ်၏ ခရီးစဉ်အပြီး သီတင်းနှစ်ပတ်မပြည့်မီအချိန် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ လူစည်ကားသော ဈေး တဈေးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၅၀ ထက်မနည်း သေဆုံးပြီး မြောက်မြားစွာ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိများက ပြောကြားခဲ့သည်၊၊

နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် အကျိုးစီးပွားကို ထိခိုက်စေသည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံနေပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်၊၊

“ပြဿနာတွေကို ဥပေက္ခာပြုထားရုံနဲ့ မဖြေရှင်းနိုင်ပါဘူး။ ပြဿနာတွေကို ထိတွေ့ကိုင်တွယ်ဖြေရှင်းမှသာ ဖြေရှင်းနိုင်မှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူ တိုမီ ပစ်ဂေါ့တ် (Tommy Pigott) က ကြေညာချက်တခုတွင် ပြောကြားခဲ့သည်၊၊

စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းပြန်ခြင်းမရှိပေ၊၊ အာဏာသိမ်းမှုကို ဓမ္မဓိဋ္ဌာန်ကျစေရန် မဲသမာမှုများဟု စွပ်စွဲပြီး အတိုက်အခံများကို အကြမ်းဖက်သမားများအဖြစ် တံဆိပ်ကပ်ခဲ့သည့် မင်းအောင်လှိုင်သည် ၎င်း၏ အမည်ခံ အရပ်သားအစိုးရအား နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူလိုနေသည်၊၊

လက်ရှိနှင့် အရာရှိဟောင်းများ၏ ပြောကြားချက်အရ ဗန့်စ်သည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော ပဋိပက္ခတွင် ပါဝင်နေသည့် ဘက်အသီးသီးမှ ပါဝင်သူများနှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပုံဖော်ရာတွင် ကူညီပေးခဲ့သည်၊၊

ဗန့်စ်ကဲ့သို့သော ထောက်လှမ်းရေးအရာရှိများသည် သုံးသပ်ချက်များ၏ လွတ်လပ်မှုကို ထိခိုက်စေနိုင်သည့် စိုးရိမ်မှုများကြောင့် ပုံမှန်အားဖြင့် မူဝါဒပိုင်းကို ဦးဆောင်လေ့မရှိပေ၊၊

"စောင့်ကြည့်လေ့လာရမယ့် အချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ ရိုးရိုးသားသား သုံးသပ်နိုင်ဖို့ဆိုရင် မူဝါဒရေးရာတွေအပေါ် ထောက်လှမ်းရေးလုပ်ငန်း စိုးမိုးမခံသင့်ပါဘူး" ဟု အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများတွင် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ နိုင်ငံတကာဆက်ဆံရေးကောင်စီ၏ အထူးသုတေသီ ရစ်ချတ် ဘက်တ်စ် (Richard Betts) က ပြောကြားခဲ့သည်၊၊

ပစ်ဂေါ့တ်က ဗန့်စ်၏ အခန်းကဏ္ဍကို တိုက်ရိုက်ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း အစိုးရအဖွဲ့သည် "သမ္မတကို အဓိကထား၍ အသင်းအဖွဲ့တခုအဖြစ် လုပ်ဆောင်နေခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်၊၊

ထိန်းသိမ်းခံထားရသည့်
❤23👎17👍5😁2
အမေရိကန်နိုင်ငံသားနှင့် လမ်းစတခု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဟောင်း ကက်စတီလိုသည် ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်လေဆိပ်တွင် အချင်းချင်းကြား အငြင်းပွားဖွယ် စွပ်စွဲချက်များဖြင့် မြန်မာအာဏာပိုင်များ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်၊၊ အမေရိကန်အစိုးရက ကက်စတီလိုသည် မတရားထိန်းသိမ်းခံရခြင်း ဟုတ် မဟုတ်ဆိုသည့်အပေါ် မှတ်ချက်ပေးခြင်း မရှိသေးပေ၊၊

အဆိုပါကိစ္စကို သိရှိသူများ၏ ပြောကြားချက်အရ အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများသည် ၎င်းအား လွှတ်ပေးရန်အတွက် မြန်မာအရာရှိများနှင့် တံခါးပိတ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်၊၊ မြန်မာဘက်က အပြန်အလှန်အားဖြင့် "အမေရိကန်အစိုးရနှင့် သင့်တော်သော အဆင့်တခုတွင် တရားဝင် ထိတွေ့ဆက်ဆံမှုပြုလုပ်ရန်" တောင်းဆိုခဲ့ကြောင်း လူတဦးက ပြောသည်၊၊

ကက်စတီလိုက ၎င်းအား လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် သမ္မတ ဒေါ်နယ်ထရမ့်အား ကျေးဇူးတင်ရှိကြောင်းမှ လွဲ၍ ကျန်မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်၊၊

အဆိုပါတွေ့ဆုံမှုသည် ဗန့်စ် ပါဝင်ခဲ့သည့် တိုကျိုမြို့တွင် ဇွန်လက ပြုလုပ်ခဲ့သော အမေရိကန်နှင့် မြန်မာအရာရှိများအကြား အစည်းအဝေးကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း လူ ၄ ဦးက ပြောကြားခဲ့သည်၊၊ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြီးကြပ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာနနှင့် ပင်တဂွန်စစ်ဌာနချုပ်မှ အရာရှိများ ပါဝင်ခဲ့ကြကြောင်း အဆိုပါ လူများထဲမှ တဦးက ပြောကြားခဲ့သည်၊၊

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ မည်သူက ကိုယ်စားပြုတက်ရောက်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ၊၊

ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) အား အာရှရေးရာများ အကြံပေးနေစဉ် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် ပါဝင်လာခဲ့သည့် မိုက်ကယ် ဗန့်စ်သည် စစ်တပ်ကို တိုက်ခိုက်နေသည့် ဒီမိုကရေစီအတိုက်အခံများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း လူကိုယ်တိုင်သော်လည်းကောင်း၊ ဗီဒီယိုစနစ်ဖြင့်သော်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း အဆိုပါလူ ၅ ဦးက ပြောကြားခဲ့သည်၊၊

အမေရိကန်၏ အဓိက အာရုံစိုက်ဆောင်ရွက်နေသည့် ကိစ္စတခုမှာ အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်လှည့်ဖြားနေသည့် အချစ်ရေးနှင့် အခြားလိမ်လည်မှုများ လုပ်ဆောင်နေသော အွန်လိုင်းငွေလိမ်စင်တာများကို ပိတ်သိမ်းရန် မြန်မာနိုင်ငံ၏ အကူအညီကို ရယူရန် ဖြစ်သည်၊၊ အဆိုပါကိစ္စကို သိရှိသူ ၂ ဦး၏ ပြောကြားချက်အရ FBI သည် ဆိုက်ဘာလိမ်လည်မှုများနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များနှင့် တိုက်ရိုက်ဆက်သွယ်မှုများ ရှိခဲ့သည်၊၊

လိမ်လည်မှု အများအပြားကို ပြည်သူ့စစ်များ ထိန်းချုပ်ထားသော နယ်မြေများမှ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရရှိလာသည့် ဝင်ငွေအချို့သည် စစ်တပ်ထံ စီးဝင်နေသဖြင့် မြန်မာခေါင်းဆောင်များသည် ထိရောက်စွာ အရေးယူရန် အလေးအနက်ထားခြင်း ရှိ မရှိ မေးခွန်းထုတ်စရာဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်၊၊

အမေရိကန်အရာရှိများသည် လျှပ်စစ်ကားများနှင့် လေစွမ်းအင်သုံး တာဘိုင်များတွင် အသုံးပြုသည့် မြန်မာနိုင်ငံ၏ ပမာဏမြှောက်မြားစွာရှိသော မြေရှားသတ္တုသိုက်များကို ရယူသုံးစွဲနိုင်ရေး အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်၊၊ သို့သော် အဆိုပါသတ္တုသိုက်များသည် မြန်မာစစ်အစိုးရကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အဓိကတည်ရှိနေပြီး လက်ရှိအဓိက တင်သွင်းနေသည့် တရုတ်နိုင်ငံကလည်း အမေရိကန်၏ ပါဝင်မှုကို စိန်ခေါ်မှုတခုအဖြစ် မြင်တွေ့နိုင်သည်ဆိုသည့် အဟန့်အတားများရှိနေကြောင်း အမေရိကန်အရာရှိများက ဝန်ခံထားကြသည်၊၊

သို့သော်လည်း ဝါရှင်တန်သည် ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်များကို တရုတ်နိုင်ငံမှ ခွဲထွက် ပြောင်းလဲရန် ကြိုးပမ်းနေသဖြင့် မြန်မာနိုင်ငံ၏ သတ္တုသိုက်များအရေးသည် ဆွေးနွေးပွဲများတွင် မကြာခဏ ပါဝင်နေသည့် အကြောင်းအရာတခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း ထိုလူများက ပြောကြားခဲ့သည်၊၊

ဒဏ်ခတ်ပိတ်ဆို့မှုများမှသည် ထိတွေ့ဆက်ဆံမှုဆီသို့

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် သမ္မတ ဂျိုး ဘိုင်ဒင်၏ အစိုးရအဖွဲ့သည် နယူးယောက် ဖက်ဒရယ်အရန်ငွေဘဏ်ရှိ မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီး အဆင့်မြင့်အရာရှိများနှင့် စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ်ပိတ်ဆို့မှုများ စုဆောင်းချမှတ်ခဲ့သည်၊၊

၂၀၂၂ ခုနှစ်တွင် လွှတ်တော်က အတိုက်အခံများအတွက် သေစေနိုင်လောက်သော အကူအညီမဟုတ်သည့် အကူအညီများကို ခွင့်ပြုပေးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများအတွက် ကြိုတင်သတိပေးစနစ်များနှင့် စစ်ဗိုလ်ချုပ်များ ဘက်ပြောင်းလာစေရန် စည်းရုံးလှုံ့ဆော်မှုများအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့သည်၊၊

လက်ရှိနှင့် အရာရှိဟောင်း ၄ ဦးနှင့် ရိုက်တာသတင်းဌာနက လေ့လာခွင့်ရရှိခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လွှတ်တော်သို့ ပေးပို့သော စာအဆက်အသွယ်များအရ ပြီးခဲ့သည့်နှစ်က ထရမ့်၏ နိုင်ငံခြားအကူအညီပေးရေး မူဝါဒများ အကြီးစားပြုပြင်ပြောင်းလဲစဉ်အတွင်း အဆိုပါ အစီအစဉ်အများစုကို လျှော့ချခဲ့သည်၊၊

နိုင်ငံခြားရေးဝန်ကြီးဌာနက
👎16❤12😁2
စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုသည် အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကို လျှော့ချလိုက်ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်၊၊ အမေရိကန်သည် စစ်တပ်ထိန်းချုပ်မှုအပြင်ဘက်ရှိ ဒေသများသို့ အကူအညီများ ဆက်လက်ပေးအပ်နေကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ၊၊

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ ထိပ်တန်းဒီမိုကရက်တစ်လွှတ်တော်အမတ် ဂရက်ဂိုရီ မီးခ်စ် (Gregory Meeks) က အဆိုပါပြောင်းလဲမှုသည် "ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများနှင့် အကျိုးစီးပွားများ နှစ်ခုလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်" ဟု ပြောကြားခဲ့သည်၊၊

"လွှတ်တော်က သတ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကောင်အထည်မဖော်ဘဲ လျာထားတဲ့ ဒီမိုကရေစီရေးရာ ရန်ပုံငွေတွေကို ထုတ်ပေးဖို့ ပျက်ကွက်နေချိန်မှာ မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံခြင်းအားဖြင့် ဝန်ကြီး (မာကို) ရူဘီယိုဟာ အမေရိကန်ရဲ့ ဦးဆောင်မှုကို လျှော့ချနေပြီး ဒီလို လူသတ်အစိုးရကို ပိုမိုကြီးမားတဲ့ နိုင်ငံတကာတရားဝင်မှုကို ပေးအပ်နေပါတယ်" ဟု မီးခ်စ်က ရိုက်တာသို့ ပေးပို့သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်၊၊

လူ့အခွင့်အရေးအဖွဲ့များက အတုအယောင်ဟု ဝေဖန်ခဲ့ကြသည့် ရွေးကောက်ပွဲများအပြီး တက်လာသည့် မြန်မာအစိုးရသည် ဝါရှင်တန်တွင် ၎င်းတို့၏အရေးကို စည်းရုံးရန် လော်ဘီများကို ငှားရမ်းထားသည်၊၊

နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်းအက်ဥပဒေ (FARA) လျှောက်ထားချက်များအရ ထရမ့်၏ နှစ်ရှည်အကြံပေးတဦးဖြစ်သူ ရော်ဂျာ စတုန်း (Roger Stone) သည် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနအတွက် ဧပြီလမှစတင်ကာ DCI Group တွင် အတိုင်ပင်ခံအဖြစ် စတင်လုပ်ကိုင်ခဲ့သည်၊၊ စတုန်းသည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ရုရှား၏ စွက်ဖက်မှုအပေါ် လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုကို အဟန့်အတားပြုမှုဖြင့် ၂၀၁၉ ခုနှစ်တွင် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်၊၊ နောက်ပိုင်းတွင် ထရမ့်က ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်၊၊

DCI က ဖြန့်ဝေခဲ့သည့် သတင်းလွှာတခုတွင် ဝါရှင်တန်အနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု မပြုလုပ်ပါက အရေးပါသော သတ္တုရရှိနိုင်မှု အခွင့်အလမ်းများ ဆုံးရှုံးသွားနိုင်ကြောင်း ဇွန်လတွင် သတိပေးခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/09/416902.html

( Reuters သတင်းပါ US opens direct talks with Myanmar's generals, reversing years of isolation ကို ဘာသာပြန်ဆိုသည်။ )
👍19👎18❤4🤔3😁1