The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
အခုချိန်မှာ ဘယ်သူ့အတွက်မှ "လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေး" ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး။ ဒီအန္တရာယ်က ရိုဟင်ဂျာတွေ၊ မွတ်ဆလင်တွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအတွက်တင် မဟုတ်ပါဘူး။ မလေးရှား ဒါမှမဟုတ် တခြား နိုင်ငံတခုခုကနေ ပြန်လာတဲ့ မြန်မာ-ဗုဒ္ဓဘာသာ လူငယ် တယောက်ဆိုရင်လည်း ကိုယ့်ပြည်သူအချင်းချင်း ပြန်တိုက်ဖို့ စစ်ထဲ ဆွဲသွင်းခံရနိုင်ပါတယ်။

ရိုဟင်ဂျာတွေ ဆိုရင်လည်း ဒီလို ဆိုးရွားလှတဲ့ အခြေအနေမျိုးကို ကြုံခဲ့ရပြီးပါပြီ။ သူတို့အပေါ် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ ငြင်းပယ်ထားခဲ့တဲ့ စစ်တပ်က အခုတော့ ရိုဟင်ဂျာ အမျိုးသားတွေနဲ့ လူငယ်တွေကို အတင်းအကျပ် စစ်သားစုဆောင်းပြီး ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်ဖို့ ရှေ့တန်းလွှတ်ခဲ့ပါတယ်။

လူတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးအောင် လုပ်ခဲ့တဲ့ အဖွဲ့အစည်းကပဲ အခုတော့ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံစွာ ပြန်လည်လက်ခံပါ့မယ် ဆိုတဲ့ ကတိကို ယုံကြည်ပေးဖို့ ကမ္ဘာကြီးကို တောင်းဆိုနေတာပါ။ မလေးရှားကလည်း ဒီလို ဟန်ဆောင်နေတာကို လက်ခံပေးမယ့်ပုံ ပေါက်နေပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/10/08/416888.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍31❤5👎4🤔1😭1
👎28😁5👍4😭2
မင်းအောင်လှိုင်ကို မလေးရှားက ကြိုဆိုသည့်အတွက် အာဆီယံအဖွဲ့ကြီး သေဆုံးပြီဟု မလေးအမတ်ဟောင်း ပြော

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ကြေညာထားသော်လည်း ကုလသမဂ္ဂက အသိအမှတ်ပြုမထားသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အား ကော်ဇောနီခင်း ကြိုဆိုခဲ့သည့် ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်၏ လုပ်ရပ်ကို မလေးရှား လွှတ်တော်အမတ်ဟောင်း ချားလ်စ် စန်တီယာဂို က ဝေဖန်ပြစ်တင်လိုက်သည်။

စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ထားသည့် စစ်ခေါင်းဆောင်အား ယခုကဲ့သို့ ကော်ဇောနီခင်း ကြိုဆိုခြင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို သင်္ဂြိုဟ်လိုက်ခြင်းဖြစ်ပြီး RIP Asean (အာဆီယံ ငြိမ်းချမ်းစွာ အနားယူပါတော့) ဟု ဆိုသည်။

လွန်ခဲ့သော သုံးနှစ်က ကုလသမဂ္ဂတွင် မြန်မာစစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများအား တုန်လှုပ် ခြောက်ခြားမိသည်ဟု အန်နဝါ၏ ပြောဆိုမှုကို ချားလ်စ်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြန်လည် သတိပေးခဲ့ကြောင်း မလေးသတင်းများ၌ ဖော်ပြသည်။

"ခု၂၀၂၆ မှာတော့ အန်ဝါ ဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကြိုးကိုင်ခြယ်လှယ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှာ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဗိုလ်ချုပ်ကြီးအတွက် ကော်ဇောနီခင်း ကြိုဆိုခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

မင်းအောင်လှိုင်သည် မလေးရှားဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဆိုကာ ယမန်နေ့မှစ၍ ၂ ရက်ခရီး မလေးရှားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံရေးအတွင်းရေးမှူး ကာမေးလ် အဗ္ဗဒူ မူနင်း က သံတမန်ရေးရာအရ တွေ့ဆုံ ဆွေးနွေးခြင်းသည် စစ်အုပ်စုကို အသိအမှတ်ပြုခြင်း သို့မဟုတ် ထောက်ခံခြင်းမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းသည်။

မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်၍ မရနိုင်သဖြင့် မြန်မာ စစ်ခေါင်းဆောင်ပိုင်းနှင့် မလေးရှား၏ ထိတွေ့ဆက်ဆံမှုအပေါ် ဝေဖန်မှုများမှာ သဘာဝကျကြောင်း၊ သို့သော်လည်း ဆွေးနွေးညှိနှိုင်းမှုနှင့် တွေ့ဆုံဆွေးနွေးရေးသည် သံတမန်ရေးရာ၏ အစိတ်အပိုင်းတခုအဖြစ် ရှိနေဆဲဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် မလေးရှား၏ ထိတွေ့ဆက်ဆံမှုမှာ စစ်အုပ်စုတခုတည်းအပေါ်၌ ကန့်သတ်ထားခြင်းမရှိကြောင်း ၎င်းက ပြောသည်။

မလေးရှားနိုင်ငံသည် ယခင်က မြန်မာ့ဒီမိုကရေစီရေးအဖွဲ့များအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။

ဓာတ်ပုံ-PPIB

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍55❤11😁8😭1
❤42👍16😁7
မြန်မာများကိုပြန်မပို့မီ နိုင်ငံလုံခြုံနေပြီလားဟု မေးခွန်းထုတ်ရန် ကင်မ်အဲရစ် တိုက်တွန်း

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်နှင့်အတူ ပြည်ပရောက် မြန်မာများကို ပြန်လည် ပို့ဆောင်နေခြင်းများအပေါ် မြန်မာနိုင်ငံသည် အမှန်တကယ် လုံခြုံနေပြီလားဟု မေးခွန်းထုတ်ရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက တိုက်တွန်း ပြောဆိုလိုက်သည်။

“လူတွေကို မြန်မာပြည်ပြန်မပို့ခင်၊ မင်းအောင်လှိုင်ကို ကြိုဆိုလက်ခံမှု မလုပ်ခင် ကမ္ဘာ့ခေါင်းဆောင်တွေ မေးသင့်တဲ့ မေးခွန်းတခုပဲ ရှိပါတယ်။ မြန်မာပြည်ဟာ သူတို့ပြန်ဖို့ တကယ်လုံခြုံနေပြီလား၊ ပြဿနာရဲ့အရင်းအမြစ်ကို ဖြေရှင်းပါ။ အဲဒီအရင်းအမြစ်ကို တရားဝင်မှု မပေးပါနဲ့” ဟု ကင်မ်အဲရစ်က လူမှုကွန်ရက်မှတဆင့် ပြောဆိုထားသည်။

ထို့ပြင် မြန်မာပြည်မှ ထွက်ပြေးနေကြရခြင်းမှာ လေကြောင်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ ဖိနှိပ်မှုများနှင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများမှ လွတ်မြောက်ရေး၊ အသက်အန္တရာယ် လုံခြုံစေရေးတို့ကြောင့် ထွက်ပြေးနေရခြင်းဖြစ်ကာ လက်ရှိတွင် စစ်ဘေးရှောင်စခန်းများပင် လုံခြုံမှု မရှိကြောင်းလည်း ထည့်သွင်း ပြောဆိုထားသည်။

ထိုသို့သော အခြေအနေများကြောင့် ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း အန္တရာယ်များရှိရာသို့ ပြန်ပို့ခံနေရပြီး ယင်းပြဿနာများ၏ အရင်းအမြစ်များဖြစ်သည့် စစ်အာဏာရှင်စနစ်၊ ပဋိပက္ခ၊ ဖိနှိပ်မှုနှင့် ကြောက်ရွံ့နေရမှုများမှာ မပြောင်းလဲသေးဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ရာ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ) သို့ ဆိုက်ကပ်ခဲ့ပြီး ယခု ပို့ဆောင်ခြင်းသည် ပြန်လက်ခံရန် သဘောတူထားသည့် လူဦးရေ ၅,၀၀၀ အနက် ပထမဆုံးအသုတ် ဖြစ်သည်။

မလေးရှားအစိုးရအနေဖြင့် မင်းအောင်လှိုင်ကို တရားဝင်မှု မပေးရန်နှင့် မြန်မာဒုက္ခသည်များ၏ လုံခြုံရေးကို မစတေးရန် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က မနေ့က ထုတ်ပြန်ထားသလို Justice For Myanmar ကလည်း မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် မလေးရှားကုမ္ပဏီစာရင်း ဖော်ထုတ်ထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတ တာဝန်ယူပြီးနောက် ၉ နိုင်ငံမြောက် ပြည်ပခရီးစဉ်အဖြစ် မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး မလေးရှား၌ ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာဒုက္ခသည်များအရေး ဆွေးနွေးမည်ဖြစ်သလို မလေးရှားနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း ဖိုရမ်တို့ ပြုလုပ်မည်ဟု အာဏာသိမ်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍54❤15😁8
👍33😁3👎2
မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခြင်းက အကြမ်းဖက်မှု လက်ခံရာရောက်ဟု SCEF အသိပေး

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

နိုင်ငံအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသော အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင် ဖိတ်ခေါ်ခြင်းသည် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက် မှုများအပေါ် နိုင်ငံရေးအရ တရားဝင်မှုနှင့် ထောက်ခံမှု ပေးအပ်ရာရောက်နိုင်သည်ဟု ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အသိပေး ထုတ်ပြန်သည်။

ထို့ပြင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူ လူထု၏ အသက်၊ ဘဝဒုက္ခနှင့် အသက်မွေးဝမ်းကျောင်းများ ကြီးမားစွာ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုများကို အလွန်အမင်း မျက်ကွယ်ပြုရာကျပြီး မလေးရှားခရီးစဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံသည် အာဆီယံဆက်ဆံရေးတွင် အခြေခံမူများနှင့် အညီ ဆောင်ရွက်ခဲ့သည့် နိုင်ငံဖြစ်ပြီး လူသားချင်း စာနာ ထောက်ထားမှုတန်ဖိုးများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအပေါ် ကတိကဝတ်ပြုဖော်ပြခဲ့သည့် နိုင်ငံဖြစ်ရာ မင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အဆင့်ဖြင့် ကြိုဆိုလက်ခံ၍ သံတမန်ရေးအရ အလေးထား ဆက်ဆံခြင်းသည် ယင်းအခြေခံမူများနှင့် တိုက်ရိုက်ဆန့်ကျင်နေသည်ဟု ပြောသည်။

မင်းအောင်လှိုင်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီထားသည့် အာဆီယံဘုံသဘောတူညီချက်အပါအဝင် ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းအားဖြင့် အာဆီယံ၏ သံတမန်ရေးကြိုးပမ်းမှုများနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ကြောင်း ထောက်ပြသည်။

မလေးရှားနိုင်ငံအစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေး ဆန္ဒများကို အလေးထားပြီး အခြေခံမူများနှင့်အညီ ခိုင်မာစွာ ဆက်လက် ရပ်တည်ပေးရန်၊ မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်အုပ်စုအပေါ် နိုင်ငံတော်အဆင့် တရားဝင်မှု ပေးအပ်ခြင်းမှ ရှောင်ရှားရန် တိုက်တွန်းထားသည်။

မင်းအောင်လှိုင်သည် မလေးရှားဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဆိုကာ ယမန်နေ့မှစ၍ ၂ ရက်ခရီး မလေးရှားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍59😁6❤2
👎45👍2😭1
နိုင်ငံသား အတည်ပြုပြီးသူများကို အမြန်ဆုံး နေရပ်ပြန်ခေါ်သွားမည်ဟု မင်းအောင်လှိုင် မလေးရှားကို ကတိပေး

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုပြီး သူများကို အမြန်ဆုံးနေရပ်ပြန်လည်ခေါ်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က မလေးရှား ဝန်ကြီးချုပ်အား ယနေ့ ပြုလုပ်သော နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ကတိပြုပြောကြားသည်။

ယခုခရီးစဉ်မှတဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဖော်ဆောင် သွားနိုင်မည်ဟုယုံကြည်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရေး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ကုန်သွယ်ဖက်နိုင်ငံများအနက် အဆင့် ၄ ၊ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၉ အဖြစ်ရှိနေကြောင်းနှင့် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိသည့် မြန်မာနိုင်ငံတွင် မလေးရှား နိုင်ငံ၏ နယ်ပယ်ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီး မြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎45❤8😁6👍2😭1
Media is too big
VIEW IN TELEGRAM
လွတ်လပ်တဲ့ မီဒီယာတွေကို စစ်အစိုးရက အင်တာပိုလ်နဲ့ ဖမ်းခိုင်း

အာဏာသိမ်းစစ်တပ်က နိုင်ငံဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီ အပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာ ငါးခုကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ် (INTERPOL) နဲ့ချိတ်ဆက်ပြီး ဖမ်းခိုင်းထားတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စု ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်ရေးသားနေတဲ့ သတင်းဌာနတွေ ဖြစ်ကြတဲ့ Irrawaddy၊ Myanmar Now၊ DVB၊ Mizzima နဲ့ ခေတ်သစ် မီဒီယာတွေအပြင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ပံ့သူတွေကိုပါ အမှုဖွင့်ထားပြီး အင်တာပိုလ်နဲ့ချိတ်ဆက်ပြီး ဖမ်းခိုင်းထားတယ်လို့ ဗိုလ်ချုပ်မင်းသူ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #INTERPOL #သတင်းမီဒီယာ #Irrawaddy #MyanmarNow #DVB #Mizzima #CRPH #NUG #PDF #WhatsHappeningInMyanmar
😁54❤6👎5😱2
Media is too big
VIEW IN TELEGRAM
ထရမ့်က သူ့အနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုမရရှိခဲ့ပါက နိုဘယ်ကော်မတီအတွက် ဂုဏ်သိက္ခာကျစရာဖြစ်လိမ့်မယ်လို့ ပြော

အောက်တိုဘာ ၈၊ ၂၀၂၆

နိုဘယ််ငြိမ်းချမ်းရေးဆုကြေညာဖို့ ရက်ပိုင်းအလိုမှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့အနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ထိုက်တန်ပြီး တကယ်လို့ သူဒီဆုကိုမရရှိခဲ့ဘူးဆိုရင် နိုဘယ်ကော်မတီအတွက် ဂုဏ်သိက္ခာကျဆင်းစေမယ့် အရာဖြစ်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

#မြန်မာ #ဧရာဝတီ #NobelPeacePrize #Trump #သမ္မတ #အမေရိကန်
😁78❤2👎2😭1
👍38😁3❤2👎1😭1
စာသင်ကျောင်းဗုံးကြဲရန် အမိန့်ပေးစေခိုင်းသူတို့ တရားစီရင်မှုခံရမည်ဟု ကုလသမဂ္ဂ၌ ဆွေးနွေး

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

စစ်အုပ်စု ခေါင်းဆောင်အား နိုင်ငံတကာတရားရုံးရှေ့မှောက် ဆင့်ခေါ်ကာ တရားစီရင်သင့်သလို မူကြိုကျောင်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်ရန် အမိန့်ပေး စေခိုင်းသူများအနေဖြင့် တာဝန်ခံမှုနှင့် တရားစီရင်မှု ခံရမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်သည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ “ကလေးသူငယ်များ၏ အခွင့်အရေးများ တိုးမြှင့်ပေးရေးနှင့် ကာကွယ်ပေးရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအတွက် စာသင်ကျောင်းများ၊ နေအိမ်များနှင့် ကစားကွင်းများသည် ထိတ်လန့်ဖွယ်ရာ နေရာများနှင့် သေဆုံးမှုများဖြင့် ပြည့်နှက်နေသဖြင့် ကလေးသူငယ်များ၏ ငိုကြွေးသံများကို ကမ္ဘာက ကြားသိစေရန် ပြောကြားခြင်းဖြစ်ကာ ကုလသမဂ္ဂ၏ မှတ်တမ်းများတွင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်သည့်ဖြစ်စဉ်များမှာ အဆမတန် မြင့်တက်လာလျက်ရှိသည်ဟု ဖော်ပြထားကြောင်းလည်း ဆိုသည်။

၂၀၂၅ ခုနှစ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု မြင့်တက်ခဲ့ပြီး သေဆုံးသူများထဲ၌ ကလေးသူငယ်၂၉၄ ဦး ပါဝင်ကြောင်း၊ ထိုနှစ်မှာပင် မြေမြှုပ်မိုင်း၊ စစ်ကျန်ပေါက်ကွဲပစ္စည်းများကြောင့် အရပ်သား ၇၄၅ သေဆုံးခဲ့ရပြီး ၂၁ ရာခိုင်နှုန်းမှာ ကလေးသူငယ်များ ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ စစ်လက်နက်၊ လေယာဉ်ဆီ၊ အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့နေသည်များ ချက်ချင်း ရပ်တန့်ဖြတ်တောက်ရန် ထပ်လောင်းတောင်းဆိုထားသလို စစ်အုပ်စုထံသို့ လေယာဉ်ဆီ တစက် စီးဆင်းသွားခြင်းသည်ပင်လျှင် ကျောင်းနေအရွယ် ကလေးသူငယ်များကို သတ်ဖြတ်ရန်ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဟုလည်း ပြောသည်။

လက်ရှိ ၄ ဒသမ ၉ သန်းသော ကလေးသူငယ်များမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စိတ်ဒဏ်ရာများကြား ရှင်သန်ရခြင်း သို့မဟုတ် အရွယ်မတိုင်ခင် ကြွေလွင့်ရခြင်းတို့နှင့်သာ ရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အချိန်မဆွဲဘဲ ယခုပင် အရေးယူလုပ်ဆောင်ရန်လိုကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤50👍25😁5👎1😭1
😁25❤3👍2
မန္တလေးအဝင်အထွက် စစ်တပ်ဂိတ် ၂ ခု ရုပ်သိမ်း

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

မန္တလေးမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်များဖြစ်သည့် မန္တလေး-ပြင်ဦးလွင်လမ်း ၁၆ မိုင်နှင့် မန္တလေး-စစ်ကိုင်းလမ်း နှာပေါက်များရှိ ဂိတ်များကို မနေ့ကစ၍ ဖျက်သိမ်းလိုက်ကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။

အဆိုပါ ဂိတ်များသည် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များနှင့် ချိတ်ဆက်ထားသည့် မန္တလေးမြို့ဝင်ပေါက်များ ဖြစ်သည်။

“၁၆ မိုင်ဆိုရင် ကုန်သွယ်ရေးနဲ့ သက်ဆိုင်တာတွေအတွက် စစ်ဆေးတာမျိုးတွေကတော့ ဆက်ရှိနေဦးမှာပါ၊ အဓိကတော့ လမ်းပိုင်း လုံခြုံရေးအတွက် တာဝန်ယူထားတဲ့ စစ်ဆေးရေးဂိတ်တွေကို ကျနော်တို့ တိုင်းအစိုးရအဖွဲ့ရဲ့ မူဝါဒအသစ်အရ ရုပ်သိမ်းပေးလိုက်တာမျိုးပါ။ မြစ်ငယ်တိုးဂိတ်နားက စစ်ဆေးရေးဂိတ်တွေဆိုရင် မရှိတော့တာ အတော်ကြာပါပြီ” ဟု မဟာအောင်မြေခရိုင် အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက ပြောသည်။

မန္တလေး-ပြင်ဦးလွင်လမ်း ၁၆ မိုင်ဂိတ်သည် ကုန်သွယ်ရေးနှင့် အခွန်ကောက်ခံရေးပါ လုပ်ဆောင်သည့် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖြစ်သောကြောင့် အခွန်ဦးစီးဌာန၊ ကညန၊ လဝကများအပါအဝင် အဖွဲ့စုံဖြင့် စစ်ဆေးပြီး အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်တပ် အထိုင်ချတပ်စွဲ၍ ဖြတ်သန်းသွားလာသော ခရီးသည်များနှင့် ကုန်ပစ္စည်းများကို စစ်ဆေးလျက်ရှိသည်။

“အခု ရုပ်သွားတာက စစ်တပ် စစ်ဆေးရေးဂိတ်တွေပါ။ ပြင်ဦးလွင်ကနေအဆင်း ၁၆ မိုင်အဝင် အိုးတလုံးတောင်အဆင်းဂိတ်က မနေ့ကစပြီး မရှိတော့တာ၊ ကုန်သွယ်ရေးနဲ့ ပတ်သက်တာတွေကို ဟိုးအရင်ကတည်းက စစ်ဆေးခဲ့တာမို့ အကောက်ခွန်နဲ့ အဖွဲ့ပေါင်းစုံပါတဲ့ စစ်ဆေးရေးဂိတ်ကတော့ ရှိသေးတယ်” ဟု ယင်းဂိတ်အနီး နေထိုင်သူတဦးက ပြောသည်။

ထိုဂိတ်မှာ မန္တလေး-ပြင်ဦးလွင် သွားလာရာတွင် အဓိက ဖြတ်သန်းရသည့် ဂိတ်ဖြစ်သဖြင့် အချိန်အခါပေါ် မူတည်၍ ယာဉ်စစ်ဆေးမှုများကြောင့် ခရီးစဉ် ကြန့်ကြာခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ရှိပြီး ကုန်တင်ကား၊ ခရီးသည်တင်ကားများအား ငွေကြေးတောင်းခံနေသဖြင့် နာမည်ဆိုးများ ထွက်နေသည့် ဂိတ်လည်း ဖြစ်သည်။

အလားတူ မန္တလေး-စစ်ကိုင်းလမ်းပေါ်ရှိ နှာပေါက်စစ်ဆေးရေးဂိတ်သည်လည်း အဖွဲ့ပေါင်းစုံနှင့်အတူ စစ်တပ်၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ လုပ်စားနေကြသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဂိတ်တခု ဖြစ်သည်။

“နှာပေါက်ကတော့ အခြားစစ်ဆေးတာမျိုးတွေက စစ်ကိုင်းတံတားအဟောင်း အိုးထုတ်တန်းဘက်ကို ရွှေ့သွားတာ၊ စစ်ကိုင်းဘက်အဆင်း ၉ ပေ တံတားထိပ်မှာတော့ မော်တော်ပီကယ်နဲ့ ရဲတွေတော့ ရှိနေတယ်။ စစ်တပ်ဂိတ်မရှိတော့ အရင်ကလောက် စစ်ဆေးတာမျိုးတွေ မလုပ်တော့ဘူး၊ မျက်နှာစကန်ဖတ် စစ်တာမျိုးတော့ ရှိနေသေးတယ်” ဟု စစ်ကိုင်းမှ မန္တလေးသို့ နေ့စဉ် အလုပ်သွားအလုပ်ပြန် လုပ်နေရသူတဦးက ပြောသည်။

လက်ရှိတွင် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းများနှင့်အတူ မန္တလေးတိုင်း မြောက်ဘက်ခြမ်း မြို့နယ်များဖြစ်သော မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မြို့နယ်များနှင့် ချိတ်ဆက်ထားသည့် မန္တလေး မြို့ဝင်ပေါက်တခုဖြစ်သည့် ရွှေကျင်စစ်ဆေးရေးဂိတ်မှာ စစ်တပ်နှင့် အဖွဲ့စုံတို့ တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍27😁10❤9🤔2
Media is too big
VIEW IN TELEGRAM
မင်းအောင်လှိုင် ခရီးစဉ်အတွင်း မြန်မာစစ်တပ်နဲ့ မလေးရှား ပူပေါင်းမှု ဖော်ထုတ်ခံရ

မလေးရှားလေကြောင်းနဲ့ အာကာသဆိုင်ရာ ပစ္စည်းဝယ်ယူရေးနဲ့ ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ FJ Global ကုမ္ပဏီအပြင် မလေးရှားက AAT နဲ့ Skyways Technics Asia ကုမ္ပဏီတို့ဟာ မြန်မာစစ်တပ်ဆီမှာ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေအတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေရောင်းချဖို့ ကြိုးပမ်းခဲ့တယ်လို့ Justic for Myanmar (JFM) က ဖော်ထုတ် လိုက်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က မလေးရှားရောက်နေချိန် အောက်တိုဘာ ၇ ရက်နေ့မှာ ဖော်ထုတ် ရေးသားလိုက်တာဖြစ်ပါတယ်။ FJ Global ဟာ မလေးရှားဝန်ကြီးချုပ်ရုံးလက်အောက်က PUNB အဖွဲ့ကနေ ငွေကြေးထောက်ပံ့မှုရရှိထားပြီး PUNB ကလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ယာယာဆန် ပလာဘာရန် ဘူမီပူတရာ ဖောင်ဒေးရှင်းအောက်ကအဖွဲ့ဖြစ်တယ်လို့ JFM ကပြောပါတယ်။

#မြန်မာ #ဧရာဝတီ #မလေးရှား #မင်းအောင်လှိုင် #JFM #လေကြောင်း #အာကာသ #မြန်မာစစ်တပ် #WhatsHappeningInMyanmar
👍54😁7😱3❤2😭1
ရွှေနှင့် လက်ဝတ်ရတနာ အွန်လိုင်းမှာ မရောင်းဖို့ အာဏာသိမ်းအစိုးရ အမိန့်ထုတ်

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

ရွှေထည်နှင့် လက်ဝတ်ရတနာ အွန်လိုင်းမှ Live လွှင့်ရောင်းချမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်က စ၍ လုပ်ငန်းလိုင်စင်သက်တမ်း တိုးမပေးတော့ကြောင်း၊ ဆက်လက်ရောင်းချပါက တည်ဆဲ ဥပဒေများနှင့် အရေးယူခံရမည်ဟု ရွှေလုပ်ငန်းရှင်များထံက သိရသည်။

ယနေ့ ခေတ်စားသည့် အွန်လိုင်းအရောင်းအဝယ်လုပ်ပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ လိုင်စင် လျှောက်ထားရပြီး ရွှေနှင့် ရွှေထည်ကျောက်မျက်ရတနာ အွန်လိုင်းရောင်းသူများဆိုလျှင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးသော အဖိုးတန်ဓာတ်သတ္တုနှင့် သက်ဆိုင်သည့် လိုင်စင်ကို လည်း ထပ်မံလျှောက်ထားရသည်။

ရွှေနှင့် ကျောက်မျက်ရတနာ အွန်လိုင်းရောင်းချမှုလုပ်ငန်း လိုင်စင်လျှောက်ထားသူ ၇၀၀ ကျော်ရှိရာ ယခုအခါ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက သက်တမ်းကုန်သူများကို လိုင်စင်သက်တမ်းတိုးမပေးတော့ဘဲ စစ်ဆေး အရေးယူ များကို အောက်တိုဘာ ၂၆ ရက်နောက်ပိုင်း စတင်ဆောင်ရွက်သွားမည်ဟု လုပ်ငန်းရှင်တချို့ထံက သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ယမန်နေ့ထုတ်ပြန်ချက်၌ အွန်လိုင်းရွှေရောင်းချမှုက ဈေးကွက်ကို မတည် မငြိမ် ဖြစ်လာနိုင်သဖြင့် ရွှေ ၊ရွှေကြမ်း လက်ဝတ်ရတနာ၊ အနုပညာပစ္စည်းများ၊ အသုံးအဆောင်များ ရောင်းဝယ်ခြင်းကို အွန်လိုင်းရောင်းချမှု Online Sales မှတ်ပုံတင် လက်မှတ်ခွင့်ပြုပေးခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့သော် ကျောက်မျက် (သီးသန့်) ရောင်းချပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကျောက်မျက်ရတနာ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်နှင့် ရွှေနှင့်ပြုလုပ်သည့်ပစ္စည်းများ မရောင်းပါဟု ဝန်ခံကတိဖြင့် လျှောက်ထားလျှင် ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အွန်လိုင်းမှ ရောင်းချမှု ကန့်သတ်လာခြင်းမှာ ရွှေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ထား သည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများအရ ရွှေရောင်းဝယ်ရာ၌ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်း၊ စံချိန်စံညွှန်းအလေးချိန်နှင့် ရွှေအရည်အသွေးတို့ကို လိုက်နာရန် လိုအပ်ပြီး အဓိကအားဖြင့် သတ်မှတ်စံချိန် စံညွှန်းအရ ရွှေတကျပ်သားကို ၁၆ ဒသမ ၃၂၉၃ ဂရမ်၊ ရွှေအရည်အသွေးအနေဖြင့်လည်း ၁၅ ပဲရည်ဆိုပါက ၁၅ ပဲရည်၊ ၁၄ ပဲ ၂ ပြားဆိုပါက ၁၄ ပဲ ၂ ပြား စသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း သိရသည်။

နောက်ထပ်လုပ်ငန်းရှင်တဦးက “အွန်လိုင်းကနေ ရွှေဝယ်တဲ့အခါ မျက်မြင်ကိုယ်တွေ့ ဝယ်တာမဟုတ်တဲ့အတွက် ရွှေရဲ့ အရည်အသွေး၊ အလေးချိန်၊ ဘယ်ရည်ညွှန်းဈေးနဲ့ တွက်ပြီး ရောင်းထားတယ်ဆိုတာတွေကို ဝယ်သူဘက်က သေချာ မသိနိုင်တဲ့ အခြေအနေရှိပါတယ်။ အဲဒီအတွက် ဝယ်သူနစ်နာမှုတွေ ဖြစ်နိုင်တဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုရှိ၊ မရှိကို ပိုပြီးထိန်းချုပ်ဖို့နဲ့ နစ်နာမှုတွေကို ကာကွယ်တဲ့အနေနဲ့ အွန်လိုင်းရောင်းချမှုတွေကို ကန့်သတ်တာလို့ ယူဆတယ်” ဟု ပြောသည်။

ထို့ပြင် အွန်လိုင်းရောင်းချမှုများ ခေတ်စားလာချိန် ရွှေဆိုင်များက Live Sale ဆိုကာ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် လက်ဝတ်ရတနာများကို ရောင်းချခဲ့ကြပြီး အလုအယက် ဝယ်ယူမှုများ ရှိခဲ့သော်လည်း အချို့အွန်လိုင်းမှ ဝယ်ထားသည့် ရွှေထည်ပစ္စည်းများကို နောက်ပိုင်း အပေါင်ဆိုင်၊ ရွှေဆိုင်များက လက်မခံသည့် အခြေအနေကို ကြုံရသဖြင့် သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားမှုများ ရှိခဲ့ရာ အွန်လိုင်းရောင်းချမှုကို တားမြစ်လာခြင်းဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လုပ်ငန်းရှင်တဦးက “အခုအွန်လိုင်းမှာ ရောင်းတာတွေ့ရင် ဆိုင်ရဲ့လိပ်စာကို စစ်ဆေးပြီး သက်ဆိုင်ရာလိုင်စင် ရှိ၊ မရှိ ကြည့်ရှုနိုင်ပါတယ်။ အခွန်မဆောင်တာ၊ လိုင်စင်မရှိဘဲ ရောင်းချတာ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတာတွေရှိရင် သက်ဆိုင်ရာဥပဒေတွေအရ သတိပေးတာ၊ အရေးယူတာတွေ ရှိလာနိုင်ပါတယ်”ဟု ပြောသည်။

အွန်လိုင်းရောင်းချမှုလုပ်ငန်းများကို လိုင်စင်မရှိဘဲ ရောင်းပါက အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) အပိုဒ် ၂၆ အရ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၆ လမှ ၃ နှစ် အထိနှင့် ကျပ် ၅ သိန်းထက်မပိုသောဒဏ်ငွေ ချမှတ်နိုင်ကြောင်း သိရသည်။

ထိုသို့ အွန်လိုင်းရောင်းချခွင့် သက်တမ်း မတိုးပေးခြင်းသည် အွန်လိုင်းအရောင်းအဝယ်နှင့် ဒီဂျစ်တယ်မားကတ်တင်း လုပ်ငန်းများအပေါ် ထိခိုက်မှုရှိလာနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ပြည်တွင်းရှိ ရွှေဆိုင် တဆိုင်က “အွန်လိုင်းက ရောင်းတဲ့ ဆိုင်တွေကတော့ ခက်ခဲသွားနိုင်တယ်။ အခုဆိုင်တွေက အရောင်းအဝယ်က ရပ်တည်နိုင်ရုံပဲ ရှိတယ်။ ပုံမှန်လေးပဲ ရောင်းရတယ်” ဟု ပြောသည်။

အာဏာသိမ်းအစိုးရ လက်အောက်ခံ
❤21👎9🤔4👍2😭1
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ်ဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ၇,၁၀၀,၀၀၀ ကျပ် ရှိပြီး ပြင်ပဈေးကွက်တွင် တကျပ်သားလျှင် ကျပ်သိန်း ၁၀၀ ကျော် ရှိနေသဖြင့် ကျပ်သိန်း ၃၀ ကျော် ဈေးနှုန်းကွာဟမှု ရှိနေသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/08/416892.html
👍14👎5🤔3❤1😭1
👍28😱1
ကန်ချနဘူရီ ဘိုးဘွားရိပ်သာသို့ စိတ်ရောဂါရှင်အဖြစ် ဖမ်းဆီးပို့ဆောင်ခံရသည့် မိခင်က သားဖြစ်သူကို တရားစွဲ

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဝမ်ထောင်လန်ခရိုင်ရှိ အလှကုန်ထုတ်လုပ်ရေးစက်ရုံပိုင်ရှင် အသက် ၆၃ နှစ်အရွယ် Napat Saeng-in သည် သားအရင်းက စိတ်ရောဂါသည်ဟု မဟုတ်မမှန်အကြောင်းပြကာ လူပြန်ပေးဆွဲအဖွဲ့ ငှားရမ်း၍ မူမမှန်သည့် ကန်ချနဘူရီ ဘိုးဘွားရိပ်သာ၌၂ နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ခဲ့မှုနှင့် ပတ်သက်၍ သားဖြစ်သူအပါအဝင် ပါဝင်ပတ်သက်သူ အားလုံးကို အရေးယူပေးရန် ဝမ်ထောင်လန်ရဲစခန်း၌ ယနေ့ သွားရောက်တိုင်ကြားခဲ့သည်။

အဆိုပါ တိုင်ကြားမှုကို Saimai Tong Rod လူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် Ekkapop Luangprasert က ကာယကံရှင်ဖြစ်သူနှင့် လိုက်ပါကူညီပေးခဲ့ပြီး ဘန်ကောက်မြို့ ဒုတိယရဲမှူးကြီး ၊ ဝမ်ထောင်လန်ရဲစခန်းမှူး ရဲမှူးကြီးနှင့် စုံစမ်းစစ်ဆေးရေးအရာရှိများထံ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကာယကံရှင်၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ ၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် သားဖြစ်သူသည် တက်တူး ထိုးထားသည့် အမျိုးသားနှစ်ဦးနှင့်အတူ ၎င်း၏နေအိမ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ၎င်းအား ချုပ်နှောင် ပါးစပ်ပိတ်ပြီး မျက်နှာကို ထိုးကြိတ်ကာ ဗန်ကားပေါ်သို့ အတင်းအဓမ္မ တင်ဆောင်သွားခဲ့ကြောင်း၊ ဖုန်းနှင့် ပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းဆည်းသွားခဲ့ကြောင်း ဆိုသည်။

ထို့နောက် ကန်ချနဘူရီခရိုင်၊ သာမောင်းမြို့နယ်ရှိ ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စောင့်ရှောက်ရေးစခန်းသို့ ရောက်ရှိချိန်တွင် အမျိုးသမီးတဦးက လက်ခံခဲ့ကာ စခန်းပိုင်ရှင်ဆိုသူက ၎င်း၏ အင်္ကျီများကို ချွတ်ခိုင်း၍ သက်ကြီးရွယ်အိုသုံး Diaper ကိုသာ ဝတ်ဆင်စေခဲ့ကြောင်း၊ လက်ထိပ်ခတ်ကာ အိပ်ဆေးများ အတင်းအဓမ္မ တိုက်ကျွေးခြင်း၊ ပါးရိုက်ခြင်း၊ ရိုက်နှက်ခြင်းစသည့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ဆွေမျိုးများထံ ပျော်ရွှင်နေကြောင်း ဓာတ်ပုံရိုက်ပို့ရန်အတွက် ပြုံးပြခိုင်းခြင်းနှင့် ကခိုင်းခြင်းများကိုလည်း အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း ပြောသည်။

ယခုဖြစ်စဉ်သည် ၎င်း၏ဘဝတွင် အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်ပြီး သတင်းမီဒီယာများတွင် ပါဝင်လာပြီးချိန်ထိ သားဖြစ်သူက နောင်တရကြောင်း မပြသသည့်အပြင် လာရောက်တောင်းပန်ခြင်းလည်း မရှိခဲ့ကြောင်း၊ ထို့ပြင် စက်ရုံနှင့် ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆက်သွယ်ညှိနှိုင်း၍ မရသေးကြောင်း၊ ထိုအမျိုးသမီးကြီးက သားဖြစ်သူအား ယခုတကြိမ်တွင်မူ လုံးဝခွင့်မလွှတ်တော့ဘဲ ဥပဒေအရ အပြင်းထန်ဆုံး အရေးယူပေးရန်ပြောကြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-Thairath
👍42😱13❤6