ရွာတဝက်နီးပါး မြေပြိုမှုအောက်ရောက်ခဲ့တဲ့ လောင်းလုံးကျေးရွာများ
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် တောင်ပြိုကျမှုတွေမှာ တောင်ခြေက ကျေးရွာတချို့ ဟာ ရွာတဝက်နီးပါး မြေအောက်ရောက်သွားခဲ့ကြရပါတယ်။
စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက ဖြစ်ပွားခဲ့တဲ့ ဒီမြေပြိုမှုကြောင့် သဗျာ၊ ကဒက်ငယ်ထိန်၊ ကရင်ကြီးနဲ့ တောကျဲကျေးရွာတွေမှာ ရွာတဝက်နီးပါး မြေကြီးပိသွားပြီး နေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံး ခဲ့ရတယ်လို့ ဒေသတွင်း လူမှုကူညီရေး ပေးနေသူတွေဆီကနေ သိရှိရပါတယ်။
ဒီမြေပြိုမှုကြောင့် ကဒက်ငယ်ထိန်ကျေးရွာမှာ လူ ၁၁ ဦးအထိ သေဆုံးမှု အများဆုံးဖြစ်ခဲ့သလို သဗျာ၊ တောကျဲ၊ မင်းရပ်၊ ညောပြင်၊ ကဒက်ကြီး၊ ဇလွတ်နဲ့ ကျောက်နီမော်ကျေးရွာတွေမှာလည်း ၁၆ ဦး သေဆုံးခဲ့တာကြောင့်စုစုပေါင်း သေဆုံးသူ ၂၇ ဦးအထိ ရှိလာပြီလို့ လောင်းလုံး ပအဖ နဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်တို့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် ကဒက်ငယ်ဆိပ်၊ ကရင်ကြီးနဲ့ တီဇစ်ကျေးရွာတွေမှာတော့ လူသေဆုံးမှု မရှိပေမဲ့ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
https://youtu.be/YZiEm7twD30
#မြန်မာ #ဧရာဝတီ #လောင်းလုံး #မြေပြို #Environment #ClimateDesk #WhatsHappensInMyanmar

YouTube
ရွာတဝက်နီးပါး မြေပြိုမှုအောက်ရောက်ခဲ့တဲ့ လောင်းလုံးကျေးရွာများ | The Irrawaddy
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် တောင်ပြိုကျမှုတွေမှာ တောင်ခြေက ကျေးရွာတချို့ ဟာ ရွာတဝက်နီးပါး မြေအောက်ရောက်သွားခဲ့ကြရပါတယ်။
စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက ဖြစ်ပွားခဲ့တဲ့ ဒီမြေပြိုမှုကြောင့် သဗျာ၊ ကဒက်ငယ်ထိန်၊ ကရင်ကြီးနဲ့ တောကျဲကျေးရွာတွေမှာ ရွာတဝက်နီးပါး…

😭60❤7👎4👍2
ကော့စတာရီကာ ဒုသမ္မတဟောင်း ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာမလား
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အင်္ဂါနေ့က ပြုလုပ်ခဲ့သော အလွတ်သဘော ဆန္ဒမဲကောက်ယူမှုတွင် ကော့စတာရီကာ ဒုတိယသမ္မတဟောင်း ရေဘက်ကာ ဂရင်းစပန် Rebeca Grynspan သည် (၁၀) ဦးမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာရန် ရေပန်းစားသူအဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း ယင်းလုပ်ငန်းစဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီ၏ ၄ ကြိမ်မြောက် လျှို့ဝှက် မဲကောက်ယူမှုသည် လွန်ခဲ့သည့်သီတင်းပတ်က နယူးယောက်မြို့ရှိ အထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဇူလိုင်နှင့် စက်တင်ဘာလများတွင် ပြုလုပ်ခဲ့သော ၁ ကြိမ်မြောက်နှင့် ၃ ကြိမ်မြောက် မဲကောက်ယူမှုများတွင်လည်း ဂရင်းစပန် က အနည်းငယ် ပိုမိုဦးဆောင်နေသည်ကို ပြသခဲ့ပြီး သြဂုတ်လ မဲကောက်ယူမှုတွင်မူ ဂိုင်ယာနာ၏ ကုလသမဂ္ဂ သံအမတ်ကြီး ကယ်ရိုလင်း ရိုဒရီဂတ်စ် ဘားကတ်က ထိပ်ဆုံးနေရာတွင် ရောက်ရှိခဲ့သည်။
ချီလီသမ္မတဟောင်း မီရှယ်ဘားချေလက်သည် ယခုလအတွင်း ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ပြီးနောက် အန်တိုနီယို ဂူတာရက်စ်၏ နေရာကို ဆက်ခံရန် အဓိက အပြိုင်အဆိုင် အလုအယက် ကြိုးပမ်းနေသူ အသစ် ၇ ဦး ရှိလာခဲ့သည်။ ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်းသည် ၅ နှစ် သက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ပြီးနောက် ယခုနှစ်ကုန်တွင် ရာထူးမှ ဆင်းပေးမည်ဖြစ်သည်။ နောက်ထပ် ကိုယ်စားလှယ်လောင်းများလည်း ယှဉ်ပြိုင်ပွဲသို့ ထပ်မံဝင်ရောက်လာနိုင်သေးသည်။
မည်သူပင် အနိုင်ရရှိသည်ဖြစ်စေ စစ်ပွဲအများအပြား၊ ကုလသမဂ္ဂသို့ အမေရိကန်၏ ထောက်ပံ့ကူညီမှုများ လျှော့ချလိုက်ခြင်းနှင့် ကုလသမဂ္ဂ၏ နိုင်ငံရေးအရ အရေးပါမှု ကျဆင်းလာခြင်းတို့ အပါအဝင် အကျပ်အတည်းမျိုးစုံကို ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်သည်။
အဆုံးစွန်အားဖြင့် လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာပိုင် ၅ နိုင်ငံဖြစ်သော အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်နှင့် ဗြိတိန်တို့သည် ကိုယ်စားလှယ်လောင်းတဦးအပေါ် သဘောတူညီမှု ရရှိရန် လိုအပ်သည်။ ၂၀၁၆ ခုနှစ်တွင် ဂူတာရက်စ်ကို ရွေးချယ်စဉ်က လုံခြုံရေးကောင်စီ အနေဖြင့် သဘောတူညီမှု ရရှိရန်အတွက် အလွတ်သဘော စမ်းသပ်မဲပေးမှု (straw polls) ၆ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရသည်။
လုံခြုံရေးကောင်စီသည် နောက်ဆုံးတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော အထွေထွေညီလာခံသို့ ရွေးချယ်တင်မြှောက်ရန်အတွက် ကိုယ်စားလှယ်လောင်းတဦးကို တရားဝင် ထောက်ခံအကြံပြုသွားမည်ဖြစ်သည်။ အထွေထွေညီလာခံ အနေဖြင့် ကောင်စီ၏ ရွေးချယ်မှုကို သဘောတူလက်ခံလိမ့်မည်ဟု ကာလရှည်ကြာ မျှော်လင့်ထားကြသည်။
ကုလသမဂ္ဂ၏ နှစ်ပေါင်း ၈၀ ကျော် သမိုင်းကြောင်းတွင် အမျိုးသမီး အထွေထွေအတွင်းရေးမှူးချုပ်ဟူ၍ မရှိခဲ့ဖူးသေးပါ။
နောက်ထပ် အကြိမ်များစွာ ဆက်လက်ပြုလုပ်ရန် မျှော်လင့်ထားသည့် အလွတ်သဘော စမ်းသပ်မဲပေးမှုများတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအား ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ "ထောက်ခံသည်" (encourage)၊ "ကန့်ကွက်သည်" (discourage) သို့မဟုတ် "သဘောထားမရှိပါ" (no opinion) ဆိုသည်ကို လျှို့ဝှက်မဲဆန္ဒပေးစက်များဖြင့် မေးမြန်းကြသည်။
ဂရင်းစပန်သည် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၃ မဲနှင့် သဘောထားမရှိမဲ ၂ မဲ ရရှိခဲ့သည်။ ရိုဒရီဂတ်စ် ဘားကတ်က ထောက်ခံမဲ ၈ မဲ၊ ကန့်ကွက်မဲ ၆ မဲနှင့် သဘောထားမရှိမဲ ၁ မဲ ရရှိခဲ့ကြောင်း ယင်းလုပ်ငန်းစဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ကိုးကား။ ။ Reuters သတင်း Costa Rica's Grynspan narrowly ahead in race to be next UN chief, sources say

👍34❤8😁7👎1
ဥပဒေသစ်အရ နယ်သာလန်တွင် ပထမဆုံး ဆေးဝါးအကူဖြင့် အသက် ၁ နှစ်အရွယ် ကလေးငယ် သေခွင့်ပေးခဲ့
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
ဒတ်ချ်အစိုးရ၏ ထုတ်ပြန်ချက်အရ နယ်သာလန်နိုင်ငံတွင် ပထမဆုံး ဆေးဝါးသုံး၍ သက်သောင့်သက်သာ သေဆုံးခွင့် ပေးခဲ့သည့် ကလေးငယ်မှာ အသက် ၁ နှစ်အရွယ် ကလေးငယ်တဦး ဖြစ်သည်။
၂၀၂၆ ခုနှစ် ဇွန်လတွင် ကျန်းမာရေးဝန်ကြီးက ပြင်းထန်သော ဝေဒနာ ခံစားနေရမှုကြောင့် အသက် ၁၂ နှစ်အောက် ကလေးငယ်တဦးသည် ၂၀၂၅ ခုနှစ် အကုန်တွင် ဆေးဝါးသုံး၍ သက်သောင့်သက်သာ သေဆုံးခွင့် ခံယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ယင်းမှာ ပထမဆုံး ဖြစ်စဉ် ဖြစ်သည်။
ယခုအခါ ကာလရင့် ကိုယ်ဝန်ဖျက်ချမှုများနှင့် ကလေးငယ်များ ဆေးဝါးသုံး အသက် အဆုံးသတ်ပေးမှု အားလုံးကို ပြန်လည်သုံးသပ်သည့် ကော်မတီ၏ အစီရင်ခံစာသစ်အရ၊ ကလေးငယ် သေဆုံးချိန်တွင် အသက်မှာ "၂၄ လနီးပါး" ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။
အဆိုပါ ကလေးငယ်သည် ကိုယ်ဝန်ပတ် ၂၆ ပတ်ဖြင့် စောမွေးခဲ့သူဖြစ်ပြီး၊ အသက် ၄ လအရွယ်တွင် ပြင်းထန်သော ဦးနှောက်ပျက်စီးမှုနှင့် ခန္ဓာကိုယ်အနှံ့ ပိုးဝင်ရောက်မှု (sepsis) အပါအဝင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ခံစားခဲ့ရသည်။
အသက် ၈ လအရွယ်တွင် ကလေးငယ်၌ (West Syndrome ဟုလည်း သိကြသော) Infantile Spasms Syndrome ခေါ် ရှားပါးပြီး ပြင်းထန်သော တက်ရောဂါတမျိုးနှင့် ဦးနှောက်လေဖြတ်ရောဂါ (Cerebral palsy) ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ ထိုသို့ တက်သည့်ဝေဒနာကြောင့် ကလေးငယ်သည် အိပ်စက်မှုဆိုင်ရာ ပုံမှန်မဟုတ်သည့် ပြင်းထန်သော ဝေဒနာများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ချောင်းဆိုးခြင်းနှင့် အစာမျိုရခက်ခဲသည့် ဝေဒနာများကို ခံစားခဲ့ရသည်။
"ကလေးငယ်၏ တိုတောင်းသော ဘဝသက်တမ်းအတွင်း ဖွံ့ဖြိုးမှု သို့မဟုတ် တိုးတက်ကောင်းမွန်လာမှု လုံးဝမရှိခဲ့ပါ" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ "လှုပ်ရှားနိုင်စွမ်း၊ အပြုအမူနှင့် ပင်ကိုယ်စရိုက် စသည့် 'လူတဦးဖြစ်ခြင်း' ၏ အင်္ဂါရပ်တိုင်းသည် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး မည်သည့် တိုးတက်ကောင်းမွန်မှုမျှ ရှိလာမည် မဟုတ်ပါ။ ဆေးဝါးဆိုင်ရာနှင့် ဆေးဝါးမဟုတ်သော ကုသစောင့်ရှောက်မှုများ အားလုံးပြုလုပ်ခဲ့သော်လည်း မိဘများနှင့် ဆရာဝန်သည် ကလေးငယ်၏ အခြေအနေတွင် တိုးတက်မှုမရှိသည်ကို တွေ့ရှိခဲ့ရပြီး ကလေးငယ်မှာ ပြန်လည်ကောင်းမွန်လာမည့် မျှော်လင့်ချက်မရှိဘဲ မခံမရပ်နိုင်အောင် ဝေဒနာခံစားနေရကြောင်း ယုံကြည်ခဲ့ကြသည်"
ရောဂါအခြေအနေ ကြိုတင်ခန့်မှန်းချက်များနှင့် ကုသမှုနည်းလမ်းများကို ဆွေးနွေးပြီးနောက် မိဘများသည် ကလေးငယ်၏ အသက်ကို အဆုံးသတ်ပေးရန် ဆရာဝန်အား တောင်းဆိုခဲ့ကြသည်။ အစီရင်ခံစာအရ ကော်မတီသည် ယခုဖြစ်စဉ်တွင် "ဆရာဝန်သည် အခြေအနေများအပေါ် မူတည်၍ လိုအပ်သော ဂရုစိုက်မှု၊ စိစစ်မှုများဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့သည်" ဟု သုံးသပ်တွေ့ရှိခဲ့သည်။
ဒတ်ချ်အစိုးရက ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သည့် လွန်ခဲ့သော နှစ်နှစ်အတွင်း အသက် ၁၂ နှစ်အောက် ကလေးငယ်တဦးအား ဆေးဝါးသုံး၍ သက်သောင့်သက်သာ သေဆုံးခွင့် ပေးခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
ကိုးကား။ ။ People သတင်း Netherlands Confirms First Child Euthanized Under New Law Was 1 Year Old

😭43👍10❤8😱6👎1
သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နေရချိန်တွင် စစ်တပ်က ပြည်သူများအပေါ် ဗုံးကြဲ
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
မြန်မာနိုင်ငံ တောင်ပိုင်းတခွင်ရှိ ဒုက္ခရောက်နေကြသော လူထုအသိုင်းအဝိုင်းများမှာ ပြင်းထန်သော မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကို ခါးစည်းခံနေရစဉ်၊ စစ်တပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခြင်း မရှိသည့်အပြင် အကြမ်းဖက်စစ်ဆင်ရေးများကို သိသိသာသာ ပိုမိုအရှိန်မြှင့်တင်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် သီတင်းပတ်ကုန်ကတည်းက စံချိန်တင် မိုးရွာသွန်းခဲ့မှုကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ရေမြှုပ်ခဲ့ပြီး အနည်းဆုံး ၁၃ ဦး သေဆုံးကာ ၃၀ ဦး ပျောက်ဆုံးလျက်ရှိသည်။ သို့သော် စစ်အုပ်စုသည် အသက်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် စစ်ရေးလှုပ်ရှားမှုများကို လျှော့ချခြင်း သို့မဟုတ် အကူအညီပေးခြင်းများ ပြုလုပ်မည့်အစား၊ ဤမငြိမ်မသက်ဖြစ်မှု အခြေအနေကို အခွင့်ကောင်းယူကာ တနိုင်ငံလုံးရှိ ပြည်သူလူထု ပစ်မှတ်များအပေါ် ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် ပြုလုပ်ခဲ့သည်။
စစ်အုပ်စု၏ အလျှော့မပေးသော သဘောထားကို တနင်္လာနေ့က ရခိုင်ပြည်နယ်တွင် ထင်ရှားစွာ မြင်တွေ့ခဲ့ရပြီး၊ ကျောက်တော်မြို့ ကစ္စပနဒီတံတားအနီးရှိ လူစည်ကားသော ဈေးဆိုင်တန်းများပေါ်သို့ တိုက်လေယာဉ်တစင်းက ပေါင် ၅၀၀ လေးသည့် ဗုံးနှစ်လုံး ကြဲချခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ဈေးသည်များနှင့် လမ်းသွားလမ်းလာ ၅၀ ဦး သေဆုံးခဲ့ပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့ကာ ၂၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ထို့ပြင် မင်းပြားမြို့နယ်နှင့် သံတွဲမြို့နယ် ငပလီကမ်းခြေတို့တွင်လည်း တပြိုင်နက်တည်း တိုက်ခိုက်မှုများကြောင့် နောက်ထပ် ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ရက္ခိုင့်တပ်တော် (AA) က အဆိုပါ တိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး၊ တာဝန်ရှိသည့် တပ်မှူးများနှင့် တပ်ရင်းတပ်ဖွဲ့များကို တိုက်ရိုက် တုံ့ပြန် လက်စားချေသွားမည်ဟု ကတိပြုခဲ့သည်။
တချိန်တည်းမှာပင်၊ ကချင်ပြည်နယ် နယ်စပ်အနီး စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင်၊ စစ်တပ်သည် မဟာဗျူဟာမြောက် ကုန်သွယ်ရေး စင်္ကြံလမ်းကို ပြန်လည်ထိန်းချုပ်ရန် လေကြောင်းတိုက်ခိုက်မှုများ ပံ့ပိုးမှုဖြင့် တပ်မ (၃၃) မှ အင်အား ၃၀၀ ပါ စစ်ကြောင်းတခုကို စေလွှတ်ခဲ့သည်။ အင်းတော်မြို့နယ်တွင်၊ တိုက်ပွဲများကြောင့် လမ်းလွှဲအဖြစ် အသုံးပြုနေရသော ကျေးရွာများအပေါ် စစ်လေယာဉ်များက ဗုံးအလုံး ၂၀ ခန့် ကြဲချခဲ့ရာ လမ်းခုလတ်တွင် ပိတ်မိနေသော ကုန်တင်ကားများ ထိမှန်ခဲ့ပြီး အရပ်သား ၅ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ဘန်ကောက်၏ နားလည်မှုလွဲမှားသော ထိတွေ့ဆက်ဆံမှု
ဤရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားနေချိန်တွင်၊ စစ်အုပ်စု၏ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ တပ်တွင်းစည်းကမ်းထိန်းသိမ်းရန် ကြိုးပမ်းသည့်အနေဖြင့် “သစ္စာဖောက်မှု၊ စစ်စည်းကမ်း ပျက်ကွက်မှုနှင့် မူးယစ်ဆေးဝါး ပြစ်မှုများ” ကျူးလွန်သည့် တပ်ဖွဲ့ဝင်များကို ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ရဲဝင်းဦး၏ သတိပေးချက်သည် မကျေမနပ်ဖြစ်နေသော အရာရှိများနှင့် စစ်သည်များက တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းအချက်အလက်များ ပေးပို့မည်ကို စစ်အုပ်စု၏ သံသယနှင့် စိုးရိမ်မှုများ ပိုမိုကြီးထွားလာမှုကို ပေါ်လွင်စေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်အရာရှိနှင့် စစ်သည် ထောင်ပေါင်းများစွာသည် ဘက်ပြောင်းခိုလှုံခြင်း သို့မဟုတ် တပ်ပြေးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် စစ်တပ်မှာ အတင်းအဓမ္မ စုဆောင်းထားသော စစ်မှုထမ်းသစ်များကိုသာ အဓိက အားကိုးနေရသည်။
စစ်အုပ်စု၏ လုံးဝ အလျှော့မပေးဘဲ ငြင်းဆန်မှုသည် ဒေသတွင်း သံတမန်ရေးအရ ချဉ်းကပ်မှုများ၏ အားနည်းချက်ကို ဖော်ပြနေသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်ကတ်ကေအိုသည် ဘန်ကောက်၏ “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” ဖြင့် နေပြည်တော်အပေါ် လျှော့ပေါ့ပေးခဲ့မှုကြောင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး၊ ထိုအထဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လတ်တလော ထိုင်းနိုင်ငံခရီးစဉ်လည်း ပါဝင်သည်။
ထိုင်းနိုင်ငံအနေဖြင့် အကြမ်းဖက်မှုများ လျှော့ချရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခွင့်ပြုရန် စစ်အုပ်စုကို ဖိအားပေးခဲ့သည်ဟု ဆိုသော်လည်း၊ ထိုရလဒ်များနှင့် ပတ်သက်၍ မြန်မာစစ်အာဏာရှင်ထံမှ မည်သည့် ကတိကဝတ်မျှ မရရှိခဲ့ကြောင်း ဆီဟာဆက်က ပွင့်လင်းစွာ ဝန်ခံခဲ့သည်။ ချက်ချင်း တာဝန်ယူမှု တာဝန်ခံမှုရှိရန် တောင်းဆိုမည့်အစား၊ ဆီဟာဆက်က စစ်အုပ်စု၏ ငြင်းဆန်မှုကို လျစ်လျူရှုကာ “သံတမန်ရေးမှာ၊ အချို့ကိစ္စတွေမှာ ချက်ချင်း ကတိကဝတ် ရဖို့ မလိုပါဘူး။ သူတို့ကို စဉ်းစားဖို့ အချိန်ပေးရပါတယ်” ဟု ပြောကြားခဲ့သည်။
ဝေဖန်သူများက ထိုကဲ့သို့ ရေငုံနှုတ်ပိတ်နေသည့် သဘောထားသည် ကြည့်ရှုစောင့်ဆိုင်းရုံမျှမက အလိုတူအလိုပါ ဖြစ်နေသည်ဟု ထောက်ပြကြသည်။ မည်သည့် စစ်ရေးဆိုင်ရာ လျှော့ပေါ့ပေးမှု

❤21👍17👎5😁4🤔3
အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှု ရပ်တန့်မှုမျှ မရရှိဘဲ စစ်ခေါင်းဆောင်ကို ပေါ်ပေါ်ထင်ထင် သံတမန်ရေးရာ တရားဝင်မှု ပေးအပ်ခြင်းအားဖြင့်၊ ထိုင်းနိုင်ငံ၏ ပျော့ပျောင်းသော သံတမန်ရေးရာ ချဉ်းကပ်မှုသည် ခေါင်းမာသော စစ်အုပ်စုအား အရေးပါသည့် နိုင်ငံတကာ ကာကွယ်မှုပေးနေသလို ဖြစ်စေပြီး အရပ်သား သေဆုံးမှု အရေအတွက်မှာမူ ပိုမိုမြင့်တက်လျက်ရှိသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/editorial/2026/09/30/416678.html
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Regime Responds to Natural Disasters by Increasing Violence Against Civilians https://www.irrawaddy.com/opinion/editorial/regime-responds-to-natural-disasters-by-increasing-violence-against-civilians.html ကို ဘာသာပြန်သည်။)

ဧရာဝတီ
သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နေရချိန်တွင် စစ်တပ်က ပြည်သူများအပေါ် ဗုံးကြဲ
မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကို ခါးစည်းခံနေရစဉ်၊ စစ်တပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခြင်း မရှိသည့်အပြင် အကြမ်းဖက်စစ်ဆင်ရေးများကို သိသိသာသာ ပိုမိုအရှိန်မြှင့်တင်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
👍32👎6😁3❤2🤔1
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠
“တရုတ်ကို လုံးဝမှီခိုတယ်တော့ မဟုတ်ဘူး” လို့ မင်းအောင်လှိုင်ပြော
စက်တင်ဘာ ၃၀၊ ၂၀၂၆
ဒီတပတ် China Briefing မှာတော့ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုတာမျိုး မရှိဘူးလို့ မင်းအောင်လှိုင်ပြောတဲ့ သတင်းနဲ့ တရုတ်ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ အကြောင်း အပါအဝင် တရုတ် နဲ့ မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။
https://youtu.be/XmXnPVTIImE
#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #ခရီးသွား #မင်းအောင်လှိုင်

“တရုတ်ကို လုံးဝမှီခိုတယ်တော့ မဟုတ်ဘူး” လို့ မင်းအောင်လှိုင်ပြော | The Irrawaddy
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠
“တရုတ်ကို လုံးဝမှီခိုတယ်တော့ မဟုတ်ဘူး” လို့ မင်းအောင်လှိုင်ပြော
စက်တင်ဘာ ၃၀၊ ၂၀၂၆
ဒီတပတ် China Briefing မှာတော့ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုတာမျိုး မရှိဘူးလို့ မင်းအောင်လှိုင်ပြောတဲ့ သတင်းနဲ့ တရုတ်ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့…

😁44👎5❤4🤔3👍2
ထောက်ပို့ ပြည်သူထံမှ အချက်အလက် မတောင်းခံဟု PRF တုံ့ပြန်
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို အဓိက ပံ့ပိုးပေးနေသည့် People's Revolution Supply Family (PRF) အစီအစဉ်မှတဆင့် PRF အဖွဲ့ဝင် ၂၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦး ဖမ်းဆီးရမိသည်ဟု အာဏာသိမ်းအစိုးရ ထုတ်ပြန်ချက်သည် လိမ်လည်စွပ်စွဲမှုဖြစ်ပြီး ထောက်ပို့ ပြည်သူများထံမှ အချက်အလက်တောင်းခံမှု မရှိခဲ့ကြောင်း PRF က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
PRF အနေဖြင့် အဆိုပါထုတ်ပြန်ချက်ကို အပြည့်အဝ စိစစ်ပြီးဖြစ်ရာ ၎င်းသည် အမှန်တရားနှင့် လုံးဝ ကိုက်ညီမှုမရှိသော လိမ်လည်စွပ်စွဲချက်သာဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် PRF စတင်တည်ထောင်ချိန်မှစ၍ ထောက်ပို့တော်လှန်ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ စသည့် ကိုယ်ရေးအချက်အလက်များကို တစုံတရာ ကောက်ခံခြင်း၊ သိမ်းဆည်းထားခြင်း မရှိသော မူဝါဒကို တင်းကျပ်စွာ ကျင့်သုံးလာခဲ့ပြီး အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရန် အမည်လွှဲတခုနှင့် Email လိပ်စာတခုသာ လိုအပ်သဖြင့် PRF ၏ စနစ်မှတဆင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်းလည်း ပြောသည်။
ထို့ကြောင့် အဖွဲ့ဝင် ၂၇၀၀ ကျော် အချက်အလက်များ ရရှိထားသည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိသလို စစ်အုပ်စု ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တဦး၏ စာရင်းများနှင့် အခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ ဖုန်းမှ ရရှိသည့် အချက်အလက်များကို စုစည်းကာ PRF နှင့် ဆက်စပ် ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု PRF က ထုတ်ပြန်ထားသည်။
အဆိုပါ စွပ်စွဲချက်၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများကို ခြိမ်းခြောက်၍ PRF အပေါ် ယုံကြည်မှု ပျက်ပြားစေရန်နှင့် တော်လှန်ရေး၏ ဝင်ငွေရလမ်းကြောင်းများ ဖြတ်တောက်ရန်ဖြစ်ကြောင်း ထင်ရှားပြီး လက်ရှိထိန်းသိမ်းခံထားရသူများအား ပြစ်မှု ထပ်တိုးအမှုဆင်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း၊ ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်တပ်ထံ ပေးအပ်ပူးပေါင်းနေသော Wave Money နှင့် မိခင်အဖွဲ့အစည်း ရိုးမဘဏ်ကိုလည်း အကြမ်းဖက်မှု အားပေးကူညီသည့် အဖွဲ့အစည်းများအဖြစ် ပြင်းထန်စွာ ရှုတ်ချသည်ဟု PRF က ဆိုထားသည်။
အာဏာသိမ်းအစိုးရ၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်တွင် PRF Website သို့ WavePay၊ NUG Pay နှင့် SDB Bank တို့မှ ငွေကြေးထောက်ပံ့သူ စုစုပေါင်း ၂,၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်ရရှိခဲ့ပြီး ယင်းတို့အနက် PRF သို့ ငွေကြေးထောက်ပံ့ပေးပို့သည်ဟုဆိုကာ ၂၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ-NUG-MOD
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤45👍14😁4👎2
ကျောက်တော် ဗုံးကြဲမှု ဗြိတိန်အစိုးရ ရှုတ်ချ
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဈေးတခုကို စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အတွက် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိကြောင်း၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လုံးဝ လက်ခံနိုင်ဖွယ် မရှိဘဲ ယူကေအစိုးရအနေဖြင့် ထိုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့ ထုတ်ပြန်သည်။
"ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကေက ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ပါတယ်" ဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Baroness Winterton က ပြောကြားသည်။
စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီ တံတားအနီး ဝန်းကျင်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ၅၀ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
ဗုံးကြဲမှုကြောင့် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ အပါအဝင် အစုလိုက် အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် လုပ်ရပ်ပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် စစ်တပ်၏ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေမှုများကို အဆုံးသတ်နိုင်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာအနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ကလည်း တောင်းဆိုထားသည်။
ဓာတ်ပုံ- AA

👍56❤7😭6😁2👎1
ပြည်ထဲရေးဝန်ကြီးကို အာဏာဖြင့် ခန့်ပြီးမှ လွှတ်တော်ထံက အတည်ပြုချက်ယူ
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ၎င်းဖန်တီးထားသည့် လွှတ်တော်ကို ကျော်၍ အတည်ပြုချက်မယူဘဲ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုကာ ပြည်ထဲရေးဝန်ကြီးအစားထိုးမှုအပေါ် အများက ဝေဖန်လာချိန် ယမန်နေ့ကမှ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြုပေးရန် အာဏာသိမ်းအစိုးရဘက်မှ တင်သွင်းခဲ့သည်ကို တွေ့ရသည်။
စက်တင်ဘာ ၁၇ရက်က ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို မူလစစ်ဘက်တာဝန် ပြန်ထမ်းဆောင် စေကာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲ ရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦးအား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်ရပ်အပေါ် အာဏာသိမ်း သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက ပြည်ထဲရေးဝန်ကြီးသည် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အဓိကတာဝန်ယူရပြီး အများပြည်သူ အေးချမ်း သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လတ်တလော လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်ရပ်နားထားချိန်တွင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ဖြင့် ထုတ်ပြန်ခန့်အပ်ခဲ့ရခြင်းဖြစ်သည်ဟု အကြောင်းပြသည်။
၎င်းတို့ လက်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၃၂ ပုဒ်မခွဲများတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ရန် ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်း ရယူရမည်ဖြစ်သည့်အပြင် သမ္မတအနေဖြင့် ပြည်ထောင်စုဝန်ကြီး ခန့်အပ်တိုင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်ဟု ပြဋ္ဌာန်းထားသည်။
အာဏာသိမ်းသမ္မတအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ထံမှအမည်စာရင်း ရယူခဲ့ခြင်းရှိ မရှိနှင့် ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားခဲ့ခြင်းရှိ မရှိကိုမူ ဦးခင်မောင်ရီက လွှတ်တော်တွင် ရှင်းလင်းခဲ့ခြင်း မရှိပေ။
အခြေခံဥပဒေပုဒ်မ-၂၁၂(ခ)အရ ပြည်ထောင်စုလွှတ်တော်ရပ်နားထားချိန် နိုင်ငံဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်မှအပ ချက်ချင်းဆောင်ရွက်ရန်လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်ခွင့်အား ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် ပြည်ထောင်စုလွှတ်တော်ကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် ဝန်ကြီးအစားထိုးခန့်အပ်ခြင်း၊ ဝန်ကြီးဌာန အမည်ပြောင်းခြင်းများအား အာဏာသိမ်းသမ္မတအမိန့်ဖြင့်သာ လုပ်ဆောင်ခဲ့မှုအပေါ် လူထုအကြား ဝေဖန်မှုများ ရှိခဲ့သည်။
ထိုပြည်ထဲရေးဝန်ကြီးအစားထိုးခန့်မှုအား အတည်ပြုရန်(သို့မဟုတ်) ကန့်ကွက်အဆိုတင်သွင်းရန် အစီအစဉ်အား အောက်တိုဘာ ၆ ရက်လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်ပြီး ကန့်ကွက်လိုသူရှိပါက အရည်အချင်း မပြည့်ကြောင်း သက်သေ အထင်အရှားပြ၍ အောက်တိုဘာ ၁ ရက်ညနေ နောက်ဆုံးထားကာ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြနိုင်ကြောင်း ကြေညာထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/30/416682.html

အာဏာသိမ်း သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက ပြည်ထဲရေးဝန်ကြီးသည် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အဓိကတာဝန်ယူရပြီး အများပြည်သူ အေးချမ်း သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လတ်တလော လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်ရပ်နားထားချိန်တွင် ဥ…
😁63❤13👎4🤔1
ကျောက်တော် ဗုံးကြဲမှုဖြစ်စဉ် ဦးကျော်မိုးထွန်း ကုလ၌ တင်ပြ
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀ သေဆုံးပြီး ၅၇ ဒဏ်ရာရရှိခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေး၌ တင်ပြခဲ့သည်ဟု နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ယနေ့ ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၈ တွင် ကျောက်တော် အိန္ဒိယစျေးနှင့် ကစ္ဆပနဒီ တံတားအနီးဝန်းကျင်တို့ကို ဗုံးကြဲမှုကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့အပြီး စက်တင်ဘာ ၂၉ ရက် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ နျူကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ်နှင့် မြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြခဲ့ခြင်းဖြစ်သည်။
၎င်းက “ကျောက်တော်မြို့ရှိ စျေးတန်းတခုအပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး လူအမြောက်အမြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း၊ အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်း မရှိသည့် စစ်အုပ်စုအား အရပ်သား သို့မဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အပြု သဘောဆောင်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည်ဟု မည်သို့မျှ ယုံကြည်၍ မရနိုင်ကြောင်း” ပြောသည်။
ထို့ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများအား သတ်ဖြတ်နေသည့် စစ်အုပ်စုနှင့် နျူကလီးယားလက်နက်ပိုင် နိုင်ငံတနိုင်ငံ(ရုရှား)တို့ကြားတွင် အမည်ခံ နျူကလီးယား ဓာတ်အားပေးစက်ရုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်အပေါ် မိမိတို့ အလွန် စိုးရိမ်ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များ အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ဘုံရည်မှန်းချက်အောင်မြင်စေရန် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်၌ ဘက်စုံ နျူကလီးယား စမ်းသပ်မှုပိတ်ပင်ရေးစာချုပ်ကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက် တားမြစ်ပိတ်ပင်ရေးစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သော်လည်း ကံဆိုးစွာဖြင့် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် နျူကလီးယားလက်နက် တားမြစ်ပိတ်ပင်ရေး အတည်ပြုလိုသော မိမိတို့၏အစီအစဉ် ပျက်စီးခဲ့ရသည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။
ထို့ပြင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး၊ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများအား အသုံးချခြင်းတို့အပါအဝင် စစ်အုပ်စု၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကြောင့် နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ပျက်စီးခဲ့ရကြောင်းလည်း ဆိုသည်။
ဓာတ်ပုံ-AA Info Desk

👍70❤15😁5👎2
သုဝဏ္ဏဘူမိလေဆိပ်မှ ခရီးဆောင်အိတ်များ ကြန့်ကြာမှု ထိုင်းလေကြောင်း ဝေဖန်ခံရ
ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆
ဘန်ကောက်မြို့မိုးကြီးသည့်ရက်က သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများ အလုပ်မဆင်းနိုင်သဖြင့် ဝန်ဆောင်မှုနှောင့်နှေးကာ ခရီးဆောင်အိတ်များ သောင်တင်ကျန်ခဲ့သည့်အပေါ် တာဝန်ရှိထိုင်းလေကြောင်းလိုင်း (Thai Airways) မှာ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။
ထိုရက်က လေယာဉ်များ ပုံမှန်အတက်အဆင်းလုပ်နိုင်သော်လည်း လေဆိပ်ဝန်ထမ်းများ မလာရောက်နိုင်သဖြင့် ခရီးဆောင်အိတ်များ တင်ဆောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ခရီးသည်တင် လှေကားယာဉ်များ မောင်းနှင်ခြင်းနှင့် လေယာဉ်မြေပြင်ဝန်ဆောင်မှု ပစ္စည်းများ ရွှေ့ပြောင်းခြင်း လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။
ထို့အတွက် ထိုင်းလေကြောင်းလိုင်း စီမံခန့်ခွဲရေးအဖွဲ့မှာ ပြင်းထန်စွာဝေဖန်ခံနေရပြီး အမှုဆောင်အရာရှိချုပ်က ဝန်ထမ်းများအား အိမ်တိုင်ရာရောက် ယာဉ်များစေလွှတ်ခေါ်ယူသော်လည်း တချို့က ၎င်းတို့၏ ရေမြုပ်နေသည့် အိမ်များကို စိတ်မချ၍ လိုက်မလာကြောင်း၊ ယခုလို အဆင်မပြေမှုများအတွက် ခရီးသည်များကို တောင်းပန်ခဲ့ပြီး ကျန်နေသော ခရီးဆောင် အိတ်အားလုံး ခရီးသည်များထံ မရောက်မချင်း အခြေအနေကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဖြေရှင်းသည်။
ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးကမူ ယခုဖြစ်ရပ်က နိုင်ငံ့ခရီးသွားကဏ္ဍနှင့် အမျိုးသားလေကြောင်းလိုင်း ပုံရိပ်ကိုပါ ထိခိုက်စေကြောင်း၊ ခရီးဆောင်အိတ်များ မချရသေးသောကြောင့် လေယာဉ်များ ပုံမှန် မပျံသန်းနိုင်သည့်အပြင် ထွက်ခွာမည့် လေယာဉ်ပေါ်သို့ အိတ်များ မတင်ဆောင်နိုင်ခဲ့သဖြင့် နောက်ဆက်တွဲ ခရီးစဉ်များပါ ထိခိုက်စေခဲ့ကြောင်း ဆိုသည်။
ထို့အတွက် စက်တင်ဘာ၂၆ ရက်မှ ၂၇ ရက်အတွင်း ပြေးဆွဲခဲ့သော လေယာဉ်ခရီးစဉ် ၅၂ ခုမှ ခရီးဆောင်အိတ်များကို စစ်ဆေးခွဲခြားခြင်း၊ ခရီးသည် များထံပို့ပေးခြင်း လုပ်နေဆဲဖြစ်ပြီး၊ ကူညီရန် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စေလွှတ်ပေးထားကြောင်း၊ ထိုင်းစာတိုက်လုပ်ငန်းက ဝန်ထမ်းများနှင့် မော်တော်ယာဉ်များ ကူညီပေးထားသည့်အပြင် ထိုင်းလေကြောင်းလိုင်းဌာနချုပ်မှ စေတနာ့ဝန်ထမ်းများ ခေါ်ယူကာ ခရီးဆောင်အိတ် ထုတ်ယူသည့်နေရာနှင့် အစားအသောက် ဝန်ဆောင်မှုပိုင်းတွင် ကူညီရန် စေလွှတ်ထားကြောင်း သိရသည်။
ထို့ကြောင့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဆက်လက်စောင့်ဆိုင်းမနေဘဲ QR code ကို စကင်ဖတ်ကာ ပို့ဆောင် ပေးရမည့် လိပ်စာများကို စာရင်းသွင်းထားရန် လေကြောင်းလိုင်းက မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ- khaosod

👍27😱9❤3👎1