The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မြန်မာ့မြေရှား အမေရိကန် တကယ်စိတ်ဝင်စားနေပြီလား (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၁၁၊ ၂၀၂၅

ကမ္ဘာ့နိုင်ငံကြီးတွေက စိတ်ဝင်စားနေကြတဲ့ မြေရှားသတ္တုဟာ မြန်မာနိုင်ငံ မှာလည်း ထွက်ရှိပြီး အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းမှာ အင်တိုက် အားတိုက် ထုတ်ယူနေကြပါတယ်။

လက်ရှိအခြေအနေမှာတော့ ကချင်ပြည်နယ်က မြေရှားလုပ်ကွက်တွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အောက်မှာရှိပြီး ရှမ်းပြည်နယ်အတွင်းက လုပ်ကွက်တွေကတော့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အောက်မှာ ရှိနေတာဖြစ်ပါတယ်။

ထွက်ရှိနေတဲ့ မြေရှားသတ္တုအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားသူကတော့ အိမ်နီးချင်းတရုတ်နိုင်ငံဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အမေရိကန်ဟာ မြန်မာနိုင်ငံက ထွက်တဲ့ မြေရှားသတ္တုတွေကို စိတ်ဝင်စားနေတယ်ဆိုပြီး ဖော်ပြလာကြပါတယ်။

မြန်မာ့မြေရှားသတ္တုကို အမေရိကန်က တကယ် စိတ်ဝင်စားနေသလား၊ မြန်မာက ထွက်တဲ့ မြေရှားက ဘယ်လောက် အရေးပါလဲ၊ နိုင်ငံကြီးတွေက မြေရှားကို ဘာကြောင့် လိုအပ်နေကြတာလဲ၊ မြေရှားထုတ်လုပ်မှုနောက်မှာ ဘယ်လို ထိခိုက်ဆုံးရှုံးမှုတွေ ရှိနိုင်လဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သယံဇာတ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ပညာရေး လုပ်ဆောင်နေသူ ဦးဇုန်းသိန်း ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ ကတွေ့ဆုံမေးမြန်းထားပါတယ်။

https://youtu.be/URo_5CIu9jo
#မြန်မာ #ဧရာဝတီ #မြေရှားသတ္တု #သဘာဝပတ်ဝန်းကျင် #KIA #UWSA #အမေရိကန် #တရုတ် #ClimateDesk #Environment #WhathappensInMyanmar

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍61
ဘေးဒဏ်တွေကြောင့် မွေးရပ်မြေကို စွန့်ခွာနေကြရသူတွေ (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၂၈၊ ၂၀၂၅

ဇာတိမြေနဲ့ မိရိုးဖလာ တောင်ယာလုပ်ငန်းတွေကို တွယ်တာတတ်ကြတဲ့ အညာသူ၊ အညာသားတွေဟာ ဝမ်းရေးအတွက် မွေးရပ်မြေနဲ့ တောင်ယာတွေကို စွန့်ပြီး မိုင်ပေါင်းများစွာ ဝေးကွာတဲ့ ပြည်ပနိုင်ငံတွေ ကိုပါ နေ့စဉ် ရာနဲ့ချီပြီး ထွက်ခွာနေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေးနဲ့ စားဝတ်နေရေး အကျပ် အတည်း တွေအပြင် သဘာဝ ဘေးအန္တရာယ်တွေကြောင့် ရေကြည်ရာ မြက်နုရာကို ရွေးချယ်လာခဲ့ကြရတာ ဖြစ်ပါတယ်။

မြေပဲ၊ နှမ်း၊ ပြောင်းနဲ့ ဝါတွေ အဓိက စိုက်တဲ့ အညာမှာ စစ်တပ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ တိုက်ပွဲတွေကြောင့် စိုက်ပျိုးဖို့ မရဲတော့တဲ့အတွက် ဇာတိမြေကို စွန့်ခွာပြီး ရေကြည်ရာ၊ မြက်နုရာကို ရှာနေကြသူတွေ ပိုများလာပါပြီ။

ကမ္ဘာ့ဘဏ်ကတော့ လာမယ့် ၂၀၅၀ ပြည့်နှစ်မှာဆိုရင် လူပေါင်း သန်း ၁၄၀ ကျော်လောက် ပြောင်းရွှေ့နေထိုင်သူတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး လက်တင်အမေရိက၊ အာဖရိကဆာဟာရဒေသနဲ့ မြန်မာပါဝင်တဲ့ အရှေ့တောင်အာရှ ဒေသတွေက ဖြစ်တယ်လို့ ဆိုထားပါတယ်။

https://youtu.be/__I98Jb_J24
#မြန်မာ #ဧရာဝတီ #သဘာဝဘေးဒဏ် #အညာ #Environment #ClimateDesk #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍35👎6
ကျမတို့ ဒုတိယ ကချင်ပြည်နယ် မဖြစ်ချင်ဘူး (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၂၉၊ ၂၀၂၅ ခုနှစ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ခြမ်းကနေ မြစ်ဖျားခံပြီး ထိုင်းနိုင်ငံဘက်ကို စီးဆင်းနေတဲ့ မြစ်တွေထဲမှာ လူမှုနေ့စဥ်ဘဝတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ ထိုင်းအစိုးရရဲ့ စစ်ဆေးချက်တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အဓိက မြစ်ကြီးလေးစင်းဖြစ်တဲ့ ကော့မြစ်၊ ဆိုင်မြစ်၊ မဲခေါင်မြစ်နဲ့ ရီးရန့် မြစ်တွေထဲမှာ အာဆင်းနစ် နဲ့ ခဲ ဓါတုပစ္စည်း ပါဝင်မှုတွေ မြင့်တက်နေတယ်လို့ ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနရဲ့ သုတေသနအရ သိရပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ရဲ့ အစီရင်ခံစာတွေအရ ထိုင်းနယ်စပ်ကနေ ၂၅ ကီလိုမီတာသာ ကွာဝေးတဲ့ မိုင်းဆတ်မြို့ တောင်ဘက်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ မြေရှားသတ္တုတွင်းတွေ ရှိနေတာ တွေ့ရပါတယ်။

ဒီမြေရှားသတ္တုတွင်းတွေဟာ မြန်မာဘက်အခေါ် နမ့်ခုတ်မြစ် (ကော့မြစ်)နဲ့ ၂ ကီလိုမီတာ အကွာလောက်မှာ ထုတ်ယူနေတာဖြစ်ပြီး ဒီကစွန့်ထုတ်တဲ့ အဆိပ်အတောက်တွေဟာ နမ့်ခုတ်မြစ်ကြောင်းအတိုင်း ထိုင်းနိုင်ငံထဲကို စီးဝင်နေတာလို့ ဆိုထားပါတယ်။

ရှမ်းပြည်နယ် မိုင်းဆက်မြို့အနီးကနေ ထိုင်းနိုင်ငံဘက်ကို စီးဆင်းနေတဲ့ မယ်ဆိုင်မြစ်ဟာလည်း မိုင်းဆက်မြို့အရှေ့ပိုင်းမှာ တိုးချဲ့လာတဲ့ ရွှေတူးဖော်မှုတွေကြောင့် ရေထုအရည်အသွေးဟာ အဆိပ်သင့်လာတယ်လို့ SHRF ကဆိုပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ရွှေနဲ့ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် အဆိပ်သင့်လာရတဲ့ ဒီမြစ်တွေဟာ ထိုင်းဒေသခံတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အဓိက ရေပေးဝေမှုစနစ်ကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာမြစ်များ အရှေ့တောင်အာရှကမ်ပိန်း ဒါရိုက်တာ Pianporn (Pai) Deetes ကတော့ ထိုင်းနိုင်ငံ အနေနဲ့ မြေရှားသတ္တုတွင်းတွေရဲ့ အဆိပ်အတောက်တွေကို ခံစားနေရတဲ့ ကချင်ပြည်နယ်လို့ မဖြစ်ချင်ဘူးလို့ ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

https://youtu.be/H1ZJKruypzw
#မြန်မာ #ဧရာဝတီ #မြေရှားသတ္တု # Pianporn(Pai)Deetes #Environment #ClimateDesk #UWSA #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍39👎3
ဧရာမ အမှိုက်ပုံကြီးဘေးက မြန်မာတွေရဲ့ ဘဝ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၅

နေအိမ်တွေ၊ စာသင်ကျောင်းတွေထက် မြင့်ပြီး တောင်တန်းကြီးသဖွယ်မြင်နေရတဲ့ ဒီအမှိုက်ပုံကြီးဟာ မဲဆောက်မြို့က ထွက်တဲ့အမှိုက်တွေကို စုပုံထားတာဖြစ်ပါတယ်။

ဒီအမှိုက်ပုံကြီးကို ရာနဲ့ချီတဲ့ ရွှေ့ပြောင်း မြန်မာ လုပ်သားတွေက ဆယ်စုနှစ်တွေနဲ့ချီပြီး မှီခိုခဲ့ကြရဖူးပါတယ်။ အမှိုက်ထဲကပါလာတဲ့ ပြန်ရောင်းစားလို့ရတဲ့ ပစ္စည်းတွေကို ရှာဖွေပြီး ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထိုင်းအာဏာပိုင်တွေက အမှိုက်ကောက်ခွင့် တားမြစ်လိုက်တဲ့ အတွက် မြန်မာတွေဟာ အဲဒီအမှိုက်ပုံကြီးကို မီခိုလုပ်ကိုင်ခွင့်မရကြတော့ပါဘူး။ ဒါပေမယ့် အခက်အခဲ အမျိုးမျိုး ကြောင့် ဒီအမှိုက်ပုံကြီးဘေးမှာပဲ နေရာငှားရမ်းနေထိုင်ကြဆဲဖြစ်ပါတယ်။

အမှိုက်ပုံကြီးကို မှီခိုခွင့်မရကြတော့ပေမယ့် ဒီအမှိုက်ပုံကြီးကထွက်လာတဲ့ အညစ်အကြေးနဲ့ အနံ့အသက်တွေ ကတော့ သူတို့တွေအပေါ် သက်ရောက်မှုရှိနေပါတယ်။

https://youtu.be/ObZyTIAYjP8
#မြန်မာ #ဧရာဝတီ #အမှိုက်ပုံ #မဲဆောက် #ရွှေ့ပြောင်းလုပ်သား #Environment #ClimateDesk #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍34👎9
သံလွင်မြစ်ရေ အဆိပ်သင့်နေပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံးမြစ်ဖြစ်တဲ့ သံလွင်မြစ်ရေထဲမှာ အဆိပ်သင့်စေတဲ့ အက်ဆစ်ဓာတ်တွေ လွန်ကဲစွာပါဝင်နေပြီဖြစ်တယ်လို့ သုတေသနစစ်တမ်းတွေအရ သိရပါတယ်။

သံလွင်မြစ်ရေရဲ့အရည်အသွေးကို ချင်းမိုင်တက္ကသိုလ် (CMU) ရဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံဆိုင်ရာ သုတေသနစင်တာနဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က ၂၀၂၅ ခုနှစ် အတွင်း သုတေသနပြု စစ်ဆေးခဲ့ပြီးတဲ့နောက် ပဏာမ စစ်ဆေးချက်အရ မြစ်ရေအဆိပ်သင့် နေတာကို တွေ့ရှိခဲ့ကြတာပါ။

စစ်ဆေးတွေ့ရှိချက်တွေအရ မော်ချီးသတ္တုတွင်းနားကနေ သံလွင်မြစ်ထဲကို စီးဝင်တဲ့ မိုလိုချောင်းမှာ အာဆင်းနစ်အဆိပ်တွေကို အမြင့်ဆုံးတွေ့ခဲ့ရပေမယ့် ဒေသခံပြည်သူတွေကတော့ အဆိပ်သင့်နေတဲ့ အခြေအနေကို မသိကြပါဘူး။

https://youtu.be/tb9T3Ow8e8c
#မြန်မာ #ဧရာဝတီ #သံလွင်မြစ် #အဆိပ်သင့် #မိုလိုချောင်း #မော်ချီးသတ္တုတွင်း #IEC #CMU #Environment #ClimateDesk #WhathappensInMyanmar
👎33👍5
စစ်ဗိုလ်ချုပ်များ၊ တရုတ်နှင့် ခရိုနီများကြားက နမ္မတူရေကာတာ စီမံကိန်း (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

နိုင်ငံတဝန်း စစ်မီးတွေတောက်လောင်ပြီး မတည်မငြိမ်ဖြစ်နေပေမယ့် စစ်ခေါင်းဆောင်တွေကတော့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဖော်ဆောင်နေပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒုဋ္ဌဝတီမြစ်ပေါ်က နမ္မတူရေကာတာစီမံကိန်းဟာ တရုတ်ရဲ့ မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်းအတွက် လိုအပ်တဲ့ စွမ်းအင်ပေးဖို့ ရည်ရွယ်ထားတာပါ။ ဒီစီမံကိန်းကို စစ်ခေါင်းဆောင်ကိုယ်တိုင်က အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဖိအားပေး တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာတော့ စစ်ခေါင်းဆောင်တွေအပြင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ဆက်နွယ်နေတဲ့ NCEH ကုမ္ပဏီလို ခရိုနီလုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေပါတယ်။ လက်ရှိမှာ ရေကာတာတည်ဆောက်ရေးကို အကြောင်းပြပြီး ဒေသတွင်းမှာ ရွှေနဲ့ သတ္တုတွေကို တရားမဝင် တူးဖော်မှုတွေ ပိုမိုများပြားလာနေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကြား အကျိုးစီးပွားဆက်စပ်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ကန့်ကွက်ဖို့တောင် လုံခြုံမှုမရှိဘဲ ဖိနှိပ်ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

နမ္မတူရေကာတာကြောင့် သီပေါနဲ့ ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၁ ရွာထက်မနည်း ရေနစ်မြုပ်ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဒေသခံတွေအတွက် လျော်ကြေးနဲ့ နေရပ်ပြောင်းရွှေ့ရေးကတော့ တိကျတဲ့ အာမခံချက် တစုံတစ်ရာ မရှိသေးပါဘူး။

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် နှုတ်ထွက်သွားကြပေမယ့်၊ စစ်ဗိုလ်ချုပ်တွေနဲ့ တရုတ်နိုင်ငံကတော့ ဒေသခံတွေရဲ့ဘဝနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လျစ်လျူရှုပြီး ၎င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ အတင်းအဓမ္မ ဆက်လက်ဖော်ဆောင်နေကြပါတယ်။

https://youtu.be/7W-ER_eo3rA
#မြန်မာ #ဧရာဝတီ #နမ္မတူရေကာတာ #ရှမ်းပြည်နယ် #တရုတ် #BRI #Environment #WhathappensInMyanmar
👎45👍3❤1
မြန်မာ့ရေနံတူးဖို့ တရုတ်စိတ်ဝင်စားနေ (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆

စစ်အစိုးရကတော့ အခုလို တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး စွမ်းအင်စီမံကိန်းတွေကို အရှိန်မြှင့်လုပ်ဆောင်တာဟာ ပြည်တွင်းက လျှပ်စစ်မီးပြတ်တောက်မှုတွေကို ဖြေရှင်းဖို့လို့ ဆိုနေပေမဲ့ လက်တွေ့မှာတော့ ဒီစီမံကိန်းတွေကထွက်လာမယ့် စွမ်းအင်အများစုဟာ တရုတ်နိုင်ငံကို ပြန်လည်တင်ပို့ဖို့နဲ့ တရုတ်ရဲ့ ရထားလမ်းစီမံကိန်းတွေမှာ သုံးစွဲဖို့သာ ဦးတည်နေတာကို တွေ့ရတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာနေသူတွေကထောက်ပြပါတယ်။

ဒါကြောင့် အခုလို စီမံကိန်းသစ်တွေ ထပ်မံတိုးချဲ့ဖို့ ကြိုးပမ်းနေတာဟာ ပြည်သူတွေအတွက် လျှပ်စစ်မီးရရှိရေးထက် စစ်အစိုးရရဲ့ ရပ်တည်ရေးနဲ့ တရုတ်ရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ ရှိပြီးသား အရင်းအမြစ်တွေကိုသာ စနစ်တကျ ပြည်တွင်းအတွက် သုံးစွဲမယ်ဆိုရင် လျှပ်စစ်ဓာတ်အားက လုံလောက်တာထက်တောင် ပိုနေတယ်လို့ ထောက်ပြထားကြပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ စီမံကိန်းတွေရှိရာ ဒေသခံပြည်သူတွေဟာ အမှောင်ထဲမှာ နေနေရဆဲဖြစ်ပြီး အကြီးစား ရေကာတာစီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့သာ ရင်ဆိုင်နေရတာပါ။

ဒါကြောင့် အခုလို စွမ်းအင်ကဏ္ဍကို အရှိန်မြှင့်ဖို့ ကြိုးပမ်းမှုတွေဟာ ပြည်သူ့အကျိုးကို အမှန်တကယ် ရှေးရှုတာမျိုး မဟုတ်ဘဲ နိုင်ငံခြားကို စွမ်းအင်ထုတ်ရောင်းဖို့သာ ဖြစ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အပါအဝင် စောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

https://youtu.be/UUUpUZxxZOc
#မြန်မာ #ဧရာဝတီ #သဘာဝပတ်ဝန်းကျင် #Environment #Oil #ရေနံ #တရုတ် #What'sHappensInMyanmar
👎68❤5👍5😱1
ဧရာဝတီမြစ်ဆုံကို တရုတ်လက်ထဲထည့်ဖို့ ဘယ်သူတွေ ကြိုးပမ်းနေကြလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၂၅၊ ၂၀၂၅

အခုလို မြစ်ဆုံစီမံကိန်းကို အသက်သွင်းဖို့ အတင်းအဓမ္မ ကြိုးပမ်းနေတာဟာ ပြည်သူတွေအတွက် လျှပ်စစ်မီးရရှိဖို့ထက် အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအကြပ်အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့ တရုတ်လက်ထဲကို ထိုးကြွေးလိုက်ရတာဖြစ်တယ်လို့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေဟာ ဒေသခံတွေကို အကျိုးအမြတ်တွေနဲ့ မက်လုံးပေးပြီး စည်းရုံးနေပေမဲ့ လက်တွေ့မှာတော့ ဒါဟာ ဧရာဝတီမြစ်ကြီးရဲ့ အသက်သွေးကြောနဲ့ မြန်မာ့အနာဂတ်အပေါ် ဆုံးဖြတ်လိုက်တာပဲ ဖြစ်တယ်လို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။

https://youtu.be/CKEQKLtwiiY
#မြန်မာ #ဧရာဝတီ #မြစ်ဆုံစီမံကိန်း #တရုတ် #Environment #ClimateDesk #What'sHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ Link လေးကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။https://www.youtube.com/channel/UCgEI7TvwuNGVGpd1M0icWJQ/join

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
🤔19👍14❤5👎3😁2
KIA ရဲ့ မြေရှားမူဝါဒ ပွင့်လင်းမြင်သာမှုမရှိလို့ ဝေဖန်ခံနေရ (ရုပ်/သံ)

ဧရာဝတီ၊ မေ ၁၄၊ ၂၀၂၆

ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ရဲ့ မြေရှားသတ္တုတူးဖော်ရေး မူဝါဒအပေါ် ကချင်ဒေသ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေကြား ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒေသခံပြည်သူတွေအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေကတော့ မြေရှားတူးဖော်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လူထုသဘောထား ကောက်ယူတာမရှိသလို၊ စီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း အများပြည်သူ သိရှိခွင့် မရရှိဘူးဆိုပြီး ဝေဖန်နေကြတာပါ။

KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အခုလို မူဝါဒရေးဆွဲအတည်ပြုရာမှာ တော်လှန်ရေးကာလ ဖြစ်နေတဲ့အတွက် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပြီး တရုတ်နိုင်ငံက ကုမ္ပဏီတွေနဲ့ ပူးပေါင်းရေးဆွဲထားတာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

https://youtu.be/2f7TbgYuV8c
#မြန်မာ #ဧရာဝတီ #မြေရှားသတ္တု #သဘာဝပတ်ဝန်းကျင် #Environment #What'sHappensInMyanmar
👍33❤8😁7😱1
အထပ်မြင့်အဆောက်အဦတွေနဲ့ ရန်ကုန်ရဲ့ ငလျင်အန္တရာယ် (ရုပ်/သံ)

ဧရာဝတီ၊ မေ ၁၉၊ ၂၀၂၆

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့တောင်ဘက်ကို ဗဟိုပြုပြီး မေလ ၁၈ ရက်နေ့ မနက်ပိုင်းက ပြင်းအား ၅ ဒဿမ၂ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့တာကြောင့် နောက်ဆက်တွဲငလျင်တွေနဲ့ အဆောက်အဦပြိုကျမှာကို ရန်ကုန်မြို့ခံတွေအကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

အခုလှုပ်ခတ်မှုမှာ လူအထိအခိုက် မရှိခဲ့ဘူးဆိုပေမယ့်လည်း မြို့ပြမှာရှိတဲ့ အထပ်မြင့်တိုက်တွေနဲ့သက်တမ်းလွန် အဆောက်အဦတွေမှာ နေထိုင်နေရသူတွေအနေနဲ့ကတော့ ငလျင်ဒဏ်ကြောင့်တိုက်ပြိုကျပျက်စီးမယ့် အန္တရာယ်ကို စိုးရိမ်မကင်း ဖြစ်နေကြရတာလည်း ဖြစ်ပါတယ်။

သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင်လည်း ၁၉၃၀ ပြည့်နှစ်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိပဲခူးငလျင်ကြောင့် အဲဒီအချိန်က လူဦးရေ သိန်းဂဏန်းသာရှိတဲ့ ရန်ကုန်မြို့မှာ လူ ၅၀ ကျော်သေဆုံးခဲ့ဖူးပါတယ်။

အခုအခါမှာတော့ လူဦးရေ ၇ သန်းကျော်အထိ တိုးပွားလာနေတာကြောင့် ဒီလိုပြင်းအားမြင့် ငလျင်မျိုးနောက်တကြိမ်သာ လှုပ်ခတ်လာမယ်ဆိုရင် အရင်ကထက် အန္တရာယ် ပိုမိုကြီးမားလာနိုင်တယ်လို့ ဘူမိဗေဒပါမောက္ခ ဒေါက်တာမျိုးသန့်က သုံးသပ် သတိပေးထားပါတယ်။

https://youtu.be/4YrkxxC97tM

#မြန်မာ #ဧရာဝတီ #ရန်ကုန် #ငလျင် #Environment #What'sHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍38❤5😱3
အင်းလေးမှာ ၁၀ နှစ်ကြာ သောင်တင်နေတဲ့ သိန်းတသောင်းတန် နုန်းစုပ်စက်ကြီး (ရုပ်/သံ)

ဧရာဝတီ၊ မေ ၂၆၊ ၂၀၂၆

အင်းလေးကန်ထဲမှာ ကျပ်သိန်းပေါင်း တသောင်းတန်ဖိုးရှိတဲ့ နုန်းစုပ်စက်ကြီး တလုံးဟာ ဆယ်စုနှစ်တခုကြာတဲ့အထိ တစက်မှ အသုံးမပြုရဘဲ ဒီအတိုင်း အလဟဿဖြစ်နေပါတယ်။

ဒီစက်ကို ဦးသိန်းစိန် စစ်တပိုင်းအစိုးရလက်ထက်က UMG Myanmar ကုမ္ပဏီဆီကနေ ဝယ်ယူဖို့ ခွင့်ပြုချက်ရခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ အင်းလေးကန် နန်းသဲကျေးရွာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အစိုးရအဆက်ဆက် ပြောင်းလဲသွားချိန်အထိ ၁၀ နှစ်ကျော်အတွင်း တကြိမ်တခါမှ မသုံးရသေးဘဲ ဒီအတိုင်း ရပ်ထားရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ် ရေကြီးမှုတွေကြောင့် နုန်းတွေဟာ အရင်ကထက် ပိုမိုများပြားလာပြီး ကန်ရဲ့ သက်တမ်းကို ခြိမ်းခြောက်လာနေပါတယ်။ ဒီအတွက်ကြောင့် တန်ဖိုးကြီးပေးဝယ်ထားပြီး အသုံးမပြုဘဲ ပစ်ထားတဲ့ နုန်းစုပ်စက်ကြီးကို ကြည့်ပြီး ဒေသခံတွေက နှမြောတသဖြစ်နေရသလို၊ ကန်အတွင်းက နုန်းမြေတွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

အင်းလေးရေကန်ကြီး နုန်းမြေတွေ ပိတ်ဆို့ပြီး တိမ်ကောပျောက်ကွယ်သွားမယ်ဆိုရင်၊ အင်းသူ၊ အင်းသားဒေသခံတွေအတွက်တင်မကဘဲ တနိုင်ငံလုံးအတွက်ပါ အစားထိုးမရနိုင်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်လို့ ဆိုကြပါတယ်။

https://youtu.be/gdxOxsKQVWE
#မြန်မာ #ဧရာဝတီ #အင်းလေး #သဘာဝပတ်ဝန်းကျင် #နုန်းစုပ်စက် #Environment #What'sHappensInMyanmar
👍38❤7🤔3
ကချင် ပြည်နယ်ထဲမှာ အရေပြားရောဂါဖြစ်ပွားနေ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၁၁၊ ၂၀၂၆

ကချင် ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ထူထပ်နေတဲ့ ချီဖွေနဲ့ ပန်ဝါမြို့နယ်တွေမှာ ဒေသခံပြည်သူတွေ အရေပြားရောဂါတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဧရာဝတီကို အတည်ပြု ပြောဆိုကြပါတယ်။

ချီဖွေမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတဦးကတော့ ၂၀၂၆ ခုနှစ်၊ နှစ်စကတည်းက သူတို့ တမိသားစုလုံးအပြင် သူ့ပတ်ဝန်းကျင်မှာပါ အခုလိုမျိုး အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

အခုလို အရေပြားရောဂါတွေ ဖြစ်ပွားနေတာဟာ ချီဖွေမြို့မှာတင်မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပန်ဝါမြို့အနီးက ကျေးရွာတွေမှာလည်း ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလိုမျိုး ဒေသခံတွေမှာ ခံစားနေရတဲ့ ယားနာနဲ့ အရေပြားရောဂါတွေဟာ မြေရှားသတ္တု တူးဖော်တာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

https://youtu.be/KW-l0Ci_OGE

#မြန်မာ #ဧရာဝတီ #မြေရှားသတ္တု #ချီဖွေ #ပန်ဝါ #Environment #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😭30👍4❤3😱1
သဖန်းဆိပ်ဆည်အထက်က ချိုင့်ခွက်တွေ (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၁၂၊ ၂၀၂၆

စစ်ကိုင်းတိုင်းက အကြီးဆုံး သဖန်းဆိပ်ရေကာတာကြီးရဲ့ အထက်ပိုင်းမှာ ဂြိုဟ်တုဓာတ်ပုံတွေကနေတဆင့် အလွယ်တကူ မြင်တွေ့နိုင်တဲ့ ချိုင့်ခွက်ကြီးတွေဟာ စိုးရိမ်စရာ မြေပြင်အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။

ဒီချိုင့်ခွက်တွေဟာ တကယ့်မြေပြင်မှာတော့ မြေသားနံရံတွေကို ဖြိုချပြီး ရွှေတူးဖော်နေကြတဲ့ လုပ်ကွက်တွေဖြစ်ပြီး၊ မူးမြစ်အထက်ပိုင်း ပင်လယ်ဘူးကနေ ဆည်အတွင်း စီးဝင်တဲ့နေရာအထိ မြစ်ဘေးတလျှောက်နဲ့ လယ်ကွင်းတွေမှာ ရွှေလုပ်ကွက်တွေ အများအပြား ပြည့်နှက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို စနစ်တကျမဟုတ်ဘဲ ရွှေတူးဖော်မှုတွေကြောင့် ထွက်လာတဲ့ မြေစာနဲ့ အနည်အနှစ်တွေဟာ အောက်ဘက်မှာရှိတဲ့ သဖန်းဆိပ်ရေကာတာအတွင်း စီးဝင်ပြီး အနည်ထိုင်လာတာကြောင့်၊ ဆည်ရဲ့ ရေသိုလှောင်နိုင်မှု ပမာဏအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနေပါတယ်။

https://youtu.be/7NdkRiEmnoM
#မြန်မာ #ဧရာဝတီ #ရေကာတာ #စစ်ကိုင်း #သဖန်းဆိပ် #Environment #WhatsHappensInMyanmar
👍28😭11❤6😱4
အညာကိုကူမယ့် ပရဟိတသမားတွေကို ပေါက်ကိုယ်တော်ခြိမ်းခြောက် (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စံချိန်တင် ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ရေဘေးသင့်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေကြတယ်လို မြေပြင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသားရေးဆရာတော်လို့ လူသိများတဲ့ ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က အညာဒေသ ရေဘေးသင့်ပြည်သူတွေကို ကူညီကြဖို့ ဩဂုတ်လ ၄ ရက်နေ့မှာ သူ့ရဲ့ တယ်လီဂရမ်ကတဆင့် တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အညာဒေသကို သွားရောက်ကူညီမယ့် ပရဟိတအဖွဲ့တွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သွားရောက်ကူညီလိုတဲ့ အဖွဲ့တွေအနေနဲ့ စိုးရိမ်နေကြတာဖြစ်ပါတယ်။

စစ်ဘေးနဲ့ ရေဘေးကို တပြိုင်နက်တည်း ကြုံတွေ့နေရတဲ့အတွက် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့အတူ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လူအား၊ ငွေအား အပူတပြင်း လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေတာပါ။ ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာ သွားရောက်ကူညီလိုတဲ့ ပရဟိတအဖွဲ့တွေဟာ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးဆရာတော် ရဲ့ ခြိမ်းခြောက်မှုကို  ကြုံတွေ့နေရတာဖြစ်ပါတယ်။

https://youtu.be/R5q4Tqf3320

#မြန်မာ #ဧရာဝတီ #ပေါက်ကိုယ်တော် #စစ်ကိုင်း #ရေကြီး #Environment #WhatsHapensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👎34😁10❤4
ထားဝယ်ဒေသ ရေကြီးမြေပြိုမှုဘေး အခြေအနေဆိုးရွားနေ

ဧရာဝတီ၊ စက်တင်ဘာ ၂၈၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ စက်တင်ဘာ ၂၆ ရက် ညပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တွေမှာ တောင်ပြို၊ မြေပြိုမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။

ဒီသဘာဝဘေးဒဏ်ကြောင့် ကျေးရွာပေါင်း ၆၀ ဝန်းကျင်လောက် ဘေးဒုက္ခကြုံတွေ့နေရပြီး၊ လောင်းလုံးတောင်ခြေက ကျေးရွာတချို့ဆိုရင် မြေစာဖုံးလွှမ်းခံထားရပါတယ်။ ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ရဲ့ ထုတ်ပြန်ချက်အရ ဒေသခံ ၁၃ ဦး သေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဆိုသလို၊ ဧရာဝတီရဲ့ သီးခြားစုံစမ်းချက်အရ သေဆုံးသူ ၁၈ ဦးအထိ ရှိလာနေကာ အများစုဟာ တောင်ပြိုကျမှုအောက် နစ်မြုပ်ပြီး အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင်အတွင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေ အလွန်နည်းပါးနေသလို စစ်အစိုးရဘက်ကလည်း လက်ရှိအချိန်အထိ ဘာတခုမှ လာရောက်ကူညီတာ မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ဘေးသင့်ကျေးရွာ အများစုမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေသလို၊ နေ့စဉ် အသက်ရှင်ရပ်တည်ရေး အတွက် အခြေခံ စားနပ်ရိက္ခာပိုင်းမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

https://youtu.be/7VTobU8h4ss

#မြန်မာ #ဧရာဝတီ #သဘာဝဘေး #Environment #ClimateDesk #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😭55❤3👎3👍2🤔1
ရွာတဝက်နီးပါး မြေပြိုမှုအောက်ရောက်ခဲ့တဲ့ လောင်းလုံးကျေးရွာများ

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် တောင်ပြိုကျမှုတွေမှာ တောင်ခြေက ကျေးရွာတချို့ ဟာ ရွာတဝက်နီးပါး မြေအောက်ရောက်သွားခဲ့ကြရပါတယ်။

စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေက ဖြစ်ပွားခဲ့တဲ့ ဒီမြေပြိုမှုကြောင့် သဗျာ၊ ကဒက်ငယ်ထိန်၊ ကရင်ကြီးနဲ့ တောကျဲကျေးရွာတွေမှာ ရွာတဝက်နီးပါး မြေကြီးပိသွားပြီး နေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံး ခဲ့ရတယ်လို့ ဒေသတွင်း လူမှုကူညီရေး ပေးနေသူတွေဆီကနေ သိရှိရပါတယ်။

ဒီမြေပြိုမှုကြောင့် ကဒက်ငယ်ထိန်ကျေးရွာမှာ လူ ၁၁ ဦးအထိ သေဆုံးမှု အများဆုံးဖြစ်ခဲ့သလို သဗျာ၊ တောကျဲ၊ မင်းရပ်၊ ညောပြင်၊ ကဒက်ကြီး၊ ဇလွတ်နဲ့ ကျောက်နီမော်ကျေးရွာတွေမှာလည်း ၁၆ ဦး သေဆုံးခဲ့တာကြောင့်စုစုပေါင်း သေဆုံးသူ ၂၇ ဦးအထိ ရှိလာပြီလို့ လောင်းလုံး ပအဖ နဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်တို့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် ကဒက်ငယ်ဆိပ်၊ ကရင်ကြီးနဲ့ တီဇစ်ကျေးရွာတွေမှာတော့ လူသေဆုံးမှု မရှိပေမဲ့ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

https://youtu.be/YZiEm7twD30
#မြန်မာ #ဧရာဝတီ #လောင်းလုံး #မြေပြို #Environment #ClimateDesk #WhatsHappensInMyanmar
😭60❤7👎4👍2
မီး  ဖြတ်ခံရတဲ့ ပြည်သူတွေ စူပါအယ်နီညိုကို ဘယ်လိုရင်ဆိုင်မလဲ

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

မြန်မာနိုင်ငံမှာ စူပါအယ်လ်နီညိုကြောင့် အပူချိန်တွေ စတင်မြင့်တက်နေချိန်မှာပဲ အာဏာသိမ်းစစ်အစိုးရဘက်ကတော့ ဒါကို အကြောင်းပြပြီး လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ ဖြတ်တောက်ပေးဝေဖို့ ညွှန်ကြား လာပါတယ်။

ပုံမှန်အားဖြင့် မိုးကုန်ပြီး ဆောင်းရာသီကို ကူးပြောင်းရမယ့်အချိန်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စူပါအယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် အပူဒဏ်ကို ရင်ဆိုင်နေကြရတာပါ။

မူလကတည်းက မီးပုံမှန်မရတဲ့အထဲ အခုနောက်ပိုင်း မီးပျက်ချိန်တွေ ပိုများလာသလို၊ မီးလာရမယ့်အချိန်မှာတောင် အပြည့်အဝ မရတော့တာကြောင့် နေ့စဉ် စားဝတ်နေရေး အခက်အခဲတွေကြားကနေ အပူဒဏ်ကိုပါ ခံစားနေရတယ်လို့ မြို့ပြမှာနေထိုင်သူတွေက ဧရာဝတီကို ပြောကြပါတယ်။

https://youtu.be/1dNCXaRFZKo
#မြန်မာ #ဧရာဝတီ #အယ်လ်နီညို #မီး #Environment #WhatsHappensInMyanmar
👍30😭5❤3👎1😁1
မြေရှားသတ္တုတွင်းမှာ မြန်မာအမျိုးသမီးတွေကြုံနေတဲ့ မမြင်ရတဲ့အန္တရာယ်

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

ကချင်ပြည်နယ်၊ ပန်ဝါဒေသက မြေရှားသတ္တုလုပ်ကွက်တွေမှာ စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ တရုတ်အမျိုးသားတွေရဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေကြောင့် HIV အပါအဝင် ကူးစက်ရောဂါအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။

ချီဖွေခရိုင်အတွင်း ၂၀၂၆ ခုနှစ် ဇူလိုင်လကနေ အောက်တိုဘာလအထိ လေးလအတွင်း HIV ပိုးရှိသူ ၇၀ ကနေ ၈၀ ဝန်းကျင်အထိ စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီထဲမှာ မြေရှားသတ္တုလုပ်ကွက်က အလုပ်သမားတွေလည်း ပါဝင်နေတယ်လို့ ဒေသခံကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

စစ်ဘေးနဲ့ စားဝတ်နေရေးအကျပ်အတည်းတွေကြောင့် ကျန်းမာရေးအန္တရာယ်ကို သိလျက်နဲ့ ရွေးချယ်စရာမရှိတဲ့ မြန်မာအမျိုးသမီးတွေဟာ တန်ဖိုးကြီးမြေရှားသတ္တုစီးပွားရေးရဲ့ နောက်ကွယ်မှာ အမြတ်ထုတ်ခံနေရပြီး လုပ်ငန်းရှင်တွေနဲ့ ဒေသအုပ်ချုပ်သူတွေဘက်ကလည်း ထိရောက်တဲ့ ကျန်းမာရေးကာကွယ်မှုတွေ မရှိသေးပါဘူး။

https://youtu.be/Xd9mL6I267E

#မြန်မာ #ဧရာဝတီ #မြေရှားသတ္တု #HIV #China #တရုတ် #RareEarth #Environment #WhatsHappensInMyanmar
👍27😱15👎7❤2😁2