The Irrawaddy - Burmese
✔
75.4K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍14👎2😁1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၇,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၅,၀၀၀ ကျပ်
ပြင်ပလက်ကား ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊
လက်လီ သတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၅၄၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၅၉၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၅၁၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၈၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၈၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၉၁၂
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၀၀၅,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
👍28❤2👎2😁2
😁21🤔5😭3
ဒေါ်လာနှင့် ဘတ်ဈေး တက် ကျပ်ငွေတန်ဖိုး ထပ် ကျ

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက အမေရိကန်တဒေါ်လာလျှင် ၄,၇၀၀ ကျပ်ကျော်သာ ရှိခဲ့ရာမှ ယနေ့ တဒေါ်လာ ၄,၈၀၀ နီးပါးမြင့်တက်လာသလို ဘတ်ဈေးမှာလည်း မြန်မာကျပ်ငွေ တသိန်းလျှင် ယခင်ထိုင်းဘတ် ၇၀၀ ကျော်မှ ၆၉၀ သာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်မြို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူ တဦးက "ရွှေဈေးကျနေတာကြောင့်လို့ အကြမ်းဖျင်းမှတ်ရပေမယ့် ဆိုလာလိုင်စင်တွေ ချပေးတာကြောင့်လည်း ပါနိုင်တယ်"ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် အာဏာသိမ်းအစိုးရက ဗဟိုဘဏ်ထံမှ ကျပ် ၂,၁၀၀ ဘီလီယံ ချေးယူရန် စီစဉ်နေမှု၊ ဘတ်ဂျက်လိုငွေမြင့်မားနေမှု၊ ပြည်တွင်းစီးပွားရေးကျဆင်းမှု ကမ္ဘာ့လုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို အန္တရာယ်ရှိသော နိုင်ငံများစာရင်းတွင် ဆက်လက်ထားရှိမှုစသော အချက်များကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေဈေးနှုန်းများ မြင့်တက်လာစေခြင်းဖြစ်ကြောင်း ဒေါ်လာရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

အလားတူ တရုတ်ယွမ်လဲလှယ်နှုန်းမှာ အောက်တိုဘာလကုန်ပိုင်းက တယွမ်လျှင် ၇၁၀ ကျပ်ကျော်ရှိရာမှ ယနေ့ ၇၂၀ ကျပ်ကျော်အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိဗဟိုဘဏ်က သတ်မှတ်ထားသည့် တဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ အွန်လိုင်းထရိတ်ဒင်းဈေးမှာ ၃,၆၆၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်နှင့်နှိုင်းယှဉ်ပါက တဒေါ်လာ ၁,၀၀၀ ကျော်ထိ သိသိသာသာ ကွာဟနေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်အတွင်း အမေရိကန်တဒေါ်လာလျှင် ကျပ် ၄,၈၀၀ ကျော်အထိ မြင့်တက်လာချိန်၌ ရန်ကုန်မြို့ ငွေကြေးဈေးကွက်အတွင်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အချို့အား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဝင်ရောက်ဖမ်းဆီးခဲ့သောကြောင့် အရောင်း/အဝယ်ကို သတိထား၍ လုပ်နေရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
😱21👍10❤8😁3😭1
လာဇာရို ဘယ်အရာများ ရရှိခဲ့သနည်း။

ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး လူပေါင်း ရာနှင့်ချီ၍ အိုးအိမ်စွန့်ခွာနေရကာ ပြည်တွင်းအိုးအိမ်စွန့်ခွာရသူ သန်းပေါင်းများစွာသည် နိုင်ငံတကာအကူအညီများ မရောက်ရှိနိုင်ဘဲ ဖြစ်နေသည့် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီနိုင်ရေးအတွက် မည်သည့် သိသာထင်ရှားသော တိုးတက်မှုကိုမျှ မရရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပါ။ သက်ဆိုင်သူအားလုံးနှင့် စစ်မှန်သော ထိတွေ့ဆက်ဆံမှု မရှိခဲ့ပါ။ အရပ်သားများအား ဗုံးကြဲတိုက်ခိုက်မှု ရပ်တန့်ရန် စစ်အုပ်စု၏ ကတိကဝတ် မရှိခဲ့ပါ။

ထို့အစား စစ်အုပ်စုက ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ "မူလအခန်းကဏ္ဍနှင့် ရပိုင်ခွင့်များ" ပြန်လည်ရရှိရေးအတွက် လာဇာရိုနှင့် ဆွေးနွေးခဲ့သည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/11/03/417413.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁26👍6❤1😭1
Media is too big
VIEW IN TELEGRAM
ဥရောပ ၇ နိုင်ငံမှာ ဈေးဆိုင်ရေခဲသေတ္တာများ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရ

နိုဝင်ဘာ ၃၊ ၂၀၂၆

ပြင်သစ်နိုင်ငံတလွှားမှာရှိတဲ့ စူပါမားကတ်ပေါင်း ၇၀၀ နီးပါးရဲ့ရေခဲသေတ္တာတွေနဲ့ အအေးခန်းစနစ်တွေ ဆိုင်ဘာတိုက်ခိုက်ခံခဲ့ရပြီး ၃ ပတ်အကြာမှာပဲ ဥရောပနိုင်ငံအများအပြားက စူပါမားကတ်တွေမှာလည်း အလားတူ ဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

#မြန်မာ #ဧရာဝတီ #europe #supermarket #cyberattack
😱26👎6❤1😁1
❤35👍15😁1
မီဇိုရမ် ယာဉ်အသင်း နှင့် AA တို့ ကုန်သွယ်ရေး လက်မှတ်ရေးထိုး


ဧရာဝတီ ၊ နိုဝင်ဘာ ၃ ၊ ၂၀၂၆


ရခိုင်တပြည်နယ်လုံးနီးပါး ထိန်းချုပ်ထားနိုင်သော အာရက္ခတပ်တော် (AA)နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း (MCVOA)တို့ကြား နယ်စပ်တလျောက် နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု The Times of India က ဖော်ပြသည်။


မီဇိုရမ်ပြည်နယ် တောင်ပိုင်း၊ စိုင်ဟာ (Siaha) ခရိုင် ရုံးစိုက်ရာ စိုင်ဟာမြို့ရှိ စာနယ်ဇင်းကလပ် ခန်းမ၌ အောက်တိုဘာလ ၂၉ ရက်တွင် ကျင်းပခဲ့သည့် ပူးတွဲအစည်းအဝေးအတွင်း နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသနေ ပြည်သူများအတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို တရားဝင်စနစ်တကျ ဖြစ်စေရန်နှင့် ထိန်းကျောင်းကွပ်ကဲနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။


သယ်ယူပို့ဆောင်ရေး ခရီးစရိတ်ကို စိတ်ကြိုက် ဈေးနှုန်းသတ်မှတ်ခြင်းနှင့် စီးပွားရေးအရ ခေါင်းပုံဖြတ်ခြင်းများ ကာကွယ်ရန် လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် စက်လှေများအတွက် စံနှုန်းတခုဖြင့် သင့်လျော်သော ငှားရမ်းခ နှုန်းထားများ သတ်မှတ် ကျင့်သုံးရန် သဘောတူညီခဲ့ကြသည်။


အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တွင် တည်ရှိသည့် ရာလီရွာ နှင့် လောင်ပူမြစ် နယ်စပ်မှတ်တိုင်တလျောက် အိန္ဒိယဘက်ခြမ်းတွင် တည်ရှိသည့် ဆာလာချူးရွာ ကုန်စည်သယ်ယူပို့ဆောင်မှုများအတွက် အထူးသက်ရောက်မှု ရှိနိုင်ပြီး ကုန်စည်ပို့ဆောင်မှု ပိုမိုချောမွေ့စေရန်နှင့် နယ်စပ်စစ်ဆေးရေးဂိတ်များ၌ အချိန်ကြာမြင့်မှုလျှော့ချရန် နှစ်ဖက် ဂိတ်များကို နေ့စဉ် ည ၈:၀၀ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် အိန္ဒိယယာဉ်ပိုင်ရှင်များနှင့် မြန်မာဘက်မှ တာဝန်ရှိသူများအကြား လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုများ၊ လုံခြုံရေးဆိုင်ရာ ဖြစ်စဉ်များ သို့မဟုတ် ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကို အဖွဲ့အစည်းအလိုက် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်။


AA က ချင်းပြည်နယ် ပလက်ဝမြို့ကို တိုက်ခိုက်သိမ်းပိုက်ကာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ မြင့်တက်လာပြီးနောက် စစ်တပ်သည် အဓိက ကုန်စည်ထောက်ပံ့ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ခဲ့သောကြောင့် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ပြည်သူသန်းပေါင်းများစွာအတွက် မရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များ၊ ဆေးဝါးများနှင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများအတွက် မီဇိုရမ်ပြည်နယ်၏ တောင်ဘက် နယ်စပ်လမ်းကြောင်းများကိုသာ မှီခိုခဲ့ရသည်။


သို့သော် ယင်းကုန်သွယ်မှုသည် စနစ်တကျ ထိန်းကျောင်းမှု မရှိသည့်အတွက် ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားစေခဲ့ကာ ပြီးခဲ့သော စက်တင်ဘာလလယ်တွင် Khaikhyနယ်စပ်ဂိတ်၌ မြန်မာကုန်သည်များနှင့် ဒေသခံ မရာလူငယ်အသင်း (Mara Thyutlia Py - MTP) တို့အကြား အငြင်းပွားမှုဖြစ်ပွားခဲ့ရာ ကုန်သွယ်မှု တပတ်ကျော်ကြာ ရပ်ဆိုင်းသွားခဲ့၍ ULA/AA က ဝင်ရောက်ဖြေရှင်းပေးခဲ့ရသည်။


ယခု လက်မှတ်ရေးထိုးလိုက်သော MoU သည် လုပ်ငန်းဆောင်ရွက်မှု စည်းမျဉ်းများကို တရားဝင် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ပြီး ဒေသတွင်း အငြင်းပွားမှုများကြောင့် ကုန်စည်ထောက်ပံ့ရေး ကွင်းဆက် ရပ်တန့်မသွားဘဲ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို စိတ်ချယုံကြည်စွာ ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ဖော်ပြထားသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
❤48👍21😁4
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

မြန်မာမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု တိုးလာ

ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကို မြေရှားတင်ပို့မှု ဆက်လက်မြင့်တက်နေတဲ့ အကြောင်းနဲ့ မင်းအောင်လှိုင်အစိုးရက တရုတ်ကို လယ်ယာထုတ်ကုန်တွေ တိုးမြှင့်တင်ပို့ဖို့ ကြိုးစားနေတဲ့ အကြောင်းအပါအဝင် တရုတ်-မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/ZJbI7REWN4Q

#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #မြေရှား #စီးပွားရေး

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍19👎11❤2😁2🤔1
ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေအတွက် မစတေးစေချင်တော့ဘူး

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ရင် နိုင်ငံရေး ဆက်မလုပ်စေချင်တော့ဘဲ မိသားစုနဲ့ အေးအေးချမ်းချမ်း အနားယူစေချင်တယ်လို့ အဆိုတော်ချမ်းချမ်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ Myanmar Hindu Union က ကြီးမှူးကျင်းပတဲ့ ၆ ကြိမ်မြောက် ရန်ပုံငွေရှာဖွေပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီရန်ပုံငွေပွဲကို နာမည်ကျော် အဆိုတော် ချမ်းချမ်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကလည်း လူကိုယ်တိုင် တက်ရောက်ပြီး သီဆိုတီးခတ် ဖျော်ဖြေပေးခဲ့ကြပါတယ်။

https://youtu.be/CwDR9rdr4R0
#ဒေါ်အောင်ဆန်းစုကြည် #ကိုထိန်လင်း #ချမ်းချမ်း #မြန်မာ #ဧရာဝတီ #လန်ဒန် #WhatsHappensInMyanmar
👍44❤14😁5
😁38
ကန်ဒေါ်လာ ၆.၃ ဘီလီယံတန် Binance ဖောက်ထွင်းမှု သူတို့လက်ချက်မဟုတ်ဟု မြောက်ကိုရီးယား ငြင်း


ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆။


မြောက်ကိုရီးယားသည် ခရစ်ပတိုငွေကြေး လဲလှယ်ရေးလုပ်ငန်း Binance ထံမှ စံချိန်တင် ကန်ဒေါ်လာ ၆.၃ ဘီလီယံ ဟက်ခ်ခံရမှု နောက်ကွယ်တွင် ၎င်းတို့ရှိနေသည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး အဆိုပါ စွပ်စွဲချက်များသည် "အဓိပ္ပာယ်မရှိ စကားများ" ဟု ခေါ်ဆိုခဲ့သည်။


မြောက်ကိုရီးယား၏ ထိပ်တန်းအရာရှိတဦးဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က အင်္ဂါနေ့တွင် အဆိုပါစွပ်စွဲချက်များသည် ပြုံယမ်း၏ အများပြည်သူဆိုင်ရာ ပုံရိပ်ကို ထိခိုက်စေရန် အမေရိကန်၏ နောက်ထပ် "မသမာသော ကြိုးပမ်းမှု" တခုဖြစ်ကြောင်း ပြောကြားခဲ့သည်။


အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ အထူးရဲအဖွဲ့ (Secret Service) နှင့် ဆိုက်ဘာလေ့လာဆန်းစစ်သူများက သမိုင်းတွင် အကြီးမားဆုံးဟု တင်စားခံရသော အဆိုပါဟက်ခ်ခံရမှုကို မြောက်ကိုရီးယားက ကြိုးကိုင်ခြယ်လှယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။


ဒဏ်ခတ်ပိတ်ဆို့ခံထားရသော စီးပွားရေးကို ထောက်ပံ့ရန် ဆိုက်ဘာရာဇဝတ်မှုများအပေါ် မှီခိုနေရသည်ဟု စွပ်စွဲခံထားရသော မြောက်ကိုရီးယားနှင့် ဆက်နွယ်နေသည့် နောက်ဆုံးပေါ် အမှုဖြစ်စဉ်လည်း ဖြစ်သည်။


ဘလောက်ချိန်း လေ့လာဆန်းစစ်သူများနှင့် FBI က အဆိုပါဖောက်ထွင်းမှုကို နိုင်ငံတော်က နောက်ကွယ်မှ ပံ့ပိုးပေးထားသည့် TraderTraitor ဟက်ကာအဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။


FBI သည် အဆိုပါအဖွဲ့နှင့် ဆက်နွယ်နေသည့် ခရစ်ပတိုငွေကြေး အကောင့်များပါဝင်သော ငွေကြေးလုပ်ဆောင်မှုများကို တားဆီးရာတွင် ကူညီပေးရန် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူများကို တောင်းဆိုထားသည်။


"အမေရိကန်ဟာ ဒါကို မြောက်ကိုရီးယားနဲ့ ထပ်မံဆက်စပ်ပြီး ရိုးအီနေတဲ့ ယိုးစွပ်မှုတခုကို ပြုလုပ်ခဲ့တယ်" ဟု မြောက်ကိုရီးယား အထွေထွေရေးရာဌာန၏ ညွှန်ကြားရေးမှူး ကင်ယိုဂျောင်က ထုတ်ပြန်ချက်တခုတွင် ပြောကြားခဲ့သည်။


"ကမ္ဘာ့နေရာအသီးသီးက ဆိုက်ဘာရာဇဝတ်မှုတွေအားလုံးဟာ ငါတို့ရဲ့ လုပ်ရပ်တွေလိုမျိုး အမေရိကန်က နိုင်ငံတကာ အများပြည်သူသဘောထားကို လမ်းလွဲအောင် လုပ်ဆောင်တာဟာ မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ နိုင်ငံရေးဆိုင်ရာ ရန်စမှုတခု ဖြစ်တယ်" ဟု သူမက ပြောခဲ့သည်။


သို့သော် ပြုံယမ်းသည် မကြာမီနှစ်များအတွင်းက ဖြစ်ပွားခဲ့သော ကြီးမားသည့် ဆိုက်ဘာတိုက်ခိုက်မှု အမြောက်အမြားအတွက် စွပ်စွဲခံခဲ့ရပြီး ၎င်းစွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။


Lazarus Group ဟုလည်း သိကြသည့် TraderTraitor အဖွဲ့သည် ၂၀၂၅ ခုနှစ်က ခရစ်ပတိုငွေကြေး လဲလှယ်ရေးလုပ်ငန်း Bybit ထံမှ ထိုစဉ်က စံချိန်တင် ကန်ဒေါ်လာ ၁.၅ ဘီလီယံ ဟက်ခ်ခံရမှုအတွက် အပြစ်တင်ခံခဲ့ရသည်။


ပြုံယမ်းသည် တက္ကသိုလ်များမှ အလားအလာရှိသော ကျောင်းသားများကို စုဆောင်းကာ မြောက်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ကြီးကြပ်သော ဟက်ကာအဖွဲ့များဆီ စေလွှတ်ခြင်းဖြင့် ၎င်း၏ ဆိုက်ဘာစစ်ဆင်ရေးများကို စနစ်တကျ တည်ဆောက်ထားကြောင်း S Rajaratnam School of International Studies - RSIS ကဲ့သို့သော သုတေသနအဖွဲ့များက ပြောကြားခဲ့သည်။


မြောက်ကိုရီးယားနိုင်ငံကမူ ထိုကဲ့သို့သော စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုခဲ့သည်။


ကင်ယိုဂျောင်က "ဆိုက်ဘာအတွင်းက မလိုလားအပ်တဲ့ မသမာသော လုပ်ရပ်များအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားဖို့က မြောက်ကိုရီးယား အစိုးရရဲ့ ခိုင်မာတဲ့ မူဝါဒရပ်တည်ချက် ဖြစ်တယ်" ဟု ပြောကြားခဲ့သည်။


အဆိုပါ ဟက်ခ်ခံရမှုတွင် မြောက်ကိုရီးယား ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ BBC ၏ မေးမြန်းမှုများကို Binance က တုံ့ပြန်ခြင်း မရှိခဲ့ပေ။


အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးကတည်းက ခရစ်ပတိုငွေကြေး လဲလှယ်ရေးလုပ်ငန်းကြီး Binance သည် ၎င်းတို့၏ အများပြည်သူဆိုင်ရာ ထုတ်ပြန်ချက်များတွင် ဖောက်ထွင်းခံရမှု၏ နည်းပညာဆိုင်ရာ သဘောသဘာဝနှင့် သုံးစွဲသူများကို ကာကွယ်ရန် တုံ့ပြန်ဆောင်ရွက်ချက်များအပေါ်၌သာ အဓိက အာရုံစိုက်ထားခဲ့သည်။


တနင်္ဂနွေနေ့တွင် အရောင်းအဝယ်များ ပြန်လည်စတင်ခဲ့ပြီးကတည်းက လဲလှယ်ရေးစနစ်ထဲမှ အသားတင် ကန်ဒေါ်လာ ၄.၇၂ ဘီလီယံ ပြန်ထုတ်သွားခဲ့ကြကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။


အဆိုပါ ခိုးယူခံရမှုသည် ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၅၇ ဘီလီယံခန့်ရှိ Binance ၏ စုစုပေါင်း ပိုင်ဆိုင်မှုများအနက် "နှိုင်းယှဉ်ချက်အားဖြင့် အကန့်အသတ်ရှိသော ပမာဏ" မျှသာ ဖြစ်ကြောင်း အင်္ဂါနေ့တွင် အဆိုပါပြောရေးဆိုခွင့်ရှိသူက BBC သို့ ပြောကြားခဲ့သည်။


သို့သော် ထိုကိန်းဂဏန်းသည် ဟက်ခ်ခံရမှု၏ သက်ရောက်မှု၊ နောက်ဆက်တွဲ ငွေထုတ်ယူမှုများနှင့် ဈေးကွက်ပေါက်ဈေး အပြောင်းအလဲများကို ရောင်ပြန်ဟပ်နေသည်။


"ငွေထုတ်ယူမှု ပမာဏဟာ ပုံမှန်နဲ့ မျှော်မှန်းထားတဲ့ On-chain လှုပ်ရှားမှုအဖြစ် သတ်မှတ်နိုင်တဲ့ အနေအထားအထိ တည်ငြိမ်လာနေပါတယ်" ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။


အင်ဂျင်နီယာတဦး၏ လက်ပ်တော့ပ် ဖောက်ထွင်းခံခဲ့ရပြီး ခွင့်ပြုချက်မရှိဘဲ ငွေထုတ်ယူမှုများ ပြုလုပ်နိုင်စေခဲ့ကြောင်း
😁33❤7👍4👎1
မူလစစ်ဆေးမှုများအရ သိရှိရသည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ကုမ္ပဏီက ပြောကြားခဲ့သည်။


Binance သည် ဟက်ခ်ခံရသည့် ပိုင်ဆိုင်မှုများကို ပြန်ထိန်းချုပ်နိုင်ရန် ထုတ်ဝေသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် ပင်မ ခရစ်ပတိုငွေကြေးများ အရောင်းအဝယ်ကို ပြန်လည်စတင်ခဲ့သည်။


ကုမ္ပဏီသည် အဆိုပါတိုက်ခိုက်မှုနှင့် ဆက်နွယ်သည့် ဆုံးရှုံးမှုများအားလုံးကို တာဝန်ယူဖြေရှင်းပေးမည်ဟု ထပ်လောင်းပြောကြားခဲ့ပြီး ယခုအချိန်အထိ ခိုးယူခံရသည့် ပိုင်ဆိုင်မှုများ၏ ၉၅% ခန့်ကို ကာမိအောင် ထိန်းသိမ်းဆောင်ရွက်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကိုးကား။ ။ BBC သတင်း North Korea denies being behind record $6.3bn Binance hack


ပုံစာ - မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ညီမဖြစ်သူ ကင်ယိုဂျောင်
👍21😁13❤1
👍23😁8🤔2
ထိုင်းကို KNU နှင့် မပူးပေါင်းရန် အာဏာသိမ်းအစိုးရသတိပေးမှု လုပ်ပိုင်ခွင့်မရှိ ဟု တုံ့ပြန်


ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆


ထိုင်းနိုင်ငံအနေဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဆက်ဆံမှုများ မပြုလုပ်ရန် အာဏာသိမ်းအစိုးရ သတိပေးစာပေးပို့ခဲ့ခြင်းမှာ လက်တွေ့မကျသလို လုပ်ပိုင်ခွင့်လည်းမရှိကြောင်း KNU က တုံ့ပြန်လိုက်သည်။


KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း မကြာမီက ဖွင့်လှစ်ခဲ့သည့် သော်လဲထ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပတ်သက်၍ ထိုင်း ကုန်သည်များအနေဖြင့် သဘာဝ သယံဇာတနှင့် သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်း မလုပ်ကိုင်ကြရန် အာဏာသိမ်းအစိုးရက ထိုင်းအစိုးရထံ သတိပေး ကန့်ကွက်စာ ပေးပို့ထားခြင်း ဖြစ်သည်။


KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက အဆိုပါ ဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက နှစ်ဖက် ဒေသခံများကြား စီးပွားရေးနှင့် လူမှုရေးအရ ကူးလူး ဆက်ဆံမှုများ ရှိနေသည့် ဒေသဖြစ်ရာ ထိုသို့ပြောဆိုချက်သည် လက်တွေ့ မဆန်ကြောင်း ထောက်ပြသည်။


၎င်းက “လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ဆက်ဆံမှုတွေ မလုပ်ဖို့ ဆိုတဲ့ စကားက တော်တော်ကို လက်တွေ့ မကျတဲ့အရာလို့ ပြောချင်ပါတယ်။ နောက်တချက်က သူတို့က ထိုင်းနိုင်ငံလို နိုင်ငံမျိုးကို သတိပေးရလောက်တဲ့ လုပ်ပိုင်ခွင့် မရှိသလို နိုင်ငံတကာရဲ့ ယဉ်ကျေးတဲ့ သံတမန်ဆက်ဆံရေးမှာ ဒါတွေဟာ မပြောသင့် မပြောထိုက်တဲ့ စကားတခုလို့ နားလည်ပါတယ်။ အဲဒီလို ပြောဆိုလာတာဟာ ထိုင်းနိုင်ငံတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေကို သူတို့က ဝင်ရောက် စွက်ဖက်တာလို့ပဲ နားလည်ပါတယ်” ဟု ပြောသည်။


အာဏာသိမ်းအစိုးရဘက်က အဆိုပါ သတိပေးစာပေးပို့ခဲ့ပြီး ၂ လ အကြာ သော်လဲထကုန်သွယ်ရေးစခန်းကို အောက်တိုဘာ ၃၁ ရက် ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပေါက်ကွဲမှု ပြင်းအားကြောင့် သံလွင်မြစ် တဖက်ကမ်း၊ ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဆမ်လပ်ရွာရှိ ကျေးလက် ကျန်းမာရေးဌာနနှင့် အဆောက်အအုံ တချို့ ထိခိုက် ပျက်စီးခဲ့ရသည်။


ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုသည် အာဏာသိမ်း အစိုးရ၏ ကန့်ကွက် သတိပေးချက်ကို ထိုင်းနိုင်ငံဘက်က မလိုက်လျောခြင်းကြောင့် သတိပေးတိုက်ခိုက်ခြင်းမျိုးဟု တိုက်ရိုက်မဆိုလိုသော်လည်း၊ စစ်တပ် ဆုံးရှုံးနယ်မြေများ ပြန်လည် ရရှိရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးဖိအား အမျိုးမျိုး ပေးနေသကဲ့သို့ နှစ်နိုင်ငံ ပြည်သူများကို ဒုက္ခရောက်စေသည့် တိုက်ခိုက်မှုမျိုးကို နှစ်နှင့်ချီ ပြုလုပ်နေခြင်းဟု ပဒိုစောကလယ်စေးက ဆိုသည်။


ဆက်လက်၍ ၎င်းက “လက်ရှိ အနေအထားမှာ သူတို့ လက်အောက်မှာ နိုင်ငံရေး သွားမဆွေးနွေးဘူးဆိုရင် ဒီလိုမျိုး ကြုံတွေ့ရမယ်ဆိုတဲ့ သဘောမျိုး သူတို့ ဆောင်ရွက်ချက်တွေ ထုတ်ပြန်လာတာ ရှိပါတယ်။ ဒါကြောင့်မို့ ဒါတွေဟာ ကုန်သွယ်ရေးလုပ်ငန်းနဲ့ မသက်ဆိုင်ဘဲ ပြည်သူလူထု ဒုက္ခ ရောက်အောင် ပုံစံအမျိုးမျိုးနဲ့လုပ်ဆောင်နေတာလို့ ပြောလို့ ရပါတယ်” ဟု ရှင်းပြသည်။


နယ်စပ်တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ကျည်ကျော် ပစ်ခတ်မှုများ အပါအဝင် စစ်ရေး၊ နိုင်ငံရေး ဖိအားပေးမှု များကြောင့် ထိုင်းနိုင်ငံဘက်က ပိတ်ဆို့ ကန့်သတ်မှုတချို့ ပြုလုပ်လာသဖြင့် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲတချို့နှင့် ရင်ဆိုင်နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။


ပုံစာ- ထိုင်းဘက်ခြမ်း မယ်ဆမ်လပ်လှေဆိပ်ကိုတွေ့ရစဉ်/ဧရာဝတီ


#WhatsHappeningInMyanmar
#RejectMilitaryCoup
❤36👍24😁4
• မြန်မာစစ်သံမှူးကို ထိုင်းစစ်ဦးစီးချုပ်က ခေါ်သတိပေး


• မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒမှာ မြေရှားသတ္တုရယူရေး ပါဝင်လာ


• အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ သင်နေ


• AA နဲ့ မီဇိုရမ် ကုန်သည်အသင်း နယ်စပ်ကုန်သွယ်ရေး MoU ရေးထိုး


• အရေးပေါ် ရိက္ခာ ၃ ရက်စာ ပြင်ဆင်ထားဖို့ ထိုင်းအစိုးရ တိုက်တွန်း


• ဥရောပမှာ ရေခဲသေတ္တာတွေ ဆိုက်ဘာတိုက်ခိုက်ခံရ


နေ့စဉ်သတင်း၊ နိုဝင်ဘာ ၃၊ ၂၀၂၆


https://youtu.be/LS00h1VXo7k
#မြန်မာ #ဧရာဝတီ #စစ်သံမှူး #ထိုင်းတပ်ချုပ် #နယ်စပ်တိုက်ပွဲ #အမေရိကန် #မူဝါဒ #မြေရှား #အခြေခံပညာကျောင်း #စစ်မှုထမ်းဥပဒေ #မီဇိုရမ် #AA #နယ်စပ်ကုန်သွယ်ရေး #MoU #ရိက္ခာ #ဆိုက်ဘာ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
👍37❤6😁1
လူမမယ်ကလေးတွေကိုပါ မချန်တဲ့ စစ်တပ်ရဲ့ ဗုံးကြဲစစ်ဆင်ရေး

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေဟာ ပိုမိုဆိုးရွားလာနေပြီး မွေးကင်းစကလေးငယ်တွေနဲ့ သန္ဓေသားတွေ အထိပါ အသက်ဆုံးရှုံးနေရပါတယ်။

စစ်သည်တော်ကျင့်ဝတ်မှာ ပြည်သူကို ရေလို လလို ကျင့်ကြံရမယ်ဆိုပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ လူမမယ် ကလေးငယ်လေးတွေကိုပါ ရန်သူလိုသဘောထားပြီး နေလိုမီးလို ကျင့်ကြံတိုက်ခိုက်နေတာပါ။

အခုလို ကလေးငယ်တွေပါမချန် ဗုံးကြဲနေတာဟာ နယ်မြေထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးအရ မယှဉ်နိုင်တော့တဲ့အတွက် အရပ်သားလူထုကို အကြောက်တရားနဲ့ ဖိနှိပ်ပြီး တဖက်လှည့် ဖိအားပေးဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ထောက်ပြထားပါတယ်။

https://youtu.be/y2yT5p00Bf8
#မြန်မာ #ဧရာဝတီ #ရခိုင်ပြည်နယ် #အရပ်သားပစ်မှတ် #လေကြောင်း #ကလေး #AA #WhatsHappeningInMyanmar
👎35😭15😁4❤3👍1
😁47😱4
တရုတ်က မြန်မာ၏ အစဉ်အားကိုးရသည့် မဟာဗျူဟာမိတ်ဖက်ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပြော


ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၆


အာဏာသိမ်းအစိုးရက အမေရိကန်နှင့် ဆက်ဆံရန် စတင်ချိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကအမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ပေကျင်းတွင် ယနေ့ တွေ့ဆုံကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန် တရုတ်သံရုံးက ထုတ်ပြန်သည်။


အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဟိုးသည် (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရန် ပေကျင်းသို့ ရောက်နေခြင်းဖြစ်သည်။


တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-မြန်မာသည် အခက်အခဲများအတူရင်ဆိုင်ဖြေရှင်းခဲ့သည့် ဆွေမျိုးပေါက်ဖော် ညီအကိုများ ဖြစ်ပြီး အပြန်အလှန်အမှီသဟဲပြုကြသည့် အေးအတူပူအမျှ အသိုက်အဝန်းလည်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇွန်လ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင်နှင့် တွေ့ကာ နှစ်နိုင်ငံဆက်ဆံရေး အရှိန်မြှင့်ဖို့ သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံရေး ရင်ကြားစေ့ရန် ထောက်ခံအားပေးကြောင်း၊ အစိုးရသစ်လက်ထက် တည်ငြိမ်မှု ထိန်းရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဦးမော့လာစေရန် တို့ကို ထောက်ခံ အားပေးကြောင်း၊ တရုတ်သည် မြန်မာ၏ အစဉ်တစိုက် အားကိုးအားထားရသည့် မဟာဗျူဟာမြောက် မိတ် ဖက်ဖြစ်ကြောင်းပြောသည်။


ထို့အပြင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြံရေး ဟန်ချက်ညီညီဆောင်ရွက်ရန်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ၏ အဓိက စီမံကိန်းများကို တည်ငြိမ်စွာအကောင်အထည် ဖော်ရန် စွမ်းအင်နှင့် သဘာဝအရင်းအမြစ်ကဏ္ဍတွင် ပူးပေါင် အားကောင်း ရန်၊ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးအရှိန်မြှင့်ရန်၊ မြဝတီမြိ့ုနယ်တွင်း ရှုပ်ထွေးသော ဖြစ်ရပ်များ ပြန်မပေါ်ပေါက်လာစေရန်၊ မြန်မာပြည်ရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်ရန် ထိရောက်သော အစီအမံများကို ကျင့်သုံးဆောင်ရွက်မေည်ဟု မျှော်လင့်ပါကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။


အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဟိုးက တရုတ်တနိုင်ငံတည်း မူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ရပ်ကို ကိုင်စွဲထားကြောင်း၊ ချစ်ကြည်ရေးမြှင့်တင်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတကာစင်မြင့်များတွင် တရားမျှတစွာ ရပ်တည်ပေးခဲ့သည့်အတွက်ကျေးဇူးအထူးတင်ကြောင်း၊ တရုတ်ကုမ္ပဏီ များအား ကြိုဆိုကြောင်း ပြောကြားသည်ဟု ပါရှိသည်။


လက်ရှိ စစ်တပ်လိုလားသူများအကြား တရုတ်ဆန့်ကျင်ရေးပြောဆိုမှု ပိုမိုမြင့်လာသလို အမေရိကန်ကလည်း မြန်မာတွင် တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းကို တန်ပြန်ရန် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကျားဖြန့်တိုက်ဖျက်ရေး မြေရှားသတ္တုနှင့်ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းတို့ပါဝင်သည့် သံတမန်ရေးမဟာဗျူဟာသစ်ကို မကြာမီက ထုတ်ပြန်ခဲ့သည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
😁73❤18
တိလည်း တိကျတယ်၊ မတိလည်း မတိကျဘူး

ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း အဆိုပြုခဲ့တဲ့ တိုင်းရင်းသားတွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံဆိုတာ ဘယ်လိုမျိုးလဲ၊ တရုတ်မှာ တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြသလား၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေက အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိရင် ပြီးဆုံးသွားနိုင်လား စတဲ့ မေးခွန်းတွေကို စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) က ဒီတပတ် ဧရာဝတီရဲ့ အင်တာဗျူးကဏ္ဍမှာ ဆွေးနွေးဖြေကြားသွားပါတယ်။

https://youtu.be/H8Wju2V3WEU
#မြန်မာ #ဧရာဝတီ #တရုတ် #တိန့်ရှီကျွင်း #တိုင်းရင်းသား #ကိုယ်ပိုင်အုပ်ချုပ်ခွင့် #WhatsHappeningInMyanmar
👍41❤4👎3😁1