The Irrawaddy - Burmese
✔
75.4K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ထိုင်းအလုပ်သမား ဥပဒေသစ်အရ မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

ယဉ်မွန်၊ စက်တင်ဘာ ၂၇၊ ၂၀၂၄

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထောက်အထားထုတ်ပေးမယ့် ဥပဒေသစ်ဟာ မြန်မာနိုင်ငံသားတွေအတွက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းမှာ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကအထောက်အထားမဲ့ အလုပ်သမားတွေကို တရားဝင်အလုပ်သမားကတ် လုပ်ပေးဖို့နဲ့အထောက်အထားရှိထားတဲ့ ပန်းရောင်ကဒ်၊ work permit ၊ CI နဲ့ Passport (PJ)ရှိပြီးသူတွေအနေနဲ့ နောက်တကြိမ် သက်တမ်းတိုးတဲ့အခါ MOU ပုံစံနဲ့ အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ် တိုးမြင့်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

MOU စနစ်ဆိုတာ အစိုးရချင်းချိတ်ဆက်ဆောင်ရွက်ရတဲ့ စနစ်ဖြစ်တာကြောင့် သက်တမ်းတိုးချင်သူ အလုပ်သမားတွေဟာ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို စစ်ကောင်စီ ဆီထံမှာ ပေးသွင်းရမှာ ဖြစ်ပါတယ်။

MOU စနစ်ကို လုပ်ဆောင်မယ်ဆိုရင် သက်တမ်းတိုးကြရမယ့် အလုပ်သမားတွေဟာ ကော့သောင်း၊ တာချီလိတ်နဲ့ မြဝတီ အစရှိတဲ့ နယ်စပ်ဂိတ်တွေကို မဖြစ်မနေ ပြန်ရမှာဖြစ်ပြီး၊ မြန်မာပြည်ဘက်မှာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ လစာဝင်ငွေ ၂၅ ရာခိုင်နှုန်းကို အခွန်အခအဖြစ် ပေးဆောင်မှသာ သက်တမ်းတိုးခွင့်ရရှိမှာ ဖြစ်ပါတယ်။

https://youtu.be/TAkOjftliDE
#မြန်မာ #ဧရာဝတီ #ထိုင်းအလုပ်သမားဥပဒေ #သက်တမ်းတိုး #MOU #ရွှေ့ပြောင်း #မြန်မာပြည်ပြန် #၂နှစ်
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ ပို့ဖို့ရှိနေ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၄

ယူကရိန်းနိုင်ငံနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံမှာ လုပ်သားလိုအပ်ချက် မြင့်မားနေတဲ့အတွက် မြန်မာအလုပ် သမားတွေ စေလွှတ်ဖို့အတွက် စစ်ကောင်စီနဲ့ နီးစပ်တဲ့အေဂျင်စီတချို့က စီစဉ်နေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။

ရုရှားနိုင်ငံအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်ဖို့ အတွက် မြန်မာလုပ်သားတွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရတဲ့ MOU စနစ်နဲ့ပို့ဆောင်နေတာမျိုးမဟုတ်ဘဲ၊ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အေဂျင်စီအချို့က စျေးကွက်ချဲ့ထွင်တဲ့သဘောမျိုးနဲ့ လုပ်ဆောင်တဲ့အခြေအနေ ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ဧရာဝတီကို ရှင်းပြပါတယ်။

စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံအတွင်းမှာလည်း လူငယ်တွေဟာ စစ်မှုမထမ်းချင်တဲ့အတွက် နီးစပ်ရာနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြတဲ့အတွက် နိုင်ငံတွင်း လုပ်သားလိုအပ်ချက်တွေ ရှိနေတာကြောင့် အခုလို အခြေခံလုပ်သားခေါ်ဆိုမှုတွေ ရှိလာတာဖြစ်တယ်လို့လည်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းမှာလည်း ရုရှားနိုင်ငံအနေနဲ့ မြန်မာအလုပ်သမားတွေကို ခေါ်ဆောင်ဖို့ ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား MoU ရေးထိုးဖို့ရှိနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောဆိုထားပါတယ်။

https://youtu.be/YF8O0WlElnY
#မြန်မာ #ဧရာဝတီ #ရုရှား #ယူကရိန်း #အလုပ်သမား #MOU
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိဘဲ လီဒိုလမ်းစီမံကိန်းကို တရုတ်နဲ့ MOU ထိုး (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅

တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ ဆက်သွယ်မယ့် လီဒိုလမ်းမ စီမံကိန်းကို စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းက ကချင်ပြည်နယ် ကန်ပိုက်တီမြို့၊ မြစ်ကြီးနားမြို့ကနေ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဖြတ်သန်းသွားတဲ့ လီဒိုလမ်းမကြီး အစိတ်အပိုင်း အတော်များများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။

လီဒိုလမ်းမကြီးဖြတ်သန်းသွားရာ ကချင်ပြည်နယ်အတွင်းက ကန်ပိုက်တီမြို့နဲ့ ဆဒုံးမြို့တို့ဟာ လက်ရှိမှာတော့ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့မှာတော့ အာဏာသိမ်းစစ်တပ်နဲ့ KIA တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ မြစ်ကြီးနား-တနိုင်းလမ်းပိုင်းတလျောက်မှာလည်း KIA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာပါ။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာပါဝင်တဲ့ နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့တွေ ကတော့ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လီဒိုလမ်းမကြီးကို အလုံးစုံထိန်းချုပ် ထားနိုင်ခြင်း မရှိဘဲ စီမံကိန်း လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုရမှာပါ။

https://youtu.be/tunAz4dDuhw
#မြန်မာ #ဧရာဝတီ #လီဒိုလမ်း #စီမံကိန်း #KIA #တရုတ် #MOU #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎71👍10
• မြန်မာစစ်သံမှူးကို ထိုင်းစစ်ဦးစီးချုပ်က ခေါ်သတိပေး


• မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒမှာ မြေရှားသတ္တုရယူရေး ပါဝင်လာ


• အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ သင်နေ


• AA နဲ့ မီဇိုရမ် ကုန်သည်အသင်း နယ်စပ်ကုန်သွယ်ရေး MoU ရေးထိုး


• အရေးပေါ် ရိက္ခာ ၃ ရက်စာ ပြင်ဆင်ထားဖို့ ထိုင်းအစိုးရ တိုက်တွန်း


• ဥရောပမှာ ရေခဲသေတ္တာတွေ ဆိုက်ဘာတိုက်ခိုက်ခံရ


နေ့စဉ်သတင်း၊ နိုဝင်ဘာ ၃၊ ၂၀၂၆


https://youtu.be/LS00h1VXo7k
#မြန်မာ #ဧရာဝတီ #စစ်သံမှူး #ထိုင်းတပ်ချုပ် #နယ်စပ်တိုက်ပွဲ #အမေရိကန် #မူဝါဒ #မြေရှား #အခြေခံပညာကျောင်း #စစ်မှုထမ်းဥပဒေ #မီဇိုရမ် #AA #နယ်စပ်ကုန်သွယ်ရေး #MoU #ရိက္ခာ #ဆိုက်ဘာ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
👍37❤6😁1