The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မြိုင်မှာ စစ်တပ်ရဲ့ Mi-17 ကို PDF တွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၄၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအနီးမှာ ထောက်ပို့ ပစ္စည်းတွေနဲ့ လူအင်အား လာရောက်ပို့ဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

တိုက်ခိုက်ရေး ဒရုန်း (FPV) နှစ်စီးအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဟတ်ယာဉ် မီးလောင်ပျက်စီးသွားသလို ယာဉ်ပေါ်လိုက်ပါလာတဲ့ အာဏာသိမ်းစစ်တပ် တပ်သားတချို့လည်း ထိခိုက် သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်တဦးက ဧရာဝတီကို အတည်ပြုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်ဟာ တွင်းမရွာနဲ့ အနီးတဝိုက်အပြင် မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားတဦးသေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၁၁ စီး ပျက်စီးခဲ့ပြီး ဒီထဲမှာ Mi-17 ရဟတ်ယာဉ် ၄ စီးပါဝင်နေပါတယ်။

https://youtu.be/WJErShYrckc
#မြန်မာ #ဧရာဝတီ #Mi-17 #ဒရုန်း #FPV #PDF #WhatsHappensInMyanmar
👍40❤17😁2
အာဏာသိမ်းစစ်တပ်ကို အထိနာစေတဲ့ FPV ဒရုန်းတွေ (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၃၀၊ ၂၀၂၆

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း First Person View လို့ခေါ်တဲ့ FPV ဒရုန်းတွေဟာ အာဏာသိမ်း စစ်တပ်ကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်တဲ့ ခေတ်မီလက်နက်နည်းပညာတခုအဖြစ် အရေးပါတဲ့အခန်း ကဏ္ဍကနေ ပါဝင်လာပါတယ်။

တိုက်ခိုက်မှုတွေမှာ ပစ်မှတ်ကိုအနီးဆုံးအထိ ချဉ်းကပ်ပြီး ဖောက်ခွဲတိုက်ခိုက်တဲ့ FPV ဒရုန်းတွေကို အသုံးပြုတာတွေ့ရသလို စစ်ယာဉ်တန်း၊ ရဟတ်ယာဉ်နဲ့ ကတုတ်ကျင်း ဘန်ကာတွေထဲထိ တိုးဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။

ဒါ့ကြောင့်လည်း အာဏာသိမ်းစစ်တပ်ဘက်မှာ အထိနာနေပြီး တော်လှန်ရေးတပ်တွေအတွက်တော့ FPV ဒရုန်းတွေ အသုံးပြုမှုဟာ တိုက်ပွဲပုံစံနဲ့ စစ်ရေး နည်းဗျူဟာတွေကို ပြောင်းလဲစေတဲ့ အချက်တခုဖြစ်နေတာလည်းတွေ့နေရပါတယ်။

https://youtu.be/yz-g2s8NdwI

#မြန်မာ #ဧရာဝတီ #ဒရုန်း #FPV #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍40😁9❤8
Media is too big
VIEW IN TELEGRAM
တံတားဦးလေတပ်စခန်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရ သော ဗီဒီယို ထွက်ပေါ်

ဧရာဝတီ၊ စက်တင်ဘာ ၁၁၊ ၂၀၂၆။

မန္တလေးတိုင်း တံတားဦးလေတပ်စခန်း FPV ဒရုန်းများဖြင့် တိုက်ခိုက်ခံရသော ဗီဒီယိုအပိုင်း အင်တာနက်ပေါ် ပျံ့နှံ့လာသည်။

မည်သည့်အဖွဲ့ လက်ချက်မှန်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း PDF အဖွဲ့က ဒရုန်းများဖြင့် တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။ လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်း ထိခိုက်မှု မရှိဟုလည်း ဆိုထားသည်။

သို့သော် ကနဦးသတင်းများအရ တိုက်လေယာဉ် ၄ စီး ထိခိုက်ပြီး ၂ စီး မီးလောင်ပျက်ဆီးကြောင်း သိရသည်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်။

#မြန်မာ #ဧရာဝတီ #မန္တလေး #တံတားဦး #လေတပ်စခန်း #fpv
👍80❤31😱2😁1
• စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေး AA တိုက်လို့ ၂၀၀ ကျော်သေဆုံး
• တံတားဦးလေတပ် ဒရုန်းတိုက်ခိုက်ခံရပြီးနောက် မန္တလေးလေဆိပ်ပိတ်
• တရုတ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းဖို့ မြန်မာမှာမြေရှားသတ္တုပိုတူး
• မြန်မာက တင်ပို့တဲ့ဆန်တွေ မသန့်လို့ဆိုပြီး ပိုလန်မှာ ရောင်းချခွင့်ပိတ်
• ဥပဒေလေးစားလိုက်နာဖို့ အစ္စရေးနိုင်ငံသားတွေကို ထိုင်းတွေဆန္ဒပြ

နေ့စဉ်သတင်း၊ စက်တင်ဘာ ၁၁၊ ၂၀၂၆
https://youtu.be/83HCSPWcm3Y

#မြန်မာ #ဧရာဝတီ #၄၉၂၆စစ်ဆင်ရေး #AA #တံတားဦးလေတပ် #FPV #မြေရှား #တရုတ် #နေ့စဉ်သတင်း #DailyNews #WhatsHappeingInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍41❤10😁1
Media is too big
VIEW IN TELEGRAM
တံတားဦးလေတပ် ဒရုန်းတိုက်ခိုက်ခံရပြီးနောက် မန္တလေးလေဆိပ်ပိတ်

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို စက်တင်ဘာ ၁၀ ရက်မှာ FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို စက်တင်ဘာ ၁၁ ရက်က စလို့ ပိတ်ထားတယ်လို့ လေကြောင်းလိုင်းတွေနဲ့ လက်မှတ်အရောင်းတာဝန်ခံတွေက ဧရာဝတီကို ပြောပါတယ်။

လေဆိပ်ပိတ်ထားတဲ့အတွက် ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်ကို ပြောင်းရွှေ့ပြေးဆွဲနေတယ်လို့ မန်းရတနာပုံလေကြောင်းလိုင်းထံက စုံစမ်းသိရပါတယ်။

#မြန်မာ #ဧရာဝတီ #တံတားဦးလေဆိပ် #FPV #WhatsHappensInMyanmar
❤48👍28😁4