The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
စစ်ကောင်စီ လေယာဉ်အပျက် ကရင်နီတော်လှန်ရေးတပ်တွေ ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၃၊ ၂၀၂၅

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာမှာ စစ်ကောင်စီရဲ့ FTC-2000 G လေယာဉ်အစိတ်အပိုင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇူလိုင် ၃ ရက်နေ့ ဒီနေ့ နေ့လည်ပိုင်းမှာ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီကို ပြောပါတယ်။

လေယာဉ်ရဲ့ဘေးမှာ လေယာဉ်မောင်းသူလို့ ယူဆရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပေမယ့် ရာထူးနဲ့ နာမည်ကိုတော့ အတည်ပြုနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဇူလိုင် ၁ ရက်နေ့ ညပိုင်းက တိုက်ခိုက်ရေး လေယာဉ်တစင်း လေ့ကျင့်ပျံသန်းနေချိန် စက်ချို့ယွင်းမှု ဒါမှမဟုတ် ရုတ်တရက် ရာသီဥတု ဆိုးရွားမှုကြောင့် အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

https://youtu.be/t84jSkILDiM
#မြန်မာ #ဧရာဝတီ #ကရင်နီ #FTC-2000G #လေယာဉ် #KNDF #ဖားဆောင်း #WhathappensInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍65