The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
လွိုင်ကော်မြို့ကို ကရင်နီတပ်တွေ ထိုးစစ်ဆင် ( ရုပ်/သံ )

ဇော်မြတ်ခန့်၊ ဇူလိုင် ၅၊ ၂၀၂၄

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီရဲ့ အထိုင်ချတပ်စခန်းတွေကို ဇူလိုင် လ ၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကရင်နီ တော်လှန်ရေးတပ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။

လွိုင်ကော်မြို့ပေါ်က နမ့်ဘော်ဝမ်၊ မိုင်းလုံး၊ ဧက ၅၀၀ စတဲ့ ရပ်ကွက်တွေမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီရဲ့ ဝပ်ကင်းတွေကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာလို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)၊ ခလရ ၅၄ အပါအဝင် ခြေလျင်တပ်ရင်း ၄ ရင်း၊ ခမရ ၅၃၀ နဲ့ အမြောက်တပ်တွေ အထိုင်ချထား ပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲက စစ်ကောင်စီရဲ့ တပ်မ ၅၅ လက်အောက်ခံတပ်တွေဟာ ပအိုဝ်းပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကနေ အင်အားဖြည့် ဝင်ရောက်ခဲ့ပါသေးတယ်။

https://youtu.be/356IRwS00xU
#KA #KNDF #လွိုင်ကော် #ကရင်နီ #ဒစက
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
တတိယကာလမှာ စစ်တပ်ကို အင်နဲ့အားနဲ့ ချေမှုန်းမယ် (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၂၈၊ ၂၀၂၅

စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ကြတဲ့အထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာလည်း ရွပ်ရွပ်ချွံချွံ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ပွဲတွေ ဆင်နွဲနေတဲ့ တပ်ဖြစ်ပါတယ်။

လက်ရှိ KNDF ၊ ကရင်နီတပ်မတော် (KA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကရင်နီပြည်မှာ နယ်မြေတော်တော်များများကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေထဲမှာ KNDF လည်း အပါအဝင်ဖြစ်ခဲ့ပြီး အချိန်တိုအတွင်း စနစ်ကျတဲ့ တပ်ဖွဲ့စည်းပုံနဲ့ အင်အားအတောင့်တင်းဆုံး တည်ဆောက်ထားနိုင်တဲ့ တပ်တခုလို့လည်း ဆိုရမှာဖြစ်ပါတယ်။

ကရင်နီတပ်မတော် (KA) နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နေတာလဲ၊ တော်လှန်ရေး လေးနှစ်ကျော်ကာလအတွင်း KNDF ရဲ့ တပ်ဖွဲ့စည်းပုံ၊ လူအင်အားစုဆောင်းမှု အခြေအနေနဲ့ ဆက်လက်သွားမယ့် တပ်ရည်မှန်းချက်တွေအကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီ ကို ဧရာဝတီ အယ်ဒီတာ ကိုရဲနည်က တွေ့ဆုံမေးမြန်းချက်ထဲက ပထမပိုင်း တင်ဆက်လိုက်ပါတယ်။

https://youtu.be/nsLG9VP7GXA
#မြန်မာ #ဧရာဝတီ #KNDF #မာဝီ #ကရင်နီ #တပ်ဖွဲ့စည်းပုံ #စစ်မှုထမ်း #KA #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍115👎4