The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ကျား ဖြန့်နဲ့နွယ်တဲ့ ကရင်လက်နက်ကိုင်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းရေးကော်မတီဖွဲ့ (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၂၉ ၊ ၂၀၂၆

ကျား ဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ နာမည်ထွက်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ဦးဆောင်ပြီး ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (KNPBC) ဆိုတဲ့ နာမည်နဲ့ ကော်မတီတရပ်ကို ဧပြီလ ၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီကို စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသား တပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) နဲ့ ကရင် ပြည်သူ့ပါတီ (KPP) အပြင် နာယကတွေ၊ ဒေသတွင်းက ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် ၇၇ ဦးပါဝင်တာ တွေ့ရပါတယ်။

ကော်မတီမှာ ကျားဖြန့်လုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်ရဲ့ ပဲ့ကိုင်ရှင် KNA ခေါင်းဆောင် ဗိုလ်ချုပ် စောချစ်သူက ဥက္ကဋ္ဌ ရာထူး ယူထားပြီး နေပြည်တော်နဲ့ နီးစပ်တဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို နာယက ရာထူးပေးထားတာ တွေ့ရပါတယ်။

https://youtu.be/_BkiFSDiBwQ

#မြန်မာ #ဧရာဝတီ #KNPBC #BGF #KNA #DKBA #KKPark #စောချစ်သူ #ကရင်လက်နက်ကိုင် #WhathappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ Link လေးကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။https://www.youtube.com/channel/UCgEI7TvwuNGVGpd1M0icWJQ/join

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁49👍12👎6❤3😭3