The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
“ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ” အပိုင်း - ၂ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၇၊ ၂၀၂၅

စစ်တပ်၏ တပခ စစ်ဌာနချုပ်အတွက်ဆိုလျှင် စစ်တောင်းမြစ်ဝှမ်းမှ အရှေ့မီးတောက်၊ ပြည်၊ ပန်းတောင်း စစ်မျက်နှာမှ အနောက်မီးတောက်အပြင် ပဲခူးရိုးမမှ အလယ်မီးတောက်ပါ ထပ်မံ ပေါင်းစပ်ပါက အရူးမီးဝိုင်း ဖြစ်၍နေပေလိမ့်မည်။

လက်ရှိ ရန်ကုန်တိုင်းတပ်များကို နောင်ချိုနှင့် ဧရာဝတီတိုင်းသို့ စစ်ကူပို့နေရသည့် စစ်တပ်အဖို့ ပဲခူးရိုးမအား စစ်ကူ ထပ်မံဖြည့်တင်းရန် ခက်ခဲ၏။ တပခ နယ်မြေရှိ တပ်မ ၆၆ နှင့် ၇၇ နောက်တန်း တပ်ရင်းဌာနချုပ်များအား တပ်သားသစ်များဖြင့် ဖြည့်တင်းရုံမှလွဲ၍ ထုတ်နုတ်ရန် အခြားတပ် မရှိပေ။

ယခုအခါ ပဲခူးရိုးမအရှေ့ခြမ်း စစ်တောင်းလွင်ပြင်တွင် PDF နှင့် KNU ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးလာနိုင်ခြင်း၊ ပဲခူးရိုးမ အနောက်ဘက် ရခိုင်ရိုးမတွင် AA နှင့် ပူးပေါင်းအင်အားများ ထိန်းချုပ်လာနိုင်ခြင်းတို့ကြောင့် ပဲခူးရိုးမစစ်မျက်နှာတွင် ၂၀၂၅ ခုနှစ်၌ စစ်ရေးလှုပ်ရှားမှုများ အားကောင်းလာမည်မှာ သေချာသလောက်ရှိပြီး မြန်မာပြည်၏ အသည်းနှလုံးဖြစ်သည့် ရန်ကုန်မြို့အား ကိုင်လှုပ်နိုင်မည်ဖြစ်၏။

ထို့ပြင် ရန်ကုန်အပါအဝင် အောက်ပြည်အောက်ရွာရှိ မြို့ကြီးများအား ခြိမ်းခြောက်နိုင်ပြီး မြို့ပြပြောက်ကျား လှုပ်ရှားမှုများကို အားကောင်းလာစေမည် ဖြစ်သည်။ စစ်တပ်အတွက်ဆိုလျှင် ၎င်းတို့ အားကောင်းစွာ ခြိမ်းခြောက်နိုင်သည့် စစ်မျက်နှာသစ်တရပ် တိုးလာပြီး စစ်အင်အား မလုံလောက်မှုကို ပိုမိုရင် ဆိုင်ရမည်ဖြစ်၏။

နွေဦးတော်လှန်ရေးအင်အားစုများအတွက်ဆိုလျှင် စစ်အင်အား မလုံလောက်သည့်အပြင် တိုက်ခိုက်ရေးအတွေ့အကြုံ မရှိသည့် တပ်သားသစ်များပါသော စစ်တပ်စစ်ကြောင်းများကို ကောင်းစွာ ချေမှုန်းနိုင်ပေလိမ့်မည်။

https://youtu.be/049L4x0XS58
#မြန်မာ #ဧရာဝတီ #ပဲခူးရိုးမစစ်မျက်နှာ #နွေဦးတော်လှန်ရေး #KNU #PDF #ရန်ကုန် #NUG #MOD #AA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ စစ်တပ်ကို TNLA က လုံခြုံရေးပေးပြီး ခေါ်လာမှာလား (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅

တရုတ်အစိုးရ ကြားဝင်မှုနဲ့ ပြန်ပေးဖို့ သဘောတူညီထားတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို အာဏာသိမ်းစစ်တပ် ပြန်ဝင်နိုင်ဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က လုံခြုံရေးပေးပြီး ခေါ်လာပေးမယ်လို့ မြေပြင်တပ်ဖွဲ့တွေက ဧရာဝတီကိုပြောပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့ နှစ်မြို့လုံးဆီကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တွေမှာ အာဏာသိမ်းစစ်တပ်ကို တပြိုင်တည်း ပြန်ခေါ်လာပေးမှာဖြစ်တာကြောင့် အဲ့ဒီရက်တွေမှာ ကျည်လုံးဝပေါက်လို့ မရကြောင်း TNLA ခေါင်းဆောင်နှစ်ဦးက ခေါ်ပြောတာလို့ သိရပါတယ်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန (NUG-MOD) က အခု နိုဝင်ဘာလအတွင်းမှာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့မှာ လှုပ်ရှားနေတဲ့ NUG လက်အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေကို စုစည်းကာ အရေးပေါ် စစ်ဦးစီးအဖွဲ့ ဖွဲ့လိုက်တဲ့အတွက် စစ်ဦးစီးအဖွဲ့ရဲ့ အမိန့်နဲ့ညွှန်ကြားချက်မပါဘဲ လှုပ်ရှားခွင့်မရတဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီကိုပြောပါတယ်။

https://youtu.be/WHKqC3LRfKw
#မြန်မာ #ဧရာဝတီ #မိုးကုတ် #မိုးမိတ် #TNLA #NUG #MOD #တရုတ် #WhathappensInMyanmar
👍28👎15
NUG ဖြေရှင်းရမယ့် နေပြည်တော်နဲ့ မြိုင်က အချင်းချင်းသတ်ဖြတ်မှု (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅

နေပြည်တော်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ အဖွဲ့တွေကြား အချင်းချင်း ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်တဲ့ အမှု ၂ ခု ဆက်တိုက်ပေါ်ထွက်လာပါတယ်။

NUG-MOD ရဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ PDF တပ်ရင်း၊ အမှတ် (၈၀၂) မှာ မုဒိန်းမှုကျူးလွန်ကြောင်း စွပ်စွဲခံထားရတဲ့ ရဲဘော် လွှမ်းမိုးကို ဒုတိယတပ်ရင်းမှူး ဆရာကျောင်း (ခေါ်) နိုင်လင်းအောင် ရဲ့ အမိန့်နဲ့ တပ်ရင်းက စစ်ဆေးစဉ် လက်လွန် သေဆုံးပြီးနောက် အလောင်းဖျောက်ဖျက်တဲ့ဖြစ်စဉ်တခု ဧပြီလအတွင်းက ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာက ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ နဲ့ အဖွဲ့ဝင် ၂ ဦးကို နိုဝင်ဘာလ နောက်ဆုံးပတ်မှာ PDF က လာရောက်ဖမ်းဆီးသွားပြီးတဲ့နောက် ပအဖ တာဝန်ခံ သေဆုံးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေထံသိရပါတယ်။

https://youtu.be/QGp43EL3ZPA
#မြန်မာ #ဧရာဝတီ #နေပြည်တော် #မြိုင် #NUG #MOD #ပအဖ #PDF #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎34👍17
ရေနံတွင်းတွေကို ပြည်ထောင်စုက စီမံခန့်ခွဲဖို့ ပြန်ယူတဲ့သဘောပါ (ရုပ်/ သံ)

ဧရာဝတီ၊ ဧပြီ ၁၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာရှိတဲ့ ရေနံမြေစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့အချင်းချင်းကြား အင်းအားသုံး ဖြေရှင်းမှုတွေ ရှိနေတယ်လို့ မြေပြင်တပ်တွေဘက်က ပြောပါတယ်။

ဒီရေနံတွင်းတွေကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ သယံဇာတတွေဖြစ်တာကြောင့် ပြန်လည်လွှဲပြောင်းယူဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ဧရာဝတီကို ပြောပါတယ်။

NUG ဘက်ကတော့ အခုလို အင်အားသုံးဖြေရှင်းမှု မလုပ်ခင်မှာ ရေနံတွင်းတွေကို ပြည်ထောင်စုအစိုးရထံ ပြန်လည်အပ်နှံဖို့ မြေပြင်တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် အခုလို တပ်ဖြန့်ဆောင်ရွက်ရတာလို့ တုံ့ပြန်ထားပါတယ်။

လတ်တလော အခြေအနေမှာတော့ နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူတွေဟာ အချင်းချင်းကြား လက်နက်ကိုင် ပဋိပက္ခတွေအထိ မရောက်ရှိစေဘဲ ကျည်မပေါက်ရေးမူကို ကိုင်စွဲကာ ညှိနှိုင်းအဖြေရှာနေကြတယ်လို့ သိရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီကို ဧရာဝတီက မေးမြန်းထားတာဖြစ်ပါတယ်။

https://youtu.be/qt-XeATOvsk
#မြန်မာ #ဧရာဝတီ #ရေနံ #မြိုင် #ပေါက် #PDF #NUG #MOD #WhatsHappeningInMyanmar
❤36👍27😁10