The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ခြေကုပ်ယူနိုင်ခဲ့သည့် ဧရာဝတီစစ်မျက်နှာ (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆

ဧရာဝတီတိုင်းဟာ ၂၀၂၅ ခုနှစ်မှာတော့ အာရက္ခတပ်တော် (AA) နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ အရှိန်အဟုန်ပြင်းတဲ့ စစ်ရေးထိုးဖောက်မှုတွေကြောင့် စစ်ကော်မရှင်အတွက် ကြီးမားတဲ့ စိုးရိမ်စရာ စစ်မျက်နှာသစ်တခု ဖြစ်လာခဲ့ပါပြီ။

ရခိုင်တောင်ပိုင်းကနေ စတင်ခဲ့တဲ့ ဒီစစ်ရေးလှိုင်းလုံးဟာ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာ မြို့နယ်တွေအထိ နယ်မြေစိုးမိုးမှု ရရှိလာရုံသာမက အရေးပါတဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ဖြတ်တောက်ထားနိုင်ခဲ့တာကြောင့် စစ်ကော်မရှင်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသ အုပ်ချုပ်ရေးယန္တရားဟာ ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အင်အားအလုံးအရင်း သုံးပြီး ဒီစစ်ပွဲကို ဟန့်တားဖို့ ကြိုးစားနေပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ခြေကုပ်ယူမှုကို မတားဆီးနိုင်ဘဲ အကျအဆုံး များပြားနေတာကို တွေ့ရပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်ပျက်စီးမှုတွေ မြင့်တက်နေသလို၊ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ ဧရာဝတီမြစ်ကိုဖြတ်ပြီး ပဲခူးရိုးမနဲ့ ချိတ်ဆက်သွားမယ့်အရေးဟာ စစ်ကောင်စီအတွက် အိပ်မက်ဆိုးတခု ဖြစ်လာနေပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်ဟာ ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေ အောင်မြင်စွာ အခြေချနိုင်ခဲ့တဲ့ ဗျူဟာမြောက် နှစ်တနှစ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

https://youtu.be/sTgt0hccv7k
#မြန်မာ #ဧရာဝတီ #AA #PDF #PLF #WhatIsHappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
❤43👍22😱1
ခြေသံလုံသည့် ဧရာဝတီစစ်မျက်နှာ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၈၊ ၂၀၂၆

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက စတင်ဖို့ ကြိုးစားခဲ့သည့် ဧရာဝတီတိုင်းစစ်မျက်နှာကို ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး အာရက္ခတပ်တော်နှင့် PDF တပ်ဖွဲ့များသည် ၂၀၂၆ ခုနှစ် မေလကုန်အထိ ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမအရှေ့ခြမ်း ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များ၌ ကောင်းစွာ ခြေကုပ်ယူနိုင်သည်ကို တွေ့ရ၏။

ဧရာဝတီစစ်မျက်နှာသည် တပြည်လုံးတွင် အသံအတိတ်ဆုံး၊ ခြေသံအလုံဆုံးဖြစ်သည်။ တခါတရံ ရှိသည်ပင် မထင်ရလောက်အောင် ငြိမ်သက်လွန်းသည်။ သို့သော်လည်း ဧရာဝတီစစ်မျက်နှာသည် စစ်အုပ်စု၏ အရှိုက်ကို မိမိရရ ထိုးနှက်နိုင်နေပေသည်။

https://youtu.be/ptvsW1iTd2M

#မြန်မာ #ဧရာဝတီ #AA #PLF #PDF #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍48❤13