The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
အမျိုးသမီးနဲ့ ကလေးတွေကို ပအိုဝ်းပြည်သူ့စစ်က စစ်သားအဖြစ်သုံးနေ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၈၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်တွေက အမျိုးသမီးနဲ့ ကလေးစစ်သည်တွေကို အသုံးပြုနေပြီလို့ ဒေသခံ အဖွဲ့အစည်း တွေက ဧရာဝတီကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းအမျိုးသားတွေစစ်မှုထမ်းဖို့ကို PNA က တရားဝင် ဖိတ်ခေါ်မှုတွေ မကြာခဏလုပ်လာသလို အတင်းအဓမ္မ စစ်အင်အားစုဆောင်းမှုတွေလည်း များလာတယ်လို့ ဆိုပါတယ်။

၂၀၂၂ နောက်ပိုင်းကစပြီး PNA က ပို့ချတဲ့ စစ်သင်တန်းတွေမှာ အသက် ၁၈ နှစ်မပြည့်သေးသူတွေနဲ့ အမျိုးသမီးတွေကို ပိုတွေ့လာရတယ်လို့ ပအိုဝ်းဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။
https://youtu.be/FXhCELcThdA

#မြန်မာ #ဧရာဝတီ #ပအိုဝ်း #ကလေးစစ်သား #အမျိုးသမီး #PNA
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
တော်လှန်ရေးအဖွဲ့တွေ သတိပြုရမယ့် ပအိုဝ်း PNO နဲ့ ရှမ်းနီ SNA (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅

ပအိုဝ်း PNO နှင့် ရှမ်းနီ SNA တို့သည် လက်ရှိအချိန်တွင် စစ်တပ်နှင့် ပူးပေါင်းနေမည်ဖြစ်ရာ စစ်တပ်ကို တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်တပ်နှင့်အတူ ထိုအင်အားများကို ထည့်သွင်းတွက်ချက်ရန် လို၏။

ထိုအင်အားစု နှစ်စုအား မိမိဖက်ပါအောင် စည်းရုံးရန်လိုသည်ဟု သီအိုရီအရ ယူဆနိုင်ကြသော်လည်း ထိုနှစ်ဖွဲ့သည် ၎င်းတို့ရပ်တည်မှုနှင့် အကျိုးစီးပွားအတွက် လောလောဆယ် ဘက်ပြောင်းဖွယ် မရှိပေ။ စစ်တပ်ပြိုကွဲသည့် အလှည့်အပြောင်း မြင်သာမှသာ ၎င်းတို့သဘောထားနှင့် ရပ်တည်မှုကို ပြန်လည် စဉ်းစားနိုင်ဖွယ်ရှိ၏။

https://youtu.be/-g1iTbGyhrY
#မြန်မာ #ဧရာဝတီ #ပအိုဝ်း #ရှမ်းနီ #SNA #PNO #PNA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
စစ်ကောင်စီနဲ့ PNA စစ်ကြောင်းထိုးလို့ ဖယ်ခုံဒေသခံ ထောင်ချီ ထွက်ပြေးနေရ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက ဒေသခံ ၃၀၀၀ ကျော်ဟာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့ရဲ့ စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာကို စစ်ကြောင်းထိုးထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် ဇွန်လ ၇ ရက်နေ့ကစပြီး ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြေပြင်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေမယ့် စစ်ကောင်စီနဲ့ PNA စစ်ကြောင်းတွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်ပြီးရွှေ့ပြောင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။

https://youtu.be/CEaZ1bTPfOs
#မြန်မာ #ဧရာဝတီ #ဖယ်ခုံ #PNA #ပြည်သူ့စစ် #စစ်ရှောင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎49👍8
ပအိုဝ်းပြည်သူ့စစ်ကို တိုက်ရတဲ့အကြောင်း မာဝီထုတ်ပြော (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၂၃၊ ၂၀၂၅

ရှမ်း နဲ့ ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကို ပြန်သိမ်းဖို့ လာရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီနဲ့အတူ ပအိုဝ်းပြည်သူ့စစ် (PNA) တွေက ပူးပေါင်းပါဝင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်ရဖို့ တပ်အင်အားထောင်နဲ့ချီသုံးကာ ၆ လကြာအောင် ထိုးစစ်ဆင်ပြီး တဲ့နောက် ဇူလိုင်လ ၁၁ ရက်နေ့မှာ မြို့ကို အပြည့်အဝ ထိန်းချုပ်ခဲ့တာလို့ မြန်မာ့အလင်းသတင်းစာမှာထည့်သွင်းဖော်ပြခဲ့တာပါ။

PNA အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကရင်နီဒေသတွင်း တိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်နေ တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေတွေ KNDF မှာ ရရှိထားတယ်လို့ ဆိုပါတယ်။

https://youtu.be/penPjKaVsUU
#မြန်မာ #ဧရာဝတီ #KNDF #PNA #ကရင်နီ #မိုးဗြဲ #မာဝီ #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍58