The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မြို့သိမ်းတိုက်ပွဲတွေကြားက ဒေသခံတွေရဲ့ စိုးရိမ်မှု (ရုပ်/သံ)

စောမေရီ၊ သြဂုတ် ၁၇၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းဟာ ဖွဲ့စည်းပုံအရ မြို့နယ် ၁၆ ခုနဲ့ မြို့နယ်ခွဲတွေ ရှိပြီး လူဦးရေ ၁၃ သိန်းဝန်းကျင် နေထိုင်ကြပါတယ်။ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ရှမ်းတွေဖြစ်ကြပြီး၊ ပလောင်(တအောင်း)၊ ကချင်၊ ကိုးကန့်နဲ့ ဗမာအပါအဝင် အခြားသော တိုင်းရင်းသားတွေလည်းနေထိုင်ကြပါတယ်။

ဒေသအတွင်းမှာတော့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင်(တအောင်း) အမျိူးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်း ပြည်တပ်မတော် (SSPP/SSA) အဖွဲ့ တွေက အဓိက လှုပ်ရှားကြပြီး မဟာမိတ်အဖွဲ့တွေလည်း လှုပ်ရှားကြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်းမှာ MNDAAနဲ့ TNLAက မြို့နယ် ၁၁ မြို့နယ်စီနဲ့ KIA က မြို့နယ် ၉ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ပြီး အဲ့ဒီသိမ်းပိုက်ထားတဲ့ မြို့တွေကို အုပ်ချုပ်ရေး ပြန်လည်စတင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့တွေကတော့ အချင်းချင်း တိုက်ပွဲ ဖြစ်ပွားတာမျိုးတွေသာ ရှိနေပြီး မြို့နယ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။

https://youtu.be/q3RcvOQ6ZlA
#မြန်မာ #ဧရာဝတီ #ရှမ်းပြည်နယ် #SSA #RCSS #MNDAA #TNLA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
လူထုကို အရှက်ရစေတဲ့ ရှမ်းတပ်နှစ်တပ် ဖြစ်နေပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၊ ၂၀၂၅

အာဏာရှင်တိုက်ဖျက်ဖို့၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် အဖိနှိပ်ခံဘဝ လွတ်မြောက်ဖို့အတွက်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့လဲ အပါအဝင်ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/ SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ရှမ်းလက်နက်ကိုင်း ၂ ဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလထိ ရောက်ရှိလာပေမယ့် ပျောက်ခြင်း မလှ ပျောက်နေပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ဖို့၊ အာဏာရှင်မှန်သမျှ တွန်းလှန်ဖို့ ရှမ်းလူမျိုး၊ ရှမ်းပြည် အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ဆိုပြီး လက်နက်ကိုင်လာတဲ့ ရှမ်းတပ်နှစ်တပ်ဘာလုပ်နေလဲလို့ ""တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်"" ဆိုတဲ့ ဆောင်ပါးက မေးခွန်းထုတ်ရေးသားလိုက်ပါတယ်။

ရှမ်းလူမျိုးတွေရဲ့ ရှမ်းလက်နက်ကိုင်တပ်တွေအပေါ် သဘောထား၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရှမ်းလူငယ်တွေ၊ ရှမ်းပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှု တွေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် သျှမ်းသံတော်ဆင့်သတင်းဌာန မြန်မာပိုင်းအယ်ဒီတာ နန်းဆိုင်နွမ် ကို ဧရာဝတီ အယ်ဒီတာ ရဲနည်က တွေ့ဆုံမေးမြန်းထားပါတယ်။

https://youtu.be/dyz393BRZ0w
#မြန်မာ #ဧရာဝတီ #ရှမ်းလက်နက်ကိုင် #RCSS #SSPP #တော်လှန်ရေး #သျှမ်းသံတော်ဆင့် #နန်းဆိုင်နွမ် #ရဲနည်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍97👎2
လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကော်မရှင်က ကြံစည်နေတယ်လို့ RCSS ပြော (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၁၈ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကော်မရှင်က ဆန္ဒပြပွဲတွေကို ဖော်ဆောင်ပြီး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ကြံစည်ဖန်တီးနေတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဧရာဝတီကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်း စတဲ့မြို့တွေမှာ ဩဂုတ်လ ၁၈ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့တာပါ။

ဆန္ဒပြပွဲတွေဟာ RCSS၊ ရှမ်းတိုင်းရင်းသားတွေနဲ့ TNLA၊ MNDAA တို့အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာအောင် စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ဆိုပါတယ်။

ဒါ့အပြင် TNLA နဲ့ MNDAA တို့သိမ်းပိုက်ထားတဲ့ နေရာတွေ ပြန်ရရှိရေး တရုတ်ကို ပြသဖို့အတွက် စစ်ကော်မရှင် အနေနဲ့ ကြံစည်တာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း တွေ့ရပါတယ်။

https://youtu.be/2NkGZlNwLwQ
#မြန်မာ #ဧရာဝတီ #စစ်ကော်မရှင် #လူမျိုးရေးပဋိပက္ခ #TNLA #MNDAA #RCSS #ရှမ်းပြည်နယ် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍58👎2
အာဏာသိမ်းစစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ် (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၂၉၊ ၂၀၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ RCSS က ဧရာဝတီကို အတည်ပြုပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်ထဲက RCSS လှုပ်ရှားနယ်မြေထဲကို ဩဂုတ်လ ၂၈ ရက်နေ့မနက်ပိုင်းမှာ အာဏာသိမ်းတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၃၅) နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာရာက တိုက်ပွဲဖြစ်ပွားခဲ့တာလို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲဖြစ်ပြီးတဲ့နောက် RCSS ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ အာဏာသိမ်း တပ်ရဲ့ စစ်အသုံးအဆောင်အချို့သိမ်းဆည်းရရှိခဲ့ပြီး ဆေးပုလင်းချိတ်ထားတဲ့ အခြေအနေတွေကိုလည်း မြင်တွေ့ရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဗိုလ်မှူးခမ်းစံကပြောပါတယ်။

https://youtu.be/W616caXilgU
#မြန်မာ #ဧရာဝတီ #မိုင်းယောင်း #ရှမ်းပြည်နယ် #RCSS #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍56👎1
RCSS က အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆွေးနွေးမှာလား (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

စစ်တပ်အာဏာသိမ်းမှု၊ ၂၀၀၈ အခြေခံဥပဒေနဲ့ လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အတ္တ၊ မာနနဲ့ လောဘကြီးခြင်းတွေကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထုတ်ဖော်ပြောဆိုလာပါတယ်။

RCSS ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ (၇၉) ကြိမ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနား မိန့်ခွန်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူလူထု အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒီပြောဆိုမှုတွေကြောင့် RCSS ဟာ စစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းစဥ်ကနေ သွေဖယ်သွားပြီလားဆိုတဲ့ ပြောဆိုရေးသားမှုတွေရှိနေပေမယ့် ရှမ်းနိုင်ငံရေးလေ့လာသူတွေကတော့ မတူညီတဲ့ အမြင်တွေရှိနေပါတယ်။

https://youtu.be/TSLj5C_p89g
#မြန်မာ #ဧရာဝတီ #RCSS #ရှမ်းနိုင်ငံရေး #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎35👍9
• မင်းအောင်လှိုင်ကို ဆန္ဒပြဖို့ အိန္ဒိယအစိုးရ ခွင့်ပြုမိန့်ပေး

• ဗိုလ်ချုပ်ကြီးယွက်စစ် ခြိမ်းခြောက်ခံရတယ်လို့ RCSS ပြော

• ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းအားလုံးကို ပိတ်သိမ်းဖို့ပြင်

• မယ်ဆိုင်မြစ်တူးဖော်ရေး မြန်မာပျက်ကွက်နေတယ်လို့ဆို

• လာအိုမှာ ဂူထဲပိတ်မိသူတွေထဲက ၅ ဦးကို အသက်ရှင်လျက် ပြန်တွေ့

နေ့စဉ်သတင်း၊ မေ ၂၈၊ ၂၀၂၆

https://youtu.be/_magAV-QOMc
#မြန်မာ #ဧရာဝတီ #အိန္ဒိယ #ဆန္ဒပြ #RCSS #ဒုက္ခသည်စခန်း #မယ်ဆိုင်မြစ် #နေ့စဉ်သတင်း #DailyNews #What'sHappeningInMyanmar
👍39❤11
• ဒေါ်အောင်ဆန်းစုကြည်အသံတုလုပ်ပြီး စစ်တပ်ဝါဒဖြန့်
• အပစ်ရပ် RCSS/SSA နဲ့ အာဏာသိမ်းတပ် တိုက်ပွဲဖြစ်
• ထားဝယ် ရေနက်စီမံကိန်း ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ
• မလေးရှားမှာ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ
• ငသိုင်းချောင်းမြို့ ရေမြုပ်နေ
• ထိုင်းတောင်ပိုင်း တိုက်ခိုက်မှု နေရာ ၇၀ ကျော်ရှိလာ

နေ့စဉ်သတင်း၊ ဩဂုတ် ၂၄၊ ၂၀၂၆
https://youtu.be/WTZGepREK1o

#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #AI #အသံတု #RCSS #SSA #ထားဝယ်ရေနက်ဆိပ်ကမ်း #တိုက်ပွဲ #မလေးရှား #ငသိုင်းချောင်း #ရေကြီး #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍29❤7👎1🤔1