The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
SSPP နဲ့ ပဋိပက္ခ ပြေလည်မှု ရပြီလို့ TNLA ပြော (ရုပ်/သံ)

ဘုန်းအောင်၊ ဇူလိုင် ၁၆၊ ၂၀၂၄

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ကြားက ပဋိပက္ခ ညှိနှိုင်းပြေလည်မှုရသွားပြီဖြစ်တယ်လို့ TNLA က ဧရာဝတီကို အတည်ပြုပါတယ်။

ပန်ဆန်းမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ (FPNCC) က ကြားဝင် ဖြေရှင်းပေးခဲ့တာဖြစ်ပြီး PSLF ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကိုယ်တိုင် တက်ရောက်ပြီး SSPP ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားဝင် ကြေညာချက် ထုတ်ပြန်မှု တွေကို မတွေ့ရသေးပေမယ့် အစည်းအဝေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကတော့ ဒီဆွေးနွေးပွဲ ကနေ ၂ ဖွဲ့ အကြား နားလည်မှု၊ တိုးတက်မှုတွေမြင်တွေ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။y

https://youtu.be/pE9ZZJmP8Fo
#TNLA #SSPP #ပဋိပက္ခ #ပန်ဆန်း #FPNCC

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
တန့်ယန်းမြို့ကို “ဝ” တပ်တွေ ဘာကြောင့် ဝင်ထိန်းချုပ်ခဲ့သလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၂၀၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ အရှိန်မြင့်လာချိန်မှာပဲ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့က တန့်ယန်းမြို့ နဲ့ မိုင်းရယ်မြို့တွေကို ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ကြပါတယ်။

UWSA က တန့်ယန်းမြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူ လိုက်တာဖြစ်ပြီး SSPP/SSA ကတော့ မိုင်းရယ်မြို့ကို နေရာဝင်ယူလိုက်တာဖြစ်ပါတယ်။ ဒီမြို့တွေနားကို ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ နီးကပ်လာချိန်မှာ အခုလိုနေရာယူလိုက်ကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေများပြားပြီး တချို့ဟာ အာဏာသိမ်း စစ်တပ်ကို စစ်ဆင်ရေးပြုလုပ်နေတဲ့ အထဲမှာ ပါဝင်နေကြပေမယ့် စစ်ဆင်ရေးမှာ မပါဝင်တဲ့ အဖွဲ့တွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့် မြေပြင် ထိန်းချုပ်နယ်မြေကိစ္စ အငြင်းပွားမှုတွေမှာတော့ ပါဝင်လာကြတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ SSPP/SSA တပ်တွေ အကြား မြေပြင်မှာ ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် UWSA ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ရပါသေးတယ်။

ဒီအကြောင်းအရာတွေ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေး၊ နိုင်ငံရေး မျက်နှာစာမှာ တရုတ်ကရော ဘယ်လောက်ပါဝင်ပတ်သက်မှုတွေ ရှိနေသလဲဆိုတဲ့အကြောင်းကို ရှမ်းသံတော်ဆင့် သတင်းဌာန တည်ထောင်သူဖြစ်တဲ့ ဦးခွန်ဆိုင်း ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/og9RYbShx7Q
#ဧရာဝတီ #UWSA #SSPP #TNLA #တန့်ယန်း #၁၀၂၇စစ်ဆင်ရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၃၁၊ ၂၀၂၄

လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိန်းထားနိုင်ရန် မလွယ်ကူတော့ဟု စစ်ကောင်စီ လက်ခံထားပြီဖြစ်၏။ လားရှိုးကို မစွန့်လွှတ်ရရန် နယ်မြေအချို့အား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အား ထိုးကြွေးပြီး တတ်စွမ်းသမျှ ကြိုးစားကြည့်ခြင်း ဖြစ်ပုံရ၏။ သို့သော် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်ဖို့များ၏။

ဒုတိယအချက်မှာ တရုတ်ကို စစ်ကောင်စီက အားမကိုးလို၍ UWSA ဘက် လှည့်လာခြင်း ဖြစ်ပုံရ၏။ သို့သော် စစ်ကောင်စီ၏ UWSA အား ဦးတည်ပြီး ရှမ်းမြောက်တွင် သွေးခွဲရေးဗျူဟာ ကျင့်သုံးရန် ကြိုးစားသည့် ခြေလှမ်းမှာ အလုပ်မဖြစ်ပေ။

တကယ်တမ်း လားရှိုးတိုက်ပွဲကိစ္စတွင် ဝင်ပါမည့်သူမှာ တရုတ်သာရှိ၏။ တရုတ်ကွန်ဂရက် ကာလအတွင်း ဇွန် ၁၄ ရက်မှ ၁၈ ရက်အထိ ကိုးကန့်တို့ အပစ်ရပ်ပြီး ၁၉ ရက်နေ့တွင် အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့၏။ သို့သော် ချက်ချင်းဆိုသလို တရုတ်အစိုးရ၏ တောင်းဆိုချက်အရ ဇူလိုင်လ ၁၉ ရက်မှ ၃၁ ရက်နေ့ထိ ယာယီအပစ်ရပ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က ထပ်မံ ကြေညာခဲ့ပြန်သည့်အချက်က ထူးဆန်း‌နေ၏။

လက်ရှိ တရုတ်တို့၏ တောင်းဆိုချက်အရ MNDAA အပစ်ရပ်ခြင်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီ သက်တမ်းတိုးရမည့်အချိန်နှင့် ချိန်ကိုက်ဖြစ်နေသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေ၏။ UWSA ကို ဦးတည် သွေးခွဲရန် ကြိုးစားပြီး လားရှိုးကို ထိန်းသိမ်းရန် ကြိုးစားမှု မအောင်မြင်သည့် စစ်ကောင်စီနှင့် လက်တံရှည်သည့် တရုတ်တို့၏ ခြေလှမ်းအား ဆက်လက် ကြည့်ရှုရပေဦးမည်။

https://bit.ly/3SqOMpp
#မြန်မာ #ဧရာဝတီ #လားရှိုး #ရှမ်းပြည်နယ်မြောက်ပိုင်း #TNLA #UWSA #MNDAA #NDAA #SSPP
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မြောက်ပိုင်း တိုင်းရင်းသားတပ်တွေကို တရုတ်က ကြိုးကိုင်လို့ ရသလား (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၄

မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များက စစ်အစိုးရအား တိုက်ခိုက်ခြင်းသည် ညံ့ဖျင်းသော စစ်အစိုးရကြောင့် သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တိုက်ခိုက်ကြခြင်းဖြစ်၏။ တရုတ်ထံမှ မည်သည့်အကူအညီမှ မရသည့်အပြင် တရုတ်တို့ ဖိအားပေး တားမြစ်သည့်ကြားမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းသည် တရုတ်တို့ ဖြတ်တောက်ပိတ်ဆို့မည်ကို သိရှိပါလျက်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်၏။ တရုတ်တို့၏ ပိတ်ဆို့ဖြတ်တောက်မှုသည် ယခုမှ မဟုတ်ပေ။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစသည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ထိုပိတ်ဆို့မှုများအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သကဲ့သို့ ထိုပိတ်ဆို့များကြားက စစ်ရေးအောင်ပွဲများ ရယူနိုင်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ UWSA, NDAA, SSPP စသည့် တပ်ဖွဲ့များသည်လည်း စစ်တပ်ကို လုံးဝ ယုံကြည်၍မရသည့် အခြေအနေအောက်တွင် တိုက်ပွဲဝင်နေကြသည့် ကျန်တိုင်းရင်းသားတပ်ဖွဲ့များနှင့် ကင်းကွာ၍မရ ဆိုသည်ကို ကောင်းစွာ သဘောပေါက်ကြ၏။

အခြေအနေသည် ပုံမှန်အတိုင်းသာ ဖြစ်ပါသည်။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် တလျှောက်လုံး တရုတ်၏ ဖိအားကို ရင်ဆိုင်ပြီး စစ်အာဏာရှင်များကို ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေသည့် ဖြစ်ရပ်မှန်ကို ရှင်းရှင်းလင်းလင်း မြင်ရခြင်းသာဖြစ်၏။

သို့ဖြစ်ရာ တရုတ်က ယခင်ကတည်းကပင် ကူညီထောက်ပံ့ခြင်း မရှိခဲ့သည့် မြောက်ပိုင်းတိုင်းရင်းသား တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုသည် ယခုမှ ထူး၍ ပြောင်းလဲရန် မရှိပေ။ ထို့ပြင် ဖိအားပေး ပိတ်ဆို့ခံနေရသော မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်မမှ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပို၍နီးကပ်လာပေရာ နွေဦးတော်လှန်ရေးအတွက် ပိုမိုကောင်းမွန်သော အခြေအနေပင် ဖြစ်ထွန်းလာသည်ဟု ဆိုရပေမည်။

https://youtu.be/fra-oFY13Nw
#မြန်မာ #ဧရာဝတီ #တရုတ် #KIA #MNDAA #UWSA #TNLA #SSPP
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မြောက်ပိုင်းမဟာမိတ်တွေတက်ခဲ့တဲ့ လားရှိုးမြို့က တရုတ်နှစ်သစ်ကူးပွဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅

Description

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့ပေါ်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ပါတယ်။

လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ပြန်ဆုတ်ပေးမယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာဘဲ စည်စည်ကားကား ကျင်းပခဲ့တာဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးပွဲကို ဇန်နဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို ကိုးကန့်ခေါင်းဆောင်ပိုင်းတွေ အပါအဝင် ညီနောင်မဟာမိတ်တပ်တွေဖြစ်ကြတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို မဟာမိတ်တပ်ဖွဲ့တွေအပြင် မြို့ခံတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ တက်ရောက်ခဲ့ကြတာလည်းတွေ့ရပါတယ်။

လားရှိုးမြို့နဲ့ မြို့ပေါ်မှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA နဲ့ ပူးပေါင်း မဟာမိတ်တပ်တွေက ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမြို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို MNDAA က ထိန်းချုပ် လည်ပတ်နေပါတယ်။

စစ်ကောင်စီဟာ လားရှိုးမြို့ ပြန်ရရေးအတွက် တရုတ်ကို အကူအညီတောင်းထားပါတယ်။ တရုတ်ရဲ့ ကြားဝင်မှုကြောင့်ပဲ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အပစ်ရပ်ထားပါတယ်။
လားရှိုးမြို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါတဲ့ မြို့ဖြစ်ပြီး မြို့ပေါ်မှာ ရှမ်း၊ တအာင်း၊ ကိုးကန့်၊ ဗမာ၊ ဝ၊ ကချင်၊ လားဟူ၊ လီဆူ၊ တရုတ်၊ ဂေါ်ရခါးနဲ့ အိန္ဒိယနွယ်ဖွားတွေ နေထိုင်ကြပါတယ်။

https://youtu.be/Hg8Jz_sW_yo
#မြန်မာ #ဧရာဝတီ #လားရှိုး #MNDAA #AA #TNLA #UWSA #KIA #SSPP/SSA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
လူထုကို အရှက်ရစေတဲ့ ရှမ်းတပ်နှစ်တပ် ဖြစ်နေပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၊ ၂၀၂၅

အာဏာရှင်တိုက်ဖျက်ဖို့၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် အဖိနှိပ်ခံဘဝ လွတ်မြောက်ဖို့အတွက်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့လဲ အပါအဝင်ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/ SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ရှမ်းလက်နက်ကိုင်း ၂ ဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလထိ ရောက်ရှိလာပေမယ့် ပျောက်ခြင်း မလှ ပျောက်နေပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ဖို့၊ အာဏာရှင်မှန်သမျှ တွန်းလှန်ဖို့ ရှမ်းလူမျိုး၊ ရှမ်းပြည် အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ဆိုပြီး လက်နက်ကိုင်လာတဲ့ ရှမ်းတပ်နှစ်တပ်ဘာလုပ်နေလဲလို့ ""တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်"" ဆိုတဲ့ ဆောင်ပါးက မေးခွန်းထုတ်ရေးသားလိုက်ပါတယ်။

ရှမ်းလူမျိုးတွေရဲ့ ရှမ်းလက်နက်ကိုင်တပ်တွေအပေါ် သဘောထား၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရှမ်းလူငယ်တွေ၊ ရှမ်းပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှု တွေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် သျှမ်းသံတော်ဆင့်သတင်းဌာန မြန်မာပိုင်းအယ်ဒီတာ နန်းဆိုင်နွမ် ကို ဧရာဝတီ အယ်ဒီတာ ရဲနည်က တွေ့ဆုံမေးမြန်းထားပါတယ်။

https://youtu.be/dyz393BRZ0w
#မြန်မာ #ဧရာဝတီ #ရှမ်းလက်နက်ကိုင် #RCSS #SSPP #တော်လှန်ရေး #သျှမ်းသံတော်ဆင့် #နန်းဆိုင်နွမ် #ရဲနည်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍97👎2
SSPP နဲ့ MNDAA တို့ စစ်ရေးတင်းမာနေ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၆၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်တွေနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တပ်တွေ အကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေပါတယ်။

လားရှိုးမြို့နယ်အတွင်းမှာရှိတဲ့ ဟန်နားနဲ့ နားလိုင်ကျေးရွာ အနီးမှာ ဇွန်လ ၁ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲကြောင့် MNDAA ဘက်က ၈ ဦးသေဆုံးခဲ့တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။

နှစ်ဘက်တပ်တွေအကြား ဇွန်လ ၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ SSPP/SSA တပ်တွေ စစ်ကြောင်းထွက်ချိန် နားလိုင်ရွာ အနီးမှာ MNDAA တပ်မ အမှတ် ၆၁၁ လက်အောက်ခံ တပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့တဲ့ အတွက် တိုက်ပွဲဖြစ်ပွားခဲ့ရတာလို့ SSPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်စဉ် အပါအဝင် လက်ရှိ စစ်ရေးတင်းမာနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး MNDAA ဘက်က တုန့်ပြန် ရှင်းလင်းမှု မတွေ့ရသေးပေမယ့် ဇွန်လ ၁ ရက်နေ့ တိုက်ပွဲဖြစ်ပွဲ ဖြစ်ပွား ပြီးတဲ့နောက် နှစ်ဘက်တပ်တွေ အင်အားဖြည့်တင်းပြီး အပြန်အလှန် စောင့်ကြည့်နေကြတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

https://youtu.be/2GgPfDTSxNM
#မြန်မာ #ဧရာဝတီ #SSPP #SSA #MNDAA #လားရှိုး #စစ်ရေးတင်းမာ ##WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎31👍13
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၈၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးဆွန်ကျေးရွာအနီးက ဂိတ်စခန်းတခုကို ဇွန်လ ၁၆ ရက်နေ့က နှစ်ဘက်လု အထိုင်ချရာကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကြား ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

TNLA အထိုင်ချထားတဲ့ ဂိတ်စခန်းကို တပ်အပြောင်းအလဲ လုပ်နေတဲ့အချိန် SSPP က အင်အား ၃၀ လောက်နဲ့ ဝင်ရောက်တပ်စွဲရာကနေ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး TNLA တပ်သား ၂ ဦးသေဆုံးကာ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဟူးဆွန်ကျေးရွာက ဂိတ်စခန်းဟာ ၂၀၂၁ နိုဝင်ဘာလမတိုင်ခင်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ ဂိတ်စခန်းဖြစ်ခဲ့ပြီး ဒီနယ်မြေတွေကို TNLA နဲ့ SSPP က ပူးပေါင်း သိမ်းယူခဲ့ကြတာပါ။

TNLA ဘက်ကတော့ အခုဖယ်ပေးထားရတဲ့ စခန်းကို မူလအတိုင်း ပြန်ယူမှာဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်မယ်လို့ ဧရာဝတီကို ပြောပါတယ်။

https://youtu.be/D2aiWlH81dg
#မြန်မာ #ဧရာဝတီ #TNLA #SSPP #SSA #ကျောက်မဲ #ရှမ်းမြောက် #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍41👎12
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၁၈၊ ၂၀၂၅

UWSA သည် တရုတ်အစိုးရ၏ ညွှန်ကြားချက်များအတိုင်း လိုက်လုပ်လာပုံရသည်။ ဥပမာအားဖြင့် MNDAA က မြန်မာစစ်တပ်နှင့် အပစ်ရပ်ရန် ငြင်းဆန်သောအခါ တရုတ်ဖိအားအောက်တွင် UWSA သည် MNDAA ထိန်းချုပ်နယ်မြေများသို့ ကုန်သွယ်ရေး ကန့်သတ်မှု ပြုလုပ်သည်။ ဇန်နဝါရီလတွင် MNDAA က အပစ်အခတ်ရပ်စဲရေး သဘောတူသောအခါမှသာ ထိုကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းသည်။

ကြီးမားလာသည့် တရုတ်ဩဇာလွှမ်းမိုးမှုကို မတွန်းလှန်နိုင်သော၊ မတွန်းလှန်လိုသော FPNCC အဖွဲ့ဝင်များအကြား အဖွဲ့အတွင်း ပြင်းထန်လာသည့် နယ်နိမိတ်အငြင်းပွားမှု ပေါင်းစပ်လိုက်သောအခါ မဟာမိတ်အဖွဲ့အတွင်း ညီညွတ်ရေးနှင့် အဖွဲ့သက်တမ်းရှည်ခြင်းမှာ မရေမရာဖြစ်လာသည်။

ထိုအငြင်းပွားမှုများကို မဖြေရှင်းနိုင်ပါက FPNCC သည် သူရှေ့က မဟာမိတ်အဖွဲ့ကဲ့သို့ အလားတူ ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

https://youtu.be/9O2YS1QZyBI
#မြန်မာ #ဧရာဝတီ #တရုတ် #FPNCC #UNFC #MNDAA #UWSA #KIA #SSPP #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👎39👍12
တရုတ်ဖိအားကို “ဝ” တပ်ဖွဲ့ ဘယ်လောက်ထိခံနေရလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၂၂ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေဟာ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ ပံ့ပိုးမှုကြောင့်ဆိုပြီး တရုတ်ရဲ့ အပြင်းအထန် ဖိအားပေးတာကို ခံနေရတယ်လို့ UWSA က ထုတ်ပြောလာပါတယ်။

UWSA အဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုသိမ်းတာ၊ နယ်စပ်ဂိတ်တွေ ပိတ်ဆို့တာအပါအဝင် မကြုံစဖူးအရေးယူမှုတွေကို တရုတ်အစိုးရ လုပ်နေ တယ်လို့ “ဝ”တပ်ဖွဲ့ရဲ့ သတင်းဌာန WSTV က ဩဂုတ်လ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။

တရုတ်အစိုးရဟာ “ဝ” အာဏာပိုင်တွေတင်သာမက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ သာမာန် ပြည်သူတွေရဲ့ တရုတ်ပြည်မှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို ချွင်းချက်မရှိ သိမ်းယူ ထားပြီး ဘီလျံပေါင်းများစွာသိမ်းဆည်းခံထားရတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် UWSA ခေါင်းဆောင် ပေါက်ယိုချန်ရဲ့တူတော်စပ်သူ ဒုတိယ စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းကို တရုတ်ဖမ်းဆီးထားတဲ့ကိစ္စကို လက်ရှိအချိန်အထိမဖြေရှင်းနိုင်သေးတာဟာလည်း ဒီအကြောင်း အချက်တွေ အထဲက တခုဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က ဆက်ပြီးဖိအားပေးလာမယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ကို ခန့်မှန်းရခက်တယ်လို့လည်းဆိုပါတယ်။

https://youtu.be/sCdTepT3myM
#မြန်မာ #ဧရာဝတီ #တရုတ် #UWSA #MNDAA #TNLA #SSPP #ဖိအားပေး #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍51👎12
NCA နှစ်ပတ်လည်ကို “ဟန်ပြ” တက်မယ်လို့ FPNCC အဖွဲ့ဝင်တချို့ ပြော (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၅

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် တချို့ဟာ အာဏာသိမ်း စစ်တပ်က ပြုလုပ်မယ့် NCA နှစ်ပတ်လည် အခမ်းအနားကို ဟန်ပြ အဖြစ်သာ တက်မှာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ “ဖွင့်ပွဲအခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲ” ကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန - ၁ (MICC-I) မှာ အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အနေနဲ့ ဖွင့်ပွဲကိုသာ တက်ရောက်မှာဖြစ်ပြီး နောက်ဆက်တွဲဆွေးနွေးပွဲတွေကို တက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

https://youtu.be/C6dJ0Pj2nd0
#မြန်မာ #ဧရာဝတီ #FPNCC #NCA #UWSA #NDAA #SSPP #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎52👍11
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နဲ့ တဝိုက်မှာ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို မိုဘိုင်းစနစ်နဲ့ တွင်တွင်ကျယ်ကျယ် လည်ပတ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြီးမားဆုံးစစ်ဆင်ရေးကြီးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖြိုခွဲခံလိုက်ရတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်းကစပြီး သီပေါမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေဆီ စိမ့်ဝင်လာတာလို့ ဆိုပါတယ်။

မြို့ခံတွေကတော့ ကျားဖြန့်လုပ်ငန်း၊ မူးယစ်ဆေးဝါးအကြောင်းပြချက်နဲ့ သီပေါမြို့နယ်မှာ စစ်တပ်နဲ့ SSPP ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

https://youtu.be/42R-YNZubxg
#မြန်မာ #ဧရာဝတီ #သီပေါ #ရှမ်းပြည်နယ် #ကျားဖြန့် #မူးယစ်ဆေးဝါး #SSPP #WhathappensInMyanmar
👎36👍6
• စစ်တွေမြို့အနီးက စစ်တပ်စခန်းတွေကို AA ထိုးစစ်ဆင်
• အာဏာ ပြန်လွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ပြော
• လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတရာကျော် သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်
• အာဏာသိမ်းစစ်တပ်နဲ့ SSPP တပ်တွေ တိုက်ပွဲဖြစ်
• မြန်မာမှာအခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းဝင်တွေကို တောင်ကိုရီးယားအစိုးရ ဖမ်းဆီး
• တိုက်ခိုက်ခံရမှုအတွင်း အရပ်သား ၁၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ အီရန်ပြော

နေ့စဉ်သတင်း၊ မတ် ၁၁၊ ၂၀၂၆

https://youtu.be/jQDoOihLVKs
#မြန်မာ #ဧရာဝတီ #ရခိုင် #စစ်သုံ့ပန်း #AA #SSPP #IRWDailyNews #What'sHappensInMyanmar
👍41❤2
ရှမ်းပြည် တိုင်းရင်းသားလက်နက်ကိုင်များကြားက ပဋိပက္ခသစ်များ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၁၃၊ ၂၀၂၆

၂၀၂၅/၂၀၂၆ တွင် ရှမ်းပြည်နယ်အတွင်း ရှမ်းမြောက်နှင့် ရှမ်းတောင်တွင် ပဋိပက္ခအသစ်များ ပေါ်ထွက်လာသည်ကို တွေ့မြင်နေရပါသည်။ ထိုပဋိပက္ခများသည် လက်နက်ကိုင်အဖွဲ့များကြား၊ လက်နက်ကိုင်အဖွဲ့နှင့် တိုင်းရင်းသားပြည်သူများကြား၊ မတူကွဲပြားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းရင်းသားလူမျိုးများကြား ပဋိပက္ခများဖြစ်ရာ ဖြေရှင်းကိုင်တွယ်ပုံမမှန်ပါက ဆိုးကျိုးသက်ရောက်မှုရှိရာ အလေးထားသတိပြုရန် လိုအပ်ပေသည်။

https://youtu.be/D5LVA4aP3q8
#မြန်မာ #ဧရာဝတီ #ရှမ်းပြည် #ပဋိပက္ခ #MNDAA #TNLA #AA #SSPP #UWSA #What'sHappensInMyanmar
👍20😱5❤3😁1
Media is too big
VIEW IN TELEGRAM
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဗိုလ်ချုပ်ဂွန်မော် ဘာပြောခဲ့လဲ (ရုပ်/သံ)

ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ရဲ့ (ဒုတိယ ဥက္ကဋ္ဌ-၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ဇော်ရော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ မကြာခင်က ပဋိပက္ခတွေရှိခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်ကွင်းဆင်းခဲ့ကြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာကျေးရွာနဲ့ ကောင်းခါး ကျေးရွာတွေဆီ သွားရောက်ခဲ့တဲ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး ဂွန်မော်တို့ဟာ နမ့်ဖက်ကာမှာ MNDAA နဲ့ တွေ့ဆုံခဲ့သလို၊ TNLA ကိုတော့ သူတို့ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့မှာ တွေ့ဆုံခဲ့ပြီး SSPP အဖွဲ့ကိုတော့ ရှမ်းပြည်နယ်စပ်၊ ကချင်ပြည်နယ် မံစီမြို့နယ် မံဝိန်းကြီးမှာ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ နမ့်ဖက်ကာဒေသခံက ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #ရှမ်းပြည်နယ်မြောက်ပိုင်း #KIC #KIO #TNLA #MNDAA #SSPP #ဒုဗိုလ်ချုပ်ကြီးဂွန်မော် #WhathappensInMyanmar
👍53❤9😁3
• ရန်ကုန်မှာ လူငယ်တွေ ဆက်တိုက်ပျောက်ဆုံးနေ
• မင်းတပ်ကို စစ်တပ်ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၈ ဦးသေဆုံး
• သက်ငယ်မုဒိန်းကျူးလွန်သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်စီရင်
• ရာမွန်မက်ဆေးဆေးဆု AAPP က ဦးဘိုကြည်ရရှိ
• ပူတင်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးဖို့ရှိနေ

နေ့စဉ်သတင်း၊ ဩဂုတ် ၃၁၊ ၂၀၂၆
https://youtu.be/qIxb5qi9Ov0

#မြန်မာ #ဧရာဝတီ #ရန်ကုန် #လူငယ် #မင်းတပ် #သက်ငယ်မုဒိန်း #SSPP #AAPP #ဦးဘိုကြည် #ရာမွန်မက်ဆေးဆေးဆု #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍31❤10😭2