The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ တော်လှန်ရေးအင်အားစုတွေ ဘာအတွက်တွေ့သလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၁၆၊ ၂၀၂၅

ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ တွေ့ဆုံမှု မှတ်တမ်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ ဒီတွေ့ဆုံမှုဟာ တော်လှန်ရေးမှာ စစ်ရေး၊ နိုင်ငံရေး အရ ချိတ်ဆက်ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်ဖို့နဲ့ အနာဂတ်ဖက်ဒရယ် တည်ဆောက်ရေးအတွက် တွန်းအားတွေဖြစ်တယ်လို့ ကိုယ်တိုင် တွေ့ဆုံခဲ့သူတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

https://youtu.be/Wn7RaPS1dYE
#မြန်မာ #ဧရာဝတီ #ဂွန်မော် #KIC #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍68👎3
ဆဒုံးဗုံးကြဲမှု လူစိတ်ကင်းမဲ့တဲ့လုပ်ရပ်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅

ကလေးတွေနဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူစိတ်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကချင် လွတ်လပ်ရေး ကောင်စီ (KIC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တရုတ် - မြန်မာ နယ်စပ်၊ ဝိုင်းမော် - ကန်ပိုက်တည် လမ်းပိုင်းမှာရှိတဲ့ ဆဒုံးမြို့ကို လေကြောင်းကတဆင့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မူကြို ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဆဒုံးမြို့အလယ်နဲ့ ဈေးကို ဗုံးကြဲသွားတာ ဖြစ်တယ်လို့ မြို့ခံ အမျိုးသမီးတဦးက ဧရာဝတီကို ပြောပါတယ်။

https://youtu.be/OCGFNcxEIkc
#မြန်မာ #ဧရာဝတီ #ဆဒုံး #ဗိုလ်ချုပ်ဂွန်မော် #ဗုံးကြဲ #KIC #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍49👎3
တော်လှန်ရေးသမားတွေ စုစည်းဖို့ အရေးကြီးတယ်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၅

တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးသမားတွေ စုစည်းဖို့နဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေဖို့လိုအပ်တယ်လို့ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် က သတိပေး ပြောဆိုလိုက် ပါတယ်။

ချင်းတော်လှန်ရေးတပ်ဖြစ်တဲ့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားမှာ အွန်လိုင်းကတဆင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နေ့က ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကလည်း အမှာစကားပြောခဲ့တယ်လို့ သိရပါတယ်။

https://youtu.be/OFhILh2Eqnc
#မြန်မာ #ဧရာဝတီ #ဂွန်မော် #ထွန်းမြတ်နိုင် #AA #ChinBrotherhood #KIC #WhathappensInMyanmar
👍91👎2
Media is too big
VIEW IN TELEGRAM
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဗိုလ်ချုပ်ဂွန်မော် ဘာပြောခဲ့လဲ (ရုပ်/သံ)

ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ရဲ့ (ဒုတိယ ဥက္ကဋ္ဌ-၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ဇော်ရော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ မကြာခင်က ပဋိပက္ခတွေရှိခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်ကွင်းဆင်းခဲ့ကြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာကျေးရွာနဲ့ ကောင်းခါး ကျေးရွာတွေဆီ သွားရောက်ခဲ့တဲ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး ဂွန်မော်တို့ဟာ နမ့်ဖက်ကာမှာ MNDAA နဲ့ တွေ့ဆုံခဲ့သလို၊ TNLA ကိုတော့ သူတို့ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့မှာ တွေ့ဆုံခဲ့ပြီး SSPP အဖွဲ့ကိုတော့ ရှမ်းပြည်နယ်စပ်၊ ကချင်ပြည်နယ် မံစီမြို့နယ် မံဝိန်းကြီးမှာ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ နမ့်ဖက်ကာဒေသခံက ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #ရှမ်းပြည်နယ်မြောက်ပိုင်း #KIC #KIO #TNLA #MNDAA #SSPP #ဒုဗိုလ်ချုပ်ကြီးဂွန်မော် #WhathappensInMyanmar
👍53❤9😁3